ဝူး....ဝေါ....
ကွန်ဒိုရဲ့ ကားပါကင်ရောက်သည်နှင့်
စည်းကားရပ်လိုက်ပြီး ခါးပတ်အား
ဖြတ်ပြီး ဆင်းဖို့ပြင်ချိန် ဘေးက
သူမအား သတိရသွား၍ ကြည့်လိုက်ချိန်
ကူရှင်ကို မှီကာ အိပ်ပျော်နေသော
သူမကြောင့် စည်းသက်ပြင်းချလိုက်မိသည်။
"ဟေ့...ထစမ်း..."
ခူး....
သူနိုးသော်လဲ အိပ်မောကျနေသော
အသံလေးကြောင့် စည်း မျက်မှောင်
ကုတ်သွား၍...
"ကျစ် ဒီအမွှေစိန်မတော့ လုပ်ပြီ..."
စည်း စိတ်မရှည်သူပီပီ သူမအား
ကြည့်၍...သက်ပြင်းချနေမိတာ
ခဏခဏပင်။
လက်ကနာရီကိုကြည့်တော့လဲ လေးနာရီ
ထိုးတော့မည် ဖြစ်သောကြောင့် သူ
သက်ပြင်းသာ အကြိမ်ကြိမ်ချပြီး
အနောက်ကအိတ်ထဲက လက်နှစ်ဝါးလောက်သာ ရှိသော laptop အားယူကာ
လုပ်စရာရှိတာများ လုပ်နေလိုက်သည်။
သူcomputerဖွင့်ပြီး နောက်ရက်
ခွဲစိတ်ရမဲ့ လာနာရဲ့ အချက်အလက်များ
အားကြည့်နေလိုက်သည်။
မဲနက်နေသော မျက်ခုံးများက ပြေမကျသွား
လဲ ချောမောမှုများက အားကောင်းနေဆဲ။
တစ်ခုခုအား အာရုံစိုက်ကြည့်နေပုံစံက
တကယ့်ကို ကြည့်လို့ကောင်းကာ ချောမောနေစဲပင်။
သွေးကြောများစိမ်းထနေသော လက်သွယ်သွယ်ရှည်ရှည်များက laptop လေးအပေါ်
ပြေးလွှာနေချိန်..
Ring Ring Ring Ring
Ring Ring Ring Ring
Ring Ring Ring Ring...
ထိုအချိန် ဖုန်းမြည်လာသောအသံ
ကြောင့် စည်း ကိုင်လိုက်သည်။
"ဆရာ လာပါအုံး ဒီမှာ အက်စီးဒန့်ဖြစ်ပြီး
နှလုံး ကို ထိတဲ့ လူနာအရေးပေါ်ရောက်လာ
လို့ပါ...''
တစ်ဖက်က စိုးရိမ်တကြီးပြောနေသော
ကောင်လေးအသံကြောင့် စည်းကိုယ်ကြီး
ကြွတက်သွားကာ...
"ဟုတ်ပြီ ငါအခုလာခဲ့မယ် ငါပြောသလို
မင်း သူ့ကို အသက်ရူဖို့ အောက်စီဂျင်
ပေးထါးပြီးရင် သွေးထွက်ရန် လိုအပ်တဲ့
သွေး သွင်းထား ငါအခုလာပြီ...."
စည်းပြောပြီးတာနဲ့ ဖုန်းချလိုက်ကာ
ကားလေးအား နေရာမှ ပြန်ထွက်၍
ဆေးရုံရှိရာကို အလျှင်အမြန် မောင်းထွက်
လာခဲ့တော့သည်။
မီးပွိုင့်များမိမှာဆိုးသဖြငွ အမြန်ရောက်ရန် လမ်းများအား
ကွေ့ပတ်ပြီးမောင်းနှင်လာရာမကြာလိုက်
ဆေးရုံကြီးထဲ ကားဝင်လာ၍ သူ
ကားထဲက အမြန်ထွက်၍ ကားသော့အား
သူ့အားဦးညွှန့်နေသော လုံခြုံရေးအား
ပစ်ပေးပြီး အပြေးအလွှား ဆေးရုံကြီးထဲ
ဝင်လာခဲ့တော့သည် ။
"ဒေါက်တာ...ဒီမှာ လူနာမှတ်တမ်းပါ..."
ဆေးရုံအဝကနေ စည်းအားကြိုပြီး
ပေးလါသော လူနာမှတ်တမ်းအား
စည်းယူကြည့်၍...အမြန် လျှောက်လာကာ...
"ချက်ချင်း ခွဲစိတ်ဖို့ပြင် အရမ်း အရေးကြီးတယ်...."
"ဟုတ်ကဲ့ဒေါက်တာ..."
ထိုအချိန် ဆေးရုံကြီးထဲ ပြေးလွှား
နေကြကာ အားလုံးမှာ အရေးပေါ်လူ
နာရောက်လာတာနဲ့ ရောက်တဲ့နေရာက
ဘယ်အချိန် ဖြစ်ဖြစ်ပြေးလာကြရတာ
ဆရာဝန်းများရဲ့ ဘဝပင်။
-------------=================^^^^🍓🍓🍓🍓🍓🍓🍓
"ဟာ...ဒေါက်တာ ကောင်မလေးပါတာ
မေ့သွားတာထင်တယ်..."
ထိုအချိန် လုံခြုံရေးကောင်လေးမှာ
ကားပေါ်က အိပ်ပျော်နေသော မိန်းကလေး
အားကြည့်၍ ခေါင်းကုန်ကာနေတော့သညိ။
ဒေါက်တာရဲ့ မိန်းကလေးဆိုတော့
သူ့မှာ နိုးလဲမနိုးရဲပေ။
ခဏအကြာ...
"အင်း...."
အသံလေးထွက်လာသောကြောင့်
သူအားတက်သွားကာ ကားအပြင်
ဘက်ကနေ ငုံ့ကြည့်နေချိန်...
"အမလေး.. ''
"ဟို မ..မလန့်ပါနဲ့ဗျာ ကျွန်တော်က
ဆေးရုံရဲ့ လုံခြုံရေးပါ ဒေါက်တာကား
ရွေ့မေလို့ ညီမအိပ်ပျော်နေတာနဲ့
ကျွန်တော် စောင့်နေတာပါ..."
သည်း ထိုတော့မှ ပတ်ဝန်းကျင်ကို
ကြည့်တော့ ဆေးရုံကြီးဖြစ်နေကာ
အိပ်ပျော်သွားသော သူမအဖြစ်ကို
သူမ ဒေါသထွက်သွားမိသည်။
ပြီးတော့ သူကရော အိမ်မပြန်ဘူးဆို
ပြောပါလား သည်း ဝင်နေခဲ့ပေးမှာပေါ့
အခုတော့ သည်းက ဒီကို ပြန်ပါလာရတဲ့
အဖြစ်။
အပြင်မှာမှောင်နေပြီ ဖြစ်သောကြောင့်
သည်းတစ်ယောက်ထည်းလဲ အပြန်ရဲ။
သည်း ကြီးကလျာ စိတ်ပူနေမှာဆိုးသော
ကြောင့် Message ပို့ထားလိုက်၍
သူမအား ကြည့်နေသော လုံခြုံရေး
ကောင်လေးအားကြည့်ကာ...
"လူကြီး အဲ ဒေါက်တာအမိန့်စည်းနောက်
လိုက်သွားအုံးမယ်နော်..."
ပြောပြီး သည်း လွယ်အိတ်လေး
အားလွယ်ကာ ဆေးရုံကြီးထဲ ဝင်လာ
ခဲ့တော့သည်။
သူအ ဓာတ်လှေကားဖြင့် သူ့ရှိသော အထပ်ကို
တက်ဖို့ပြင်နေစဥ်...
"အဲ ညီမလေး အမကို ကူညီပါလားဟင်
အမ ဝမ်းဝမ်းသွားချင်နေလို့ ဒါ
ခွဲခန်းနံပါတ် ၆၀၅ ကို ပို့ပေးပါနော်
ဒီမှာ အဝတ်တွေ လဲလိုက်အုံးနော်...
အမကို ကူညီပါနော်..."
"သည်းက...မ..."
စကားပင်မဆုံးသေး သည်းအား
ပစ္စည်းများပေးကါ ထွက်သွားသော
ထိုအမကြောင့် သည်း ကြောင်အအလေး
ဖြစ်နေစဥ်...
"သွေး ယူသွားတဲ့ မသစ်သစ်
ခွဲခန်းနံပါတ် 605ကို အမြန်လာပေးပါ..."
ထိုအချိန် အခန်း၆၀၅ ဆိုသောကြောင့်
ကြောင့် သည်းသတိဝင်လာ၍
ထိုနေရာမှာပဲ ခွဲခန်းဝတ်စုလေးကောက်
ဝတ်ကာ လက်ထဲကပုံးလေးကိုင်၍
အပြေးလွှား အခန်း ၆၀၅ ဆီလျှောက်လာ
တော့သည်။
Mask အုပ်ထားပြီး ခေါင်းစည်းပါ
စည်းထားသော သည်းအား သူတို့လူ
ထင်ကာ အဝကလူက သည်းကို
မြင်သည်နှင့်..
"ကြာတာဟာ ဒေါက်တာ စောင့်နေတာ
လာမြန်မြန်..."
သည်းအား ခေါ်သွားသော ခွဲခန်းထဲသို့
သည်း ဝင်လာလိုက်သည်။
အထဲအရောက် မီးရောင်ကြီးအောက် လူနာအားခွဲစိတ်နေသော ဆရာဝန်များနှင့်
ဆရာမများကြားက ဦးဆောင်နေသော
လူကြီး။
Maskအုပ်ထားတာတောင် သည်း
သူ့ကို မှတ်မိနေသေးသည်။
ပြီးတော့ သွေးများထွက်နေသော
လူနာ။
သည်းခြေဖျားလက်ဖျားလေးတွေပင်အေးတက်လာ၍ ချွေးစေးတွေပင်ထွက်လာကာ
သွေးမြင်ရင်ကြောက်တက်သော သူမ
လက်ကလေးများပင်တုန်တက်လာတော့သည်။
"ဟေ့ ဘာရပ်လုပ်နေတာလဲ မြန်မြန်လာ..."
ထိုအချိန် သူ့ရဲ့ အော်ပြောသံကြောင့်
သည်းကိုယ်လေးတုန်တက်သွားပြီး
လက်ထဲက ပုံးလေးအား သွေးသွင်းသော
ဆရာမလက်ထဲ ထည့်ပေးကါ ခေါ်နေသော
သူ့အနား သည်းလျှောက်သွားလိုက်သည်။
အနားရောက်ချိန် သူ သည်းကို ခပ်စေ့စေ့
တစ်ချက်ကြည့်၍....
"ဆရာဝန်ဆိုတာ ဘယ်အရာမှ
မကြောက်ရဘူး... ကြောက်တဲ့အရာ
ဆရာဝန်ရဲ့ ဘဝမှာ မရှိဘူး.. စိတ်ကို
လျော့ချထား လုပ်နိုင်ရမယ်ဆိုတဲ့
စိတ်နဲ့ အရှေ့ကိုသွား..လာ အပ်ချုပ်ဖို့
မင်း ဒါ လာကိုင်ပေး...."
လှုပ်ရှားနေသော နှလုံးကြီးအား
ကိုင်ခိုင်းလာသောကြောင့် သည်းမငြင်းသာ
နိုင်တော့ဘဲ လက်အိတ်စွပ်ထားသော
လက်ကလေးမှာ တုန်ယင်နေကာ
သူကိုင်ခိုင်းသော လှုပ်ရှားနေပြီး
သွေးများရဲနေသော နှလုံးကြီးအား
အသာထိန်း၍ ကိုင်ပေးပြီး မျက်နှာလေး
လွဲထားကာ ဒူးလေးပင်တုန်လာတော့သည်။
"မကြောက်နဲ့ စိတ်တင်းထား ဒီလူနာ
ကယ်နိုင်ရင် မင်းက သူရဲကောင်းပဲ...."
သည်း သူ့စကားကြောင့် ကြောက်စိတ်ကို
ပြေပျောက်အောင် စိတ်ကိုတင်းကာ...
ဟုတ်တယ် ငါက သူရဲကောင်းပဲ...
----=-==================^^^^^🍓🍓🍓🍓🍓🍓🍓
"မကလျာ သမီးရော...''
"ပြန်မလာသေးဘူး အစ်ကိုကြီး
ဒီနေ့ဆေးရံမှာ လက်တွေ့သင်တန်း
ရှိလို့တဲ့..."
"ဟုတ်လား...အင်း ကျွန်တော်က
ဒီနေ့ ပြည့်ပကိုရောက်ပြီး
သမီးလေး စိတ်ပူနေမှာဆိုးလို့
တစ်လလောက်တော့ကြာမယ်ပြောပေးနော်..."
"ဟုတ်ကဲ့ အစ်ကိုကြီး
ကျွန်မပြောပေးပါမယ်...''
"အင်း ဒါနဲ့ သမီးလေးဆီ
သမီးညို့တို့ သားအမိရောက်လာရင်
သမီးလေးကို စကားမများဖို့ပြောပေးပါဗျာ...''
"စိတ်ချပါရှင် ကျွန်မပြောလိုက်ပါ့မယ်
ဒါပင်မဲ့ သူတို့မလာတာ အကောင်းဆုံးမဟုတ်လား သည်းလေးက အရာအားလုံးလဲ
ပေးခဲ့ပြီးပြီ အခုသူဘဝလေးကို ကောင်းကောင်းမွန်မွန်နေနေတဲ့အချိန်
ကလျာကတော့ ဘာမှ စိတ်နှောက်အယှက်
မဖြစ်စေချင်ဘူး..."
"အဲဒါ ကျွန်တော့်အမှားတွေပါဗျာ
သမီးလေးရှ်ိရက်နဲ့ သူတို့သားအမိကို
အိမ်ပေါ်တင်ခဲ့မိတာ...''
တစ်ဖက်က အစ်ကိုကြီးရဲ့
စိတ်မကောင်းသော အသံကြောင့်
ဒေါ်ကလျာ သက်ပြင်းချ၍...
"ဖြစ်ပြီးသွားတာတွေကတော့
ပြင်လို့မှ မရတော့ဘဲ နောက်
ထပ်ပြီး သည်းလေးကို စိတ်ဒဏ်ရာမပေး
ဖို့ပဲ အရေးကြီးတယ် မဟုတ်လား...''
"ဟုတ်ပါတယ်ဗျာ ကျွန်တော့်သမီးလေး
ကို သေချာစောင့်ရှောက်ပေးပါဗျာ...."
"ဟုတ်ကဲ့ပါ အစ်ကိုကြီး စိတ်ချနော်
ကလျာ စောင့်ရှောက်မှာပါ သည်းလေးကို..."
"ကျေးဇူးပါဗျာ...''
ဦးဆန်းကမ္ဘာ ဖုန်းချပြီး
မျက်ရည်များသုတ်နေစဥ်...
Ring Ring Rimg Ring
Ring Ring Ring Ring..
သူ ဖုန်းမြည်သံကြောင့် ကြည့်လိုက်
ချိန် content ပေါ်က
သမီးညို့ဆိုသော နာမည်ကြောင့်
သင်ပြင်းချ၍ ကိုင်လိုက်ချိန်...
'"ဟယ်လို ..."
"ဖေဖေ ဘယ်သူနဲ့ပြောနေတာလဲ
ညို့ ခေါ်နေတာကြာပြီ..."
တစ်ဖက်က အလောတကြီး
ပြောလာသော သမီးညို့အသံကြောင့်...
"မဟုတ်ပါဘူး သမီးရယ် ဖေဖေ
အလုပ်ကိစ္စပြောနေတာပါ..."
"ဟုတ်လို့လား ဖေဖေ..."
"တကယ်ပေါ့ သမီးရယ်..."
"အဲဒါဆိုလဲ ပြီးရော ညို့က
စိုးရိမ်သွားတာ ဖေဖေခေါင်းထဲမှာ
ညို့နဲ့ မေမေအကြောင်းပဲတွေးနော်
ဖေဖေ..အခြားလူတွေအကြောင်း
မတွေးရဘူး.ညို့ဘယ်လောက် ဖေဖေကို
ချစ်လဲဆိုတာ ဖေဖေသိတယ်မဟုတ်လား..."
"ဟုတ်ပါပြီ သမီးရယ် ဖေဖေသိပါတယ်..."
"ဟုတ်ဖေဖေ ဒါဆို စောစောအနားယူနော်
နောက်ရက်မှ ညို့ပြန်ဆက်မယ်နော်..."
"ကောင်းပါပြီကွယ်... "
ပြောပြီးတစ်ဖက်က ဖုန်းချသွားမှ
သူ သက်ပြင်းချ၍ ဘယ်သူ့ကိုမှ
အပြစ်မတင်ချင်တော့ တကယ်လဲ
အပြစ်ရှိတဲ့လူက သူပဲမဟုတ်လား။
----======================^^^^^^🍓🍓🍓🍓🍓🍓
"ဟူး...."
ခွဲခန်းထဲ နှစ်နာရီအထိ ခွဲစိတ်တာအား
သည်းဝိုင်းလုပ်နေရပြီး စောစောကမှ
ပြီးကာ ခွဲခန်းကထွက်၍ toilet ထဲဝင်ကာ
ခြေလက်သန့်စင်ပြီး အပေါ်က သွေးများ
ပေနေသော ခွဲခန်းအဝတ်အားသေချာချွတ်၍
အမှိုက်ပူံထဲ သေချာထည့်ကာ အကုန်သန့်ရှင်း
ပြီးတာနဲ့ သည်း လွယ်အိတ်လေးအား
သွားယူကာ ထိုင်ခုံလေးတွေရှိရာကို ထွက်လာ
ခဲ့တော့သည်။
အခုမှ ဆရာဝန်တွေရဲ့ဘဝကို သည်း
လက်တွေမြင်လာကာ...ဘယ်အရာမှ
မလွယ်ကူမှန်း သိခဲ့ရသည်။
လူနာအသက်ရှင်ဖို့ အတွက် ကုသကြရပြီး
အသက်ရှင်ပါက ပျော်ကြသလို
အသက်ဆုံးရှုံးပါက မိသားစုဝင်များလို
သူတို့ပါ ထပ်တူ ဝမ်းနည်းကြရသည်။
ပထမဦးဆုံး ခွဲခန်းဝင်ချိန် ထိုလူနာအား
ကယ်ခဲ့သေါတစ်ထောင့်တစ်နေရာက
သည်းပါဝင်ခွင့်ရပြီး သူ့ကြောင့် သည်း
ဘဝမှာ အကြောက်ဆုံးအရာတွေကို
အားတင်းပြီး ကျော်ဖြတ်လာနိုင်ခဲ့သည်။
သည်း ကျေနပ်သည်။သည်းဘဝမှာ
ဒီနေ့ ဂုဏ်အယူရဆုံးနေ့ပင်။
ဝါး......
သည်းတစ်ချက်သန်းပြီး အိတ်လေးပိုက်ကာ
ခေါင်းလေးအား နံရံသို့မှီ၍ မျက်ဝန်းလေး
များမှိတ်ကာ နေလိုက်တော့သည်။
အတော်အကြာ သူမအနား ဝင်ထိုင်
လိုက်သော တစ်ယောက်။
တိုက်ဆိုင်စွာ သည်းရဲ့ ခေါင်းလေး
သည်လဲ သူ့ပုခုံးအထက်သို့ ရောက်သွားချိန်....
ပြုံးနေသော နှုတ်ခမ်းများက
သူမ မျက်နှာလေးအား ငဲ့ကြည့်၍..
"မင်း ဒီနေ့ အရမ်းတော်တယ် အမွှေစိန်လေး..
အဟွန်း..."
ထိုအချိန် တစ်နေရာကနေ ဓာတ်ပုံရိုက်နေသောလူတစ်ယောက်ကိုတော့ တစ်ယောက်မှ သတိမထားမိကျတော့။
ဆက်ရန်....
စာရေးသူ - လွမ်းခြင်း