book

Index 5

အပိုင်း(5)

  • Author : Lwanchin
  • Genres : Romance, Drama


လက်တိုတီရှပ်အား အောက်ကဘောင်းဘီ

အနက်ဖြင့် တွဲဝတ်ထားကာ အနက်ရောင်

လေသာ ရူးဖိနပ်က ပြောင်လက်နေပြီး

မဲနက်သော မျက်ခုံးများက ကျုံ့ထားကာ

တစ်ခုခုအား အာရုံစ်ိုက်ကာကြည့်နေသော်လဲ

ချောမောမှုတို့က အထင်းသားပင်။


ဆံပင်အတိုအား ဆရာဝန်ဂုဏ်ပုဒ်နှင့်အညီလူငယ်ဆန်ဆန် သပ်ရပ်စွာဘီးသင်ထားပြီး

အသက် 30 ပြည့်တော့မှာလို့ပြောရင် ဘယ်သူ

မှထင်မည်မဟုတ်။


ပိရိသေသပ်သောနှုတ်ခမ်းတို့ကလဲ လူနာများနှင့်တွေ့ချိန်မှလွဲ၍ ကျန်အချိန်များတွင်

အမြဲတမ်းတည်တင်းနေကာ....ချောမော

မှုများက စည်းမျက်နှာမှာ စုပြုံနေသလို။


မြင့်မားသောအရပ်နှင့် ယောကျာ်းပီသပြီး

တောင့်တင်းလှသော ခန္ဓာကိုယ် ပို၍ 

ကြည့်ကောင်းနေတော့သည်။


မိုးထက်ငေးပြီးပြုံးလိုက်ကာ...


"စည်း ပြန်ကြမယ်လေ....''


"အင်း ခဏလေး...."


လူနာ တစ်ဦးရဲ့ ဓာတ်မှန်ရိုက်ထားသော 

အမျိအစားအား အရှေ့က Computerကြီး

ရဲ ဖန်သားပြင်မှာ ပေါ်လွင်နေတာအား

စိတ်ဝင်တစားကြည့်နေသော စည်းအနား

မိုးထက် အိတ်အားဆွဲ၍ သူပါ ဝင်လာကာ

ဘေးမှာရပ်ကာကြည့်၍...


"ဒါ cancer ဖြစ်တဲ့ လက္ခဏာတွေပဲ....''


မိုးထက်အပြောအား စည်းခေါင်းငြိမ့်ပြကာ..


"အင်း ဟုတ်တယ် လွန်တောင်လွန်

နေပြီ သူ့ရဲ့ နောက်ဆုံးကျန်ချိန်က

တစ်လပဲ....သူ့ရဲ့ ရောဂါဝေဒနါကို

အဲဒီလက်ရှိကျန်နေတဲ့အချိန်လေးမှာ

မခံစားသွားရအောင် ငါတက်န်ိုင်သလောက်

လုပ်ပေးချင်တယ်....မိုးထက်....''


မိုးထက် စည်းရဲ့ ပုခုံးအား

အားပေးကါ ဆုပ်ကိုင်၍...


"မင်းကို ငါနားလည်ပါတယ် စည်းရယ်

ငါတို့ဆရာဝန်ဘဝက လူနာတိုင်းကို

အကုန်ကောင်းစေချင်ကြတာ ပျောက်တဲ့

လူနာအတွက် ပျော်ကြသလို အသက်ဆုံး

သွားတဲ့ လူနာအတွက် မျက်ရည်ကျရတဲ့

အခိုက်အတန့်တွေ ရှ်ိပါတယ် ဒါပင်မဲ့

မင်း ဒီလူနာကို ပိုအာရုံစိုက်နေသလိုပဲ...."


"ဟုတ်တယ် မိုးထက် သူက မဆုံးခင်

သူ့ရဲ့ နှလုံးကို အခြားသူကို လှူခဲ့တယ်..."


"ဟင်...ဒါ...ဒါက cancer ရောဂါသည်က

အသက်မဆုံးခင်မှာ သူ့ရဲ့ နှလုံးကို ထုတ်ယူ

ရမှာ မဟုတ်လား.  ...''


စည်း ခေါင်းငြိမ့်ပြကာ...


"ဟုတ်တယ် မိုးထက် ငါ အဲဒီအတွက်

လုပ်ဖို့ မလုပ်ရက်ဘူး...သူ့ရဲ့နောက်ဆုံး

အချ်ိန်မှာ ငါ မနာကျင်စေချင်ဘူးကွာ..."


"ဒါကို ဒီအတိုင်း စိတ်မကောင်း

ဖြစ်နေလို့ မရဘူး စည်း ငါတို့

အဲဒီလူနာနဲ့ တွေ့ရမယ်...."


"အင်း....အခုအချိန် သူတိူ့အိပ်ပြီပေါ့..

နောက်ရက် သွားတွေ့ဖို့ စဥ်းစားထားတယ်..."


"မင်း အကောင်းဆုံးလုပ်န်ိုင်မယ်ဆိုတာ

ငါယုံတယ်စည်း...."


ထိုအချိန် နှစ်​ယောက်လုံးရဲ့အကြည့်

တွေက Computer screenပေါ်သို့သာ။


ဒေါက်တာ...ဒေါက်တာ...


ထိုအချိန် လက်ထောက်ဆရာမလေး

တစ်ဦး သူတို့ဆီပြေးဝင်လာကာ..


"ဒေါက်တာ ကားအက်စီးဒန့်ဖြစ်ပြီး

ရောက်လာတဲ့လူနာ သွေးအရမ်းအန်

ပြီး နှလုံးကို ထိထားပုံရတယ်ဆရာ

လာပါအုံး...''


"Ok မိုးထက်မင်းပြန်နှင့်လိုက်..."


စည်း ဂျူတီကုတ်တောင် မဝတ်

နိုင်ဘဲ ပြေးထွက်သွားတော့သည် ။


အခုလိုပါပဲ သူတို့လို ဆရာဝန်တွေဘဝက

ဆေးရုံကအိမ်လ်ိုပါပင် လူနာရှိတာနဲ့

ဘယ်အချိန်ဖြင့်ဖြင့် အပြေးအလွှား

သွားရတာဖြစ်သည်။


--------------=============-=-=-^^^^^🍓🍓🍓🍓🍓🍓🍓


ညအမှောင်ထုအား တဖြည်းဖြည်း

ထိုးဖောက်ဝင်လာသော အလင်းရောင်

ဖျဖျများက မနက်လင်းတော့မှာအား

အသိပေးနေသလိုပင်။


"အင်း... "


သည်း အိပ်ယာပေါ်အပျင်းကြောလေး

ဆန့်ပြီး မနက်ခင်း လေ့ကျင့်ခန်း

လုပ်ရန်အတွက် အဝတ်အစား

မလဲချင်တော့သဖြင့် ညဝတ်

အင်္ကျီလေးနှင့်ပင် ပျင်းပျင်းရိရိ

အခန်းထဲကနေ သမ်း၍ အိပ်ချင်မူး

တူးဖြင့် ထွက်လာတော့သည်။


"သမီးသည်းလေး လမ်းလျှောက်

တော့မလို့လား.. "


"ဟုတ်..."


သည်းထို့သို့သာပြောပြီး အိပ်ချင်

မူးတူ အခန်းအပြင်ဘက်ထွက်လာရာ....

ဓာတ်လှေကားပွင့်လာသောကြောင်

ဝင်လိုက်ချိန်...


ဒုတ်...


"အား...တောင်းပန်ပါတယ်ရှင် သည်းက...

မမြင်လို့ပါ...နော်..."


ပြောပြီး သည်းမျက်ဝန်းလေးမပွင့်တစ်ပွင့်

ဖြင့် မော့ကြည့်လိုက်ပြီး သည်း သတိပြန်

ဝင်လာကာ... ဓာတ်လှေကားခလုတ်ကို

ကြည့်တော့လဲ အပေါ်သို့တက်နေကာ

သည်းမှားဝင်မှန်းသိသဖြင့် သူ့အား

မဝင့်မရဲကြည့်ကာ....


"ဟင်...သ..သခိုး..အဲ....ဟို...ဟို...."


ဒုက္ခ ပါပဲ သူကငါ့တို့ ကွန်ဒိုမှာနေတာလား

မတွေ့ချင်ပါဘူးဆိုမှ...ဟီး...


သည်းတစ်ယောာက်ခေါင်းလေး

ငုံ့ကာ မျက်နှာလေးမှာငယ်၍

ငိုချင်နေတော့သည်။


သူ့အား အိပ်ချင်မူးတူးဖြင့် ပြောနေသော

သူမအား စည်း မျက်မှောင်ကုတ်ကာ

ကြည့်နေလိုက်သည်။


ဒီအရူပ်ထုပ်က ဒီမှာနေတာလား။


စည်းကြည့်နေတာသိလို့လားမသိ

ခေါင်းလေးငုံ့၍ ခြေဖျားလေးတွေ

ကုတ်ထားပုံကတကယ့်ကလေးလေးပမာ။


စည်း မသိမသာ မျက်နှာလွဲလိုက်စဥ်...


ဂျိမ်း...


"အမေရေ....."


"ဟာ...မင်း..."


ထိုအချိန် ဓာတ်လှေကားမှာ

မှောင်သွားပြီး ငြိမ်သက်သွား

သောကြောင့် သည်းတစ်ယောက်

ထိန့်လန့်ကာ အနီးရှိ သူ့ကိုယ်ပေါ်

ခွတက်လိုက်ကာ အကြောက်အလန့်တကြား

ဖက်ထားမိကာ မျက်ရည်များကျလာတော့သည်။


စည်းတစ်ယောက်လဲ သူ့ကိုယ်ခွပြီး

ကုတ်ဖဲ့ကာ ဖက်ထားသော သူမကြောင့်

ခန္ဒာကိုယ်ကြီးပါ မလှုပ်မရှပ်ရှိနေကာ

အသက်အားပြင်းပြင်းရူး၍...


"ဒီမှာ မင်း ငါ့ပေါ်က ဆင်းစမ်း...''


"ဟင့်အင်း...သည်းကြောက်လို့ပါနော်...."


"ဟ မင်းကြောက်တာ ဒီအတိုင်း

ကြောက်ပါလား ငါ့အပေါ်ကဆင်းနော်..."


"ဟင့်အင်း ဟင့်အင်း သည်းတောင်း

ပန်ပါတယ် သည်းမှောင်တဲ့အရာတွေ

ကြောက်လိူ့ပါ ဟီး.....အဟင့်...ဟင့်...

အကြင်နာတရားမရှိတဲ့လူကြီး သူများ

ကြောက်နေတာကို လာအော်နေတယ်..

ဟီး...အဟင့်...ဟင့်...."


သူ့အပေါ်ကနေ ငိုနေသော သူမကြောင့်

စည်းဆေးရုံက ပင်ပန်း၍ အိပ်ချင်လာသော

စိတ်တွေဘယ်ပျောက်သွားမှန်းမသိတော့ပေ။


သူမပုံစံကလဲ တကယ်ကြောက်နေသော

ကြောင့် စည်း သက်ပြင်းအသာချ၍...


"မင်းကြောက်ရင် ဆင်းပြီး ငါ့လက်က်ို

ကိုင်ထား...."


"ဟင် အဲ..အဲလိုရလားဟင်...''.


အခုတော့လဲ စောစောကသူ့အား

ကျိန်ဆဲနေတာ သူမမဟုတ်တဲ့အတ်ိုင်းပင်။


"ရတယ်..."


စည်းရဲ့ စကားအဆုံး သည်း

တုန်တုန်ယင်ယင်ဖြင့် အောက်သို့

ဆင်းရန်ပြင်ချိန်...


"ဂျိမ်း...'


"ဟာ..."


ဒုတ်...


"ဖေဖေရေ...."


ဓာတ်လှေကားမှာ အောက်သို့ နိမ့်ဆင်း

သွားသောကြောင့် နှစ်ယောက်သား

ပုံပျက်စွာယိုင်သွားလျှက် တစ်ဦးကို

တစ်ဦး မှောင်မှောင်မဲမဲနဲ့ ဘာမှ မမြင်ရဘဲ

ဘယ်နေရာကို ထိလဲ မပြောတက်တော့ပေ။


"အို..."


"S...sorry...."


ထိုအချိန် နှစ်ယောက်သား အမှောင်ထဲ

မှာ ကမ္ဘာပျက်နေကြကာ စည်းလက်ထဲက

အိတ်အစား သူမရဲ့ တစ်နေရာအား

ထိတွေ့မိသွားကာ လူလဲရှက်ပြီး

တစ်ကိုယ်လုံး ထူပူနေတော့သည်။


သည်းတစ်ယောက် အထိအတွေ့တစ်ခု

ကြောင့် မျက်နှာလေးမှာရဲသွား၍

သူမခါးလေးမှ သူ့လက်အား ဖြတ်ကာ

တစ်ဖက်သို့ ကပ်သွားမိချိန်...


ဂျ်ိမ်း...


"ဟီး...ဖေဖေရေ ကယ်ပါအုံး.. ''


လှုပ်ရမ်းနေသော ဓာတ်လှေကားကြောင့်

သည်းအော်ပြီး သူ့အနားပြန်တိုးကပ်သွား

ချ်ိန် သည်းကိုယ်လေးအား စီးကာဖက်ထား

လ်ိုက်သော လက်တစ်စုံနှင့် ရင်ခွင်တစ်စုံ။


"ငြိမ်ငြိမ်နေ..."


ထိုအချိန် သူ့ရဲ့ လေးနွေးနွေးများက

သည်းပါးပြင်လေးများအပေါ်ရိုက်ခပ်နေကာ

ရှက်ရကောင်းမှန်းလဲ မသိတော့စွာ

သူ့ခါးကြီးအား တင်းကြပ်စွာပြန်လည်

ဖက်တွယ်ထားလိုက်သည်။


စည်း ရင်ခွင်ထဲက သူမအား ဖက်ထား

လိုက်ပြီး ဘောင်းဘီအိတ်ထဲက ဖုန်းအား

ထုတ်ယူ၍ ကြည့်လိုက်ချိန် တိုင်များလဲ

ပျောက်နေကာ စိတ်ညစ်သွားမိသည်။


ဖုန်းမီးအလင်းရောင်နှင့်ရင်ခွင်ထဲက

သူမအားကြည့်တော့လဲ သူ့ရင်ဘက်တွင်

မျက်နှာလေးအပ်ထားကာ မော့ပင်မလာ။


စည်း နှုတ်ခမ်းများက ပြုံးမိသွား၍

စောစောက အဖြစ်အပျက်အား

ပြန်တွေးမိချိန် မျက်နှာကြီးမှာ

ရဲတက်လာ၍ ရင်ခွင်ထဲက 

မိန်းကလေးကို မျက်နှာလွဲကာနေ

လိုက်သည်။


အချိန်အတော်ကြာစွာ နှစ်ယောက်သား

ထိုသို့ရပ်နေသော်လဲ မီးက ပြန်လင်းမလာ။


"မင်းတို့ ကွန်ဒိုက အခုလိုပဲ

ဖြစ်နေကြလား..."


"ဟင့်အင်း တစ်ခါမှ မဖြစ်ဖူးဘူး.. "


သူမေးတော့လဲ သူမ ပြန်ဖြေလာ

သံလေးကြောင့် စည်းပြုံးမိသွား၍...


"စောစောက ငါ...မတော်တဆထိမိသွားတာ

တောင်းပန်ပါတယ်.... "


"အို..ဟီး....မပြောပါနဲ့ဆို...အဟင့်....

ဟင့်...ဟီး..."


ရုတ်တရပ်ထပ်၍ ငိုလာသော

သူမကြောင့် စည်းစကားမှား

သွားမှန်းသိလိုက်ကာ...


"Ok Ok မပြောတော့ဘူး မငိုနဲ့တော့

နော်...."


ထိုတော့မှ တိတ်သွားသော မယ်မင်းကြီးမ။


အတော်ကလေးဆန်သော သူမကြောင့်

စည်းကတော့ ရင်ခွင်ထဲက မထွက်သော

သူမကြောင့် သက်ပြင်းချလျှက်။


ဒုန်း...

ဖျောက်...


ထိုအချိန် အလင်းရောင်နှင့်အတူ

ဓာတ်လှေကားကြီးမှာ အပေါ်သို့

ပြန်တက်ချိန် နှစ်ယောက်သား

တစ်ယောက်ကိုတစ်ယောက် မလွတ်

သေးပဲ ထိုအတိုင်း ရှိနေစဥ်...ဓာတ်လှေကား

တံခါးမှာ ပွင့်သွားမှ သတိပြန်ဝင်လာကြကာ

သည်းတစ်ယောက် သူ့ရင်ခွင်ထဲက ထွက်ကာ

အပြင်ဘက်ပြေးထွက်လာခဲ့တော့သည်။


စည်းတစ်ယောက် အနောက်မှာ

ကြောင်အအဖြင့် ကျန်နေခဲ့ကာ

မျက်နှာကြီးကတော့ရဲလျှက်ပင်။


------========================^^^^🍓🍓🍓🍓🍓🍓🍓


"ဘယ်လိုလဲ အဆင်ပြေရဲ့လား

ဦးလမင်း..."


"ပြေတယ်ဗျ...ကိုညီခန့်ကိုတော့

ကျုပ်က ယုံပြီးသားပဲ..."


"ဦးလမင်း အ​ပြောကြောင့် ကျွန်တော်

ပိုအားရှိသွားပါပြီ...."


"မဟုတ်တာဗျာ ခင်ဗျားရဲ့စေတနာ

ကြောင့် ကျုပ်ရဲ့ အဆောက်အဦး

က အကုန်အပြီးသေးတာတောင်

လူတိုင်းငေးနေကြပြီမဟုတ်လား..."


"ဒါက ကျွန်တော့်ကြောင့်မဟုတ်ပါဘူး

ဦးလမင်းရဲ့ မိသားစု အရှိန်အဝါ

ကြောင့်ပါဗျာ...."


"ဟုတ်ပါပြီဗျာ...ဒါနဲ့ နောက်နှစ်လလောက်ဆို

ပြီးလောက်လား..."


"ပြီးတယ်ဗျ....အကောင်းဆုံး

ဖြစ်အောင် လုပ်ပေးမှာ ကျွန်တော်

လက်ရာက ဦးလမင်းတို့ အခု

Showroom အဆောက်အဦကြီး

ဆောက်တော့မှပဲ ပေါက်တော့တယ်ဗျာ

ဒါ့ကြောင့် ကျေးဇူးတင်နေတာ..."


"မဟုတ်တာဗျာ...လာ ကျုပ်

ဒီနေ့ ခင်ဗျားလက်ရာက်ို

မြင်ပြီး စိတ်ချမ်းသာတာကြောင့်

နေ့လည်စာ ကျွေးမယ်ဗျာ..."


"ဟာ...ကျေးဇူးတင်ပါတယ် ဦးလမင်းဗျာ

အလုပ်တွေရူပ်တဲ့ကြားက လိုက်ကျွေးမယ်

ပြောတာ  ကျွန်တော်တော့ ဂုဏ်ယူရမယ်ဗျာ..."


"ဟား...ဟုတ်ပါပြီဗျာ သွားကြမယ်..."


"ဟုတ်ကဲ့..."


ဦးလမင်း ပြီးတော့မည်ဖြစ်သော 

မြင့်မားလှပြီး ကြီးမားသော အဆောက်

အဦးကြီးကို ကြည့်ပြီး တစ်ဘက်ခြမ်းက

ကွန်ဒိုကြီးအား ကြည့်၍ သားဖြစ်သူကို

သတိရသွားကာ..


"ခနနေအုံးဗျာ..ကျုပ်သားကို

ဖုန်းခေါ်အုံးမယ်..."


"ဟုတ်ကဲ့ ဦးလမင်း..."


ဦးလမင်း သူ့အား ရိုရိုသေသေ

ပြောနေသော သူအားပြုံးပြကာ

ဖုန်းထုပ်၍ နံပါတ်တစ်ခုအား

ခေါ်လိုက်ချိန်...


"သား...ဘယ်မှာလဲ ဖေဖေ

မင်းတို့အရှေ့က အဆောက်

အဦးအရှေ့မှာရောက်နေတယ်..."


"................."


"ဟုတ်လား ဒါဆိူလဲ နောက်မှ

တွေ့ကြတာပေါ့..."


".........."


"Ok သား..ဖေဖေ ဖုန်းချလိုက်တော့မယ်နော်..."


ဦးလမင်း ပြုံးကာ ဖုန်းချလ်ိုက်၍...

သူ့ထက်တောင် အလုပ်များလွန်းသော

သားဖြစ်သူကြောင့် ပြုံးကာနေလိုက်သည်။


အခုလဲ ကျောင်းမှာ လက်တွေ့သင်ပေး

ဖို့အချိန်ရှိတာကြောင့် သွားနေသည့်တဲ့။


--==============+==+========^^^^🍓🍓🍓🍓🍓


"ဟီး ထက်ထက်ရယ် ငါတော့

ပန်းခေါင်းကျိုးပါပြီ...အဟင့်..

ဟင့်..."


"အို သည်းရယ် နင့်မှာလဲ နှစ်ရက်ရှိ

ပြီ ငါ့တွေ့တာနဲ့ ငိုနေတာပဲ...ဘာဖြစ်လို့

လဲပြောပါအုံး ရင်တွေပူလိုက်တာဟယ်...''


ထက်ထက်စိုးရိမ်တကြီးမေးလာသော

အမေးကြောင့် သည်း မျက်ရည်များ

ကလေးတစ်ယောက်လို လက်ကလေး

ဖြင့် သုတ်ကာ..


"သူ...သူနဲ့ မနက်က ပြန်တွေ့တယ်

အဲဒါလေ...ငါ...ငါတို့....အဟင့်...

ဟင့်...ဓာတ်လှေကားထဲ ပိတ်မိပြီး

သူ....သူ...နဲ့ငါလေ...ဟီး...အဟင့်...ဟင့်..."


"အို သည်းရယ်ပြောစမ်းပါ နင့်ကိုသူ

ဘာဖြစ်လဲ....."


"ငါ...ရင်ဘက် ရင်ဘက်ကို

ကိုင်တယ်သိလား...ဟီး...အဟင့်...ဟင့်...''


"ဘယ်လို..."


သည်းအပြောကြောင့် ထက်ထက်တစ်ယောက် မျက်ဝန်းတွေပြူးကာ

စကားပင် မဆက်နိုင်တော့ချိန်...


"ဟီး အဟင့်..ဟင့်....ဟုတ်တယ် ငါရင်ဘက်လာကိုင်တာ...

သိလား...."


"အို...အမလေး...."


ထိုအချိန် သည်းတစ်ယောက် လူတစ်

ယောက်ရဲ့ ဆွဲခေါ်ချင်း ခံသွားရချိန်...

ထက်ထက်တစ်ယောက်ကတော့

ကြောင်တောင်တောင် မင်သေသေ

လေးဖြင့်...


"သည်း..."


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


ရေခဲတုံးကြီး အမိန့်စည်းကတော့

အသည်းယားစရာကောင်းအောင် Ro ပါတော့မယ်😜


rate now: