book

Index 17

အပိုင်း(၁၇)

💚💚အစိမ်းရောင်ကမ္ဘာငယ်လေး💚💚


                 


🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃


"ဆော်ရီး........"


"ရပါတယ်   ငါ့ညီ......"


မထင်မှတ်ပါပဲ နောက်ကနေလမ်းလျှောက်လာတဲ့

လူတစ်ယောက်ကိုတည့်တည့်ဝင်တိုက်လိုက်မိတာမို့

သူ တောင်းပန်လိုက်ရသည်။


"ဟုတ်ကဲ့....ကျွန်တော်မမြင်လိုက်လို့ပါ။တောင်းပန်

ပါတယ် အစ်ကို...."


"ရတယ်....ရတယ်......"


လက်ကာပြလျက် ထိုလူကထွက်သွားသည်။နိုင်ငံ

ခြားသားတစ်ယောက်လိုလို၊ကပြားပုံပေါက်နေတဲ့

ထိုလူကိုဘယ်နေရာမှာမြင်ဖူးနေမှန်းမသိ။


"ကိုထော....သိလို့လား...."


ညလေးစကားသံကြားမှ သူ့ငေးမိတာကိုသတိ

ရသွားပြီး၊


"မသိပါဘူး....သွားကြမယ်....."


"အင်း........"


ဓာတ်လှေကားနဲ့တက်လာမှ အပေါ်ဆုံးထပ်မှန်း

သိလိုက်ရသည်။ အပေါ်စီးကနေ ရန်ကုန်မြို့အလှ

အပကိုစီးမိုးကြည့်လို့ရသည့် နေရာပင်။


"သဘောကျရဲ့လား  ညလေး...."


ဆယ့်နှစ်ထပ် အမြင့်ကနေ မြင်နေရသည့် ရန်ကုန်

မြို့ရဲ့ရှုခင်းကို ညလေးဘယ်လောက်များငေးမော

နေမိသည်မသိ။ နောက်မှ ကိုထောရဲ့ အသံကြား

လိုက်တော့ လူကဆတ်ခနဲတုန်သွားသည်။လည်ပြန်

ကြည့်လိုက်တော့ သူကဘောင်းဘီအိတ်တွေထဲ

လက်ထည့်ကာခြေခွဲလျက် ညလေးရဲ့နောက်နား

မှာ ရပ်နေ၏။


"ဒီနေရာလေးကအတော်မိုက်တယ်နော် ကိုထော..."


"မင်း သဘောကျတယ်မို့လား...."


"ဒီလောက်ကောင်းတဲ့နေရာမှ သဘောမကျရင်

ညလေး လူမိုက်ဖြစ်သွားမှာပေါ့။ ကိုထောကို

တကယ်ကျေးဇူးတင်တယ်...."


"မလိုပါဘူး......"


ခပ်တည်တည်နဲ့ ပြောပြီးအကောင်းစားဆိုဖာကြီး

ပေါ် ခြေချိတ်ထိုင်လိုက်တဲ့အထိ ညလေး လိုက်ငေး

နေမိသည်။ပစ်ခလက်စပ် မှီနေတဲ့ ထော ပုံစံကခပ်

အေးအေး။


"ကိုကိုကဘယ်အချိန်လာမှာလဲ....."


တဖြည်းဖြည်းမှောင်လာတာမို့  ညလေး  သူနဲ့မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ရင်းမေးလိုက်တော့

သူရဲ့ ရီဝေဝေအကြည့်နက်နက်တွေနဲ့ဆုံသွား၏။

ဘာတစ်ခွန်းမှ မပြောပဲ စိုက်ကြည့်နေတာမို့ ညလေး

ရင်ထဲ ဖိန်းတိန်းရှိန်းတိန်းကြီးဖြစ်သွားရကာ

မျက်လုံးတွေလွှဲဖယ်ပစ်ရင်း   အခန်းပတ်လည်ကို

မျက်လုံးကစားနေလိုက်သည်။ ပထမဆုံးအခန်း

ရှေ့မှာ ​​ခြေစုံ ရပ်မိလိုက်ထဲက. အခန်းတံခါးကလျှို့ဝှက် နံပါတ်တွေနဲ့ ထားတာကို သတိထားလိုက်

