🐰 ပန်းနုရောင် မူပိုင်ခွင့် 🐰(Best friend forever)
ဒီနေ့တော့ ကျောင်းပိတ်ရက်မို့ ယုန်တစ်ယောက် စာကြည့်စားပွဲ၌ထိုင်ကာ စဥ်းစားခန်းဝင်နေတော့၏။ စာကြည့်စားပွဲထိုင်လို့ စာအကြောင်း စဥ်းစားနေခြင်းတော့ မဟုတ်။ ခြံတံခါးရှေ့က ပဟေဠိလက်ဆောင်လေးတွေ အားလုံးကို စားပွဲပေါ်ဖြန့်ခင်းကာ ထိုင်ကြည့်နေခြင်းပင်။ အခုဆို စဥ်းစားစရာကပေါ်လာပြီလေ...မပြတ်မသားဖြေလိုက်တဲ့ 'မုန်းရန်ရှင်း'ရဲ့အဖြေစကားကြောင့် ယုန့်မှာ နေ့နေ့ညည ဒါပဲတွေးနေမိတော့တာ။ ဟိုဘက်အိမ်က သူတော်ကောင်းကလည်း ဘာမှသုံးစားမရ။ နည်းနည်းပါးပါး ကူကြည့်ပေးပါဆို...လက်ဆောင်ကသာရောက်ရောက်လာတယ်...တခါမှ သူမြင်လိုက်တယ်လို့ကိုမရှိ။ မေးလိုက်တိုင်း 'ဟင့်အင်း'ပဲ။
အေးလေ! သူနဲ့ ရှင်းက သိပ်အမြင်မကြည်ကြဘူးဆိုတော့ တကယ်လို့သာ အဲ့ဒီ့လူက 'ရှင်း'ဖြစ်နေမယ်ဆို ဒီကောင် မသိချင်ယောင်ဆောင်မှာသေချာတယ်။ တွေ့လည်း ငါ့မပြောပဲ လျှိုထားမှာ...ဟွန့်!
တွေးကာ ဆကာ မဲ့ကာ ရွဲ့ကာ မေတ္တာပို့နေစဥ် ခြံထဲသို့ ဝင်လာသော သူငယ်ချင်းကြီးကို အပေါ်ထပ်မှလှမ်းမြင်လိုက်ရသည်မို့ မျက်စောင်းလှမ်းထိုးလိုက်သေးသည်။ သို့သော် ထိုင်ရာက မထပဲ အရုပ်လေးတွေကိုသာ တစ်ခုချင်းကောက်ကိုင်ကြည့်ရင်း စာကဒ်လေးထဲက စာတွေကိုလည်းပြန်ဖတ်နေမိ၏။ ခဏကြာတော့ တံခါးခေါက်သံကြောင့် ယုန် တံခါးကိုသွားဖွင့်ပေးလိုက်ပြီး
""ဘာလာလုပ်တာ?""
""ငါ နင့်ကိုပြောစရာရှိလို့""
""ဘာတုန်း!""
""နောက်တစ်ပါတ် Sundayကဘာနေ့လဲသိလား""
""Sunday က Sundayပေါ့ဟယ်
ဘာတွေလာမေးနေတာလဲ?""
""ဟာ! အဲ့နေ့က January 11
ငါတို့နှစ်ယောက်ရဲ့ birthdayလေ""
""အမလေး! Birthdayကနှစ်တိုင်းရောက်နေတာကို...အဆန်းလုပ်လို့""
သူမစကားလေးကြောင့် kingစိတ်မကောင်းတော့ဖြစ်သွားရပါသည်။ ဟုတ်ပါတယ်...မွေးနေ့က နှစ်တိုင်းရောက်တယ်...ဒါဆန်းတော့မဆန်းဘူးပေါ့ ယုန်ရယ်...ဒါပေမယ့် နင်နဲ့ငါက မွေးနေ့တစ်ရက်တည်းဖြစ်နေတာကို ငါက ပျော်တာ။ နှစ်တိုင်း ငါတို့ရဲ့ မွေးနေ့လေးတွေကို အတူတူဖြတ်သန်းခဲ့ရတာ...ဒီလိုတိုက်ဆိုင်မှုလေးအတွက် ငါက ကံတရားကို အရမ်းကျေးဇူးတင်သလို ဒီရက်လေးကိုလည်းအရမ်းအလေးထားနေမိတာ။ နင်ကတော့ ငါနဲ့ပတ်သက်ရင် ဘာမှကို အလေးအနက်မထားဘူးနော်...။နင်က ငါ့ကို အနီးဆုံးမှာထားပြီး စည်းခြားထားတာကိုး...
ငါကလည်း အဲ့ဒီ့စည်းအပြင်မှာ နေရင်း နေရင်းကပဲ ချိုးဖောက်မိဖို့ အကြိမ်ကြိမ်စဥ်းစားနေမိတယ်...ငါကပဲ ဆိုးတာပါ။ သူငယ်ချင်းက သူငယ်ချင်းပေါ့...ဘာလို့များ ချစ်မိခဲ့ရလဲ
ဝန်မခံချင်ခဲ့ပါဘူး...သူမရှေ့မှာ ဝန်မခံချင်ခဲ့သလို ကိုယ့်စိတ်ကိုယ်တောင် လက်ခံဖို့မဝံ့ရဲခဲ့ပေမယ့် အချိန်ကြာလေ ပိုဆိုးလေပဲဖြစ်တော့မှာပါ...။
ဟုတ်တယ်...
ငါ နင့်ကို ချစ်နေတယ်...ငါ့ရဲ့ ငွေယုန်လေးရယ်...
""ဟယ်! ဘာပြာမို့လဲ ဆက်ပြောလေ
ဘာတွေစဥ်းစားနေတာတုန်း""
""အင်း! နင်အဲ့နေ့ကျ ဘယ်သွားချင်လဲ
ဘာလုပ်ချင်လဲ""
""မသိသေးဘူး...သေချာတာတော့ မုန့်တွေအများကြီးစားမယ်""
""မုန့်တွေအများကြီးက နင် နေ့တိုင်းစားနေတာပဲ""
""အင်း...ဒါဆို ထပ်စဥ်းစားကြည့်ဦးမယ်
နင်လည်း လက်ဆောင်ပြင်ထားနော်""
""အင်းပါ""
~~~~🍋🍋🍋🍋~~~~
""ရှင်း""
""ပြောလေ...ယုန်ရဲ့""
""ရှင်းက puzzleတွေသဘောကျလား""
""အင်း...ကိုယ်က လျှို့ဝှက်ရတဲ့ puzzleတွေကိုသဘောကျတယ်""
""ဒါဆို ကိုယ်တိုင်ရော လုပ်နေလား""
""ဘယ်လို!""
""ဟို...ယုန်ပြောချင်တာက ရှင်း ဒီအပြင်လောကမှာ အဲ့လို လျှို့လျှို့ဝှက်ဝှက်လုပ်ဖူးတာမျိုးရှိလားလို့""
ပြန်မဖြေပါ။ မေးတာကို မဖြေပဲ အဝေးတစ်နေရာသို့ ငေးကြည့်ရှောင်လွှဲသွားသည့် မျက်ဝန်းတို့က ဘယ်လို အဓိပ္ပါယ်ကိုသက်ရောက်စေပါသလဲ။ တကယ်ပဲ ရှင်လို့ ယုန် ယူဆလို့ရပါ့မလား...။ဒီထပ်ပိုပြီး ပွင့်ပွင့်လင်းလင်းမေးကြည့်ရင်ရော!
""ဟို!...""
""ဘုတ်!!!""
ရှင်းကိုတစ်ခုခုထပ်မေးရန် ဟန်ပြင်လိုက်စဥ် ပေါင်ပေါ်တင်ထားသည့် ယုန့်ရဲ့လွယ်အိတ်လေးက အောက်သို့လျှောကျသွားလေ၏။ နမော်နမဲ့နိုင်လှတဲ့ ယုန်က အိတ်ကို ဇစ်ပိတ်မထားမိခြင်းကြောင့် အထဲကပစ္စည်းတွေပါ ကရောသောပါး ထွက်ကျကုန်သည်မို့ မျက်လုံးပြူးကာ လိုက်ကောက်ရတော့သည်။
ရှင်းလည်း ယုန်လေးရဲ့ပစ္စည်းတွေကို လိုက်ကူကောက်ပေးရင်း သူ့ခြေထောက်အနား ကျရောက်လာသည့် တစ်စုံတစ်ရာကို စူးစမ်းလိုစိတ်ကြောင့် အမြန်ကောက်ကာ ဘောင်းဘီအိတ်ကပ်ထဲထည့်လိုက်ပြီးမှ တခြားပစ္စည်းတွေကို ဟန်မပျက်ဆက်ကောက်ပေးလိုက်၏။ ယုန်လေးကတော့ သူ့ပစ္စည်းတွေနဲ့သူ ရှုပ်ယှက်ခတ်နေတာမို့ ထိုလုပ်ရပ်အား သတိမမူမိခဲ့ပေ။
""ကျေးဇူးပါနော်...ရှင်း""
""ရပါတယ်ကွာ!""
""ဟိုလေ...ယုန်မေးမယ့်ဟာက...""
""အော်! မေ့နေလို့...မနက်ဖြန်ကျရင် ကိုယ်သွားစရာရှိလို့ ကျောင်းမတက်ဘူး...""
""အမ်! အော်...ဟုတ်လား?""
""ကိုယ်အတန်းသွားတက်တော့မယ် နော်""
ပြောလည်းပြောပြီး သူ အနားကထွက်သွားလေ၏။မဟုတ်သေးဘူး...သူ့ကြည့်ရတာ ယုန်မေးမှာကိုသိလို့ တမင်ရှောင်ထွက်သွားသလိုပါလား...။ငါ့နှယ်နော်! စိတ်မရှည်လိုက်တာ...ဟူးး!
~~~~~
နောက်တနေ့မနက်မှာလည်း ထုံးစံအတိုင်းရောက်လာခဲ့သည့် ပဟေဠိ။ ဒီတစ်ခါကျတော့ အရင်လို ယုန်ပုံစံပစ္စည်းတွေမဟုတ်တော့ဘဲ ငွေရောင် ဆွဲကြိုးလှလှလေးဖြစ်နေသည်။ ဆွဲကြိုးရဲ့ လော့ကတ်က အသည်းပုံစံလေးဆိုပေမယ့် အသည်းက တခြမ်းပဲပါတာမို့ ယုန် ဆွဲကြိုးကိုကြည့်ကာ မျက်နှာလေးရှုံ့လိုက်ပြီး...
""ဟဲ့! ဟဲ့! ပေးရင်လည်း အပြည့်အဝလာပါဟ
တခြမ်းက ဘယ်နားကျခဲ့တာတုန်း!""
ငြူစူသလိုပြောလိုက်ပေမယ့် ဒီအတိုင်းလေးလည်းတော်တော့်ကိုလှနေတာတော့ ငြင်းစရာမရှိ။ ထပ်ပြီးပါလာတဲ့ စာကဒ်လေးကို ဖွင့်ကြည့်ပြန်တော့ တွေ့လိုက်ရတဲ့ စာလုံးလေးတွေကြောင့် ရင်ထဲမှာ တဒိတ်ဒတ်ခုန်သွားရသည်။
'ငွေယုန်လေးသို့ အမှတ်တရ...
For January 11
Pre- Birthday present❤
Only for you! I Love You'
ဘုရားရေ! သူက...သူက ယုန့်မွေးနေ့ကိုလည်းသိနေတယ်ပေါ့...။ စာလေးကိုကြည့်လိုက် ဆွဲကြိုးလေးကို ပြန်ကြည့်လိုက်ဖြင့် ပျော်ရွှင်နေသော မျက်နှာထက်မှာ အပြုံးလေးတွေကလည်း ချိုမြမြပေါ့။ တနေ့ထက် တနေ့ ပိုပိုပြီး စိတ်ဝင်စားအောင် ဖမ်းစားနေသူကို ယုန်လည်းသိချင်လှပါပြီ။
ထိုစဥ်မှာတော့ တစ်ဖက်ခြံ၏ မှန်ပြတင်းမှ ခန်းဆီး လိုက်ကာစလေးရဲ့အနောက်...ဖျတ်ခနဲလှုပ်ရှားသွားသည့် ပုံရိပ်တစ်ခုကို ယုန်တစ်ယောက်မမြင်မိလေခဲ့ ။ သေချာသည်က ထိုလူထံတွင်လည်း သူမ နည်းတူ ပြုံးရိပ်သမ်းနေသော နှုတ်ခမ်းတစ်စုံ ရှိနေခဲ့မည်သာ...။
~~~~🍋🍋🍋🍋~~~~
""ဒီနေ့ practicalရှိလို့လား ရှင်း""
""အင်း...ဟုတ်တယ် ယုန်ရဲ့""
""ရှင်းတို့ စာတွေကခက်မှာပဲ နော်""
""ထင်သလောက်လည်း မခက်ပါဘူး""
""ဟဲ့! ဟိုမှာ ကြည့်စမ်း!
ငွေသော်တာယုန်က အခုတလော ကိုရှင်းနဲ့ပဲတွဲနေတယ်နော်...""
""အင်းနော်! သူတို့တကယ်များတွဲနေကြပြီလားမသိ""
""ကောင်းပါတယ်...တစ်ယောက်ဖြင့်တစ်ယောက် ပြတ်ပြတ်သားသားပေါ့...ဘာလဲ! Kingနှစ်ယောက်လုံးကို ချုပ်ထားတာက""
""သူများကံကောင်းတာ မနာလိုမရှိနဲ့ဟေ့!
ဒါနဲ့ သူက နှစ်ယောက်ယှဥ်တဲ့အရေးမှာ ငါတို့ ကိုကို kingကို ပလစ်လိုက်တယ်ပေါ့လေ""
""အင်းပေါ့...ကိုရှင်းကလည်းအရမ်းချောတာ'"
""ငါ့ ကိုကိုkingကိုတော့ မမှီပါဘူးနော်""
ယုန်နဲ့ ရှင်း ထိုင်နေတဲ့အနားလေးမှာတင် မကြားတကြားလာပြောနေကြသည့် စကားသံများကို အကုန်ကြားနေရပေမယ့် ယုန်ကတော့ ဟန်မပျက်ပင်မုန့်စားနေလိုက်၏။ ရှင်းကတော့ ယုန် တခုခုပြန်ပြောမယ် ထင်လို့လားမသိ...မျက်နှာကို အကဲခတ်သလို လိုက်ကြည့်နေလေသည်။
""ယုန်...ကိုယ်တို့သွားကြမလား?""
""မသွားပါဘူး...ဒီမှာမုန့်မှမကုန်သေးတာ""
""အော်! အင်း...ဒါဆိုလည်း ဆက်စားလေ
ကိုယ်က ယုန် ဒီမှာ...""
""ဆိုလိုချင်တာကို သိတယ်
But I don't care!""
""Woww!""
""တကယ်! ယုန်က ဒါမျိုးတွေကြုံဖူးနေကျ...
ရှင်မင်းကြောင့်ပေါ့...အရင်အထက်တန်းကျောင်းမှာလည်း ရှိဖူးတယ်...ဘာမှမဖြစ်ဘူး မိယုန်တို့က အရည်ထူ""
""အရမ်းကိုချစ်ဖို့ကောင်းပါလား""
""အမ်!""
ခေါင်းလေးကို လှမ်းပုတ်ရင်း ပြုံးစစမျက်နှာဖြင့် ဆိုလာတာကြောင့် ယုန် အံ့အားသင့်စွာ သူ့မျက်နှာကို ခဏမျှစိုက်ကြည့်မိသွား၏။ ချောတယ်...သူတတယ်ချောတာပဲ...
""ယုန်ရော...စာတွေလိုက်နိုင်ရဲ့လား
စာသင်ပြီဆို ငိုက်နေသေးလား?""
""ဟီး! မငိုက်တော့ပါဘူးနော်
တကယ်ပဲ...သူနဲ့စတွေ့တုန်းက တခါလေးငိုက်နေတာ တွေ့ဖူးရုံနဲ့ အသေကိုမှတ်ထားတယ် ဟွန့်!""
""အဲ့ဒါလေးက မှတ်မိစရာဖြစ်သွားတာကိုး...""
""ဟင်း! အခုဆို ယုန်က နေ့တိုင်းစာကျက်တယ်
အရမ်းကြိုးစားတာ...""
""ဟုတ်ပါပြီကွာ!
ကိုယ်သိပါတယ်...ကိုယ့်ရဲ့ငွေယုန်လေးက တော်ပြီးသား""
""ဟင်!""
ရှင်း နှုတ်ဖျားကနေ ရုတ်တရက်ထွက်ကျလာသည့် အခေါ်ကြောင့် ယုန် မျက်လုံးလေးပြူးကျယ်ဝိုင်းစက်သွားရသည်။
သူခေါ်လိုက်တာ 'ငွေယုန်လေး'တဲ့!
ဒါ...ဒါ...ဟိုစာထဲမှာ ပါနေကျ အခေါ်အဝေါ်မဟုတ်လား...။ဘယ်သူမှန်းသေချာမသိရတဲ့ အဲ့ဒီ့သူကလွဲရင် ယုန့်ကို ဘယ်သူကမှ ဒီလိုမခေါ်ခဲ့ဖူးတာလေ...
""ရှင်း....ရှင်း ယုန့်ကိုဘယ်လိုခေါ်လိုက်တာ?""
""ငွေယုန်လေးလို့...!""
""ဒါဆို ရှင်းက တကယ်ပဲ...အဲ့ဒီအရုပ်လေးတွေပို့တဲ့သူလားဟင်""
""တိုက်ဆိုင်မှုသက်သက်လို့ တွေးချင်ရင်လည်း ရပါတယ် ငွေယုန်!""
လေးနက်တဲ့ မျက်ဝန်းအကြည့်တို့ဖြင့် ပြောလာသည့် အဖြေစကားမှာ အမေးကိုဆန့်ကျင်ခြင်းသဘောမပါသလို...ဝန်ခံခြင်းကိုလည်း သွယ်ဝိုက်စွာ ရှောင်ဖယ်သွားခဲ့၏။ ယုန်ကြိုက်သလို ယူဆပါတဲ့! ရှင်က သိပ်ကို ဥာဏ်များတဲ့ ကောင်လေးပါလား...မုန်းရန်ရှင်းရယ်...
""လာမယ့် Sundayဆို ငွေယုန့်မွေးနေ့ရောက်ပြီနော်""
""ယုန့် မွေးနေ့ကို ဘယ်လိုသိတာလဲ?
Accမှာလည်း birthdateအမှန်ထည့်မထားဘူးနော်""
""ဒီလိုပဲပေါ့
ကိုယ်သိချင်ရင် သိရအောင်ကြိုးစားဖို့နည်းလမ်းတွေအများကြီး""
""ဟုတ်ပါပြီရှင်...လေးစားပါတယ်နော်
အဲ့ဒီ့ပဟေဠိတွေရဲ့ ပိုင်ရှင်ကို ယုန်အမြဲသိချင်နေခဲ့တာ...မကွယ်ဝှက်တမ်းပြောရရင် အဲ့ဒီလူက 'ရှင်း'လို့လည်း သံသယရှိဖူးတယ်...ဟုတ်မဟုတ်သာ မသေချာလို့""
""ဟုတ်လား...ကိုယ်လို့ထင်ခဲ့တယ်ပေါ့""
""အင်း!""
""ကဲ! ဒါဆို အခု အဖြေကရော""
""ရှင်!""
""စာထဲမှာ ဖွင့်ပြောတဲ့အကြောင်းအမြဲရေးထားပြီးသားလေ...ကိုယ့်ကိုစဥ်းစားမပေးတော့ဘူးလား""
""အဲ့ဒါက...""
""ဒါဆိုလည်းရပါတယ်...ကိုယ်တရားဝင်ထပ်ပြောမယ်...ကိုယ်က...မုန်းရန်ရှင်းက...မင်းကို ချစ်နေတယ် ငွေယုန်! ကိုယ့်အချစ်ကို လက်ခံစဥ်းစားပေးပါနော်""
ယုန့်လက်လေးကို တယုတယကိုင်ကာ မျက်လုံးချင်းဆုံအောင်ကြည့်လျက် ဖွင့်ပြောလာသည့် ချစ်စကားသံချိုချိုက နားထောင်ကောင်းလွန်းပါ၏။အမလေး! ဒီလိုအဖြစ်မျိုးကို တစ်နေ့ကြုံရမယ်မှန်း ယုန် လုံးဝကိုမထင်မှတ်ခဲ့တာပါ။ အခုတော့ကြည့်ပါဦး! သူက ယုန့်ကို ချစ်ခွင့်ပန်နေတယ်...သူက...ယုန် သဘောကျတဲ့ ကောင်လေး...မုန်းရန်ရှင်းကလေ...။
""ဟုတ်...စဥ်းစားပေးမယ်နော်""
~~~~🍋🍋🍋🍋~~~~
"".....""
ညဘက်ရောက်တော့ ရှင်း နေ့လည်ကအကြောင်းကို စဥ်းစားကာ ပြုံးနေမိစဥ် ဖုန်းဝင်လာသံကြောင့် ဖွင့်ကိုင်လိုက်တော့ တစ်ဖက်မှ ရယ်မောသံသဲ့သဲ့ကိုအရင်ဆုံးကြားရသည်။ ပြီးမှ...
""ရန်ရှင်း...နင်က သိပ်တော်တာပါလား
ပြောထားတဲ့အချိန်တောင်မရောက်သေးဘူး...ခြေလှမ်းတွေသွက်တယ်နော်""
""ဒီနေ့ကိစ္စ နင်ကြားပြီးပြီပေါ့""
""ဒါပေါ့...ကြားပြီးလို့ပဲ
နင့်ကိုချီးကျူးမလို့ ဖုန်းဆက်တာ""
""မလိုပါဘူး...ငါ့ဘက်ကကိစ္စပြီးပြီနော်
နင်သာ နင့်ဇယားနင်ခင်း""
""ဟ! ပိုင်လှချည်လား
အဖြေတောင်မရသေးဘဲနဲ့""
""သေချာနေတဲ့ရလဒ်ကို စောင့်ကြည့်ချင်သေးတာလား""
""စိတ်ကြီးဝင်နေလိုက်တာ...ဟွန်း!
နင် ဒီလိုအဆင်ပြေပြေဝင်ရောက်သွားနိုင်ဖို့ ငါ ဇာတ်ပို့ခဲ့ရတာတွေလည်း ရှိတယ်နော်...ကောင်စုတ်! ကျေးဇူးမကန်းနဲ့""
""ဟုတ်ပါပြီ...ကျေးဇူးရှင်မကြီး ဒေါ်ပန်းမိုးယံရယ်""
""သိရင်ပြီးရော...ဒါပဲ""
Lemonလည်း ဒီနေ့တော့ ဒါပဲနော်😁😁
ဒီနေ့နည်းနည်းတိုသွားတာ သိပါတယ်
ခွင့်လွှတ်ကြပါနော်😁😁
~~~~🍋🍋🍋🍋~~~~
Continue to >>>Part-9
Readers/Writersလေးတွေအားလုံးက VIPပါ
Writer-WineSatt Cho(🍋Lëmoñ🍋)