💚💚အစိမ်းရောင်ကမ္ဘာငယ်လေး💚💚
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
"ဟဲ့••••ဟဲ့••••"
တံခါးဝမှာ မားမားကြီးရပ်နေရင်း ကြက်
သေ သေနေသည့် ဒေါ်နှင်းစက်အိမ်•••၊သူမကိုတိုး
တိုက်ကာ ထွက်ပြေးသွားသည့် ညချမ်းကိုလည်း
မတားဆီးမိလိုက်။ကိုယ့်သားက စတတ်တာသိနေ
သဖြင့် သိုးမွှေးထိုးနေရင်း ထလာခဲ့မိတာ။မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မယုံကြည်နိုင်သလို
မျက်လုံးအဝိုင်းသားဖြင့် ရပ်ကြည့်နေရင်း••••
"သား•••သားနဲ့ သမီးက••••"
"မဟုတ်ဘူး မေမေ"
ထော ပြာပြာသလဲလက်ကာငြင်းပေမယ့်
••••••
"မဟုတ်ဘူးဆို ဒါတွေက••••"
ထွက်ပြေးသွားသည့် ညချမ်းနှင့်ထောပုံစံ
ကိုလှည့်ပတ်ထိုးလိုက်သည့် မေမေ့လက်ညှိုးကို
ထောနားလည်နေသဖြင့် စိတ်ပျက်လက်ပျက်စုပ်
သပ်မိသွားသည်။
"ကျွတ်••••ခက်တော့တာဘဲ မေမေရာ•••"
"သား•••ဒါက"
မေမေ့ အကြည့်တွေက သူ့ဆီဝေ့ဝဲလာ
တော့ ရေစိုလက်စ ခေါင်းကိုလက်ဖြင့်ထိုးဖွကာ
ဘယ်နှစ်ကြိမ်မြောက်မှန်း မသိ စုပ်သပ်မိပြန်သည်။
"မဟုတ်ပါဘူးဆို•••ခက်တော့တာဘဲ•••ကျွတ်•••
ညလေးက ဖျော်ရည်လာပို့တာ သားက ရေချိုးပြီး
လို့ ပြန်အထွက် မထင်မှတ်ပဲ မတော်တဆတိုက်မိ
ပြီး မေမေမြင်သလို ဖြစ်သွားတာပါ"
တကယ်••မလွယ်•••။အဲလို သေချာရှင်းပြလိုက်မှ မေမေ့မျက်ခုံးတွေ ပြေပြစ်ခြင်းသို့ရောက်
လေသည်။ဟူး••••၊သားရင်ထဲက အစိုင်အခဲကို
အငွေ့ပျံဖို့ ထိန်းချုပ်ရတာသာ မေမေသိရင်•••••။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
လူတစ်ကိုယ်လုံး အငွေ့ပျံကာ
ပျောက်ပျက်သွားချင်မိသည်။မျက်နှာချင်းဆိုင်
နေမိတာကိုပင် မနေချင်တော့သလို သူမ ဒီနေရာ
ကနေ အဝေးဆုံးကို ထွက်ပြေးသွားချင်မိ၏။
အရင်တိုင်း မပြောင်းမလဲ ရှိနေသည့် စူးရဲရဲမျက်ဝန်းအစုံက •••အရင်လို နုညံ့ခြင်းတွေပျောက်
ဆုံးနေတာကလွဲပြီး သူမနှစ်သက်မြတ်နိုးခဲ့ဖူးသည့်
မျက်ခုံးတွေနှင့် ပိရိသေသပ်သည့် နှုတ်ခမ်းများ။
အသက်လေးဆယ်သာသာလို့ ဘယ်သူယုံမှာလဲ။
မြင့်မားကျစ်လစ်သည့် အရပ်ကြီးနှင့်ကိုယ်ဟန်က
လည်း အနည်းငယ်သော်မှ ဇရာ၏အရိပ်မထင်ပေ။
သူမရှေ့မှာထိုင်ကာ ခပ်အေးအေး
လက်ပိုက်လျက် ခပ်မိန့်မိန့်ရှိနေသည့် ဤယောကျ်ားသည် တစ်ချိန်က သူမကိုချစ်ခဲ့ဖူးသော၊သူမ
ဘက်ကလည်း မနေ့တစ်နေ့ကအထိ ရူးအောင်ချစ်
ခဲ့ဖူးသော ယောကျ်ားမှ ဟုတ်ပါလေစ။ဟုတ်မှာပါ
လေ•••အတိတ်ဆိုတာ အတိတ်မှာဘဲကျန်ခဲ့တာ
ပေါ့••။သူမတို့ သားအမိတွေ လူတစ်ကာရဲ့တံတွေး
ခွက်မှာ ပက်လက်မျောကာ ဗိုက်တစ်လုံးဖြင့်
လောကဓံကို ခါးဆီးကာခံနေရချိန်•••သူကတော့
မိခင်သဘောကျတဲ့ သူဌေးသမီး အချောအလှလေး
ကို ရင်ခွင်ပိုက်ကာ ပျော်ရွှင်နေမှာ။အတွေးလေး
နှင့်ပင် ရင်က တဆစ်ဆစ်နာကျင်ကာ ပေါင်ပေါ်
တင်ထားသည့် အိတ်ကို တင်းနေအောင်ထပ်ဆုပ်
မိသွားသလို စထိုင်လိုက်ချိန်ထဲက တမေ့တမောငေးနေမိသည့် သူမကိုယ် သူမ ခံပြင်းဒေါသဖြစ်
ကာ မျက်နှာ လွှဲပစ်လိုက်မိသည်။ကိုယ်ကသာ
တမေ့တမော ငေးနေမိတာ သူကတော့ ခပ်အေး
အေးဖြင့် စားပွဲထက်လက်တင်ကာ တစ်ခုခုကို
ပြောဖို့ အားယူနေပုံမျိုးထက်မပိုပေ။အင်းပေါ့လေ
သူမလို အညတရမိန်းမမျိုးထက် ခုချိန်ထိလှပ
ကာ သူနှင့် ရှေ့သွားနောက်လိုက်ညီနေသည့်
မိန်းမက အစစအရာရာအကွာကြီးကွာနေတာဘဲ။
တွေးနေ ရင်း ဘုရားပေါ်မှာ တွေ့လိုက်ရသည့်
ဖြူသွယ်သွယ်သဏ္ဍာန်လေးကိုမျက်လုံးမှာပြန်မြင်
ယောင်ကာ မျက်ရည်က အလိုလိုဝဲချင်လာ၏။
ရှည်လျားသည့် ဆံနွယ်များနှင့် နှင်းစက်အိမ်ဆိုသည့် ထိုအမျိုးသမီးက သူအချစ်ဆုံးမိန်းမဖြစ်နေ
တာကို ရင်နာနာဖြင့်လက်ခံလိုက်ရတာ ထိုနေ့က
ဘုရားကပြန်ရောက်ထဲကပင်။
"ညိုပြာညက်•••••"
အတန်ကြာမှ သူ့ဆီက ပထမဆုံး
ထွက်လာသည့် အသံက•••ညိုပြာညက်တဲ့လား။
ကိုယ့်ကိုယ်ကို မေ့နိုင်ပါပြီ••မုန်းလိုက်ပါပြီဟု
မာန်တင်းထားသမျှက ထိုခဏလေးမှာ အားလုံး
အငွေ့ပျံကာသွားရသည်။
သူက အရင်တုန်းက သူမကိုအရူးအမူးချစ်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသား သူဌေး
သားလေး ဆောင်းလေပြည်မှ မဟုတ်တော့တာ။
အဟင်း••••ဒေါ်စိန်မြကြီးရဲ့သားလိမ္မာသူဌေးကြီး
ဦးဆောင်းလေပြည်ဖြစ်နေပြီဘဲ။
ကိုယ့်ရှေ့မှာ ကျောက်ရုပ်လေးလို
ထိုင်နေရင်း မျက်နှာမှာ ခံစားချက်ပေါင်းများစွာ
ရှပ်တိုက်ပြေးလွှားနေသည့် ညိုပြာညက်ဆိုသည့်
အမျိုးသမီးကို စေ့စေ့ကြည့်ကာ သူ စကားလုံး
ရွေးနေမိ၏။သူမမျက်နှာမှာဆက်တိုက်ပြေးလွှား
နေသည့် အရိပ်အယောင်ကိုကြည့်တာနဲ့ ခံစားချက်
အတိမ်အနက်ကို မှန်းစလို့ရနေတာမို့ သူ ငြိမ်နေမိ
တာလည်းဖြစ်သည်။ချိန်ကို မနည်းအစ်အောက်ထုတ်လိုက်တော့ သူမရဲ့ လိပ်စာကိုရခဲ့တာပါ။
သူငယ်ချင်း အရင်းချင်းတွေမို့ ချိန်ကလည်း
ကူတော့ကူညီသည်••ဒါပေမယ့် မေမေနှင့် နှင်းကို
သိသွားမှာလည်း ပူပင်နေသေးသည်။သူမအိမ်လိုက်
ရောက်သွားတော့ သူတကယ်ကိုရင်ထဲမကောင်း
ဖြစ်သွားတာ အမှန်ပါ။အိမ်လေးကိုမြင်တာနဲ့ သူမတို့ အခြေအနေကို တွက်ဆလိုက်မိ၏။
သူ့ကိုမြင်တာနဲ့ ယိုယွင်းပျက်စီးသွား
သည့် ညိုပြာညက်မျက်နှာက ဘာနဲ့မှ ဖုံးဖိလို့မရ။
နောက်တော့ သူမကိုယ်သူမ ထိန်းလိုက်ကာ သူ့ကို
နှုတ်ဆက်ဖော်ရလာ၏။စကားပြောချင်သည်ဆိုတာ
နဲ့ ပြာယာခတ်သွားကာ နှင်လေတော့သည်။မရ
အရခေါ်ထုတ်ကာ သည်ဆိုင်ကို ခေါ်လာခြင်းဖြစ်
သည်။ဒါတောင်သူမက ခြေကန်ငြင်းနေသေးသည်မို့
အတင်းတောင်းပန်ကာခေါ်ခဲ့ရ၏။သူမမျက်နှာက
ကောက်ကြောင်းတွေကြောင့် ဆောင်းလေပြည်ကို
ဘယ်လောက်ထိ စိတ်နာနေကြောင်း မေးနေဖို့
မလို။မေမေလုပ်ရပ်ကြောင့် နာကျင်ခဲ့ရတာ သူမ
တစ်ယောက်ထဲမဟုတ်တာကို သူမကိုသိစေချင်
သည်။
"ကိုယ်•••••••"
စကားစဖို့ပြင်လိုက်စဥ်•••ဖုန်းမြည်လာ
တာမို့ သူမမျက်လုံးတွေ သူ့ဆီ တန်းရောက်လာ၏။
အားနာသလို သူမကို တစ်ချက်ကြည့်ကာ ဖုန်း
ကိုထုတ်ကြည့်တော့•••နှင်းဆီက ဖြစ်နေ၏။
"အင်း••••နှင်း ပြော••••"
ဟင်•••••။နှလုံးသားက မြည်သံ
ကြီးဟီးသွားရ၏။မနာတတ်သည့် အသည်းကိုပင်
အပြစ်တင်ရမည်လား။သူ့နှုတ်ဖျားက မြတ်နိုး
ယုယခြင်းများစွာဖြင့် တယုတယခေါ်ငင်သံကို
ကြားနေရတာ•••ငရဲခံနေရသလိုပူလောင်ပြင်းရှ
လွန်းနေ၏။မရယ်မပြုံးနှင့်တည်ကြည်နေသည့်
မျက်နှာထက်မှာ ထိုမိန်းမအပေါ် ဘယ်လောက်
ကြင်နာကြောင်း ထင်းနေသည်။
"ဟုတ်လား••••မောင် ကိစ္စတစ်ခုနဲ့ အပြင်ရောက်
နေတာ•••အင်း••နှင်းပဲကြည့်စီစဥ်လိုက်ကွာ"
"••••••••••••••••••••••••••"
"သိပ်တော့ အရေးမကြီးပါဘူး နှင်း၊သားကို ခေါ်
သွားလိုက်နော်•••နောက်တစ်ခေါက်မှ မောင်ကိုယ်
တိုင်လိုက်ပို့ပါ့မယ်၊သားကိုလည်း ကားသေချာ
မောင်းခိုင်းဦး၊ရန်ကုန်မြို့မှာ ကားတွေတအားကျပ်
နေတာ သားက ငယ်ရွယ်သူဆိုတော့ နည်းနည်း
ရမ်းချင်တယ်ကွ"
သားတဲ့••••။တယုတယခေါ်ငင်ကာ
အမှာခြွေနေတာက တကယ့် ပုခက်ထဲက ကလေး
လေးကိုမျက်လုံးထဲမှာမြင်ယောင်နေသလားပင်
မသိ။တမင်ခေါ်ကာ ကွာဟချက်တွေကို နှိုင်းယှဥ်
ပြနေသလား ကိုဆောင်းလေပြည်။
"နှင်းကကွာ••••မောင် ညကပြောထားတယ်လေ
မောင် တမင်မလိုက်တာမှမဟုတ်တာ၊မအားလို့
ပါကွာ"
"••••••••••••••••••••••••"
"အင်းပါကွာ•••••နှင်းအဆင်ပြေရင် ပြီးတာပါဘဲ။
သြော်•••••ဒါနဲ့ ကိုသိန်းလာရင်•••ပစ္စည်းတွေယူထား
လိုက်နော်"
"•••••••••••••••••••••••••••"
"နေမကောင်းဘူးဆိုပြီး အလုပ်တွေလုပ်မနေနဲ့ဦး
နော်၊မေမေ့ကို ပူစူးတို့ မခင်တို့ကြည့်လိမ့်မယ်၊
နှင်း ကိုယ့်ဘာသာနေသာသလိုနေ••၊တကယ်ပါပဲ
ရှေ့သွားလို့ ဘယ်တုန်းကမှ စိတ်မချရဘူး"
အကြင်နာတွေ ယိုဖိတ်နေတာ မိုးမမြင်
လေမမြင်။နေမကောင်းလို့ ပြာယာခတ်နေတာ
ကြင်စဦးတွေကျနေတာပင်။
"ခင်ဗျားက စိတ်ချရတာမဟုတ်ဘူး။တော်ကြာ
မကောင်းတဲ့ကြားက မေမေ့ကို ဘယ်သူနဲ့မှ
စိတ်မချဘူးဆိုပြီးတော့ ဝင်လုပ်နေမှာမြင်ယောင်
နေလို့ မောင်က ပြောတာ"
"••••••••••••••••••••••••"
"သိရင်လည်း အေးဆေးနေလေ၊နှင်းနော်•••မောင်
ပြန်လာလို့ မင်း အလုပ်တွေလုပ်နေရင် ခြေတွေ
လက်တွေရိုက်ချိုးထားလိုက်မှာ၊ဒါမှ ဘာမှမလုပ်
တော့မှာ•••"
"•••••••••••••••••••••••••••••••"
"အင်းပါ••••"
ကလေးတစ်ယောက်လို လိုက်မှာနေရင်း မှုန်ကုတ်နေသည့် သူ့မျက်နှာသည် ဟိုဘက်
က ဘာတွေပြောလိုက်လို့ အလိုမကျမှန်းမသိ။
ဖုန်းကို စားပွဲပေါ်တင်ကာ မျက်နှာပြန်မော့လာရင်း
သူ့အကြည့်တွေက သူမဆီတည့်တည့်ရွေ့၏။
"မင်း ရင်ထဲမှာ အစိုင်အခဲတွေတော်တော်ကြီးထွား
နေတာဘဲ ညိုပြာညက်"
မေးရက်လေခြင်းဆိုသည့် အကြည့်
စူးရဲရဲလေး သူ့ဆီဆိုက်လာ၏။သူမရဲ့ မျက်လုံးတွေသာ ဗုံးတစ်ခုဆို ပေါက်ကွဲသွားမှာသေချာ
သည်။
"နာကျည်းချက်တွေက သေးသေးကွေးကွေးမဟုတ်
ဘူးဘဲ။ဒီမှာ ညိုပြာညက် အရှုံးဆိုတာ လူတွေရဲ့
သက်မှတ်ချက်ပါ။ဒီအရှုံးကို ရှုံးတယ်လို့ မြင်နေရင်
သာ လူညံ့လူဖျင်းဖြစ်သွားမှာ။ဘယ်သူဘဲနိုင်နိုင်••
နိုင်သွားတဲ့သူလည်း ရှုံးရင်ရှုံးနေနိုင်တာဘဲ"
"ကျွန်မ ဘယ်တုန်းကမှ အနိုင်အရှုံးအတွက် ကစား
နေခဲ့တာ မဟုတ်ဘူး ကိုဆောင်းလေပြည်•••"
"အဟွန်း•••••••"
သူမ ဘာမှားသွားလို့လဲ။သူမပြောတဲ့
စကားထဲမှာ ဘာတွေများရယ်စရာပါသွားလို့လဲ။
သူမ စဥ်းစားတွေဝေနေဆဲ သူကတော့ နှစ်လို
ဖွယ်ရယ်နေခဲ့ပြီ။
"ရှင် ဘယ်လို ကောက်ကွေ့ခြင်းတွေနဲ့မျိုးစုံကြိုးခုန်
ခဲ့တယ်ဆိုတာ မနေ့တစ်နေ့ကမှ သိလိုက်ရတဲ့
ကျွန်မကို ကျွန်မပဲ ယူကြုံးမရဖြစ်မိတယ်။ကိုယ့်
ကိုယ်ကို ညံ့နေမှန်း ခုမှပဲ သိတော့တယ်။ဒါပေမယ့် ရှင်မှတ်ထားပါ••••ညိုပြာညက်ဆိုတာ အရင်က
ရှင်သိဘူးတဲ့ ခပ်ကြောင်ကြောင်၊ခပ်တုံးတုံးနဲ့ရှင့်
တစ်ယောက်ကိုပဲ ကမ္ဘာထင်ခဲ့တဲ့ မိန်းမမဟုတ်
တော့ဘူး"
"မင်း•••ဆောင်းလေပြည်ကို အတော် ချစ်ခဲ့တာပဲ
လား•••"
မထင်မှတ်သည့် မေးခွန်းမို့ ပက်ခနဲ
ပြန်ပြောဖို့စကားလုံးများပျောက်ရှကုန်ကာ သူ့ကို
ပဲ ငေးကြည့်နေမိ၏။
"ဆော်ရီး••••ကိုယ့်မေးခွန်းမှားသွားတယ်"
တောင်းပန်တာကပင် မဖြစ်မနေ
ဖို့ အားနာသွားသလို ပြောလိုက်ပေမယ့် မျက်နှာ
ကျောက အောက်ကျို့ခံချင်ပုံမရ။ဘယ်တုန်းကမှ
ဘယ်သူ့ကိုမှ အောက်ကျို့ပေးခဲ့ရပုံမျိုးမရှိခဲ့ဖူး
သလို ဆော်ရီးဆိုသည့် အသံက မာနသံအပြည့်။
ဟင်အင်း•••ကိုက ဘယ်တုန်းကမှ ခုလို ဟန်ပန်မျိုး
မရှိခဲ့ဖူးဘူး။သူဌေးသားဆိုပေမယ့် အမြဲတမ်းဖော်
ရွေလွန်းသည့် ကို။သူမရှေ့မှာထိုင်နေတာ သူမချစ်
ရသူ ဆိုတာ မယုံနိုင်။အမြဲတမ်း ရီဝေဝေဖြင့်
ရွှန်းလဲ့နေတတ်သည့် ကို့မျက်ဝန်းများက ခု သူမ
ရှေ့မှာထိုင်နေသည့် လူနှင့်လားလားမျှမဆိုင်။
စူးရဲရဲမျက်ဝန်းများက ဘာအရိပ်အငွေ့မျိုးမှရှိမနေ
သည့်အပြင် သူမကို တစ်ခါမှမမြင်ဖူးသူလို ပြော
ဆိုဆက်ဆံနေခဲ့တာ အိပ်မက်မှ မဟုတ်ဘဲ။
"မမှားပါဘူး ကိုဆောင်းလေပြည်•••ဒါပေမယ့်
ဒီမေးခွန်းကို ခုချိန်မှာ မမေးသင့်တော့ဘူးဆိုတာ
ရှင်သိမှာပါ။ဘာလဲ•••ကိုယ်ရိုက်ခဲ့တဲ့သတ္တဝါလေး
သေမသေစမ်းသပ်နေတာလား။ဒါမှမဟုတ်•••
ညိုပြာညက်ဆိုတဲ့မိန်းမ အရင်လိုငါ့ကိုရူးသွပ်နေ0l
ဆဲပဲဆိုပြီးတော့ အားရအောင်လှောင်ချင်သေး
တာလား••။ကျွန်မ ရူးသွပ်ခဲ့မိလို့ အတန်တဆတွေ
ပြန်ရခဲ့ပြီးပါပြီ။ရှင် ထပ်ပြီးမနှိပ်စက်ပါနဲ့တော့"
"မဟုတ်ဘူး••မင်းထင်သလို မဟုတ်ဘူး မင်းဘက်
ကပဲ တစ်ဖက်သပ်ခံစားခဲ့ရတာမဟုတ်ဘူး"
သူမမျက်နှာမှာ အကျည်းတန်စွာမဲ့ကျ
သှား၏။
"ဘာလဲ•••ရှင့်အမေပေးစားတဲ့ ငယ်သူငယ်ချင်း
ရှင့်ဇနီးလေးပါ ခံစားခဲ့ရတယ်၊ရှင်ပါ နစ်နာ
ခဲ့တယ်လို့ပြောချင်တာလား ဦးဆောင်းလေပြည်"
"ကျွတ်•••••မင်း ပြောသလိုပဲ သူတို့နှစ်ယောက်လုံး
မင်းလောက်မဟုတ်ရင်တောင် မင်းနဲ့ထပ်ထူနီးပါး
နာကျင်ခံစားခဲ့ရတာတော့ သေချာတယ်"
"သြော်••••သြော်•••••ဟုတ်လား။ဟုတ်မှာပေါ့လေ"
"မင်း ခုချိန်မှာ ဒီလိုစကားမျိုးတွေဘဲ ပြောလာ
လိမ့်မယ်ဆိုတာ ကိုယ်သိပါတယ် ညိုပြာညက်။
မင်း ရင်ထဲက ဝေဒနာတွေကိုလည်း ကိုယ်နား
လည်ပါတယ်"
"နားလည်တယ် ဟုတ်လား••••အဟင်း•••ရှင်ဘယ်
တုန်းကမှ နားမလည်ခဲ့လို့ ဗိုက်တစ်လုံးနဲ့ထားခဲ့ပြီး
တခြားမိန်းမကိုလက်ထပ်ခဲ့တာမဟုတ်ဘူးလား"
သူမစကားကြောင့် သူ့မျက်ဝန်းများ ရွှန်း
လက်သွားကာ••••
"ဟုတ်တယ်•••ကိုယ် နှင်းနဲ့လက်ထပ်ခဲ့တယ်။မေမေ့
ဆန္ဒကို ဖြည့်ဆည်းပေးသလို မဖြစ်မနေအကြောင်း
အရာတစ်ခုကြောင့် နှင်းကို ကိုယ်ယူခဲ့ရတာမှန်
တယ်"
"မဖြစ်မနေအကြောင်းအရာတစ်ခုတဲ့လား•••
ဘာအကြောင်းအရာတွေမို့လို့လဲ ဦးဆောင်းလေပြည်ရဲ့ ကျွန်မနားမလည်လို့ ရှင်းပြပေးပါ
ဦး"
မခိုးမခန့်ခနဲ့ပြုံးတို့ဖြင့် မေးလာသည့်
သူမမျက်နှာကို သူလှမ်းကြည့်ကာ သက်မမော
ချမိ၏။နှင်းလောက် နုနယ်ခြင်းတွေမရှိပေမယ့်
နဂိုက ချောမောခဲ့တဲ့မိန်းမတစ်ယောက်မို့ထင်သည်
ခုချိန်ထိ အရွယ်တင်နုပျိုနေဆဲပင်။ဒါဟာ•••
ဆောင်လေပြည်ချစ်ခဲ့တဲ့ မိန်းမတဲ့လား။
"မင်းရဲ့သား အကြောင်း ကိုယ်အားလုံးသိပြီးပါပြီ။
guideလုပ်ပြီး ကျောင်းတက်နေတာတွေလည်း
ကိုယ်ကြားတယ်။ကိုယ် တကယ်စိတ်မကောင်းဘူး
•••မင်းတို့သားအမိကို မေမေလက်ခံလာအောင်
ကိုယ်ကြိုးစားပေးမယ်"
"အဟင်း•••နားထောင်လို့တော့အကောင်းသားနော်
ဒါပေမယ့် ကျွန်မက ပုံပြင်တွေမကြိုက်တတ်တော့
ခက်သားဘဲ ဦးဆောင်းလေပြည်ရဲ့"
"ကိုယ်တကယ်ပြောနေတာပါ ညိုပြာညက်။မင်းရဲ့သား မင်းစည်းစိမ်က•••KTNရဲ့မြေးဦးဘဲ။ဒါကြောင့် KTNရဲ့မြေးဆိုတာ လူတိုင်းသိအောင် ကိုယ်
လုပ်ပြမယ်"
"မလိုပါဘူး•••။ကျွန်မသားက ရှင်တို့မိသားစုနဲ့ဘာ
မှ မသက်ဆိုင်ပါဘူး။ဘယ်တော့မှလည်း သက်
ဆိုင်ခွင့်မပြုဘူးဆိုတာ ရှင်မြဲမြဲမှတ်ထားပါ။ကျွန်မ
သားကို ဒီအရွယ်ထိ ကျွန်မ ကိုယ့်အားကိုယ်ကိုးပြီး
ထိန်းကျောင်းကျွေးမွေးလာတာ ဘယ်သူ့ဘယ်သူ
ရဲ့ အကူအညီအထောက်အပံ့မှ မလိုပါဘူး။အထူး
သဖြင့် ရှင်တို့ မိသားစုရဲ့ အထောက်အပံ့ဆိုပိုလို့
မလိုသေးတယ်။ဒီမှာ ဦးဆောင်းလေပြည် ရှင်
မြဲမြဲမှတ်ထားပါ•••သားကို ကျွန်မတစ်ယောက်ထဲ
မွေးထားတာ ရှင့်လိုအဖေမျိုး ကို တမ်းတနေလိမ့်
မယ်ထင်သလား"
သူမစကားကြောင့် ပိရိသေသပ်သည့်
သူ့နှုတ်ခမ်းမှာ အဓိပ္ပါယ်ဖော်ရခက်သည့် အပြုံး
တစ်ခုဖြစ်ထွန်းသွား၏။ထို့နောက်••••••
"ကိုယ်ကတော့ မထင်တတ်ဘူး••••။ဒါပေမယ့်•••
ဆောင်းလေပြည်ဆိုရင်တော့ အဖြေကတစ်မျိုး
ပြောင်းချင်ပြောင်းမှာ••••"
"ဟင်••••"
နှုတ်က ဖွင့်ဟလိုက်သလား အပြင်ကို
အသံထွက်လာသလား သူမမသိတော့။သူ့စကား
အဆန်းကြောင့် သူ့မျက်နှာချောချောကို အဖြေရှာ
သလိုကြည့်မိကာ••••
"မေမေ••••••"
သူမဘေးမှာ လာမိုးနေသည့် သား၏
အရိပ်၊သား၏စိုးရိမ်တကြီးခေါ်သံအောက်မှာသူမ
ရဲ့သံသယမြူမှုန်များက တစဆီလွင့်ပါးပျက်စီး
သွားခဲ့ရသည်။ဒါပေမယ့်•••••
"မင်းအရမ်းအံ့သြသွားသလား••••ကိုယ်ကမင်း
ထင်နေတဲ့ဆောင်းလေပြည်မဟုတ်ဘူး။ကိုယ်က
မေမေရဲ့သားကြီး၊ဆောင်းရဲ့အစ်ကို မိုးလေပြည်"
ဟင်••••။ထိုင်နေရင်းဖြင့် လူတစ်ကိုယ်လုံး
အငွေ့ပျံပျောက်ကွယ်သွားသလို၊မျက်မမြင်နားမကြားသလို ပတ်ဝန်းကျင်နှင့်အဆက်ပြတ်ကာ
သွား၏။ဘဝဆက်တိုင်း မြင်နေကြားနေပါလျက်
မမြင်သလိုမကြားသလို ဒုက္ခဆိုးမှ ကင်းဝေးရပါ
လို၏။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
"ဟင်•••••••••"
ပြေးဆင်းလာမိသည့် ခြေလှမ်းများက
လှေကားတစ်ဝက်မှာတင်ရပ်၏။စည်းနှင့် ပလာဇာ
ကိုသွားဖို့ချိန်းထားကာ အလှပဆုံးပြင်၍တက်ကြွ
နေသည့် စိတ်တွေက ဧည့်ခန်းဆီက ပျံ့လွင့်လာ
သည့် ကြည်လင်သြရှသည့် အသံကြောင့် ချက်ချင်းအုံ့မှိုင်းကာသွားရ၏။လှေကားထစ်တစ်ဝက်နှင့်ရပ်ကာ အောက်ထစ်ကို ခြေတစ်ဖက်
ချကာကျန်တစ်ဖက်က အပေါ်ထစ်မှာရပ်လျက်ဖြင့်
လှေကားလက်ရန်းကို မှီချကာ မနက်ထဲကစိမ်ပြေ
နပြေထိုင်ပြင်နေမိသည့် သူမကို သူမပြန်ကြည့်မိသွားသည်။
စည်းနှင့်လျှောက်လည်ဖို့ ရင်ခုန်ယစ်မူး
နေမိသမျှ ထောအသံကြားတာနဲ့ဘာကြောင့်တွေဝေတုံ့ဆိုင်းသွားရတာလဲ။ညချမ်း ကိုယ့်ကိုယ်ကို
ဒေါသထွက်ကာ ဆက်ဆင်းလာခဲ့သည်။သူကို
တွေ့တာနဲ့ငါကဘာလို့ ကြောက်နေရတာလဲ။
သွားစမ်းပါ•••ညချမ်းမ ကိုယ့်အလုပ်ကိုယ်လုပ်။
ဧည့်ခန်းထဲမှာ ဒေါ်ခါဝဿန်နှင့်စကား
ပြောနေစဥ်•••မျက်ဝန်းထောင့်မှာ ဖြတ်ပြေးသွား
သည့် အရိပ်လေးကြောင့် အကြည့်တွေကထို
အရိပ်လေးထံ အလိုလိုရောက်သွား၏။
အသားရောင်ကိုယ်ကျပ်တစ်ဆက်တည်း
က ညချမ်းကိုယ်လေးမှာ တင်းရင်းလျက်ချပ်ကပ်
နေသလို ၊ထိုဝတ်စုံနှင့်လိုက်ဖက်အောင် လည်ပင်း
မှာ ဆွဲကြိုးခပ်ပါးပါးလေးကို ဆွဲ၍သူမလှုပ်ရှား
တိုင်းယိမ်းနွဲ့နေသည့် နာကပ်ရှည်လေးကလည်း
သူမမျက်နှာပြည့်ပြည့်လေးနှင့်လိုက်ဖက်နေ၏။
ခပ်ပြည့်ပြည့်ခန္ဓာကိုယ်လေးက ဝတ်စုံကျပ်ကျပ်
လေးကြောင့် ပို၍ကြည့်ကောင်းနေသည်။ခပ်ပါးပါး
နှင့် တန်းနေသည့် မျက်ခုံးလေးအောက်က မကျယ်မဝိုင်း မျက်လုံးလေးတွေက အမြဲတမ်း
ကြည်တောက်နေသလို•••မတိုမရှည် မျက်တောင်
လေးတွေကြောင့် အကူကြောင့် ကော့နေ၏။
နှာခေါင်းလေးက သူများတွေလိုဖြောင့်ဆင်းမနေ
ပေမယ့် ရုပ်မဆိုးသွားပါ။ဖူးရွရွနှုတ်ခမ်းထူထူလေး
က ပန်းနုရောင်ဖျော့ဖျော့ဆေးသားကြောင့်
ရွှဲအိကာ နေသည်မှာရင်ဖိုဖွယ်ကောင်းနေ၏။
"ဟော••••သမီး ဆင်းလာပြီ၊လာ•••သမီး•••ပလာဇာ
သွားမယ်ဆိုလို့ မေမေ သားကို လှမ်းမှာလိုက်တာ
သမီး ကိုကိုနဲ့သွား"
"ရှင်••••••••"
နို့စိမ်းရောင်ရှပ်ကိုလက်ခေါက်ဝတ်ကာ
စတိုင်ပန့်အနက်နှင့် ဆံပင်ရှည်တွေကို ဂျယ်သုံးကာနောက်လှန်ဖီးထားသည့် ထောကို ညချမ်း
လှမ်းကြည့်တော့ သူက အပြုံးနွေးနွေးဖြင့်စီးကြို၏။ညချမ်း မျက်စောင်းထိုးကာ မေမေဘေး
ဝင်ထိုင်လိုက်ရင်း•••••
"ညလေး ကိုယ့်ဘာသာသွားတတ်ပါတယ် မေမေရာ။မနေ့တစ်နေ့ကမှ ရန်ကုန်ရောက်လာတဲ့လူက
ညလေးကို အဖော်လိုက်လုပ်ပေးမယ်ဆိုတော့
ရယ်စရာများဖြစ်မနေဘူးလား•••"
"ကိုထောက မြန်မာပြည်ပြန်ရောက်တာမကြာသေး
တာမှန်ပေမယ့် စိတ်ချရတယ် သမီး၊စကားမများနဲ့
တော့ ဒီနေ့ကစပြီး•••အပြင်ထွက်ရင် ကိုထောပါမှ
ထွက်ရမယ်•••ကိုထောမပါဘဲနဲ့ လုံးဝအပြင်ထွက်ခွင့်
မပြုဘူး•••"
"ဟာ••••မေမေကတော့လုပ်ပြီ••။ညလေး ဘာသာ
ညလေး သွားပါရစေ"
"မရဘူး ညချမ်းချိန်ခါ••••ကိုထောကအားတာ
မဟုတ်ဘူး၊မေမေ အကူအညီတောင်းလို့သာ
မအားတဲ့ကြားက ရောက်လာတာ၊ကိုထောမပါ
ဘဲနဲ့ တစ်လှမ်းတောင်မရွေ့ရဘူး"
"ညလေး အရင်လည်း ဒီလိုပဲ သွားလာနေကြကို
•••အဖော်မပါလည်းကိစ္စမရှိပါဘူး မေမေရာ၊
လွန်းခနဲ့ချိန်းထားပြီးသားပါ"
သူ့ထံမျက်စောင်းလှမ်းထိုးကာ ချက်ချင်း အမေ့ဘက်လှည့်၍ကလေးဆန်ဆန်ပူ
ဆာနေသည့် ညချမ်းကို မမှိတ်မသုန်နဲ့ဘဲ မှင်သေ
သေဖြင့် ထိုင်ကြည့်နေမိ၏။တကယ် အသည်း
ယားစရာကောင်းတဲ့ ကောင်မလေးပါ။အလိုမကျ
တိုင်းတစ်ဖက်တွန့်ကာ ဆူထော်သွားတတ်သည့်
နှုတ်ခမ်းလေးတွေက အလှပျက်မသွားဘဲ အသည်းယားဖို့ကောင်းနေတာ သူမသိမည်မဟုတ်။
"လွန်းခနဲ့ချိန်းထားလည်း သမီးကိုကိုပါမှ မေမေ
လွှတ်မယ်လို့ပြောပြီးပြီလေ"
"ဟွန့်•••••••"
မေမေ့ရှေ့မှာပင်ဟန်မဆောင်နိုင်စွာ ညချမ်း
မဲ့မိသွားသည်။သူက ဘာမို့လို့ နေရာတစ်ကာပါနေ
ရတာလဲ။ခုပဲကြည့်လေ••••သူပါမှ သွားရမယ်တဲ့
သူမပါရင် မသွားရဘူးတဲ့။ဟွန့်••••မုန်းစရာကောင်း
လိုက်တာ၊ရှင်ကြီး••••ကိုယ့်နေရာကိုယ်မနေတတ်
ပါလား၊ကြည့်နေ ရှင်ကြီးကို ကောင်းကောင်းပညာ
ပေးပစ်လိုက်မယ်။
"ကဲ••••သွားကြ••သမီးနော် သမီးကိုကို့ကိုသိပ်မဆိုး
နဲ့၊သမီး သွားချင်တဲ့နေရာတွေကိုလည်း လိုက်ပို့
ခိုင်း•••ကိုထောရေ သမီးကို လိုက်လည်းပို့ အလို
လည်းသိပ်မလိုက်နဲ့ကြားလား•••။သားစကားနား
မထောင်ရင် ပြန်ပြော "
"မေမေကလည်း•••ညလေးက လူဆိုးမကြီးကျနေ
တာဘဲ၊မေမေပြောပုံက••••"
ထရပ်လိုက်ရင်း ညချမ်းက မကျေမနပ်
ပြောနေ၏။
"ကိုယ့်သမီး လူဆိုးမလေးမဟုတ်မှန်းသိလို့ မေမေ
ကလိုက်ပြောနေရတာပေါ့••သွားကြတော့•••"
"ပြီးတာဘဲ•••••"
ဘောက်ဆက်ဆက်လေးလျှောက်ထွက်
သွားသည့် နောက်ကနေ သူမကို ပြုံးပြကာလိုက်
သွားသည့် ထော၏မြင့်မားကျစ်လစ်သည့် အရပ်
ကြီးကိုလိုက်ကြည့်ကာ ခေါင်းယမ်းမိသည်။
တကယ်မလွယ်ပါလား•••ခပ်တည်တည်နှင့်ခပ်အေး
အေးသမားထောကို သူမ အားမရချင်တော့။
ကိုယ့်သမီး ဘယ်ခြေလှမ်း လှမ်းနေသလဲဆိုတာ
သိနေတော့ ပိုရင်ပူသည်။
မနက်ထဲက ပလာဇာသွားမည်ဟုပြောကာ
တစ်အိမ်လုံးပြာယာခတ်အောင် ဖြစ်နေသည့် သမီး၊
အလှတွေပြင်ကာ ဟိုဝတ်စုံလေးနဲ့လိုက်ရဲ့လား၊
ဒီဝတ်စုံလေးနဲ့ဆိုဘယ်လိုနေသလဲဆိုကာ အပေါ်ထပ်နှင့်အောက်ထပ် ရောက်ယက်ခတ်နေသည့်သမီး၊ဘယ်လို အချိုးပြောင်းနေတယ်ဆိုတာသိ
နေသည်မို့ နှင်း ဆီကိုဖုန်းလှမ်းဆက်ကာ ကိုထော
အိမ်မှာရှိသလားစုံစမ်းရ၊သမီး အရိပ်အခြေလည်း
အကဲ ခတ်ရဖြင့် မောနေပြီ။
ကိုထော ရှိသည်ဆိုမှ သမီးကိုပလာဇာလိုက်
ပို့ဖို့ ပြောရသည်။သူမတစ်ယောက်ထဲ ပြာနေတာ
ချိန်ကတော့ သိမည်မဟုတ်။မပြာလို့လည်းမရပါ။
ဟိုတစ်နေ့က သမီးကို ကောင်လေးတစ်ယောက်နှင့်
တွေ့လိုက်ထဲက သူမရင်ပူနေတာ ဘယ်သူမှ မသိ။
ထိုကောင်လေး၏လက်မောင်းကို ချိတ်ကာ ပူးပူးကပ်ကပ်လေးပါသွားသည့် သမီး••
ဘယ်လိုအခြေအနေလည်းဆိုတာ မေးဖို့မလိုတော့
ပေ။ကောင်လေးက ကိုထောတို့လောက်ပေမယ့်
သားနားမှုခြင်းက မိုးနှင့်မြေလို၊ဒီလိုပြောလိုက်လို့
သူမကိုဘဝမေ့သည့် ဇီးသီးသည်မဗျိုင်းဟုမထင်
စေချင်•••။အဆင့်အတန်းခွဲခြားတာလည်းမဟုတ်သလို သစ်လွင်နေပေမယ့် အဖိုးမတန်သည့်
အဝတ်အစားတို့နှင့် ချောမောသည့် ထိုကောင်လေး
ကို သူမ သဘောမတွေ့ပါ။သမီးနဲ့ခုလိုယှဥ်တွဲမမြင်မိရင်•••သူမ ကိုယ့်သားသမီးလေးလိုချစ်မိမှာအမှန်
ပါ။
ဆင်းရဲလို့ သဘောမတူတာမဟုတ်ပါ၊သူ့
နေရာမှာ အခြားသူဌေးသားတစ်ယောက်ယောက်
ဒါမှမဟုတ်•••ထိုကောင်လေးက သူဌေးသားတစ်
ယောက်ဖြစ်နေမယ်ဆိုရင်တောင် သူမသဘောက
ပြောင်းလဲမည်မဟုတ်ပေ။
ဘာကြောင့်လဲဆိုတော့ ကိုထောလိုသား
မျိုးနဲ့ပဲ သမီးလေးကို သူမစိတ်ချနိုင်မည်။ငယ်ငယ်
ထဲက သူမလက်ပေါ်မှာကြီးလာသည့် ကိုထော
ကို ဘယ်သမီးရှင်ဆီမှ မပေးလိုက်နိုင်သလို
ကိုယ့်သမီးလေးကိုလည်း ကိုထောကလွဲပြီးဘယ်လို
ကောင်လေးမျိုးနဲ့မှ သဘောမတူနိုင်တာသူမ
အတ္တပင်။
ငယ်ငယ်ထဲက စတာကလွဲပြီး သမီးလေးအပေါ် နားလည်ချစ်ခင်ရှာတာတွေ၊သမီးလေး
ဘယ်လောက်ဆိုးဆိုး•••တစ်ချက်မငြိုငြင်ခဲ့တာတွေ၊
သမီးလေးငိုရင် မနေတတ်သလို အငိုတိတ်အောင်
လုပ်ခဲ့တာတွေ၊အနာတရဖြစ်တိုင်း•••ဂရုတစိုက်ရှိခဲ့
တာတွေ ဒီလိုအချက်ပေါင်းများစွာက ကိုထောဆီ
မှာပဲ ရှိတာ သူမသိသည်။
သမီးလေး ဖျားနေရင် လက်လေးကိုဆုပ်
ကိုင်၍အနားက မခွာနိုင်တဲ့ ချစ်စရာအကျင့်လေး
တွေကို ကိုထောဆိုသည့် ကောင်လေးပဲလုပ်တတ်
သည်။
'ချစ်လို့ စတာ'တဲ့ ။သူမ ယုံပါသည်၊
ချစ်မိတဲ့အခါ•••အသည်းယားပြီး စတတ်တာကို
သူမနားလည်သည်။ခက်တာက သမီး••စတာကို
အဟုတ်ထင်ကာ နာကျည်းနေတာသူမသိသည်။
ကိုယ့်ကလေးစိတ်ကိုသိနေသဖြင့် မဖြစ်
သင့်တာတွေဖြစ်မှာကိုလည်းပူပင်နေရ၏။တစ်ခါ
တစ်ရံမှာ အချစ်က မီးခဲပြာဖုံး ဖြစ်နေတတ်သည်။
ဒါကို သူမတို့က ရဲရဲတောက်အောင် လေပင့်ပေး
ရမည်မဟုတ်ပါလား••။
သမီး ရွေးလိုက်တဲ့ လူက ရုပ်ရည်အား
ဖြင့် ထောလိုချောမောတာမှန်သည်။ဒါပေမယ့်•••
အရည်အချင်းကတော့ ထောကိုမှီလိမ့်မည်မထင်ပါ။
နိုင်ငံခြားမှာ ကျောင်းသွားတက်ရင်း••
ပထမနှစ်ထဲက စီးပွားရေးလောကထဲ ခြေစုံပစ်
ဝင်ကာ ဝါရင့်အကျော်အမောတွေနှင့်ပင် ရင်ဘောင်တန်းနိုင်ခဲ့တာ စည်းစိမ်ထောဆိုတဲ့ကောင်
လေးပင်။
ကျောင်းပိတ်တိုင်း အိမ်မပြန်ဘဲ
စီးပွားရေးနယ်ပယ်မှာ ဖြတ်သန်းရင်း••ဒုတိယနှစ်
ရောက်တော့ ဘန်ကောက်မှာရုံးခွဲဖွင့်နိုင်နေခဲ့ပြီ။
တတိယနှစ်ပြီးတော့ ကျွန်းတစ်ကျွန်းလုံးဝယ်ကာ
ကိုယ်ပိုင်လေယာဥ် ထုတ်ဖို့ကြိုးပမ်းနေသည့်အထိ
လက်စောင်းထက်ခဲ့၏။ဤကဲ့သို့••••ဤကဲ့သို့••
အရည်အချင်းပေါင်းများစွာဖြင့် ထောကို ဘယ်လို
ကောင်မျိုးလေးနှင့်မှယှဥ်လို့မရ။
သည်လို အရည်အချင်းမျိုးတွေမရှိခဲ့
ရင်•••သူများတွေမြင်သလို နိုင်ငံခြားမှာကျောင်း
သွားတက်ပြီးပြန်လာသည့် သာမန်ကောင်လေး
ဖြစ်နေရင်လည်း သူမ ဆုံးဖြတ်ချက်က မယိုင်လဲ။
ထောဆိုသည့် ကောင်လေးမှာ ဘယ်သူမှမသိ
သည့် ထက်မြက်သည့်အရည်အချင်းတွေနှင့်
သမီးလေးအပေါ် မငြိုမငြင်ရှိနေတာကပင် သူများ
တွေထက် ပိုသာနေခြင်းပင်။
ဤသို့သောကောင်လေးသည်သာ
သမီးရဲ့ လက်တွဲဖော်ကောင်းဖြစ်ကြောင်း••••••။
အပိုင်း(၁၃)ဆက်ရန်👉👉👉👉
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း