မိသည်။ အခန်းတံခါးက ကုတ်တွေကို မေးဖို့ သတိ

ရကာ  လှည့်အကြည့် ငြိမ့်ညောင်းသာယာသည့်

တယောသံလေးက အခန်းထဲဝယ် စီးမျောလာ၏။

စောစောက ညလေး တစ်ဖက်လှည့်နေတုန်း ကိုထော ဖွင့်လိုက်တာ။ တယောသံလေးက သာယာ

ဖွယ် လွင့်မျောနေသလို  ဆိုဖာမှာ မှီထိုင်နေသည့်

ကိုထောရဲ့ကိုယ်ကြီးကခပ်လျောလျောလုပ်ပြီး  နောက်မှီပေါ်ခေါင်းတင်လျက် မျက်စိစုံမှိတ်ကာ

ငြိမ်သက်နေ၏။ကိုကိုလည်းမလာသေးတာမို့

ညလေး ဘာမှမပြောတော့ပဲ   ဆိုဖာပေါ်မှီလျက်

ငြိမ်နေလိုက်သည်။ ငြိမ့်ငြိမ့်ညောင်းညောင်းလေး

ပျံ့လွင့်နေသည့် တယောသံနှင့် အတူ ညလေး

မျက်ခွံများလေးလံလာသည်။


🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸


"ဘော့စ်......."


အဲလ်တော့ရဲ့ အသံကြောင့် ငေးနေတဲ့မျက်ဝန်း

တွေ တစ်ချက်မျက်တောင်ခတ်လိုက်၏။ပြီးတော့

မျက်ဝန်းတွေက မရွေ့လျားပဲ ခေါင်းဆတ်ထူး

လိုက်သည်။


"ဘော့စ် စုံစမ်းခိုင်းထားတဲ့ အတိုင်းပါပဲ။ဒီအိမ်မှာ

နေတဲ့ ဒေါ်ညိုပြာညက်နဲ့ မင်းစည်းစိမ်ကသား

အမိတွေ..."


ဘော့စ် ကိုယ်လုံး ဆတ်ခနဲဖြစ် သွားကာ မျက်လုံး

တွေမှာရောင်စဥ်တွေ ရှပ်တိုက်ပြေးသွားတာကို

အဲလ်တော့ သတိထားလိုက်မိသည်။ ကားထဲကနေ

အိမ်​လေးကို လှမ်းကြည့်နေတဲ့ ဘော့စ်ပုံစံက သူဌေး

ကြီးဂျေဆိုတဲ့ ကာရိုက်တာနဲ့ လုံးဝဆန့်ကျင်ဘက်။

ဘော့စ်ရဲ့ အတိတ်မှာ တစ်စုံတစ်ရာ ပက်သက်မှု

ရှိနေနိုင်တယ်။ မြန်မာပြည်ပြန်လာတဲ့ ဘော့စ်

ရည်ရွယ်ချက်က စည်းစိမ်ထောဆိုတဲ့ကောင်လေး

နဲ့ ပက်သက်၏။ ဒီပြန်ရောက်လာပြီး မကြာ...

ညိုပြာညက်ဆိုတဲ့ အမည်တစ်ခုနဲ့ လိပ်စာကို

ပေးပြီး စုံစမ်းခိုင်းသဖြင့် သူ အကြောင်းစုံ စုံစမ်း

ပေးခဲ့ပြီးပြီ။


တိတ်ဆိတ်နေတဲ့ အိမ်လေးကိုကြည့်ကာ ဘော့စ်

မျက်လုံးဝယ် ကြေကွဲရိပ်များစွန်းထင်းနေတာကို

အဲလ်တော့ မြင်နေရ၏။ဘော့စ်နဲ့ ညိုပြာညက်ဆိုသော အမျိုးသမီး တစ်နည်း မဟုတ်တစ်နည်း

ပက်သက်နေမယ်ဆို ပြောနေစရာမလို။ 


"ဘော့စ်...ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ

ဟင်....."


"ခဏလေးပါ  အဲလ်တော့....မင်းစည်းစိမ်ရဲ့အဖေက

ဘယ်သူလဲ...."


"ဗျာ......"


အဲလ်တော့ ဘာပြန်ဖြေရမှန်းမသိတော့ပေ။


"ဟို....အဲဒါက......."


"ဘာဖြစ်နေတာလဲ.....ပြောမှာသာပြော....."


"သူ့မှာအဖေမရှိဘူးတဲ့ ဘော့စ်။သူ့မိခင်က လင်

ကောင်မပေါ်ပဲ မွေးလို့ ပတ်ဝန်းကျင်မှာ ပြောစရာ

ဖြစ်ခဲ့သေးတယ်တဲ့။ခုလည်း သူတို့သားအမိနှစ်

ယောက်ထဲ ဘဝရပ်တည်နေကြတာ။မင်းစည်းစိမ်က guideလုပ်ပြီးကျောင်းတက်တယ်။ဒေါ်ညိုပြာညက်က ဆိုင်ခန်းလေးဖွင့်ပြီး အထည်ချုပ်တယ်

ဘော့စ်"


"ရပြီ....ပြည့်စုံပြီ...ကားမောင်းတော့....."


"ဘယ်ကိုလဲ...ဘော့စ်....."


အဲလ်တော့ နားမလည်သလိုထပ်မေးလိုက်တော့

ဘော့စ်ဆီက ဘုကြည့်တစ်ချက်ရောက်လာ၏။


"အဲအိမ်ရှေ့ကိုမောင်း......"


"ဗျာ......."


"မင်းဘာဖြစ်နေတာလဲ အဲလ်တော့....မောင်းစရာ

ရှိတာမောင်းတော့...."


"ဗျာ.....ဟုတ်ကဲ့ဘော့စ်......"


အဲလ်တော့နားမလည်နိုင်ခြင်းများစွာဖြင့် ကားသော့

အဖွင့်၊


"တီ....တီ......"


အနားကနေ ဖြတ်သွားသည့် ကားကြောင့်ကား

မထွက်ဖြစ်သေးဘဲ ရှောင်နေစဥ်ရှေ့ကားက

သူတို့ကြည့်နေသည့်ခြံလေးရှေ့မှာရပ်သွား၏။


"မောင်းရမလားဘော့စ်...."


"ခဏ......"


ပရာဒို ထဲက ထွက်လာတဲ့အမျိုးသမီးကြောင့်

အဲလ်တော့ မျက်ခုံးပင့်သွားကာ နောက်ကြည့်မှန်

ထဲကနေ ဘော့စ်မျက်နှာကိုကြည့်မိလျက်သား

ဖြစ်သွားသည်။ စူးစိုက်ကြည့်နေတဲ့ ဘော့စ်မျက်

လုံးထဲက အစိုင်အခဲတွေကို သူမြင်နေ၏။


သူတို့ကြည့်နေတုန်းမှာ ကားကဘက်ဆုတ်လာသည်။ ထို့နောက် ပြန်ကွေ့လျက် မောင်းလာ၏။

မျက်မှန်အနက်ရောင်နဲ့ ခပ်ဖြောင့်ဖြောင့်လူတစ်

ယောက်မောင်းလာတာကို ရိပ်ခနဲမြင် လိုက်ရသည်။

သည်လူကဘယ်သူလဲ...ဒီအိမ်နဲ့ဘယ်လိုပက်သက်

နေလဲ အဲလ်တော့မသိ။ ကားကြီးရဲ့တန်ချေကို

ကြည့်လိုက်တာနဲ့ ဘယ်လိုအဆင့်အတန်းထဲကမှန်း

သိလိုက်သည်။ ဘာလဲ...ဒေါ်ညိုပြာညက်ကဘာလဲ။

မတွေးသင့်မှန်းသိပေမယ့် သည်လိုအမျိုးသမီး

မဟုတ်တာလည်း အဲလ်တော့သိသည်။


"ဘော့စ်...ကျွန်တော်မောင်းရတော့မလား...."


ဘော့်မျက်နှာက တင်းမာရိပ်တွေကြောင့် အခြေ

အနေမဟန်တော့မှန်းသိလိုက်သည်။


"အိမ်ကိုပဲမောင်းတော့...."


"ဗျာ......"


"ပြန်လှည့်တော့လို့ပြောနေတာမကြားဘူးလား..."


"ဟုတ်ကဲ့......"


ထွက်သွားသည့်ကားနဲ့လူဟာ ဘယ်သူဘယ်ဝါမှန်း

မသိလိုက်ခင် ဘော့စ်ရဲ့မျက်နှာကအပြောင်းအလဲ

ကိုတော့ အဲလ်တော့ သတိထားလိုက်မိသည်။

ထိုလူကဘယ်သူမို့လို့ ဘော့စ်အဲလောက်ထိဖြစ်

ပျက်သွားခဲ့တာလဲ။ ကားကိုနေရာကနေမောင်း

ထွက်လာခဲ့ရင်း အဲလ်တော့ မျက်လုံးများက

နောက်ကြည့်မှန်ထဲကိုအရောက်.....။ဟင်....ဘော့စ်

မေးကြောကြီးတွေထောင်ကာ မျက်လုံးကမီးပွင့်

တွေက သူပင်ပြာကျနိုင်လောက်၏။ ဘယ်လို

ဆက်ထုံးတွေမှန်းမသိပေမယ့် သည်ဆက်ထုံးက

တစ်လိမ်ထဲတော့ဘယ်နည်းနဲ့မှ မဟုတ်နိုင်...။

သုံးလေးလိမ်ဆိုတာ....သေချာ၏။


🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸


"အင်း........"


အိပ်ရေးဝသွားသည့်မျက်လုံးလေးတွေက အလိုလို

အပွင့်...။ဟင်....ညလေး အိပ်ပျော်သွားတာလား။

အပျင်းဆန့်ရင်း...မျက်လုံးတွေကို အခန်းထဲ ဝေ့အကြည့်။


"ကိုကို...ကိုကိုရောက်နေပြီလား...:"


ခုမှ သတိရသွားကာ ဆိုဖာထက်ကနေ ထရပ်လိုက်

မိသည်။အခန်းထဲကိုဝေ့ဝဲကြည့်တော့လည်းဘာ

လူရိပ်လူယောင်ပင်မတွေ့ရ။ ကိုထောကိုသတိရ

သွားကာ စောစောက ကိုထောထိုင်ခဲ့တဲ့နေရာကို

မျက်လုံးအဝေ့...။လွတ်နေတဲ့ဆိုဖာကသာကြိုဆို

နေ၏။ အင်း...ကိုကိုရောက်လာလို့ကိုထောပြန်သွား

တာပဲနေလိမ့်မယ်။ ကိုကို အခန်းထဲများရောက်

နေသလား...။


ညလေးကိုယ့်အတွေးနဲ့ကိုယ် အိပ်ခန်းထဲဝင်လာခဲ့

သည်။သန့်ရှင်းသားနားသည့်အခန်းကြီးကြောင့်

ညလေး နှုတ်ခမ်းလေးပြုံးသွား၏။သည်လောက်

ကောင်းတဲ့အခန်းကြီးကိုရက်ရောသည့်ကိုထောကို

လည်းကျိတ်ကျေးဇူးတင်နေမိသည်။ခမ်းနားထည်ဝါသည့်အိပ်ခန်းကြီးထဲမှာ မှန်တင်ခုံနဲ့ဗီရိုကြီးက

သူ့နေရာနဲ့သူရှိနေပြီး အခန်းထောင့်တွင် စဥ့်အိုးကြီး

နဲ့ထည့်စိုက်ထားသည့် ကြာပန်းအိုးတစ်ခုရှိနေသေး

၏။ အဖူးတွေကြားမှာ ခရမ်းရောင်အပွင့်များနဲ့

ကြာပန်းက မျက်စိပသာဒဖြစ်စေတာအမှန်ပင်။

ပန်းရောင်နဲ့အဖြူရောင်ရောစပ်ထားတဲ့ နှစ်ယောက်

အိပ်ခုတင်ကြီးဆီ မျက်ဝန်းများအရောက်...ရှက်စိတ်လေးဖျန်းခနဲဖြစ်သွား၏။အပျိုစင်လေးရဲ့

နှလုံးသားတွေအဆမတန်ခုန်လာကာ တစ်ယောက်ထဲ ရှက်ပြုံးလေးပြုံးလိုက်မိသည်။


ခုတင်ကနေမျက်လုံးခွာလိုက်မှ ဗီရိုဘေးကလက်ဂေ့ချ်တစ်ခုကိုသတိထားလိုက်မိသည်။ကိုကို.....။

ပြီးတော့...ရေချိုးခန်းထဲက ရေကျသံကိုပါခုမှ

သတိထားလိုက်မိကာ၊


"ကိုကို....ကြည့်စမ်း...ကိုကိုလူဆိုးကြီး။သူရောက်

လာတာ...သူများကိုမနှိုးဘူး။ထွက်လာမှ...ပညာ

ကောင်းကောင်းပေးပစ်လိုက်မယ်...ဟင်း..."


တစ်ယောက်ထဲ ပွစိပွစိရေရွတ်ရင်း...ခုတင်ပေါ်

ဆောင့်ခနဲထိုင်ချလိုက်မိသည်။နှစ်ယောက်အိပ်

ခုတင်ကြီးပေါ်ထိုင်ကာ...ရေချိုးခန်းရှိရာကိုမျက်

စောင်းထိုးနေမိ၏။


"ထွက်လာပါစေ...အပြတ်ကိုကောပစ်လိုက်မယ်"


ညလေးအိပ်ပျော်နေတာကိုမနှိုးတဲ့အပြင် သူက

အေးဆေးရေချိုးနေနိုင်သေးသည်။တွေ့မယ်...။

ညလေး ကျိန်းနေစဥ် အထဲကရေကျသံရပ်သွား

တာမို့  အခန်းတံခါးနားသွားရပ်နေလိုက်သည်။

ထွက်လာပါစေ....။


"ကျွီ........."


"ဟင်......ကိုထော....."


လျှပ်ခနဲ ပွင့်သွားသည့်တံခါးနောက်က ထွက်လာ

သူကိုမြင်လိုက်ရစဥ်ခဏ...ညလေးမျက်လုံးပြူး

သွားရသည်။ ရေစက်တွေသီးနေသည့် ကျစ်လျစ်

ကြံခိုင်သည့်ခန္ဓာကိုယ်ကြီးနဲ့ခါးမှာသဘတ်တစ်ထည်သာပတ်ကာထွက်လာသူက ကိုထော...။


"ကိုထော.....ကိုကိုရော...ကိုထောကဘာလို့မပြန်

သေးတာလဲ..."


သံသယစိတ်နဲ့အတူ မေးခွန်းများကဆက်တိုက်

ထွက်လာ၏။ သူက သူမတုန်လှုပ်နေပုံကိုတစ်ချက်

ခပ်နက်နက်လေးစိုက်ကြည့်ကာ ပြောလာသည်။


"မင်းကိုကိုလာမှာမဟုတ်တော့ဘူး"


ညလေး စိတ်တွေပိုလှုပ်ရှားလာကာ၊


"ဘာလို့လဲ...ကိုကိုကဘာလို့မလာတာလဲ..ပြောစမ်း

ပါ။မြန်မြန်ပြောစမ်းပါ။ကိုကိုဘာဖြစ်လို့လဲ..."


သူကရေစိုနေသည့်ဆံပင်တွေကို လက်ဖြင့်ခါထုတ်

လိုက်ပြီး ညလေးကတုန်ကယင်ဖြစ်နေပုံကို

ကြည့်၏။


"ကိုယ်မင်းကိုခိုးလာတာမို့လို့ပဲ......"


"ဘာ!........"


ခေါင်းကိုမိုးကြိုးပစ်ချလိုက်သလား...။ညလေး

နားကြားလွဲတာမဖြစ်နိုင်။


"ကိုထောနော်...ညလေးကိုမနောက်နဲ့။ဘယ်မှာလဲ

ကိုကို......"


"ကျစ်!......."


ညလေး အတင်းမေးနေတော့ သူကပါးစပ်လှုပ်ရုံလေး ကျစ်ခနဲအသံထွက်လာကာ၊


"မင်းကို သူများလက်ထဲအပါမခံနိုင်လို့ ကိုယ်ခိုး

လာတာ ညလေး..."


"ဘာ....ရှင်...ရှင်...လူယုတ်မာ...."


ညလေးဒေါသတွေတလိပ်လိပ်တက်လာကာ

သူ့ပါးကိုလှမ်းရိုက်ချလိုက်သည်။ဒေါသကြောင့်

ရိုက်ချလိုက်သည့်လက်က ပါးပြင်ပေါ်မရောက်

ပဲ လမ်းတစ်ဝက်မှာတင်ရပ်တန့်သွား၏။ သူက

ညလေးလက်ကိုဆွဲထားကာ ၊


"ချစ်လို့မစွန့်လွှတ်နိုင်တာကို ယုတ်မာတယ်လို့

ခေါင်းစဥ်တပ်ချင်ရင်တော့ မင်းသဘောပေါ့။

ကိုယ်..မင်းကိုလက်လွှတ်ဆုံးရှုံးမခံနိုင်လို့ ခိုး

လာတာ။ မင်းထွက်ပြေးဖို့ကြိုးစားလည်းအပိုပဲ။

အပြင်တံခါးကလျှို့ဝှက်ကုတ်နဲ့၊အတွင်းအိပ်ခန်း

တံခါးကလည်း မင်းဝင်လာပြီးရင်ထွက်လို့ရမယ်

မထင်နဲ့။ မင်းဒီလိုလုပ်တော့မယ်ဆိုတာကိုယ်သိ

နေလို့ မင်းထက်လက်ဦးမှုယူလိုက်ရတာ.."


"ရှင်...ရှင်  လူယုတ်မာ၊တေလေဂျပိုး..၊အုတ်ကျား

မြက်ပေါက်ကြီး...။ညလေးမနေဘူး ပြန်မယ်.."


"ရမလား....."


ဆွဲထားတဲ့လက်ကနေထပ်ဆောင့်ဆွဲတော့ ညလေး

သူ့ရင်ဘတ်နဲ့ပြေးတိုက်သွားချိန် သူကညလေးခါး

လေးကနေသိုင်းဖက်ပြစ်လိုက်ပြီး၊


"မင်းကို ကိုယ်ခိုးလာတာလို့ပြောပြီးသား ညလေး။

မင်းလွယ်လွယ်နဲ့ပြန်ထွက်ပြေးလို့ရမယ်ထင်သလား။ကိုယ်မင်းကိုချစ်လို့ပါ ညလေးရယ်။

ကိုယ့်ကိုနားလည်ပေးနော်..."


"အို...ဘာလို့နားလည်ပေးရမှာလဲ။ရှင် မယုတ်မာနဲ့

နော်...လွှတ်...လွှတ်စမ်း။လူယုတ်မာကြီး...."


"ကြိုက်သလိုခေါင်းစဥ်တပ်လိုက်......."


"ဟင်အင်း....."


ရုန်းကန်နေသည့်ကြားက ညလေးနှုတ်ခမ်းလေးကို

သူအပိုင်သိမ်းသွား၏။ အထူအပါးညီသည့် ဖူး

ရွရွနှုတ်ခမ်းလေးထက်သို့ ပါးလွှာသည့်သူ့နှုတ်ခမ်း

ရဲ့အထိအတွေ့ကြောင့် ညလေးခေါင်းခါငြင်းဆန်

မိသည်။ သူ့ရင်ဘတ်ကိုလက်သီးနဲ့ထုတော့လည်း

သူကလက်တွေကိုဖမ်းချုပ်ပြစ်လိုက်သဖြင့်ညလေး

ရုန်းဖယ်မရ။ ကိုကို  သစ္စာစောင့်ခဲ့သမျှ တစ်ခါဖူး

မှမထိတွေ့ခဲ့ဘူးတဲ့နှုတ်ခမ်းလေးကို သူကစိတ်ကြိုက်ရမ်းကားနေ၏။နွေးထွေးသည့်သူ့

နှုတ်ခမ်းရဲ့အထိအတွေ့ကိုစက်ဆုပ်ရွံ့ရှာဖွယ်၊

ခါးသီးနာကြည်းဖွယ်လက်ခံနေရသည်။


ခါးကနေလက်တစ်ဖက်ကသိမ်းပွေ့လျက် ကျန်တစ်

ဖက်က ညလေးလက်နှစ်ဖက်ကိုပူးကပ်လျက်နောက်မှာတုပ်နှောင်ထားသဖြင့်ညလေးရင်ဘတ်လေးကော့ကာ ခေါင်းလေးမော့ပေးထားသလိုဖြစ်

နေသဖြင့် ထိုပုံစံကိုသူကစိတ်ကြိုက်အသုံးချနေ၏။

ရုန်းမရတဲ့အဆုံးသူ့အောက်နှုတ်ခမ်းကိုသွားဖြင့်

တအားဖိကိုက်ချလိုက်သည်။


ရုတ်တရက် မွန်းကျပ်ပိတ်လှောင်နေရာမှလွတ်မြောက်သွားသည်။မထင်မှတ်တဲ့လုပ်ရပ်

ကြောင့်နှုတ်ခမ်းပေါက်သွားတာမို့ သူခဏငြိမ်နေ

စဥ် ညလေးခေါင်းဖြင့်သူ့မေးကိုဆောင့်ပစ်လိုက်

၏။


"အ.....ညလေး....မင်း....."


နာကျင်သွားသဖြင့်သူ့လက်တွေလွတ်သွားသည်။

သူ့လက်ကလွတ်တာနဲ့ညလေးလှည့်အပြေး.....။


"အဆိုးလေး.....မင်းလာခဲ့...."


"အင့်.....ရှင်...ရှင်လွှတ်နော်။ဘာလုပ်တာလဲ...

လွှတ်နော်..."


နောက်ကနေဆောင့်ဆွဲလိုက်တဲ့အရှိန်နဲ့ညလေးနောက်ကိုပြန်ယိုင်ကျသွားစဥ် သူကစီးဖမ်းထား

ကာ သူမကိုယ်လေးကိုဆွဲပွေ့ပစ်လိုက်သဖြင့်ညလေး လန့်ကာအော်ဟစ်ရုန်းကန်နေမိသည်။


"စည်းစိမ်ထော...လွှတ်။ရှင်လွှတ်နော်...။ညလေးကို

လွှတ်စမ်း။ရှင်မမိုက်ရိုင်းနဲ့ မယုတ်မာနဲ့နော်..."


ညလေးရဲ့ထုရိုက်ကုတ်ဖဲ့ချက်တွေကို သူကခေါင်းငဲ့

ရှောင်ကာခုတင်ဆီသို့ခြေလှမ်းကျဲကြီးများဖြင့်

လျှောက်လှမ်းသွားနေသည်။ညလေး မျက်လုံးတွေ

ပါပြာလျက်၊


"ရှင်မယုတ်မာနဲ့နော်....ညလေးချစ်တာကိုကို့ကို။

ရှင် ခွေးကျင့်ခွေးကြံ မကြံနဲ့...ခုလွှတ်.:."


ညလေးပြောဆိုနေသမျှကိုမတုန်ပြန်တဲ့သူက

ညလေးကို ခုတင်ကြီးပေါ်ပစ်ချသည်။မွေ့ယာ

အရှိန်ကြောင့် ညလေးကိုယ်လေးမနာပေမယ့်

အိခနဲနစ်ဝင်သွားသဖြင့်ချက်ချင်းပြန်မထနိုင်။


"ရှင်မယုတ်မာနဲ့နော်....."


"ယုတ်မာတာမဟုတ်ဘူး...ချစ်တာ...။မင်းကို

မစွန့်လွှတ်နိုင်အောင်ချစ်လို့...."


နူးညံတဲ့စကားလုံးများနဲ့အတူ နီးကပ်စွာအုပ်မိုး

လာသည့်မျက်နှာကြောင့်...ညလေး တစ်ကိုယ်လုံး

ဓာတ်လိုက်သလိုတုန်သွားကာ သူ့မျက်နှာကိုခေါင်း

နဲ့နောက်တစ်ကြိမ်ပစ်တိုက်လိုက်သည်။ခေါင်းနဲ့

နှာခေါင်းကိုအသားလွတ်အဆောင့်ခံလိုက်ရသဖြင့်

နှာခေါင်းမှာမီးပွင့်သွား၏။နာကျင်မှုကြောင့်

ခေါင်းခါထုတ်ပစ်လိုက်ကာ၊


"မင်း......"


"ရှင်လူယုတ်မာကြီး....လွှတ်....."


သူမအသံလေးမဆုံးလိုက်ပါ။ထောရဲ့အနမ်းများ

ကဖွေးနုနေသည့်သူမလည်တိုင်လေးပေါ်တိုးဝှေ့

ရောက်သွားကာလည်တိုင်မှတဖြည်းဖြည်းရွေ့လျား

လာ၍သူမမျက်နှာလေးအနှံ့ပွတ်တိုက်နမ်း၏။

တဆက်ဆက်တုန်နေသည့်နှုတ်ခမ်းလေးကိုစုပ်ယူ

နမ်းရှိုက်လိုက်ချိန် သူမကိုယ်လေးတုန်သွားကာ

သူ့ကိုအတင်းရုန်းဖယ်တော့သည်။သူ့ကျောပြင်

ကိုထုရိုက်နေသည့်လက်လေးတွေကိုဖမ်းချုပ်ပြစ်

လိုက်ပြီးလက်တစ်ဖက်ထဲပူးကိုင်ကာ သူမခေါင်း

ရင်းဘက်တွင်ခေါင်းအုံးလေးနဲ့ထိကပ်ပြစ်လိုက်၏။

လည်တိုင်လေးမှာတိုးတိုက်နမ်းရင်း မျက်နှာချင်း

ပူးအကပ်စိုထိုင်းထိုင်းအတွေ့ကြောင့် သူ့မျက်နှာ

ရုတ်တရက်ခွာလိုက်ကာသူမကိုအကြည့်...။

ညလေးရဲ့မျက်ဝန်းထဲမှာမျက်ရည်များစိုစွတ်လျက်။တဆက်ဆက်တုန်နေသည့်နှုတ်ခမ်းလေးပေါ်

လက်လေးအုပ်ကွယ်ကာ ပုခုံးတစ်ဖက်ပေါ်ဆံပင်တွေ ဖရိုဖရဲကျနေပုံက သူ့နှလုံးသားကိုဒုန်းဒိုင်း

ခုန်စေ၏။


"အရမ်းချစ်တယ်ညလေး......"


"ဟင်အင်း.....လွှတ်....."


သူမကိုယ်လေးကိုဆွဲကာရင်ဘတ်ချင်းကပ်ပစ်လိုက်

သည်။နူးညံ့သည့်ကိုယ်လေးနဲ့အထိမှာသွေးခုန်နှုန်း

တွေမြန်လာကာ ထော သူမမျက်နှာလေးကိုမေး

လေးကနေမော့ယူလိုက်သည်။ထိုအခါ ဖူးရွသည့်

နှုတ်ခမ်းလေးကမီးရောင်အောက်ဝယ် ဝိုင်တစ်ခွက်

လိုရင်ခုန်ယစ်မူးစေလျက် ထွက်သက်နွေးနွေးလေးကသူ့မျက်နှာကိုလာရောက်ကျည်စယ်သည့်အခါ...


"ဟင်အင်း...ဟင်အင်း....ရှင်မယုတ်မာနဲ့နော်။လွှတ်...."


"ကိုယ်ပိုင်နေမှ အလှထိုင်ကြည့်ရအောင်ကိုယ်မအ

ဘူး ညလေး။ချစ်လို့ မရရအောင်ယူပြီးမှတော့

ယုယကြင်နာချင်တာသဘာဝပဲ။ဒါကြောင့်...

ကိုယ်မင်းကို....."


"အို.....ဟင်အင်း......"


ညလေးလက်တွေကိုသူကချုပ်ထားသဖြင့်သူ့မျက်နှာကြီးငုံ့မိုးလာသည့်အခါ ညလေးမျက်နှာလေးအကာအကွယ်မဲ့နေလျက်။ပူနွေးသည့်

သူ့နှုတ်ခမ်းပါးကသူမနှုတ်ခမ်းလေးထက်ကနေ

သူမလည်တိုင်၊ပုခုံးစွန်းလေးတွေနဲ့ရင်ညွန့်လေးတွေ

မှာကြမ်းရှစွာပြေးလွှားနေသည်။ပူနွေးကြမ်းရှ

သည့်အထိအတွေ့မှာ ညလေး မလူးသာမလိမ့်သာ

ဖြင့်သူညှို့ခေါ်ရာနောက် လိုက်ပါရင်း......။မကြည်

ဖြူသောရင်ခွင်မှာ အနမ်းရိုင်းများအောက် ပန်း

ရိုင်းလေးကြွေဆင်းခဲ့လေပြီ။အခန်းထဲဝယ်..တိုးဖွဖွ

ရှိုက်သံလေးသာပျံလွင့်လျက်.......။


အပိုင်း(၁၈)ဆက်ရန်👈👈👈


ဇာတ်အရမို့ ကိုထောဆီပါသွားရတာပါ😵🤒

ကိုစည်း fanလေးတွေနားလည်ပေးကြပါနော်😁


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: