book

Index 16

အပိုင်း(၁၆)

💚💚အစိမ်းရောင်ကမ္ဘာငယ်လေး💚💚



🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃


"သားနဲ့သမီးကို ဖိတ်စာသွားရွေးခိုင်းမလို့...တီလေး

သားကို ခေါ်လိုက်တာ...."


"ဗျာ........:"


"ရှင်........."


မထင်မှတ်တဲ့စကားကြောင့် ညချမ်းမျက်နှာလေး

အကြီးအကျယ်ပျက်ယွင်းသွားရသည်။သည်လောက် မြန်မြန်ဆန်ဆန်ကြီးစီစဥ်လိမ့်မယ်လို့

မထင်မိခဲ့။ ခုတော့ ဖိတ်စာတွေတောင်ရနေပြီတဲ့။

မရည်ရွယ်ပါပဲ  ထောနဲ့ရှင်လေး မျက်လုံးချင်း

အဆုံမှာ ထော မျက်လုံးထဲက စိတ်ရှုပ်နေတဲ့ အရိပ်

အငွေ့များကိုမြင်လိုက်ရသည်။ ညချမ်းလည်း အတော်လေး စိတ်ညစ်နေပြီ။ 


"ဖိတ်စာတွေကရနေပြီတဲ့လား တီလေး..."


ဟန်ဆောင်ကောင်းသည့် ထောဆီက မွေးခွန်းထွက်

လာပေမယ့် ညချမ်းကတော့ ဘာမှ မပြောနိုင်။

ဆွံ့အနားမကြား၊ကြောင်တောင်ကန်းဘဝသို့နေ့

ချင်းညချင်းရောက်သွားသလို ကြောင်ငေးနေ၏။


"ဟုတ်တယ် သား...။အဲဒါ သားနဲ့သမီး သွားရွေး

ကြတော့"


"မဂ်လာပွဲကဘယ်နေ့လဲ  မေမေ...."


ညချမ်း  သိချင်တာကို အလောတကြီး မေးလိုက်မိ

သည်။


"လာမဲ့ ဆန်းဒေး.....ဖိတ်စာတွေ ဝင်ရွေးပြီးရင်

ဝတ်စုံတွေပါတစ်ခါထဲ ဝင်ကြည့်ခဲ့..."


ဒေါ်ခါဝဿန် သိုသိပ်စွာစီစဥ်ခဲ့တာ ဘယ်သူမှမသိ။


"မမြန်လွန်းဘူးလား...မေမေ"


"မမြန်ဘူး....ခု သွားကြမယ်"


"ရှင်.....မေမေပါလိုက်မယ် ဟုတ်လား....."


"ဟုတ်တယ်လေ.....နှစ်ယောက်ထဲလွှတ်လိုက်ရင်

ရန်ဖြစ်နေမှာ သိလို့နှင်းနဲ့မေမေ လိုက်မယ်"


"မေလေးရော လိုက်မှာ...."


"ဟုတ်တယ်....မေမေကပြင်ဆင်ပြီးပြီ။ သမီးသွား

ပြင်လေ...သမီးခုတင်ပေါ်မှာ သမီးဝတ်ဖို့ အကျီ

မေမေ ရွေးထားတယ်။ သွားလဲလိုက်...."


ညချမ်း  ငြင်းလို့မရတော့ပေ။ ခြေလေးဆောင့်လျက် သူတို့နားကထွက်လာခဲ့သည်။


မဖြစ်တော့ဘူး။မဂ်လာပွဲက တစ်ပတ်ပဲလိုတော့တာ

ကိုကိုနဲ့ရအောင်ဆက်သွယ်ရမယ်။ မဖြစ်ဖြစ်တဲ့နည်းနဲ့ဆက်သွယ်ပြီး ကိုကို့နောက်လိုက်သွားမှ

ဖြစ်မယ်။ဒီအတိုင်း ငြိမ်နေရင် ကိုထောကို ငါ

ယူရတော့မှာ။ဟင်အင်း   ကိုထောကို ငါမလိုချင်

ဘူး။ကိုကိုနဲ့ တစ်သက်လုံးဝေးမဲ့ အဖြစ်မျိုး အဖြစ်

မခံနိုင်ဘူး။ 


အခန်းထဲ ရောက်နေပေမယ့် ဘာမှမပြင်မဆင်ပဲ

မှန်တင်ခုံမှာ ထိုင်လျက် တွေဝေနေသည်။


"ဒေါက်....ဒေါက်..."


"သမီးရေ...မြန်မြန်လုပ်...အောက်မှာ နှင်းတို့စောင့်နေရတာ အားနာစရာကွယ်..."


တံခါးခေါက်သံနဲ့အတူ မေမေအသံကိုကြားလိုက်

ရမှ ညလေး ငေးငိုင်နေမိတာကိုသတိရသည်။


"ဟုတ်မေမေ...ပြီးတော့မယ်....."


"အေးအေး...သွက်သွက်လေး ဆင်းခဲ့နော်"


"ဟုတ်ကဲ့......."


အခန်းနားကပြန်လှည့်သွားသည့် ခြေသံကြားမှ

မျက်နှာလေးကို ကပြာကယာပြင်၍ မေမေထုတ်ပေးခဲ့တဲ့ ဂါဝန်လေးကိုလဲလှယ်ကာ အောက်ထပ်ဆင်းခဲ့သည်။ ညချမ်းရဲ့ခြေလှမ်းများက အသက်မပါစွာ ရွေ့လျားနေသည်။


"သမီးပြီးရင် သွားကြစို့...."


"သွားမယ်လေ...ခါ။ သမီးလေး...လာ..."


မေလေးက ညလေးလက်ကို ဆွဲလိုက်တော့ ညလေး

အသက်မပါစွာပြုံးပြမိသည်။ ရင်ထဲမှာ မိုးတွေရွာ

နေတာ ဘယ်သူမြင်မှာလဲ။ ကိုယ်ဖြစ်ချင်တိုင်း

ဖြစ်ခွင့်မရှိရင်တောင် ကိုယ်လုပ်ချင်ရာ လုပ်ပစ်

လိုက်တော့မယ်။ သားသမီးနဲ့မိဘကြားစိတ်ဆိုး

လည်း ခဏသာ။ ညလေး ကိုကိုနဲ့ မဝေးပါရစေနဲ့

မေမေ။ ကိုကိုက ညလေးရဲ့အချစ်ဦးနဲ့အချစ်ဆုံးပါ။

ကိုကို့ကို ညလေး အရမ်းချစ်တယ်။ ကိုကိုနဲ့ဝေး

ရမဲ့အဖြစ်မျိုး ညလေး အဖြစ်မခံနိုင်ဘူး မေမေ။

ညလေးကို မိုက်ရူးရဲဆန်ခွင့်ပြုပါ။ အချစ်ကြောင့်

ရူးမိုက်ခဲ့တဲ့ အချစ်သူရဲကောင်းမလေးလို့ ဘွဲ့ထူး

မပေးရင်တောင် ညလေးနဲ့ကိုကိုတို့ရဲ့အချစ်ကို 

နားလည်ပေးပါ။ ကိုထောကို ညလေး မလိုချင်ဘူး။

ညလေးကိုကို့ဆီ သွားခွင့်ပေးပါ မေမေ။ တစ်သက်လုံး သမီးမိုက်အဖြစ် မေမေတို့နာကြည်းလိုက်ပါ

တော့ မေမေရယ်။


🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸


"ကိုကို!........"


ကိုကို.........။

ညချမ်း...နှုတ်ခမ်းမှ အသံတိုးတိုးလေးထွက်သွား၏။စကားတပြောပြောနဲ့ ကားနားရောက်နေ

သည့် ဒေါ်ခါဝဿန်နဲ့ဒေါ်နှင်းစက်အိမ်ကမကြား

လိုက်ပေမယ့် ဖိတ်စာတွေထည့်သည့် ကတ္ထူပုံးကို

ပွေ့လာသော ထောကတော့ ကြားဖြစ်အောင်

ကြားလိုက်သည်။တုံခနဲရပ်သွားသည့် ညလေးရဲ့

ခြေလှမ်းများနဲ့အတူ ညလေး မျက်လုံးလေး

ဝေ့ရာသို့ သူ လှမ်းကြည့်လိုက်တော့ ခပ်လှမ်းလှမ်း

မှာ မင်းစည်းစိမ်။ သူတို့ကို လှမ်းကြည့်နေသည့်

မင်းစည်းစိမ်ကို ကြည့်ပြီး သူ မျက်လုံးတွေက ညလေးဆီရွေ့သွား၏။ မင်းစည်းစိမ်ကို ငေးကြည့်

နေသည့် ညလေး မျက်လုံးလေးတွေမှာ မျက်ရည်လေးများရစ်သိုင်းနေတာကို မြင်လိုက်ရသည့် ခဏ

သူ မျက်လွှဲပစ်ကာ ကတ္ထူပုံးကို ကားထဲ ဖွင့်ထည့်

လိုက်ပြီး  ကားနောက်ဖွင့်ကို မပိတ်ဘေးပဲ ညလေးဆီဖျတ်ခနဲကြည့်လိုက်မိသည်။ 


ကိုကိုလို့...ခေါ်ပြီး ရင်ခွင်ထဲတိုးဝင််ပြီး အားပါးတရ

ငိုချလိုက်ချင်စိတ်တွေဖြစ်ပေါ်နေသည်။ ငေးငေးလေးကြည့်နေသည့် ကိုကို့ကို ညလေး မကြည့်ရက်။

မိဘတွေပါနေတော့ ကိုကို မနားမလာရဲသလို

ညလေးလည်း ကိုကို့ဆီ မလာရဲဘူး  ကိုကို။ကိုကို့မျက်ဝန်းက သိမ်ငယ်ရိပ်တွေကို ညလေး မမြင်ရက်

ဘူးကွယ်။ ကိုကို...အရမ်းခံစားနေမှာပေါ့နော်။

အစထဲက ဘဝချင်း၊အလွှာချင်းမညီဘူးဆိုတဲ့

အကြောင်းပြချက်နဲ့ နေနေတဲ့ကိုကို့ဘဝထဲကို ညလေးကအတင်းတိုးဝင်ခဲ့ရတာ။ မေမေတို့မေလေး

 တို့ကိုမြင်တော့ ကိုကိုဘယ်လို​နေမလဲဟင်။

ပြီးတော့....ကိုထော။ ကိုထောနဲ့ သွားလာနေတာကို 

ကိုကို အမြင်ကြည်ရဲ့လား ကိုကို။ ကိုထောကို အထင်မလွဲလိုက်ပါနဲ့နော်။ ညလေးချစ်တာ ကိုကို

တစ်ယောက်ထဲပါ ကိုကိုရယ်။


တစ်ယောက်နဲ့တစ်ယောက် လှမ်းလည်းမခေါ်။

စကားလည်းမပြောဘဲ မျက်လုံးချင်းစကားပြော

နေသူ နှစ်ဦး။ ထော...ကားနောက်ဖုံးကိုပိတ်လိုက်ပြီး

မေမေတို့တီလေးတို့ကို လှမ်းကြည့်တော့ အမေနှစ်ယောက်က စကားဖောင်ဖွဲ့ကာ ကားနောက်ခန်းထဲ

ဝင်ထိုင်နေပြီ။ မူပျက်နေတဲ့ ညလေးကို သတိမထား

မိတာလား တမင် မသိချင်ယောင်ဆောင်နေကြ

သလားမသိ။ ညလေး ပါးပြင်ပေါ် မျက်ရည်ကြောင်းလေးနှစ်သွယ်စီးကျကာ အင့်ခနဲတစ်ချက်

ရှိုက်လိုက်ချိန် မင်းစည်းစိမ် မျက်ဝန်းများက

ကားနောက်ဘက်ကနေ ပြန်လျှောက်လာတဲ့ 

သူ့ဆီ တည့်မတ်စွာရောက်လာ၏။ ပြီးတော့

ချာခနဲ လှည့်ထွက်သွားတဲ့မင်းစည်းစိမ်။

ညလေးဘေးကနေ ဖြတ်လျှောက်လာစဥ် လှစ်ခနဲ

ပြေးလိုက်တော့မဲ့ ညလေးလက်လေးကို သူဆွဲ

ထားလိုက်သည်။ထိုအခါ မျက်ရည်လေးတွေနဲ့

မျက်ဝန်းအစုံက သူ့ကိုမော့ကြည့်လာကာ သူ့လက်

ထဲက ရုန်းထွက်ဖို့ကြိုးစားနေသည့် ညလေးလက်

လေးကို တင်းနေအောင်ထပ်ဆုပ်ရင်း သူခေါင်းခါ

ပြလိုက်သည်။


ညလေးရယ်...မေမေတို့ တီလေးတို့ရှေ့မှာ မင်း

အဲလောက်မူမပျက်သင့်ဘူး။မင်းရဲ့မျက်ရည်တစ်စက်ဟာ ကိုယ်လို လူမသိသူမသိသမားအတွက်

အက်ဆစ်နဲ့တိုက်စားနေသလိုပါပဲ။ 


"မေမေတို့တီလေးတို့ရှေ့မှာ မင်းထိန်းသိမ်းသင့်တယ် ညလေး။လာ...ကိုယ်တို့ပြန်ကြမယ်"


တစ်ချက်လေးတောင် လှည့်ကြည့်သွားဖော်မရ

တဲ့ကိုကို့ကို လိုက်ငေးရင်း မျက်ရည်များက အတား

အဆီးမဲ့နေ၏။ ကိုကိုမှန်ပါတယ် ကိုကိုရယ်။

ကိုယ့်ချစ်သူကို မြင်တာတောင်ခေါ်ခွင့်မရှိတဲ့ကိုကို့

ရင်ထဲက ခံစားချက်တွေကို ညလေးစာနာနိုင်ပါ

တယ်။ အဲလိုပဲ...ကိုကိုလည်း ညလေးကို နားလည်

ပေးပါနော်။ ခုချိန်မှာ ညလေးမိုက်မဲလိုက်ရင်

ကိုကိုနဲ့တစ်ဘဝစာလုံးဝေးရမှာ။


"မျက်ရည်တွေသုတ်လိုက်လေ....တော်ကြာတီလေး

မြင်သွားရင် သံသယဝင်နေမယ်..."


တိုးတိုးကျိတ်သတိပေးပြီး ကားထဲဝင်သွားသည့်

သူ့စကားကို ညလေးနားထောင်လိုက်မိသည်။

မျက်ရည်တွေကို လက်နှစ်ဖက်ဖြင့် ဖိသုတ်ရင်း

သူ့ဘေးမှာ အေးဆေးဝင်ထိုင်လိုက်ချိန် ကားလေး

က နေရာကနေ လျောခနဲထွက်၏။နောက်ခန်းမှာ

စကားဖောင်ဖွဲ့နေသူ နှစ်ဦးက သူတို့ဖြစ်ပျက်သမျှ

ကိုသတိမထားမိဘူးထင်သည်။ ရယ်မောပြောလို့

မပြီးတော့ပေ။ စကားတစ်ခွန်းမှ မပြောပဲ ကား

ကိုသာ ဂရုတစိုက်မောင်းနေသည့် ကိုထောကို

ကြည့်ကာ ညလေး ဆုံးဖြတ်ချက်ကို ပြတ်သား

စွာချလိုက်မိသည်။ ကိုကို့ဆီ ဒီညပဲ ရအောင်သွား

တော့မည်။


တကယ်ချစ်ရင်စွန့်စားရမှာပေါ့...ညလေး စွန့်စား

မယ်။ကိုကိုဘဝထဲ ညလေးကိုလာခွင့်ပြုပါ။အမြင့်

မှာရှိနေလို့ ကိုကိုလာဖို့မဖြစ်နိုင်တော့ရင် ကိုကို့

ဘဝထဲကိုညလေး ခုန်ဆင်းခဲ့မယ်။ညလေး အသည်း

မကွဲပါရစေနဲ့။


🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸


လှည့်မကြည့်ဘူးလို့ ဘယ်လောက်ပဲ စိတ်ကိုတင်း

ထားထား...မနေနိုင်တဲ့အဆုံး လှည့်လိုက်မိသည်။

တစ်စွန်းတစ်စသာ မြင်လိုက်ရသည့် မာစီဒီးရဲ့

နောက်ပါးကို ငေးကြည့်ရင်း ကားဘီးအောက်မှာ

နှလုံးသားတစ်စုံချနင်းခံလိုက်ရသလိုပင်။အစထဲက

ဘဝချင်း မတူတာကို မင်းပဲ စွတ်တိုးခဲ့တာ ညချမ်း။

ကိုကို့ နှလုံးသားကို အပိုင်ယူပြီးမှ မင်းထားခဲ့ချင်

တိုင်းထားခဲ့လို့ရမလား။ ကိုကိုလက်မခံနိုင်ဘူး။

ညီလေးဆိုပြီး ချစ်သူတစ်ယောက်လုံး ပေးအပ်လိုက်ရအောင် ကိုကို့နှလုံးသားမမာနိုင်ဘူး။

စည်းစိမ်ထောရဲ့ အမေကကိုကို့အဖေကို မေမေ့

ဆီကလုသွားခဲ့တယ်။ ဒုတိယမေမေ...ကိုကိုမဖြစ်

ပါရစေနဲ့။ နှစ်ကိုယ်တူချစ်ရည်မျှနေပြီးမှ ကိုကိုကျန်

ရစ်ဘဝနဲ့ နောက်ကောက်မကျချင်ဘူး။


ညချမ်းဘေးမှာစည်းစိမ်ထောကိုမြင်လိုက်ရတော့

သူ ဘာတွေဖြစ်ကုန်မှန်းမသိတော့ပေ။ ဖြုန်းခနဲ

အရှုံးဆိုတာကြီးကို ရလိုက်သလို...ရင်မှာတဆစ်ဆစ်နာ၏။ ညချမ်းနဲ့ စည်းစိမ်ထောအပြင် မေမေ့

အရွယ်လောက်အမျိုးသမီးကြီးနှစ်ယောက်ကိုမြင်

လိုက်ထဲက သူတို့အမေတွေမှန်းသိလိုက်ပြီ။ညချမ်း

နဲ့ခပ်ဆင်ဆင် အမျိုးသမီးကြီးက ညချမ်းအမေဆိ

ရင် ဆံပင်ရှည်ရှည် ဖြူနုနု ယဥ်စစအန်တီက

စည်းစိမ်ထော အမေပေါ့။ ရှည်လျားနက်မှောင်

နေသည့်ဆံပင်ရှည်ကြီးကို နောက်မှာ ရိုးရိုးစည်း

ချကာ ကျောက်စိမ်းရောင်လက်စကအကျီနဲ့

ကျောက်စိမ်းရောင်လုံချည်က သူမရဲ့ဖြူနုဝင်းနှစ်

နေသည့် အသားရောင်နဲ့ဟပ်နေသည်။ လေးဆယ်

ကျော်လို့ ကြိမ်ပြောရလောက်သည့် နုပျိုခြင်းက

စည်းစိမ်ထောရဲ့အမေဆိုတာထက် မောင်နှမလား

ထင်ချင်စရာ။ သားအမိလို့ ထင်ရက်စရာမရှိ။

အေးလေ....ရွှေပုံပေါ်မှာစံကာရွှေဇွန်းကိုင်မွေးလာ

သူဆိုတော့ သူ့အမေလိုဘဝသမားနဲ့တော့ ဘယ်တူ

ပါ့မလဲ။ ငယ်ငယ်ထဲက ဆင်းရဲနုံချာတဲ့ဘဝကနေ

ကြီးပြင်းခဲ့ရသူ။အရွယ်ရောက်တော့လည်း ကိုယ့်

ဘဝကိုယ်ကျောင်းပြီးကျောင်းတက်။မိဘရဲ့

မရှိမဲ့ရှိမဲ့ရှာဖွေပြီးကျောင်းထားလို့ကျောင်းနေခဲ့

ရာမှ သူဌေးသားအချောအလှေနဲ့ချစ်ကြိုက်မိပြီး

ဘဝတစ်ခုလုံးဆုံးခဲ့ရတဲ့မေမေနဲ့ဘယ်ယှဥ်နိုင်မလဲ။

တွေးလေ...ရင်နာလေ...။နာကျင်ခံစားရလေ...

စည်းစိမ်ထောတို့သားအမိကိုပိုမုန်းမိလေ...။


ဆင်စီးပြီးမြင်းရံနေတဲ့ ချစ်သူဘဝနဲ့ သူလို ခြေဗလာ

သမားဘဝက မအပ်စပ်ပေမယ့် ချစ်သူကိုရှာဖွေ

ကျွေးနိုင်တဲ့ အရည်အချင်းတော့ သူ့မှာရှိသည်။

ဖခင်ချမ်းသာတာလည်းသူမမက်မော။ အဖေဆို

တာ ဘယ်သူဘယ်ဝါမှန်းမသိခင်ကတွေ့ချင်၊မြင်ဖူး

ချင်သည်။ဒါ ငါ့အဖေဘာလားလို့သိလိုက်ရချိန်မှာ

မာနစိတ်ကတင်းခံသွားရ၏။ ကိုယ့်အရွယ်သားကို

အသက်လောက်ချစ်နေပြီး၊ ကိုယ့်အမေမဟုတ်တဲ့

တခြားမိန်းမကို ငုံထားမတတ်ချစ်နေတဲ့အဖေကို

သူ ဘယ်လို အင်အားမျိုးနဲ့ရင်ဆိုင်ရမှန်းမသိတော့။

ကံကြမ္မာ သည်မျှနဲ့မရပ်တန့်။ချစ်ရသူက ထိုမိသားစုနဲ့မှ ပက်သက်နေသည်။လူကြီးချင်းကသူတို့

နှစ်ယောက်ကို လက်ထပ်ပေးချင်ပုံရနေသည်။

သူ နောက်တစ်ခါ မရှုံးချင်။ ညချမ်းနဲ့မဖြစ် ဖြစ်တဲ့နည်းနဲ့တွေ့ရမည်။ သူ လွယ်လွယ်နဲ့မလျော့ချင်။


ခြေတောက်တွေက ကတ္တရာလမ်းနဲ့မထိသလို

ပေါ့ရွှတ်ရွှတ်ကြီးဖြစ်နေသည်။အတွေးတွေက

ရော်ရွက်လိုလွင့်ချင်ရာလွင့်နေ၏။မေမေ ဒီရက်

ပိုင်းမျက်နှာသိပ်မကောင်းတာ သူရိပ်မိနေသည်။

အိမ်ကို ကားအကောင်းစားကြီးတစ်စီးလာသွား

ကာ အမေ့ကိုခေါ်သွားတယ်လို့ဘေးအိမ်ကပြောပြ

လို့ သူသိပြီးပြီ။ဒါပေမယ့် သူ ဘာမှမမေးပဲမသိချင်

ယောင်ဆောင်နေမိသည်။ မေမေ့ကိုအဖေလာ

ခေါ်မှန်း သူသိနေပြီ။မေမေ့မျက်နှာမကောင်းတာ

ကြောင့် သူလည်းမမေး။မေမေကလည်းဒီအကြောင်းနဲ့ပက်သက်ပြီး ဘာမှမပြော။နှစ်ယောက်ထဲရှိတဲ့အိမ်လေးက ခုမှပိုပြီးခြောက်ခမ်းနေ၏။

အဖေကရော ပစ်ထားခဲ့ပြီးမှ ဘာလို့လာဆက်သွယ်

ရသလဲ။ အဖေ့မှာမိသားစုရှိနေပြီ။ ပြီးတော့...

သူ့အဖေဆိုတာ သာမန်လူမဟုတ်။KTN groupရဲ့

အမွေဆက်ခံသူ။စီးပွားရေးလောကမှာဘုရင်တစ်

ဆူဖြစ်နေတဲ့ဦးဆောင်းလေပြည်။ဒါပေမယ့်...

သူစုံစမ်းရသလောက် အဖေ့နာမည်ကဆောင်းလေပြည်မဟုတ်တော့။မိုးလေပြည်တဲ့...။အဟွန်း..

နာမည်ပါပြောင်းပြီး အတိတ်ကိုပြည်ဖုံးကားချချင်

တဲ့သဘော။ မေမေ့ဆီလာတာလည်း ကောင်းသော

လာချင်းမျိုးမဖြစ်နိုင်ပေ။ မေမေကိုတစ်ခုခုလာ

ပြောတာပဲနေမည်။


"ကျွီ.........."


"ဟာ!........"


အတွေးတွေပျံလွင့်နေစဥ် ရိပ်ခနဲမင်လိုက်ရသည့်

ကားကြောင့် တိုက်ပြီလို့ထင်လိုက်၏။ သို့သော်

ကားက သူ့ရှေ့နားတုံ့ခနဲရပ်သွာသဖြင့် သေမဲ့ဘေး

မှသီသီလေးလွတ်သွား၏။အလုံပိတ်ကားထဲကနေ

ဒရိုက်ဘာလို့ထင်ရတဲ့လူတ်ဦးဆင်းလာ၏။ ပုံစံက

သူတို့ထက်အသက်ကြီးမဲ့ပုံ။အနက်ရောင်ကုတ်နဲ့

အနက်ရောင်စတိုင်ပန့်အပြင်ရှူးဖိနပ်၊မျက်မှန်က

အစအနက်ရောင်မို့ သူ့နှုတ်ခမ်းတွေကွေးညွတ်သွား

၏။ပုံစံက ဘောဒီဂတ်လိုလို ဘာလိုလို...။အလုံပိတ်

ကားအနက်ကြီးထဲကို မျက်လုံးတစ်ချက်ဝေ့ပြီးမှ

သူ လဲကျနေရာမှထရပ်လိုက်သည်။ဘောင်းဘီ

ကိုတစ်ချက်ခါထုတ်ပြီး စလွယ်သိုင်းလွယ်ထား

တဲ့အိတ်ကြိုးကိုထပ်ဆုပ်ကာ၊


"ဆော်ရီး....ကျွန်တော်အတွေးလွန်သွားလို့...."


သူ့နားမှာ ကျောက်ရုပ်လိုရပ်ကာ သူ့တ်ကိုယ်လုံး

စုံချည်ဆန်ချည်နဲ့ကြည့်နေသည့် ထိုပုဂ္ဂိုလ်ကိုပြုံး

၍ဆိုလိုက်သည်။


"ကိုယ်ကညီလေးဘာဖြစ်သွားပြီလဲလို့...။ကိုယ့်

ကားနဲ့မတိုက်မိပေမယ့် ညီလေးလဲကျသွားတော့

ဘော့စ်ကဆင်းကြည့်ခိုင်းတာ"


အလုံပိတ်ကားထဲကိုမမြင်နိုင်မှန်းသိပေမယ့်

ဘော့စ်ဆိုတဲ့အသံကြောင့်တစ်ချက်လှမ်းကြည့်

မိသွား၏။ပြီးတော့မှ အကြည့်လွှဲကာ၊


"ဟုတ်တယ်....ကျွန်တော်အတွေးလွန်သွားလို့။

တောင်းပန်ပါတယ်အစ်ကို...."


"ဒါနဲ့....ငါ့ညီနာမည်က...."


ရုတ်တရက် နာမည်အမေးခံလိုက်ရတော့ သူ

ကြောင်အမ်းအမ်းဖြစ်သွား၏။ပြီးတော့မှ အပြုံး

ချိုချိုနဲ့ထိုပုဂ္ဂိုလ်မျက်နှာကြောင့် ပါးစပ်ကအလိုလို

ပြောထွက်သွားသည်။


"မင်းစည်းစိမ်ပါ အစ်ကို...ကျွန်တော့်ကိုခွင့်ပြု

ပါဦး....."


ပြောပြီးတာနဲ့ခြေလှမ်းများကဦးတည်ရာကို

ရွေ့၏။စောစောကခမ်းနားသည့်ပုဂ္ဂိုလ်ကို

စိတ်မှာစွဲသွားသည်။သို့သော် ချက်ချင်းခေါင်းထဲက

ထုတ်ကာ အပြန်လမ်းကိုပဲ ခြေလှမ်းများကိုရွေ့ဖို့

စေခိုင်းလိုက်မိ၏။သူကခရီးသွားဟန်လွဲလို့သဘော

ထားလိုက်ပေမယ့်...တစ်ဖက်မှာတော့.....။


"မင်းစည်းစိမ်တဲ့ဘော့စ်...နာမည်ချင်းလည်းတူ

တယ်။ဘော့စ်ထင်သလိုပဲ နောက်ကကြည့်တော့

​အတော်ဆင်တယ်။သေချာကြည့်မှ မတူမှန်း

သိရတာ။ဟိုမှာကျောင်းတက်ပြီး..အာရှကျားဖြစ်

နေသူက ခုလိုဘယ်နေပါ့မလဲ။သူတို့နှစ်ယောက်က

တစ်ယောက်စီဆိုတာသေချာတယ်ဘော့စ်။ဘော့စ်

ရှာနေတာ သူမဟုတ်ဘူး....သေချာတယ်..."


မင်းစည်းစိမ်နောက်ကနေလိုက်ရင်း ပြောနေတဲ့

စကားတွေကို မင်းစည်းစိမ်မသိခဲ့။သူ့နောက်က

လိုက်လာတာလည်းသိပုံမပေါ်။လောကကြီးကို

စိတ်ကုန်နေပုံမျိုးခေါင်းငုံ့လျှောက်နေတဲ့ပုံက

သူတို့သိတဲ့ တစ်စုံတစ်ယောက်နဲ့ကွဲပြားနေသည်။

တူတော့တူသည် ဒါပေမယ့်ကွဲပြားနေ၏။


မင်းစည်းစိမ် ဝင်သွားတဲ့လမ်းထဲကိုကြည့်ကာ

အနက်ရောင်အလုံပိတ်ကားထဲမှာအခန့်သား

ထိုင်ကြည့်နေသော မျက်မှန်အောက်ကမျက်လုံး

အစုံကတဖြည်းဖြည်းကျည်းမြောင်းသွား၏။

ပြီးတော့ ထိုမျက်ဝန်းမှာကြေကွဲရိပ်များစွန်းထင်း

ကုန်တာ ဘယ်သူမှမမြင်လိုက်။အတိတ်ဆိုတာ...

မေ့ဖျောက်လို့ရရိုးထုံးစံမှမရှိခဲ့ဘဲ။


🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸


အချိန်ကညနေ နေဝင်ရီတရောအချိန်။

အိမ်ထဲမှာ အားလုံး သူ့အလုပ်နဲ့သူရှုပ်နေတာမို့

ညလေးလှုပ်ရှားနေတာကို ဘယ်သူမှမရိပ်မိ။

မေမေ ဘုရားခန်းဝင်နေချိန်၊ဖေဖေကလည်း

ဒီနေ့နောက်ကျမယ်လို့ပြောသွားတာမို့ ညလေး

အတွက်အခွင့်အရေးရနေသည်။


ကျောပိုးအိတ်ထဲကို အဝတ်တွေစုပြုံထည့်ပြီး

အခန်းထဲကနေခိုးထွက်လာခဲ့သည်။ အဝတ်တွေ

သည်ထက်ပိုသယ်ရင် ပြေးရလွှားရမလွတ်လပ်

မှာစိုးသဖြင့် ကျောပိုးအိတ်တစ်လုံးပဲသယ်ခဲ့ပြီး

မှတ်ပုံတင်ရောပိုက်ဆံပါထည့်၍ လစ်ထွက်ခဲ့သည်။

နေဝင်ခါစမို့ ခြံထဲမှာမီးတွေလင်းထင်းနေ၏။


နောက်ဘက်တံခါးကနေ ခိုးထွက်သည်။ပြီးတော့

တိုက်ဘေးကိုကပ်ကာခြံရှေ့ကိုတရွေ့ရွေ့တိုးသွား

၏။ခြံစောင့်မမြင်အောင်ခိုးထွက်လိုက်ချိန်...ရင်တွေ

တတိတ်တိတ်ခုန်နေ၏။ ခြံပြင်ရောက်တာနဲ့အလုံး

ကြီးကျသွားကာ လမ်းထိပ်ကိုပြေးထွက်ခဲ့သည်။

ဖုန်းကလည်းမေမေသိမ်းသွားတာမို့ ကိုကိုနဲ့အဆက်

အသွယ်မရ။ ကိုကို့အိမ်လိပ်စာသိနေတာမို့လိုက်

သွားဖို့ဆုံးဖြတ်လိုက်သည်။ 


ကိုထောတို့ ခြံကျော်သွားမှ အပြေးရပ်ကာ ခပ်သွက်

သွက်လှမ်းလာခဲ့သည်။ ကိုထောကကူညီမယ်လို့

ပြောပေမယ့် သူကဘယ်တော့မှ ကူညီမှန်းမသိ။

ကြာလေ ပိုဆိုးလေမို့ ညလေးဆုံးဖြတ်ချက်ကို

ခိုင်ခိုင်မာမာချလိုက်တာ။ အကျယ်တဝင့်ဖြစ်ပြီးမှ

ကိုကို့နောက်လိုက်ခဲ့ရင် မေမေတို့ပိုခံစားရလိမ့်မယ်။

ခု ဖိတ်စာတွေမဝေခင် ထွက်သွားလိုက်တာအကောင်းဆုံးနည်းလမ်းပင်။


မြတ်စွာဘုရား....။ညလေးနှုတ်ဖျားမှယောင်ရွတ်

လိုက်မိသလို လှမ်းလက်စခြေလှမ်းကလည်း

နေရာမှာတင်ကျောက်ချသွား၏။လမ်းထိပ်မှ

လမ်းထဲသို့ချိုးကွေ့ဝင်လာတဲ့ကားက ကိုထောကား။

မာစီဒီးကားတွေအများကြီးပေမယ့် ကိုထောကား

ကိုညလေး မမှားနိုင်။သွားပြီ...ဘယ်သူမှမသိစေ

ချင်လို့ခိုးရာလိုက်ပါတယ်ဆို သူနဲ့လာတိုးနေပြီ။

ကားကညလေးဘေးမှာတုံ့မနဲရပ်သွားပြီး ဘေး

မှန်လျောခနဲကျလာကာမျက်မှန်အနက်တပ်ထား

တဲ့ကိုထောကိုမြင်လိုက်ရ၏။


"ဘယ်လဲ...ညလေး။မိုးတောင်ချုပ်နေပြီ...."


အဖြူရောင်ဖောရိန်းရှပ်ကိုတံတောင်ဆစ်အထိ

လက်ခေါက်ထားပြီးအနက်ရောင်စတိုင်ပန့်နဲ့မို့

သူ့ပုံကအမြဲတမ်းသန့်ပြန့်ချောမွေ့နေသည်။ပြန်

လာထဲက စီးပွားရေးလောကထဲခြေစုံပစ်ဝင်နေပြီ

ဟုဖေဖေ့ဆီကကြားနေရပေမယ့် ညလေးလည်း

မစပ်စုမိ။ ကိုယ့်ဟာနဲ့ကိုယ်စိတ်ရှုပ်နေတာမို့ သူများ

ကြောင်းစိတ်မဝင်စားတာဖြစ်နိုင်သည်။ခုတော့

သူနဲ့မှတည့်တည့်တိုးနေ၏။ရှောင်သွားစရာ

မြေလည်းမရှိတော့ ရင်ဆိုင်ဖို့ပဲရှိတော့မည်။

သူ့ပုံကအလုပ်ကပြန်လာသည့်ပုံမျိုး။


"ညလေးဘယ်သွားမှာလဲ...ကိုယ်လိုက်ပို့မယ်လေ။

မိုးချုပ်နေပြီ...လာ...."


ကိုကိုနဲ့မိတ်ဆက်ပေးပြီးထဲကသူ့ကိုယ်သူကိုကို

လို့မသုံးနှုန်းတော့တဲ့ကိုထောကိုညလေးသတိထား

မိသည်။ပြီးတော့ကျေးဇူးလည်းတင်မိ၏။

တူနေတဲ့အသုံးအနှုန်း​ကြောင့်ညလေးစိတ်အနှောက်

အယှက်ဖြစ်မှာစိုးလို့သူပြောင်းလဲခဲ့တာဖြစ်နိုင်သည်။


"ကိုထော........"


"ဟင်......"


ညလေးခေါ်လိုက်တော့ ကိုထောကပြုံးစေ့စေ့နဲ့

ကြည့်လာကာ၊


"မင်းစည်းစိမ်ဆီသွားမလို့လား....။ဒါဆိုရင်တော့

လာ...ကားပေါ်တက်..."


"ဘာလို့လဲ...."


"ကိုယ်...ခုပဲသူနဲ့တွေ့လာတာ။ အဟင်း...ပြောရမယ်

ဆိုရင်တော့မင်းကိုတောင်းထားတဲ့အကူအညီအတွက်သူနဲ့သွားတွေ့တယ်ဆိုပါတော့။မနက်ဖြန်

ဖိတ်စာတွေဝေကြတော့မယ်လေ...ဒါကြောင့်

ဒီညပဲကိုယ်တို့မှာအချိန်ရတော့တာမဟုတ်လား။

ကိုယ်...မင်းတို့နှစ်ယောက်အတွက်နေရာပါစီစဥ်

ထားတယ်။လာ...ကားပေါ်တက်။မင်းစည်းစိမ်

လည်း...အဲကိုလာလိမ့်မယ်..."


"ဟင်....ကိုထောတကယ်ပြောနေတာလား..."


"မင်းမယုံလည်းနေပေါ့...ကိုယ်ကမင်းကိုညာလို့

ဘာရမှာလဲ...."


"သိမလား...ရှင်ရချင်တာရမှာပေါ့...."


"ကဲပါ...မိုးချုပ်နေပြီ။မြန်မြန်ကားပေါ်တက်။

တော်ကြာလေးလေးချိန်ပြန်လာတာနဲ့တွေ့နေမှ

ဟုတ်ပေ့ဖြစ်နေမယ်...."


"ကောင်းပြီလေ...ကိုကိုစောင့်နေမှာတကယ်နော်"


"အင်း...ကိုယ်တို့အရင်ရောက်နေမလားမသိဘူး

ကွ။မင်းစည်းစိမ်ကစီစဥ်စရာရှိတာစီစဥ်ရဦးမှာ

ဆိုတော့နည်းနည်းနောက်ကျလိမ့်မယ်..."


"အင်း....ဒါဆိုလည်း သွားကြမယ်လေ...."


ညလေး ဘေးတံခါးဖွင့်ကာ ကိုထောဘေးမှာ

ဝင်ထိုင်လိုက်တာနဲ့ကားလေးကနေရာကနေ

ထွက်၏။ဘက်ဆုတ်ပြီး မောင်းထွက်လာတာ

များနောက်ကကားများကိုချန်ထားရစ်ကာ

ပြည်လမ်းမကြီးပေါ်ခဏချင်းရောက်လာသည်။

ကိုထော ကားမောင်းကြမ်းတာကို ညလေးလက်ဖျားခါရတော့မလိုဖြစ်နေ၏။ရန်ကုန်မြို့

ကြီးရဲ့ညအချိန်က ရောင်စုံမီးများဖြင့်စည်ကား

လှပနေသည်။ကားလေးကတရိပ်ရိပ်ပြေးလွှားနေ

ရင်း ကွန်ဒိုတစ်ခုရှေ့မှာပါကင်ထိုးသွားသည်။


"ဆင်းလေ......"


ညလေးဘက်ကကားတံခါးကိုလာဖွင့်ကာ သတိပေး

လာတဲ့ကိုထောကြောင့်အတွေးလွန်နေရာမှသတိ

ရပြီးသူ့ကိုရှက်ရယ်ရယ်ပြလိုက်သည်။ပြီးတော့

သူ ဖွင့်ထားသည့်ကားတံခါးကနေထွက်ကာအဆင့်မြင့်ကွန်ဒိုကြီးကိုမော့အကြည့်...။ဝိုး......တမော့ကြီး

ရှိနေသည့်အထပ်မြင့်ကွန်ဒိုခန်းကို သူမို့ရက်ရက်

ရောရော။သိန်းထောင်ချီတန်သည့်ကွန်ဒိုခန်းကို

ကြည့်ကာ ညလေးမျက်မှောင်ကျုံ့သွားရပြီး၊


"ကိုထော...တကယ်ဒီမှာနေရမှာလား...."


သူက ကားကိုလော့ခ်ချကာလိုက်ပြီးဘောင်းဘီ

အိတ်ထဲလက်နှစ်ဖက်ထည့်ကာ ပြုံးလိုက်၏။

မျက်မှန်တပ်ထားပြီးပြုံးလိုက်တိုင်း ငေးမော

သွားရသည့်ကိုထောရဲ့ပုံကိုညလေးတစ်ခါတစ်ခါ

မနာလိုချင်။အဲဒီအမူအယာမျိုးနဲ့မိန်းကလေး

ဘယ်နှစ်ယောက်ကိုများပစ်ကျအောင်ဖမ်းစား

ပြီးပြီမသိ။


"ဘာလဲ...မင်းကလမ်းချိုလမ်းကြားကသာမန်

ရပ်ကွက်မှာနေနိုင်လို့လား....."


ရုတ်တရက်သူပြန်မေးတော့ညလေးဘာမှမပြော

တတ်တော့။


"အဲဒါက....ဟို...."


"အဟင်း........."


ကိုထောကလှောင်ပြုံး ပြုံးကရှေ့ကနေထွက်သွား

တာမို့ ညလေးနောက်ကနေအပြေးလိုက်ရသည်။

မှီသွားမှသက်ပြင်းချကာ ခပ်သာသာလျှောက်နေ

သည့်သူ့ကိုမျက်စောင်းထိုးလိုက်ကာ၊


"ဘယ်ကောင်မလေးအတွက်ကြိုဝယ်ထားလဲ

မသိဘူး....."


"အဟက်....ဝယ်တုန်းကတော့ကောင်မလေးအတွက်

ပေါ့ကွာ။ခုတော့...ဒီကောင်မလေးအတွက်ဖြစ်သွား

ပြီ။ဘယ်လိုလဲ...သဘောကျရဲ့လား..."


"အတိုင်းထက်အလွန်ပေါ့...ဒါနဲ့ဘယ်အထပ်လဲဟင်"


"ရောက်ရင်သိမှာပေါ့....."


"အမြင်ကပ်အောင်လုပ်ပြီ....."


ညလေးကနောက်တစ်ခါမျက်စောင်းထိုးပြီး

သူ့လက်မောင်းကိုလှမ်းအရိုက်သူကခုန်ရှောင်လိုက်

စဥျ၊


"ဘုတ်!........."


"ဟာ............"


"အို....ကိုထော......."


အပိုင်း(၁၇)ဆက်ရန်👈👈👈


စကားမစပ်😁ကိုထောကိုတော့မမေ့သေးဘူး

မို့လားသဲတို့😍မေ့သွားလည်းပြန်စဥ်းစား🤔

ပြီးရင်အားပေးဖို့မမေ့ကြနဲ့နော်😳😍😘

စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: