book

Index 7

အပိုင်း(7)

  • Author : Lwanchin
  • Genres : Romance, Drama

"သည်း ငါနင့်ကိုမေးမလို့ ဆရာနင့်ကို

ခေါ်သွားပြီး ဘာပြောတာလဲဟင်..."


သည်း လွယ်အိတ်လေးအား မလွယ်ဘဲ

ပိုက်ထားပုံက တကယ့်အူယားစရာပင်။

ထက်ထက်အမေးကြောင့် သည်းရဲ့နှုတ်ခမ်း

ဖူးဖူးမှာ အရှေ့သို့ စူထွက်လာ၍ ထိုလူ့ဂွစာ

ကြီးမျက်နှာအား မြင်ယောင်ကာ...


"ငါ့ကို ကိုင်တဲ့ကိစ္စလိုက်မပြောရဘူးတဲ့

အဲဒါ မတော်တဆဖြစ်တာတဲ့ အဲဒါပြောတာ..."


"အို သည်းရယ် တိုးတိုးပြောပါ...သူများ

တွေကြားကုန်အုံးမယ်..."


ထက်ထ​က် မျက်ဝန်းလေးပြူးကာ

ပြောလာမှ သည်း မျက်နှာလေးမှာ

ပတ်ဝန်းကျင်က လူများအားဝေ့ကြည့်၍...


"အဟဲ...ဟုတ်းသားပဲ ငါအားပါသွားလို့ပါ...

ဟီးဟီး..."


"အေးပါ နင်တို့ကလဲနော် ဖြစ်ပဲဖြစ်တက်

လွန်းတယ် ဒါဆို နင်နဲ့ဆရာက

အတူတူနေတာပေါ့နော်..."


"နင်ကလဲ ကွန်ဒို တစ်ခုထည်းနေတာလား

ပြောစမ်းပါ..."


"အဟဲ ငါလဲအားပါသွားလို့ပါဟ..."


"အဟွန့် သူများစကားကြီးကို..."


သည်း မျက်စောင်းလေးထိုးကာပြောပြီး

ကျောင်းဝန်းထဲကနေ နှစ်ယောက်သား

လမ်းလျှောက်လာခဲ့သည်။


သည်းနဲ့ ထက်ထက်က ကျောင်းအပြန်

ကားဂိတ်မှာပဲ လမ်းခွဲကြရတာဖြစ်သည်။


သည်းက ပြောရင်ရင်တောင်ဘက်မှာနေ

ရင် ထက်ထက်ကမြှောက်ဘက်မှာနေတဲ့

သူဖြစ်သည်။


"ကဲ သည်း ငါ ဒီဘက်က ကားစီးတော့မယ်

နင် လမ်းကူးတော့ သေချာပြန်နော်..."


သည်း ခေါင်းလေးငြိမ့်ပြ၍...


"အေးပါ နင်လဲသေချာပြန် ငါက

ဘာမှ မဖြစ်ဘူး...bye bye မနက်မှ

တွေ့မယ်နော်..."


"အေးပါ... ဒါဆို ဟိုမှာကားလာပြီး

ငါသွားတော့မယ်နော်..."


"အွန်း..."


သည်း ကားပေါ်တက်သွားသော ထက်ထက်အား လက်လှမ်းပြရင်း ပြုံးလိုက်ကာ လွယ်

အိတ်လေးအား ပိုက်ထားပြီးပြုံးနေစဥ်...


"သည်း နင် ပြန်တော့မလိူ့လား..."


ထိုအချိန် ကျောင်းဝန်းထဲကနေ ထွက်လာသော ကားတစ်စီး သည်းအနားထိုးရပ်လိုက်

ချိန် လင်းခန့်ရှိန် ဖြစ်နေသော​ကြောင့် သည်း

ပြုံးပြ၍ ခေါင်းလေးငြိမ့်ပြကာ...


"ဟုတ်တယ် ဒါနဲ့ နင် ဘယ်အချိန်က ကျောင်းထဲရောက်တာလဲ  စာသင်ချိန် နင့်ကိုငါမတွေ့ပါဘူး...."


လင်းခန့်ရှိန်ဆိုတာ သည်းတို့ရဲ့ တစ်ဦးတည်း

သော သူငယ်ချင်းယောကျာ်းလေးပါ။


သူက တစ်ခါတစ်ခါ အခုလို ကျောင်းပြေး

တက်သေးသည်။


"မဟုတ်ဘူးဟ မနက်က ဖေဖေလေ အလုပ်

ကိစ္စနဲ့ နိုင်ငံခြားထွက်တော့ ငါနဲ့ မေမေလိုက်

ပို့ရလ်ို့ အဲဒါ အခုတောင် ငါ့boxထဲမှာ

စာအုပ်တွေကျန်နေခဲ့လို့လာယူတာ..."


"အော်...."


ထိုအခါ သည်း ကလေးလေးတစ်ယောက်

လို ခေါင်းလေးငြိမ့်ပြလိုက်သည်။


"လာ တက် ငါနဲ့လမ်းကြံတယ် နင့်ကို

အိမ်ပြန်ပို့ပေးမယ်...''


'"ဟို ရ..ရပါ..."


"အမလေး သည်းမရယ် အားနာချင်ယောင်

ဆောင်မနေနဲ့လာ ငါ့သာ ဒီအတ်ိုင်းထွက်သွား

လ်ိူ့ကတော့ နင်အနောက်က ကျိမ်ဆဲနေတာနဲ့ 

ကားဖြောင့်ဖြောင့်မောင်းရမှာမဟုတ်တော့ဘူး..."


လင်းခန့်ရှိန် ငစွာ သူငယ်မလေးရဲ့

အကြောင်းသိသူပီပီ ပြောလိုက်ချိန်...

သည်း ချစ်စဖွယ်မျက်နှာလေးမှာ

ပြုံးကျသွား၍...


"ဟီး...အေးအေး...''


ပြောပြီး ကားတံခါးအားဖွင့်၍

တက်လိုက်ချိန် ကားလေးမှာလဲ

ထိုနေရာမှ မောင်းထွက်လာခဲ့တော့သည်။


ထိုမြင်ကွင်းကို အနောက်ကထွက်လားသော

ကားပေါ်မှမြင်သော စည်းတစ်ယောက်တော့

မျက်မှောင်ကြီးကုတ်ကာ...


"ကျစ်  တွေ့ကယာကားပေါ်လိုက်နေတာ

ဘယ်လိုမိန်းကလေးလဲ...."


စည်းပြောပြီး ထိုးကားအနောက်ကနေ

မောင်းထွက်လာလိုက်သည်။


------=---=============+==^^^^^^🍓🍓🍓🍓🍓🍓🍓🍓


"ကိုဆန်းရယ် စိတ်မကောင်းလဲ

အရမ်းမဖြစ်ပါနဲ့ သည်းလေးက

စိတ်ဓာတ်မာတဲ့ကလေးလေးပါ...."


ဦးဆန်းကမ္ဘာဆိုဖာပေါ် သမီးပြန်

အလာအား ထိုင်စောင့်နေရင်း

သူဟိုတစ်ပတ်က သမီးဖြစ်သူဆီ

မလာရသည်အား ဒေါ်ကလျှာကို

စိတ်မကောင်းစွာပြောနေတာဖြစ်သည်။


အကြောင်းအရင်းကိုသိနေသော

ဒေါ်ကလျှာနာလည်စွာ ပြောလိုက်ချိန်...


"အင်း မကလျှာရယ် ခင်ဗျားက

ကျုပ်နဲ့ သမီးလေးရဲ့ ကျေးဇူး

ရှင်ပါ ကျုပ်သမီးလေးကို

မေတ္တာရှေ့ထားပြီး သားသမီးအရင်း

လိုဆောင့်ရှောက်ပေးတယ် ခင်ဗျားကြောင့်

သမီးလေးကို ကျုပ်စိတ်ချထားလို့ရတာ..."


"မဟုတ်တာ ကိုဆန်းရယ် သည်းလေးက

ကျွန်မရဲ့ သမီးလေးပါပဲ...ငယ်ငယ်ထဲက

ကျွန်မလက်ပေါ်ကြီးပြင်းလာတဲ့ ကလေးလေးပါ...ဒါ့ကြောင့် ကျွန်မလဲ သည်းလေးနဲ့ပဲ.နေဖို့ဆုံးဖြတ်ထားတယ်ရှင် သားသမီးလဲ

မရှိတော့ သည်းလေး အိမ်ထောင်တွေဘာတွေ

ကျမှပဲ ကျွန်မတရားစခန်းဝင်တော့မယ်..."


"ကောင်းတဲ့အလုပ်လုပ်ဖို့ ရည်ရွယ်ထားတာ

ပဲ ကောင်းပါတယ်ဗျာ...ဒါနဲ့ သမီးလေး

အဆင်ရော ပြေရဲ့လား ဒီမှာ သိန်းနှစ်ဆယ်..

အိမ်စရိတ်ယူထားပေးပါအုံးဗျာ ကျုပ်က

ခရီးထွက်ရမယ်နောက်တစ်ပတ် တစ်လ

လောက်ကြာမယ် ထင်တယ်....."


"ဟုတ်လား  ...ပိုက်ဆံက အများကြီးပဲ

ဟိုလက ပေးထါးတာ တစ်ဝက်တောင်

ရှိပါသေးတယ်..."


"ယူထားပါဗျာ....သမီးလေးအတွက်လဲ

လိုတာ ဝယ်ပေးပါ..."


"ဖေဖေ...''


ထိုအချိန် အနောက်ကနေ သူ့အား

ဝမ်းသာအားရခေါ်ကာပြောလာသော

သူ့ရဲ ချစ်စဖွယ် သမီးလေး။


ဦးဆန်းကမ္ဘာ ထရပ်လိုက်၍

သူ့ဆီပြေးလာသော သမီးဖြစ်သူရဲ့

ကိုယ်လုံးလေးအားဖက်ထားလိုက်ကါ..


"ကြည့်ပါအုံး ဖေဖေသမီးက မတွေ့တဲ့

တစ်ပတ်ကျော်အတွင်း နတ်သမီးလေး

လို လှနေပါလားကွယ်..."


"အဟင့်..ဖေဖေ သည်းဆီ ဘာလို့

အခုမှ လာရတာလဲဟင် သည်းကို

ချစ်သေးရဲလားဟင်..."


သူ့အား ကလေးလေးတစ်ယောက်လို

ရင်ခွင်ထဲကနေ မျက်ဝန်းလေးဝိုင်းကာ

မော့၍မေးလာသော သမီးဖြစ်သူအား

ဦးဆန်းကမ္ဘာ ချစ်စနိုးကြည့်၍

နဖူးလေးအား ညှင်သာစွာ နမ်းလိုက်သည်။


သူ့ရဲ့သမီးလေးက ကုသိုလ်ထူးကြောင့်

ချစ်စရာကောင်းပြီး လူတိုင်းမြင်တာနဲ့

ငယ်ငယ်လေးထဲက ချစ်ကြသော ကလေး

ဖြစ်သည်။


အခုအရွယ်ရောက်လာသော်လဲ ချစ်စရာ

ကောင်းပြီး ကလေးစိတ်အခုထိမကုန်သေး

ကာ သူ့ကိုမြင်တာနဲ့ ကလေးလေးလို ချွဲတက်

သေးသည်။


ဒါလေးတွေကိုပဲ သူ့မှာအချစ်ပိုနေရတာ

ဖြစ်သည်။


"မဟုတ်ပါဘူး သမီးရယ် ဖေဖေ

အလုပ်ရူပ်နေလို့ပါ အခုလဲနောက်တစ်

ပတ် ဖေဖေခရီးသွားမှာဟုတ်လို့.... ဒါ့ကြောင့် ဖေဖေကသမီးကို မုန့်ဖိုးလာပေးရင်း

သတိရလို့ ဝင်လာတာ...''


"ဖေဖေက ဘယ်ကိုသွားမှာလဲ...."


"တရုပ်ကို သမီး အလုပ်ကိစ္စအတွက်

ဖေဖေအဲဒီမှာ အစည်းအဝေးတက်ရမယ်

တင်သွင်းဖိူ့ အဲဒီက company ကြီးတွေနဲ့

စာချုပ် ချုပ်ရမယ်လေ...."


"ဟုတ် ဖေဖေ...သည်း နားလည်ပါပြီ...."


ring ring ring ring 

ring ring ring ring.....


ထိုအချိန် ထမြည်လာသော ဖုန်းသံ

ကြောင့် ဦးဆန်းကမ္ဘာ မျက်နှာပျက်စွာ

ဖုန်းကိုင်လိုက်၍...


"ငါပြန်လာနေပြီ...."


"..........."


တစ်ဖက်က ဘာပြောလိုက်မှန်းမသိ

ဦးဆနကမ္ဘာ မျက်နှာမှာ တင်းမာလာ၍..


"အေး ငါသိတယ်...အခုပြန်ခဲ့မယ်..."


ဖုန်းချလိုက်တာနဲ့ သူ့အား မျက်နှာလေးငယ်ကာ ကြည့်နေသော သမီးဖြစ်သူအား...


"သမီး ဖေဖေ ပြန်တော့မယ်နော်...

ခရီးက ပြန်လာတာနဲ့ ဖေဖေပြန်လာခဲ့မယ်

သိလား....နော် သမီး.. ဖေဖေသမီး bank အကောင့်ထဲ ငွေထည့်ပေးထါးနော်...စစ်ကြည့်အုံး..."


ဖုနဆက်တာ ဘယ်သူလဲဆိုတာ

သည်း သိပင်မဲ့လဲ ဝမ်းနည်းစိတ်အား

ထိန်းကာ မျက်နှာလေးမှာ ပြုံးပြ၍...


"ဟုတ် ဖေဖေ သည်း မျှော်နေမယ်နော်.. "


သည်းပြောပြီး ဖခင်ဖြစ်သူပါးပြင်

အား ခြေဖျားလေးထောက်ကာ

နမ်းရှိုက်လိုက်ချိန် ဦးဆန်းကမ္ဘာ

မျက်နှာမကောင်းစွာ ထွက်လာလိုက်သည်။


ဖခင်ဖြစ်သူရဲ့ကျောပြင်အား သည်း

ကြည့်နေရင်း မျက်ဝန်းမှ မျက်ရည်များ

စီးကျလာကာ....


"အဲဒီလောက်တောင် သူတို့သားအမိကို

ကြောက်ရလား ဖေဖေရယ်...."


-------=====================^^^^^🍓🍓🍓🍓🍓🍓


တီ....တီ.....


စည်းအိမ်ပြန်ရောက်လို့ ရေမိုးချိုးကာ

ဒီည ဂျူတီနားထားတာကြောင့်  ဆိုဖာပေါ်

ထိုင်နေစဥ် အပြင်က

ဘဲလ်တီးသံကြောင့် သူ အသာထ

လာ၍....cctvလေးပေါ်တွင်မြင်နေရသော

ပုံရိပ်လေးကြောင့် သူ မျက်မှောင်

ကုတ်သွားမိသည်။


"ဒီမိန်းကလေး ငါ့အခန်းဘယ်လို

သိတာလဲ ဘာများလာလုပ်တာပါလိမ့်..."


စည်း မျက်ခုံးတွေပင့်တက်စွာစဥ်းစားနေရင်း

Cctvထဲပေါ်နေသော ဆံနွယ်များအား

ထိပ်လေးပေါ်တင်ထုံးထားကာ အိမ်နေ

အင်္ကျီအပွကြီးနှင့်အောက်ကလဲ ဘောင်းဘီ

ပေါင်တိုလေးဝတ်ထားကာ တစ်ခုခုအားကိုင်၍ လက်တစ်ဖက်ကလဲ အသီးတစ်လုံးအားကိုက်စားနေကာ ခြေထောက်လေးတစ်ဖက်ကိုလဲ လှုပ်နေလိုက်သေးသောသူမပုံက မသိရင် တကယ့်

ကလေးလေးလိုပင်။


ဘာလို့ ဒီအချိန်ကြီး သူများအခန်းဆီကို

မကြောက်မရွံလာရတာလဲ သူမကို

ဒီအချိန် မကောင်းကြံတဲ့သူသာ ရှိရင်

ဘယ်သူသိမှာမဟုတ်။


စည်း လက်က နာရီ 

စည်း ကြည့်ပြီး စိတ်ထဲ အလိုမကျလာစွာ

သက်ပြင်းချ၍ တံခါးဆွဲဖွင့်လိုက်ချိန်...


"အန်တီ ကြီးကလျာက...."


"လာခဲ့စမ်း....''


'"အို...အမေ့..."


ဘုတ်...


အောက်သို့ သည်းလက်ထဲက မာလကား

သီးလေးနဲ့ အထုပ်လေးကလဲ ပြုတ်ကျသွား

လျှက်။


သည်းတစ်ယောက် စကားပင်မဆုံးသေး

လက်ကလေးကနေ အခန်းထဲ ဆွဲသွင်း

ခံလိုက်ရသောကြောင့် မျက်ဝန်းလေးတွေ

ပြူးကျယ်သွားကာ...အထိိန့်တလန့်လေး

ပါလာခဲ့သည်။


စည်း သူ့ရင်ခွင်ထဲ မျက်ဝန်းလေးပြူးကာ

ကြောင်အအလေးရှိနေသော သူမအား

ငုံ့ကြည့်၍ အသာလွတ်ပေးကါ...သူမလက်ထထဲက အထုတ်လေးကိုပါ ကြည့်ရင်း...


"မင်း အတင့်ရဲလိုက်လား သည်းခြေရာ

အချိန်လဲ ကြည့်အုံး ဘယ်အချိန် ရှိနေ

ပြီလား အခုလို ယောကျာ်းတစ်ယောက်

ရှိတဲ့အခန်း လာရလား မင်းငါ့အခန်း

မှန်း ဘယ်လ်ိုသိတာလဲ... "


သူမေးနေသော်လဲ မျက်ဝန်းလေးသာ

ပြူးပြီး မျက်ရည်များဝဲကာ သူ့အား ငိုတော့မဲ့ မျက်နှာလေး

ဖြင့်ကြည့်နေသော သူမအား စည်း

ကြည့်၍...


"ပြောလေ မင်းကို ငါမေးနေတယ်...."


"ဟင့်...အဟင့်....ဟင့်....ဟီး....''


ရုတ်တရပ်ထငိုလိုက်သော သူမကြောင့်

စည်း ကြောင်တောင်တောင်ဖြစ်သွား၍

မျင်ဝန်းလေးအား စုံမှိတ်ကာ 

ငိုနေသော သူမအားကြည့်၍...


"ဟေ့ တိတ်စမ်း မင်းကိုငါ ဘာမှ

မလုပ်ရသေးဘူ...သည်းခြေရာ

မင်းတိတ်နော်...''


"ဟီး..အဟင့်...ဟီး...အဟင့်...ဟင့်..."


သူပို၍ လေသံမာပြောလိုက်လျှင်

ပို၍ အသံလေးမြင့်ကာဝင်လာသော

သူမကြောင့် စည်း တစ်ယောက်

ဒေါသတို့က ငယ်ထိပ်သို့ရောက်လာကာ..


"မင်း တိတ်မှာလား မင်းကိုငါ လည်ပင်း

ညစ်သတ်ရမှာလား...."


"ဟီး..အဟင်..သူ...သူ...ဟင့်..

သူများက သူ့ကို ဘာလုပ်တာ

ကြနေတာပဲ...လာခြိမ်းခြောက်နေတယ်

ဟီး...အဟင့်...ဟင့်...ရှင်ကြီးကို

ဒေါ်ကြီးနဲ့ တိုင်ပြောမယ်..အဟင်...ဟင့်..

သူများ အသီးလဲ ပြုတ်ကျသွားပြီး...

ဟင့်...သူဝယ်ပေးတါ ကျနေတာပဲ...ဟီး..အဟင့်...ဟင့်....''


သူ့အား ကလေးတစ်ယောက်လို ငိုကာ

ပြောလာသော သူမကြောင့် စည်း

မျက်နှာမှာ နီရဲလာမိသည်။


သူ့အားကြောက်လန့်၍ ငိုချင်းမဟုတ်ဘဲ

သူ့အသီးပြုတ်ကျသွားလို့ ငိုတာတဲ့လား။


"တိတ်စမ်း သည်းခြေရာ မင်းငါ့အခန်းကို

ဘယလာလုပ်တာလဲ..."


"အဟင့်..ဟင့်...ရှင်ကြီးအခန်းကို

မလာပါဘူး... ကြီးကလျာ သူငယ်ချင်း

အခန်းကို ပစ္စည်းလာပေးတါ... ဟင့်....ဟင့်...

အဲဒါကို သူများကို အခန်းထဲ အတင်းခေါ်လာပြီး သူများစားနေတဲ့အသီကိုလဲ ပြုတ်ကျအောင်လုပ်တယ် အထုပ်တွေလဲ

ပြုတ်ကျကုန်ပြီ...ရှင်ကြီးကို ထက်ထက်နဲ့

လဲတိုင်ပြောမယ်သိလား...အဟင့်...ဟင့်......."


ပြောပြီး ရှိုက်တောင် ရှိုက်နေသော 

သူမအား စည်းကြည့်၍ သူမအခန်း

မှားခေါက်မှန်း သိလိုက်ကာ....သူ့နေရာမှာ

အခြားယောကျာ်းသာဆိုရင်ကော အတွေးက

ဝင်လာ၍...သူမအား ကိုင်ပေါက်ချင်စိတ်က

တစ်ဖွားဖွား။


"မင်း အခန်းနံပါတ် သေချာမမှတ်လား

ဘူးလား...."


"ဟင့်... အခန်းက ၁၀၂ လေ အဟင့်.... ''


"မင်းအခုလာတာ ၂၀၁...."


ထိုတော့မှ သည်းတစ်ယောက် အငိုရပ်

သွား၍ သူ့အား ပြူးတူးပြဲတဲလေး

ကြည့်ကာ...


"ဒါဆို သည်းမှားသွားတာပေါ့...ဟင့်..

အဲဒါကို သူများကိူ အခန်းထဲ ခေါ်သွင်းတယ်...

ဟီး....''


"ဟာ မင်းတိတ်နော် ငါ ဒေါသထွက်လာပြီ

သည်းခြေရာ...တိတ်စမ်း မင်းအသီးငါပြန်

ပေးမယ် ခဏစောင့်..."


စည်း ဒေါသများအားမျိုချကာ သက်ပြင်း

၍ ရေခဲသေတ္တာအနားပြန်လာကာ အိတ်ထဲ

ပန်းသီး မန်လကာသီး အခြားအသီးများပါ

ထည့်ကာ...ငိုနေသော သူမဆီပြန်လျှောက်လာကာ....သူမအနားက အထုပ်ပါ ကောက်ယူ၍...


"ရော့ ဒါတွေ ယူပြီးပြန်တော့...နောက်ငါ့အခန်းအရှေ့ ဘယ်တော့မှ ပြန်မလာနဲ့...."'


သူပြောနေသော်လဲ သူ့စီအာရုံမရောက်ဘဲ

အသီးထုပ်ကို သာလျာလေးသပ်၍

ကြည့်နေသော သူမ​ကြောင့် စည်း အသည်း

တယားယားပင်။


"ရော့သွားတော့...."


"ဟီး..ဟုတ်ကဲ့..."


အခုတော့လဲ စောစောက ငိုနေသော

ပုံမဟုတ်တော့ဘဲ ပြုံးကာ သူ့လက်ထဲက

အသီထုပ်နဲ့ သူမ အထုပ်လေးကိုပါ

ယူ၍ ပြုံးကာ သူမအား စည်း

မျက်မှောင်ကြီးကုတ်ကာကြည့်နေတော့သည်။


"ဒါဆို သည်းပြန်တော့မယ်နော်...ဘယ်သူ့ကိုမှ

မပြောဘူး သိလား..ဟီး..."


သည်း​ပြောပြီး တံခါးအပြင်ဘက်

အရောက် မျက်စောင်းလေးလှည့်ထိုးကာ.


"အဟွန့် အသီးပေးလို့ သက်သာသွားတယ်မှတ် လူ့ဂွစာကြီး...''


သူ့အား မျက်စောင်းလေးထိုးသွားသော

သူမပုံအား စည်းတစ်​ယောက်အိမ်ထဲကနေ

ကြည့်၍ ငိူရမလိုလို ရယ်ရမလ််ိုလိုပင်။


တော်တော်ကလေးဆန်တဲ့ ငရူပ်မ...


-------------==================^^^^🍓🍓🍓🍓🍅🍅🍅🍅


"ဟား...ဒါဆို  မင်းကလေး

ထိန်းရတော့မှာပေါ့....စည်း...''


မိုးထက် ရယ်ကာပြောလာသော

ကြောင့် စည်း ဂျူတီကုတ်ဝတ်နေရင်း

မိုးထက်အား မျက်နှာတည်ကြီးနှင့်ကြည့်ကာ..


"မိုးထက် မင်း လူနာမကြည့်ရဘူးလား

ငါ့လူနာတွေ စောင့်နေကြတယ် သွား

တော့မယ်...မင်း ဘယ်က သိလာတာလဲ.."


"ဟဲဟဲ ငါလဲ ဒီလိုပဲ သိတာပေါ့...."


"အရမ်း စပ်စုတာပဲ..."


"အေးပါကွာ မင်းကလဲ ငါက မင်းနဲ့

မင်းရဲ့သည်းလေ...အဲ...ဟုတ်ပါဘူး

ဟိုမိန်းကလေးအကြောင်း စိတ်ဝင်စား

လိူ့ပါကွာ..''


စည်း မိုးထက်အား ကြည့်၍...


"မင်း မိန်းမ အဖြစ်နဲ့မွေးလာရမှာမိုးထက်...''


"စည်းကလဲကွာ ဒါနဲ့ မင်း ကျောင်းသား

တွေကို လက်တွေ့က ဘယ်နေ့သင်မှာလဲ...''


"မနက်..."


"ဒါဆို ငါတို့ လူနာယာဥ် အဆင်သင့်

ပြင်ထားလ်ိုက်မယ်နော် မင်းရဲသည်း

မူးလဲရင် တစ်ခါထဲ ပြေးတင်ရအောင်...".


ပြောပြီးပြေးထွက်သွားသော မိုးထက်အား

စည်းကြည့်၍ ခေါင်းယမ်းလ်ိုက်ကာ...


"ကျစ် ဟိုငရူပ်မ ကြောင့်တော့

မလွယ်ဘူး..."


စည်းသက်ပြင်းချကာ လူနာကြည့်ရန်

လိုအပ်တာများယူ၍ အပြင်သို့ ထွက်

လာခဲ့တော့သည်။


"ဟင်.....လူကြီး..''


ထိုအချ်ိန် သူ့အနား ဆံပင်လေး

နှစ်ဖက်ခွဲစည်းကာ ပြေးလာသော

သူမကြောင် စည်းတစ်ယောက် ပါးစပ်

အဟောင်းသာဖြင့် ကြည့်နေမိတော့သည်။


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


rate now: