💚💚အစိမ်းရောင်ကမ္ဘာငယ်လေး💚💚
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
"ကိုကို•••••••••"
"ဗျာ့••••••••••••"
"ကျောင်းတွေတောင်ပိတ်တော့မယ်နော်••••••"
စည်းရင်ခွင်ထဲမှာ မှီနေရင်း ညချမ်းက
ဆွေးလျလျလေးဖြင့် ပြောလိုက်သဖြင့် စည်း••
ညချမ်းကို ငုံ့ကြည့်ကာ •••••••။
"ကျောင်းပိတ်ရင် ခုလိုတွေ့ခွင့်ရော ရှိပါ့မလား
မသိဘူးနော်။ကိုယ်က အချိန်မရွေးထွက်လို့ ရပေ
မယ့် ညချမ်းအိမ်က အဆင်မှပြေပါ့မလားဟင်"
စည်း အမေးကြောင့် ညချမ်းက နှစ်လို
ဖွယ်ပြုံးလိုက်ရင်း••••••••••။
"ညလေးအတွက် မပူနဲ့ ကိုကို။အိမ်က ညလေးကို
ပါမစ်ပေးပြီးသား အေးဆေး•••••"
ပုခုံးလေးတွန့်ကာ ပြုံး၍ပြောလာသည့်
ချစ်သူလေး၏ဟန်ပန်ကို စည်း အတိုင်းမသိ
မြတ်နိုးသွားရကာ နာဖူးပြင်လေးထက် အနမ်းလေးဖွဖွခြွေမိသည်။မြတ်နိုးတန်ဖိုးထားလွန်းသူမို့
ချစ်သူဖြစ်ပြီးထဲက ညချမ်းလက်လေးနှင့် နာဖူးလေးကိုသာ သူ နမ်းရှိုက်ခဲ့၏။ဒါဟာ••••သူမအပေါ်
တန်ဖိုးထားသည့် သူရဲ့ လုပ်ရပ်ပင်။နာဖူးလေးကို
နမ်းလိုက်တော့ ညချမ်းက မျက်ဝန်းလေးများ
မှိတ်ကာငြိမ်နေပြီးမှ ဖြတ်ခနဲ မျက်လုံးများ
ဖွင့်ကာ ရွှန်းလဲ့လဲ့ မျက်ဝန်းလေးများဖြင့် ပြုံးလိုက်ကာ••••••။
"ကိုကို••••••••"
စည်း မထူးပဲ သူမ၏မျက်နှာလေးကို
သာတစိမ့်စိမ့်စိုက်ကြည့်နေသည်။
"ကိုကိုလို့ဆို•••••••••••••••"
"အရမ်းချစ်တာပဲကွာ•••••••••"
"ဟင်း•••••••ဘာမှလည်း မဆိုင်ဘူးနော်"
"မသိဘူးလေ ဆိုင်သလားလို့••••••••"
"မဆိုင်ပဲနဲ့••••••••••"
"မသိဘူးကွာ ဆိုင်လိုက်•••။ကိုယ့် ချစ်သူကိုချစ်
ကြောင်းပြောတာပဲ••••••"
"ကိုကို•••••••••"
"ဗျာ့••••••ဘယ်လိုဖြစ်လို့ ခဏ ခဏခေါ်နေတာလဲ"
"ကိုကိုရဲ့ ထူးသံလေးကိုချစ်လို့•••••••"
"အဆိုးမလေး•••••••"
"ဘာလဲ ငြိုငြင်တာလား•••••••"
ရင်ခွင်ထဲကနေ ရုန်းထွက်ကာ မေးလိုက်
သဖြင့် စည်း ပြာပြာသလဲဖြစ်သွားရကာ••••••။
"ဟာ•••••ဘယ်ကငြိုငြင်ရမှာလဲ။ချစ်မဝလွန်းလို့
ပြောတာပါကွာ••••"
"ဟင်းနော်•••••••ခုထဲက ငြိုငြင်ချင်နေပြီ။ကိုကိုက
ညလေးချစ်သလောက်မချစ်ပါဘူးနော်"
"မဟုတ်ရပါဘူး ညချမ်းရယ်။ကိုယ်က စတာပါ။
ဘာကြောင့် မချစ်ဖူးထင်ရလဲ ညချမ်း။ကိုယ့်
အချစ်ကို မယုံကြည်တာလားကွာ။ကိုယ်အရမ်းချစ်
တာသိရက်နဲ့ ညချမ်းရယ်"
"မသိပါဘူးနော်။အလကား လူဆိုးကြီး ••••••
သူများက အတင်းလိုက်ကပ်မှ ခင်ခွင့်ရခဲ့ရတာ
ကိုများ ••••••"
"ဒါလား••••••••"
စည်းက မထိတထိပြောလေ•••••ညချမ်း
အသည်းယားရလေပင်။
"ဟုတ်တယ်••••ဟုတ်တယ်။ကိုကိုက ညချမ်းကို
မချစ်ပါဘူး•••••••"
"ချစ်တာမှ အရမ်းချစ်။ညချမ်းရယ်•••••ကိုယ်ချစ်ခဲ့
ရတာ ညချမ်းတို့ first year ထဲကပါကွာ•••။
အခြေအနေချင်း ကွာခြားလို့ ကိုယ့်ဘက်က မြို
သိပ်ခဲ့ရတာပါ ညချမ်းရယ်။ကိုယ့်အချစ်ကိုတော့
အကြွင်းမဲ့ ယုံပေးပါ"
"မယုံဘူး••••••"
"ရပါတယ်•••••ကိုယ်က မွေးထဲကိုက ကံဆိုးပြီး
သားပါ။ခုလဲ ကံမကောင်းနိုင်တာ ဘာတတ်နိုင်
မှာလဲ။ကိုယ့်ဘဝနဲ့ ကိုယ့်အကြောင်းပေါ့"
"ကိုကိုနော်•••••••"
"ဘာဖြစ်လို့လဲ ညချမ်း။ဟာ••••ဘာလို့ငိုရတာလဲ
ကွာ။ကိုယ့်ကြောင့် ညချမ်းငိုရပြန်ပြီ။ကိုယ့်ကိုက
အသုံးမကျတာပါ ••••"
"ကိုကိုဘာလို့ သူများငိုချင်အောင်လိုက်ပြော
လဲ••••"
"နောက်မပြောတော့ဘူး မငိုနဲ့တော့"
"ပြောရင်တော့ ငိုမှာပဲ••••"
"ကလေးဆိုးလေး••••••အဲဒါတွေကြောင့်ချစ်နေရတာ
သိလား•••••"
"ကိုကို••••••"
"ဗျာ••••••"
"ကိုကိုက မေမေနဲ့နှစ်ယောက်ထဲ နေတာပေါ့"
"ဟုတ်တယ်••••••ညချမ်း•••••ကိုကိုတို့ပြန်ရအောင်
လေ။အချိန်တောင်အတော်လင့်နေပြီ"
"ဟုတ်ကဲ့ ကိုကို"
အချစ်သည် တစ်ကမ္ဘာ။အချစ်သည်အရာ
ရာဖြစ်၍နေလေတော့၏။အချစ်ကြောင့်ကမ္ဘာကြီး
က လှပသာယာနေပေသည်။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
"ဘော့စ်••••••••"
"ပြော••••••••••••"
"ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ•••••••"
"ခဏ•••မင်းတို့ ဘာမှ မလှုပ်ရှားနဲ့ဉီး"
"ဟုတ်ကဲ့ပါ ဘော့စ်"
မစ္စတာဂျေတစ်ယောက် ထိုင်လျက်ကနေ
ထောင့်စားပွဲကို ကြည့်နေခြင်းပါ။ဒီပွဲကို တက်ရောက်ခဲ့တာက သူ့မိတ်ဆွေတစ်ဉီးကြောင့်ပင်။
ဒီမှာ နေလာတာ ကြာနေတော့ သူ့လို စီးပွားရေး
သမား ကို အားလုံး သိနေကြပြီ။
"ဟော•••••••••ဟိုကောင်လေးကို တွဲသွားကြပြီ"
သူ ကြည့်နေတုန်းမှာ ကောင်လေးကို
တွဲသွားကြပြီ။မရိုးသားခြင်းတစ်ခုမှန်း ရိမ်မိနေသဖြင့် ဂျေ လှုပ်ရှားဖို့ ပြင်လိုက်သည်။
"အဲလ်တော့••••••• သွား•••••"
"ဟုတ် ဘော့စ်"
တပည့်ဖြစ်သူ အဲလ်တော့ကို လွှတ်
လိုက်သည်။အဲလ်တော့ လိုက်သွားပြီ မကြာ
လိုက်•••••ဟိုအုပ်စုပြန်ထွက်လာကြတာ ရယ်
ချဲ့ချဲ့ ရုပ်တြွေဖင့်။ပွဲမှာ အားလုံးက ကိုယ့်
အုပ်စုနဲ့ ကိုယ်မို့ ဘာမှ မရိမ်မိလိုက်ကြ။သူ
ထိုင်နေရာကနေ ထလိုက်တော့ နောက်က
တပည့် သုံးဉီးပါ ပါလာ၏။
အဲလ်တော့ရဲ့ အစွမ်းအစကိုယုံကြည်
ပြီးသားမို့ ထိုနေရာကနေပြန်လာခဲ့တာပါ။နောက်
ဆယ်မိနစ်အတွင်း ကိစ္စပြီးသွားမှာ။နောက်ကိုလှည့်
မကြည့်တော့ပဲ တပည့်တွေ ခြံရံကာ ထွက်လာ
ခဲ့သည်။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
"နိုးပြီးလား •••••••••••••"
ဖြတ်ခနဲ နိုးလာသည်နှင့် ပထမဆုံး
ကြားလိုက်ရသည်က ကြည်လင်သြရှကာ ထက်
မြက်သည့် အသံပင်။အသံလာရာကို ကြည့်မိတော့
ပြတင်းတံခါးတွင်ကျောခိုင်းရပ်နေသည့် လူတစ်
ဉီး။အနက်ရောင် စတိုင်ပန့်ကို အဖြူရောင်စွပ်တာ
နှင့် တွဲဖက် ဝတ်ထားသည့် လူ••••။ကျစ်လစ်
တောင့်တင်းသည့် ကိုယ်ဟန်နှင့် လူရွယ်တစ်ဉီး
ပဲ ဖြစ်လိမ့်မည်။
"ကျွန်တော် ဘယ်ရောက်နေတာလဲ••••"
"မင်း•••••••ဘယ်ရောက်နေတယ်ဆိုတာထက်••••
မာယာကြားက လွတ်လာတာကို ကျေနပ်ဖို့
ကောင်းတယ်••••မောင်ရင်"
"ကျွန်တော့်ကို ကယ်လာတဲ့ အတွက်ကျေးဇူးပါ
•••။ခု•••ကျွန်တော်နိုးပြီဆိုတော့ပြန်ပါဉီးမယ်။
ဒါထက်••••ကျွန်တော့်ကိုကူညီခဲ့တဲ့ မစ္စတာနာမည်
လေးတစ်ချက်လောက်ပြောပါလား"
"ဂျေ••••••••"
"ဟုတ်ကဲ့••••ကျေးဇူးပါ မစ္စတာဂျေ••••။ကျွန်တော့်
ကို ခွင့်ပြုပါဉီး••••။မစ္စတာရဲ့ ကျေးဇူးကို ဘယ်တော့မှမမေ့ပါဘူး။တစ်နေ့နေ့မှ ပြန်ဆပ်ခွင့်
ရချင်ပါတယ်"
"ကောင်းပြီ•••••"
အခန်းထဲက ထွက်ခဲ့ရင်း သတိထား
လိုက်မိသည်က ဂျေဆိုသည့် လူ၏လက်မှ
အမှတ်တစ်ခုကိုပါ။ခါးထောက်ထားသဖြင့်
ရှင်းလင်းနေသည့် အနက်ရောင်အကွက်က
လက်မောင်းမှာ ထင်းနေ၏။တစ်နေ့မှာ ကျေးဇူး
ဆပ်ခွင့် ကြုံချင်ပါတယ် ဂျေ။ဂျေရဲ့ မျက်နှာကို
ဘာကြောင့်မြင်ခွင့် မရခဲ့တာလဲ။ရေစက်ဆိုရင်
တစ်နေ့နေ့မှာ ကြုံရပေဉီးမည်။
အခန်းထဲက ထွက်ကတည်းက အစောင့်တွေနဲ့ ရင်ဆိုင်ရပြီး သူ့ကို လွယ်လွယ်ထွက်
ခွင့်ပေးထား၏။သေနတ်တွေကိုယ်စီဖြင့် ရှိနေသည့်
အစောင့်များက သူ့ကို စူးစမ်းသလိုကြည့်နေပြီး
ဘာစကားမှတော့ မဆိုပါ။သေချာတာကတော့
ဂျေသည် တကယ့်သူဌေးတစ်ဉီးပင်။ခမ်းနား
ထည်ဝါသည့် အိမ်ကြီးက ထွက်ခဲ့ပြီး အဝရောက်
တော့ ကားတစ်စီးက အသင့်ရပ်နေကာ သူ့ကို
ပြန်ပို့ပေးခဲ့သည်။
သူ့ကိုကူညီပေးခဲ့သည့် မစ္စတာဂျေကို
ကျေးဇူးတင်နေမိသလို••••ယုတ်မာကာ အကြံကြီး
သည့် ယူမီနဲ့ သူငယ်ချင်းများကို နာကြည်းခြင်း
များဖြစ်ပေါ်မိတာ အမှန်ပင်။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
"ရွှီး••••••••••ရွှီး••••••••••••"
"ဟာ••••••••••"
ခြံစည်းရိုးနားမှာရပ်ကာ တွေဝေနေ
မိစဥ်•••••တရွှီးရွှီး အသံနှင့် အတူ ရေများပြေးစင်လာကာ ထော တစ်ကိုယ်လုံးကို ရေများစိုရွှဲကုန်
ရပြီ။တစ်ဖက်ခြံဆီက လာမှန်းသိလိုက်သည်မို့
အုတ်တံတိုင်းနားကပ်ကာ တစ်ဖက်ခြံကိုကျော်
ကြည့်မိစဥ်••••••။
"ဟင်•••••••••ကိုကို••••••အဲ•••••••ကိုထော"
ဒီဖက်မှာ ညချမ်းရေလောင်းနေတာပါ။ပန်းပင်လေးတွေကို ရေပိုက်နဲ့ထိုးကာ လောင်း
နေရင်း အုတ်တံတိုင်းပေါ်တွယ်ကပ်နေသည့်
အပင်တွေကို ရေပိုက်နဲ့ မော့အထိုးမှာ တစ်ဖက်မှ
အသံကိုကြားလိုက်ရ၏။ကြည်လင်ပြတ်သားသည့်
အသံ••••တစ်နည်းပြောရရင် ယောကျ်ားပျိုတစ်
ယောက်၏အလန့်တကြားကြားလိုက်မှ ဟိုဖက်မှာ
လူရှိနေမှန်းသတိထားလိုက်မိသည်။လက်ထဲကရေ
ပိုက်တန်းလန်းဖြင့် ခြေဖျားလေးထောင့်ကာ
မော့အကြည့်•••••မြင်လိုက်ရသည့် မျက်နှာတစ်ခု
ကြောင့် နှလုံးသွေးများ ခေတ္တရပ်တန့်သွားရ၏။
ကိုကို•••••လို့ ယောင်ခေါ်မိပြီးမှ ပြန်ပြင်လိုက်
ရသည်။သူ့မျက်နှာမှာတော့ ဘာမှ ပြောင်းလဲ
ဖြစ်တည်ခြင်းမျိုးမှ ရှိမနေပါ။
"ဟေ့•••••••စောစောက ရေနဲ့ပက်တာမင်းလား"
"ရှင်•••••••••••••"
ထော•••••သူမကိုမြင်လိုက်ရတော့
အတိုင်းမသိပျော်သွားရ၏။မနေ့ကမှ မြန်မာပြည်ကို ပြန်လည်ခြေချဖြစ်ခဲ့တာ။ရောက်တယ်ဆို
ပင်ပန်းနေတာမို့ သူမဆီကိုမရောက်ဖြစ်ခဲ့သလို
ညနေပိုင်း ပါလာသည့် လက်ဆောင်များနှင့်
ရောက်ခဲ့တော့ သူမလေးက အိမ်မှာ ရှိမနေခဲ့။
ညနေအတော်စောင်းမှ ထောလည်း လူကြီးများ
ကိုနှုတ်ဆက်ကာ ပြန်ခဲ့သည့်အထိ သူမက ပြန်
မလာသေးပေ။သူပြန်လာပြီး ဆယ့်ငါးမိနစ်လောက်မှ သူမကားလေးပြန်ဝင်လာတာကို
ဝရန်တာကနေ လှမ်းမြင်လိုက်ရ၏။အဝေးကလှမ်း
မြင်လိုက်ထဲက သူမပုံစံက အတော်ချစ်စရာကောင်းနေသည်။ခုလို အနီးကပ်မြင်ခွင့်ရတော့
သူမလေးက ဘာမှထွေထွေထူးထူး မပြောင်းလဲ
ပဲ အရင်လို ချစ်စရာကောင်းနေပြီး••••လှလာ
သည်ကတော့ အမှန်ပင်။
ထောအကျင့်ကလည်း ဘာလဲ မသိပါ။
ညချမ်းကိုမြင်သည်နှင့် စချင်နေပြီး•••သူ့ကို
ကိုကိုလို့ခေါ်ပြီးမှ ချက်ချင်းပြောင်းလဲသွားကာ
ကိုထောလို့ ခပ်ဆောင့်ဆောင့်ခေါ်သံလေးက
ကလေးစိတ်မကုန်တာသိသာ၍နေသည်။သူမကို
လည်း သူစချင်သွားကာ မှင်သေသေဖြင့်ပြော
လိုက်တော့ သူမလေး အံ့သြသွားတာ ဖုံးမရဖိ
မရပါ။
"ဟေ့••••••လုပ်တုန်းကလုပ်ပြီး ခုမှ ဘာကြောင်
ကြည့်နေတာလဲ•••••။ဒီမှာ စိုကုန်ပြီ မင်းဘယ်လို
လုပ်လိုက်တာလဲ"
ရှင်ကြီး တကယ်မသိတော့တာလား ••••
မသိချင်ယောင်ဆောင်နေတာလား ကိုကိုထော။
တံတိုင်းကိုကျော်ကြည့်ကာ ရှူတည်တည်ပြောနေပုံ
က ပြေးကုတ်ဆွဲချင်စရာ။ညလေးကိုများ တစ်စိမ်းလိုပြောဆိုနေတာ။
"မတော်လို့ ဖြစ်သွားတာပါ•••••တောင်းပန်ပါတယ်
နော်"
တင်တင်စီးစီးဟန်ပန်ကို သဘောမကျပေ
မယ့် ညချမ်းဘက်ကမှားတာမို့ စိတ်ကောင်း
လေးထားကာတောင်းပန်လိုက်ပေမယ့်•••••••။
"လုပ်ချင်တာလုပ်ပြီး•••••ဒီလိုတောင်းပန်လို့
ရသလားကွ•••••။ခု ကိုယ့်အဝတ်တွေစိုကုန်တာ
မင်း ဘယ်လိုတာဝန်ယူမလဲ"
"ညလေး တကယ်တောင်းပန်ပါတယ်။ပြန်လျှော်
ဆိုလည်း လျှော်ပေးပါ့မယ်နော်"
မျက်နှာလေးအောက်ချကာ ခပ်ငုံ့ငုံ့ပြော
နေသည့် ဟန်လေးက ပြေးဖက်နမ်းချင်စရာ။
ရိုင်းစိုင်းတဲ့ အတွေးမဟုတ်ပါ•••ညလေးကိုမြင်တော့
အသည်းယားလွန်းကာ ချစ်မြတ်နိုးသည့်စိတ်
ကြောင့် တွေးမိလိုက်ခြင်းပင်။ညလေးရယ်••••
မင်းတကယ်ချစ်ဖို့ကောင်းတယ်။ကိုကို မင်းကို
အရမ်းလွမ်းနေတာ မင်းရော ကိုကို့ကိုလွမ်းနေ
လား ကလေးလေး။
"လျှော်ပေးမယ် ဟုတ်လား•••••။မင်းလုပ်တုန်းက
လုပ်ပြီးတော့ကွာ။ကဲ••••လျှော်ပေးစရာမလိုဘူး။
ရေပိုက် ပေး"
"ရှင်•••••"
ရယ်ချင်နေသည့် မျက်နှာကို တည်ထားကာ
သူမလက်ထဲက ရေပိုက်ကို လှမ်းတောင်းလိုက်
တော့ ညချမ်း••••ကြောင်ငေးသွားပြန်၏။
"ရေပိုက်•••••ရေပိုက်ခဏ••••••"
"ဘာလုပ်မလို့လဲ••••••"
"သြော်••••••ခဏလေးပါဆိုကွာ•••••"
သူ လှမ်းတောင်းတော့ ညချမ်းက အံ့သြ
သလို ဖြင့်ပြန်မေးနေ၏။သူ ခပ်တည်တည်ဖြင့်
ပြောလိုက်မှ ရေပိုက်ကို တံတိုင်းပေါ်ကျော်အပေး
ဖွင့်ထားသည့် ရေတွေက ထောမျက်နှာနှင့် ရင်
ဘတ်ကိုပြေးမှန်ကုန်ပြန်သည်။
"ဟာ•••••••မင်း ဘယ်လိုပေးတာလဲ"
"ဒီလိုပဲ ပေးတာလေ။ဘယ်လို ပေးလို့လဲ"
"ဒီမှာစိုကုန်ပြန်ပြီတွေ့လား"
"ရှင်က ရေမထိမင်းသားလား။ဒီလောက်ရေလေး
စိုတာကို များဖြစ်ပျက်နေလိုက်တာ။မိန်းမကြီးကျ
နေတာပဲ ပွစိပွစိိနဲ့••••ဟင်း•••••"
နှုတ်ခမ်းလေးမဲ့ကာ မျက်စောင်းထိုး၍ပြော
လာသည့် ညချမ်းကို ထောအသည်းယားသွားကာ
လက်က အလိုလို လှုပ်ရှားသွား၏။
"ရွှီး••••••••••••"
"အား•••••••••ရှင် ဘာလုပ်တာလဲ။အား••••သွားပြီ
သွားပြီ ဒီမှာ စိုကုန်ပြီ•••။ရှင်ကြီး••••••"
"ရေစိုတဲ့ ခံစားချက်လေးကို အမိတစ်စိတ်•••
ကိုယ်ချင်းစာပေါ့။ရော့••••"
"တောက်•••••လူပါးဝလိုက်တာ။ရှင် နေဦး•••
မပြန်နဲ့ဦး ။ရှင်နဲ့ ညလေးရှင်းမယ်။လူယုတ်မာ
အား•••••စိုကုန်ပြီ•••။ဟင့်••••ဟင့် ကုန်ပါပြီ"
ရေပိုက်ကို တံတိုင်းပေါ်လှမ်းထိုးတင်ကာ
ထော လှည့်ပြန်ခဲ့သည့် အထိ ညချမ်းတစ်ယောက်စွေ့စွေ့ခုန်ကျန်ခဲ့သည်။ဒေါသတကြီး
ပြောဆိုနေသံတွေပါ ကပ်ပါလာ၏။ဒါတွေကိုပဲ
ထော နှစ်သက်နေမိတာ ဘယ်လို ခံစားချက်လဲ။
ညချမ်း ဒေါသတကြီးပြောဆိုနေတာလေးကိုချစ်
နေတာ သူ့ကိုရူးတယ်ဆိုကြမလား။သူကတော့
အမှန်ပင်•••သူမဆီက ရန်တွေ့သံလေးကို ကြိုက်
တာ။ခုလို ဒေါသတကြီးနဲ့ အော်ပြောနေတဲ့အသံ
လေးကြားခွင့်ရှိအောင် လုပ်ပြစ်လိုက်တာပါ။
သူမဆီက ခပ်စိမ်းစိမ်းဆက်ဆံရေးထက် ခုလို
ရန်တွေ့သံလေးက ပိုအဓိပ္ပါယ်ရှိလေသည်။
~~~~ညလေး မင်း ဘာမှကို မပြောင်းလဲဘူး။
ကိုကို့ ကလေးဆိုးလေး အရမ်းချစ်ဖို့ကောင်း
တယ်ကွာ~~~
အပိုင်း(၁၁)ဆက်ရန်👉👉👉👉👉
စာဖတ်သူများကို အစဥ်လေးစားလျက်
#ဖက်ဖူးစိမ်း