"အို...လူကြီး ဘာလုပ်တာလဲ...."
ဆေးရုံ စင်္ကြန်ပေါ်က လူများက
စိတ်ဝင်စားကြည့်လာသောကြောင့်
စည်းမျက်နှာကြီးမှာ တည်တင်းနေကာ
သူမ လက်ကလေးအား ဆွဲခေါ်လာသော
စည်း။
"အို... နာတယ် သည်းကို ဘာလုပ်တာလဲ
လွတ်ပါ.. "
ဆေးရုံကြီးရဲ့ လူရှင်းသောနေရာအရောက်
စည်း သူမလက်အားလွတ်ပေးကါ
မျက်နှာမှာ တည်တင်းကာ..
"ပြောစမ်း မင်း ဘာလာလုပ်တာလဲ..."
သည်း သူ့အမေးအား မဖြေအားသေးပဲ
သူဆုပ်ကိုင်ထားလို့ ရဲသွားသော လက်ကောက်ဝတ်လေးအား မျက်ရည်လေး
ဝဲကာကြည့်၍ ပွတ်နေချိန်...
"ဟေ့ မင်းက်ို ငါမေးနေတယ် ဖြေလေ....''
ထိုအချိန် သည်းသူ့အား မျက်ရည်လေးများ
ဝဲကာ ကြည့်လ်ိုက်၍...
"ရှင်ကြီး ဘာလို့ သူများကို
အော်နေတာလဲ...အဟင့်..."
စည်း သူ့အရှေ့တွင် မျက်ရည်ကျကာ
သူ့အား ဂျစ်တစ်တစ်ကြည့်နေသော
သူမအား မျက်မှောင်ကြီးကုတ်ကာ
ကြည့်၍...
"မင်း ဘာလာလုပ်တာလဲ မေးနေတာလေ..
ကျစ်...''
"ဟင့် သူများကို ကျစ်မသပ်ပါနဲ့
သည်းက လူကြီးကို ဘာလုပ်လို့လဲ
သည်းက လူကြီးဆီကို အနှောက်အယှက်
ပေးဖို့ လာတာမဟုတ်ပါဘူး...သည်းက...''
"ကဲ တော်တော့ မင်းသည်းချင်းထပ်အောင်
ပြောနေတာ ဒီနေ့လိုရင်းကို ရောက်မှာလား.. "
သည်း ဝဲနေသော မျက်ရည်လေးကို
မျက်တောင်ရှည်ကြီးများဖြင့် ပုတ်ခပ်
လ်ိုက်ကာ လက်ထဲက စာအုပ်အား
သူ့အရှေ့တိုးပေးကါ..
"ဒါ ဆရာကြီးက လာပို့ခိုင်သလို့...."
သူ့အားကမ်းပေးလါသော စာအုပ်ကို
စည်းကြည့်၍...
"မင်း ဒါ လာပေးတါလား..."
သူမေးတော့လဲ သူ့အား ခေါင်းလေး
ငြိမ့်ပြနေတာ ကလေးလေးတစ်ယောက်လိုပင်။
စည်း သူမလက်ထဲက စာအုပ်အားယူ၍...
"ရပြီ ဒါဆို ပြန်တော့ နောက်တစ်ခါ
မလာနဲ့...''
"အို သည်းကို နှင်စရာမလိုပါဘူး
သည်းကလဲ လာချင်တယ် မှတ်လို့လား
ဆရာကြီးက သွားပေးရင် hotpotဝယ်
ကျွေးမယ်ဆိုလို့ လာတာပါ ရှင်ကြီး
ကိုယ့်ကိုကိုယ် အထင်မကြီးနေနဲ့.. သည်းက
ဆရာဟုတ်လို့ကြည့်နေတာနော်...သွားပြီ
နောက် ဘယ်တော့မှ မလာဘူး..."
သူ့အား ပြောပြီး ခြေလေးစောင့်ကာ
ထွက်သွားသော သူမအား စည်း
ကြောင်ကြည့်နေတာ တအံ့တသြပင်။
သူ့အားရန်တွေ့သွားသော သူမအား
ကိုင်ပေါက်ချင်တာ အသည်းတယားယား။
သူမကိုမှလစာအုပ်လာပေးခိုင်းတဲ့
ဟိုကောင်ကိုသာ စည်းမေတ္တာပို့နေတော့သည်။
"ဟွန့် လူကိုများ အထင်သေး ရုပ်ချော
သလောက် သွေးနထင်ရောက်နေတဲ့
ဘဝင်ရူးကြီး....''
သည်းပြောပြီး ခြေလေးကလဲစောင့်လိုက်သေးကာ ဆေးရုံကြီးထဲကနေ အိိတ်လေး
လွယ်၍ ထွက်လာတော့သည်။
-------===================^^^^^^🍓🍓🍓🍓🍓🍓🍓
"အရေးကြီး သတင်းဟေ...
အရေးကြီးသတင်း.. "
"ဟမ်း ဘယ်မှာရေကြီးလို့လဲ..."
ဆရာဝန်မလေးများနားနေဆောင်ထဲ
Nurse ခေါင်ဆောင် အမရဲ့ အသံကြောင့်
ဆရာဝန်မလေးများ အသံလေးများထွက်လာကာ..
"အမ ဘာဖြစ်လို့လဲ အမောတစ်ခေါ..."
"အေး နင်တို့ငါ့ကို ပြောကြ အခု
ပါမောက္ခ ဒေါက်တာ စည်း
အကြောင်းပြေမလို့.. ''
ထိုတော့မှဘအားလုံး လှုပ်လှုပ်ရွရွ
ဖြစ်သွားကာ...
"ဒေါက်တာ ဘာဖြစ်လို့လဲဟင်..."
"ဒေါက်တာ ချစ်သူ ရနေပြီ နင်တို့သိလား."
ထိုအခါ အားလုံးအံ့သွနကွေကာ...
"တကယ်ကြီးလား ဟိုရက်က
သတင်း သဲ့သဲ့တော့ကြားတယ်
တကယ်မဟုတ်ဘူး ထင်လို့..."
"အခုတကယ် ငယ်ငယ်လေးနဲ့
ချစ်စရာလေးဟယ် ကောင်မလေးက...."
"ဒေါက်တာက အသက််ငယ်လေးကို
ကြိုက်တာပေါ့.."
"အေး ကောင်မလေးရှိမှ ၁၉ ၂၀ ပေါ့
ဒေါက်တာအပေါ် အရမ်းချွဲပုံပဲ
ဒီနေ့လဲ ဒေါက်တာနဲ့စကားပြောပြီး
စိတ်ဆိုးပြီး ချေလေးစောင့်ပြီး
ပြန်သွာတာဟယ် အသည်းယားစရာ
လေး...."
"ဒါကို မသန္တာကြီး သရေကျနေတယ်ပေါ့.. "
"အော် အဲဒီလိုလဲ မဟုတ်ပါဘူးဟယ်
နင်တို့ကလဲ ဒေါက်တာက ချောပြီး
အနေတည်တာ နင်တို့ အသိပဲလေ
ထားတော့လဲ အခုလို အနေတည်တဲ့သူက
ကလေးစိတ်မိန်းကလေးကို ထားတော့
အားကျတာပေါ့ အဲဒီကောင်မလေးအစား
ရင်တွေခုန်လိုက်တာအေ သူကတော့မသိဘူးဘေးကကြည့်နေတဲ့ငါတို့မှာ ရင်တွေခုန်တာ
ပြုတ်ထွက်မတက်ဘူး...''
ရင်ဘက်လေးဖိကာ ပြောနေသော
မသန္တာကို အားလုံး စိတ်ဝင်တစား
ကြည့်၍ ...
"ဒေါက်တာက အရမ်းချစ်ပြလို့လားဟင်...''
"ဒေါက်တာက ချစ်လားမချစ်လားမပြောနဲ့
သူ့ကို ရန်တွေ့ပြီး ခြေလေးစောင့်နေတာကို
ချစ်စနိုးနဲ့ ကြည့်နေပုံများ အမလေး ရင်ခုန်
လိုက်တာ..."
"ဒါဆို ကောင်မလေးက အချစ်ခံရမှာ
ကြိမ်းသေတယ် သူက ဘယ်ကလဲဟင်..."
သန္တာ အခုမှ အသည်းအသန်မေးနေကြသော
ထိုအမျိုးသမီးများအား မျက်စောင်းလေးယထိုး၍...
"ရှင်တို့လိုပဲ ဆရာဝန် ဒါပင်မဲ့ ဒုတိယ
နှစ်ပဲ ရှိသေးတာ ဆေးရုံလာတဲ့ဖောင်မှာ
ဖြည့်သွားတာ..."
"အရမ်းလှလားဟင်..."
"လှတာထက် ချစ်ဖို့ကောင်းတာ အသားလေး
ကလဲ ဥနေတာ ထိရက်ဖွယ်မရှိ..."
"မြင်ဖူးချင်လိုက်တာ ဒေါက်တာ ချစ်တယ်
ဆိုထဲက ဒီမိန်းကလေး ကံကောင်းလိုက်တာ..."
"တစ်ခုရှိသေးတယ်..."
သန္တာအားလုံးအား ပြုံးကာ
ကြည့်၍...
"အဲဒီမိန်းကလေးက သူမကိုယ်သူမ
သဲလို့ပြောတာ ဒေါက်တာကို
ဒေါက်တာက သဲလို ခေါ်တာ ဖြစ်မယ်..."
"Wow.....အရမ်းရိုတာပဲ ဆရာက..."
အခန်းထဲက ဆရာဝန်မလေးများမှာ
အံ့သြလွန်း၍ အသံများထွက်လာကြ
ကာ..
"ဆရာကတော့အရမ်း Roတာပဲ..."
"အေးလေ မထင်ထားဘူး....
အားကျစရာကြီး...."
"အေးလေ ဒါနဲ့ ဆရာနဲ့ကြိုက်တာ
ဘယ်လောက်ရှိသွားပြီလဲမသိဘူးနော်..."
"အဲဒါတော့ နင်ကိုယ်တိုင် ဆရာကိုသွားမေး..."
"မမေးရဲလို့ပေါ့ဟယ်..."
ဆရာဝန်မလေးများ တစ်ယောက်ကို
တစ်ယောက် အပြန်အလှန်စရင်း
ပြောဆိုနေမိကြတာက ဒေါက်တာအမိန်စည်း
နှင့် သူ့ရဲ့ချစ်သူ မလေးအကြောင်းပင်။
---------================^^^^^🍓🍓🍓🍓🍓🍓🍓
"အေး မင်း တကယ့်အမွေစိန်ကို
ပို့ပေးခိုင်းတာပဲ ...."
"ဘာဖြစ်လို့လဲကွ....ငါက
လဲ သူ့ပဲ ညာခိုင်းလို့ရတာကွ....
Hot pot တောင် အခုနေ
သွားစားနေပြီ ထင်တယ်...''
"အေး လုပ်ထားအုံးပေါ့ ..."
"စည်းကလဲကွာ စိတ်မဆိုးပါနဲ့ သည်းခြေရာက တကယ့်စိတ်ရင်းကောင်းတဲ့သူလေးပါကွ
ချစ်ဖို့လဲကောင်းတာကို...တော်ယုံဆို
ဘာမှ မပြောတက်ဘူး..."
ဖုန်းထဲကနေပြောလာသော
ကုဋေအသံကြောင့် စည်းဘာမှ
ပြန်မပြောမိတော့။
တော်သေးတယ် ဘာမှ ပြန်မပြောတက်လို့
သူ့ကိုဆို ရန်တွေ့သွားတာ ကတ်ကတ်ကို
လန့်လို့။
စည်းသက်ပြင်းချကာ...
"အေးကွာ ငါလူနာတွေ ကြည့်ချိန်ရောက်ပြီး
ဒါပဲ...."
စည်း ဖုန်းချပြီး မျက်ခုံးကြီးမှာအလိုမကျစွာ
ပင့်တက်သွား၍...လူနာကြည့်ရန်သာ
ထွက်လာခဲ့တော့သည်။
"ဒေါက်တာ ကျွန်မ သမီးလေးကို
ကြည့်ပေးပါအုံးရှင် ရုတ်တရပ်
ဘာဖြစ်မှန်းမသိဘူး အသက်ရူရ
ကြပ်နေသလိုပဲ....''
သူ့အား အားကိုးတကြီး မျက်ရည်များ
ကျလာကာပြောလာသော အမေကြီး
ကြောင့် စည်း သူမလက်အား ပြန်လည်
ဆုပ်ကိုင်ကာ...
"အဘွား ဘာမှ စိတ်မပူနဲ့နော်...
ကျွန်တော်ရအောင် ကုပေးမယ်နော်...."
စည်းပြောပြီး နားကျပ်နှင့် စမ်းသပ်နေသလို
လက်ထောက်ဆရာဝန် ဆရာမလေးများမှာလဲ အပြေးအလွှားရောက်လာကြချိန် စည်း
ဝေ့ကြည့်၍ မျက်နှာကြီးမှာ တင်းမာလာ၍...
"ပြောစမ်း ဒီလူနာကို ဘယ်သူ
တာဝန်ယူတာလဲ..."
ထိုအချိန် အားလုံးမှာ တိတ်စိတ်နေ၍
ခေါင်းများငုံ့ထားပြီး...
"ကျွန်တော်ပါ ဒေါက်တာ....''
"နှလုံး လူနာကို ဆေးအမြန်မလွတ်ရဘူး
ဆိုတာ ကျွန်တော် သင်ထားတယ်
မဟုတ်လား...''
"သင်...သင်ထားပါတယ် ဒေါက်တာ...."
ထိုဆရာဝန် ပေါက်စလေးမှာ
သူ့အား အလန့်တကြားကြည့်၍
မျက်နှာလေးငယ်ကာ ပြန်ပြောနေသော
ထိုကောင်လေးအားကြည့်၍...
"အခု အခန်းတောင့်မှာ သွားရပ်နေ
တစ်နာရီအထိ မလှုပ်နဲ့..."
"ဟုတ်ကဲ့.. "
စည်း ထိုကောင်လေး သွားရပ်လိုက်သည်
နှင့် အခြားသူများအားဝေ့ကြည့်ကာ...
"လူနာကို ခွဲခန်းထဲရွေ့မယ်
အချက်ချင်း ခွဲစိတ်ရမယ်..."
"ဟုတ်ကဲ့ ဒေါက်တာ...."
အားလုံး လူနာအား ခွဲခန်းထဲရွေ့ဖို့
အပြေးအလွှား အလုပ်ရူပ်နေကြ
ချိန် စည်း မျက်နှာမကောင်းစွာရပ်နေသော
ဆရာဝန် ကောင်လေးအား ကြည့်၍...
"သွား ခွဲခန်းထဲ မင်းပါ လိုက်ခဲ့
အဲဒီလူနာက်ို မင်းရအောင် ကယ်ရမယ်..."
"ဟုတ်...ဟုတ်ကဲ့ ဒေါက်တာ..."
စည်း ထိုကောင်လေးအပြေးအလွှား
ထွက်သွားတာအားကြည့်၍
သူလဲ ခွဲခန်းထဲ ဝင်ဖို့ အမြန်လာလိုက်တော့သည်။
ခွဲခန်းဝတ်စုံဝတ်ပြီးသည်နှင့်
စည်း အခန်းထဲ ဝင်လာချိန်
ကုတင်ပေါ်တွင် ခွဲစိတ်ရန် အဆင်သင့်
ဖြစ်နေပြီး မေ့ဆေးအရှိန်ဖြင့် သတိမေ့နေသောလူနာအား စည်းကြည့်၍
မျက်ဝန်းများမှိတ်၍ ကတိကဝတ်ပြုချိန်
ဘေးက လက်ထောက်များသည်လဲ
အားလုံး ကတိကဝတ်ပြုပြီးတာနဲ့
စည်း ဘေးက ဆရာဝန်လေးဆီက
စားအား လက်ဖျန့်လိုက်ချိန် ရောက်လာသော
ဓားအား ကြည့်၍ တစ်ဖက်က စောစောက
ဒေါက်တာလေးအား ကမ်းပေး၍...
"ရော့....အခုcaseကို မင်းကို တာဝန်ပေး
လိုက်ပြီ..."
"ဟုတ်...ဟုတ်ကဲ့ပါ ဒေါက်တာ...."
သူ့ဆီက ဓားအား ယူပြီး စတင်
ခွဲစိတ်နေသော ထိုကောင်လေးရဲ့.
လုပ်ပုံများအား စည်းဘေးက
ကြည့်နေလိုက်သည်။
"ဟာ...."
သွေးများ ပန်းထွက်လာသောကြောင့်
လန့်ဖျန့်သွားသော ထိုဆရာဝန်လေးအား
စည်း ကြည့်၍...
"မကြောက်နဲ့ ရဲရဲခွဲ အဲဒါ သွေးကြောမကြီး
ကို ထိသွားတာ အရင်ဆုံး သွေးတိတ်အောင်
အကြောကို ပ်ိတ်...''
"ဟုတ်ကဲ့ ဒေါက်တာ...''
ထိုအချိန် စိုးရိမ်တကြီးနှင့် ဂရုတစိုက်ခွဲ
စိတ်နေသော ခွဲစိတ်ချက်များအား
စည်း မမှိတ်မသုန် ကြည့်နေလိုက်သည်။
ခဏအကြာ သွေးများတိတ်သွားပြီး
ကောင်းမွန်စွာ နှလုံးကျဥ်တာအား
ရှာတွေ့သွားသော ထ်ို ဒေါက်တာလေး
ကြောင့် စည်း သက်ပြင်းချကာ mark
အုပ်ထားသော နှုတ်ခမ်းများကတော့
ပြုံးနေတော့သည်။
တီ...တီ...တီ...
"လူနာ အသက်ရူနှုန်း ပုံမှန်ဖြစ်လာပါ
ပြီ ဒေါက်တာ...''
ထိုအချိန် အားလုံးပြုံးန်ိုင်သွားကြကာ
မျက်နှာကိုယ်စီမှာ ပျော်ရွှင်မှုများ
ဖြစ်ပေါ်လာတော့သည်။
ခဏအကြာ ခွဲစိတ်တာ လုံးဝအောင်
မြင်သွားကာ...
ဖြောင်း.. ဖြောင်း...ဖြောင်း..
"ဘုန်းခန့် မင်းအရမ်းတော်တယ်
နောက်ဆို မှတ်ထား ဖြသ်ပျက်တဲ့
အရာတိုင်းမှာ သင်ခန်းစာတွေရှိတယ်...
ဒီလူနာကို မင်းအသက်ကယ်လိုက်တာပဲ..."
စည်းပြောပြီး ထိုကောင်လေးပုခုံးအား
ကျေနပ်စွာပုတ်၍ ခွဲခန်းအပြင်ဘက်သို့
ထွက်လာခဲ့တော့သည်။
---------==================^^^^🍓🍓🍓🍓🍓🍓🍓
ကျောင်းသားများ အတန်းထဲ
ငြိမ်သက်စွာရှိနေကြစဥ်...
"အားလုံးပဲ ဆရာပြောစရာရှိတာက
မကြာခင် ဒုတိယနှစ်ကျောင်းသားတွေ
ဆေးသုတေသနနဲ့ ပတ်သက်တဲ့ ခရီး
ထွက်ဖို့ရှိတယ် ဒါ့ကြောင့် အားလုံး
ကို လိုက်ပါစေချင်တယ် အဲ့ဒီခရီးက
ဒီလကုန် သွားမှာ ဒါ့ကြောင့် မိဘတွေကို
ပြောထားကြပါ ကျောင်းပိတ်ရက်ကို
သွားမှာပါ တစ်ပတ်ခရီ ဖြစ်သွားမယ်.."
"ဆရာ ဘယ်ဘက်ကိုလဲဆရာ...."
ကော့သောင်ဘက်က ပင်လယ်ဆေးမြစ်ပင်တွေ သုတေသနဆိုင်ရာ စခန်းကိုပဲ..."
"ဟာ ပျော်စရာကြီး... "
ကျောင်းသားတစ်ဦးရဲ့ အပြောကြောင့်
အားလုံး ပြုးလိုက်ကြကာ အားလုံး တစ်ယောက်ကို တစ်ယောက်တိုင်ပင်နေကာ
အသံတွေဆူနေတော့သည်။
ကုဋေ အားလုံးက််ိုကြည့်၍ တစ်ချက်
ပြုံးကာ ထွက်လာလိုက်သည်။
"သည်း နင်လိုက်မှာလား.. ''
"မသိသေးဘူးလေ...."
"နင်လိုက်ရင် ငါလ်ိုက်မှာနော်...''
"အေးပါ ငါသေချာစဥ်းစားလိုက်အုံးမယ်...
ကျောင်းဆင်းချိန်ရောက်ပြီး ပြန်ကြမယ်..."
"အင်းအင်း..."
သူငယ်ချင်းနှစ်ယောက် ပြောပြီး အခန်းထဲက
ထွက်လာလိုက်သည်။
ကားဂိတ်အရောက်...
"သည်း ငါသွားပြီနော်..."
"အင်း တက်တာ..."
သည်း ထက်ထက်အား လက်ကလေး
ပြ၍ ကားအလာကို စောင့်နေစဥ်...
လူတစ်ယောက် သည်းတည့်တည့်အား
ဒေါနှင့်မောနှင့် လျှောက်လာ၍...
သည်းအနား တိုးကပ်လာချိန်..
"ဟေ့ လာသွားမယ်...''
ရုတ်တရပ် သည်းအနား ထိုးရပ်လာသော
ကား ပေါ်က သူ အသံကြောင့် သည်း
ဘာမှ တွေးမနေတော့ဘဲ ကားပေါ်ပြေးတက်ကာ ကားနားရောက်လာ၍
သည်းအား မကျေမနပ်ကြည့်နေသော
လူရဲ့ မျက်နှာအား မြင်ရချိန် သည်း
တစ်ခါ ကားပေါ်မှာ ရန်တွေ့ခဲ့သော နှာဘူး
ကောင်ဖြစ်သည်။
သည်း အံလေးကြိတ်ကာ...
'"နှာဘူးကောင်...''
"ဘာ...."
"အမေ့..."
ရုတ်တရပ်ဘေးက ထွက်ပေါ်လာသော
အသံကြောင့် သည်း သတိရသွားကာ
သူမအား မျက်မှောင်ကုတ်ကာကြည့်နေသော
သူ့အား မျက်နှာချိုသွေး၍...
"ဟီးဟီး လူကြီးကို ပြောတာမဟုတ်ပါဘူး..."
"ဟိုလူသွားပြီး ဆင်းတော့..."
"အို မဆင်းနိုင်ဘူးနော်..သည်းကို
ခေါ်ပြီးမှ မဆင်းခိုင်းနဲ့...."
ပြောပြီး ကားခါးပတ်လေးအား
လက်ကလေးနှစ်ဖက်၍ မျက်ဝန်းလေး
များ မှိတ်ထား နှုတ်ခမ်းဆူနေသော
သူမအား စည်း
ကြည့်၍ သက်ပြင်းချကာ ခေါင်းကိုသာ
ရမ်း၍ ကားကိုသာမောင်းထွက်လာခဲ့တော့သည်။
အမွေစိန်ပဲ....
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း
ပုံမှန်လေးတင်ပေးမယ်နော် အားရှိအောင် ဝန်းရံပေးပါအုံး
အရမ်းroပါတော့မယ်😁