book

Index 1

🍎 Part- { 1 } 🍎

 🐰 ပန်းနုရောင် မူပိုင်ခွင့် 🐰(Best Friend Forever)

         

""ရှင်မင်းရေ...ရှင်မင်း...ဟဲ့! ပြည့်ရှင်မင်း...

ငါခေါ်နေတယ်လေ...ထွက်လာစမ်း အခု!""


တကယ်ပဲ... စိတ်တိုအောင်လုပ်တုန်းကလုပ်ထားပြီး အခုမှအရိပ်အယောင်မတွေ့ရဘဲ ပျောက်ချက်သားကောင်းနေလေ၏။ ဒီကောင်က လူကို တစ်နေ့တစ်မျိုးမစမနောက်ရရင် စားမဝင်အိပ်မပျော်တာလား ဘာလားမသိ။အခုလည်းကြည့် ပြသာနာရှာထားပြန်ပြီ။


""ရှင်မင်းစုတ်! နင်အိမ်မှာမှန်းငါသိတယ်နော်""


အောက်ထပ်ကနေ ဒေါသသံကြီးနဲ့အော်နေတဲ့ ကောင်မလေးကြောင့် kingအသံမထွက်ဘဲ ကျိတ်ရယ်နေမိသည်။ သူ့မှာလည်း တစ်နေ့တစ်နေ့ အဲ့ဒီဟာလေးကို ဘယ်လိုစရမလဲပဲ စဥ်းစားရတာအမော...။ အခုလည်း ရန်တွေ့မယ်သူက လာပြီဆိုတော့...ရန်ဆင်းဖြစ်ရဦးမှာပေါ့


""ဟဲ့! ယုန်မ...နင်စောစောစီးစီး သူများအိမ်မှာဘာလာအော်နေတာလဲ?""


""အော်! လာပြီပေါ့...လာလိုက်စမ်းပါအခု!""


""အေး...လာတယ်လေ...ဘာဖြစ်လဲ??""


""အင်! အင့်! အင့်...မှတ်ပြီလား""


လူ အနားရောက်တာနဲ့ လက်ထဲကိုင်လာတဲ့စာအုပ်နဲ့ ခေါင်းကိုသုံးလေးချက်လောက် တီးပေးလိုက်တော့ ပြုံးစစ မျက်နှာပေးနဲ့ ခုန်ပေါက်ကာ တိမ်းရှောင်နေတဲ့ king...

သူ့အရပ်က ရှည်တော့ ခုန်လိုက်ရင် ယုန်က သူ့ခေါင်းကိုလှမ်းလို့မမှီတော့ပေ...


""ဟ! ဟ! ငပုမ...မီလည်းမမီပဲနဲ့

လူကလည်း အရပ်ပုပုနဲ့ ဝလည်းဝသေးတယ် ဝက်မ""


""ဘာ! ပြည့်ရှင်မင်း...နင်..နင်!..

အီး! ဟီး! ဟီး!...မေမေထားရေ...မေမေထား

မေမေ့သား သမီးကိုအနိုင်ကျင့်တယ် အီး! ဟီး!""


ပြောရင်းနဲ့ပဲ သူမကကြမ်းပေါ်ထိုင်ချပစ်ကာ တဟီးဟီး ငိုချလေတော့၏။ ဒီစကားကြားတိုင်း ငိုပဲငိုနိုင်လွန်းသည်။ အခုမှပြောတာလည်းမဟုတ် ဟိုးပေါက်စနထဲက ပြောခဲ့တဲ့စကားကို...တစ်ခါကြားတိုင်းတစ်ခါငိုတော့ ငိုခဲ့တဲ့အကြိမ်ပေါင်းလည်းမနည်းတော့ပေ။


မီးဖိုခန်းထဲ ဟင်းချက်နေရာမှ ကလေးနှစ်ယောက်ရဲ့ဆူညံသံတွေကြောင့် ဒေါ်သက်ထားအပြေးအလွှားထွက်လာခဲ့ရသည်။ သူတို့နှစ်ယောက်က ရန်မဖြစ်တဲ့နေ့ကိုမရှိ..ရန်ဖြစ်ပြီးပြန်ရင်လည်း တစ်နာရီထက်ပိုစိတ်မကောက်နိုင်ကြတဲ့နှစ်ယောက်...။သူတို့အကြောင်းကိုသိနေလို့ တော်ရုံတန်ရုံလောက်နဲ့ လူကြီးတွေကဝင်ပါမနေတော့ပေ။ သူ့အလိုလိုပြန်တည့်သွားကြမှာ သိနေ၍လေ...။ အခုတော့ မိမိကိုအားကိုးတကြီးခေါ်ကာ ဝမ်းပန်းတနည်းငိုနေတဲ့ ယုန်လေးကြောင့် ဒေါ်သက်ထား ထွက်မလာလို့မရတဲ့အခြေအနေ...


""ဟယ်! သမီးလေး...ဘာလို့ငိုတာလဲ

လာ လာ... ထ!""


""ဝက်မခန္ဓာကြီးကို ထူမနေပါနဲ့မေမေရာ

နိုင်တာလည်းမဟုတ်ဘဲနဲ့""


""ရှင်မင်း...နင်..နင် အဲ့စကားပြန်ရုတ်သိမ်း""


""ဟမ်! ဘာလို့...ငါကမှန်တာပြောတာလေ

ဘာဖြစ်လဲ...ဗြဲ!""


""ကြည့်! ကြည့်! မေထား...တွေ့လား...""


Kingက လျှာထုတ်ကာပြောင်ပြနေတော့ သူမက လက်ညှိုးလေးတထိုးထိုးနဲ့ခုန်ဆွခုန်ဆွဖြစ်နေလေ၏။ အဲ့ဒါပါပဲ...တစ်နေ့တစ်နေ့ king သူမကို စနောက်နေရတာက ဒီလိုချစ်စဖွယ်အမူအရာလေးကိုတွေ့ချင်လို့ပဲလေ...။တကယ်ဆို ယုန်လေးက ဝတဲ့စာရင်းထဲမပါ ပါဘူး...။ပုံမှန်ထက် အနည်းငယ်လေးပြည့်ရုံရှိတာ...ပြီးတော့ မျက်နှာကဝိုင်းစက်လွန်းနေတာကြောင့်ရယ် အဲ့ဒီ့မျက်နှာဝိုင်းမှာမှ ဖောင်းပြည့်နေတဲ့ပါးနုနုလေးနှစ်ဖက်ကြောင့် 'ဝ'တယ်လို့အထင်ရောက်စေခြင်းပါ..တကယ်တမ်းကြည့်ရင် 'ငွေသော်တာယုန်'ဆိုသောကောင်မလေးက အတော့်ကိုမှ ချစ်စရာကောင်းတဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားခြင်းပင်။


ဖူးပြည့်နေတဲ့နှုတ်ခမ်းလေးတွေက ပင်ကိုအတိုင်းပန်းနုရောင်သမ်းနေတတ်ပြီး မေးစေ့လုံးလုံး နှာတံချွန်ချွန်လေးနဲ့ အဓိကဆွဲဆောင်တတ်တာကတော့ အိထွေးနေတဲ့ပါးဖောင်းဖောင်းလေးများ...။ပြီးတော့ အသံလေးကလည်း စွာကျယ်ကျယ်နဲ့ ရန်တွေ့တိုင်းငှက်ပေါက်လေးလို ပိကျိပိကျိအော်တတ်တာကkingအတွက်တော့တမျိုးနားထောင်လို့ကောင်းသလိုပါပဲ...


သို့သော် kingကတော့ ကိုယ်မြင်တဲ့အမှန်တရားကို ဘယ်တုန်းကမှထုတ်မပြောခဲ့ ။ သူမကို 'ဝတယ်''ဝက်မ''ဖားပြုတ်မ''ဘဲပေါက်'စတဲ့ nicknameတွေပေးကာ အမြဲတမ်းမခံချင်အောင်စနောက်တတ်ပြီး...ဒီလိုအခါတိုင်းလည်း ရန်ပွဲတွေသတ်ရစမြဲပင်...


""ကဲ! သား...ယုန်ယုန့်ကိုဘာသွားစပြန်တာလဲ""


""မေထား...သူ့ကိုမမေးနဲ့ 

သမီးပြောပြမယ်""


"".....""


""မနေ့ကလေ...သမီးနဲ့သူ အိမ်စာအတူတူလုပ်တာ

အဲ့ဒါ သမီးမသိလိုက်ခင်ခဏလေးမှာ...သူ သမီးစာအုပ်ထဲ ဝက်ပုံကြီးဆွဲသွားတယ်...မြှားတွေလည်းထိုးပြီးတော့ သမီးနာမည်နဲ့...ဒီမှာကြည့်!""


သက်သေနဲ့တကွရောက်လာတာမို့ သူမလေးပြတဲ့နေရာကို လိုက်ကြည့်ရ၏။ဒေါ်သက်ထားစိတ်ထဲမှာတော့ ရယ်ချင်တာကိုအောင့်ထားရကာ...


""သားရယ်...သူများစာအုပ်မှာဘာလို့အဲ့လိုဆွဲရတာလဲ""


""မေမေကလည်း...သားက ချစ်လို့စတာကို""


""တိတ်စမ်း! ဘာချစ်လို့လဲ

နင်ကလေ ငါ့အားနည်းချက်ကိုအမြဲတမ်းရန်ရှာနေတာ

အစုတ်ပလုပ်ကောင်! နင့်အလှည့်ကျမှ ဝက်မနဲ့မညားပါစေနဲ့လို့ ငါဆုတောင်းပေးတယ် ဟွန့်!""


""သွားစမ်းပါ!! ဝေး ဝေး go!

အဆီတွေ စင်ကုန်မယ်""


""ဟင့်! နင်နော်...တော်ပြီ

ငါ နင်နဲ့လုံးဝစကားမပြောတော့ဘူး

ငါ့လာမခေါ်နဲ့""


ပြောပြီးတာနဲ့ မျက်စောင်းကြီးအတောင့်လိုက်ထိုးကာ ခြေကိုတဆောင့်ဆောင့်နင်းလျက် အိမ်ထဲမှထွက်သွားလေတော့...


""ဟ! ဟ! မေမေရေ...ငလျင်တွေလှုပ်နေတယ်""


king ရအောင်အသံပြုလိုက်သေးတာမို့ သူမကလှည့်ကြည့်ကာ လက်သီးနဲ့ရွယ်ပြသွားလေရဲ့ ...။


""ယုန်ယုန့်ကို ဘာလို့အဲ့လောက်လိုက်စနေတာလဲ သားရယ်

ဟိုမှာ ကလေးက ဝမ်းနည်းသွားရှာပြီ""


""မေမေရယ်...သူ့အကြောင်းလဲမသိတာမဟုတ်ဘဲနဲ့

သူဘယ်လောက်များကြာကြာစိတ်ဆိုးလို့လဲ...

အရမ်းစလို့ကောင်းတာ သူက...""


""အေး! ရယ်နေ...ဟိုကတကယ်ကောက်သွားမှ နင်ပါငိုနေရမယ်...""


""သူဘယ်လောက်ပဲကောက်ကောက် သားချော့နိုင်ပါတယ်

အဲ့ဟာလေးက ကျပ်ပြည့်တာမဟုတ်ဘူးရယ်!

ကောက်လွယ် ဖြောင့်လွယ်နဲ့...ကလေးစိတ်!""


သားဖြစ်သူရဲ့အပြောကြောင့် ဒေါ်သက်ထား ခေါင်းကိုသာဖြေးညင်းစွာခါယမ်းလိုက်မိ၏။ ဒီကလေးနှစ်ယောက်ဟာ တစ်နေ့ထဲ တစ်ရက်ထဲမှာ  ဒီလောကအလယ်ရောက်လာခဲ့ကြပြီး အမေနှစ်ယောက်ကိုက အချစ်ဆုံးသူငယ်ချင်းတွေမို့ ကလေးနှစ်ယောက်ကလည်း မွေးကင်းစကတည်းက သူ့လက်ကိုယ့်လက် ကြီးပြင်းလာကြသူတွေပင်။ဒါကြောင့်မို့ ကလေးနှစ်ယောက်လုံးကို သူ့သမီး ကိုယ့်သား ခွဲခြားမနေဘဲ နှစ်အိမ့်တစ်အိမ်ဝင်ထွက်ကာ ဆွေမျိုးတွေပမာရင်းနှီးလွန်းလှသည်။ ပြီးတော့ မွေးစကတည်းက သူတို့နှစ်ယောက်ရဲ့ဇာတာခွင်မှာ တစ်နေ့ မလွှဲမသွေလက်ထပ်ရမည့်ဖူးစာဖက်တွေဆိုသော ကံကြမ္မာရှိနေတာက တိုက်ဆိုင်လွန်းလှသည့်ဖြစ်ခြင်း...။


မိသားစုအနေအထားတွေအရ ဘာမှပြောစရာမရှိသော်လည်း နေ့တိုင်းရန်ဖြစ်သတ်ပုတ်နေတဲ့ မတည့်အတူနေနှစ်ယောက်ကို တနေ့လက်ထပ်ပေးရမည်ဆိုပါက မိဘတွေတော့ ခေါင်းကျိန်းရမှာ မလွဲဧကန်ပါပဲ...။


~~~~🍋🍋🍋🍋~~~~


""kingရေ...king!

အကြည့်လေးက မိလိုက်တာဟာ

ငါ့ရင်ထဲတကယ်စွဲတယ်""


""မိန်းမ...ငါ့အတွက်လည်းချန်ပါဦး""


ယုန်... ကျောင်း corridorမှဖြတ်လျှောက်လာရင်း အနားမှမိန်းကလေးတစ်သိုက်ရဲ့အသံတွေကြောင့် ခေါင်းကိုရမ်းကာဆက်လျှောက်လာခဲ့၏။မုန့်စားဆင်းချိန်မို့ ကျောင်းဝန်းထဲလူတွေများနေကာ...ဒီအချိန်ဆို ရှင်မင်းကိုလာရှိုးသော ကောင်မလေးတွေကအများကြီးပါပဲ...


သူတို့အခေါ်က 'king'တဲ့!

အထက်တန်းကျောင်းသားဖြစ်ပေမယ့် ပြည့်ရှင်မင်းက အတော်လေးလူကြိုက်များသူပင်...။ဘယ်လိုတွေများကြည့်ကြတယ်မသိ...။ယုန်က သူတို့အသည်းအသန်ကြွေနေကြသော kingကြီးရဲ့ တစ်ဦးတည်းသောမိန်းကလေးသူငယ်ချင်းမို့ နေရင်းထိုင်ရင်းအမြင်ကပ်ခံပစ်မှတ်ဖြစ်နေရကာ မကြည်သူ မမချောများကလည်းတစ်ပုံကြီး ။တချို့ကကျတော့ အထာနပ်သဖြင့် ယုန့်ကိုကပ်ဖားပြီး မုန့်တွေဘာတွေဝယ်ကျွေးကာ ရှင်မင်းအကြောင်းမေးကြပြီး တခါတလေများဆို သူတို့နဲ့မိတ်ဆက်ပေးခိုင်းတာလည်းရှိသည်။


ရှင်မင်းကတော့ ယုန် ဒီလိုတွေလုပ်တာလုံးဝမကြိုက်။

ဘယ်ရမလဲ!! သူကြိုက်ကြိုက် မကြိုက်ကြိုက် မုန့်မျက်နှာကရှိသေးတယ်လေ...


""ယုန်!!""


""ဘာတုန်း!""


""နင့် မုန့်ထုပ်...ဘယ်ကရလဲ""


""ငါ့ဘာသာဝယ်လာတာပါဟဲ့!

နင်ကလည်း သံသယမျက်လုံးကြီးနဲ့

ငါ့များ ငမွဲထင်နေ...""


""ပြီးတာပဲ...လာအတန်းထဲဝင်မယ်""


""မဝင်ပါဘူး...ကျောင်းတက်ဖို့လိုသေးတယ်လေ

ဒီမှာ မုန့်လည်းမကုန်သေးဘူး""


""ကျစ်!! နင်ကလေ...မုန့်လောက်ပဲသိနေ...

စာလေးဘာလေးအာရုံစိုက်ဦး!""


""ဘာဖြစ်လဲ...အချိန်တန် အောင်မှာပေါ့...အေးဆေးပါ""


""အဲ့မှာ အေးဆေးနေလိုက်!

ငါတို့က အရင်လိုအတန်းမငယ်တော့ဘူးနော်

ဆယ်တန်းရောက်နေပြီ...အခုကတည်းကကြိုးစား

တော်ကြာမကျစဖူး ကျသွားမယ်""


""ဖွဟဲ့! လွဲပါစေ...ဖယ်ပါစေ

နင်နော်...""


""မလိုက်ရင်လည်းနေ...ငါသွားပြီ""


သူတကယ်ပဲ ယုန့်ကိုဆက်မခေါ်တော့ဘဲ...သူ့ဘာသာဆက်လျှောက်သွားလေ၏။ ခုနကတန်းစီရပ်နေသောမိန်းကလေးတွေအရှေ့မှဖြတ်လျှောက်စဥ် အသံတွေဆူညံသွားရတာကိုလည်း အတိုင်းသားကြားနေရပါသည်။ ကာယကံရှင်ကတော့ မျက်လုံးလေးတစ်ချက်တောင် ရွှေ့မကြည့်ပါဘဲ တည်ငြိမ်သောခြေလှမ်းတို့ဖြင့်အတန်းထဲ ဆက်လျှောက်ဝင်သွားပြီး သူ့ခုံမှာထိုင်ကာ စာအုပ်တစ်အုပ်ထုတ်၍ဖတ်နေလိုက်တော့သည်...။ဒါကိုပင် မိန်းကလေးများက တည်ငြိမ်လိုက်တဲ့ cool guyလေးဆိုပြီး အမှတ်တွေပေးကာ ချစ်ကြည်နေကြပြီး...အတန်းရှေ့ရစ်သီရစ်သီလုပ်လို့မပြီးနိုင်...။


""ငချေကောင်!!""


မျက်စိရှေ့မြင်နေရသောမြင်ကွင်းကြောင့် ယုန်အလိုမကျစွာ မေတ္တာပို့လိုက်ပြီးအကြည့်ကိုလွှဲလိုက်မိ၏။ ဘယ်လိုဖြစ်တယ်မသိ ရှင်မင်းက အိမ်မှာသာ...အထူးသဖြင့်ရင်းနှီးတဲ့သူငယ်ချင်းတစ်ချို့နဲ့သာ စနောက်ပျော်ရွှင်စွာနေတတ်ပြီး သူလုံးဝမရင်းနှီးသည့်လူဆိုပါက စကားပင် ဟဟမပြောတဲ့ရေခဲတုံးကြီးဖြစ်သွားပါလေရော!!


အခုလည်းကြည့်! သူ့ကိုကောင်မလေးတွေတကူးတကလာရှိုးကြတာသိရက်နဲ့ ရေခဲတုံးကြီးလိုအေးစက်စက်လုပ်နေပြန်သည်။ အမြဲတမ်းလည်းဒီလိုပါပဲ...။တကယ်ဆို သူတို့ကကိုယ့်ကိုတွေ့ချင်လို့ လာတာပဲလေ...နည်းနည်းလေးလောက် လိုက်လိုက်လျောလျောပြုံးပြနှုတ်ဆက်ပါလား...။ဒီလိုလည်းမဟုတ်...။ဟိုဟာတွေကလည်းမပြောလိုက်ချင်ဘူး ငါ့နှယ်...ဒီလောက်ချေမိုးပြနေတာကိုများ ဇွဲမလျှော့တမ်း အချိန်မှန်မှန်ရောက်လာတတ်ကြတာပဲ...။


ဟွန့်! ငါသာဆို လှည့်ကိုမကြည့်ဘူး

ငါ့ကျတော့ ရန်စလိုက်တာမှမျိုးစုံ...နေစရာကိုမရှိဘူး

တစ်နေ့တစ်နေ့ သူနဲ့ရန်ဖြစ်ရင်းနဲ့ပဲအချိန်ကုန်နေတာ...

ကျောင်းမှာကျ စတိုင်(လ်) မလိုင် နို့ဆီ သကြားနဲ့...။

ကောင်မလေးတွေရှေ့ တည်ငြိမ်သူကြီးလုပ်ပြနေတာများ...မြင်မကောင်းဘူး....

ဟင်း!! မျက်နှာနှစ်ဖက်နဲ့ကောင်!


""တီး(လ်)""


စိတ်ရှိတိုင်း မေတ္တာပို့ကြုံးဝါးနေစဥ် မုန့်စားတက် bellသံကြားရတာမို့ ယုန် ထိုင်နေရာမှ ဝရုန်းသုန်းကားထပြေးလာခဲ့ရသည်။ အတန်းထဲကို ဆရာမထက်နောက်ကျပြီးမှဝင်ရင် အပြစ်ပေးခံရနိုင်သည်လေ...။ပြေးသားပြေးတယ်...အပြစ်ကလွတ်သည့်အခါလွတ်...မလွတ်သည့်အခါကတော့ အတန်းရှေ့မတ်တပ်ရပ်ရတာလည်း အကြိမ်ရေမနည်း...။ ဒါတွေက ယုန့်အတွက် အထူးအဆန်းမဟုတ်တော့ပါဘူးလေ...


ရှင်မင်းကကျ ယုန်နဲ့လုံးဝကိုဆန့်ကျင်ဘက်ပါ။ သူ့ဘဝမှာ အပြစ်ပေးခံရတယ်ဆိုတာမျိုးဘယ်တုန်းကမှ မရှိခဲ့...။ သူ့ကိုလူသိများတာကလည်း ရုပ်ချောတာတစ်ခုတည်းကြောင့်မဟုတ်ဘဲ အရမ်းစာတော်တဲ့ ထူးချွန်ကျောင်းသားဖြစ်နေခြင်းကြောင့်လည်းပါလေရဲ့ ...။ငယ်စဥ်ကတည်းက အတန်းတိုင်းမှာ နှစ်စဥ်ဆုရခဲ့ပြီး ဆရာ/ဆရာမတွေရဲ့အချစ်တော်လည်းဖြစ်နေပြန်သည်။ ယုန့်မှာတော့ ဒီလိုကောင်းခြင်းဂုဏ်ပုဒ်တွေ ဘာတစ်ခုမှမရှိခဲ့ပေမယ့် ကျောင်းမှာ လူသိများတဲ့စာရင်းထဲ 'ငွေသော်တာယုန်'ကမပါမဖြစ်ပါပဲ...။ အကြောင်းကတော့ သိပ်စွာတတ်တဲ့အပြောကြောင့်ရယ်...နောက်တစ်ခုကတော့ kingရဲ့ယုန်လေးဖြစ်နေတာကြောင့်ရယ်ပေါ့...။


~~~~🍋🍋🍋🍋~~~~


""အမလေးလေး! မနက်ဖြန်ကျရင်တော့နေထွက်ပါ့မလားတောင်မသိဘူး""


ညနေခင်းမို့ ခြံထဲကထိုင်ခုံလေးမှာထိုင်ရင်း လေညင်းခံကာစာကျက်နေတုန်း ကြားလိုက်ရတဲ့အသံကြောင့် ယုန် မျက်စောင်းရွယ်ကာ လှည့်ကြည့်လိုက်မိသည်။ သူများစိတ်ကောင်းနှလုံးကောင်းနဲ့စာကျက်နေတာကို ဒါသက်သက်လာဖဲ့တာပဲ မဟုတ်လား


""ဟဲ့! သူများတကာစာကျက်နေတာကိုဘာလာနှောင့်ယှက်တာလဲ""


""ငါလည်း အတူတူကျက်မှာပေါ့""


""နင်ကအကုန်ရပြီးပြီမဟုတ်ဘူးလား

ဒါတွေကို မနက်ဖြန်ကျ ကျူရှင်ဆရာကမေးမှာတဲ့""


""ငါရပေမယ့်...နင်မရသေးလို့အတူတူကျက်ပေးမလို့လေ""


""အင်း...ရတယ်လေ...နင်လည်းစာပြန်နွေးပြီးသားဖြစ်တာပေါ့""


သဘောတူညီချက်ရသွားတာနဲ့ပဲ kingလည်း သူမဘေးဝင်ထိုင်လိုက်စဥ် ဘေးတစ်ဖက်မှာပြန့်ကျဲနေသည့် မုန့်ထုပ်တွေကို မြင်လိုက်တာကြောင့် သဘောတကျပြုံးလိုက်ရင်း...


""ယုန်...နင်ကလေ တကယ့်ကိုမုန့်သရဲပဲ

စာလေးခဏထွက်ကျက်တာကို အဲ့လောက်မုန့်အများကြီးယူလာရလား""


""ငါက ဗိုက်ဆာရင် ထမယူရအောင်လို့ပါဟ""


""ငါလည်းစားမယ်...ပေး""


""အေး! ယူလေရော့!""


မုန့်ထုပ်တွေကိုကြည်ကြည်ဖြူဖြူလက်ထဲထည့်ပေးလာတာကြောင့် kingအနည်းငယ်တော့အံ့သြသွားမိသည်။ခါတိုင်းဆိုဒီ မုန့်ချစ်သူက သူ့မုန့်ကိုဘယ်သူ့မှကျွေးတာမဟုတ်ဘူးလေ


""ဒီနေ့ သဘောတွေကောင်းနေပါလားဟေ့!""


""သြော်! သူငယ်ချင်းရယ်...ငါကသဘောကောင်းပြီးသားပါအစကတည်းက...ပြီးတော့ဒီမုန့်တွေကနင်လည်းတဝက်ပိုင်တယ်လေ အဲ့ဒါကြောင့်""


""ဘာ! ဘာ!...ယုန်...နင်မဟုတ်မှလွဲရော""


""ဟုတ်တယ်...နင်တွေးနေတဲ့အတိုင်းပဲ""


""နင်...လုပ်ပြန်ပြီဟာ

ငါ့အကြောင်းတွေကို မုန့်နဲ့လဲမစားနဲ့လို့ပြောထားတယ်လေ""


""နင်ကလည်း...ဒီတစ်ခါလာမေးတာ Cခန်းကqueenနော်!! သူကနင်ကြိုက်တဲ့မိန်းကလေးပုံစံလေးပြောပြပါဆိုလို့လေ...အဲ့တော့ငါကလည်း သူ့ပုံစံကနင့်အကြိုက်လို့ပြောလိုက်တော့ သူကပျော်ပြီးငါ့ကိုမုန့်တွေဝယ်ကျွေးသွားတာ...ငါ့အစွမ်းအစနဲ့ရတာနော် ဒီမုန့်တွေက""


""ဘာကို နင့်အစွမ်းအစလဲ

ငါ့အကြောင်းတွေ ရောင်းစားနေတာပဲ နင်...""


""နင်ကလည်း ငါကသူငယ်ချင်းတွေကိုကူညီတာပါ

ရောင်းစားတယ်လို့မသုံးပါနဲ့...ပြီးတော့ ငါက လာမေးတဲ့သူတွေတိုင်းကို နင့်ကောင်းကြောင်းလေးပဲပြောပြတာ""


""မပြောနဲ့! ဘာအကြောင်းမှမပြောနဲ့

ငါမကြိုက်ဘူး""


""နင်နော်...ငါ့ကိုလာမအော်နဲ့""


""အော်မှာပဲ...နင်ကငါမကြိုက်တာလုပ်တာကို...

သွားစမ်းကွာ!!""


kingကစိတ်ဆိုးစွာနဲ့ သူမ လက်ထဲကစားလက်စမုန့်ထုပ်လေးကိုဆွဲယူပြီး အဝေးတနေရာဆီ လွှင့်ပစ်လိုက်တော့ ဘဲပေါက်စက ခြေကိုဆောင့်ကာ နှုတ်ခမ်းစူလျက်...


""နင်ဘာလို့ ငါ့မုန့်ကိုလွှင့်ပစ်တာလဲ""


""သွားပြန်မကောက်နဲ့!""


နှမြောတသမျက်နှာနဲ့သွားပြန်ကောက်ဖို့ရည်ရွယ်နေပုံရတာမို့ kingအသံကျယ်ကာအော်လိုက်တော့သူမခြေလှမ်းတို့ရပ်သွားလေ၏။


""လူဆိုးကောင်!...နင်ဒါသက်သက်အနိုင်ကျင့်တာ""


""လူဆိုးမ! နင့်လုပ်ပုံရောကောင်းလို့လား""


""ဟွန့်!!""


မကျေနပ်ချက်ကိုယ်စီဖြင့် နှစ်ယောက်သား

 ပြိုင်တူ 'ဟွန့်'လိုက်ကြပြီး တစ်ယောက်တစ်ဖက်ဆီ ဆန့်ကျင်ဘက်သို့ကျောခိုင်းလိုက်ကြ၏။ပြီးနောက် ယုန်လည်းအိမ်ထဲဝင်လာကာ ရှင်မင်းကပြန်သွားလေသည်။ စာကျက်တဲ့ဆီလည်းမရောက်ဖြစ်တော့ပေ။


ဒီနေ့လည်း ရန်မဖြစ်ရဘဲ မိုးမချုပ်ပြန်ဘူးကိုးး..။....။


~~~~🍋🍋🍋🍋~~~~

Continue to >>>Part-2


Readers/writersလေးတွေအားလုံးက VIPပါ

အားလုံးကိုချစ်တယ်နော်😘


Writer - WineSatt Cho(🍋Lëmoñ🍋)


rate now: