book

Index 6

အပိုင်း(6)

  • Author : Lwanchin
  • Genres : Romance, Drama

"မင်း လာစမ်း မင်းဘာတွေပြောနေတာလဲ

ဟမ်း...''


ရုတ်တရပ် သူဆွဲခေါ်ရာအနောက်သို့

သည်းတစ်ယောက်ကြောင် အအဖြင့်

ပါလာပြီး လူရှင်းတဲ့နေရာအရောက်

သည်းအား ပြောလာသောသူ့ကြောင့်

သူ့ရဲ့ ရှည်သော အရပ်ကြီးအားမော့ကြည့်ကာ...


"သည်းကို မအော်ပါနဲ့ သည်းက 

ရှင့် ထမင်းစားနေတာ မဟုတ်ဘူးနော်..

သည်းရင်ဘက်ကို ကိုင်လို့ ကိုင်တယ်

​ပြောတာလေ....ဟီး...အဟင့်...ဟင့်..

အဲဒါကို သူများကို လာအော်တယ်..."


"ဟာ..."


စည်း သူကျောင်းဝန်းထဲ ဝင်လာ

ချိန် စာသင်ချိန် လိုသေးသောကြောင့်

သူ အသိမိတ်ဆွေ ကျောင်းအုပ်ကြီး

ရဲ့ ရုံးခန်းဆီ သွားရန် ပြင်လိုက်စဥ်...

ခုံပေါ်မှာ ထိုင်ပြီး အသံစွာစွာနဲ့

ပြောနေသော သူမကြောင့် သူ

ရှက်သွားကာ စကားတွေ မလွန်ခင်

ဆွဲခေါ်ခဲ့တာဖြစ်သည်။


တော်သေးသည် လူကလဲ ရှင်းတဲ့

အချိန် ဟုတ်လိူ့ မဟုတ်ရင် သူများတွေ

ကြားပြီး သူ့ကို ဘယ်လိုထင်ကြမလဲမသိ။ဒါကို ဒီကလေးမကျလူကြီးမကျက မသိတာလား။သူမကိုရော လူတွေဘယ်လိုပြောကြမလဲ။


မတော်တစ်ဆဆိုပင်မဲ့ သူမဘက်က

နစ်နာသွားတာ သူသိပါသည်။ဒါ့ကြောင့်

သူ တောင်းပန်ဖို့ နည်းလမ်း အမျိုးမျိုး

ရှာနေခဲ့တာ ဖြစ်သည်။


တောင်းပန်ဖို့ မလုံလောက်မှန်းလဲ

နားလည်ပါသည်။


စည်း သူ့အရှေ့က ကလေးတစ်ယောက်

 လို ငိုကာ သူ့အား မျက်နှာလေးငယ်ကာ

မော့ကြည့်နေသော သူမအား ငုံ့ကာကြည့်၍..


"မင်းကို ငါ တောင်းပန်ပါတယ် အဲဒီလို

ဖြစ်တာ တောင်းပန်ယုံနဲ့ မလုံလောက်

မှန်းလဲသ်ိတယ် ဒါပင်မဲ့ ဒီကိစ္စကြီးကို

မင်း အဲဒီလို ​ပြောနေတာ မင်းမရှက်ဘူးလား..."


"ဘာ မရှက်ဘူးလား ဟုတ်လား...

သည်းက မိကောင်းဖခင် သားသမီးပါ

ဘယ်သူက မရှက်ဘဲနေမှာလဲ သည်းသူငယ်ချင်း သည်းပြောတာလေ....

သူ့နားနားကပ်ပြီး လာပြောနေတာကြနေတာပဲ.. "


"ဟ....မင်းပြောနေတာ ငါ့ကိုပါ

ပြောနေတာလေ..မရဘူး အဲဒီကိစ္စကို

ဘယ်သူ့ကိုမှ မပြောရဘူးကြားလား..."


"မသိဘူး...''


သူ့အား မျက်စောင်းလေးထိုးကာ

စုပုတ်သွားသော သူမကြောင့် စည်း

သူမအား အသည်းယားစွာ ကိုင်ပေါက်

ချင်စိတ်ကို မနည်းထိန်းထားရသည်။


မသိရင် သူမစိတ်ဆိုးနေလို့

သူက ချော့နေတဲ့ သမီးရည်းစားပမာ။


စည်းတွေးကာ မျက်နှာကြီးရဲသွားမိ၍...


"မင်း ဒီကိစ္စကို ဘယ်သူ့ကိုမှ

မပြောနဲ့နော်..."


သူပြောနေသော်လဲ မျက်နှာလေးအား

လွဲထားပြီး နှုတ်ခမ်းလေးဆူကာ

ရှိနေသော သူမ​ကြောင့် စည်းသက်ပြင်း

ချ၍...


"ဆေးရုံမှာ မင်းငါ့ကို ရိုက်သွားတာ

လူတွေ အကုန်မြင်တယ် မင်းကို

ငါ.... "


"ရပြီ သည်းမ​ပြောဘူး ရပြီလား..."


စည်း သူမအား ကြည့်ကာပြုံး၍...


"မင်းက ဆေးကျောင်းသူလား..."


"ဟုတ်တယ်...."


"အင်း မင်းအသက်ကရော..."


"၂၀ ပြည့်တော့မယ်...."


"အင်း မင်းအသက်နဲ့ မင်းပုံစံနဲ့လိုက်ပါတယ်..."


"ဘာ...."


"ဆေးကျောင်းသူက သွေးမြင်

ရင် ကြောက်တက်တာ ဘာလို့

ဆေးပညာယူထားသေးလဲ...

မင်း အဲဒီလို ဖြစ်နေရင် မင်းဆေးပညာ

မလေ့လာတာပဲကောင်းမယ်....ကလေးမ...''


ပြောပြီး ထွက်သွားသော သူ့ကျောပြင်အား

သည်း ကြည့်ကာ..နှုတ်ခမ်းလေးအား

ဖိကိုက်ပစ်၍...


"ရှင်ကြီး တစ်နေ့စောင့်ကြည့်ထား..ဟွန့်...''


ပြောပြီး မျက်စောင်းလေးကလဲ

ထိုးလိုက်သေးကာ ခြေလေး

စောင့်ကာ သူနှင့် ကျောခိုင်း

ပြီး ထွက်သွားသော သည်းခြေရာ။


---------=-=========----------======^^^🍓🍓🍓🍓🍓🍓🍓


"ဘာဖြစ်လို့ အဲဒီအချိန်ထိစောင့်ရမှာလဲ

ကို​ဘုန်းမြင့်...."


စိတ်ဆိုးမာန်ဆိုးပြောလာသော

မြို့ဝန်မင်းအား ဆေးရုံအုပ်ဖြစ်သော

ဦးဘုန်းမြင့် ခါးကိုင်၍ တောင်းပန်ကာ...


"တကယ်ပဲ ကျွန်တော် တောင်းပန်ပါတယ်

မြိူ့ဝန်မင်း ဒေါက်တာ အမိန့်စည်းက

ခွဲစိတ်ဖို့ကို ချက်ချင်း လက်မခံပါဘူးဗျာ

တစ်လပဲ ကျန်တော့တဲ့ အလှူရှင်ကို

သူ အဲဒီအချိန်တစ်လကို ကောင်းကောင်း

မွန်မွန်နေစေချင်တယ်တဲ့ ဒါ့ကြောင့်

မြို့ဝန်မင်း စိတ်မပူပါနဲ့ ကျွန်တော်

တာဝန်ယူပါတယ်...မြို့ဝန်မင်း သမီး

လေးကို ဘာမှမဖြစ်အောင် ကျွန်တော်

တို့ သေချာကုသမှာပါ..."


"ခင်ဗျားပြောန်ိုင်လား ဒီကြားထဲ

ကျုပ်သမီးဘာမှ မဖြစ်ဘူးဆိုတာ...

ပြောစမ်း ဟိုသေတော့တဲ့လူနာက

အရေးပါလား ကျုပ်သမီးက အရေးပါလား..."


ဦးဗိုလ်အောင်စိန် မျက်နှာမှာ

ဒေါသကြောင့် နီရဲကာ တင်းမာ

နေတော့သည်။


"ကျွန်တော်အာမခံပါတယ် မြို့ဝန်မင်း..."


"မရဘူး ကျုပ်ကတော့ အမြန်ဆုံး

ကျုပ်သမီးကို ကူသမှုလိုချင်တယ်

အဲဒီ ဒေါက်တာကို ကျုပ်ကိုယ်တိုင်

တွေ့မယ်..."


"ဟုတ်..ဟုတ်ကဲ့ပါ ကျွန်တော်အကောင်း

ဆုံး စီစဥ်ပေးပါမယ်ဗျာ..."


"ဘယ်လို စီစဥ်ပေးမှာလဲ ဆေးရုံ

အုပ်ကြီး ကျွန်မတို့က သမီးလေး

ဝေဒနါခံစားနေရတာကို ဒီအတ်ိုင်း

ကြည့်နေရမှာလား..."


ဦးဘုန်းမြင့် မျက်နှာမှာ ပျက်နေ၍...


"မြို့ဝန်မင်း ကတော်လဲ စိတ်လျော့ပါဗျာ

ကျွန်တော် ဒေါက်တာ အမိန့်စည်းကို

ရအောင် ပြောပါ့မယ် ဒါ့ကြောင့် 

ကျွန်တော့်ကို အချိန်လေးပေးပါနော်..."


"ကောင်းပြီ ခင်ဗျားကို အချိန် တစ်ပတ်ပေး

မယ် အဲဒီတစ်ပတ်ပြည့်ရင် ကျုပ်သမီးကို

ခွဲစိတ်ပေးဖို့ စီစဥ်တာပဲ မြင်ချင်တယ်...''


ပြောပြီးထွက်သွားသော မြို့ဝန်မင်း

ဇနီးမောင်နှံ ကြောင့် ဦးဘုန်းမြင့်

သက်ပြင်းချ၍ ဆိုဖာပေါ်ထိုင်ချသွားကာ

အသက်ကို ဝဝရူနေမိတော့သည်။


------===================--^^^^🍓🍓🍓🍓🍓🍓🍓


"ဒီနေ့ ဆရာအသစ် လာမယ်တဲ့..."'


"ဟွန့် အသက်ကြီးကြီး ဗ်ိုက်ရွဲရွဲပဲ

နေမှာပေါ့...."


"ဟုတ်ပ....ငါတို့ကျောင်းကို လာလိုက်တိုင်း

ရုပ်ဆိုးတဲ့ ဆရာတွေကြီးပဲ....သူ....သူ...."


"ဟင်...လဲ့ ဘာဖြစ်တာလဲ ...အို..."


မိန်းကလေးတစ်စု ပြောပြီး အသံ

တိတ်သွားကြပြီး ပြတင်းပေါက်ရှိရာ

အား အကြည့်များ စုပြုံးပြီးရောက်

ရှိသွားကြကာ အားလူံး ပါးစပ်အဟောင်း

သားဖြင့် ငေးကြည့်နေသောကြောင့်


ထက်ထက်နှင့် မုန့်စားနေသော 

သည်း တို့နှစ်ယောက်လဲ ကြည့်လိုက်ချိန်..


"ဟို လူကြီး...သည်းကို ကိုင်တဲ့လူကြီး....

ပါလား...အခု သူသင်တော့မှာလား..."


သည်းမုန့်လေးကိုက်ကာ ခပ်တိုးတိုး

ပြောလာသောကြောင့် ထက်ထက်

တစ်ယောက် တံတောင်လေးနှင့်

တွတ်လိုက်မှ သည်း ပါးစပ်ထည်းက

မုန့်အား ကုန်အောင်ထိုးထည့်ကာ ပလုပ်ပါး

လောင်းလေးစားပြီး သူမ မဟုတ်သလို

ခပ်တည်တည်လေးနေနေချိန် အခန်းထဲဝင်လာသော သူ။


"အို..ချောလိုက်တာ..."


"အေးဟယ် ချောလိုက်တာ

အရပ်ကြီးကလဲမိုက် ခန္ဓာကိုယ် ကလိုက်

အသံယားစရာ..."


ကောင်မလေးအချို့ရဲ့ ခပ်တိုးတ်ိုးအသံ

ကြောင့် သည်း နှုတ်ခမ်းလေးမဲ့လိုက်ကာ..


"ဒီလောက် ဘီလူးကြီးကို..."


ထိုအချိန် အခန်းရဲ့ စာသင်သော 

ဆရာတွေရပ်ကြသော ခုံနား

တွင် စည်းရပ်လိုက်ပြီး အပ်ကြသံပင်

မကြားရလောက်အောင် တိတ်ဆိတ်သွားသော အခန်းထဲက ကျောင်းသားအားလုံး

အားဝေ့ကြည့်ချိန် ဟိုငနဲမက ပါးကို

ဖောင်းနေအောင် ဘာတွေစားနေလဲမသိ။


မျက်ဝန်းထဲမှာ တောင့် မကျိုးတော့

သဖြင့်....စည်း မျက်နှာလွဲလိုက်ကာ...


"ကျွန်တော်က နှလုံးအထူးကု

ဒေါ်တာ အမိန့်စည်းပါ ဒီက 

ကျောင်းသားတွေကို နှစ်လအတိ

လက်တွေ့ သင်ကြားပေးမှာပါ...

ဒါ့ကြောင့် အားလုံး ဂရုတစိုက်

မှတ်သားပြီး သင်ယူမယ်လိူ့ မျှော်လင့်

ပါတယ်..."


"ဟုတ်ကဲ့ ဆရာ..."


ထိုအချိန် အားလုံးရဲ့ပျော်နေသော

အသံများက တညီတညွှတ်ထဲ 

ထွက်လာချိန် သည်းတစ်ယောက်တော့

မျက်နှာလေးမဲ့ကာ...


အမလေး အခုတော့လဲ နှာဘူးမတွေက

ငြိမ်လို့...


အရှေ့က ဘယ်ဆရာသင်သင် မငြိမ်သော

အဖွဲ့တွေက ငြိမ်သက်စွာသင်နေတာအား

နားထောင်နေကြသောကြောင့် သည်း

မဲ့ကာ စိတ်ထဲကနေ ပြောလိုက်တာ

ဖြစ်သည်။


ထိုအချိန် စာသင်နေသော သူ့မျက်ဝန်း

များနှင့်စုံချိန် သည်းကပြာကယာ မျက်ဝန်း

လေးလွဲကာ....စာအုပ်လေးကိုသာ

သဲကြီးမဲကြီးငုံ့ကာကြည့်နေတော့သည်။


စည်း ထိုကလေးမကျလူကြီးမကျ

သော သူမကြောင့် ပြုံးချင်နေသော

မျက်နှာအား တည်ကာ

သင်ခန်းစားများအား ရှင်းပြနေ

တော့သည်။


သည်း မျက်နှာလေးအား တဖြည်းဖြည်း

မော့လာ၍ သူ့ရဲ့ တည်ကြည်ကာ

အသေးစိတ်ရှင်းပြနေသော ပုံစံအား

ကြည့်ကာ...ပြုံးနေတော့သည်။


သူ စာသင်တာ အရမ်းကြည့်ကောင်းတာပဲ..


-------=====================^^^^🍓🍓🍓🍓🍓🍓


"ဘယ်လိုလဲ ငါ့ကောင်ကြီး အဆင်ပြေ

ရဲ့လား..."


စည်းသင်ပြီးပြန်ထွက်လာချိန် 

သူငယ်ချင်းဖြစ်သူ ရောက်လာ၍

မေးသောကြောင့် သူပြုံးလိုက်ကာ..


"ပြေ ပါတယ်ကွာ....''


"ကျေးဇူးပါကွာ မင်းလဲမအားတဲ့

ကြားက ငါ့ကြောင့် သင်ပေးရတာ..."


"မဟုတ်တာ ငါလဲ အခုလို သင်ပေးရတော့

သာ့ပညာရပ်တွေ မျှဝေလို့ရတာပေါ့..."


"အေးကွ.. ဒါနဲ့ မင်းအဲဒီမှာ မိန်းကလေး

တစ်ယောက်ကို တွေ့လား မျက်နှာ

သွယ်သွယ်လေးနဲ့ ကလေးပုံစံလေးကွာ

သည်းခြေရာဆိုတဲ့ မိန်းကလေး...''


ထိုအခါ စည်း သူမကိုယ်သူမ

သည်း ကလေ သည်းကလေဆို

ပြီးပြောတက်သော သူမအား

သတိထားမိသွား၍....


"ဘာဖြစ်သွားလို့လဲ... "


"သူက ငါ့မိတ်ဆွေရဲ့ သမီးကွ

ပြီးတော့ဆရာဝန်သာ လုပ်မှာ

သွေးမြင်ရင်ကြောက်တက်တယ်ကွာ..

အဲဒါ မင်းကူညီပါအုံး...အဲဒီစိတ်ကို

ပျောက်သွားအောင် ငါလဲ နည်းအမျိုး

မျိုးနဲ့လုပ်ပေးကြည့်တယ် မရဘူးကွ..."


"ငါက ဘယ်လို လုပ်ပေးရမှာလဲ...."


ထိုအခါ ကုဋေ ပြုံးကာ...


"မင်း ခွဲစိတ်ခန်းထဲ ဝင်ရင်

သူမကိုပါ ခေါ်သွားပါလားကွာ..."


"ဘာ...''


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


rate now: