book

Index 1

အပိုင်း(၁)

💚💚အစိမ်းရောင်ကမ္ဘာငယ်လေး💚💚           



``ဘယ်လို°°°°သားငယ် ပြန်ပြောစမ်း´´


``ကျွန်တော်°°°°နှင်းကိုမလိုချင်ဘူးလို့

ပြောတာပါ မေမေ´´


``ဘာ°°°°မင်းက ဘာကြောင့် သမီးနှင်း

ကို အလိုချင်ရတာလဲ။ပြောစမ်းပါဉီး

ဆောင်းလေပြည်´´


      ဒေါ်စိန်မြကြီး၏ရှေ့မှာ ထိုင်နေပေမယ့် 

ဆောင်းလေပြည်စိတ်တွေက ဆုံး

ဖြတ်ချက်ကို အခိုင်အမာ ချနေ၏။


``နှင်းကိုကျွန်တော်မချစ်ဘူး မေမေ။

နှင်းကို သူငယ်ချင်းတစ်ယောက်ထက်

မပိုနိုင်တာ မေမေနားလည်ပေးပါ´´


``နားမလည်ဘူး°°°°ငါက ဘာ​ကြောင့်

နားလည်ပေးရမှာလဲ။မိဘက လက်နဲ့

ရေးတာကို မင်းက ခြေနဲ့ဖျက်ချင်သ

လား ဆောင်းလေပြည်။မဂ်လာကိစ္စ

တွေ အားလုံးစီစဉ်ပြီမှ မင်း°°ဒါ ဘာ

အချိုးချိုးတာလဲ´´


``ကျွန်တော် ပြာ့ကိုပဲ လက်ထပ်မယ်။

ပြာ့ကိုဘဲ ကျွန်တော်ချစ်တယ်မေမေ´´


``ဘာ °°°မင်းက ညိုပြာညက်ကို ယူ

မယ်ဟုတ်လား။မယူရဘူး။သူက မင်း

အဆင့်အတန်းနဲ့တူသလား တန်သလား

မြင့်စေချင်လို့ ငါက အမြင့်ပေါ်တင်ပေး

တာကို မင်းက ခုန်ချချင်တာလား°°°

ခုချက်ချင်း ညိုပြာညက်ကို အဆက်ဖြတ်ပါ။ငါ သဘောတူတဲ့

နှင်းစက်အိမ်ကိုပဲ မင်းလက်ထပ်ရမယ်။

ကြားလား°°°သားငယ်´´


      ဒေါ်စိန်မြကြီး၏တစ်ချက်လွှတ်

အမိန့်ကြောင့် ဆောင်းလေပြည်မျက်နှာ

မှာ စိတ်ရှုပ်မှုတို့ဖြင့် ပျက်ယွင်းသွား၏။


``ဒီတစ်ခါတော့မေမေ့စကားကို ကျွန်တော်ဆန့်ကျင်ပါရစေ။ပြာနဲ့ကျွန်တော့်ကို ခွဲဖို့ မကြိုးစားပါနဲ့။ကျွန်တော်

ပြာကလွဲပြီး ဘယ်သူ့ကိုမှ မယူဘူး

မေမေ´´


``ဘာ°°°°°°´´


        ထိုင်နေရာမှ ဝုန်းခနဲထလိုက်ကာ

မီးဝင်းဝင်းတောက်နေသည့် မျက်လုံး

တို့ဖြင့် သူ့ကို ကြည့်လာကာ°°°°°။


``မင်းက အရွယ်ရောက်လာပြီ။ငါ အတောင်စုံပြီ ဆိုပြီးမိဘရင်ကိုစုံကန်

 ချင်နေပြီပေါ့လေ ဟုတ်လား ဆောင်းလေပြည်´´


``မဟုတ်ဘူး  မေမေ။မေမေမှားနေပြီ

ပြာ့ကိုချစ်တာ ဘာအပြစ်ရှိလို့လဲ။

ကျွန်တော်ချစ်တဲ့သူကို ကျွန်တော်

လက်ထပ်ချင်တာ မှားသလား မေမေ´´


``အေး°°°မှားတယ် အစထဲက ကိုယ်နဲ့

အဆင့်အတန်းမတူတဲ့သူကို မင်းမချစ်

သင့်တာ မသိဘူးလား။မိခင်မုဆိုးမကြီး

နှင့် ဘဝကိုရုန်းကန်နေရတဲ့ မိန်းကလေး

မျိုးကို မင်းက ချစ်သတဲ့လား သားငယ်´´


``အချစ်မှာ အဆင့်အတန်းတွေ စည်းစိမ် ဥစ္စာတွေမှ မလိုတာ မေမေ။

ပြာ့ကိုချစ်တာ နှလုံးသားအလိုဆန္ဒအတိုင်းပါ။သူကလည်း ကျွန်တော့်ကို

ချစ်တယ် ´´


      ဆောင်းလေပြည် စကားကြောင့်

ဒေါ်စိန်မြကြီး နှုတ်ခမ်းမှာ သရော်ပြုံး

ထင်သွားကာ°°°°။


``မင်က°°°သူ မင်းကိုတကယ်မေတ္တာ

စစ် မေတ္တာမှန်နဲ့ချစ်တာလို့ယုံနေတာလား သားငယ်။သူ့လို ဆင်းရဲတဲ့ မိန်းမ

က မင်းလို သူဌေးသားတစ်ယောက်ကို

တကယ်ချစ်တယ် မင်းထင်သလား°°°။

သူတို့လို ဆင်းရဲသားတွေဟာ ချမ်းသာ

ဖို့တစ်ခုအတွက် ဘာမဆိုလုပ်ရဲကြတယ်။သူဌေးသားတစ်ယောက်ကိုနည်း

မျိုးစုံနဲ့ အချဉ်ဖမ်းဖို့လည်း ဝန်မလေး

ကြဘူး။ညိုပြာညက်လည်း ဒီအတိုင်း

ပဲ´´


``ပြာက အဲလို မိန်းကလေးမဟုတ်ဘူး

မေမေ။သူ ကျွန်တော့်ကို ချစ်တာဘာ

ပကာသနမှ မပါတဲ့ချစ်စစ်အချစ်မှန်နဲ့

ပါ´´


``မင်းက တကယ်ယုံကြည်နေတာလား

သားငယ်။အဆင့်အတန်းချင်း မတူနဲ့

မိန်းမတစ်ယောက်ကို လက်ထပ်ရင်

မင်းတို့အိမ်ထောင်ရေး သာယာမယ်

ထင်သလား။နိမ့်ကျတဲ့ အဆင့်အတန်း

က သူတွေရဲ့ စိတ်ဓာတ်ဟာ သူတို့နေထိုင်ပုံနဲ့ တစ်ထေရာထဲပဲ။ညိုပြာညက် ဘယ်လိုမိန်းကလေးမျိုးဆိုတာ

မေမေ မပြောချင်ဘူး သားငယ်။

မင်း သူ့ကို အဆက်ဖြတ်ပြီး နှင်းကို

လက်ထပ်ဖို့ စဉ်းစားပါ။မင်းနဲ့ ညိုပြာညက်ကို ဘယ်လိုမှ မေမေ သဘောမတူ

ဘူး။ရှေ့ဆက်တိုးဖို့ မကြိုးစားပါနဲ့။

သမီးနှင်းနဲ့ ကိစ္စကို မေမေတို့ အားလုံး

စီစဉ်ပြီးပြီ´´


``ကျွန်တော် လက်မခံနိုင်ဘူး မေမေ။

ခုချိန်မှာ ပြာ့ကိုလက်မထပ်လို့မဖြစ်

တော့လို့ပါ။နောက်ပြီးတော့ ပြာကလွဲ

ပြီးဘယ်သူ့ကိုမှ မချစ်နိုင်ဘူး မေမေ´´


``ဘာ   °°°°လက်မ ထပ်လို့မဖြစ်တော့

ဘူး°°°°ဟုတ်လား သားငယ်။ဒါ ဘာစကားလဲ°°°°´´


``ဟုတ်တယ်°°°မေမေ ပြာ့မှာ ကိုယ်ဝန်ရှိနေပြီ။ကျွန်တော် ပြာ့ကိုပဲ

လက်ထပ်မယ်´´


``မင်း°°°°°မင်း°°°°°ကိုယ်°°ကိုယ်°°ဝန်

ဟုတ်လား°°°°´´


       မျက်လုံးများပြူးကျယ်ဝိုင်းစက်

ကာ ထစ်ထစ်ငေါ့ငေါ့ဖြင့် မေးလာသည့်

ဒေါ်စိန်မြကြီးကြောင့် ဆောင်းလေပြည်

မိခင်စိတ်ဆင်းရဲအောင်လုပ်မိသွားသ

ဖြင့်စိတ်ထဲ ဝမ်းနည်းသွားရ၏။


``ကျွန်တော့်ကို  ခွင့်လွှတ်ပါ မေမေ။

ပြာ့မှာ ကိုယ်ဝန်လည်းရှိနေပြီ။သား

သူ့ကိုပဲလက်ထပ်ပါရစေ´´


``ဆောင်းလေပြည် °°°°သူလိုမိန်းကလေးမျိုးကို ငါတို့မိသားစုထဲ

လုံးဝ အဝင်မခံနိုင်ဘူး။ဘာ ကိုယ်ဝန်ပဲ

ရှိရှိ မင်း နှင်းကို လက်ထပ်ဖို့ပဲ စဉ်းစား

စမ်း။ကျန်တဲ့ကိစ္စ မေမေရှင်းမယ်´´


       သူ စိတ်ပျက်စွာ ခေါင်းခါရမ်းမိ၏။

မေမေရဲ့ အတ္တတွေကို သူကြောက်လာ

သည်။ချစ်ခြင်းတ္တောဆိုတာ အဆင့်အတန်းတွေနှင့် ဘာမှမဆိုင်တဲ့ သီးသန့်

ဖြစ်တည်မှုတစ်ခုဆိုတာကို မေမေ နား

လည်စေချင်တယ်။


``ကျွန်တော်တို့ မိသားစုထဲမှာ ပြာ့ကို

လက်မခံနိုင်လည်း ရပါတယ်မေမေ။

ကျွန်တော် ပြာ့ဘဝထဲကိုသွားမှာပါ။

မေမေ မကြည်ဖြူတဲ့ချွေးမကို ကျွန်တော်ဘယ်တော့မှ ကျွန်တော့်ဘဝ

ထဲ ဆွဲမသွင်းပါဘူး။ဒါပေမယ့် ပြာ့

မိသားစုကတော့ ကျွန်တော့်ကို အမြဲ

ကြိုဆိုနေပြီးသားပါ။မေမေ့ကို ကျွန်တော် ကန်တော့ခဲ့ပါတယ်´´


``ဆောင်းလေပြည်°°°°မင်း°°°မင်း°°´´


        သူ ထိုင်ကန်တော့နေစဉ်°°°°


``မေမေ°°°°°°မေမေ°°°°´´


``မင်း°°°°မင်း°°°°ငါသေမှ သွား°°°သွား´´

       ပြိုလဲကျလာသောမိခင်ဖြစ်သူကို

ပွေ့ထားရင်း သူပြာသွားရသည်။


``ကြီးခင်°°°°လာပါဉီး ဒီမှာ မေမေ ဘာ

ဖြစ်သွားတာလဲ မသိဘူး´´


        မိခင်ကို ပွေ့ကာ တစ်စာစာအော်

ခေါ်ရင်း ဆောင်းလေပြည်ကမ္ဘာပြို

နေရသည်။


``မေမေ°°°°°´´


      °°°°မေမေရယ် ကျွန်တော့် ကိုအခက်တွေ့အောင်လုပ်နေတာလား

ဗျာ°°°°°။ကျွန်တော် ပြာ့ကိုလည်း မခွဲ

နိုင်ဘူး။မေမေ့ကိုလည်း အဆုံးရှုံမခံနိုင်

ဘူး။ကျွန်တော် ဘာလုပ်ရမလဲ မေမေ။

ကျွန်တော် ဘာလုပ်သင့်သလဲ°°°°°။


~~~~~~~     ~~~~~~~~~


      ကျယ်ဝန်းသော ခြံကြီးထဲရှိ ခမ်းနား

ထည်ဝါးစွာဆောက်လုပ်ထားသည့်

ခေတ်မှီလှပသော နှစ်ထပ်တိုက်ကြီး။

တင်းနစ်ကွင်း အပါအဝင် ရေကူးကန်၊

ဘန်ဂလိုများဖြင့် တစ်ခြံလုံးသစ်ခွမျိုး

စုံစိုက်ပျိုးထားသည်။


     ခြံကြီးထဲရှိ နှစ်ထပ်တိုက်ကြီး၏

အနောက်ဘက်တွင် အလုပ်သမား တန်း

လျားရှည်ကြီးလည်းရှိနေကာ။မာလီ ၊

ခြံစောင့် ၊အိမ်အကူ ၊driverအပါအဝင်

အလုပ်သမားပေါင်းစုံအတွက် ဆောက်

လုပ်ပေးထား၏။


      car show roomတွေ ကုမ္ပဏီကြီး

တွေပိုင်ဆိုင်ကာ ချမ်းသာသလောက်

စည်းကမ်းကြီးသည့် မိသားစု။KTN

မိသားစုဆို စီးပွားရေးလောကမှာ 

မသိသူမရှိ။လျှမ်းလျှမ်းတောက်ချမ်း

သာသလောက် မျိုးရိုးမာန်ကြီးသည့်

မိသားစုပါ။


      ခမ်းနားထည်ဝါသည့် အိမ်ကြီး၏

ဘေးရှိ ရေကူးကန်အနီးတွင် ဆယ်နှစ်

အရွယ် ကောင်လေးတစ်ယောက်°°°

ငှက်ရုပ်လေးတွေ ထိုင်ခေါက်နေ၏။

ဆယ်နှစ်သားဆိုပေမယ့် စူးတောက်

သည့် မျက်ဝန်းလေးတွေက ကလေးလေး ဘယ်လောက်ဉာဏ် ထက်မြက်

ကြောင်းပြောပြနေဖို့ပင်မလို။


       ယောက်ျားလေးတန်မဲ့ ဝိုင်းစက်

မည်းနက်နေသည့်မျက်နက်ဝန်းတွေကို

ရှည်လျားသည့်မျက်တောင်များဝိုင်းရံ

ကာ ထား၏။လုံးစင်းကာနေသည့်နှာ

တံ၏အောက်တွင် ရဲစိုနေသည့် နှုတ်ခမ်းတစ်စုံ။ထူထဲကာ အလယ်တွင်ထိဆက်လုမတတ်ဖြစ်နေသည့် 

မျက်ခုံးများနှင့်နှုတ်ခမ်းအစုံကို တင်း

တင်းစေ့ပိတ်ထားလျှင် ရယ်စရာပြော 

နေရင်တောင်  လိုက်ပါ​ရယ်မောဖို့

ခပ်လန့်လန့် ဖြစ်စေမည့် မျက်နှာထား

ပိုင်ရှင်။


      ဖြူဖွေးဝင်းနှစ်ကာနေသည့် အသား

ရောင် လေးနှင့် လူကုံထန် အသိုင်းအဝိုင်းမှ 

ကလေးလေးမှန်း

သိသာစေသည့်ရုပ်ရည်မျိုးပါ။နှာဖျား

မှာ နက်စိုစို မှဲ့လေးကလည်း သူ့ရုပ်

ကလေးကို ပိုကြည့်ကောင်းစေ၏။


 ``ကိုကို°°°°°´´


``°°°°°°°°°°°°´´


``ကိုကို ဘာလုပ်နေတာလဲဟင်°°°°´´


     ငှက်ရုပ်လေးတွေ စိတ်ရှည်လက်ရှည် ခေါက်နေသည့် ကောင်လေးနားကို ရှစ်နှစ်အရွယ် ကောင်မလေးရောက်လာ၏။ဖြူဖွေးဖွေးဝကစ်

ကစ်လေးနှင့် အလွန်ချစ်စရာကောင်းသည့် 

ကောင်မလေးသည် ကောင်လေးဘေးမှာ ထိုင်

လိုက်ရင်း °°°°°°°။


``ကိုကိုကလည်း°°°°ဘာလို့ အရောင်တစ်မျိုး

ထဲလုပ်နေတာလဲ´´


           ကောင်လေးက ကောင်မလေးကို တစ်ချက်

မှ မော့မကြည့်ဘဲ လက်ထဲက စက္ကူကိုသာ အရုပ်

ဖြစ်အောင်ခေါက်နေ၏။


``ကိုကို°°°°°ညလေးကိုလည်း ခေါက်ပေးဉီး

နော်´´


             ကောင်လေးလုပ်သမျှကို ထိုင်ကြည့်နေရင်း ပြောလိုက်သော ကောင်မလေးစကားကြောင့်

ကောင်လေးသည် လက်တစ်ဖက်ဖြင့် သူခေါက်ပြီး

သားငှက်ရုပ်လေးကိုယူကာ ကောင်မလေးကိုပေး

လိုကျ၏။


``ဟင်အင်း°°°°ညလေးက ဟို အရောင်လေးလိုချင်

တာ´´


             ကောင်လေးကမ်းပေးလာသည့် အရုပ်ကို

မယူဘဲ ရောင်စုံအထပ်လိုက်ရှိနေသည့် စက္ကူပုံကို

လက်ညှိုးထိုးပြ၏။ကောင်မလေး ပြသည့်အရောင်

လေးက ပန်းရောင်စက္ကူလေးပါ။


``တူတူဘဲဟာ။ရော့°°°ဒါပဲယူ´´


 ``ညလေး°°°ဒီအရောင်မကြိုက်ဘူး ကိုကို´´


                  အစိမ်းရောင် ငှက်ရုပ်လေးက လမ်း

တစ်ဝက်မှာ ရပ်တန့်နေရသည်။


``ဒါဆို ဘယ်အရောင်လဲ´´


``ဟို ပန်းရောင်လေး´´


        ကောင်လေးက ကောင်မလေးပြသည့် ပန်း

ရောင်စက္ကူလေးကို ယူလိုက်ကာ စတင်ခေါက်

နေ၏။


``ကိုကိုက ဘာလို့ အစိမ်းရောင်တစ်ခုထဲ ခေါက်

နေတာလဲ ဟင်´´


              ကောင်လေး ခေါက်နေတာကိုကြည့်နေ

ရင်း​ကောင်မလေးက မေးနေသည်။


``ကိုကိုက အစိမ်းရောင်ကြိုက်လို့ ဒီတစ်ရောင်ပဲ

ခေါက်တာ ညလေးရဲ့´´


``ဟင်°°°°ကိုကိုက ဘာလို့ အစိမ်းရောင်ကြိုက်

တာလဲ ဟင်  ကိုကို´´


``ကိုကို ကြိုက်ချင်လို့ကြိုက်တာပေါ့ ညလေးရာ´´


``အစိမ်းရာင်ဆိုတာစိမ်းတောက်ခြင်းတဲ့ ညလေး

ကြားဖူးတယ်´´


         ကောင်မလေးက နှုတ်ခမ်းမဲ့ကာ ပြောလိုက်

သဖြင့် ကောင်လေးက ပြုံးလိုက်ကာ°°°°°။


``ရော့  °°°°°ပြီးပြီ´´


``ဟင်အင်း°°°°ညလေး ကိုကိုခေါက်ပြီးသား အစိမ်းရောင်လေးပဲ ယူတော့မယ်´´


``ဖြစ်ရပြန်ပြီ  ဝက်ပေါက်မကတော့°°°°°´´


``ညလေးကို  အဲလို မခေါ်ပါနဲ့ မကြိုက်ပါဘူး´´


``ဝက်ပေါက်မမို့ ဝက်ပေါက်မခေါ်တာ နာစရာလား´´


``ကိုကိုနော်°°°°°°´´


``ညလေး  နင်ဟာလေတစ်နေ့တစ်ခြား ဝက်ကလေး

နဲ့ပိုပိုတူလာတယ် သိလား။ဟို မွေးပြီးစ ဝက်ပေါက်

လေးတွေလို မျက်နှာလေးက ဒီလို ဖြစ်နေတာ´´


``မဟုတ်ပဲနဲ့  ကိုကိုနော်´´


``ဟော°°°°ကြည့်ပါလား°°°°ပြောတော့လည်း

မကြိုက်ဘူး။ခုလိုပုံက တကယ့်ဝက်ပေါက်လေး

အတိုင်းပဲ´´


``ကဲဟယ်°°°°°´´


``ဟာ°°°°°ညလေး´´


             ကောင်လေးခေါက်ပြီးသား အရုပ်တွေ

ကို ရေကူးကန်ထဲ အကုန်ပြစ်ချပြစ်လိုက်သည့်

ကောင်မလေး။


``ဝက်ပုပ်မ°°°°ငါ့ အရုပ်တွေ ကုန်ပါပြီ။ဝက်အ

ကျင့်အိုလေးကွ°°°°ဟား°°°ဟား´´


``ကိုကို°°°°°°°´´


``ဝက်ကလေးရေ  လာ°°°လာ ကိုကို ကန်စွန်းခူး

ကျွေးမယ်´´


``ဟင့်°°°°ဟီး°°°°°´´


``ဝက် ငို ငိုနေတာ ကြည့်လည်း မကောင်းပါဘူး

ကွာ´´


``မေမေနဲ့ကို တိုင််မယ်°°°°ဟီး°°°°´´


``တိုင်​ပြောထူ ဗိုက်ကြီးပူ°°°ဟား°°°ဟား°°ဝက်

ဗိုက်ပူလေးဟေ့´´


``ဟီး°°°မေမေရေ´´


        ငို၍အနားက ပြေးထွက်သွားသည့်ကောင်မလေး၏ နောက်ပါးဆီက လှောင်ရယ်

သံနှင့်ရောသောစကားသံက ကပ်လျက်ပါလာ၏။


``ဝက်မ   အတိုင်အပြောထူလေးဟ°°°°´´


             အဲဒီလို အမြဲ အစအနောက်သန်သည့်

ကောင်လေးကို မုန်းတီးတဲ့စိတ်တွေ ကောင်မလေး

ရင်ထဲ တစ်စတစ်စ ထိုးဝင်လာလေသည်။


~~~~~~~~~~~~        ~~~~~~~~~~~~~


``မေမေနှင်းရေ°°°°မေမေနှင်း´´


``သမီးလေး°°°°ဘာဖြစ်လာတာလဲ´´


``ညလေး°°°°အဆင့်တစ်ရတယ် သိလား

မေမေနှင်း။ကိုကိုရော°°°ဟင်´´


``သမီး ကိုကို စာကျက်နေတယ် သမီးရဲ့´´


``ဟုတ်လား°°°°ညလေး သွားလိုက်ဦးမယ်°°´´


``အေး°°°အေး°°°°သမီး  သားက ဘန်ဂလို

ထဲမှာ´´


``ဟုတ်°°°°မေမေနှင်း´´


      ဂါဝန်လေး ဝဲခါသွားသည့် အထိ ပြေးထွက်သွား

သည့် ညချမ်းချိန်ခါ၏ကျောပြင်လေးကို နောက်

က ကြည့်ရင်း ဒေါ်နှင်းစက်အိမ်ပြုံးနေသည်ကို

ညချမ်းချိန်ခါမသိလိုက်ပါ။သူမ၏ခြေဦးတည်ရာ

က°°°တိုက်ကြီးဘေးရှိ ဘန်ဂလိုဆီသို့°°°°။


         တိတ်ဆိတ်ငြိမ်သက်သည့် သစ်ခွစင်များ၏

ကြရှိ ဘန်ဂလိုထဲသို့ ညလေး ပြေးဝင်ခဲ့သည်။

ဘန်ဂလို အတွင်းရှိ စားပွဲ ထိုင်ကာ စာကျက်နေ

သည့်  စည်းစိမ်ထော၏နောက်ကျောပြင်ကို

လက်နှင့် လှမ်းပုတ်ကာ°°°°။


``ကိုကို°°°°°´´´


``ဟာ°°°°°ဝက်ပေါက်လေး°°°°လန့်လိုက်တာ

ကွာ´´


``ကိုကိုနော်°°°°ညလေးက အကောင်းပြောမလို့

ကို´´


``ဝက်စကားလား°°°°°ကိုကိုနား မလည်ဘူးနော်´´


``တော်ပြီ  မပြောတော့ဘူး ပြန်တော့မယ်။

စည်းစိမ်ထော °°°°အစုတ်ပလုတ်ကြီး´´


``ကောက်တေးမ°°°°ပြန်တော့မလို့လား။နေစမ်း

ပါဦး မေးစရာရှိလို့´´


     ညလေး ​ပြန်ထွက်ဖို့ ခြေလှမ်းပြင်တော့ ထောက

ဆွဲထားကာ ပြုံးစိစိဖြင့်°°°°°။


``ထိုင်ပါဦး°°°°ကိုကို မေးစရာရှိလို့ပါ´´


     ညလေး °°°ထော ဆွဲပေးသည့်ခုံမှာ ဆူပုတ်

ပုတ်လေးဝင်ထိုင်ရင်း°°°°။


``ဘာမေးမှာလဲ°°°မြန်မြန်မေး´´


``နှုတ်ခမ်းကြီး ဆူနေတာ လှလည်း မလှပဲနဲ့´´


``အ°°°°ကိုကိုနော်°°°´´


    ဆူနေသည့် နှုတ်ခမ်းလေးကိုဆွဲလိမ်လိုက်တာမို့

ညလေး°°နာသွားရသည်။


``ပြန်မယ်°°°´´


``နေပါဦး°°°ညလေး  နင်မကြွားတော့ဘူးလား´´


``စည်းစိမ်ထော°°°°°´´


           ညလေး  အသားကုန်အော်ပြစ်တော့ ထော

က နားနှစ်ဖက်ကိုပိတ်ကာလိုက်ရင်း°°°°။


``ဝက်အော်သံကလည်း စူးနေတာပဲ´´


``စည်းစိမ်ထောနော်°°°°´´


``ဘာလဲ°°°°´´


``မုန်းတယ်သိလား°°°´´


``ဘယ်သူက ချစ်ခိုင်းနေလို့လဲ။နေစမ်းပါဦး

ညချမ်းချိန်ခါ  နင်°°ငါ့ကိုကျိတ်ကြွေနေတာ

လား။ဒါဆိုရင်တော့°°°ဆော်ရီးပဲ°°°ငါက

မင်းလို ဝတုတ်မ ပုံဆိုးပန်းဆိုးတွေကို စိတ်ကို

မကူးဘူး°°°´´


``အား°°°°°°´´


      ညလေးကို  ခါးကိုကိုင်းကာ အော်လိုက်တော့

ထောက နားကို နောက်တစ်ခါပိတ်ရင်းဖြင့်°°°။


``မေမေရေ°°°°သားစာကျက်တဲ့ နားမှာ ညလေး

ဝက်ရူးပြန်နေလို့°°°သော့ယူခဲ့ပါဦးဗျို့´´


``အယုတ်တမာကြီး°°°°ဟီး°°ဟီး°°°အကျင့်ပုတ်

ကြီး ဒီနှစ်ဆယ်တန်းမအောင်ပါစေနဲ့´´


``ဟား°°°ဟား°°°°ဝက်ရူးပြန်နေတဲ့သူကကျိန်

တတ်သားပဲ။ဝက်ကျိန်စာတော့ မကြောက်သေး

ဘူး´´


         ဝကစ်ကစ်ကိုယ်လုံးလေးဖြင့် သူ့နားက

ဒေါသ တကြီး ပြေးထွက်သွားသည့် ညလေး

၏ကျောပြင်လေးကို ကြည့်ကာ ထော သဘော

ကျစွာ ရယ်လိုက်မိသည်။


°°°°တကယ်ပါ°°တကယ်ကို ချစ်ဖို့ကောင်းတယ်

ညလေး°°°ငါ့စိတ်တွေ မင်းကြာင့် ကြည်လင်သွား

ရပြီ။မင်းက ချစ်စရာ ဝက်ပေါက်လေးလိုပဲ။

စလို့ တကယ်ကောင်းတယ် သိလား။ခုလို ဒေါသ

တကြီး ​ပြောဆိုသွားတာ တကယ့် အစွာလေးပဲ။

ဝက်ပေါက်လေးပြောလည်း မကြိုက်ဘူး°°°


          ထော°°°ကျက်လက်စ စာတွေကို ဆက်ကျက်နေရင်း  ညလေး ပုံစံလေးကိုမြင်ယောင်

ကာ ရယ်မိပြန်၏။စာကျက်နေရင်း ရယ်ချင်နေ

သဖြင့် ခေါင်းလေးကို ခါးရမ်းလိုက်ရင်း°°°စာ

ဆက်ကျက်နေသည်။


°°°°ဝက်ပေါက် အဆိုးလေး°°°တကယ်ဆိုးတယ်ကွာ။စာကျက်နေတာတောင် လာနှောက်ယှက်နေ

တယ်°°°°


~~~~~~~~~~~~        ~~~~~~~~~~~~~


``ညလေး°°°°°ညလေး°°°ခဏ´´


``°°°°°°°°°°°°°°°´´


``ညလေး°°°°´´


``°°°°°°°°°°°°°°´´


       ထောတို့ခြံနှင့် ညလေးတို့ခြံသည် ကျောချင်း

ကပ်လျက်။ကျောချင်းကပ်လျက် မို့ ခြံချင်းကပ်

နေပေမယ့် အိမ်မျက်နှာစာတွေက တစ်ဖက်စီမှာ။

ထောတို့ အိမ်ကနေ ညလေးတို့ အိမ်ကို သွားလျှင်

လမ်းကို တစ်ပတ်ပတ်ရ၏။နီးလျက်နှင့်ဝေးရ

သည့် အဖြစ်။


     ဒါပေမယ့် ထောတို့ ခြံစည်းရိုးနားကပ်လိုက်လျှင်

ညလေး စာအမြဲလာကျက်သည့် စားပွဲဝိုင်းလေးနှင့်

ကပ်သွား၏။ခုလဲ°°°°စားပွဲပေါ်စာအုပ်တင်၍

ထိုင်ခုံပေါ် ​တမယ်လင်ချိတ် ထိုင်ကာ စာကျက်နေ

သည့် ညလေးကို ခြံစည်းရိုး အုတ်တံတိုင်းပေါ်

ခေါင်းကျော်၍ ထောခေါ်လိုက်သည်။


      ပထမတော့ ညလေးက လုံးဝလှည့်မကြည့်°°။


``ညလေး°°°°ဟေ့°°°ညလေး´´


``ဟင်°°°´´


       ကြားသွားပြီး ညလေးလှည့်ကာ°°ဘာလဲ

ဆိုသည့် သဘောဖြင့် မေးဆတ်ပြ၏။


``လာ°°°ဒီနားကို  ကိုကို ညလေးကို ပေးစရာရှိ

လို့´´


``ဘာလဲ°°°ကိုကို´´


``ဒီနားကို°°လာပါဆိုကွာ´´


``သူများ°°°စာကျက်နေတာကို°°°´´


       ညလေး ဘောက်စပ်စပ်လေးနှင့် အုတ်တံတိုင်း

နားလျှောက်လာ၏။


``နောက်ပြီးကျ ပြန်ကျက်လည်း ရပါတယ်ကွာ°°

ပေးစရာရှိလို့ပါဆို°°°။မယူဘူးလား´´


``ဘာပေးမလို့လဲ°°°ကိုကို´´


       မယူဘူးလားဟု ဆိုကာ ပြန်လှည့်ဖို့ပြင်နေသည့်

ထော ကို ညလေးမမှီမကမ်းလှမ်းကြည့်မိ၏။

အရပ်ကြီးရှည်သည့် ထောမှာ အုတ်တံတိုင်းပေါ်

ခေါင်းကျော်ကာ လက်တစ်ဖက်ပါ လှမ်းတင်

နိုင်ပေမယ့် ညလေးမှာ ထော ခေါင်းကို မြင်ရဖို့

ခြေဖျားထောက်ထားရသည်။


``စောစောကတော့ မယူချင်ဘူးဆို´´


``ညလေး မယူဘူးလို့မပြောပါဘူးနော်။စာကျက်

နေတာလို့ပဲ ပြောပြတာကို´´


``မလိုချင်ရှာဘူးပဲ°°°°´´


``ကဲပါ°°°ဘာပေးမှာလဲ°°°မြန်မြန်ပေး ကိုကို´´


``လက်ဝါးဖြန့်ထား°°°´´


``ဟုတ်°°°´´


     ညလေး ခြေဖျားလေးထောက်လျက်ကနေ လက်

လေးကို ရှေ့သို့ဆန့် ထုတ်ကာ လက်ဖဝါးလေးဖြန့်

၍ ထားလိုက်သည်။


``ရော့°°°°မျက်စိမှိတ်ထား´´


``ဟင်°°°ဘာလို့ မှိတ်ရမှာလဲ´´


``ဘာလဲ°°°မလိုချင်ဘူးလား°°°။ရတယ်လေ°°

မယူနေပေါ့´´


``အဲ°°°°ယူမှာပေါ့°°°°မှိတ်ပြီ°°°မှိတ်ထားပါပြီ´´


       မျက်စိကိုစုံမှိတ်ကာ အော်လိုက်သည့် ကလေးဆန်သော ညလေးကိုကြည့်ကာ ထော

ကျိတ်ပြုံးလိုက်၏။


``ရော့°°°´´


       အုတ်တံတိုင်းပေါ်တင်ကာ လက်သီးဆုတ်ထား

သည့် ထော၏လက်ဟာ  ညလေး၏အသင့်ဖြန့်ထား

သည့် လက်ထဲကို တစ်စုံတစ်ခုထည့်ပေးလိုက်၏။

ထို အရာ ညလေး လက်ထဲ ရောက်လာသည်နှင့်°°°။


``ဟင်°°°ပျော့စိစိနဲ့ ဘာကြီးလဲ°°°´´


      ထော ရယ်ချင်စိတ်ကိုမြိုသိပ်ကာ°°°။


``အဟမ်း°°°မျက်စိဖွင့်လို့ရပြီ´´


      ထော စကားအဆုံး°°°သိချင်စိတ်ဖြင့် အလော

တကြီးဖွင့်ကြည့်လိုက်စဥ်°°°°°။


``အား°°°°°°°°°°°´´


အပိုင်း(၂)ဆက်ရန်


rate now: