💚💚အစိမ်းရောင်ကမ္ဘာငယ်လေး💚💚
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
"ရှင်!•••••••"
ညချမ်းရဲ့ အလန့်တကြားအော်သံလေး
က အကျယ်ကြီးထွက်လာ၏။ဒေါ်ခါဝဿန်က
ဘာဖြစ်ရတာလဲ ဆိုသည့် မျက်လုံးများဖြင့် ကြည့်
ပြီး•••မျက်စောင်းထိုးလိုက်သေးသည်။ခုချိန်မှာ မိခင်ဖြစ်သူ ဘာတွေလုပ်ပြနေနေ ညချမ်း သတိမမူမိ။မိခင် စကားကြောင့် ခေါင်းမီးတောက်နေရပြီ။
"ညလေးက•••ကိုထောကိုလက်ထပ်ရမယ် ဟုတ်လားမေမေ"
မကြားလိုက်သလို၊မရှင်းလိုက်သလို
နောက်တစ်ခါထပ်မေးလိုက်သည့် ညချမ်းရဲ့ အသံ
ကအလောတကြီး နိုင်နေမှန်း ကိုယ့်ကိုယ်ကို သိ
ပေမယ့် ထိန်းသိမ်းဖို့လည်း သတိမရ။မိခင် နှုတ်ဖျားက ထွက်လာမဲ့ စကားတွေကို ချိန်ကိုက်
ဗုံးတစ်လုံးလို စေ့စေ့ကြည့်ကာ နားစိုက်နေမိ
သည်။ဒေါ်ခါဝဿန်က ကော်ဖီခွက်ကို တစ်ငုံ
သောက်ပြီး အောက်ခံခွက်လေးထဲ အသာပြန်ချ
ကာ ညချမ်းကို မျက်လွှာပင့်ကြည့်၏။မိခင်ရဲ့
အေးအေးဆေးဆေး ပုံကို ညချမ်း အားမရချင်
တော့။
"ဟုတ်လား•••မေမေ"
နောက်ထပ် ထပ်မေးလိုက်မှ ဒေါ်ခါဝဿန်က အသာခေါင်းညိတ်၏။
"ဟုတ်တယ်•••သမီးနဲ့ သား လက်ထပ်ပေးဖို့ မေမေ
တို့ စီစဥ်ထားတယ်။သား ကိုထောက သမီး
အတွက် အသင့်တော်ဆုံး ခင်ပွန်း၊လက်တွဲဖော်
ကောင်းတစ်ယောက်မို့ မေမေတို့ လူကြီးချင်း
စီစဥ်လိုက်တာ"
ဒေါ်ခါဝဿန်ရဲ့ စကားများကို နားထောင်ရင်း ညချမ်း မျက်နှာ အကြီးအကျယ်
ပျင်ယွင်းလာရသည်။
"မေမေ•••ညလေး ပြောပါရစေ•••"
"တော်•••သမီး•••။သမီး ဘာပြောမယ်ဆိုတာ
မေမေသိတယ်။မေမေဘက်က အရင်ပြောချင်
တယ်•••သမီး လုံးဝငြင်းခွင့်မရှိဘူး။မေမေတို့
သိက္ခာတွေ ပျက်ဆီးအောင် ၊မိဘအရှက်ရအောင်
သမီးမလုပ်ပါနဲ့"
"ဟာ!••••မေမေ။ညလေး•••ညလေး••ကိုထောကို
မလိုချင်ဘူး။ညလေးမှာ••••"
"မေမေသိပြီးပြီ။သမီး•••ပြောဖို့မလိုဘူး။သမီးကောင်လေးကို မေမေ ဘယ်နည်းနဲ့မှ လက်မခံနိုင်ဘူး။မေမေ့သမီးရဲ့ခင်ပွန်းဟာ သားကိုထောပဲ
ဖြစ်ရမယ်"
"သမီး ကိုထောကို လက်မထပ်နိုင်ဘူး မေမေ"
