🐰 ပန်းနုရောင် မူပိုင်ခွင့် 🐰(Best friend forever)
""ဟဲ့! ယံ...နင် ဒီနေ့canteenမသွားဘူးလား""
ပထမအတန်းချိန်ပြီးသွား၍ ယံတစ်ယောက် စာရွက်စာတမ်းတွေသိမ်းကာ အလုပ်ရှုပ်နေစဥ် မေဂျာမတူသော သူငယ်ချင်းနှစ်ယောက်ကရောက်ချလာလေ၏။ ထုံးစံအတိုင်း kingတို့အဖွဲ့နဲ့ canteenမှာ ဆုံဖို့ချိန်းထားပြန်ပြီထင်ပါ့...။
""မသွားသေးဘူးလေ...အတန်းကနောက်တချိန်ကျန်သေးတယ်""
""အေး! နင်အဲ့လိုအခန်းထဲမှာပဲ နေ,နေရင် အပြင်မှာဘာတွေပြောင်းလဲနေမှန်းမသိပဲနေမှာပေါ့...အခုတောင် နင်updateတွေလွတ်နေပြီ""
""ဘာအဓိပ်ပာယျပါလိမျ့
ရှင်းရှင်းပြောကြလေဟာ""
""နင့်ရဲ့ kingလေ ဒီနှစ်အရင်ကနဲ့မတူဘူး
ပြောင်းလဲနေတာ နင်သတိမထားမိဘူးလား""
""ဘာကိုလဲဟ""
ယံ တကယ်မသိလို့မေးမိခြင်းပါ။ မနှစ်ကတော့ kingနဲ့မဆိုစလောက်လေးရင်းနှီးခဲ့ရပေမယ့် အခုsecond yearစတက်ကတည်းက kingနဲ့မတွေ့ဖြစ်သေးတာပင်...။ သူတို့ဒီလိုပြောနေတာ ဘာကြောင့်များလဲ? Kingဆီမှာ ချစ်သူများရနေပြီလား....
""အမလေး! ဘာမှတောင်မပြောရသေးဘူး
မျက်နှာကပျက်နေပြီ""
""မဟုတ်ပါဘူးဟာ...ပြောစရာရှိတာပြော""
""ဒီနှစ်မှ fresherထဲမှာပါလာတဲ့ ငွေသော်တာယုန်ဆိုတဲ့ ကောင်မလေးကို နင်သိလား...ငါတို့မေဂျာကပဲလေ...ငါတို့ဂျူနီယာပေါ့""
""ဟင့်အင်း! မသိပါဘူး
သူကဘာဖြစ်လို့လဲ...kingနဲ့ပတ်သက်နေလို့လား""
""အေး! ဟုတ်တယ် အတိအကျပဲ
သူနဲ့kingကတော်တော်ရင်းနှီးတယ်တဲ့ဟ
အိမ်ချင်းလည်းကပ်လျက်နေပြီး ငယ်ကတည်းကရင်းနှီးကြတာ...နောက်ပြီး မွေးနေ့တောင် တစ်နေ့ထဲ မွေးတာတဲ့!""
""ဟုတ်လား..အဲ့ဒါဘာထူးဆန်းလို့လဲ""
""ဟမ်! ဘာထူးဆန်းရမလဲ
ငါတို့ကျောင်းမှာ ဘယ်မိန်းကလေးကိုမှအရေးမလုပ်တဲ့ အချေမင်းသား kingက သူနဲ့ကျနေ့တိုင်းကျောင်းသွားကျောင်းပြန်အတူတွဲတယ်...အရမ်းလည်းရင်းနှီးကြတာပဲ...ငါတို့တောင်တခါတွေ့ဖူးတယ်...kingရဲ့ queenဖြစ်ဖို့မှန်းနေကျတဲ့သူတွေကတော့ မခံစားနိုင်လို့တဲ့!အလူးလူးအလဲလဲဖြစ်နေကြတာပေါ့""
""ထားလိုက်ပါ! အဲ့လိုလူတွေနဲ့ငါကယှဥ်စရာလား
ကိုယ့်အထုပ် ကိုယ်ဖြေပြီး ခံစားပြနေကြတာ ဘယ်လောက်ထိသိက္ခာကျလဲ...နင်တို့ပြောတဲ့သူက ငါ့လောက်ရောလှလို့လား?""
""နင်လောက်တော့ဘယ်လှပါ့မလဲ ယံရယ်
အင်းပေါ့လေ...နင်က လှတဲ့သူဆိုတော့ ဒါတွေမပူဘူးပေါ့...ငါတို့ကတော့ ငါတို့မင်းသားလေးကို သူများဦးသွားမှာစိုးလို့ ပူရတယ်ဟယ်...ကိုယ်မရဘူးဆိုပေမယ့်လည်း အလှကြည့်ချင်တာပေါ့""
သူငယ်ချင်းတွေ ပြောစကားထဲ ရောယောင်ကာလိုက်ရယ်မိပေမယ့် တကယ်တမ်းတော့ ယံ စိတ်ထဲမနေသာပါ။ king...ရှင်ဂရုစိုက်တဲ့မိန်းကလေးဆိုတဲ့သူ ပေါ်လာပြီပေါ့။ အရင်ကတော့ အဲ့လိုလူရှိလာခဲ့ရင် သူဟာ 'ပန်းမိုးယံ'ဆိုတဲ့ ကျမဖြစ်မယ်လို့ထင်ခဲ့တာ...။ဒါပေမယ့် ရှင့်ဆီမှာ မမြင်နိုင်တဲ့ ဝှက်ဖဲလေးရှိနေခဲ့တာပဲ...
ငွေသော်တာယုန်တဲ့လား
အဟွန်း! နာမည်လေးကတော့ ချစ်စရာ...။
~~~~🍋🍋🍋🍋~~~~
""ယုန်လေး!!""
""ဟဲ့! အမလေး လန့်လိုက်တာ
ငါ့ကို နားကန်းစေချင်တာလား အစုတ်ပလုပ်ရဲ့""
နှုတ်ခမ်းလေးစူထော်လျက် အလိုမကျသလိုမျက်နှာပေးဖြင့် နားလေးနှစ်ဖက်ကို အုပ်ကာ ရန်တွေ့နေပုံက အသည်းယားစဖွယ်။ သူမ အတန်းထဲထိုင်ကာ အိပ်ငိုက်သည်ကို king အစောကတည်းက လှမ်းတွေ့နေပြီးသားပါ။ ဒါကြောင့်ပဲ လန့်အောင်တမင်စကာ ရန်ရှာလိုက်ခြင်းပင်...
""နင်က အခန်းထဲထိုင်ပြီးငိုက်နေတာကိုး
နင့်သူငယ်ချင်းတွေရော""
""သူတို့ မုန့်သွားဝယ်တယ် ချက်ချင်းပြန်လာမှာ""
ထိုအဖြေစကားလေးကြောင့် kingမှာရယ်ချင်သွားရပါ၏။ သူမက တက္ကသိုလ်ရောက်တဲ့အထိ မူလတန်းကျောင်းတုန်းကလို မုန့်ဝယ်စားနေသည်ပဲ...။အပြင်တွေဘာတွေထွက်ပြီး မုန့်စားအတန်းလစ်သည့်အတတ်ပညာကိုတော့ မသင်ရသေးတာ ချီးကျူးစရာ။ သို့ပေမယ့် အတတ်မြန်လွန်းသူက မကြာခင် သင်ကြားတတ်မြောက်သွားမှာပါ။ အခုက ကျောင်းစတက်တာ နှစ်ပါတ်ပဲရှိသေးတာဆိုတော့လေ...
""နေစမ်းပါဦး! နင်ကငါ့အခန်းကိုဘာလာလုပ်ပြန်တာလဲ...""
""နင့်ကိုစိတ်မချလို့ လာကြည့်တာ""
""ဟဲ့! အမလေး...ငါ့များကလေးပေါက်စမှတ်လို့""
""လာလေ! ငါနဲ့canteenသွားရအောင်
ငါ မုန့်ဝယ်ကျွေးမယ်""
""ယုန်! ဒီမှာနင့်အတွက်...ငါဝယ်လာတာ""
""ဟေ့ကောင်! ငါအရင်ပေးမှာပါဆို""
ယုန်ရဲ့ စားပွဲခုံအရှေ့၌ရပ်ပြီး သူအရင်ကိုယ်အရင်ပြိုင်ငြင်းနေကြသော ကောင်လေးနှစ်ယောက်ကိုကြည့်ကာ ယုန် ရယ်ပြလိုက်ပြီးမှ
""ကဲ! နင်တို့လုမနေကြနဲ့
နှစ်ယောက်လုံးတူတူပေးနော်
ဘယ်သူအရင်ပေးပေး ငါ့လက်ထဲရောက်တာပဲလေ ဟုတ်ဘူးလား...ဟုတ်ကဲ့ ကျေးဇူးပါရှင်!""
အောင်မယ်လေး! သူ့ဘာသာမေး သူ့ဘာသာဖြေကာ ချိုသာယဥ်ကျေးနေသည့်အမူအရာလေးဖြင့် လက်လေးနှစ်ဖက်ကိုယှက်သွယ်ပြီး ရင်ဘတ်ပေါ်ဖိတင်လျက် ခေါင်းလေးကိုညွတ်ပြလိုက်ပုံက တကယ့်ကို သိမ်မွေ့နွဲ့နှောင်းနေပါ၏။ထိုအပြုအမူကို ဘေးကကြည့်နေသည့် kingမှာတော့ညွတ်နေသည့်ခေါင်းကို ပိတ်ထုပစ်လိုက်ချင်တာပါ...လာကြောင်သမျှကောင်တွေကို ဒီလိုသာ ဆက်ဆံရေးပြေပြစ်ကောင်းမွန်နေပါလျှင်...တသီတတန်းကြီးဖြစ်နေတော့မှာပေါ့။ ဟိုကောင် တွေကလည်း ဘေးကလူကို ရှိတယ်တောင်မှတ်ရဲ့လားမသိ...ယုန်လေးရဲ့မျက်နှာကိုပဲ စိုက်ကြည့်ကာ မျက်နှာထားတွေမှာလည်း ဖရိုဖရဲ...
""တောက်!!""
""ဒုန်း!!""
ရုတ်တရက်ပဲ ခုံစောင်းကို ဒုန်းခနဲ အသံမြည်အောင် ခပ်ပြင်းပြင်းထုလိုက်ပြီး တက်ခေါက်သံတစ်ချက်နဲ့အတူ မတ်တပ်ထရပ်လိုက်တဲ့kingကြောင့်ရှေ့ကကောင်လေးနှစ်ယောက်အပါအဝင် ယုန်ပါလန့်သွားရသည်။ရှင်မင်း မျက်နှာကလည်း အပေါ်ယံစရုံနောက်ရုံလုပ်လိုက်ခြင်းမဟုတ်ဘဲ တကယ်ပင်စိတ်ဆိုးနေပုံရကာ မျက်နှာထားကြီးကလည်း တင်းမာနေလေ၏။
""ရှင်မင်း...""
""မင်းတို့ သွားတော့!""
မျက်နှာထားမာမာနှင့်ပြောလိုက်တော့ ထိုကောင်လေးနှစ်ယောက်ကလည်းခေါင်းကိုကုတ်ပြီး ပခုံးကိုတွန့်လျက် မထိတထိပြုံးကာ ထွက်သွားကြလေရဲ့...။ဒီတော့မှ kingလည်း ယုန်လေးရဲ့လက်ကိုဆွဲခေါ်ကာ အခန်းပြင်ခေါ်ထုတ်လာခဲ့သည်။စိတ်ထဲမှာလည်း ဒေါသတွေထွက်နေသည်မှာ မီးတောင်ကြီးပေါက်ကွဲနေသလိုပင်...
""ကဲ! ပြော...အဲ့ဒီကောင်တွေကဘာတွေလဲ?""
""ဘာတွေရမလဲ...ဒီအတိုင်းပါပဲ""
""ကျောင်းတက်တာမှ ရက်ပိုင်းရှိသေး...နင်ကဇာတ်လမ်းတွေရှုပ်နေတယ်ပေါ့""
""ဟာ! နင်ကလည်း ဒါကသိပ်လည်းအရေးမကြီးပဲနဲ့ဘာလို့ဒေါသထွက်တာလဲ...ပြီးတော့ သူတို့ကနင့်ထက်ငယ်တဲ့ဂျူနီယာတွေနော် ပြသာနာဖြစ်ရင်နင်ပဲမကောင်း...""
""နင်က အဲ့လိုပုံစံနဲ့ဘာလို့ပြန်ပြောလဲ
အမြဲအဲ့လိုလာပေးသမျှကို နင်အကုန်လက်ခံတာပဲလား""
""မုန့်လေးဝယ်ကျွေးလို့စားရုံပါဟာ...နင်ကလည်း""
""နင် အဲ့လောက်ထိငတ်မနေနဲ့ မိယုန်
သူတို့ပေးတဲ့ မုန့်လောက်ကို ငါလည်းဝယ်ကျွေးနိုင်တယ်...""
""ငါသိပါတယ် နင်ကလည်း...
ဒါပေမယ့် သူတို့ကစေတနာနဲ့ပေးတာလေ မယူရင်အားနာစရာကြီး...သူတို့အဲ့လိုလာပေးတော့ ငါလည်း canteenသွားရသက်သာတယ်""
""နင်က အတော့်ကိုဟုတ်နေပါလား
ကျောင်းတက်တာဖြင့်မကြာသေးဘူး...""
""ဟဲ!ဟဲ! နင့်သူငယ်ချင်း ယုန်မလေးက ဒီလောက်တော့ချစ်ဖို့ကောင်းပါတယ်လို့""
မျက်နှာလေးကို ချစ်စဖွယ်လုပ်ကာ ဆိုလာပုံကြောင့် kingမပြုံးပဲမနေနိုင်ပြန်။ ဒါပါပဲ...kingမှာ သူမကြောင့်ပဲ ခဏနေစိတ်တိုရ ဒေါသထွက်ရ...ခဏနေကျ ပြုံးရ ရယ်ရနဲ့...ယုန်မဘေးနားနေရတာလည်း စိတ်တွေကမူမမှန်ချင်သလိုပါ။ တခါတလေများဆို အသည်းယားလွန်းလို့ သူမကို ယုန်ရုပ်လေးဖြစ်အောင်ဖန်ဆင်းပြီး ဘယ်သူမှမမြင်အောင် ဖွက်ထားလိုက်ချင်တာ။ အခုတော့ အဲ့ဒီမလိမ္မာတဲ့ ယုန်ဆိုးလေးကအပြင်မှာစိတ်တိုင်းကျလျှောက်သွားနေတာလေ...။ဒါကိုမလွှဲသာစွာခွင့်ပြုထားရတော့ ခုနကလို မျက်စိရှေ့တင် လာကြောင်နေတဲ့ ဗရုတ်သုတ်ခတွေကရှိသေး...ဒီယုန်မကလည်း သဘောတွေစွတ်ကောင်းနေတော့ ခက်သားလား...
""ကဲ! ဟုတ်ပါပြီ
နောက်ကို အဲ့လိုမျိုးကောင်လေးတွေလာပေးရင် ဘာမှမယူနဲ့..စကားလည်းပြန်မပြောနဲ့ ကြားလား""
""အမိန့်တွေလာပေးနေတယ်...နင်ကဆရာကြီးလား""
""ဟာ!ဘာပဲဖြစ်ဖြစ် ဒီကျောင်းကိုငါအရင်တက်တာ အဲ့တော့ ငါက စီနီယာ...နင်ကဂျူနီယာ...ဒါကြောင့် စီနီယာဖြစ်တဲ့ ငါပြောတဲ့စကားကို ဂျူနီယာဖြစ်တဲ့ နင်က...""
""ဟာ...ဟာ..နင် များသွားပြီနော် ရှင်မင်း...ပါဝါတွေစွတ်ပြမနေနဲ့...နင့်စကားက ပတ်ချာကိုလည်နေတာပဲ ..လိုရင်းက ငါ့ကို နင်ပြောတဲ့စကားနားထောင်စေချင်တယ်...ဟုတ်တယ်ဟုတ်!""
""ဟုတ်တယ်""
""အေး! အဲ့လိုဆိုလည်း...
သူငယ်ချင်းရေ... ယုန်ယုန်လေးရေ...ငါ့ပြောစကားနားထောင်လို့ ချိုချိုသာသာပြောလေဟာ...နားထောင်ပေးချင်စိတ်ပေါက်အောင်လို့...အခုနင့်ဟာက ပါဝါတွေပြပြီးလာပြောနေတာ ငါက နားမထောင်ချင်ဘဲ နင့်ကိုရိုက်ချင်...""
ပြောနေတဲ့စကားမှမဆုံးသေး...ရှင်မင်းက ယုန်ရဲ့ပုခုံးလေးနှစ်ဖက်မှကိုင်ကာ မျက်နှာချင်းဆိုင်အနေအထားတွင် ရပ်လိုက်ပြီး...မျက်လုံးချင်းလည်း တည့်တည့်ဆုံကာ
""ဒါဆို ငါပြောမယ် နားထောင်!
ယုန်ယုန်...ငါပြောတဲ့စကားကို...""
""အင်းပါ...နင်မကြိုက်တာကို ငါမလုပ်ဘူး""
ပြောမယ့်စကားကိုအဆက်မခံပဲ ခေါင်းလေးကိုခါယမ်းကာ ပြောလိုက်ပုံလေးကြောင့် kingက အသည်းယားစွာပင် သူမ ပါးလေးနှစ်ဖက်စလုံးကို လက်နဲ့ဆွဲကိုင်ဖျစ်ညှစ်လိုက်တော့ ယုန်မျက်စောင်းကြီးက ဒိုင်းခနဲရောက်လာကာ
""နင်နော်!""
""ငါ့စကားကို တကယ်နားထောင်ရမယ်နော်""
""အင်းပါဆို""
တကယ်ပင် လေးနက်စွာဖြေလိုက်ခြင်းကြောင့် kingလည်း ကျေနပ်လိုက်ပါသည်။ သူ့ဘက်ကမှ စိတ်မလျှော့ရင်လည်း ယုန်နဲ့ကျေအေးမှုရမှာမဟုတ်။ သေချာစဥ်းစားကြည့်ပါလျှင် ဤသို့သော တားမြစ်ပိုင်ခွင့်က သူ့မှာရှိရဲ့လား...kingနဲ့ယုန်ဆိုတာ အခုချိန်ထိ သာမန် ငယ်သူငယ်ချင်းပတ်သက်မှုလေးမျှသာ...။
~~~~🍋🍋🍋🍋~~~~
""ယံ...နင်ဘာဖြစ်လာတာလဲ""
အတန်းထဲသို့ မျက်နှာဆူပုပ်လျက် ဆောင့်ကြီးအောင့်ကြီးဝင်လာသော ယံအား သူငယ်ချင်းဖြစ်သူမှအလန့်တကြားမေးလိုက်တော့ မျက်နှာက ပို၍သုန်မှုန်သွားကာ နေရာမှာဝင်ထိုင်လိုက်၏။
ယံ သူငယ်ချင်းတွေကိုလည်း ဘာမှရှင်းပြမနေချင်ပါ။ ကိုယ့်ရင်ထဲ ကသိကအောက်နဲ့ခံစားရခက်တာ ကိုယ်သာအသိဆုံး။ ကျောင်းထဲဝင်ဝင်လာချင်း တနေရာအရောက်မှာ kingနဲ့ သူ့သူငယ်ချင်းဆိုသောကောင်မလေးတို့စကားရပ်ပြောနေတာကို ယံတွေ့ခဲ့ပါသည်။ 'ငွေသော်တာယုန်'ဆိုတဲ့ကောင်မလေးကို အစကတည်းက မြင်ဖူးအောင်ကြည့်ထားပြီးပေမယ့် kingနဲ့တွဲလျက်အတူရှိနေတာကို အခုမှပထမဆုံးမြင်လိုက်ရခြင်းဖြစ်သည်။ သူများတွေနဲ့ဆို ဘာစကားမှ လိုအပ်တာထက်ပိုမပြောတတ်တဲ့ kingက သူမနဲ့ကျ စကားတွေပြောဆို ရယ်မောနေလိုက်တာများ ပတ်ဝန်းကျင်ကိုတောင်မေ့နေသည့်နှယ်...။ကိုယ်တိုင်တွေ့ရမှပဲ ဟိုနေ့က သူငယ်ချင်းတွေပြောတာမလွန်မှန်း ယံ လက်ခံခဲ့ရသည်။ အထူးသဖြင့် king...အဲ့ဒီ့ကောင်မလေးအပေါ် သူကြည့်တဲ့အကြည့်တွေမှာ ခံစားချက်တစ်မျိုးပါဝင်နေမှန်း ယံ သိတယ်...သူငယ်ချင်းဆိုတာမျိုးထက်ကို ပိုနေသလိုပါပဲ...။
~~~~~~~~
""ရှင်မင်း နင်ဒီနေ့မလိုက်တာ သေချာလား""
""အင်း...ငါညက အိပ်တာနောက်ကျလို့ဟာ
ဒီမနက်တော့ နင်ပဲသွားလိုက်...သိပ်ကြာမနေနဲ့ စိတ်ချမယ်နော်""
""အင်း...ပြီးတာပဲ""
ဒီလိုနဲ့ပဲ ယုန် နံနက်စောစော exerciseအတွက်တစ်ယောက်ထဲပဲ လမ်းလျှောက်ထွက်လာခဲ့လိုက်သည်။ မနက်တိုင်းနှစ်ယောက်အတူလျှောက်နေကျလမ်းမို့ ဘေးနားမှာ တစ်ယောက်မပါသည်က လမ်းတစ်လျှောက် သွေ့ခြောက်နေသလိုခံစားရစေ၏။ တကယ်ပါနော်! အချိန်ခဏလေးအတူမပါလာတာကို ဘယ်လိုကြောင့်သတိရသလိုကြီးဖြစ်နေရပါလိမ့်! ခဏနေအိမ်ပြန်ရင် သူ့ကိုတွေ့ရမှာပဲလေ...။သြော်! ငါ့နှယ်နော်...
အတွေးစကို ဖြတ်လိုက်ပြီးမှ အိမ်ပြန်ရန်လမ်းတစ်ဖက်သို့ ကူးကာ ဆက်လျှောက်လိုက်စဥ် မျက်နှာချင်းဆိုင်မှလာနေသော ပြိုင်ဘီးလေးနဲ့ တည့်တည့်ကိုဝင်တိုးမိတော့၏။
""အမလေး! သေပါပြီ""
""Sorry! ကိုယ်မမြင်လိုက်လို့""
""ရပါတယ်...ယုန်လည်း နောက်မကြည့်ဘဲ ကူးလိုက်မိတာ""
ယုန် ပါးစပ်ကဖြေလိုက်ပြီးခါမှ တစ်ဖက်လူမျက်နှာကိုလည်း မော့ကြည့်မိစဥ်...
""ရှင်း!""
""ယုန်လေးပါလား...တစ်ယောက်ထဲလား""
ပြောကာ သူက ယုန့်ကိုယ်လေးကို ဆွဲထူလိုက်ပြီး ခေါင်းပေါ်က ဦးထုပ်အနက်လေးကိုလည်း ချွတ်လိုက်တာမို့ သူမျက်နှာချောချောလေးက ပိုလို့ပင်မြင်သာလာခဲ့၏။
အမလေး! ချောလိုက်တာ...
သူက ဘယ်အချိန်ပဲတွေ့တွေ့ ချောနေမြဲပါလား
ဟွန့်! ကျူရှင်တက်တုန်းက ရှင်မင်းစုတ် ဝင်ဖျက်လို့ ငါ့မှာ သူနဲ့ရင်းနှီးတန်သလောက် မရင်းနှီးခဲ့ရဘူး
အခုတော့ ဘာဆက်ပြောရပါ့မလဲ...
""ဒဏ်ရာရသွားသေးလား
ဘယ်နားနာသွားလဲ...ကိုယ့်ကိုပြပါဦး""
""ဟင်! ဟင့်အင်း...မနာဘူး
ဘယ်နားမှ မနာဘူး...ရတယ် အဆင်ပြေတယ်
ရှင်းရော ဘာဖြစ်သွားသေးလဲ""
""ဟင့်အင်း...ကိုယ်လည်းဘာမှမဖြစ်ဘူး""
""အော်! ဟုတ် တော်သေးတာပေါ့""
""ယုန် စာမေးပွဲအောင်တာ ကိုယ်သိပါတယ်
ဒါပေမယ့် မင်းဘက်က ကိုယ့်ကိုသိပ်မရင်းနှီးဘူးထင်လို့ စကားလာမပြောဖြစ်တာ...အရင်တုန်းက ကိုယ်နဲ့friဖြစ်နေတဲ့ accကနေ unfriendလုပ်လိုက်တယ်လေ...ထပ်addတော့လည်းလက်မခံဘူး""
'ဟာကွား! ဒါတွေအာလုံး ဟိုငနာ အစုတ်ပလုပ်ကြောင့်...ငါကလည်း သူ့စကားဘာလို့နားထောင်မိမှန်းမသိဘူး...ရူးကြောင်ကြောင်နဲ့...'
တွေးရင်း ယုန့်မျက်နှာက မဲ့ရွဲ့သွား၍လားမသိ...ရှေ့မှာရပ်နေသူက ပျာပျာသလဲမျက်နှာဖြင့်
""ဘာဖြစ်လို့လဲ ယုန်""
""ဘာမှမဖြစ်ပါဘူး...အခုaddချင် addလို့ရတယ်နော် အားမနာနဲ့...ဟိုဟာ...ယုန့်accကအသစ်ဖြစ်သွားပြီလေ ``Lëmoñ´´တဲ့! ""
""ဒါဆို ကိုယ်အပ်လိုက်မယ်နော်
ကိုယ့်ကိုလက်ခံပေး""
ထိုစကားကိုပြောလာချိန် သူ့မျက်ဝန်းအကြည့်တို့က ယုန်ရဲ့မျက်နှာဆီသို့ ငေးစိုက်ကြည့်နေလေ၏။စိုက်ကြည့်နေသည့်မျက်ဝန်းနက်နက်လေးများမှာလည်း ညို့ဓာတ်တွေထင်ဟပ်နေသည့်နှယ်...။အမလေး! မင်္ဂလာ ရှိလိုက်တဲ့ မနက်ခင်းလေး...။အခုတော့ ရှင်မင်းပါမလာတာကပဲ ခပ်ကောင်းကောင်းလို့ တွေးရမလိုပင်။
""ရှင်းရော..စာမေးပွဲအောင်တယ်မလား
ဘယ်ကျောင်းမှာတက်နေတာ??""
""ယုန်နဲ့အတူတူပဲလေ""
""မြတ်စွာဘုရား! ယုန်တို့က တစ်ကျောင်းတည်းအတူတက်နေတာလား""
""ဟုတ်ပါ့ဗျ...ကိုယ် ယုန့်ကိုအစောကတည်းကသိပြီးသား...ယုန်တို့ မေဂျာဘက်သိပ်မရောက်ဖြစ်တာလေ...ကိုယ်က ICမှာ""
""အော်! ဆရာကြီးပဲ""
""မဟုတ်ရပါဘူးဗျာ
ကဲ! ကိုယ်သွားတော့မယ်...နောက်ကိုကျောင်းမှာတွေ့ရင်လည်းခေါ်ပေါ့""
ပြုံးစစလေးပြောကာ စက်ဘီးလေးနင်းလျက် ထွက်သွားလေတဲ့ သူ့ကို ကြည့်ကာ ယုန်တစ်ယောက်ထဲရပ်လျက်ကျန်နေခဲ့ပါ၏။ တကယ်တော့ ရှင်းကို မေမေ့ပျောက်ပျောက်ဖြစ်နေခဲ့တာကြာပါပြီ...တွေ့စတုန်းက ကိုယ့်ideal styleလေးဆိုပြီး သဘောကျမိပေမယ့် ရှင်မင်းကမကြိုက်ဘူးဆိုသည်နှင့် ယုန် သူနဲ့ ခပ်တန်းတန်းပဲနေဖြစ်ခဲ့တော့သည်။ နောက်ဆုံး စာမေးပွဲဖြေတဲ့အထိတောင် မေးထူးခေါ်ပြောအဆင့်ထက်မပိုတော့။ စာမေးပွဲဖြေပြီးသည့်နောက်ပိုင်းလည်း ထပ်မတွေ့ဖြစ်ခဲ့ပဲ...အခုတကြိမ်မှာသာ ပထမဆုံးတွေ့ရခြင်းပင်။ မမြင်တာကြာ၍ မေ့ပျောက်နေသမျှ ခံစားချက်နုနုလေးမှာလည်း အခုမှပြန်ပြီး ရုန်းကြွလာသလိုလို...။ဘယ်လိုပဲဖြစ်ဖြစ် ထိုကောင်လေးကို ယုန် သဘောကျတာတော့အမှန်ပါပဲ...။ဟိ! ငါ့အဆင်လေးကိုပြန်တွေ့ရတာ ပျော်လိုက်တာ...ဒါနဲ့ ငါ သူ့ကိုစကားရပ်ပြောလိုက်တာ ရှင်မင်းစကားကို နားမထောင်ရာကျသွားမလား...
အို! ထားလိုက်ပါလေ...
နင်လည်း အရာရာ ရှင်မင်းပဲ 'တ'မနေစမ်းနဲ့
နင် အဲ့လိုအလေးထားနေလို့ ဟိုကောင်က ရောင့်တက်နေတာ မိယုန်ရေ...
ကိုယ်ခေါင်းကို နှစ်ချက်လောက်နာနာလေးပြန်ခေါက်လိုက်ပြီး လမ်းကိုသာဆက်လျှောက်လာခဲ့ပါ၏။
နေဦး! ရှင်းက စက်ဘီးစီးလာတာဆိုတော့ သူလည်း ဒီအနီးအနားမှာပဲ နေတာလား? ဟာ! ငါ့ဦးနှောက်ကလည်း ဒါလေးတော့မေးလိုက်ရမှာကို...
ကိုယ့်ကိုကိုယ် အလိုမကျစွာ တွေးလာရင်းမှပဲ အိမ်ရှေ့သို့ ရောက်မှအတွေးကိုရပ်ကာ အိမ်ထဲဝင်ရန်ပြင်လိုက်စဥ်..
""ဟင်! ထပ်ရောက်နေတယ်""
တကယ်ပဲ ခြံတံခါးမှာ ချိတ်ထားသည့် အရာလေးများကြောင့် ယုန် ထိုအနားလေးသို့အမြန်ပြေးသွားကာကြည့်လိုက်မိ၏။ ဒီတစ်ခါတော့ ယုန်ရုပ်ပုံစံ သော့ချိတ် ပိစိကွေးလေးတွေမို့ အသည်းယားစဖွယ်လေးတွေပင်။
""ငွေယုန်လေး သို့ အမှတ်တရ...
Only for you! I love you""
စာကတော့ ယခင်နေ့တွေကလိုပါပဲ...။
လေးကြိမ်မြောက်!
ရှင့်ရဲ့လက်ဆောင်ကို လေးကြိမ်မြောက်လက်ခံရရှိပါတယ်...။ရှင်က ပဟေဠိလုပ်ရတာ ပျော်နေတယ်ပေါ့...။
အမ်! ဒါနဲ့မနက်က ထူးထူးဆန်းဆန်း ရှင်းကို ဒီအနီးအနားမှာတွေ့ခဲ့တယ်...အခု လက်ဆောင်ကလည်း ရောက်နေတယ်ဆိုတော့...မဟုတ်မှလွဲရော...ဟိ ဟိ!
ဒီလိုဆို ငါအရမ်းလိုရာဆွဲတွေးသလိုဖြစ်နေမလား
အို! မသိတော့ဘူးဟာ!!
တစ်ယောက်ထဲ အတွေးတွေများနေမိရင်းမှ ခေါင်းကိုခါယမ်းထုတ်လိုက်ပြီး အိမ်ထဲသို့သာပြေးဝင်လာခဲ့တော့၏။ပြီးမှ ဟိုဘက်ခြံက အရှုပ်ထုပ်ဆီသွားကြွားရဥွီးမယ်...။ရှင်းနဲ့တွေ့ခဲ့တာကိုတော့ ပြောရင် ကောင်းမလား...မပြောရင်ရော??။
~~~~🍋🍋🍋🍋~~~~
Continue to >>>Part-7
Readers/writersလေးတွေအားလုံးက VIPပါ
Writer - WineSatt Cho(🍋Lëmoñ🍋)