🐰 ပန်းနုရောင် မူပိုင်ခွင့် 🐰(Best friend forever)
""ရှင်မင်းရေ...သူငယ်ချင်းလေး!!""
""ဒုန်း! ဒုန်း! ဒုန်း!""
နံနက်စောစောမှာ ပုံမှန်ထက်ချိုသာနေတဲ့အသံနှင့်အတူ အခန်းတံခါးကိုလည်း တဒုန်းဒုန်းထုနေပါသော ငတိမကြောင့် king အိပ်နေရာမှလန့်နိုးသွားရပါ၏။ မြတ်စွာဘုရား! ဒါဘယ်လိုဖြစ်ရတာပါလိမ့်! ခါတိုင်းဆို နေထွက်ပြီး ပြန်ဝင်ရင်တောင် အိပ်ရာမထချင်တဲ့ မိယုန်...။သူ့အမေ အိပ်ရာနှိုးချိန်တိုင်းဆို စစ်ပွဲတွေဖြစ်ကြတာများ ဒီဘက်အိမ်အထိတောင် လွင့်စင်လာမတတ်ပင်။ အခုကျ သူမကမိုးမလင်းခင်ထကာ သူ့ဆီလာရှာသည်တဲ့!
နေဦး! ဒါပုံမှန်တော့မဟုတ်ဘူး...
တွေးကာ ဆ ကာ အိပ်မှုန်စုံမွှားဖြင့် အခန်းတံခါးကို သွားဖွင့်ပေးလိုက်တော့...တွေ့ရပါပြီ! ပုံမှန်မဟုတ်တဲ့အခြေအနေတွေ။ ခေါင်းအစခြေအဆုံး အားကစားဝတ်စုံ ဝမ်းဆက်ဖြင့် အခန်းရှေ့မှာရှိနေသူ မမချောက ပြုံးစစမျက်နှာပေးဖြင့် ရပ်နေလေ၏။
""ယုန်...နင်ဘာဖြစ်လာတာလဲ?""
""ဘာဖြစ်ရမှာလဲ?
ငါတို့ exerciseသွားလုပ်မယ်လေ...
ဟိုဘက်အနားက ပန်းခြံအဝိုင်းမှာ မနက်ခင်းလေ့ကျင့်ခန်းလုပ်တဲ့သူတွေအများကြီးပဲ""
""ကြားသားမိုးကြိုး..မလုပ်ဖူးတဲ့အလုပ်တွေထလုပ်နေပါလား""
""ငါက အရင်နဲ့မတူတော့ဘူးလေဟာ
အခုဆို တက္ကသိုလ်ကျောင်းသူဖြစ်တော့မှာ
အဲ့ခါကျ လှတပတလေးဖြစ်အောင် အခုကတည်းကပြင်ဆင်ထားမလို့...အရင်လိုအိပ်လိုက်စားလိုက်မလုပ်တော့ဘူး...ငါ့ရဲ့နေ့စဥ်ဘဝကိုပြောင်းလဲတော့မယ်""
""အေး! ပြောင်းလဲချင်ရင်လည်း နင့်ဘာသာ သွားပြောင်းလဲ...ငါ့ကိုလာမရှုပ်နဲ့ အိပ်ရေးပျက်တယ်""
""ဟာ! နင်...အဲ့လိုနော် ရှင်မင်း""
""ဟုတ်တယ်လေ..နင်စဥ်းစားကြည့် လှတပတလေးဖြစ်ချင်ရင်လည်း အစကတည်းက မုန့်တွေ နင်းကန်မစားနဲ့ပေါ့ဟ...အခုကျမှ ကောက်ကာငင်ကာ နင့်ရဲ့ဝိတ်ချရေးလုပ်ငန်းစဥ်မှာ ငါကဘာလို့ဝင်ကူညီရမှာလဲ?""
""ကိုယ်ချင်းစာစိတ်မရှိတဲ့ကောင်... သူချောတယ်ဆိုတိုင်းမာန်တက်နေတယ်...ငါလည်းလှချင်တာပေါ့လို့...သွား! နင့်ကိုမခေါ်တော့ဘူး""
တကယ်ပင် စူပုပ်ကာ လှေကားထစ်တွေကို ခြေဆောင့်နင်းလျက် ဆင်းသွားလေ၏။ တကယ်တော့ ဘာမှလှအောင်လုပ်စရာမလိုပဲ နင်ကလှပြီးသားပါ ယုန်ရယ်...။အခုထက် ပိုပြီးလှသွားရင် ငါဘယ်လိုစိတ်ချရတော့မှာလဲ? နင်ကတော့ လှချင်ပချင် လူငေးခံချင်နေပြီပေါ့...။တော်တော်အရွယ်ရောက်နေပြီပဲ...ငါ့ရဲ့ ငွေယုန်လေး...။
~~~~🍋🍋🍋🍋~~~~
""ကဲ! စပြီနော်...1,2,3, go!""
""ဟဲ့! နင်က ဖြေးဖြေးလျှော့နင်းနော်""
""အင်းပါကွာ!""
ဘေးနားကနေ ကြိုးစားပမ်းစား ပြေးနေသူနောက်သို့ စက်ဘီးလေးနင်းကာ လိုက်ပေးရသူက kingသာဖြစ်ခဲ့ရပါ၏။ တစ်ခါတစ်လေတော့ အတူတူ ယှဥ်ပြေးကာ အချောင်ခိုချင်တဲ့ရက်မှာတော့ စက်ဘီးလေးထုတ်ပြီးနောက်မှ လိုက်စီးရင်း စောင့်ပေးရသည့်အလုပ်က 'ပြည့်ရှင်မင်း'ရဲ့ Morning Duty!!
""ဟဲ့! ငါ့ကိုမကျော်နဲ့လေ""
""နင်ကိုက နှေးနေတာ
နာမည်ကသာ ယုန်...လူကပြေးတော့ လိပ်လိုပဲနှေးလိုက်တာဟာ""
""တိတ်စမ်း! အခုလမ်းဆင်းလျှောက်...စက်ဘီးကိုတွန်း""
""ကဲ! ကဲ! ကဲ! ဆင်းပြီဟေ့...ဆင်းပြီဟ""
""နင်ကမပြေးနဲ့နော် လမ်းလျှောက်ပြီးလိုက်!
ကိုယ့်အကြောင်းကိုယ်သိ...ဟွန့်""
""ငါကဘာမှမဖြစ်တော့ဘူး...အဲ့ဒါငယ်ငယ်ကမို့""
""ကြီးကြီးငယ်ငယ်...ပြောရင်နားထောင်လေ""
တကယ်ကို စိတ်ပူလို့ မှာနေရခြင်းပါပဲ။ ရှင်မင်း ငယ်ငယ်က နှလုံးအားနည်းတတ်သည့် လက္ခဏာမျိုးရှိခဲ့ဖူးသည်။ ငယ်လွန်းလှသော်လည်း အခုချိန်ထိ ထိုဖြစ်ရပ်ကို ယုန် မမေ့ခဲ့ပေ။အတိအကျဆို ယုန်တို့ ၇တန်းနှစ်လောက်မှာပါ။ အဲ့ဒီတုန်းက သူ နေမကောင်းတော့ ယုန်တို့ရန်ပွဲတွေတောင် ရပ်ဆိုင်းနေခဲ့သည်လေ။ ယုန်လည်း ရန်စွာဖို့နေနေသာသာ သူ့အနားမှာပဲ နေ့နေ့ညည တရှုံ့ရှုံ့ထိုင်ငိုခဲ့တာပင်။ အခုတော့ အရွယ်ရောက်ပြီမို့ ဒါမျိူးတစ်ခါမှထပ်မဖြစ်ပေမယ့် ယုန်ကတော့ စိတ်မချနိုင်၍ ပြောဆိုသတိပေးနေရခြင်းပါ။
""ကြားလားလို့... ပြောတာ""
""အင်းပါ...နင်မှတ်မိနေသေးမယ်လို့တောင်မထင်ဘူး""
""နင်နဲ့ပတ်သက်တာတွေငါအကုန်သိပါတယ်
ဒါကြောင့်မို့လည်းပြောနေရတာ...""
ထိုစကားလေးကြောင့် kingရင်ထဲကျေနပ်စွာပြုံးမိပြန်၏။ သူမစိတ်ထဲမှာ ကိုယ်နဲ့ပတ်သက်ပြီးအရေးတယူမှတ်မိနေသည်မဟုတ်လား...
""ပြုံးပြမနေနဲ့!
စိတ်ချပါ နင် ကောင်မလေးရတဲ့အခါကျရင် နင်ကြိုက်တာတွေ မကြိုက်တာတွေကို ငါအကုန်ရှင်းပြပေးမယ်...ငါ့ဆီခေါ်လာခဲ့...ဟုတ်ပြီလား?ငါတို့အမေနှစ်ယောက်ပြီးရင် နင့်အကြောင်း အသိဆုံး တတိယမိန်းကလေးက ငါပဲလေ...အခုငါ့လေ့ကျင့်ခန်းကို ကူညီပေးနေတဲ့အတွက် ကျေးဇူးတုံ့ပြန်မေတ္တာလက်ဆောင်ပေါ့...ဘယ်လိုလဲ?""
ပထမစကားလေးမှာ ကြည်နူးနေသလောက် ဆက်ပြောလိုက်တဲ့ စကားများကြောင့် kingမျက်နှာကြီးမှုန်သွားကာ သူမ ရှေ့ကနေကျော်ထွက်လာခဲ့တော့သည်။ ဒီတော့လည်း...
""ဟဲ့!ဟဲ့! ငါ့ရဲ့မေတ္တာလက်ဆောင်ကိုကြိုက်လားလို့ ပြောဦးလေ""
နောက်ပါးဆီမှ တစာစာအော်ပြာနေသံလေးကိုကြားပေမယ့် kingနောက်ပြန်မကြည့်ဘဲ ရှေ့ကိုသာဆက်လျှောက်နေမိ၏။
ငွေသော်တာယုန်...တကိုယ်ကောင်းသမားလေး!
နင်ကလေ ငါတို့နှစ်ယောက်ရဲ့ဘဝတွေကို သီးခြားလက်တွဲဖော်တွေနဲ့ သီးခြားစီလျှောက်လှမ်းဖို့ပဲ စဥ်းစားနေတာကိုး! ငါတို့နှစ်ယောက်ရဲ့ဘဝကို တစ်ခုတည်းဖြစ်အောင် ပေါင်းစပ်လို့ရတယ်ဆိုတာ နင်ဘာလို့ တခါမှမတွေးရတာလဲ? ငါဆိုတာ...နင့်အတွက် ဘယ်တော့မှ အဆင့်တက်မလာနိုင်မယ့် သူငယ်ချင်း သက်သက်ပဲလား...။
""အမလေး! မောလိုက်တာ...ဟူး!""
အခုမှပဲ kingအနောက်သို့လိုက်မီလာတဲ့ ယုန်တစ်ယောက် ချွေးတွေရွှဲကာ မောကြီးပမ်းကြီးဖြစ်နေတာမို့ kingခြေလှမ်းကို ရပ်လိုက်ပြီး
""စက်ဘီးပေါ်တက်!""
""နေဦးလေ! မပြန်သေးဘူး ခဏလေးပဲရှိသေးတယ်""
""ဒါပေမယ့် နင်အရမ်းမောနေပြီလေ
တော်ကြာဆက်ပြေးနေရင် အမောဖောက်ပြီးသေသွားဦးမယ်...နင်ကျောင်းတက်ချင်သေးတယ်မလား""
""အင်း! ပြီးရော...ဒါဆိုလည်း ပြန်မယ်""
ပြောကာ စက်ဘီးပေါ်သို့ တက်ထိုင်၍ kingရဲ့ခါးဆီသို့ လက်လေးနှစ်ဖက်ယှက်ကာ ဖက်ထားပြီး ကျောပြင်ပေါ်သို့ မျက်နှာအပ်လျက် ပါးစပ်ကလည်းသီချင်းတွေအော်ဆိုကာ ပါလာပြန်သည်။
""ယုန်..တိတ်တိတ်နေလေ
နင်မမောဘူးလား""
""မမောပါဘူး...ဘာလဲ ငါ့သီချင်းကမကောင်းလို့လား""
မေးနေသေးတယ်...မကောင်းလို့လားတဲ့!
ကောင်းလား မကောင်းလားတော့မသိ...နားထောင်လို့တော့ သိပ်အဆင်မပြေလှတာအမှန်ပင်။သို့သော်လည်း မုသားမပါ လင်္ကာမချော ဆိုသလိုပဲ...အမှန်အတိုင်းပြောလိုက်ရင် သဘောတော်နုနုက ကောက်ချိတ်ငြိုငြင်ဦးမှာမို့...
""မ...မဟုတ်ပါဘူး...ဆိုပါ..နင်ဆက်ဆို""
""အင်း...ok! ok!""
""🎶You are the one who makes me feel 🎼Thank you! Baby...Just stand by me🎵🎵
တကယ်ပဲ သီချင်းတွေဆက်ဆိုကာ တစ်လမ်းလုံး နားဒုက္ခပေးပြီး သကာလ...အိမ်ရှေ့ရောက်တော့မှပဲ တိတ်သွားလေတော့၏။
""ငါခြံထဲ ဝင်တော့မယ်
အိမ်ကို ဂရုစိုက်ပြန်နော်""
""ဟဲ့! ငါ့အိမ်က ဟိုဘက်ခြံတင်ဟာကို""
""အေးပါ...ငါက နင် အိမ်ရှေ့မှောက်လျက်လဲနေမှာစိုးလို့""
""ဖြစ်ရတယ်""
မျက်စောင်းရွယ်ကာ ပြောခဲ့ပြီးမှ ယုန် အိမ်ဘက်သို့ လျှောက်လာခဲ့လိုက်သည်။ ခြံတံခါးအရှေ့အရောက်မှာတော့ တွေ့လိုက်ရသည့်အရာလေးတစ်ခုကြောင့် ယုန် ခြေလှမ်းတို့ရပ်တန့်သွားပြီး ခြံတံခါးမှာ ချိတ်ထားသည့် ထိုအရာလေးအား ဆတ်ခနဲဆွဲဖြုတ်ယူကာကြည့်လိုက်တော့ နှင်းလုံးလေးပမာ စွတ်စွတ်ဖြူနေသည့် မွေးပွ ယုန်ရုပ်လေး...။
""အမလေး! ချစ်ဖို့ကောင်းလိုက်တာ
ငါ့ခြံရှေ့မှာချိတ်ထားတယ်...အရုပ်ကလည်း ယုန်ဆိုတော့ ငါ့ကို ပေးတာပဲ မမှားဘူး..ဟိ!ဟိ!""
တစ်ယောက်ထဲရပ်ကာသဘောတကျပြုံးနေရင်းမှ အရုပ်လေးရဲ့နောက်ဘက်ဆီ လက်စမ်းမိတော့ cardလေးတစ်ခုကရှိနေသေးတာမို့ အမြန်ယူကာ ဖတ်ကြည့်လိုက်မိ၏။ cardထဲမှာ ရေးထားသည်က...
[ ငွေယုန်လေး သို့ အမှတ်တရ...
ပျော်ရွှင်ပါစေ...only for you!
I Love you ] တဲ့!
ဗုဒ္ဓေါ! ဒါကို ဘယ်သူပေးတာပါလိမ့်
ယုန် ဘေးပတ်ဝန်းကျင်သို့ ခေါင်းလေး ဟိုဒီငဲ့ကြည့်ကာ ရှာမိပါသေးသည်။ သို့သော် မမြင်စေလိုသူက ပဟေဠိဆန်ဆန်လာပေးသွားခြင်းပဲမို့ ဒီနေ့တော့ထပ်တွေ့နိုင်မှာမဟုတ်ဘူးလေ...
စာကိုလည်း လက်ရေးနဲ့ရေးထားတာမဟုတ်ဘဲ ပုံနှိပ်စာလုံးဆိုတော့ ယုန့်အသိထဲက ဟုတ်မဟုတ်ကိုလည်း ခန့်မှန်းလို့မရပါချေ။
~~~~🍋🍋🍋🍋~~~~
""ယုန်...နင်ထွက်လာပြီလား""
""အေး! ငါလာပြီ...နင်ခြံရှေ့ကစောင့်နေ
ငါ အခုထွက်လာပြီ""
ရှင်မင်းနဲ့ဖုန်းပြောပြီးသည်နှင့် ယုန် အပေါ်ထပ်က ပြေးဆင်းလာရသည်မှာ ကတိုက်ကရိုက်ပါပဲ...။ဒီနေ့က ယုန် တက္ကသိုလ်စတက်ရမယ့်နေ့...။ရှင်မင်းကတော့ ဒုတိယနှစ် ရောက်သွားပေမယ့် ယုန်ကတော့ အခုမှ first yearစတက်ရမယ့် အသစ်စက်စက် ဂျူနီယာလေးဆိုတော့...ကျောင်းသွားဖို့အရေး တို့အရေးလုပ်ကာ...အလှပြင်နေသည်က ၃နာရီလောက်ကြာနေပြီမို့ ဟိုဘက်မှာ စောင့်နေသူက ပေါက်ကွဲနေလောက်ပြီလေ...
""ဟင်!""
ယုန် ခြံတံခါးရှေ့ရောက်သည်နှင့် တွေ့လိုက်ရပြန်သည့် ပါဆယ်ထုပ်လေးကြောင့် ရင်ထဲမှာဒိန်းခနဲဆောင့်ခုန်သွားရပြန်သည်။ အခုက ဒီလက်ဆောင်လေး ရောက်လာတာ ၃ကြိမ်မြောက်ရှိနေပြီ။ ပထမနှစ်ခါက ယုန်ရုပ်အဖြူလေးတွေဖြစ်ပြီး အခုကျတော့ ယုန်ရုပ်ပုံစံ အဖုံးလေးတွေနဲ့ ရောင်စုံဘောပင်လေးတွေပါသည့် ကဒ်လေး...။ထုံးစံအတိုင်း စာကဒ်လေးကို ဖတ်ကြည့်ပြန်တော့
[ငွေယုန်လေး သို့ အမှတ်တရ...
ကျောင်းစတက်ရမယ့်နေ့မှာ ပျော်ရွှင်ပါစေ...Only for you! I Love you!]
""တကယ်ပဲ သူကဘယ်သူများလဲ
ဘာလို့ လူကို ပဟေဠိတွေလာလုပ်နေရလဲမသိဘူး
I love youဆိုလည်း ပေါ်တင်လာပြောပေါ့""
""ဟဲ့! မိယုန်...မြန်မြန်မလာပဲနဲ့
အဲ့မှာ ပွစိပွစိနဲ့ဘာတွေပြောနေတာလဲ""
""ဒီမှာလေ! ဒီစာနဲ့ပစ္စည်းတွေထပ်ရောက်နေတယ်
ဘယ်သူမှန်းလဲ ဖမ်းလို့မမိဘူး""
တကယ်ပါ...ယုန် ဘယ်လောက်ပဲ မနက်စောစောထကြည့်ပါစေ...ထိုလူကိုမတွေ့ဖူးခဲ့။ လက်ဆောင်က နေ့တိုင်းလည်းရောက်မလာတတ်သလို လာပြန်ရင်လည်း ဘယ်လိုမှသတိမထားမိလိုက်သည့်အချိန်ဖြစ်နေခဲ့သည်မို့ ဘယ်လိုစောင့်ကြည့်ရမယ်ဆိုတာ ခန့်မှန်းလို့မရနိုင်ခဲ့ပေ။
""ရှင်မင်း...နင်ရော...တွေ့မိလား လူကို""
""ဟင့်အင်း! မတွေ့မိသေးဘူး
စိတ်ချပါ နင့်ရဲ့ပဟေဠိလူသားကို ငါလည်းသေချာစောင့်ကြည့်ပေးပါမယ်...ဘယ်လိုငကြောင်ကများ မိယုန်လို ဂေါက်သီးမကိုလာပိုးနေသလဲလို့""
""အောင်မယ်! မနာလိုမရှိနဲ့ဟဲ့
တွေ့လား? ငါက ကျောင်းတောင်မတက်ရသေးဘူး စွံနေပြီနော့""
""ပျော်နေတယ်ပေါ့""
""ဒါပေါ့...""
မချိုမချဥ်မျက်နှာပေးလေးနဲ့ပြောကာ ထွက်သွားတော့မှ king သက်ပြင်းလေးအသာချရင်း...ရပ်နေမိ၏။ ယုန်လေး ခြံပြင်ထွက်လာတာကိုတွေ့လိုက်ကတည်းက အဆတ်မပြတ်အခုန်မြန်နေသောနှလုံးသားမှာ အခုထိတိုင်အရှိန်မရပ်နိုင်သေး။ လိမ္မော်ရောင် ရင်ဖုံးနဲ့ထဘီဝမ်းဆက်ကို မြန်မာဆန်ဆန်လေးဝတ်ဆင်ထားကာ ဆံပင်လေးတွေကိုလည်း ဖြန့်ချထားသည်မို့ လေတိမ်းတိုင်း ယိမ်းနွဲ့လှုပ်ခါနေတဲ့ ဆံနွယ်လေးတွေက အသည်းယာစဖွယ်။ ဘာတွေပြင်ထားတယ်မသိ...မျက်နှာမှာ အထူးတလည် မိတ်ကပ်အသားပေးပြင်ဆင်ထားတာမျိုးမတွေ့ရပေမယ့် ခါတိုင်းနဲ့မတူပဲ တော်တော်လေးကို လှနေပါ၏။
ဒီပုံစံအတိုင်းနဲ့သာ ကျောင်းမှာလွှတ်ထားရင်တော့ ငါ ရင်မောရတော့မယ်နဲ့ တူပါတယ် ယုန်ရယ်...
""ဟဲ့! အဲ့ဒီမှာ မတ်တပ်သေနေတာလား
ငါ ဒီနေ့ကျောင်းသွားမှာနော်""
""လာပါပြီဟာ!""
အလိုမကျစွာ အော်ပြောလေမှ အပြေးအလွှားရောက်လာပြီး ကားပေါ်တက်ကာ မောင်းထွက်လေ၏။ ကိုယ်ပိုင်ကားလေးနဲ့ကျောင်းတက်ချင်ပေမယ့် အိမ်ကလူတွေရဲ့ စိတ်မချဘူးဆိုသည့်အကြောင်းပြချက်ရဲ့နောက် ရှင်မင်းရဲ့ကားနဲ့ ကျောင်းသွားကျောင်းပြန်အတူလိုက်ဖို့သာ အမိန့်ကျလာသည်မို့ ဒီအခြေအနေဖြစ်နေရတာပင်..။
""ယုန်...နင်မိတ်ကပ်လိမ်းထားလား""
""အင်း...လိမ်းထားတာပေါ့""
""ဒါပေမယ့် မသိသာသလိုပဲနော်
မိတ်ကပ်လိမ်းထားတယ် မထင်ရပဲ...လှနေတယ်""
""အံမယ်! ဒါ ငါ့ကိုချီးကျူးတာပေါ့လေ
ငါ make-up tutorialတွေအများကြီးကြည့်ထားတာ အလကားမဟုတ်ဘူးလေဟာ...ဒါက natural lookလို့ခေါ်တယ် သိလား""
""သိတော့မသိဘူး...လှတယ်""
""အမလေးလေး! ဇွတ်တွေချီးကျူးနေတာ ငါ့မှာနေစရာတောင်မရှိတော့ဘူး...နင်ဗိုက်ဆာလို့လား
ငါကျောင်းရောက်ရင်မုန့်ကျွေးပါ့မယ်နော်""
နှစ်ယောက်သားပြိုင်တူလေးရယ်လိုက်ကြပြီးနောက် စကားသံတို့ထပ်မရှိခဲ့ပေ။လက်ထဲက ဘောပင်လေးတွေထံအကြည့်ရောက်မိတော့ အဖြေရှာနေဆဲ ပဟေဠိကို သတိရသွားမိပြန်၏။ ယုန် အမြဲသိချင်နေခဲ့ပါသည်။ယုန့်ဆီရောက်လာနေတဲ့ ယုန်ရုပ်လေးတွေရဲ့ နောက်ကွယ်ကလူ ဘယ်သူလဲ??...ယုန် သူ့ကိုတွေ့ချင်တယ်...
ရှင်ဘယ်သူများလဲ???
~~~🍋🍋🍋🍋~~~~
Continue to>>> Part-6
ရှင်း ပျောက်နေတာ နှစ်ပိုင်းရှိပြီနော်☺
နောက်အပိုင်းဆို ရှင်းကို ပြန်ထည့်တော့မှာပါ
လေးပွင့်ဆိုင် နှလုံးသားအရှုပ်တော်ပုံကို နောက်တစ်ပိုင်းမှာစဖွင့်မယ်😁😁အခုကတော့ ယုန်မနဲ့kingအကြောင်းပဲ များနေမိတယ်😁😁
Readers/writersလေးတွေအားလုံးက VIPပါ
Writer-WineSatt Cho(🍋Lëmoñ🍋)