book

Index 14

အပိုင်း(၁၄)

💚💚အစိမ်းရောင်ကမ္ဘာငယ်လေး💚💚


            


🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃


"လာပါပြီ••••လွန်းခမ•••။မိလွန်းခ  ရှင် နောက်ကျ

တယ်နော်"


"အမလေးနော်  ပြောတတ်ပါ့၊ဒေါ်ညချမ်းရယ် ရှင့်

ပါးစပ်လေး  ရွှေချထားရမယ်။တကယ်ပါပဲ

သူတို့ သမီးရည်းစားချိန်းတွေ့•••ချိန်းတွေ့•••ဟယ်

သူက  ဘယ်သူလဲ။ကိုကိုစည်း သူငယ်ချင်းလား••။

တစ်ခါမှ  မမြင်ဖူးဘူးနော်။လုပ်လေ••••မိညချမ်း

မိတ်ဆက်ပေးဦးလေ"


              ဂျင်းဘောင်းဘီ  ပေါင်လယ်လောက်

လေးနှင့်   ခပ်လွင့်လွင့်  လွန်းခက   ပြောချင်တာ

ပြောပြီး  အနားရောက်လာ၏။ပြီးတော့•••ထောကို

မြင်သွားကာ  မိတ်ဆက်ပေးဖို့  ညချမ်နားကပ်

ကာ  တံတောင်ဖို့  တို့၍သတိပေးလိုက်သေး၏။

လွန်းခအကြောင်းကို  သိနေသဖြင့်  စည်းက ပြုံး

နေပေမယ့်  ခုမှ မြင်ဖူးသည့်  ထောကတော့

တစ်ချက် ခေါင်းဆတ် ပြုံးပြကာ  ငြိမ်နေ၏။

ညချမ်းမှာသာ  လွန်းခအကြောင်းသိနေသဖြင့်

ထောကို  မျက်နှာပူသွားရသည်။


"ဘယ်လိုဖြစ်နေတာလဲ   မိန်းမ။တကယ်ပဲ•••

သိက္ခာလေး ဘာလေးလဲ  ဆယ်ပါဦးနော်"


               ညချမ်းက  မျက်စောင်းထိုးပြီး  ပြော

လိုက်ကာ   တစ်ဖက်လွှဲသွားသဖြင့်  လွန်းခ မျက်နှာ

လေး   ရှုံ့မဲ့၍၊


"ကြည့်စမ်း•••ကြည့်စမ်း၊သူ့အလှည့်ကျ ကူညီရတယ်။မိတ်ဆက်ပေးရမှာကို  တွန့်တိုနေသေးတယ်။

ရတယ်•••နင်မိတမဆက်ပေးလည်းနေ"


"နေတယ်•••နေတယ်။ဘာလဲ  မသိချင်တော့ဘူး

လား"


            ညချမ်း  အမေးကြောင့်   လွန်းခက မျက်

စောင်းထိုးကာ၊


"ကိုယ့်ဘာသာကိုယ်မိတ်ဆက်မှာ၊ဒါနဲ့•••ဒီက

အစ်ကိုက  ကိုကိုစည်း  သူငယ်ချင်းလား။

လွန်းခနာမည်က လင်းလွန်းခတဲ့ မှတ်ထားနော်။

လွန်းခက  ဟိုစိတ်ပုတ်မရဲ့သူငယ်ချင်းပါ။

ဒါနဲ့လေ  အရင်က မမြင်ဖူးဘူးနော်။လွန်းခတို့

ကျောင်းက  မဟုတ်ဘူးထင်တယ်။ဒါဆိုရင်တော့

ဒီညချမ်းချိန်ခါဆိုတဲ့ မိန်းမကို  မခင်နဲ့နော်••

သူက စိတ်ပုတ်မ"


"ဟား••••ဟား•••••"


              မဲ့ရွဲ့ပြောနေသည့်   လွန်းခစကားကြောင့်

ထောနှင့်   စည်းက  ပြုံးရုံပြုံးနေပေမယ့် ညချမ်း

ကတော့  ဝါးလုံးကွဲ ထရယ်လိုက်၏။


"အောင်မာ!•••ငါက  ဟုတ်တာတွေပြောနေတာကို

နင်က  ရယ်နေတယ်ပေါ့  ဟုတ်လား"


"ဟား••••ဟား••••ရယ်စရာမို့ ရယ်တာပေါ့။သူ့ကို

ဘယ်သူထင်လို့လဲဟင်။သူက   ငါပြောပြောနေတဲ့

ကိုထောဆိုတာပေါ့"


"ဟင်!•••••သူက  ကိုစည်းစိမ်ထော  ဟုတ်လား"


              ညချမ်းပြောလိုက်မှ   မျက်လုံးပြူး၍

ထောကို  လက်ညှိုးဖြင့်ထိုးကာ  လွန်းခ အံ့သြ

တကြီးမေးလိုက်၏။


"ဟုတ်တယ်•••သူက  ငါ့  ကိုကိုထော•••"


"အိုး!••••••••"


                သူမ နှုတ်ခမ်းလေးကို  လက်ဖြင့်ပြန်

ပိတ်ရင်း   လွန်းခ အံ့သြမှုက  ဖုံးမရ၊ ဖိမရ။

ညချမ်း••အိုဗာတင်းတွေဖျော်နေသည့်  လွန်းခလက်

ကို  ဖျန်းခနဲ  လှမ်းရိုက်ကာ၊


"လုပ်မနေနဲ့  လွန်းခ။ကိုထောက   ကျောင်းပြီး

လို့ပြန်လာတာ  မကြာသေးဘူး"


"ကိုထော•••လွန်းခကိုလည်း   ညချမ်းကို  ခင်သလို

ခင်ပါနော်။လွန်းခက  ခင်တတ်ပါတယ်ရှင့်။ကိုထော

အကြောင်းတွေကိုတော့   ကြားဖူးနေတာ ကြာပြီ။

ပထမနှစ်ထဲက   ကိုထောနဲ့  သူ  မတည့်တဲ့အ​

ကြောင်းတွေကို   ညချမ်းက  အမြဲပြောနေကြ။

ညချမ်းမ•••ကြည့်စမ်း၊တမင်လျှိုတယ်ပေါ့လေ"


"ဟဲ့•••••ငါက  ဘာတွေလျှိုနေလို့လဲ"


"နင်ပြောတော့   ကိုထောက  မချောဘူးဆို။အိုး•••

ခုကျတော့   ချောလိုက်တာဟယ်•••။တမင်  ငါ့ကို

စိတ်ပုတ်ပြီး လျှိုထားတယ်ပေါ့လေ။ဟင်း•••သူ့

ကိုကိုကို  ဘယ်သူက လုမှာကျလို့"


"ဟဲ့!•••လွန်းခ  ဘာတွေလျှောက်ပြောနေတာလဲ။

ကိုထော•••လွန်းခက  ဒီလိုပဲ"


             ပြောချင်ရာတွေ ပြောနေသည့်  လွန်းခ

ကြောင့်  ထောကို  အားနာကာ  ညချမ်း ကြားက

ဖာထေးနေရ၏။ထောက   ခပ်အေးအေးပြုံးလိုက်

ပြီး၊


"ဘာဖြစ်လို့လဲ   ညလေး••••။လွန်းခက  ခင်စရာ

ကောင်းပါတယ်။ကိုယ့်အတွက်   ညီမလေးတစ်

ယောက်တိုးတာပေါ့ကွ။လွန်းခ•••ကိုယ့်ကို  အားနာ

ဖို့မလိုပါဘူး။ကိုယ်က  ခင်တတ်ပါတယ်။အထူး

သဖြင့်   ညလေးရဲ့  သူငယ်ချင်းတွေကိုပေါ့"


"ဟင်!•••••••"


"ညလေးတဲ့လား••••••အဟင်း•••မိုက်တယ်"


               ထောရဲ့  ဘာလိုလို စကားနှင့်  လွန်းခရဲ့

မှတ်ချက်ကြောင့်   ညချမ်း   စည်းကို  အားနာကာ

လှမ်းကြည့်မိတော့၊စည်းက  ဘာမှ မသိသလို  သူမ

ကို ပြုံးကြည့်နေသဖြင့်  စိတ်အေးသွားရ၏။အဟင်း•••ရှင်ကြီး   သိပ်မဟုတ်တော့ဘူးနော်  

ဦးစည်းစိမ်ထော။


"မိုက်သလား••••၊ညလေးကို  ငယ်ငယ်ထဲက  အိမ်က

ညလေးလို့ ခေါ်ကြတာလေ။ညလေးကိုယ်တိုင်က

လည်း   သူ့ကိုယ်သူ ညလေးလို့ ပြောတတ်တာလေ။

ကိုယ်တို့နှစ်အိမ်စလုံး  ညလေးပဲ"


"သြော်•••••သြော်•••••"


                သူ ရှင်းပြနေတာကို   လွန်းခက  ထောက်ခံ၏။စည်းကတော့  ချောမောသည့်

ထောမျက်နှာထက်က  တစ်စုံတစ်ရာကို

ရှာဖွေနေမိသည်။


"ကဲ••••သွားကြစို့လေ၊ညချမ်း  နင်တို့သမီးရည်းစား

က ရှေ့က သွား၊ငါ    ကိုထောနဲ့ နောက်က လိုက်ခဲ့

မယ်"


"မိန်းမ  ငါ့ကိုထောကို  ကပ်မနြုနဲ့နော်"


"နြုမှာပဲ•••••"


"နင့်အကြောင်းသိတယ်။ဒါကြောင့် သတိပေးတာ"


"လုပ်မနေနဲ့•••"


"လာ••••ကိုကို သွားမယ်"


"အင်း"


                ညချမ်းက  စည်း  လက်ကို  တွဲကာ

ရှေ့က  လျှောက်သွားသဖြင့်  လွန်းခနှင့် ထော

နောက်ကနေ   လိုက်ခဲ့သည်။ဟို  မချွဲမကတော့

ထော လက်မောင်းကို  မှီကာ  ဘာတွေ ကပ်ချွဲ

သွားသည်မသိ။


"ကိုထော  ပြန်ရောက်တာ  မကြာသေးဘူးထင်

တယ်နော်။ညချမ်းကို  လိုက်ပို့တော့ နည်းနည်း

ထူးဆန်းနေလို့   အဟင်း"


"အင်း•••••ကိုယ်ပြန်ရောက်တာ  မကြာသေးဘူး။

တီလေးက   ညလေးကို လိုက်ပို့ပေးပါဆိုလို့

ကိုယ်ပါလာရတာ။တော်သေးတာပေါ့ဗျာ•••လွန်းခ

ပါလာလို့။မဟုတ်ရင်•••ကိုယ်တစ်ယောက်ထဲ  ပျင်း

နေတော့မှာ"


"ဟုတ်တယ်•••လွန်းခလည်း  အဲလိုပဲသိလား။ညချမ်းက   ကိုကိုစည်းနဲ့ တွေ့တိုင်း  လွန်းခကို  

ခေါ်တာ  လွန်းခက  အမြဲတမ်း ငေါင်စင်းစင်းနဲ့

ကန့်လန့်ကန့်လန့်ပါနေရတာ။ခုတော့•••ကိုထော

အဖော်ရပြီ။အဟင်း•••စောစောကပြောတာတွေ

ကို  ဗွေမယူပါနဲ့နော်၊ညချမ်းနဲ့လွန်းခက  အနိုင်မခံ

အရှုံးမပေးပြောနေကြမို့  စကားနိုင်လုတဲ့ သဘော

ပါ"


"ရပါတယ်   ညီမလေးရဲ့။ကိုယ်  နားလည်ပါတယ်၊

ညလေး  သူငယ်ချင်းက  ကိုယ့်ညီမလေးပဲပေါ့"


"ဟာ!••••ပိုင်တာပဲ၊လွန်းခတော့  ကိုကို တစ်ယောက်

ကောက်ရတာပဲ။အဟဲ••••ဒီနေ့က စပြီး•••ကိုထော

ကို ကိုကိုထောလို့ ခေါ်မယ်နော်၊ရတယ်မို့လားဟင်၊

တစ်မျိုးမထင်နဲ့နော်   လွန်းခရဲ့ အစ်ကိုလို သဘော

ထားပြီးတော့ ခေါ်တာပါ"


"ခွင့်တောင်းစရာ  မလိုပါဘူး  ညီမလေးရယ်၊ရ

ပါတယ်••••"


"အဟင်း••••ကိုကိုထောက  ပြုံးရင်  အတော်ချော

တာပဲနော်၊မင်းသားတွေထက်သာတယ်"


"ဟုတ်ရဲ့လား၊ရှူး•••တိုးတိုး  တော်ကြာ  မင်းသားတွေ ကြားသွားဦးမယ်"


"အဟိ••••ကိုကိုထောက  နောက်တတ်တယ်နော်။

ဒါကြောင့်  ညချမ်းက ပြောတာ"


"ဟင်!••••ကြည့်စမ်း၊ကောင်မလေး  ပြန်မှ တွေ့မယ်။

ကိုယ့်အကြောင်းတွေကို   ဘာတွေ  အတင်းတုတ်

ထားသလဲ မသိဘူး"


               ထောက   စက်လှေကားပေါ် တက်ရင်း

အရှေ့က  ညချမ်းကို   လှမ်းကျိန်းလိုက်၏။


"အတင်းမဟုတ်ပါဘူး  ကိုကိုထောရဲ့။ဒါပေမယ့်ကိုကိုထော  အကြောင်းတွေကိုတော့  နေ့တိုင်း

မပြောရရင်  မနေနိုင်ဘူး။ပြောလိုက်တိုင်းလည်း

ကိုကိုထော သူ့ကို  အနိုင်ကျင့်တာတွေပဲ။ကိုကိုထော

အရမ်းစတာကိုလည်း  ပြောပါ့"


"ညလေးကတော့•••တွေ့ဦးမယ်။အဟင်း•••ရှက်

တောင်လာပြီ။အကုန်ပြောထားတာဆိုတော့••"


               သူက  မနေတတ်သလို  မျက်ခုံးတွေကို 

ကုတ်ခြစ်လိုက်ကာ  ခပ်တိုးတိုးရေရွတ်လိုက်သည်။


"ညချမ်းနဲ့ ကိုကိုထောက   အရမ်းချစ်တာပဲနော်"


"ဟင်!••••အဟင်း  ဟုတ်တယ်။ဒါပေမယ့်   •••

ဒီကောင်မလေးက  ငယ်ငယ်ထဲက  ကိုယ့်ကို

သိပ်မတည့်ဘူး။ကိုယ်က  တအားစလို့တဲ့လေ"


"သြော်•••••ညချမ်းက  အရမ်းကံကောင်းတာပဲနော်။

အနားမှာ  ချစ်ပေးမယ့်  သူတွေက  အစဥ်သင့်ပဲ။

လွန်းခဆို  ညချမ်းကို အမြဲအားကျတာပဲ  သိလား"


             ခပ်ဆွေးဆွေးလေးပြောနေသည့်  လွန်းခ

ဆိုသည့် ချာတိတ်မလေးကို ကြည့်ကာ  သူ တစ်ခုခု

ကို နားလည်သလိုလို။ဘာပဲဖြစ်ဖြစ်  ညလေး

အကြောင်းတွေကို   လွန်းခဆီက  နှိုက်ထုတ်ရမယ်။


"ဒါနဲ့••••မင်းစည်းစိမ်နဲ့ လွန်းခတို့သိနေတာ ကြာပြီ

ထင်တယ်"


              တစ်ဆိုင်ပြီးတစ်ဆိုင်လီည့်ပတ်ကြည့်ရင်း

သူ   လွန်းခကို  မေးလိုက်၏။


"အဟင်း•••••သိတာတော့ ကြာပြီ  ။ဒါပေမယ့်•••

ခင်တာတော့  မကြာသေးဘူး"


"ဟင်!••••ဘာလိုကြီးလဲ"


              သူ နားမရှင်းသလို ပုံဖမ်း၍ထပ်အစ်လိုက်

သည်။ညလေး  အကြောင်းတွေကို  အားလုံးသိထား

ရမှာ  သူ့အလုပ်။ဒါကြောင့်  လွန်းခဆီက ရသမျှ

ထုတ်နေတာ။


"ကိုကိုထော•••နားရှုပ်သွားပြီ ထင်တယ်။ကိုကိုစည်း

ကိုသိတာ  ငါးနှစ်ရှိသွားပြီ။ခင်မင်ခွင့်ရတာတော့

ဒီနှစ်မှ•••"


"ဟင်!•••ငါးနှစ်ဟုတ်လား၊ညလေးရောလား••••"


"မဟုတ်ပါဘူး၊လွန်းခက  သိနေတာပြောတာ။

ညချမ်းက  ပထမနှစ်မှ သိတာ"


"ဒါဆို  ညလေးနဲ့က  ပထမနှစ်ထဲက  ချစ်နေတာ

လား"


"မဟုတ်ဘူး၊ပထမနှစ်ကကိုကိုစည်းကို  လွန်းခနဲ့

ညချမ်းကသာ  သိနေတာ။သိဆို  ကိုကိုစည်းက

ကျောင်းမှာ နာမည်ကြီးကို။စီနီယာကိုကိုမို့ လွန်းခ

တို့ကသာ သိနေတာ  ကိုကိုစည်းက  ဘယ်သိမှာ

လဲ။ဒီနှစ်   second  semမှ    မထင်မှတ်ပဲခင်

သွားတာ"


"ဒါဆို   ညလေးနဲ့က  ဘယ်တုန်းက ကြိုက်လိုက်

တာလဲ"


"ကျောင်းပိတ်ခါနီးမှပါ••••မကြာသေးဘူး"


"သြော်!••••••"


            

            ညလေးရယ်••••။ရင်မှာ  တမ်းတမ်းတတ

ရေရွတ်မိ၏။လေးနှစ်ဆိုတဲ့ အချိန်ကာလက

အရာရာကို  ပြောင်းလဲနိုင်တာ  ကိုယ်ယုံရတော့

မှာလား။


"ကိုကိုစည်းက  သားလိမ္မာ  သိလား။စာလည်း

အရမ်းတော်တာ။guideလုပ်ပြီး  ကျောင်းစရိတ်

ရှာတာ။အမေတစ်ခု၊သားတစ်ခုမို့  သူ့အမေကို

လည်း အရမ်းချစ်တာ"


"အဖေကရော••••••"


"ဟင်အင်း••••••လွန်းခလည်း မသိဘူး ကိုကိုထော

ရဲ့။သူ့အဖေ မရှိတော့ဘူးလို့ပဲ ကြားတယ်"


"သြော်!•••••။လွန်းခက  သူ့အကြောင်းတွေ  တော်

တော်သိတာပဲနော်"


"အဟင်း••••••"


           ကောင်မလေးက  သွားစွယ်လေးပေါ်အောင်

ရယ်နေ၏။ဟူး•••မလွယ်ပါလား  ချာတိတ်ရယ်။

မင်းလည်း  ကိုယ့်လိုပဲထင်တယ်။


"ဟိတ်••••ဟိုနှစ်ယောက်  မုန့်စားရအောင်။အမယ်

လွန်းခ••နင်နဲ့ကိုထောက  ဟုတ်နေပါလား။ငါက

စိတ်ပူနေတာ၊အပြီးသပ်တော့  နင်တို့က  ဖြူးနေ

ပါလား"


             ညချမ်းက   ရပ်စောင့်ရင်း   နောက်က ပါ

လာသည့် သူနှင့်လွန်းခကို  စနေ၏။သူ   ညချမ်း

ဘေးက  မင်းစည်းစိမ်ကို  မသိမသာကြည့်ကာ၊


"ဘဝတူမို့    နားလည်မှုနဲ့  ခင်မင်တာပါ  ညလေး"


            သူ့စကားကြောင့်  မင်းစည်းစိမ် မျက်နှာ

က  တစ်ချက်ပျက်သွားကာ   သူ့ကို အကဲခတ်

သလိုကြည့်၏။ကြည့်မနေနဲ့  မင်းစည်းစိမ်။မင်းသိ

ချင်တာတွေကို  ငါ ထုပ်ပိုးသိမ်းဆည်းထားတယ်။

ရှာမနေနဲ့•••ရှိမှာ မဟုတ်ဘူး။


"အလဲ့•••ကြည့်စမ်း•••ကြည့်စမ်း၊ကိုထောမရိုးတော့

ဘူး။ဘဝတူဆိုပါလား•••ဘာလဲ  ကိုထောကြီး

အစွံထုပ်တော့မယ်ပေါ့"


             ညချမ်းက  ဘာမှနားမလည်ပဲ   သူမလို

ရာ  တွေးပြီးပြောနေ၏။


"ညချမ်းမနော်•••ဘာတွေစွတ်ပြောနေတာလဲ။

ကိုကိုထောကို  အားနာစရာ"


"ကိုကိုထောဆိုပါလား•••••အခစ်"


"ညလေး••••တော်ပြီ။မုန့်သွားစားမှာမို့လား•••သွား"


"ဟုတ်••••ခစ်•••••အဟင်း"


             ဒါတောင်  မျက်နှာပိုးမသေပဲ ရယ်နေသေး

၏။ဆိုင်ထဲရောက်သည်နှင့်  မျက်နှာချင်းဆိုင်

ဝိုင်းထိုင်လိုက်သည်။ညချမ်းက  ထောနှင့်စည်း

ကြားမှာရောက်နေသလို၊လွန်းခလည်း  စည်းနှင့်

ထောကြားမှာပင်။စည်းနှင့်ထောက  မျက်နှာချင်း

ဆိုင်ဖြစ်သလို၊ညချမ်းနှင့်  လွန်းခကလည်းမျက်နှာ

ချင်းဆိုင်ပင်။


"ကိုကိုထောက   ဟိုမှာရည်းစားတွေဘာတွေမရှိ

ဘူးလား၊မရှိဘူးလို့တော့ မညာနဲ့နော်။မယုံဘူး"


"ဟုတ်တယ်•••ဟိုမှာ  အဖြူမချောချောလေးတွေနဲ့

တွဲလာမှာ သေချာတယ်။ဒီအရွယ်ရောက်နေပြီ

ပဲ   ရည်းစားမရှိပဲ နေမလား လွန်းခရဲ့"


          ညချမ်းနဲ့လွန်းခက  သူ့ကို ဝိုင်းကျပ်နေသဖြင့်

သူ  ခေါင်းမော့ကာ  ရယ်လိုက်မိ၏။သူ ရောမော

နေပုံအလွန်ကြည့်ကောင်းသဖြင့်   လွန်းခရော

ညချမ်းပါ  ငေးကြည့်မိသွားသည်။


"အဟွန်း••••ဟွန်း•••ကိုယ့်ကို  အထင်ကြီးလွန်းနေ

ပြန်ပြီ။ကိုယ်က  မြန်မာပြည်က  မြန်မာမစစ်စစ်

လေးကိုပဲ  ယူမှာ"


"ဒါဆို   ကိုကိုထောက  ချစ်ရတဲ့ ကောင်မလေး

တွေ့နေပြီပေါ့"


                       သူက ပြုံးလိုက်ကာ၊


"ဟုတ်တယ်•••••သူနဲ့လက်ထပ်ရင်  လွန်းခတို့ 

မင်းစည်းစိမ်တို့လာရမယ်နော်"


"ညချမ်းရော!••••••"


         လွန်းခက  ကောက်ခါ ငင်ခါ ထမေးလိုက်၏။


"အဟင်း!••••ဖိတ်စရာမှ မလိုတာ"


             သူ့အဖြေကြောင့်   ညချမ်းပါးစပ်ထဲက 

ပိုက်တံကို  ယောင်ထုတ်မိသွားသလို၊စည်း၏

မျက်လုံးတွေက  ဒိုင်းခနဲ ရောက်လာ၏။တိတ်ဆိတ်

သွားသည့် အခြေအနေနှင့်၊မျက်နှာ ပုံပန်းသဏ္ဍာန်

တွေကို  ရိမ်မိကာ  လွန်းခက၊


"ဟုတ်သားပဲ•••ညချမ်းက  လူရင်းတွေပဲ၊ဖိတ်ဖို့

ဘယ်လိုပါ့မလဲ"


          အံ့သြစရာကောင်းလောက်အောင် စားပွဲ

ဝိုင်းလေးက တိတ်နေ၏။ခဏနေမှ၊


"ခုမှ  စဥ်းစားမိတယ်ဟ••••"


        လွန်းခ၏အဆုံးအစမရှိစကားကြောင့်  အားလုံးရဲ့ အာရုံတွေ  လွန်းခထံ စုလာ၏။

ညချမ်းက  ဘာမွှေဦးမလဲဆိုသည့်  မျက်ဝန်း

များဖြင့် ကြည့်နေသည်။


"စည်းစိမ်ထောနဲ့ မင်းစည်းစိမ်•••၊နာမည်ချင်းကလည်း   တူနေတယ်၊ရုပ်ကလည်း  ခပ်ဆင်ဆင်

ပဲ။နှစ်ယောက်က   အမျိုးတွေလမသိဘူး"


"ငပေါမ  ဘာမှ မဆိုင်ဘူး"


           ညချမ်းက  ထောပနာပြု၏။လွန်းခကလည်း

မခံ•••၊


"ငါက  တွေးမိတာကို  ပြောတာပါ။ဇာတ်လမ်း

တွေထဲကလို  အမွှာညီအစ်ကိုတွေဘာတွေများ

လားလို့"


"အဝေးကြီး••••တော်ပြီ၊အရူးမ•••သောက်စရာရှိ

တာ သောက်၊ပြီးရင် သွားမယ်"


"သိတယ်••••"


"သိရင်ပြီးရော"


        စကားနိုင်လုပြီးတော့  တိတ်သွားကာ  ဆိုင်

ထဲက  အထွက်၊မျက်နှာချင်းဆိုင်ဝင်လာသည့်

လူကြီးသုံးယောက်နှင့်ဆုံ၏။


"ဖေဖေ•••••"


"လေးလေးလေပြည်"


             ဦးမိုးလေပြည်ကိုမြင်သည်နှင့်  ထောနှင့်

ညချမ်းက  နှုတ်ဆက်၏။


"သားနဲ့သမီးပါလား•••shopping  ထွက်ကြတာ

ပေါ့"


"ဟုတ်တယ်  ဖေဖေ၊ဖေဖေရော•••အလုပ်ကိစ္စလား"


"ဟုတ်တယ်  သား"


"ဦးလေပြည်••••ဒါ  ခင်ဗျားသားလား"


"ဟုတ်တယ်•••ဦးဝင်းထွန်း။ဒါ ကျွန်တော်ရဲ့သား

စည်းစိမ်ထောတဲ့၊ဒါကတော့•••ဦးအလင်းချိန်ရဲ့

သမီး  ညချမ်းချိန်ခါတဲ့။ကျွန်တော်တို့သမီးဆိုလည်း

မမှားဘူးပေါ့ဗျာ။ငယ်ငယ်ထဲက  ကျွန်တော်တို့

လက်ပေါ်ကြီးလာတာ"


"သြော်•••သြော်•••အဟင်း•••ခင်ဗျားတို့ကတော့

တကယ်အားကြစရာကောင်းတယ်ဗျာ။ရွှေ  ရွှေချင်း

ထပ်တော့မယ်ပေါ့"


"ရွှေ•••ရွှေချင်းထပ်တော့မြတ်တာပေါ့  မဟုတ်ဘူး

လား  ဦးလေပြည်"


"ကျွန်တော့်သားက  မကြာခင်  ကျွန်တော်တို့နယ်

ပယ်ထဲ ဝင်မှာဆိုတော့  ခင်ဗျားတို့  ဝိုင်းဝန်း

လမ်းညွှန်ပေးကြပါဦး"


"ဦးလေပြည်သားဆိုတာနဲ့ ဦးလေပြည်လို တော်

ပြီးသား၊ထက်ပြီးသားပဲနေမှာ၊ပြောနေစရာ

တောင်မလိုတော့ဘူး  ထင်တယ်"


"ကဲဗျာ•••ကလေးတွေလည်း  သွားစရာရှိသေး

တယ် ထင်တယ်။ကဲ•••သားတို့ သွားကြ"


"ဟုတ်ကဲ့  ဖေဖေ၊သားတို့သွားလိုက်ပါဦးမယ်။

အန်ကယ်တို့ ခွင့်ပြုပါဦးခင်ဗျ"


"အေး•••အေး•••"


        


"ကောင်းပါပြီဗျာ•••ကောင်းပါပြီ"


          အားလုံးကို  နှုတ်ဆက်ကာ  ပြန်ထွက်လာခဲ့

သည်။လေးယောက်လုံး  အတွေးကိုယ်စီဖြင့် တိတ်

ဆိတ်လျက်••••။


🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸


"မေမေရေ••••••သားပြန်လာပြီ"


          နေ့စဥ် ဝတ္တရားအတိုင်း  အပြင်က ပြန်လာ

သည်နှင့်  မေမေ့ကို  အော်ကာ  အသံပေးနေကြ။

ဖိနပ်ချွတ်မှာ  ဖိနပ်လေးကို ချွတ်ကာ  အပေါ်တက်

လာရင်း  စည်း  ထူးဆန်းသလို ခံစားနေရ၏။


"မေမေ••••ဟင်•••မေမေ ဘယ်ရောက်နေပါလိမ့်"


           အခါတိုင်း     သူပြန်လာပြီဆို  ဖိနပ်ချွတ်

က  ကြိုနေတတ်သည့်  မေမေက  ဒီနေ့မှ တိတ်နေ၏။ စည်း  စိတ်ထဲ  တမျိုးဖြစ်ကာ၊အသံမပေး

ပဲ   မေမေ အိမ်ခန်းဆီ ခြေသံ ဖွဖွဖြင့်  ဝင်လာ

ခဲ့သည်။


"ဟင်•••••"


         ခုတင်ပေါ်တွင် တစ်ဖက်စောင်း၍အိပ်နေ

သည့် မိခင်ကြောင့်  အသံမပေးပဲ  အနားတိုးကာ

ငုံ့ကြည့်မိစဥ်၊


"ဟာ!••••••••"


           မိခင်ဖြစ်သူလက်ထဲက  ဓာတ်ပုံကြောင့်

စည်း  အသံကြီး  ထွက်လာကာ၊အံ့သြလွန်းသဖြင့်

ကြက်သေ သေသွားရ၏။မိခင်လက်ထဲက  ဓာတ်ပုံ

ရှင်ဟာ  စောစောကမှ ဆုံခဲ့သည့် စည်းစိမ်ထော၏

ဖခင်ဖြစ်လို့နေတာ။


"သား••••••"


            သူ့အသံကြောင့်  မေမေ ရုတ်တရက်ထ

ထိုင်လိုက်သဖြင့်  လက်ထဲက  ဓာတ်ပုံလေး

လွတ်ကျသွား၏။ဓာတ်ပုံက  သူ့ခြေတောက်

ဘေးသို့ လျောဆင်းလာသဖြင့်•••သူကောက်

ယူလိုက်ကာ၊အံ့သြစွံ့အနေသည့် မိခင်ကိုကြည့်၍၊


"ဒီဓာတ်ပုံက   ကျွန်တော့်ဖေဖေလား"


      သူ၏တိုးဖွဖွ  မေးသံ အဆုံးမှာ  မေမေမျက်

ရည်တွေ စီးကျလာ၏။လည်ချောင်းတစ်ခုလုံး

ရှကာ  နှာခေါင်းတွေပူလာပြီး၊ယောကျ်ားတန်မဲ့

သူ ငိုချင်လာသည်။


"ဒီလူက  ကျွန်တော်  ဖေဖေဆိုတာလား။ဖြေပေး

မှာ  မေမေ။ကျွန်တော်တောင်းပန်ပါတယ်•••"


      အံကြိတ်ကာ တင်းထားသဖြင့်  မေးကျော

ကြီးများထောင်ကာ၊မျက်လုံးအိမ်တွေ နီနေလောက်

ပြီ။


"ကျေးဇူးပြုပြီး  ဖြေပေးပါ မေမေ။ကျွန်တော်••

ကျွန်တော်••ဖေဖေ့ကို  မြင်ခွင့်မရှိဘူးလား။ ကိုယ့်အဖေဘယ်သူဆိုတာသိသွားပါရစေ။မေမေ•••

သူက  ကျွန်တော့်  အဖေမို့လား"


          မေမေက  မျက်နှာတစ်ဖက်လွှဲသွား၏။


"ကိုယ့်အဖေဘယ်သူဆိုတာ  သိခွင့်မရတဲ့ ဘဝ

ကြီးကနေ  ရုန်းထွက်ခွင့်ပေးပါ မေမေ။ကျွန်တော်

ဒီဘဝမှာ  ဖခင်ကိုတောင်မမြင်ဖူးတဲ့ သားမဖြစ်

ပါရစေနဲ့။ပြောပါ  မေမေ••ကျေးဇူးပြုပြီး

ကျွန်တော့်ကို ပြောပြပေးပါ"


        ဟန်မဆောင်နိုင်သည့်အဆုံး   အသံများ

တုန်ကာ  မျက်ရည်များကျလာရ၏။လက်သီး

တစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း

မျက်လုံးတွေကိုမှိတ်လိုက်သည်။မျက်ရည်တစ်စက်

က ပါးပြင်ပေါ်လိမ့်ဆင်းသွားစဥ်၊


"ဟုတ်တယ်•••အဲဒါ  မင်းအဖေ  ဆောင်းလေပြည်

ဆိုတာပဲ"


အပိုင်း(၁၅)ဆက်ရန်👉👉👉


ဦးခွန်တို့ဘက်လှည့်နေလို့  ကိုထောတို့

နည်းနည်းကြာသွားတာ တောင်းပန်ပါတယ်

ဦးခွန်ကို အားပေးသလို ကိုထောနဲ့ကိုစည်း

ကိုလည်း အားပေးကြပါဦးရှင့်


စာဖတ်သူအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: