💚💚အစိမ်းရောင်ကမ္ဘာငယ်လေး💚💚
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
"ဟား•••••ဟား••••••"
"ဟေ့ကောင်တွေဘယ်လိုဖြစ်နေတာလဲ။တိုးတိုး
ရယ်စမ်းပါ"
"ရယ်တာလေးတော့ ပြီးစီးအောင်ဆက်ရယ်ပါရ
စေကွာ•••။ထောရယ်•••မင်းကလည်းတွေ့လိုက်
တိုင်းကိုက်နေတာနဲ့ ဟိုက မျက်မုန်းကျိုးတော့
မှာပေါ့••••"
အဖိုးက ရယ်နေရင်းဖြင့်ဝေဖန်လာ
သလို ကွန်း ကလည်း အအေးပိုက်ကိုလွှတ်ကာ
"မျက်မုန်းကျိုးရုံတင်ဘယ်ကလိမ့်မလဲ•••မင်းကို
မုန်းနေမှာသေချာတယ် ထော။မိန်းကလေးတွေ
ကလေ သူတို့ကို စရင် တစက်ကလေးမှ မကြိုက်
ကြဘူးကွ။မင်းလို ငယ်ငယ်ထဲက စနေတာဆို
ပိုဆိုးတာပေါ့ကွာ"
"မင်းတို့ ပြောသလောက်လည်း မဟုတ်သေးပါ
ဘူးကွာ။ငါက သူ့ကိုချစ်လို့စတာ အပြစ်ဖြစ်သွား
သလား•••"
"အလဲ့••••အလဲ့••••ပေါ်ပြီ။ပေါ်ပြီ"
"ဘာလဲ••••ဘာထဖြစ်တာလဲ"
အဖိုးနှင့်ကွန်းက ရယ်ချင်ပက်ကျိ
မျက်နှာများဖြင့် သူ့ကိုစနေသည်။ဟိုးကတည်းက
ညလေးနဲ့ စနောက်လာတာကို ဘူးခါနေခဲ့လို့ သူ့ကို
ကြည့်မရဖြစ်နေကြတာပါ။
"ခုတော့ ချစ်တတ်ပြီပေါ့လေ ဟုတ်လားထော"
"ဟုတ်ပါ့••••အရမ်းချစ်တတ်နေတဲ့ ငါ့သူငယ်ချင်း
ကြီး ကံကောင်းပါစေကွာ••"
"လုပ်မနေနဲ့•••ငါတို့က ပြေလည်ပြီးသား"
"အေးပါ••အေးပါ။ပြေလည်ရင်ပြီးတာပါဘဲ။နောက်
မှ ကယ်ပါယူပါ အော်ပြီး ငါတိုဆီပြေးမလာခဲ့
နဲ့။အဲဒီအချိန်ကျရင် ဖိုးလပြည့်တို့က Noပဲ"
"ဟေ့ကောင်•••မင်းအပိုတွေပြောမနေနဲ့။နောက်ပြီး
တော့ မင်းပဲ ထိပ်ဆုံးက မနေနိုင်တာ"
ကွန်းက အဖိုးကို အကွက်ရတုန်းတွယ်နေ
သည်။တကယ်လည်း ကွန်းပြောသလိုပင်။ထော
အခက်အခဲဖြစ်ရင်မနေတတ်တာ အဖိုးရော ကွန်း
အတူတူဖြစ်၏။
"မင်းလည်း ဘာထူးသေးလဲ"
"ဟုတ်တယ်လေ•••ငါက ငါ့အကြောင်း ငါသိလို့
ဘာမှ မပြောတာ။အစားကိုသာ ကုန်အောင်စား
တဲ့ စကားကို ကုန်အောင်မပြောရဘူးကွ သိလား"
"ဟုတ်ကဲ့ပါ ဆရာကြီး•••ဆရာကြီးယိုတဲ့ခွေးချေး
လေးကျွန်တော်ကျုံးပါ့မယ်ခင်ဗျာ•••"
"ဟာ!••••ခွေးကောင်•••မင်း•••••"
"ဟား••••ဟား•••••အဲဒါ ဆရာလုပ်ချင်ဦး"
"အဖိုး••••မင်းနော်••••သူငယ်ချင်းအချင်းချင်းမို့
ကြည့်နေတာ"
"မင်းတို့ကလည်း တော်ကြပါတော့••သောက်စရာ
ရှိတာ သောက် စကားမများကြနဲ့"
"ဒါနဲ့•••မင်းဟိုမှာ ဇာတ်လမ်းတွေဘာတွေဖြစ်ခဲ့
သေးလား ထော"
"အဲဒါ!••••••"
"ဟ•••••ဘာဖြစ်တာလဲ"
"အေးလေ•••စိတ်များဖောက်သွားသလား"
အဖိုးက လက်ဖျစ်ထတီးကာ အလန့်တကြားအော်လိုက်တာမို့ ထောနဲ့ ကွန်းက အဖိုးပုံစံ
ကိုကြည့်ကာ ပျစ်ပျစ်နှစ်နှစ်ဝေဖန်နေ၏။ကန်ရေ
ပြင်ကိုငေး၍စားသောက်နေတုန်း မျက်နှာချင်းဆိုင်
မှ ဝင်လာသည့် နှစ်ယောက်ကြောင့် သောက်လက်
စ အအေးပင် ထော သီးသွားရသည်။
"အင့်•••••အဟွတ်•••••"
"ထော••••ဘာဖြစ်တာလဲ။အရိုးမျက်တာလား"
"ဟာ•••ဒီခွေးကောင် အအေး သောက်တာ အရိုး
မျက်စရာလားကွ။ကွန်း မင်းတော့နော်"
"ငါသိသားပဲ တမင်ပြောလိုက်တာ အဖိုးရာ။
မင်းအသာနေစမ်းပါ။အအေးသောက်နေရင်း သီး
ရတယ်လို့"
ကွန်းနှင့်အဖိုး စကားနိုင်လုနေတာကိုလည်း
စိတ်မဝင်စားနိုင်တော့ပါ။မျက်စိရှေ့ မျက်နှာချင်း
ဆိုင်မှာ ထိုင်လိုက်သည့် အထိ သူ အကြည့်မလွှဲ
မိသေး။ပန်းရောင် လက်ပြက်ဂါဝန်လေးနှင့် လှချင်
တိုင်းလှနေသည့် ညလေး••••။သူမရဲ့ဘေးမှာသူတို့
နှင့် မတိမ်းမယိမ်းအရွယ်လောက်ရှိမည့် ယောကျ်ား
ပျိုတစ်ဦးနှင့်။ဝင်လာထဲက ပြုံးရွှင်နေသည့်ညလေး
မျက်နှာလေးက သူနှင့်ဆုံတိုင်းဖြစ်ပျက်သွားတတ်
သည့် ရှူသိုးသိုး မှုန်ကုတ်ကုတ်မျက်နှာနှင့် ဆန့်ကျင်စွာနေ၏။ဘေးက လူ၏လက်မောင်းကိုခိုတွဲ
လျက်ဝင်လာသည့်မို့ ဘာတွေလည်း ဆိုတာ မေးဖို့
မလိုအပ်တော့သလို ဗြုန်းစားကြီး အရှုံးကို ရင်
ဆိုင်လိုက်ရသလို အသည်းနှလုံးမရှိတော့သလို
ခံစားလိုက်ရသည်။ပုခုံးချိတ်ကြိုးတစ်လုံး ဂါဝန်လေးက ခါးမှာ သရေပတ်လေးနှင့် အောက်ပိုင်းက
ဒူးအပေါ် အကားလေးမို့ ကော်ရုပ်မလေးလို••
ကလေးလေးလို ချစ်စရာကောင်းနေသည့် ညလေး
က ပိုင်ရှင်ရှိနေပြီတဲ့လား။ညလေးရယ်••••ကိုကို့
အသည်းတွေကွဲကုန်ပါပြီ။မထင်မိခဲ့ပါဘူး••ကလေး
ဆန်သည့် ချစ်စရာ ကောင်မလေးက ကိုကိုနဲ့မတွေ့
ဖြစ်ကြသည့် လေးနှစ်အတွင်းမှာ ခုလို ပြောင်းလဲ
သွားမယ်လို့ ကိုကို အိပ်မက်တောင်မမက်ခဲ့ပါဘူး
ညလေးရယ်။
"အအေးသောက်ရင်းသီးရအောင် ဒီကောင်•••"
"ဟာ••••••ညချမ်း••••"
ကွန်းနှင့် အဖိုး စနောက်နေရင်း ထော
ငြိမ်သွားတာမို့ ထောကို ကြည့်မိတော့•••ကြေကွဲ
ရိပ်များယှက်သန်းနေသည့် ထောပုံစံကို အံ့သြစွာ
မြင်တွေ့လိုက်ရသည်။ထော အကြည့်များ ရှိနေရာ
ကို သူတို့ လှမ်းအကြည့်••••waiterလေးကို စားစရာ
တွေမှာနေသည့် ညချမ်းနှင့် ကောင်တစ်ယောက်
ကို မြင်လိုက်ရတာမို့ မယုံနိုင်စွာ ကိုယ့်မျက်လုံးကို
ကိုယ်ပြန်ပွတ်မိသည့် အထိဖြစ်သွားရသည်။
"ညချမ်းဘာမှာဦးမလဲ•••မှာချင်တာမှာလေ"
"တော်ပါပြီ ကိုကို။ကိုကို့မျက်နှာမြင်တာနဲ့ဗိုက်
ပြည့်နေပြီ"
"ဟာကွာ•••••ဒီကလေးဆိုးလေးကတော့လေ••
ကိုယ့်ကို မချစ်ပဲ မနေနိုင်အောင်ပြောတတ်
တယ်"
"ဒါပေါ့••••ကိုကို့အချစ်တွေက ညလေးအတွက်ပဲ
ဖြစ်စေရမယ်။ညလေး အချစ်တွေကလည်း ကိုကို့
အတွက်ပဲ"
"ဟုတ်ပါပြီ အတတ်မလေးရယ်••••"
ကိုကိုတဲ့လား•••။မင်း သူ့ကို ကိုကို့လို့ခေါ်
တာလား ညလေးရယ်။ဒါကြောင့် ကိုကို့ကို
ကိုကိုလို့ မခေါ်နိုင်တော့တာလား။ရက်စက်လိုက်
တာ ညလေးရယ်။ကိုကိုမျက်စိထဲမှာ မင်းက
ကလေးလေးတစ်ယောက်လို ချစ်စရာကောင်း
နေတယ် ထင်နေတာ•••တစ်ခြားတစ်ယောက်ဆီမှာ
မင်းအချစ်တွေ အပိုင်အပ်နှံလိုက်ပြီတဲ့လားညလေး
ရယ်။ညလေးအချစ်တွေက ကိုကို့ အတွက်တဲ့
လား။အဲဒီကောင်ကို မင်း ဒီလောက်တောင်ချစ်
သတဲ့လား။
"ဘယ်လိုလဲ ထော•••။နြူကလိယဖြစ်နေတာကို
ငေးပြီး ရင်ထဲ ကျွမ်းဆယ်ပတ်လောက်ထိုးနေ
ပြီလား••••"
ထော တစ်ခွန်းမှ အပြောပဲ ဟိုဘက်က
မျက်လုံးမကွာတာကိုကြည့်ပြီး တစ်ယောက်နှင့်
တစ်ယောက်မျက်စ ပစ်ပြရင်း ကွန်းက ဟိုဘက်
ကိုလှမ်းကြသည့်သည်။ပြီးတော့••••
"သူကို ငါ တွေ့ဖူးတယ်ကွ။ဘယ်သူလည်း ဘယ်ဝါ
လည်းသာ မသိတာ။သေချာတာတော့ ငါတို့မိန်း
ထဲကပဲ"
"ထော တွေဝေနေရင်တော့ ကြာရင်မင်းမလွယ်
ဘူးနော်"
"မင်းပိုင်ပြီးသားပါ ထော။မပြောမရှိနဲ့။သူတို့က
ချစ်သူတွေဖြစ်နေလဲ ဘာအရေးလဲ။ခုခေတ်က
ချစ်သူရှိတာ ပြဿနာမဟုတ်ဘူးကွ"
သူတို့လည်း ဟိုဘက်ကိုလှည့်ကြည့်တိုင်း
ညချမ်းကို တစ်သျှူးလေးကမ်းပေးလိုက်၊အအေး
လေး ထည့်ပေးလိုက်နှင့် တယုတယအိုဗာတွေဖြစ်
နေတာကိုကြည့်ပြီး မချင့်မရဲဖြင့်ဒေါသတွေ ပွထ
နေကြ၏။
"ဟင်!••••••"
ညချမ်း နှုတ်ဖျားကနေ အာမေဍိတ်သံ
တိုးတိုးလေး ထွက်လာ၏။သူမကို တစ်စုံတစ်
ယောက်က စိုက်ကြည့်နေသလို ခံစားမိမို့ မျက်နှာချင်းဆိုင်ကိုကြည့်မိစဥ်•••လက်ထဲမှာကိုင်
ထားသည့် ဇွန်းလေးပင်လွတ်ကျသွားရသည်။
ကိုထော!•••••ဟိုဘက်ဝိုင်းမှာ ကိုထောနှင့် သူ့
သူငယ်ချင်းတွေ ထိုင်နေကြကာ•••ညလေးကိုစား
တော့ ဝါးတော့မတတ်ကြည့်နေသေးသည်။
"ပေး••••ကိုယ်ထည့်ပေးမယ်"
ဘာမှ မသိသည့် စည်းက ချစ်စနိုးပြုံး
လျက် ညချမ်း ကြက်ပေါင်းခေါက်ထဲကို ချဥ်စပ်
နည်းနည်းထည့်ပေးနေသည်။ညချမ်း ဘာကိုမှ
ဂရုမစိုက်မိတော့ပါ။ရီဝေဖျော့တော့နေသည့်
မျက်ဝန်းအိမ်လေးတွေထဲမှာ မျက်ရည်ကြည်လိုလို
ပြည့်အိုင်လျက်•••စိုက်ကြည့်နေသည့် ကိုထော
၏အမူအယာက ညလေး တစ်သက်နှင့်တစ်ကိုယ်
ပထမဆုံး မြင်ဘူးခြင်းပါ။ကြေကွဲရိပ်လိုလို စွန်း
ထင်းနေသည့် ကိုထော မျက်နှာကိုကြည့်ကာ ဘာ
ကိုမှန်းမသိ နောင်တ ရချင်ချင်ဖြစ်မိသွားသည်။
"ဒီနေ့ မင်းအရမ်းလှတာပဲ ညချမ်း"
"အဟွန်း•••••"
ရှက်သလို မလုံမလဲလေးရယ်ရင်း ကိုထော
ဆီ ခိုးချောင်ခိုးဝှက်မျက်လုံးလေးများဝေ့သွားရသည်။ဟင်•••••၊ညချမ်း ကိုယ့်ကိုယ်ကို နောင်တရ
သွားမိသည်။ဘာကြောင့်လည်း ဆိုတော့ စောစော
မျက်နှာနှင့်ဆန့်ကျင်စွာ ရှူတင်းတင်းစိုက်ကြည့်
ကာ ဘာမှ မဖြစ်သလို မျက်နှာလွှဲသွားသည့်
ကိုထော။စောစောက မျက်နှာကိုမြင်ကာ ကိုယ်ပါ
ငိုချင်သွားမိသည့် ညချမ်းကိုယ်ညချမ်း ပြန်ကြိမ်ဆဲမိသွား၏။မိညချမ်း•••အစထဲက စေတနာ မထား
သင့်တဲ့လူဆိုတာ ညည်းသိသားနဲ့။ဘာကြောင့် သွား
သနားချင်ရတာလဲ။ခုတော့ ညည်းခံလိုက်တော့။
"ပြန်ရင် ပလာဇာ ခဏဝင်ရအောင် ညချမ်း"
"ဟုတ်••••ကိုကို"
ပိုက်ဆံရှင်းပြီး ထရပ်လိုက်ချိန်မှာ မရည်
ရွယ်ပါပဲ မျက်ဝန်းများက ထောဆီ ရွေ့သွားစဥ်
မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေသည့် ထော
မျက်ဝန်းများနှင့် လမ်းခုလပ်မှာ ထိပ်တိုက်ဆုံသွား
၏။စူးရဲရဲ စိုက်ကြည့်နေတာမို့ အမြင်ကပ်စွာ
မျက်နှာလွှဲရင်း လက်တစ်ဖက်က စလင်းဘတ်ကို
ပုခုံးပေါ်ဆွဲတင်လျက် ကျန်တစ်ဖက်ဖြင့် စည်း၏
လက်မောင်းကို ပိုင်ပိုင်နိုင်နိုင်ချိတ်ပစ်လိုက်သည်။
မှတ်ထား ကိုထော•••ရှင်ကြီး အထင်မကြီးတဲ့
မိန်းမကို ရှင်ကြည့်ထား။ ရှင် အထင်သေးတဲ့ ဝက်
ကလေးမှာ ကိုကိုချောချောရှိတယ်သိလား။
အဟွန်း•••••ရှင်သိလိုက်တော့။ညချမ်းချိန်ခါဆိုတဲ့
မိန်းမက ရှင်ထင်သလို ခပ်တုံးတုံးမဟုတ်ဘူး။
"ဒီလောက်တင်းနေရင်လည်း တစ်ခုခု ချဲလင့်လုပ်
ကွာ"
ကွန်း ကိုယ့်လူထိတော့ မခံချင်ဖြစ်ကာ
ဒေါသဖြင့် ထပြောတော့ အဖိုးက ခေါင်းခါယမ်း
ကာ••••••
"အဲဒီလိုလုပ်လို့ မဖြစ်သေးဘူးလေ ကွန်းရာ။
သူတို့က ဘာမှ မဆိုင်တာ။ဟိုကောင်နဲ့က ချစ်သူ
တွေလေ ။ခုချိန်မှာ သွားကြမ်းရင် ထောကိုပို
မုန်းသွားမှာပေါ့•••"
"မဆိုင်ဘူးလို့တော့ မပြောပါနဲ့ကွာ။ထောနဲ့ ညချမ်း
ကဟိုးငယ်ငယ်လေးထဲက အတူတူကြီးပြင်းလာ
တာ သံယောဇဥ်ဆိုတာ နှောင်တွယ်ထားပြီးသားပါ။ဟိုကောင်က နောက်မှ ပေါက်တဲ့ ရွှေကြာဖြစ်ပြီး
အရင် အမြင့်ရောက်တာကို ငါက မခံနိုင်လွန်းလို့
ပါ အဖိုးရာ"
အဖိုးက ဇွတ်ငြင်းနေသည်။ထောကတော့
ထွက်သွားသည့် ညချမ်း၏ကားလေးကို စူးစူးနင့်
နင့်စိုက်ကြည့်ကာ စားပွဲပေါ်တင်ထားသည့် လက်
သီးတစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။
"ငါ••••ငါ••••နောက်ကောက်ကျသွားပြီလားကွာ"
နှလုံးသားအက်ကွဲသံဖြင့် ဆွေးလျလျ
ပြောလိုက်သည့် ထောကိုကြည့်ကာ အဖိုးနှင့်ကွန်း
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ခေါင်း
ခါယမ်းမိသည်။
"ယောကျ်ားပဲကွာ•••မင်းမှာ အခွင့်အရေးတွေအများ
ကြီးရှိပါသေးတယ် ထောရာ။အားမလျော့လိုက်
ပါနဲ့"
"ယောကျ်ားတို့ ဇွဲ သေခါမှ လျော့တဲ့•••မင်းဘက်မှာ
ဘက်ဂရောင်းအခိုင်အမာရှိပါတယ် သူငယ်ချင်း"
သူငယ်ချင်းများစကားကြောင့် ထော
စိတ်ထဲမှာ ပြောလိုက်မိ၏။မင်းတို့ ပြောသလို
အချစ်ဆိုတာကို နောက်ခံဘက်ဂရောင်းနဲ့လဲလို့
ရရင်တော့ အကောင်းသားပေါ့ကွာ။မထင်ထားတဲ့
အချိန်မှာ မပြိုင်လိုက်ရပဲ ကိုကို့ဘက်က ရှုံးနေ
တာမျိုး ကိုကိုမလိုချင်ဘူး ညလေး။နပိုလီယံ
ပြောခဲ့သလို တောင်တွေမြင့်တာ သူတို့ အလုပ်
ဖြတ်ကျော်ရမှာ ကိုယ့်တာဝန်တဲ့။ကိုကို •••မင်းကို
မစွန့်လွှတ်ပါရစေနဲ့ ညလေးရေ။ဒီနေ့ ဒီနေရာမှာ
ကိုကို့နှလုံးသား ကွဲကြေခဲ့ရာတာ ဘယ်သူသိ
မှာလဲ•••••။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
"မေလေး•••••••"
"သြော်••••••သမီးလေး လာလေ"
"ဟုတ်•••••••မေလေး"
အနားမှာ လာရပ်ကာ ကလေးလေးလို
တီတီတာတာလေးတွေပြောတတ်သည့် ညချမ်း
ကို ဒေါ်နှင်းစက်အိမ် အလွန်ချစ်ခင်ပါသည်။
"ဟယ်!••••ထောပတ်သီးတွေပါလား•••••"
"ဟုတ်တယ် သမီးရေ။မေလေး သူငယ်ချင်းပို့
လိုက်တာလေ။သားလေးသောက်ချင်တယ်ဆိုလို့
ဖျော်ပေးမလို့လေ။သမီးလေး ပြန်ရင် ယူသွားနော်။
ဒီမှာ အများကြီးပဲကွဲ့"
"ဟုတ်•••••ဟန်ကျတာပဲ မေလေး။ညလေးလည်း
ထောပတ်သီးကြိုက်တယ်"
ကလေးလေးလို ဝမ်းသာအားရပြော
လိုက်သည့် ညချမ်းပုံစံလေးကို ကြည့်ကာ သူမ
ပြုံးလိုက်မိသည်။ဖြစ်နိုင်ရင် ညချမ်းကို အပိုင်သာ
ခေါ်ထားလိုက်ချင်တာ သူမများလောဘကြီးနေ
သလား။
"သမီးလေးကတော့လေ•••သမီးရော သောက်ဦး
မလား ။တစ်လက်စထဲ မေလေး ရောခြစ်လိုက်
မယ်လေနော်"
"နေ••••နေ မေလေး စောစောကမှ ထမင်းစား
လာတာ ဗိုက်ကားနေပြီ။အတော်ကြာမှ ညလေး
ဘာသာ ညလေး ဖျော်သောက်လိုက်မယ်လေ။
ဒီအလုံးရော မှည့်လား မေလေး"
"ထားလိုက် သမီးလေး။အားလုံး မှည့်တယ်။တစ်လုံးဆို အများကြီးရတာ နေပါစေ ထပ်
မခြစ်တော့ဘူး"
"ဟုတ်ပါ့နော်••••တစ်လုံးဆို အများကြီးရတာဘဲ"
"သားလေးလေ သမီးကိုကိုပေါ့••••မေလေး သိုးမွှေးထိုးနေတုန်း သောက်ချင်တယ်ပြောလို့ ချက်
ချင်း ထဖျော်ပေးရတာလေ"
"ကိုကိုထောက တော်တော်ဆိုးတာပဲနော် မေလေး"
ပြောရဲ ဆိုရဲ ရှိနေတာမို့ အမေတစ်ယောက်ရှေ့မှာ သားဖြစ်သူကို ပွင့်ပွင့်လင်းလင်း
ဝေဖန်ရဲနေသည်။ဒါကိုပင် စိတ်မဆိုးတဲ့အပြင်
ဒေါ်နှင်းစက်အိမ်တစ်ယောက် ပြုံးရွှင်ရယ်မော
နေသည်။
"မေလေး•••သမီးနို့ဆီတို့ သကြားတို့ထည့်ပေး
မယ်နော်"
"ကောင်းတာပေါ့ သမီးရယ်။သမီး ကိုကို့ကို
သမီးလက်ရာ ကြွားလိုက်စမ်းပါကွယ်"
"မေလေးကလည်း••••ကိုကိုထောက ညလေးကိုဆို
တစက်ကလေးမှ အကောင်းမြင်တာမဟုတ်ဘူး
နေပါစေ။ဒါနဲ့လေ•••••ကြုံတုန်းတိုင်ရဦးရဦးမယ်
သိလား မေမေလေး။ဟိုနေ့ကလေ•••မေလေးသား
ပေါ့ ညလေးကို ရေပိုက်နဲ့ ပက်သွားပြီးတော့
လူကို ဟိန်းဟောက်သွားတာများ •••"
"ဟုတ်လား••••သားကတော့လေ လာပါစေဦး•••
မေမေလေးနဲ့ တွေ့မယ်။ငါ့သမီးလေးကို ရန်စသွား
တဲ့ ကောင်လေး မေမေလေးနဲ့ တွေ့သွားမှာပေါ့"
"ကောင်းတယ်•••ကောင်တယ်•••အဲဒီလူကြီးကိုမှတ်
လောက်အောင်ဆုံးမပေးပါ မေလေး"
အမေတစ်ယောက်ကို ပြောဆိုနေတာ အေး
အေးဆေးဆေးဖြင့် စိတ်မဆိုးရက်ဘဲ အချစ်တွေ
တိုးသည့် အထိ ညချမ်းချိန်ခါက ဆွဲဆောင်မှုရှိ
နေသည်။
"ရော့! သမီးလေး၊သမီး ကိုကို့ကို သွားပို့ပေးစမ်း
ပါ မေလေးက သိုးမွှေးဆက်ထိုးရဦးမှာ"
"ဒါနဲ့လေ••••မေလေး••••ညလေးလည်း မေ့နေတဲ့
နေရာလေးတွေ မေးစရာရှိတယ် မေလေး ပြော
ပြဦးနော်"
"အေးပါ သမီးရယ်။ရော့••••ကိုကို့ကို အရင်သွား
ပို့လိုက်"
"ဟုတ်••••••ကိုကိုက ဘယ်မှာလဲ•••မေလေး"
"စောစောကတော့ အပေါ်ထပ်က ဧည့်ခန်းထဲမှာ
ပဲ သမီးရဲ့။အတွေ့ရင် အခန်းထဲကို ပို့ပေးခဲ့နော်"
"ဟုတ်•••••••••"
ညချမ်း အပေါ်ထပ်ကို တက်လာတော့
ဧည့်ခန်းထဲမှာ သူက ရှိမနေပါ။ထောအခန်းရှေ့
မှာရပ်ကာ ဝင်သင့် မဝင်သင့် စဥ်းစားနေမိသည်။
"ကိုထောဆိုတာ ငယ်ငယ်ထဲက အတူနေလာတဲ့
အစ်ကို တစ်ယောက်လိုပဲဟာ•••ညချမ်း နင်ဘာဖြစ်
နေတာလဲ။အရင်လည်း•••ဒီလိုပဲ သွားလာနေတာ။
ခုမှ ဘာဖြစ်ရတာလဲ"
ကိုယ့်စိတ်ကို ကိုယ်တင်း၍ တံခါးဒေါက်
ဖို့ လက်ရွယ်ပြီးမှ နောက်တွန့်နေမိ၏။တံခါးက
ခပ်ဟဟဖြစ်နေတာမို့ ညချမ်း နှစ်ချက်လောက်
ခေါက်လောက်သည်။
"ဒေါက်•••••ဒေါက်•••••••"
အတန်ကြာသည့် အထိ အထဲကဘာ
သံမှ မကြားရတာမို့••••••
"ကိုထော••••ညလေး ဝင်လာမယ်နော်"
ခွင့်တောင်း၍ အခန်းထဲသို့ ဇိုးဇိုးဇက်ဇက်ဝင်လိုက်ကာ တံခါးကို ဒီတိုင်းဖွင့်ထားခဲ့၏။
အခန်းထဲကို လှည့်ပတ်ကြည့်ပေမယ့် သူ့ရဲ့အရိပ်
အယောက်ပင် မတွေ့ရ။သန့်ရှင်းသပ်ရပ်နေသည့်
အခန်းကြီးတွင် ပစ္စည်းများက သူ့နေရာနှင့်သူအစီ
အရီဖြစ်နေသည်။ကြီးမားကျယ်ပြန့်သော ခုတင်
ထက်တွင် အဝတ်များတင်ထားတာမို့ သူ ရေချိုး
နေတာဖြစ်မည်။ဖြတ်ခနဲ အတွေးဝင်လာသည်နှင့်
ခုတင်ဘေးရှိ စားပွဲပေါ်တွင် ဖျော်ရည်ခွက်ကို
တင်ကာ ပြန်အလှည့်••••••
"ကျွီ•••••••"
ရေချိုးခန်းတံခါးဖွင့်သွားကာ ကိုယ်လုံး
မှာရေစက်များခိုတွဲလျက် လက်က သဘတ်ဖြင့်
ခေါင်းကို သုတ်ကာ ထောထွက်လာတာနှင့်တိုးနေ၏။ရေသုတ်လက်စဖြင့် ထောကလည်း အံ့သြ
ငြိမ်သက်သွားသလို ညချမ်းမှာလည်း ကြောင်ငေး
သွားမိသည်။
"ညလေး••••••ဘယ်လို•••ကိုကို့အခန်းထဲရောက်နေ
တာလဲ••••"
ရေသုတ်လက်စဖြင့် ရှေ့တိုးလာကာ မေး
လိုက်သည့် ထောကြောင့် ညချမ်း••မှင်သက်နေရာ
မှာ သတိဝင်ကာ ကပြာကယာဖြေလိုက်မိသည်။
"ဟို••••မေလေး ဖျော်ရည်လာဖို့ ခိုင်းလို့ပါ•••
ကိုထော"
"သြော်••••••"
သူ့မျက်နှာမှာ ဝေခွဲရခက်သည့် အပြုံးကို
တွေ့မြင်ရပြီး နှုတ်ခမ်းကို တစ်ဖက်တွန့်လျက်
သြော်••••ဟု ရေရွတ်နေ၏။ညချမ်းနားမလည်နိုင်
ဖြစ်သွားကာ ထောမျက်နှာကို မော့ကြည့်ပေမယ့်
ထောကတော့ ခပ်စူးစူးလေး ညချမ်းကိုကြည့်
နေတာနှင့်ဆုံနေသည်။ကိုထောတဲ့လား ညလေး
ရယ်။ကိုကိုလို့တောင်မခေါ်နိုင်တော့ဘူးပေါ့။
အေးလေ••••ညလေးရဲ့ လူကို ကိုကိုလို့ ခေါ်နေမှ
တော့ ကိုကို့ကို ကိုကိုလို့ဘယ် ခေါ်ပါတော့မလဲ
နော်။
"ထားခဲ့လိုက်လေ•••••ညလေး"
"ဟုတ်••••••"
ညချမ်း တံခါးဘက်ကိုပြန်လှည့်ကာ ထွက်
မည်အလုပ်••••တံခါးဘောင်တွင်တွယ်ကပ်နေသည့်
အကောင်ဆီ မျက်ဝန်းအရောက်••••••
"အား•••••တောက်တဲ့ကြီး••••ကြောက်တယ်။ကိုကို
လုပပြါဦး••••"
"ဟာ•••••••••ဟေ့•••••••"
"အို••••••••"
ညချမ်း လန့်အော်လိုက်တာမို့ ခုတင်ဘေးတွင်ရပ်ကာ ခုတင်ထက်က အဝတ်ကိုကောက်
မလို့ ပြင်နေတုန်း ထောလှည့်ကြည့်လိုက်စဥ်•••
အော်၍ပြေးဖက်လိုက်သည့် ညချမ်းကြောင့် အရှိန်
မထိန်းနိုင်ပဲ ခုတင်ပေါ်သို့ တစ်ယောက်လုံးလဲကျ
သွားရသည်။ရေချိုးပြီူစမို့ ခါးမှာ သဘတ်တစ်
ထည်သာရှိပြီး အပေါ်ပိုင်းမှာ အဝတ်ကင်းမဲ့နေ
သည့် ထော၏ရင်အုံကျယ်ပေါ်တွင် ညချမ်းကိုယ်
လေးတွယ်ကပ်လျက်•••။အသားဖြူသူမို့•မေးရိုးနှင့်
ပါးရိုးတစ်လျှောက်မှာ စိမ်းမှောင်နေပြီး ရေစိုကပ်
နေသည့် ဆံပင်များက တစ်ချောင်းချင်းဆီဖြစ်ကာ
နှာဖူးထက် ဖရိုဖရဲကျနေကြ၏။ညချမ်း ကြောက်
ကြောက်ဖြင့် ထောရင်ခွင်မှာ ပစ်ခလက်စပ် လဲ
ပြိုနေသလို ထောကလည်း ညချမ်းကိုယ်လေးကို
ခါးလေးထက်ကနေ ဖက်လျက်•••ကြောင်ငေးနေမိ
၏။မျက်ဝန်းလေးတွေချင်း ခလုတ်တိုက်ကာ
နှုတ်ခမ်းလွှာများကတော့ စကားလုံးများပျောက်
ရှနေ၏။
"ဟယ်တော်•••••••"
"ဟာ•••••မေမေ"
"မေလေး••••••အို"
နှစ်ယောက်လုံး မှင်သက်မိနေစဥ်•••အခန်းဝမှ
အသံကြောင့် နှစ်ယောက်လုံး အခန်းဝကိုလှမ်း
အကြည့် တံခါးဝတွင်မားမားကြီးရပ်နေသည့်
ဒေါ်နှင်းစက်အိမ်။
အပိုင်း(၁၂)ဆက်ရန်👉👉👉
အယ်😌😌မေမေမြင်သွားပြီ😁😁😁
စာဖတ်သူတစ်ဦးချင်းကို လေးစားချစ်ခင်လျက်
#ဖက်ဖူးစိမ်း