🐰 ပန်းနုရောင် မူပိုင်ခွင့် 🐰(Best Friend Forever)
""King! မင်းမျက်နှာကြီးက ဘာဖြစ်နေပြန်တာလဲသုန်မှုန်နေပြန်ပြီ""
""သွားမေးမနေနဲ့! မင်းအခုထိနားမလည်သေးဘူးလား...သူ့မျက်နှာဒီလိုဖြစ်နေရင် သူ့ယုန်မနဲ့ရန်ဖြစ်ထားလို့ပဲ""
သူငယ်ချင်းနှစ်ယောက်က ဘေးမှာဝင်ထိုင်ကာ တစ်ယောက်တစ်ပေါက် ပြောနေသော်လည်း kingလှည့်မကြည့်မိသေးပါ။ တက္ကသိုလ်မတက်ခင် အထက်တန်းကတည်းက ရင်းနှီးလာသူတွေဆိုတော့ မျက်နှာမြင်ရုံနဲ့ ဒီလိုခန့်မှန်းနိုင်တာ အဆန်းတော့မဟုတ်ပါလေ။ တကယ်လည်း မှန်နေပြန်တော့ kingမှာပြောစရာမရှိ။ စိတ်ကတော့ ကြည်သာမနေတာကို တင်းနေတဲ့မျက်နှာက သက်သေပြနေပါ၏။
""ယုန်နဲ့မင်းရဲ့ရန်ပွဲတွေကဘယ်တော့မှပြီးဆုံးမှာမဟုတ်ဘူး...အခေါက်တိုင်းမင်းဒီလိုပဲခံစားနေရင် ဘယ်လိုလုပ်မလဲ...စိတ်လျှော့ထားစမ်းပါကွာ""
""ဟို! King...ယံ ဒီမှာခဏလောက်ထိုင်မယ်နော်
ရလား??""
ဘေးမှကြားလိုက်ရသောအသံချိုချိုကြောင့် kingတစ်ချက်တော့လှမ်းကြည့်လိုက်မိ၏။ တောင်းဆိုတာလား...အသိပေးသည့်သဘောလားတော့မသိ။ kingဘာမှမပြောရသေးခင် ထိုမိန်းကလေးက လွတ်နေသောခုံတွင်ဝင်ထိုင်လိုက်လေပြီ။ ပြီးတော့ kingဆီသို့ ဦးတည်ကာ အချိုဆုံးပြုံးပြလိုက်ပြီး
""ယံ ကိုမမှတ်မိဘူးနဲ့တူတယ်""
""ဟုတ်တယ်...မသိဘူး""
Kingကမျက်မှောင်ကျုံ့ကာ ဆိုလိုက်တော့...အနားကသူငယ်ချင်းဖြစ်သူက ပုခုံးကို'ဖျန်းခနဲ'ရိုက်ကာ
""ဘာလို့မသိရမှာလဲ...သိတယ် 'ယံ'
ပန်းမိုးယံလေ...E-majorက queen
နင်က အရမ်းနာမည်ကြီးတာ ငါတို့မသိစရာလား နော်! ဟုတ်တယ်နော် king!""
အဖော်ညှိကာ စကားဆက်နေသည့် ဝေယံကို king ယောင်တောင်တောင်နဲ့ ခေါင်းငြိမ့်ပြလိုက်ရတော့သည်။တကယ်တော့ kingသူမကိုမသိခဲ့ပါ။
""အင်း""
ထိုအဖြေစကားကြောင့် အဲ့ဒီ့ကောင်မလေးကတော့ ကျေနပ်သွားပုံဖြင့် ပြုံးပြနေပြန်၏။
""ဒါနဲ့ လာရင်းကိစ္စကပျောက်တော့မယ်
ဟို မနေ့ကလေ ယံရဲ့ကျောင်းသားကဒ်လေးသိမ်းထားပေးတာ ကျေးဇူးပါနော် king""
""ရပါတယ်""
""ဟမ်! ကျောင်းသားကဒ်??
ဘာဇာတ်လမ်းလဲ ဟေ့! စိတ်ဝင်စားတယ်နော်""
ဘေးနားကနေ ဂနာမငြိမ်ဖြစ်နေသော သူငယ်ချင်းနှစ်ယောက်ကို kingစိတ်ထဲကပင် ကျိန်ဆဲနေမိသည်။ ဒီကောင်တွေ တော်တော်ဆေးထိုးတာပဲ...သူတို့ကြောင့် ပြီးရမယ့်ဇာတ်လမ်းက အစရှည်ဦးတော့မှာပါလား...။ငါနော်! စိတ်ရှုပ်လိုက်တာ...
""အော်! မနေ့က သူ့ကျောင်းသားကဒ်ကို ငါ canteenမှာကောက်ရလို့ ခဏသိမ်းထားတာ သူပြန်လာယူတော့ ပေးလိုက်တယ်လေ""
""ဟာကွာ! ငါတို့မနေ့ကကျောင်းမတက်တာ ဇာတ်လမ်းကောင်းတစ်ပုဒ်လွတ်သွားတာပဲ""
""ဟေ့ကောင်တွေ...မင်းတို့ဘာတွေလျှောက်ပြောနေတာလဲ""
သူငယ်ချင်းတွေရဲ့အပြောကြောင့် kingကမနေနိုင်စွာပင် တားမြစ်လိုက်သော်လည်း တစ်ဖက်က ကာယကံရှင်မိန်းကလေးကတော့ သဘောကျစွာလိုက်ရယ်နေလေ၏။
""ရပါတယ် kingရဲ့...သူငယ်ချင်းတွေကခင်လို့စတာပဲ...ယံစိတ်မဆိုးတတ်ပါဘူး""
""ဟုတ်တယ်...ဟုတ်တယ်...ခင်လို့စတာ
ယံ...အခုတို့အားလုံးသူငယ်ချင်းဖြစ်သွားပြီနော် အဲ့လိုသတ်မှတ်လို့ရတယ်မလား??""
""ဒါပေါ့""
""ယံ...တခြားသူငယ်ချင်းတွေရော""
""လာလိမ့်မယ်...ခဏနော်
သူတို့လာရင်လည်း အားလုံးနဲ့မိတ်ဆက်ပေးမယ်""
ခဏနေ ယံ သူငယ်ချင်းတွေရောက်လာတော့ သူတို့နဲ့ပါမိတ်ဆက်ကာ ခဏချင်းမှာပင် ရင်းနှီးသွားကြလေ၏။ ရယ်စရာပြောရင်း ရယ်လိုက်ကြ စနောက်ကြနဲ့ ဆိုင်တစ်ခုလုံး ယံတို့နှစ်ဖွဲ့ရဲ့အသံတွေချည်းသာ ပျံ့လွင့်နေတော့၏။ ဒါပေမယ့် ထိုအထဲမှာ အချေမင်းသားလို့နာမည်ကြီးသူ 'ပြည့်ရှင်မင်း'တစ်ယောက်တော့မပါလေခဲ့။ လူမှုရေးအရလို့စဥ်းစား၍လားမသိ နေရာကတော့ထမသွားပေမယ့်ယံတို့ပြောနေသောစကားများကို သိပ်ပြီးစိတ်ဝင်စားပုံမပြဘဲ တစ်ခါတစ်ခါ အပြင်ဘက်ကိုငေးငေးသွားတတ်ပြီး စကားဆိုလည်း သူ့ကိုတိုက်ရိုက်ဦးတည်မှသာ ပြန်ပြောတတ်သည်။ ဒီလိုဆိုတော့ ယံတို့ကြားနေတဲ့သတင်းအတိုင်း သူက ရုပ်ချောသလောက် ချေနိုင်လွန်းသူဆိုတာအမှန်ပဲပေါ့။
'ပြည့်ရှင်မင်း'တဲ့ ! အဲ့ဒီ့နာမည်ကနေစပြီး ယံသူ့ကိုစိတ်ဝင်စားခဲ့တာပါ။ သူ့ကိုသိနေတာလည်းကြာပြီ သူကကျ ယံကိုမသိဘူးတဲ့! တကယ်ဆို ယံလည်း ကျောင်းမှာနာမည်ကြီးမိန်းကလေးစာရင်းဝင်တဲ့သူပါ။ နှစ်ယောက်လုံးက လူသိများသူပီပီ ယံကသူ့ကို သိနေပြီး သူကကျ ယံကိုသတိထားမိပုံမပေါ်တာ မတရားဘူးနော်။ ဒီလိုတော့မဖြစ်သင့်ပါဘူး...သူက kingဆိုပြီးနာမည်ကြီးသလောက် ယံကလည်း queenမဟုတ်လား...။
""ကဲ! ယံတို့ အတန်းသွားတက်တော့မယ်နော်
နောက်နေ့မှထပ်တွေ့ကြမယ်""
""အင်း ok""
မိန်းကလေးအုပ်စုထွက်သွားတော့လည်း ဝေယံနဲ့အာကာက ဝမ်းသာအားရလေသံဖြင့် ပြောမဆုံးနိုင်ဖြစ်နေသည်မှာ ထိုအုပ်စုအကြောင်းပင်။ ဘယ်ကောင်မလေး ပိုလန်းလဲတောင်ပြိုင်ငြင်းနေကြသေးရဲ့ ။တော်တော်လည်း မလွယ်တဲ့ကောင်တွေ..။
King ခေါင်းလေးကိုဖြေးညင်းစွာခါယမ်းလျက် နေရာကထရန်ပြင်တော့ သူငယ်ချင်းနှစ်ယောက်မှာ အလန့်တကြားပုံစံဖြင့်
""မင်း ဘယ်သွားမလို့လဲ""
""အတန်းသွားတက်မယ်""
""အော်! မသိပါဘူး
ကောင်မလေးတွေနောက်လိုက်မလို့များလားလို့""
""ဘာ!""
""အာ! မအော်ပါနဲ့ကွာ
သိပါတယ်...စာဂျပိုးကောင် သွား ကြွ ကြွ""
""ဘာကောင်လဲ မသိဘူး""
""ပြောမနေနဲ့ အာကာရေ..သူက သူ့ယုန်မ လောက်စိတ်ဝင်စားတာ""
Kingဆိုင်ထဲကထွက်လာချိန်အထိ ဟိုနှစ်ကောင်ပြောနေသည့်စကားများကို သဲ့သဲ့မျှကြားနေရဆဲဖြစ်သော်လည်း လှည့်ပြီးငြင်းချက်မထုတ်ဖြစ်ခဲ့...။
ဘာလို့ဆို အဲ့ဒါက အမှန်ပဲလေ...။
~~~~🍋🍋🍋🍋~~~~
""မေထားရေ! ...မေမေထား"
စာဖတ်နေရင်းမှ အောက်ထပ်က အသံစူးစူးလေးကြောင့် ရင်ထဲ ဆောင့်ခုန်သွားရလေ၏။ မနေ့ကသူမ ပြောတဲ့စကားကိုမကျေနပ်၍ စိတ်ဆိုးပြထားတယ် ဆိုပေမယ့် သူမကပြန်စိတ်ကောက်နေမလားလို့တွေးကာ သွားချော့ဦးမလို့ပါပဲ...။ ပြီးမှ စိတ်ကတစ်မျိုးပြောင်းကာ မသွားပဲနေလိုက်ပြန်သည်။ အခုတော့ ယုန်လေးက သူ့ခြေထောက်နဲ့သူအိမ်ပေါ်ရောက်လာမှဖြင့် kingလည်း မာမနေချင်တော့ပါ...။ထို့ကြောင့် မျက်နှာကိုတော့ အတတ်နိုင်ဆုံးတည်ကာ အောက်ထပ်သို့ဆင်းလာလိုက်ပြီး
""နင် စာမကျက်ပဲနဲ့
သူများအိမ်ဘာလာလုပ်ပြန်တာလဲ""
""မုန့်လာစားတာလေ""
""ဟမ်!""
""ဟုတ်တယ်လေ...နင့်အမေက ဒီနေ့ကြာဇံချက် ချက်ထားတယ်...သမီး ယုန်ယုန်လေး လာစားပါတဲ့!""
""မှားပါတယ် ..အင်းပေါ့လေ
ငါတို့အိမ်က လူနည်းတယ်...နင်မှလာမစားရင်အကုန်အမှိုက်ပုံရောက်ကုန်မှာဆိုတော့လည်း""
""ဟဲ့! ပြောလို့ပြီးပြီလား ကောင်စုတ်!""
""ပြောရင်တော့အများကြီးပဲ""
""ပလိန်းကြီးစိမ်းကားမနေပါနဲ့ ရှင်မင်းရယ်
နင်...ငါ့ကို ရှင်းကိစ္စကြောင့်စိတ်ဆိုးနေတာလား""
"".....""
""မဖြေဘူးဆိုတော့...နင်တကယ် အဲ့ကိစ္စကြောင့်မကျေနပ်ဖြစ်နေတာလား""
""အရင်ကဆို နင်ငါ့ကိုဘာမှမဖုံးကွယ်ခဲ့ဖူးဘူး ယုန်
ဒါပေမယ့် သူ့ကိစ္စကျတော့""
""အေး! ငါမှားတယ် တောင်းပန်တယ်
နောက်ဆို နင့်ကို အားလုံးပြောပြမယ် ဘာမှမဖုံးကွယ်ဘူး ဟုတ်ပြီလား""
ဒီလိုဆိုတော့လည်း kingမျက်နှာကြီးက မှိုရသလိုပင် ပြုံးဖြီးသွားကာ...
""တကယ်နော်!""
""အင်း!""
""လာလေ...မုန့်စားမယ်ဆို""
""ဟဲ့! ဟဲ့! သဘောတော်က ချက်ချင်းပဲကောင်းရပြန်ပြီ""
""အဲ့ဒါက နင့်အပေါ်မှာပဲမူတည်တာ အစားပုတ်ဝက်မလေးရဲ့""
King သူမနှာခေါင်းလေးကိုဖွဖွဆွဲညှစ်ကာ ပြောတော့ မျက်စောင်းကြီးက ဒိုင်းခနဲရောက်လာကာ...
""နင်နော်...လူက အရင်ထက်ပိန်လာတာမြင်ရဲ့သားနဲ့...လာပြီးအကျင့်လုပ်ခေါ်မနေနဲ့""
""မရဘူး ခေါ်မှာပဲ
တစ်သက်လုံးခေါ်ခဲ့တာပဲကို
ကဲပါ...စားစရာရှိမြန်မြန်စား ညနေစောင်းနေပြီ စာကျက်ရဦးမယ်""
""အားနေ...တစာစာနဲ့ ဘာမှန်းကိုမသိဘူး""
~~~~~~~~
""ယုန်...နောက်တစ်ပါတ်ဆိုစာမေးပွဲဖြေရတော့မှာနော် အခုရက်ပိုင်းညနက်ထိ စာမကျက်နဲ့တော့ အိပ်ရေးဝအောင်အိပ် ကြားလား""
""အင်းပါ...ဟဲ့! ဟဲ့! ဟဲ့! သေပြီ...လုပ်ပါဦး""
""နင်ကလည်း အဲ့ဒါအရောင်ပြောင်းလို့ရပါတယ်ဆိုနေ...မှတ်မထားဘူး""
""ငါက စိတ်လှုပ်ရှားပြီး မေ့သွားလို့ပါဟယ်""
စာကျက်ချိန်ပြီးသွားသော်လည်း ရှင်မင်းကအိမ်မပြန်သေးပဲ Gameဆော့တာကိုပါ guideလုပ်သင်ပေးနေသေးသည်။ ယုန်က gameကစားတာသိပ်မကျွမ်းသော်လည်း အရာရာတော်သူမှာတော့ ဒီနေရာလည်း တော်နေပြန်ရောလေ!
""📲📲📲""
ယုန် သူ့ဖုန်းကိုကိုင်ကာ ဂိမ်းဆော့နေရင်းမှ ရုတ်တရက်ဖုန်းဝင်လာလေ၏။ contact ကိုကြည့်တော့လည်း name listသွင်းမထားပေ။
""ဟဲ့! ရော့! ဒီမှာ...ဖုန်းလာနေတယ်""
ဖုန်းကိုယူပြီးကိုင်လိုက်တာနဲ့ ယုန်ကလည်း သူ့ဖုန်းအနားသို့ ပါးလေးလိုက်ကပ်ရင်း အတင်းကိုလိုက်နားထောင်နေတော့၏။
"".....""
ယုန် ကပ်ပြီးနားထောင်နေစဥ်မှာပဲ တစ်ဖက်က မိန်းကလေးအသံချိုချိုလေးထွက်လာတာကြောင့် ရှင်မင်းထံသို့မျက်စောင်းရွယ်ကာကြည့်လိုက်ပြီး အနားကနေ ထထွက်လာခဲ့လိုက်သည်။ နားထောင်နေလို့ဖြစ်ပါ့မလားလေ...တစ်ဖက်က သူ့အီစီကလီဇာတ်လမ်းဆို ဘယ့်နှယ်လုပ်မလဲ...ကိုယ်ကပဲ စပ်စုရာကျဦးမယ်...ဟွန့်!!
""ယုန်...ငါပြန်တော့မယ်""
""ကြွ!""
""ဘာဖြစ်ရပြန်တာတုန်း!
အဲ့နှုတ်ခမ်းက တစ်တောင်လောက်ထော်နေပြီး""
""ငါ့ကျတော့ ယောကျ်ားလေးသူငယ်ချင်းထားတာမကြိုက်ဘူးဆိုပြီး နင်ကျတော့ အီစီကလီဇာတ်တွေခင်းနေတယ်ပေါ့""
""ဟာ! မဟုတ်ပါဘူး...ဘယ်သူဆက်တာမှန်းတောင် မသိဘူး...သူပြောမှသိတာ""
""ဘယ်သူလဲ အဲ့ဒါ""
""ငါတို့ကျောင်းကပဲ...နာမည်က ပန်း...ပန်းမိုးယံတဲ့! ငါနင့်ကိုပြောပြတယ်လေ...ကျောင်းသားကဒ်""
""သြော်!...သူလား
ဒါနဲ့ အဲ့ကိစ္စကပြီးပြီပဲ...ဖုန်းဆက်ပြီးဘာပြောတာလဲ??""
""မသိဘူး""
""ဟယ်! နင်နဲ့အခုပဲ ဖုန်းပြောတာလေ...
ဘာအကြောင်းပြောမှန်းနင်မသိဘူးလား
နင်နော်! ငါ့ကိုမပြောပြချင်လို့ တမင်လျှိုတာမလား""
ငိုမဲ့မဲ့ပြောကာ တစ်ဖက်သို့လှည့်သွားလေတဲ့ ယုန်ကြောင့် kingဘာပြောရမှန်းပင်မသိတော့။ အမှန်တော့ သူ ဖုန်းပြောနေတုန်း အနားက ဆူဆောင့်ကာထသွားတဲ့ သူမကိုလိုက်ကြည့်နေမိတော့ တစ်ဖက်ကပြောစကားတွေကိုလည်း စိတ်မဝင်စားမိဘဲ ကြားတစ်ချက် မကြားတစ်ချက်သာ...။
"" စိတ်မကောက်ပါနဲ့ ယုန်ရယ်
ငါတကယ်မကြားလိုက်တာ...မနက်ဖြန်သူ့မွေးနေ့လို့တော့ပြောတာပဲ""
""ပြစမ်း! နင့်မှာသူ့ပုံရှိလား""
""မရှိပါဘူး""
""ဒါဆို accတော့သိမှာပေါ့""
""Friလည်းမဟုတ်ဘူး""
""မယုံပါဘူး...ငါကြည့်မယ် ပေး""
လက်ထဲမှဖုန်းကိုအတင်းဆွဲလုကာ အသေအချာကို မွှေနှောက်ရှာနေလေတော့ kingလည်းဘာမှမပြောဘဲ ဒီအတိုင်းသာရပ်ကြည့်နေလိုက်တော့သည်။
""မတွေ့ဘူးမလား...ငါပြောသားပဲ""
""ငြိမ်ငြိမ်နေ...""
ပါးစပ်ကပြောရုံနဲ့မပြီးဘဲ လူကိုပါအနောက်ဘက်သို့ပိတ်တွန်းလိုက်တော့ king ခန္ဓာကိုယ်တစ်ခုလုံးက နံရံဆီပိကပ်သွားရလေ၏။ ပြီးတော့ သူမ လက်တစ်ဖက်ကလည်း နံရံဆီလှမ်းထောက်ထားတာမို့ ပိတ်မိသွားရသလို အနေအထား...။ နီးကပ်လွန်းသွားသော အခြေအနေကြောင့် အလိုက်မသိသောရင်ခုန်ခြင်းတွေက အဆမတန်ခုန်ပေါက်လာသည်မှာ နှလုံးသားတစ်ခုလုံးအပြင်ကို ပေါက်ထွက်တော့မည့်အလားပင်....။ kingရဲ့ ရင်ဘတ်ဆီသို့ လာရောက်ထိတွေ့ကျီစယ်နေသော သူမရဲ့အသက်ရှူနှုန်း ဝင်သက်ထွက်သက်လေးတွေကလည်း ရင်ခုန်ခြင်းကို တစ်နည်းတသွယ်ဖြင့် ဖြားယောင်းညှို့ငင်နေသယောင်...။
ကိုယ့်မှာသာ ဒီလောက်ခံစားနေရပေမယ့် သူမကတော့ ဘယ်လိုမှခံစားနေရမည်မထင်ပါ။ ဖုန်းကိုပဲ အာရုံစိုက်ကြည့်နေသည့် မျက်ဝန်းများက တည်ငြိမ်လျက်ပင်...။
""ဒီမှာ နင့်ကိုacc addထားတယ်
သူလား""
သူမ မျက်နှာလေးကို စိုက်ကြည့်နေရင်းမှ ရုတ်တရက် မော့လာကာ မေးလိုက်သည်မို့ kingကတော့ သူခိုးလူမိသလိုပင် ကပျာကယာမျက်နှာလွှဲလိုက်ပြီးမှ
""အင်း""
""လှသားပဲ""
""ယုန်..""
""ဟမ်!""
""နင် ငါ့အပေါ်ကနေ ဖယ်တော့လေ""
ပြောလိုက်မှပဲ အနေအထားကိုသတိရသွားပုံဖြင့် တစ်ချက်ကြည့်လိုက်ပြီး
""အော်! ဟား...ဟား!
ရှင်မင်း...နင်ရှက်နေတာလား
ကြည့်ဥွီး! မျက်နှာကြီးလဲ နီလို့...ငါအခုမှကြည့်မိတယ်""
""မရှက်ပါဘူး..ငါကဘာလို့""
""နင် သေချာလား""
""အင်း""
ပြောသာပြောလိုက်ရပေမယ့် ဒါဟာ ဗြောင်လိမ်လိုက်ခြင်းဆိုတာ သူကိုယ်တိုင်မှလွဲ၍ ဘယ်သူသိနိုင်ပါ့မလဲ...။
"".....""
'သေချာတယ်'ပြောပေမယ့် မျက်နှာကြီးကပိုလို့ပင်ရဲလာသေးသည့် ရှင်မင်းကို စချင်တာကြောင့် ယုန် သူ့အနားသို့ ပိုလို့ပင်တိုးကပ်လိုက်လေ၏။ ပြီးတော့ ခြေဖျားကိုထောက်လျက်...သူ့မျက်နှာဆီသို့ဦးတည်ပြီး နှုတ်ခမ်းလေးချွန်ကာ လေငွေ့လေးကို ဖြေးဖြေးချင်းမှုတ်ထုတ်လိုက်သည်။
မျက်နှာပေါ်သို့ လေငွေ့နွေးနွေးလေးရိုက်ခတ်လာစဥ် kingယောင်ယမ်းကာ အသက်ကိုအောင့်ထားမိသည်အထိ အယောင်ယောင်အမှားမှား...။
""ယုန်! ""
""ဟား! ဟား!
ဘာဖြစ်တာလဲ မျက်လုံးပြူးမျက်ဆန်ပြူးနဲ့
ကောင်လေးကနော်သိပ်ရှက်တတ်တာပဲ...ဗြဲ!😝""
သူမက လျှာလေးထုတ်ပြကာ အနားကခုန်ပေါက်ပြေးထွက်သွားလေ၏။ သူ့မှာသာ ပရမ်းပတာသောရင်ခုန်နှုန်းတွေနဲ့ အသက်ရှူနှုန်းတွေလည်းရပ်တန့်ပြီး တောက်တဲ့ကြီးလို နံရံမှာကပ်လျက်ကျန်နေခဲ့ရတာ မဟုတ်လား...။
အပျော်သဘောလေး စနောက်ကျီစယ်သွားတာလား ယုန်! နင်က သိပ်ကို ပြုစားတတ်ပါလား...
တစ်ဖက်လူဘယ်လိုခံစားရမယ်မှန်း နင်နည်းနည်းလေးမှအရေးမစိုက်တာလား...နားမလည်တာလား
နင့်မှာရော ငါနဲ့ထပ်တူကျတဲ့ရင်ခုန်ခြင်းမျိုးရှိမနေဘူးလား...။ Friend Zoneဆိုတဲ့အနေအထားက ငါ့အတွက် အရမ်းကျဥ်းကျပ်နေပြီ ယုန်ရယ်...ဒီအတိုင်းပဲဆက်နေရမလား...? ငါ ဖွင့်ပြောခဲ့လို့ နင်မုန်းသွားမှ ဒီအနေအထားလေးကိုပါ ဆုံးရှုံးရမှာ ငါကြောက်တယ် ယုန်!
ငါဘယ်လိုလုပ်ရမလဲ??
~~~~🍋🍋🍋🍋~~~~
""ယုန်ရေ...ယုန်လေး""
""ဒုန်း! ဒုန်း!ဒုန်း!""
အရေးတကြီးအသံဖြင့် တံခါးကိုလည်း တဒုန်းဒုန်းထုနေတာကြောင့် ယုန် လန့်နိုးသွားရပါ၏။ဘာလဲကွာ !! ဒီမှာအိပ်နေတာကို စောစောစီးစီး...ကျစ်!
ယုန် မျက်နှာစူပုပ်ပုပ်ဖြင့် တံခါးသွားဖွင့်လိုက်တော့ ဝမ်းပန်းတသာမျက်နှာနဲ့ အခန်းရှေ့ရပ်နေသူက ရှင်မင်း...
""ဟဲ့! နင်ဘာဖြစ်လာတာလဲ""
""နင်အောင်စာရင်းမကြည့်ဘူးလား
လာလေ....သွားကြည့်မယ်""
""ဘယ်သွားရမှာလဲ ""
""ကျောင်းသွားမယ်လေ""
""ဟာ! ဘာလို့ကျောင်းသွားရမှာလဲ
လူတွေဒီလောက်တိုးတာ...ငါ ညကတည်းက websiteကကြည့်ပြီးပြီ...နင့်ဆီmessageပို့ထားတယ်လေ အောင်တယ်လို့""
""နင်ကလည်း အောင်စာရင်းဆိုတာ အဲ့လိုလူအများကြီးထဲက တိုးကြည့်မှပျော်စရာကောင်းတာလေ""
""ဟာ! မသွားဘူး မသွားဘူး
နင်ဘာသာသွားကြည့် ...အောင်ပါတယ်လို့ဆိုမှ""
""လာပါဆိုကွာ""
""ဟာ! နင်ကတော့ ဇွတ်ပဲ
ငါမျက်နှာတောင်မသစ်ရသေးဘူး""
""အင်း...ငါးမိနစ်စောင့်မယ် မြန်မြန်လုပ်""
ရှင်မင်းရဲ့ပုံစံက စာမေးပွဲအောင်တဲ့ ယုန်ထက်ပင် ပိုပြီးတက်ကြွပျော်ရွှင်နေလေ၏။ ဘာတွေများ ဒီလောက်တောင်ပျော်နေတယ် မသိ။ ယုန်ကတော့ သူ့လို ဂုဏ်ထူးလေးပါလိုက်ချင်ပေမယ့် လက်တွေ့မှာဖြစ်မလာဘဲ ရိုးရိုးသာအောင်ခဲ့တာကြောင့် သိပ်မကျေနပ်ပါ။ သို့ပေမယ့် အောင်ရင်ပြီးတာပါပဲလေ...။အခုဆို ယုန်လည်း သူ့လိုတက္ကသိုလ်တက်ရတော့မှာပေါ့...။
ဟင်း! ရှင်မင်းစုတ်ကို ကျောင်းမှာလိုက်ရှုပ်လို့ရပြီ။
မှန်ကြည့်ကာ ကိုယ့်အတွေးနဲ့ကိုယ်ပြုံးလိုက်မိပြန်၏။ ငါးမိနစ်ကျော်နေပြီမို့ အခန်းပြင်မှာ တံခါးထုသံ တဒုန်းဒုန်းက ထွက်ပေါ်လျက်...။
~~~~🍋🍋🍋🍋~~~~
ကဲ! ယုန်မ စာမေးပွဲအောင်ပြီ😁😁
ဒါလေးကိုတော့ အခါးတွေမပါဘဲ roဆန်ဆန်လေးပဲသွားမယ်နော်...အချိုလေးပေါ့
အဲ့လိုဆိုဖတ်ရတာ ပေါ့နေမလား?😁😁
မေတို့လိုပဲ မုန်တိုင်းတွေတိုက်မလား?
Continue to >>>Part5
Readers/writetsလေးတွေအားလုံးက VIPပါ
Writer-WineSatt Cho(🍋Lëmoñ🍋)