ညချမ်း စိတ်လွတ်ကိုယ်လွတ်ပြောပစ်လိုက်၏။
"ညချမ်းချိန်ခါ!••••••••"
တစ်ခါမှ နာမည်မခေါ်ဖူးသည့် မိခင်
ဆီက ညချမ်းနာမည်ကို အစအဆုံးခေါ်လိုက်ထဲက
မိခင်ရဲ့ ဒေါသကို မှန်းဆလိုက်မိသည်။ဒါပေမယ့်
ညချမ်း ချစ်တာ တစ်ယောက်မဟုတ်လား။
"မိဘက လက်နဲ့ရေးတာကို ညည်းက ခြေနဲ့ဖျက်
ဖို့ကြိုးစားတာလား။မရဘူးနော်•••သားသမီးကို
မနိုင်တဲ့ မိဘထဲမှာ ခါဝဿန်မပါဘူး။ညည်း••
ကိုထောကိုပဲ လက်ထပ်ဖို့ ခေါင်းထဲထည့်ထား။
ကျန်တာ မစဥ်းစားနဲ့။မဟုတ်မဟက်တာတွေ
လုပ်မယ်လို့ စိတ်မကူးနဲ့•••ငါက ကိုယ့်သားသမီး
ကို မထိန်းနိုင်တဲ့ အမေတစ်ယောက်တော့ အဖြစ်
မခံဘူး။အရှက်ကို အသက်နဲ့ လဲပစ်လိုက်မယ်။
ကျောင်းပြီးဖို့ မလိုဘူး။ကိုထောနဲ့ လက်ထပ်ပြီးမှ
ဆက်တက်••"
မျက်နှာတည်တည်ဖြင့် ပြောပြီး ကော်ဖီ
ပြန်သောက်နေတာ ညချမ်းကို တစ်ချက်တောင်
မကြည့်တော့ပေ။ဖခင်ကို လှမ်းကြည့်တော့ ဘာ
တစ်ခွန်းမှ ကောင်းသည် ဆိုးသည် မဝေဖန်ပဲ
ဂျာနယ်တစ်စောင်ကို ဖတ်နေသဖြင့် ညချမ်း
မျှောင်လင့်ချက်မဲ့ရပြီ။
"မေမေ•••••"
တိတ်ဆိတ်နေသည့် ကော်ဖီဝိုင်းမှာ
ညချမ်း အသံလေးပြန်ထွက်လာ၏။ဒေါ်ခါဝဿန်
က ဘာလဲ ဆိုသည့် သဘောဖြင့် မျက်လုံးစွေ
ကြည့်သည်။ညချမ်း မျက်နှာငယ်လေးဖြင့်
အသနားခံဖို့ စဥျးစားထားလိုကျကာ၊
"တကယ်ဆုံးဖြတ်လိုက်တာလားဟင်။သေချာ
ရဲ့လား"
"ဒါ ကလေးကစားစရာမှ မဟုတ်တာ။မေမေ••
ညာစရာလား။သမီးနဲ့သားကို လက်ထပ်ပေးဖို့
ပြောဆိုထားတာ ကြာပြီ။ခု ကိုထောက ကျောင်း
ပြီးပြီ ဆိုတော့ လက်ထပ်ပေးဖို့ စီစဥ်လိုက်ကြတာ။နှင်းတို့ဘက်က လိုလိုလားလားနဲ့ ကမ်းလှမ်း
လာတာမို့ မေမေတို့တကယ်စိတ်ချမ်းသာရတယ်
သမီး။ကိုထောလို ယောကျ်ားမျိုး တွေ့ဖို့ မလွယ်
ဘူး။သူ့ကို သမက်ဖမ်းချင်နေကြတဲ့ သမီးရှင်
တွေ တန်းစီနေကြတာ သမီး။နှင်းတို့ကလည်း
မေမေ့သမီးလေးကို ပဲ ချွေးမတော်နိုင်မယ်တဲ့။
သမီး မိုက်လုံးကြီးဖို့ မစဥ်းစားပါနဲ့။ကိုထောကို
သမီး လက်ကို လက်ထပ်ရမယ်။မေမေ ပြောတာ
နားလည်တယ်နော်"
"ညလေးမှာ စဥ်းစားဖို့ အချိန်မရှိတော့ဘူးလား
မေမေ"
"ဘာ စဥ်းစားစရာလိုသလဲ သမီး။ကိုထောလို
အတွင်းသိအဆင်းသိနဲ့ သမီးအနွံနာခံနိုင်တဲ့လူမျိုး
နောက်တစ်ယောက်မရှိနိုင်ဘူး။အေး••ရှိခဲ့ရင်
တောင် ကိုထောလောက် သမီးအပေါ် ကောင်းနိုင်
မယ်ဆိုတာ မသေချာဘူး"
"သမီး စဥ်းစားပါရစေ မေမေ။ညလေးကို စဥ်းစား
ဖို့ အချိန်နည်းနည်းပေးပါလား"
"အဲဒီအခွင့်အရေးတွေ ဆုံးရှုံးအောင် ဘယ်သူလုပ်
တာလဲ သမီး။သမီး ဘာမှ တောင်းဆိုဖို့ မစဥ်း
စားပါနဲ့"
"ရက်စက်လိုက်တာ မေမေရယ်"
စိတ်ပျက်လက်ပျက် ညည်းငြူရင်း
ညချမ်း ခေါင်းငိုက်စိုက်ကျသွားရသည်။
~~~ဟူး•••။ညလေး ဘာလုပ်ရမလဲ ကိုကို။ညလေး
ကို ကိုထောကြီးနဲ့ ပေးစားဖို့ အတင်းစီစဥ်နေကြ
ပြီ။ညလေး•••ကိုကိုနဲ့ မခွဲနိုင်ဘူး။ညလေး ဘာလုပ်
ရမလဲ ကိုကို~~~
~~~~ကိုကို့ဆီ ပြေးလာချင်မိတယ် ကိုကို။ညလေး
ချစ်တာ ကိုကိုပါ ကိုကို။ကိုကိုကိုပဲ ညလေး
လက်ထပ်မှာ။ကိုကိုကလွဲပြီး ဘယ်သူ့ကိုမှ မယူနိုင်
ဘူး ကိုကို။ညလေး အချစ်၊ညလေးနှလုံးသား၊
ညလေး ဘဝက ကိုကို့အတွက်ပါ ကိုကို။အချစ်
တွေစစ်မှန်ရင် ညလေးတို့ ပေါင်းစည်းရမှာပါ။
ကိုကို့ကို ညလေးအရမ်းချစ်တယ်~~~
"ညချမ်း••••"
" ရှင်!•••မေမေ"
မိခင် အသံကြောင့် ညချမ်း တွေးနေရာ
မှ လန့်သွားကာ ကပြာကယာထူးလိုက်ရသည်။
ဒေါ်ခါဝဿန်က သမီးဖြစ်သူကို သေချာကြည့်ကာ
"ဘာတွေကြံစည်နေတာလဲ သမီး။မိဘတွေမျက်နှာ
ကိုတော့ အိုးမည်းသုတ်ဖို့ မကြိုးစားနဲ့"
"ညလေး ဘာပြောနေလို့လဲ"
"အေး•••ခုလိုငြိမ်နေတာကိုက ညည်းပုံမဟုတ်တာ
ပဲ။လျှပ်စီးလက်နေတတ်တဲ့ သူက ခုငြိမ်နေလို့ကို
ကျုပ်က စိတ်မချတာ။ဒီနေ့ကစပြီး ညည်းဖုန်း
သုံးခွင့်မရှိတော့ဘူး မိညချမ်း။ပေး••ဖုန်း"
ဒေါ်ခါဝဿန်က ညချမ်းလင်ထဲက ဖုန်း
ကို အတင်းတောင်းလိုက်သည်။ညချမ်း လက်လေး
ကို နောက်ဖွက်လိုက်ကာ၊
"ဖုန်းတော့ မလုပ်ပါနဲ့ မေမေ။ညလေး စဥ်းစား
ပါရစေ"
"ဘာမှ စဥ်းစားစရာမလိုဘူး။လက်ထပ်ဖို့သာ
ညည်းခေါင်းထဲထည့်ထား။ဖုန်းပေး•••"
"ဖေဖေ!•••••"
ဦးအလင်းချိန်ဆီ လှမ်းအကူအညီတောင်းသလို ခေါ်လိုက်သည်။
ဖေဖေက သတင်းစာကို အဖတ်မပျက်
မျက်လုံးမခွာပဲ•••၊
"ဘာလဲ သမီး•••။သားနဲ့ လက်ထပ်ဖို့ကို ဖေဖေတို့
စီစဥ်ပြီးသား။သမီး လက်ခံဖို့ ကြိုးစား••။
ဖေဖေတို့ ဖိတ်စာတွေတောင်ရိုက်ပြီးပြီ။သမီး••
ငြင်းလို့ မရဘူး။ခုချိန်မှာ သမီးကို ဖွင့်ပြောတာ
အားလုံးစီစဥ်ပြီးလို့ပဲ•••။သားနဲ့ သမီးက သံယောဇဥ် တွေ ရှိပြီးသားမို့ ဘာမှ ပြဿနာမရှိဘူးဆိညပြီး အကောင်အထည်ဖော်လိုက်တာ။ကဲ•••သမီး
နားချင်ရင် နားတော့"
"သမီး•••ကိုထောဆီ ခဏသွားဦးမယ် ဖေဖေ"
သူမ ခွင့်တောင်းလိုက်တော့ မေမေက
မရုံသလို ကြည့်နေ၏။ဖေဖေက ခေါင်းညိတ်ကာ၊
"သွားလေ သမီး"
"ကိုထောကို ပြဿနာသွားမရှာနဲ့နော် ညချမ်း "
မေမေက သိနေသလို လှမ်းအော်လိုက်
သေးသည်။သူမ နောက်ကို လှည့်မကြည့်တော့။
ကိုထောကို ဒေါသ တွေထွက်နေတာပဲ သိသည်။
သူ ဒီကိစ္စကို သိနေတာ သေချာသည်။တောက်••
တမင် လုပ်တာ။မုန်းတယ်•••ရှင်ကြီးကို မုန်းတယ်။
"ကိုထော••••ကိုထော•••ရှိလား မေလေး"
သူတို့ အိမ်ကို စိတ်လောနေသဖြင့်
ဘယ်လို ဘယ်လို ရောက်သွားလည်းမသိ။
အိမ်ထဲ ဝင်လိုက်တာနဲ့ သူ့နာမည်ကို အော်ခေါ်
လိုက်သည်။လှေကားပေါ်က ဆင်းလာသည့် မေလေးကို မြင်တော့ အလောတကြီး မေးလိုက်၏။
"သမီး•••ဘာဖြစ်လို့လဲ။သား အခန်းထဲမှာရှိတယ်"
"ဟုတ်ကဲ့ မေလေး။ညလေး တက်သွားလိုက်မယ်"
"အေး•••အေး"
အပေါ်ကို အလေးတကြီး တင်လာသည့် သူမ နောက်ကနေ ဒေါ်နှင်းစက်အိမ် ပြုံးပြီး
ရပ်ကြည့်နေတာကိုလည်း မသိခဲ့။သူ့ အခန်းရှေ့
ရောက်တယ်ဆို အခန်းတံခါး ခေါက်လိုက်၏။
"ဘယ်သူလဲ•••••"
အထဲကနေ ထောက လှမ်းမေး၏။
"ညလေးကို တံခါး ခဏဖွင့်"
အထဲက လှုပ်ရှားသံကြားရပြီး တံခါး
လော့ခ်ဖြုတ်သံထွက်လာပြီး တံခါးက ဖွင့်သွား၏။ထိုအခါ မားမားကြီးရပ်နေသည့် ထောကို
ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်နှင့် သူ့ရင်ဘတ်ကို ပြေးထုလိုက်သည်။
"ကဲ•••ကဲဟယ်••••လူယုတ်မာကြီး•• အကြံသမား"
"ဟာ••••ဟေ့••••ညလေး မင်း ဘာလုပ်တာလဲ။
ဖယ်စမ်းပါ•••။ကိုယ် ဘာယုတ်မာ လို့လဲ"
သူမ လက်တွေကို ဖမ်းချုပ်ရင်း သူက
မေးလာ၏။ညလေး သူ့ကို ရွံ့ရှာသလိုကြည့်ကာ၊
"ဒါ ရှင့်အကြံအကုန်ပဲလား ဦးစည်းစိမ်ထော"
ညလေး အမေးကြောင့် သူက ပုခုံး
တစ်ချက်တွန့်ကာ ပြုံးလိုက်၏။
"ကိုယ်ဘာတွေလုပ်နေလို့ မင်းက ဘလိုင်းကြီး
လားစွပ်စွဲနေရတာလဲ"
"ရှင်•••ရှင်လုပ်ထားတဲ့ အပြစ်ကို မသိဘူးလား"
"ဟင်အင်း••••ကိုယ် ဘာအပြစ်မှ မလုပ်ထားတဲ့
အတွက် ကိုယ်က ဘာကိုသိရမှာလဲ"
မျက်နှာတည်တည်ဖြင့် ပြန်မေးနေသည့် သူ့ကိုကြည့်ကာ ညလေး စိတ်ရှုပ်သွားရသည်။သူ တမင်ညာနေတာလား။တမင် မသိချင်
ယောင် ဆောင်နေတာလား။
"တကယ်မသိလား•••"
"မင်းပြောကြည့်လေ•••ကိုယ်ဘာအပြစ်လုပ်သလဲ
ဆိုတာ။ကိုယ်တောင်မသိဘဲ ကျူးလွန်နေတဲ့အပြစ်
ဆိုတာကို ကိုယ်က မင်းပြောမှ သိမှာပေါ့"
"ရှင်•••ရှင် ညလေးကို ကြိုက်နေတာလား"
ညလေး ခပ်တည်တည်ဟန်လေးနဲ့
တဲ့ပင်မေးလိုက်သည်။
"ဘယ်လို•••••••ကိုယ်က•••"
သူက သူ့ကိုယ်သူ လက်ညှိုးထိုးသည်။ပြီးတော့••••
"မင်းကို•••••"
ညလေးကို ထိုးပြကာ အားပါးတရ
ရယ်နေ၏။
"နေစမ်းပါဦး•••။ဘာကြောင့် ခုလိုထင်ရတာလဲ။
ဒေါ်ညလေး•••ကိုယ့်ရုပ်ကိုယ်လည်းပြန်ကြည့်ပါဦး။
အစားပုပ်တဲ့ ခင်ဗျား ဝက်ကိုယ်လုံးကို ဘယ်နေရာ
ရင်ခုန်စရာ ရှိနေလို့လဲ"
"ရှင်••••ရှင်နော်••••"
"ဘာလဲ ခင်ဗျားကို ကြိုက်နေတာလို့ ထင်နေတာ
လား••••ဆော်ရီးပဲ။ကိုယ်က မင်းစည်းစိမ်ကိုတောင် သွားမေးချင်တော မင်းကို ဘယ်လို
ခံစားပြီးကြိုက်တာလဲလို့"
"ဒါဆို လူကြီးတွေ စီစဥ်တဲ့ ကိစ္စ ရှင်လုပ်တာ
မဟုတ်ဘူးပေါ့"
"ကိုယ်လည်း အဲကိစ္စပဲ ညစ်နေတာ။အိမ်မှာ
အားလုံးက ဝိုင်းဖိအား ပေးနေကြတယ်။ကိုယ်
ဘယ်လိုမှ ပြောမရဘူး။ဒီလိုလုပ်ပါလား ညလေး။
မင်းက ရည်းစားရှိတာဆိုတော့ မင်းရည်းစား
နောက်လိုက်သွား။ဒါဆို ကိုယ်လည်း အဆင်ပြေတယ်။မင်းလည်း မင်းချစ်သူနဲ့ မဝေးရတော့ဘူး"
လက်ပိုက်လျက် တံခါးဘောင်ကို မှီကာ
ပြောလာသည့် သူ့မျက်နှာကို ညလေး စေ့စေ့ကြည့်ကာ တစ်စုံတစ်ခုကိုရှာကြည့်သည်။သူ့မျက်နှာ
မှာ မရိုးသားခြင်း တစ်စုံတစ်ရာပင်မတွေ့ရ။
"ညလေးအိမ်က အပြင်ထွက်ခွင့်ပိတ်ထားတာကြာပြီ။ခု ဖုန်းပါ သိမ်းလိုက်တာ ဘယ်လို ဆက်သွယ်
မလဲ"
"ကိုယ် ကူညီရမလား•••"
"ဟင်!••••••"
သူက ညလေး မျက်နှာကိုကြည့်နေရင်း
ကောက်ကာငင်ကာမေးလိုက်တာမို့ အံ့သြသွားရသည်။
"ဘာလဲ•••အကူအညီမလိုဘူးလား။ဒါဆိုလညွး ရ
တယ်။ကိုယ်က စေတနာနဲ့ ကူညီမလို့။မင်းလည်း
အဆင်ပြေ ကိုယ်လည်း အဆင်ပြေ"
"တကယ်ပြောနေတာလား•••"
"ညာနေတယ်ထင်နေတာလား•••"
"ဟင်အင်း•••••"
"ဒါဆို ဘာလဲ•••"
"စိတ်ထဲ မယုံသလိုသလဲပဲ။ကိုထော••တကယ်
ပြောနေတာလား"
"ခက်ပါလား••••ကိုယ့်ရုပ်က ညာနေတဲ့ပုံပေါက်နေ
တာလား။မယုံကြည်စရာရောဖြစ်နေသလား"
"ဆော်ရီး•••ညလေး ပြောချင်တာ အဲလိုမဟုတ်
ပါဘူး။ညလေး ကိုကိုနဲ့ မခွဲနိုင်ဘူး။ကိုကို့ကိုပဲ
လက်ထပ်မှာ"
"စိတ်ချ•••လက်ထပ်စေရမယ်။ခိုးရာလိုက်မှာဖြင့်
ဖိတ်စာတွေ မဝေခင် စောစောစီးစီးလိုက်။
တော်ကြာ••ကိုယ့်သိက္ခာတွေ ရစရာမရှိဖြစ်ကုန်
လိမ့်မယ်"
"လောလောဆယ် သူနဲ့မှ ဆက်သွယ်လို့ မရတော့
တာ။ညလေး ဘယ်လိုလုပ်ရမလဲ"
"ကိုယ် ဆက်သွယ်ပေးမယ်လေ။အဆင်ပြေတယ်
မို့လား"
"အင်း•••••ညနေကျရင် ကိုထောအားလား"
"ဘာလုပ်မလို့လဲ••••"
"လိုက်ပို့ခိုင်းမလို့•••••"
"တစ်ခါထဲ လိုက်တော့မှာလား"
"အို•••မဟုတ်ပါဘူး။ကိုကိုနဲ့ တွေ့ချင်လို့ပါ။ကူညီပါ
နော်"
"အောင်သွယ်ခ ရှိတယ်။အလကား မရဘူး"
"ဘယ်လောက်လဲ ပြော"
"တကယ်ပေးမှာလား••••"
"ညလေးတို့က ခပ်ရှင်းရှင်းပဲနော်။ဘယ်လောက်
ပေးရမလဲသာ ပြော"
ညလေး ပြောပုံလေးကိုကြည့်ကာ
သူက သဘောကျပြီး ရယ်နေ၏။
"နောက်မှ တောင်းမယ်။တစ်ခါထဲ ပြောလိုက်မယ်
တောင်းတဲ့အခါမှ ဘွာမခတ်ကြေး"
"ခတ်စရာလား••••အပေါဆုံးက moneyပဲ"
"ဟုတ်ပါတယ် ဒေါ်သူဌေးမကြီးရယ်။သိပါတယ်
ဗျာ••••"
"ဟင်းနော်••••လာလှောင်မနေနဲ့။မျက်နှာထောက်နေ
လို့ ကြည့်နေတာ"
"သိပါတယ် ခင်ဗျားအကြောင်း"
"သိရင်ပြီးတာပဲ။ပြန်မယ်•••"
"နေဦး ကိုယ်လည်းလိုက်မယ်"
"ဟင်!•••ဘာလိုက်လုပ်မှာလဲ"
"ဘာဖြစ်နေတာလဲ။သူ့အိမ်သွားမှာကို ဓားပြလာ
တိုက်မှာကျနေတာပဲ ပြူးပြဲနေတာ။လေးလေးချိန်
နဲ့ အလုပ်ကိစ္စပြောစရာရှိလို့ပါ"
"ဒါဆိုလည်း ပြီးတာပဲ။သွားမယ် ကားယူခဲ့"
"သိပါတယ်•••ကိုယ်ကလည်း မင်းလို လမ်းလျှောက်မသွားနိုင်ပါဘူး"
"ကိုကြီးကျယ်•••••"
"မင်းသိတယ်ပေါ့•••••"
"သူဌေးသား ကိုကြီးကျယ်မှန်း လူတိုင်းသိတယ်"
"ဟုတ်ရဲ့လား••••"
"ဟုတ်တယ်။အကြောင်းမသိတဲ့ မိန်းကလေးတွေ
အတွက်တကယ်ရင်လေးတယ် သိလား"
"လုပ်မနေနဲ့••••ကိုယ့်ကောင်မလေးက အကြောင်း
သိ"
"ကြည့်စမ်း•••ကြည့်စမ်း•••ပေါ်ပြီ"
"လုံပါတယ်•••••"
"ကိုထောစုတ်••••"
"မစုတ်ပါဘူး အကောင်းကြီးပါ"
"စုတ်နေတာ•••။မသိဘူးမှတ်နေလား"
"ကြည့်စမ်း•••ကောင်မလေး မဟုတ်တော့ဘူး။
ကိုယ့်ကိုများ ကြိတ်ကြွေနေတာလား"
"သေလိုက်•••••"
"ဟား•••••ဟား••••••"
ဒီလောက်ပြစ်ပြစ်နှစ်နှစ်ထောမနာပြုနေ
တာတောင် သူက အရယ်မပျက်။ဘာပဲဖြစ်ဖြစ်
ခုချိန်မှာ•••••ကမ္ဘာကြီး အေးချမ်းနေ၏။သူ့အပေါ်
ယုံကြည်မိလိုက်သည့် နောက်•••••••။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
နန်းတော်ကြီးတမျှ ခမ်းနားသည့် အိမ်
ကြီးနှင့်ခြံကြီးကို ငေးကြည့်ရင်း၊နှလုံးသားမှာ
တဆစ်ဆစ်နာကျင်၏။သည်အိမ်၊သည်ခြံကြီးမှာ
ကိုယ့်မိသားစုဝင်တွေရှိနေပါလား ဆိုသည့် အသိ
က နှလုံးသားကို ဆွဲဆုပ်ချေနေ၏။
အဖေဆိုသည့် ဝေါဟာရနှင့်စိမ်းသက်
နေပြီးမှ သိခွင့်ရလိုက်သည့် အဖေဆိုတာ KTN
လုပ်ငန်းကြီး၏ပိုင်ရှင် ဖြစ်နေတာ ဘယ်လိုကံကြမ္မာလဲ။ငယ်ငယ်အတိုင်း••အရွယ်တင်နုပျိုနေ
တာ လူငယ်တွေနဲ့အပြိုင်ချောမောနေတာ၊သူ့အဖေ
တဲ့လား။
ဒိပ်ဒိပ်ကြဲသူဌေးကြီးရဲ့သားတဲ့။နောက်
ထပ် အံ့သြစရာကောင်းတာက သူ့အဖေမှာ
နောက်ထပ် မိသားစုရှိနေသေးသည်။ထိုမိသားစု
တွင် သူ့ညီလေး ရှိသေးတယ်။စည်းစိမ်ထောက
သူ့ညီတဲ့။တိုက်ဆိုင်လွန်းသည့် ပဥ္စလက်ဆန်သည့်
ကံကြမ္မာကိုပင် ရိုးမယ်ဖွဲ့ရမည်လား။
သူတို့သားအမိတွေ ဆင်းဆင်းရဲရဲ
နဲ့ ဘဝကိုရုန်းကန်နေချိန်မှာ ဖေဖေသည် သူဌေး
သမီးနှင့် ရွှေပုံပေါ်မှာပျော်နေသည်တဲ့လား။
သားတဲ့လား•••။ဖေဖေ့ပုံစံက စည်းစိမ်ထောကို
တော်တော်ချစ်တဲ့ပုံပင်။သူ့သားအပေါ် ယုံကြည်
အားကိုးခြင်းတွေ မျက်လုံးထဲမှာအပြည့်။
ဖေဖေ့မှာ သားတ်ယောက်ရှိနေကို
မသိခဲ့တာလား။တမင်မသိချင်ယောင်ဆောင်တာလားဗျာ။ဖေဖေ ရက်စက်တယ်။
"ဟင်!•••••••"
သူ့ကိုယ်ကို သစ်ပင်နောက်သို့ ကွယ်လိုက်
ရသည်။ခြံတံခါးကြီးပွင့်သွားပြီး အထဲကနေ
ကားတစ်စီး ထွက်လာ၏။ထိုကားကို သူသိသည်။
ဒါ စည်းစိမ်ထောရဲ့ကား။ညချမ်းကို အမြဲလိုက်ပို့
တတ်သည့် စည်းစိမ်ထောရဲ့ကားကို သူမှတ်မိနေ၏။
"ညချမ်း•••••"
သူကြည့်နေစဥ်•••ကားက သူရှိရာဘက်ကိုလှည့်လာသဖြင့် ကားထဲကို မြင်လိုက်ရသည်။
ကားထဲတွင် စည်းစိမ်ထောနဲ့ ညချမ်း။ရယ်မော
ကာ•••ညချမ်းက စည်းစိမ်ထောရဲ့ ပုခုံးကို ထုရိုက်
ရင်း ပါသွားသည့်မြင်ကွင်း••••။အသည်းကို အပ်နဲ့
စွနေသလို၊ကျွဲခတ်နေသလို ခံစားလိုက်ရ၏။
အဖေတစ်ယောက်လုံးကို ပိုင်ဆိုင်ခွင့်ရတဲ့အပြင်
ချစ်ရသူကိုပါ ထပ်ပေးလိုက်ရမှာလား။မင်းကို
အဲလောက် အခွင့်အရေးတွေ မပေးနိုင်ဘူး
စည်းစိမ်ထော။ညီအစ်ကိုချင်းဆိုပေမယ့် မင်းက
အစစအရာရာ ကံကောင်းခဲ့တဲ့ကောင်။မင်းကို
ငါ လုံးဝအလျှော့မပေးနိုင်ဘူး။
အချစ်ဆိုတာ ရယူခြင်းလား၊စွန့်လွှတ်
အနစ်နာခံခြင်းလား၊ပိုင်ဆိုင်ခြင်းလား၊ပေးဆပ်ခြင်း
လားဆိုတာ ကိုကိုမသိဘူးညချမ်း။မင်းကိုချစ်တာ
ဘာ ပကာသနမှ မပါတဲ့ မေတ္တာစစ်၊မေတ္တာမှန်နဲ့
ချစ်ခဲ့တာမို့ ကိုယ့်လိပ်ပြာ ကိုယ်လုံတယ်••••။
ညီအစ်ကိုချင်းပြန်လုရတဲ့ အဖြစ်
ဟာ ဘယ်လောက်ဆိုးဝါးလဲ ညချမ်း။ညီလေးချစ်
နေတဲ့မိန်းကလေးဆိုပြီးလည်း ကိုကိုမလျှော့ပါရ
စေနဲ့။အနိုင်အရှုံးဆိုတာ သတ်မှတ်ချက်တစ်ခုပေ
မယ့် ဒီပွဲမှာ ကိုကိုနိုင်ချင်တယ်••••။
ညချမ်း••မင်းကို ဘယ်သူ့ဆီက ကိုကိုမပေး
နိုင်ဘူး•••။ဘယ်လို အခဲအခက်တွေရှိပါစေ••ကိုကို
ရအောင်ကျော်ဖြတ်မယ်။
အပိုင်း(၁၆)ဆက်ရန်👉👉👉
ထောကိုမေ့နေကြပြီလား😌😌😌
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း