book

Index 3

🍎 Part- { 3 } 🍎

🐰 ပန်းနုရောင် မူပိုင်ခွင့် (Best Friend Forever)


ညနေခင်းရောက်တော့ မေမေပြောထားတဲ့အတိုင်း guideနဲ့စာသင်ရန် စာကြည့်စားပွဲလေး၌ အသင့်အနေအထားဖြစ်နေရသည့် ယုန်...။တကယ်ပါပဲ ဘဝကြီးက ငြီးငွေ့စရာ! ဘယ်အချိန်ထိများ ဒီစာတွေကကျက်နေရဦးမလဲမသိဘူး...။မနှစ်ကလည်း မနည်း အားတင်းပြီးကျက်လာရတာကို...။


မကြည်မလင်မျက်နှာထားဖြင့် စာအုပ်တွေကို ဟိုဒီလျှောက်လှန်နေစဥ်...


""ဘာတွေဖြစ်နေပြန်တာလဲ အဲ့ဒီမျက်နှာက""


အသံနဲ့အတူ အခန်းထဲဝင်ရောက်လာသူကို မျက်စောင်းကအရင်လှမ်းရွယ်လိုက်ပြီးမှ...


""ဘာလာလုပ်တာလဲ?

သူများတကာ ကောင်းရာကောင်းကြောင်း စာသင်မလို့...ဘာလာရှုပ်တာလဲ""


""နင့်အမေပြောတော့ ငါမလာလို့ နင်သတိရနေတယ်ဆို""


ငိ! မယုံစားလိုက်ရတဲ့ အမေ...။သမီးမိန်းကလေးမွေးထားပြီး ဒါမျိုးစကားကိုအပြင်မှာပြောထုတ်ရသလား...


""အဟမ်း! ငါက နင့်ကိုမတွေ့လို့ပြောမိရုံပါ

သွားတော့! ငါ အခုမအားဘူး စာသင်ရတော့မှာ""


""အင်း! သင်လေ အခု""


""သင်မှာပါ စိတ်ချ!

နင်သာပြန်!""


""မပြန်ပါဘူး...ငါကအချိန်မှန်လာတာလေ""


""နင်စကားတွေကိုရှုပ်အောင်လာမပြောနဲ့ ရှင်မင်း

ငါ သိပ်စိတ်ရှည်မနေဘူးနော်!""


""ကဲ! အဲ့ဒါဆိုလည်း တည့်ပဲကွာ

နင် စောင့်နေတဲ့ guideဆိုတာငါပဲ

အဲ့တော့ စာကျက်မယ်...စာအုပ်ထုတ်""


""Ha Haပဲ...ကလေးရေ!

ဘာတွေလာပြောနေတာလဲ...ငါ့ကိုမကျပ်စမ်းနဲ့""


""နင်သာချောင်နေတာ မိယုန်

ငါပြောတာအမှန်ပဲ မယုံရင်နင့်အမေကိုမေးကြည့်""


အတည်ပေါက်နဲ့ပြောနေတဲ့ မျက်နှာက စနောက်နေတာနဲ့မတူတာကြောင့် ယုန် လန့်သွားကာ


""ရှင်မင်း...နင်! နင်တကယ်ပြောနေတာလား""


""အမှန်ပဲ""


""မေမေရေ...မေမေ မေမေ""


သမီးဖြစ်သူရဲ့ခေါ်သံကြောင့် ဒေါ်ခင်သော်တာမှာအပေါ်ထပ်သို့ အမြန်တက်လာခဲ့ရပြန်၏။ ဒီကလေးနဲ့လည်းမလွယ်ပါလား...ဘာဖြစ်ပြန်ပြီလဲမသိ။


""ဘာဖြစ်လို့လဲ သမီး""


""မေမေဘယ်လိုလုပ်လိုက်တာလဲ

ရှင်မင်းက သမီးနဲ့ရွယ်တူပဲရှိတာ...ဘာလို့သူကသမီးကိုဆရာလုပ်မှာလဲ...မေမေသမီးကိုတမင်နှိပ်ကွပ်တာလား...""


""အို! မဟုတ်ပါဘူး သမီးရယ်

သားနဲ့သမီးက မနှစ်ကလည်းနေ့တိုင်းစာအတူကျက်လာတာဆိုတော့ သူက သမီးသဘောကိုနားလည်တယ်လေ...သမီးရဲ့အားနည်းချက်ကိုလည်းသိတယ်...သမီးအကြောင်းကိုလည်းနားလည်...""


""မသိဘူး မသိဘူး...သမီး သူ့ကိုဆရာမတင်နိုင်ဘူး...မသင်ဘူး""


ခါးခါးသီးသီးပုံစံဖြင့် ခေါင်းတရမ်းရမ်းဖြစ်နေသောသူမကြောင့် kingသက်ပြင်းရှည်ကြီးကိုချကာ...


""ဟုတ်တယ်လေ ယုန်ရဲ့

ပြီးတော့ နင့်ကျူရှင်classပြီးတဲ့အချိန် အိမ်မှာစာတွေပြန်ကြည့်တဲ့အခါ နင့်အနားမှာငါရှိနေရင် နားမလည်တာတွေရှင်းပြလို့ရမယ်...စာကျက်ရင်စောင့်ပေးမယ် အဲ့လိုမျိုးပါ""


""နင်က ငါ့ကိုဆရာကြီးလုပ်မယ်ပေါ့""


""မလုပ်ပါဘူး...ဒီအတိုင်းကြည့်ပေးရုံပဲ

နင်မကြိုက်ဘူးဆိုရင်လည်း နင့်သဘော""


တကယ်တော့ ရှင်မင်း စာပြပေးမှာကို ယုန် မကြိုက်တာမဟုတ်ပါ။ စာကျက်ချိန်တိုင်း အနားမှာသူမရှိလို့ ပျင်းနေခဲ့ရတာ နေ့စဥ်ရက်ဆက်ပဲမဟုတ်လား...။သို့သော် ကိုယ်နဲ့တစ်တန်းတည်းအတူတက်ခဲ့ပြီးမှ သူ့ရှေ့မှာ ဒီစာတွေပြန်ကျက်နေရတာက နည်းနည်းရှက်ဖို့ကောင်းမနေဘူးလား...


အမလေး! မိယုန်...နင်ဘာတွေစဥ်းစားနေတာလဲ ရှင်မင်း အရှေ့မို့ရှက်စရာကောင်းတယ်လို့ နင်တွေးလိုက်တာလား အခု...။အဟက်! မဖြစ်နိုင်တာ သူက နင့်အတွက်ဘာများထူးခြားတာမို့လို့လဲ...

သူမဟုတ်လည်း မေမေက စာကျက်guideအသစ်ထပ်ရှာဦးမှာပဲ...။အဲ့ဒီ့အစား ရှင်မင်းကမှတော်ဦးမယ်...သူ့ဆို နိုင်စားလို့ရတယ်...


 ယုန့်စိတ်ထဲ အတွေးတို့ပလုံစီသွားပြီးသကာလ...ခေါင်းလေးကိုဆတ်ခနဲငြိမ့်ချလိုက်ကာ


""ရပါတယ်...နင်ရှိနေတော့ ငါ့အတွက်အဖော်ရတာပေါ့""


""အင်း! ဒီလိုမှပေါ့...လိမ္မာတယ်""


ဒီလိုကနေပဲ ယုန့်မှာ ကျူရှင်တက်လိုက် ရှင်မင်းနဲ့စာပြန်ကြည့်လိုက်ဖြင့် အချိန်တွေလည်ပတ်ကာ စာမေးပွဲဖြေရန်ပင် ပြန်နီးလာခဲ့ပြီ။အခုဆို ရှင်မင်းလည်း တက္ကသိုလ်စတက်နေရပြီလေ။ ပြောသံကြားတာတော့...ဘာတဲ့! နာမည်နဲ့လိုက်ဖက်စွာ ကျောင်းမှာ Kingဟူသောဂုဏ်ပုဒ်ကြီးရနေပြန်ပြီး ကောင်မလေးတွေရဲ့အိပ်မက်မင်းသားလေးဖြစ်နေရသတဲ့! ဒီသတင်းကြားရတော့ ယုန်ကိုယ့်ကိုကိုယ်စိတ်နာမိသည်။ အရင်လိုများဆို ဒါက ငွေသော်တာယုန်ရဲ့မဟာအခွင့်အရေးပဲမဟုတ်လား။အခုချိန်သာ ယုန်နဲ့ရှင်မင်း ကျောင်းအတူတက်နေရရင် ယုန် မုန့်တွေစားနေရလောက်ပြီ။ ဒါနဲ့ တက္ကသိုလ်ကကောင်မလေးတွေကလည်း အရင်လို ရိုးရာမပျက်ပါပဲလား...ဘယ်လိုကြောင့် အဲ့ဒီ့အေးစက်စက်ရေခဲတုံးကိုပဲ အချောစား အလှစားထင်နေကြတယ်မသိ။ ရှင်မင်းက ချောတာတော့မှန်ပေမယ့် သူ့ပုံစံက old modelကြီး! အရင်ကတော့ အထက်တန်းမို့ကျောင်းကို လည်ကတုံးနဲ့ပုဆိုးဝတ်ရတာထား...။အခုuniအထိ ဒီအစွဲက မကျွတ်နိုင်တာ အံ့သြစရာ။ သူကျောင်းသွားတိုင်း ကြည့်လိုက်ရင် ဒီပုံစံအတိုင်းပင်။ slim fitလည်ကတုံးလက်ရှည်လေးနဲ့ပုဆိုးကိုသာဝတ်ဆင်တတ်တဲ့ ပုံရိုးလေးကြောင့်တစ်မျိုးဆန်းနေတာလားတော့မသိ။


သေချာတာတော့ အဲ့လိုပုံတုံးstyleမျိုးက ယုန့်အကြိုက်မဟုတ်ပေ။ ယုန်က ခေတ်နဲ့အညီနေထိုင်ဝတ်စားတတ်ပြီး လူငယ်ဆန်တဲ့styleမျိုးလေးကိုမှသဘောကျတာ...။ဥပမာ-ကျူရှင်က ဟိုကောင်လေး...အဟိ!


တွေးနေရင်းကနေ အာရုံမှာပေါ်လာတဲ့ မျက်နှာလေးက ပီပြင်စွာ။ သူက အပြောလည်းချိုတယ် အပြုံးလည်းချိုတယ်...ခင်ဖို့လည်းကောင်းတယ်...။အေးတိအေးစက်ပုံစံမျိုးမဟုတ်ဘူး ...တစ်ချို့တစ်ချို့တွေလိုပေါ့...ဟွန့်!


အခုဆို ယုန်နဲ့ရှင်းက အတော်ကိုရင်းနှီးနေကြပြီ။ဒါပေမယ့် သူပြောတဲ့စကားလေးတစ်ခွန်းက ယုန့်အတွက်ထူးဆန်းသလို ပဟေဠိတစ်ပုဒ်ပမာ လူကိုဆွဲဆောင်လွန်းနေသား...။သူပြောတာ..ဘာတဲ့!

ယုန်နဲ့သူ ဘယ်လောက်ပဲရင်းနှီးရင်းနှီး သူငယ်ချင်းတွေလို့မသတ်မှတ်ပါနဲ့တဲ့! အဆန်းကြီး!

သူဘာပြောချင်မှန်း ယုန်အခုထိနားမလည်သေးတာအမှန်ပင်...


""ဘာတွေစိတ်ကူးယဥ်ပြီးပြုံးနေတာလဲ မိယုန်""


""အယ်! နင်ဘယ်တုန်းကရောက်?""


""အခုပဲ...ငါရပ်နေတာ ၅မိနစ်လောက်ရှိပြီ

နင် ပြုံးလိုက်ရယ်လိုက်နဲ့ ဘာများဖောက်နေသလဲလို့""


""ကဲ! ရန်စလာပြန်ပြီလား""


""မစပါဘူး...ဒီနေ့သင်္ချာတွက်ရအောင်""


""လာပါပြီ...နင်တော်တယ်ဆိုတိုင်းငါ့ကိုပုစ္ဆာတွေပဲဖိတွက်ခိုင်းမနေနဲ့...""


""နင်မနေ့က နားမလည်တာတစ်ပုဒ်ကျန်တယ်လေ...စာအုပ်ထုတ် ငါရှင်းပြမယ်""


""......."""


ပုစ္ဆာလေးတစ်ပုဒ်ထဲကို နာရီဝက်နစ်နီးပါးသေချာရှင်းပြနေရပေမယ့် kingကတော့စိတ်ရှည်စွာပင်။ ရှင်းပြတဲ့သူစိတ်ရှည်သလောက် နားထောင်သူကတော့ ကြာလေလေ မျက်နှာကရှုံ့မဲ့လာကာ...


""အာ! မသိတော့ဘူးကွာ

အဲ့အပုဒ်ကျော်လိုက်ရအောင်လေ...နော်

လုပ်ပါဟာ! စာမေးပွဲမှာလည်းပါမယ့်ပုံမပေါ်ပါဘူး""


""မရဘူးလေ...တကယ်လို့မေးခဲ့ရင်ရော!

ပြီးတော့ ဒါကနားလည်သွားရင်လွယ်တယ်

ရော့! တစ်ခေါက်ပြန်တွက်ကြည့်""


အရေးဆိုခြင်းမအောင်မြင်၍ မျက်နှာစူပုပ်ပုပ်ဖြင့် စာအုပ်ကိုဆွဲယူသွားကာ တွက်ချက်ပြန်လေ၏။


""ရော့!""


ဆူဆူဆောင့်ဆောင့်ဖြင့် စာအုပ်ကိုလက်ထဲထည့်ပေးလာတာကြောင့် kingတစ်ချက်ပြုံးလိုက်ရင်း

စာကိုစစ်ကြည့်တော့ အဖြေကမမှန်ပြန်


""ဟာ! နင့်အဖြေကလွဲနေပြန်ပြီ""


""ဘာလွဲရပြန်တာလဲ""


""ဒီမှာလေ...နင်အခေါက်တိုင်းဒီနေရာပဲမှားနေတာ...အဲ့ဒီ့ကစမှားတော့ အောက်ကအဖြေပါအကုန်လွဲရော""


""နင့်ကိုအားနာလို့သာတွက်ပေးနေတာ

ငါမနှစ်ကလည်း ဒီအခန်းကိုကြည့်တာမဟုတ်ဘူး""


""ဟမ်! နင်မနှစ်က ငါနဲ့အတူဒါတွေတွက်ဖူးတယ်လေ...အဲ့တုန်းကကျအဖြေမှန်ပြီး""


""အော်! ဟဲ! ဟဲ! နင်ကမှတ်မိတာလား??အဲ့တုန်းကလေ နင်နဲ့ငါပြိုင်တွက်ကြတော့ ငါရှုံးမှာကြောက်လို့ guide bookတစ်အုပ်ဝယ်ပြီးအဖြေတွေခိုးကြည့်ခဲ့တာ...အခုကျူရှင်မှာကျမှ ငါတကယ်တွက်ရတာ...ဆရာသင်တာလည်းသိပ်မရှင်းဘူး...ဟီး! ဟီး!""


""နင်ကတော့လေ...တော်တော်ဆိုးတာပဲ

နားမလည်ရင်လည်းအဲ့တုန်းကတည်းကငါ့ကိုပြောပါလား""


"".....""


""ဒီမှာ! အကွက်ရတိုင်း ဇွတ်ဟောက်မနေနဲ့

ငါမတွက်ဘူးဆို မတွက်ဘူးပဲ ...""


""နင်ဟာလေ...တကယ့်လူဆိုးမ""


""ဘာဖြစ်လဲ""


""📲📲📲📲""


အချေအတင်စကားစစ်ထိုးနေရင်းမှ ဖုန်းမြည်သံကြောင့် ယုန် လှမ်းယူလိုက်ပြီး no.ကိုကြည့်တော့ မသိကျွမ်းတဲ့no.ဖြစ်နေတာကြောင့် ခေါင်းကိုကုတ်လိုက်ရင်း


""ဘယ်သူကြီးလဲမသိဘူး""


""ဘာဖြစ်လို့လဲ...ပေး ငါကိုင်လိုက်မယ်""


""အမလေး! ဆုတောင်းလေ...ပိုင်စိုးပိုင်နက်""


လှမ်းလာသည့်လက်ကို ပုတ်ချကာ ဖုန်းကိုင်လိုက်မိတော့ မကျေမနပ်မျက်နှာဖြင့် တစ်ဖက်လှည့်သွားသည့် သူ...။တော်ပါ! ဂရုမစိုက်ဘူး...နေရာတကာကိုပါတယ်...အဘိုးကြီး!


စဥ်းစားကာ တစ်ဖက်ကိုမျက်စောင်းထိုးလိုက်ပြီးမှ


""Hello!""


""......""


""ရှင်း...ယုန့် ph no.ကိုဘယ်လိုသိတာ?""


""......""


""ဟင့်အင်း! မဟုတ်ပါဘူး...မကြိုက်လို့မဟုတ်ဘူး

ဆက်လို့ကရပါတယ်...ရုတ်တရက်ဆိုတော့အံ့သြသွားတာ""


ပြောနေတဲ့လေသံကိုနားထောင်ကာ kingရင်ထဲ စိတ်တိုင်းမကျဖြစ်လာရပြီး...မျက်မှောင်ကျုံ့ကာကြည့်နေမိသည်က မကြာခဏ။ ခုနပြောတဲ့လေသံက ဒီလိုမှမဟုတ်ဘဲ။ အခုကျ ပျားရည် ၊ သကြားရောထားသလို အသံချိုချိုက ပျော့ပျောင်းညင်သာနေလိုက်တာ...kingမှတ်မိသလောက် သူ့ကိုဆို ဒီလိုလေသံနဲ့ သူမတစ်ခါမှမပြောခဲ့...။ဘာလဲကွာ! စိတ်ထဲကျေနပ်မနေပါဘူးဆိုမှ ပြောလို့မပြီးနိုင်ဖြစ်နေသောစကားတို့ကြောင့် king နေရာမှထသွားကာ သူမ လက်ထဲကဖုန်းကိုဆွဲယူလိုက်ပြီး


""တော်လောက်ပြီ ယုန်!

နောက်ဆို စာသင်ချိန်မှာဖုန်းမကိုင်နဲ့

ငါမကြိုက်ဘူး""


""ဟ! ငါ ဒီမှာစကားပြောနေတယ်လေ

နင် ရိုင်းလှချည်လား""


""ဘာဖြစ်လဲ?

ဖုန်းဆက်တာဘယ်သူလဲ""


""ဘာလို့ နင့်ကိုအစီရင်ခံနေရမှာလဲ ငါက""


""ယောကျ်ားလေး ဟုတ်တယ်မလား""


""ဟုတ်တယ်လေ...ဘာဖြစ်လို့လဲ""


ခပ်စွာစွာအသံနဲ့ပြန်ပြောလာပုံကြောင့် kingတကယ်ပဲဒေါသဖြစ်မိပါသည်။ ကိုယ့်မှာတော့ သူမကလွဲရင် ဘယ်မိန်းကလေးအသိမှထပ်မရှိခဲ့ဖူးသလောက် သူမကတော့ ယောကျ်ားလေးအသိတစ်ယောက်ကို လွယ်လွယ်ပင်လက်ခံစကားပြောနေတာမဟုတ်ပါလား...။ပြီးတော့ တကယ့်ကိုတရင်းတနှီးပုံစံနဲ့...ပြောဆိုပုံကလည်းသာမန်ထက်ထူးခြားတာကို kingရိပ်မိသည်။ ဒီလောက်ဂရုစိုက်နေရင်းကနေ သူ မသိတာကရှိနေရသေးရဲ့ ...

ယုန် လက်ရှိတက်နေတဲ့ ကျူရှင်မှာ သူငယ်ချင်းဘယ်နှယောက်ရနေလဲဆိုတာကအစ kingသိနေသလို ယုန်ကလည်းကျူရှင်ကအကြောင်းတွေကိုအမြဲပြောပြတတ်သည်။ သို့သော် အဲ့ဒီ့ သူမခေါ်လိုက်တဲ့ 'ရှင်း'ဆိုသောနာမည်နဲ့လူအကြောင်းကိုတော့ တခါမှမပြောဘဲ ချန်လှပ်ထားခဲ့တာက ဘာကြောင့်ပါလဲ...?


သူနဲ့ပတ်သက်ပြီး နင် မရိုးသားဘူး ငွေယုန်!


~~~~🍋🍋🍋🍋~~~~


""ယုန်! ငါတို့ စာမေးပွဲနီးနေပြီနော်

ကြောက်လိုက်တာ!""


""ကြောက်မနေနဲ့! မဖြေဖူးတာလည်းမဟုတ်ဘဲနဲ့""


ကျူရှင်ဆင်းပြီမို့ ယုန်နဲ့သူငယ်ချင်းတွေ အပြန်အလှန်စကားပြောကာ အပြင်သို့ထွက်လာစဥ် အရှေ့တည့်တည့်မှာရပ်နေတဲ့ လူတစ်ယောက်နဲ့ဝင်ဆောင့်မိသူက ယုန်...


""အမလေး! ""


""လမ်းလျှောက်ရင်အရှေ့ကိုကြည့်မှပေါ့""


""နင်ကိုက ငါ့လမ်းမှာလာပိတ်နေတာလေ

လမ်းလယ်ခေါင်လာရပ်နေပြီး...သူကပဲပြောရတယ်ရှိသေး...ဒါနဲ့နေပါဦး...နင်ဒီကိုဘာလာလုပ်တာလဲ""


""နင့်ကိုလာကြိုတာလေ""


King သူမကိုပြောနေရင်းကပဲ ဘေးပတ်ဝန်းကျင်ကိုလည်း မျက်လုံးရွှေ့ကြည့်မိ၏။ ယောကျ်ားလေးတွေတော့ သူမတို့အုပ်စုထဲမပါတာအမှန်ပင်။ (အခြေအနေကိုလာရှိုးတာ😛)


""ဟဲ့! အိပ်ပျော်ကုန်ကြတာလား""


ယုန့်ဘေးနားက သူငယ်ချင်းမတွေက စကားတွေပေါက်ပေါက်ဖောက်လာရာမှ ရုတ်တရက်ငြိမ်ကျသွားကာ သူတို့မျက်လုံးတွေရဲ့ပစ်မှတ်က အရှေ့မှာရပ်နေတဲ့ ရှင်မင်းထံသို့သာ...စုပြုံနေလျက်။


""ယုန်! နင်ပြောပြတဲ့ ဟိုကောင်လေးက သူလား""


""အမ်း! ဘာဖြစ်လို့လဲ""


""ဘာမှမဖြစ်ဘူး...ငါတို့ကရွယ်တူတွေပဲ

လာပါ သူငယ်ချင်းဖွဲ့ရအောင်နော်!""


ရှင်မင်းကိုကြည့်ကာ စပ်ဖြီးဖြီးမျက်နှာထားတွေနဲ့ ပြောနေတဲ့ သူငယ်ချင်းတစ်သိုက်ကိုတော့ ယုန် စိတ်ကုန်မိသည်။ ဒီဟာတွေကလည်း ခေါက်ရိုးကျိုးနေတာပဲလား...။တကယ့်ကို မျက်နှာမြင်ချစ်ခင်ဆုနဲ့ ပြည့်တဲ့ 'ပြည့်ရှင်မင်း'ပါပဲ...။ 


""Fb Accလေးပေးပါလား

addလိုက်မယ်လေ!""


""Accက...""


Kingဘာမှဆက်မပြောရသေးခင်မှာပဲ ယုန်က ကြားမှာ ဝင်ရပ်လိုက်ပြီး


""နင်တို့ကလည်း လောလိုက်တာ

သူ့accသိချင်တာမလား...ငါပြောပြမှာပေါ့

အခုတော့ပြန်လိုက်ဦးမယ် bye bye!""


ပြောပြီးတာနဲ့ လက်ကိုဆွဲခေါ်ကာထွက်လာခဲ့ရသည်။ မဟုတ်ရင် ဒီနေ့ ဒီကိစ္စပြီးမှာမဟုတ်။ အင်းမလုပ် အဲမလုပ်နဲ့ တောင့်တောင့်ကြီးရပ်နေတာ...တကယ်ပဲစိတ်မရှည်ချင်စရာ...။ဟိုမိန်းမတွေကလည်း မလွယ်ကြော! နောက်နေ့ကျရင် ယုန့်ကိုလာပြီးနားပူနားဆာလုပ်နေဦးမှာ မြင်ယောင်ပါသေးရဲ့ ...


ဒီလိုအဖြစ်မျိုးမကြုံဖူးတာလည်း မဟုတ်ဘဲနဲ့...အခုကျမှ ယုန် ဒေါသဖြစ်သလိုကြီးခံစားနေရတာ ဘာကြောင့်ပါလိမ့်! 


""ရှင်မင်း!""


""ဟင်!""


""ငါသူတို့ကို နင့်accပြောတော့ပြောလိုက်မယ်

တကယ်လို့ သူတို့လာaddရင် လက်မခံနဲ့ကြားလား""


""ဟမ်! ဘာလို့?

နင့်သူငယ်ချင်းတွေလေ သူတို့က

ငါလက်မခံရင် ချေသလိုဖြစ်သွားမှာပေါ့

အားနာစရာကြီး!""


""ဟမ်း! ဆင်ခြေတွေ

နင့်လောက်ချေတတ်တာ နင်ပဲရှိတယ်

အခုမှဒါမျိုးစကားထွက်လာတာ...နင်ဘယ်တစ်ယောက်ကိုသဘောကျသွားလို့လဲ ပြောစမ်း!""


""နင်ကရော ဘာလို့လက်မခံခိုင်းတာတုန်း!""


""သူတို့က တအားစကားများတာလေ

အဲ့ဒါကြောင့်!""


""အင်း! စဥ်းစားဦးမယ်

နင့် accထဲမှာလည်း ငါမဟုတ်တဲ့ယောကျ်ားလေးသူငယ်ချင်းတွေရှိတာပဲလေ""


""ငါကဘယ်သူနဲ့မှစကားမပြောဘူး""


"'ဒါဆို...မုန်းရန်ရှင်းနဲ့ရော?""


ရုတ်တရက်မေးချလိုက်တဲ့ မေးခွန်းကြောင့် ယုန် မျက်လုံးလေးပြူးကာ ပြန်ကြည့်မိတော့...အဖြေစကားတစ်ခုကိုစောင့်နေလေတဲ့ မျက်ဝန်းတွေနဲ့ရင်ဆိုင်ရလေ၏။သူ့ကို ဒီနာမည်နဲ့ပတ်သက်ပြီးတစ်ခါမှမပြောပြဖူးဘဲနဲ့...ဘယ်ကဘယ်လိုသိလာရတာပါလိမ့်!


""နင်...နင် ရှင်းကိုဘယ်လိုသိတာလဲ""


""ဒီလိုပါပဲ""


"'ငါ့accထဲဝင်ကြည့်ထားတာလား""


""ဆိုပါတော့!""


""ငါ ရှင်းနဲ့လည်းစကားသိပ်မပြောပါဘူး""


"'သူ့အကြောင်း နင်ငါ့ကိုတခါမှမပြောဖူးဘူးနော်""


""ငါ...မေ့နေလို့မပြောဖြစ်တာပါ

လာလေ! ပြန်ရအောင်""


နှစ်ယောက်သား ဘေးချင်ယှဥ်လျှောက်နေပေမယ့်စကားသံတို့က တိတ်ဆိတ်နေခဲ့သည်။ ရှင်မင်းကလည်းတစ်ခုခုကိုတွေးနေပုံနှင့်...။


""ရှင်မင်း! ငါ သူ့အကြောင်းနင့်ကိုမပြောဖြစ်တာကလေ""


""ရပါတယ်...နင်မပြောချင်ရင် မပြောနဲ့""


""နင်စိတ်ဆိုးသွားတာလား""


""မဆိုးပါဘူး""


""ဒါဆို ငါဆက်ပြောမယ်နော်

နင် နောက်နေ့ကျ ကျူရှင်ကိုမလာခဲ့နဲ့!

ငါမကြိုက်ဘူး""


""ဘာ!""


""လန့်လိုက်တာဟဲ့! ဖြေးဖြေးအော်ပါ""


""အေး! ရတယ်...မလာဘူး

နင့်ဘာသာ ကြိုက်တဲ့ကောင်နဲ့သူငယ်ချင်းတော်

ငါ ဘာမှလည်းမမေးဘူး ရပြီလား""


မျက်နှာတည်ဖြင့်ကြည့်ကာ ပြောပြီး ရှေ့မှထွက်သွားလေ၏။ ယုန်ပြောတဲ့ မကြိုက်ဘူးဆိုတာက...သူထပ်လာရင် ဟိုမိန်းကလေးတွေထပ်ပြီးငမ်းကြောထနေကြမှာကို မကျေနပ်၍ပါ။ ဒါကို သူဘယ်လိုများ အဓိပ္ပာယ်ကောက်သွားတယ်မသိ။


""ဟဲ့! ငါ့ကိုစောင့်ဦးလေ""


အရပ်ရှည်ရှည်နဲ့ ခြေလှမ်းကျဲကျဲတွေကြောင့် ခဏလေးအတွင်း အဝေးရောက်သွားတာမို့...ယုန် သူ့အနောက်ကနေ အပြေးလေးလိုက်ရပြန်သည်။


""စောင့်ပါလို့ဆိုနေမှပဲ...""


""သွား! ဝေးဝေးနေ""


""နင်ကလည်း...စိတ်ဆိုးနေပြန်ပြီ

ရှင်းနဲ့ငါက ဒီအတိုင်း...""


""တော်တော့!

အခုမှလာပြောမနေနဲ့...ဘယ်သူကမေးလို့လဲ""


""နေပေါ့!""


~~~~🍋🍋🍋🍋~~~~

Continue to>>>Part-4


Readers/writersလေးတွေအားလုံးကVIPပါ


Writer-WineSatt Cho(🍋Lëmoñ🍋)


rate now: