book

Index 4

အပိုင်း(4)

  • Author : Lwanchin
  • Genres : Romance, Drama

"ဟင်...."


သည်း မျက်ဝန်းများဖွင့်လိုက်သည်နှင့်

အရင်ဆုံး မြင်လိုက်ရသည့် အဖြူရောင်

မျက်နှာကျက်ကြီးပင်။


"ငါ...ငါ ဘယ်ရောက်တာလဲ..."


ထိုနောက် သည်း သူမကိုယ်သူမ

အသဲအသန်ပြန်စဥ်းစားမှာ...


"ဟုတ်တယ်... သူခိုး...သူခိုး....

ငါ အဲဒီသူခိုးကိုရိုက်နေတာ...

ဒင်းပြေးသွားပြီလား 

တွေ့မယ်..."


သည် အံလေးကြိတ်ကာ ကုတင်လေး

ပေါ်က ဆင်းလိုက်ချိန်...ထိုအချိန် ဘေးလိုက်ကာ တစ်ဖက်ကနေ တံခါးအပြင်ထွက်

ဖို့ အပြင်သို့ ချောင်းနေသော လုကြောင့်...


"ဟင်...သူခိုး...သူခိုး..."


သည်းတစ်ယောက် ဘာမှစဥ်းစားမနေတော့ဘဲ ထိုလူအား ပြေးတက်စီးလိုက်ကာ...

အနောက်ကနေ သူ့ကိုယ်ကြီးအားခွစီးလိုက်ကာ လည်ပင်းအားဖက်ထား၍

လက်တစ်ဖက်ကလဲ သူ့ကျောပြင်ကြီးအားယထုနေကာ...


"သူခိုး..သူခိုး...ရှင်ဘယ်ပြေးမှာလဲ

နောက်ခိုးအုံးမလား...ကဲဟယ်..ကဲဟယ်..."


"ဟေ့ မင်းငါ့အပေါ်က ဆင်းစမ်း...''


"ဘယလို့ဆင်းရမှာလဲ သူခိုးကြီး...

ရှင် ထွက်ပြေးမလို့လား မရဘူး

သည်းခြေရာတဲ့ တစ်ခြေရာပဲရှ်ိတယ်..."


စည်းတစ်ယောက် ဒေါသတွေကလဲ

ထွက်ကာ အံကြိတ်ထား၍...


"ကျစ် မင်းဘာသာဘာဖြစ်ဖြစ် စိတ်မဝင်စားဘူး အခုချက်ချင်း ငါ့ပေါ်ကဆင်း..."


"မဆင်းဘူး.. သူခိုးကြီး....ရှင်

ဘာလို့ သူများပစ္စည်းခိုးလဲ

အခု ကြောက်နေပြီမဟုတ်လား...

ဒါဆို အစက မခိုးနဲ့လေ...ကောင်းကောင်း

မွန်မွန်လုပ်စားပါလား...သူခိုးကြီးရဲ့  

ရှင့်ကို သည်းဆုံးမပေးမယ်..."


"ဟာ...မင်း...''


ပြောပြီး စည်းဂုတ်အား ကိုက်လိုက်သော

သူမကြောင့် စည်းတစ်​ယောက် ဒေါသများ

ပိုထွက်လာကာ မျက်နှာကြီးမှာလဲ ရဲတက်လာ၍...


"မင်း ဆင်းမှာလား မဆင်းဘူးလား..."


"မဆင်းဘူး..''


ထိုအခါ စည်း သည်းခံနိုင်စွမ်း

ကုန်ခမ်းသွားကာ သူမကိုယ်လေးအား

လက်တစ်ဖက်ဖြင့် အနောက်ကနေ

ဆွဲလှည့်ချိန် ခွရက်လေး သူ့အရှေ့ ခါးအား

ခွပြီး လည်ပင်းအား လက်နှစ်ဖက်ဖြင့်ချိတ်ကာဖတ်ထာား၍ သူ့အား မျက်ဝန်းအပြူးသား ဖြင့် ပြူးကာ ကြည့်နေသော သူမ။


စည်းလဲ မထင်မှတ်ထားသော အခြေအနေ

ကြောင့် သူမခါးလေးအား ဖတ်ထားရက်လေး

ရှိနေကာ...တစ်ဦးကို တစ်ဦးထိုအခြေအနေ

အတိုင်း ကြည့်နေမိတာ အချိန်တွေ ဘယ်လောက်ကြာသွားမလဲမသိ။


"အဟမ်း...."


ထိုအချိန် အပြင်ကနေ မုန့်ထုပ်များ

ကိုင်ကာ ပိုင်မိုးထက်နှင့် ထက်ထက်

ပါးစပ်အဟောင်း သားဖြင့် ချီလျှက်သား

ဖြစ်နေသော နှစ်ယောက်အား ကြောင်ကာ

ကြည့်နေကြသည်။


ထိုအချိန် စည်း သူ့အပေါ်က မဆင်းသေး

သော  ထိုမိန်းကလေးအား မျက်မှောင်

ကုတ်ကာကြည့်၍...


"မင်း နဲ့ ငါ လိုက်ကာအနောက်

ပြန်သွားကြမလား..."


"အို..."


အံကြိတ်ကာပြောလာသော သူ့အသံကြောင့်

သည်း သူ့ရဲ့ချောမောသော မျက်နှာအား

တစ်မေ့တစ်မောငေးကြည့်နေရာမှ သတိ

ပြန်ဝင်လာကာ အောက်သို့ ခုန်ဆင်း

လိုက်သည်။


ထိုအချိန် ထက်ထက် သည်းအနားပြေး

သွား၍...


"သည်း ဘာဖြစ်သွားလဲဟင်..."


ထက်ထက် သည်းများနှာလေးအား

ကိုင်၍ မေးလာစ၍ သည်းကြောင်အ

အလေးဖြင့် ခေါင်းလေးရမ်းကာ...


"ဟင့်အင်း ဘာမှမဖြစ်ဘူး.... "


"ဟို ဒေါက်တာ သည်းအစား.ထက်ထက်

တောင်းပန်ပါတယ်နော် ထက်ထက်

သူငယ်ချင်းက မဟုတ်မခံလေး ဟုတ်လို့ပါ

ဆရာ...."


ဟင်...ထက်ထက် သူ့ကို လာလို့

ဆရာလ််ို့ ခေါ်နေတာလဲ... ဘာတွေလဲ

သူက သူခိုး....


"ဒီမှာ မင်းဖုန်း မင်းသူငယ်ချင်း

ဆီမှာ ယူလိုက်...ငါ သူခိုးမဟုတ်ဘူး..."


သူမတို့အား မျက်နှာကြီးတင်းကာ

ပြောပြီး အပြင်ထွက်သွားသော 

သူ့ကြောင့် သည်း ဒေါသလေးထွက်၍

ပြန်​ပြောမယ်ပြင်စဥ်...


"သည်း အဲဒါ.. ပါမောက္ခ ဒေါက်တာ

အမိန့်စည်းတဲ့..."


အနောက်က ထက်ထက်ပြောလိုက်တဲ့

နာမည်ကြောင့် သည်းတစ်ယောက်

ခြေလှမ်းလေးများ ရပ်သွား၍...

ထက်ထက်အားပြန်ကြည့်ကာ..


"မဟုတ်ဘူး မှတ်လား..."


ထိုအချိန် ထက်ထက်ရဲ့ မျက်နှာလေးငယ်ကာ

ခေါင်းငြိမ့်ပြမှုကြောင့် သည်းတစ်ယောက်

ခြေလှမ်းလေးများ အနောက်သို့ ယိုင်သွားကာ..


"ဟီး ဟင့်...ဟင့်......ငါတော့ ငါးပါးမောက်ပြီ...."


----------------------==============^^^^🍓🍓🍓🍓🍓🍓


"ဟျော့...စည်း မင်းကလဲကွာ

မျက်နှာကြီး တင်းတာ လျော့ပါကွာ

မင်းကို ကြည့်ပြီး လူနာတွေတောင်

လန့်နေပြီ..."


သူခွဲထားသော လူနာတွေအား

အခြေအနေ လိုက်စစ်ဆေးနေစဥ်

ဘေးက ခပ်တိုးတိုးပြောလာသော

ပိုင်မိုးထက်စကားကြောင့် 

စည်း သူ့ကိုယ်သူ သတိထားမိသွားကာ

တင်းနေသော မျက်နှာအား မနည်းပင်

လျော့နေမိသည်။


လုပ်ရတာလဲ တစ်နေ့လုံး ဘာမှအဆင်မပြေ။

ဟို ငနဲမ လာသွားထည်းက ဆေးရုံးက

လူတိုင်း သူ့ကိုကြည့်၍ ပြုံးစေ့စေ့ဖြစ်နေ

ကြပြီး သူ့မှာ ရည်စားရနေတယ်ဆိုပြီး

သတင်းကလဲ ပျံ့တာမြန်လွန်းလှသည်။


သူ့က်ိုကြောက်လိူ့ မမေးရဲကြတာ

အကုန်လုံးရဲ့ မျက်လုံးထဲမှာ

စိတ်ဝင်စားမှုက အထင်းသား။


"စည်း သွေးပေါင်ချိန် နည်းနေတယ်နော်..."


"ဟင်..."


စည်း ပိုင်မိုးထက်အသံကြားမှ

သတိပြန်ဝင်လာကာ အရှေ့က

လူနာအား သေချာစစ်ဆေးနေ၍...


"ဦးလေး နာသေးလား..."


ထိုလူနာမှာ သူ့အမေးအား ခေါင်းလေး

ရမ်း၍ ပြုံးကာ...


"ဒေါက်တာရဲ့ မေတ္တာကြောင့်

မနာတော့ပါဘူးဗျာ....ဒေါက်တာလေး

ကို အများကြီးကျေးဇူးတင်ပါတယ်

ဒေါက်ဒါလေးကြောင့် ကျွန်တော်

အသက်ရှင်ရတာ..."


စည်းလက်အား ဆုပ်က်ိုင်ကာ

ပြောလာသောဦးလေးရဲ့လက်အား

စည်း နွေးထွေးစွာပြန်လည်ဆုပ်ကိုင်

လိုက်၍....


"ဒါဆို ကျန်းမားရေ ပိုဂရုစိုက်

အဲဒါ ကျွန်တော့်ကို ကျေးဇူး

ဆပ်တာနဲ့ အတူတူပဲ..."


"ဟုတ်ကဲ့ပါ ဒေါက်တာလေးရယ်

ဦးလေး ဂရုစိုက်မှာပါ..."


စည်းပြုံးလိုက်၍ ဘေးက လက်ထောက်

ဒေါက်တာများနှင့် Nurse မလေးအား

ကြည့်ကာ..


"သွေးအားတက်ဖို့ ဆေးချိတ်ပါ...

ကျန်တာတွေ okတယ်... နောက်

နှစ်ရက်ဆို ဒီဦးလေးအခြေအနေ

လုံးဝအဆင်ပြေလိမ့်မယ်..."


"ဟုတ်ကဲ့ ဒေါက်တာ..."


စည်းထိုအချိန် ဦးလေးအား

ကြည့်၍...


"အိပ်ရေးဝအောင်အိပ် ဦးလေး

ကျွန်တော် အခြားလူနာတွေ

သွားကြည့်အုံးမယ်နော်..."


"ဟုတ်ကဲ့....ဒေါက်တာ..."


စည်းနှင့် ပိုင်မိုးထက် လက်ထောက် ဆရာ

ဝန်များ ခြံရံကာ အခြားလူနာတွေဘက်

ထွက်လာ၍ လိုက်လံစစ်ဆေးကာ

နေတော့သည်။


ထိုအချိန် လူနာတွေအား ဂရုစိုက်

ပုံက ဘေးက ဆရာဝန်များပါ

အားကျရပြီး အလုပ်ကို သေသပ်

ကျွမ်းကျင်စွာလုပ်ကိုင်ပူံကလဲ

တကယ့်ကိူ အထင်ကြီးစရာပင်။


အားလုံးပြီးစီးချိန် စည်းလက်ထဲက

လူနာမှတ်တမ်းအား ဘေးက လက်ထောက်

လေးတွေဆီ ပေးကါ...


"အခုရေးပေးထါးတဲ့အတိုင်း

လူနာတွေကို ဆေးချိတ်ပေးပါ..."


"ဟုတ်ကဲ့ပါ ဒေါက်တာ..."


စည်း ခေါင်းငြိမ့်ပြီးထွက်လာရာ

ဘေးကပါလာသော ပိုင်မိုးထက်တစ်

ယောက် ပြုံးစေ့စေ့ဖြစ်နေသောကြောင့်

သူငဲ့ကြည့်ကာ...


"မင်း သွားကြီး အအေးပတ်နေအုံး

မယ် ကြည့်လုပ်....''


"အေးပါကွာ...မင်းကလဲ ဟဲဟဲ

ငါက မနက်ကကိစ္စသတိရသွား

လို့ပါ ပြီးတော့ကောင်မလေးက

အစွာလေးဟ....မင်းနဲ့ကိုက်ပါတယ်..."


"ကျစ်....မိုးထက်...မင်း ဒီည

နိုက်ဂျူတီ ဆင်းချင်ပြီလား..."


ထိုတော့မှ မိုးထက်တစ်ယောက် ပါးကုတ်

နားကုတ်ဖြင့်...


"ဟဲဟဲ မင်းကလဲ ငါကစတာပါကွာ...

ငါ ငါ့လူနာတွေသွားကြည့်အုံးမယ်..''


ပြေးထွက်သွားသော မိုးထက်အား

စည်းကြည့်ကာ ခေါင်းခါလိုက်ပြီး

ပြုံးကာ လူနာအသစ်တွေဘက်

သွားရန်ပြင်လ်ိုက်စဥ်...


"ဒေါက်တာ ဆေးရုံအုပ်ကြီးက

သူ့ရုံးခန်းကို လာဖို့ ပြောခိုင်း

လိုက်လို့ပါ....'''


စည်း nurseမလေးအပြောကြောင့်

ခေါင်းငြိမ့်ပြကာ..


"အင်း လာခဲ့မယ်နော်....''


"ဟုတ်ကဲ့ ဒေါက်တာ..."


စည်း ထိုမိန်းကလေး ထွက်သွားတော့

မှာ လူနာအသစ်ဆောင်ဘက်ကို

လျှောက်လာလိုက်သည်။


သူ့ဘဝမှာ လူနာထက် ဘာမှ အရေးကြီးတာ

မရှိပေ။


------------------==-==============**^^^^🍓🍓🍓🍓🍓🍓


"ဟင့်...ဟင့်...ဟီး......

ထက်ထက်ရယ်...."


ပြန်ရောက်ထည်းက အခု ကျောင်းပြန်တဲ့အထိ ​သူမနာမည်ကိုသာ

တပြီးငိုနေသော သည်းကြောင့် ထက်ထက်

မျက်နှာ မှာလဲ ရှုံ့မဲ့ကာ...ဘေးကလူတွေကလဲ

ကြည့်သွားတာကြောင့် ထက်ထက် ခေါင်းလေးကုတ်၍...


"သည်းရယ် နင်ကလဲ ငါသေလို့

ငိုနေတာကြနေတာပဲ ငါ့နာမည်ကြီး

ကိုပဲအော်ခေါ်နေတာ..."


ရွတ်...


သည်းတစ်ယောက် လက်ကိုင်ပုဝါလေး

နှင့် နှာရည်များအား သုတ်ကာ..


"ဟင့်...အဟင့်...ငါ....ငါ

ရှက်လို့ပါဟာ....မကြာခင်

ငါတို့ကျောင်းမှာ လာသင်တော့မဲ့

ပါမောက္ခကိုမှ ငါကပြဿနာရှာပြီး

သူခိုးလို့ စွတ်ဆွဲပြီး ဒီလက်ကလဲ ရိုက်ခဲ့

မိတာကို..ဟီး.....အဟင့်...ဟင့်...ရွတ်... "


သူမလက်အား သူမပြန်ကြည့်ကာ

ပြောပြီး ငိုနေသော သည်းအား

ထက်ထက် ကြည့်ကာ..


"သည်းရယ် အဲ့ဒါကြောင့်ပြောတာ

စွာတာ နေရာတကာ ကောင်းတာ

မဟုတ်ဘူးဟ ဒါပင်မဲ့ အဲဒီဆရာက

သဘောကောင်းမှာပါ...နင့်ကို အပြစ်

မပြောလောက်ဘူး...."


"ဟီး...အဟင့်..ဟင်..နင်က သိလို့လား.. 

ငါ့ကို စာသင်ရင် အမြင်ကပ်မှုနဲ့စာတွေကြီး

ပဲမေးနေရင် ဘယ်လို လုပ်မလဲဟ....''


"နင်ကလဲ အဲဒါ စာပိုရတာပေါ့.. "


"ဟီး..အဟင့်..ဘာပိုရတာလဲ စာမရရင်

ငါအရှက်ကွဲမှာလေ...အဟင်...ဟင့်.. ''


"အေးပါ သည်းရယ် အဲဒီလို မဖြစ်လောက်.ပါဘူး ငါတို့ရဲ့သည်းလေးက အရမ်းတော်တာ

ကို...''


ကျီ....


ထိုအချိန် သူမတို့ဘေး ကားတစ်စီးထိုးရပ်လာပြီး ခဏအကြာကားမှန်ကျသွား၍ ပေါ်လာသောမျက်နှာကြောင့်... သည်းငိုနေရာမှ

ချက်ချင်းတိတ်သွား၍ မျက်နှာလေးမှာ

တည်တင်းသွားကာ မျက်နှာလေးမှာ ပို၍

မော်ထားလ်ိုက်သည်။


သည်းဆိုတာ ထိုသို့သော အကျောမာသော

မိန်းကလေးပင်။


"ဘယ်သူများလဲလို့...သည်းခြေရာပါလား

အဟွန်း အသဲကွဲနေလိူ့လား..."


သည်း ပွင့်ဖြူညို့အား မဲ့ကာကြည့်လိုက်၍..


"ငိုတိုင်းအသဲကွဲတယ် ထင်ရအောင်...

အင်း...နင် တော်တော်အသဲကွဲဖူးမှာပဲနော်...

ပြီးတော့...ငါ့ကို မြင်တာနဲ့ နင့်ပုံစံက သိသာလိုက်တာ ပွင့်မဲညို့ရယ်...."


"ဘာ..နင်...နင် ငါ့ကို ဘယ်လိုခေါ်

လိုက်တာလဲ....ငါ့နာမည် ပွင့်ဖြူညို့ဟဲ့ ...''


ကားပေါ်ကနေ ဒေါသထွက်ကာ ဆွေ့ဆွေ့

ခုန်နေသော ပွင့်ဖြူညို့အား သည်း

မဲ့ကာကြည့်၍...


"အဟက် ကိုယ့်အသားလဲကိုယ်ပြန်

ကြည့် အဲဒီမဲနေတဲ့အသားကို ငါ့အဖေ

ပိုက်ဆံတွေနဲ့ တစ်နေ့တစ်နေ့သွားပေါင်း

တင်နေလိုက် အခုမှ ဒီလို ကားမျိုးကိုလဲ

အဝစီးထားလ်ိုက် အချိန်တန်ရင် အဲဒီအရာ

တွေက ငါ့လက်ထဲ ပြန်ရောက်လာမှာ.."


"တောက် သည်းခြေရာ...''


"ဘာလဲ...ပြော.. ''


သည်းရဲ့ ခပ်စွာစွာအပြောကြောင့်

ဒေါသတွေ ကြိတ်မနိုင်ခဲမရဖြစ်နေသော

ပွင်ဖြူညို့ တစ်ယောက် အံကြိတ်ကာ..


"အေး နင့်အဲဒီလိုတွေပြော အခုအချိန်မှာ

ငါက ဖေဖေရဲ့အချစ်တွေရထားတာ

နင်နဲ့ငါဆို ဖေဖေက ငါ့ကို ပိုချစ်တာ

မနေ့ကပဲ ကြည့်လေ ငါ့ကိုshopping လိုက်

ပို့ပေးပြီး တစ်နေကုန် ငါတ်ို့မိသားစု

ပျော်ရွှင်နေကြတာ အဟွန်း နင်ကအချိန်တန်

ရင် အစွန့်ပစ်ခံရမှာပါ... "


ဝူး...


"တောက်....ငမဲမ ကြည့်စမ်း 

ငါ့သည်းလေးကိုပြောသွားလိုက်တာ...

ငမဲမ ဒီထက်ပိုမဲအုံးမှာ..."


ထက်ထက် ထွက်သွားသောကား

အားဒေါသများထွက်၍ ကြည့်ကာ

မေတ္တာပို့နေမိသည်။


သည်းတစ်ယောက် မနေ့က သည်းဆီ

ဖေဖေမလာနိုင်သည့်အကြောင်းအား

သိသွားသောကြောင့် ပါးပြင်အထက်

မျက်ရည်များ ပေါက်ခနဲ စီးကျလာ၍....


"အဟွန့်...ဒါ့ကြောင့် မအားတာလား..."


ပြောပြီး အသက်မဲ့သူပမာ လျှောက်သွားသော

သည်းအား ဘေးက ထက်ထက်လဲ ကြည့်၍

စိတ်မကောင်းပေ။


သည်းက သူမဖခင်ကို အရမ်းချစ်တက်တဲ့

မိန်းကလေးမဟုတ်လား။


---------------------------=--===========^^^^🍓🍓🍓🍓🍓🍓


"ဒေါက်...ဒေါက်...."


"ဟာ လာ မောင်အမိန့်စည်း..."


စည်းတံခါးဖွင့်၍ ဆေးရုံအုပ်ကြီးရဲ့

အခန်းထဲ ဝင်လာ၍ ညွှန်ပြသော

ခုံတွင်ဝင်ထိုင်လိုက်ကာ...


"ဆရာ ကျွန်တော့်ကို ခေါ်တယ်ဆ်ို..."


"ဟုတ်တယ်ကွ...မင်းမနက်မှ လာမယ်

မှတ်နေတာ ဆရာတောင်ပြန်တော့မလို့..."


"ဟုတ်ကဲ့ ကျွန်တော်လူနာကြည့်နေလို့ပါ..."


အမိန့်စည်းဆိုတာ ထိုသို့သော ကောင်လေး

ပါပင်။


သူ့အလုပ်ကိုပဲ အလေးထားကာ ဘယ်သူ

ကြီးပဲခေါ်နေခေါ်နေ အလုပ်ပြီးမှာ 

ရောက်လာတက်သည်။


"အင်း ဆရာပြောချင်တာက 

မောင်အမိန့်စည်း ဒီဖိုင်ကို

အရင်ဖတ်ကြည့်..."


စည်း ဆေးရုံအုပ်ကြီးကမ်းပေးလါသော

ဆေးမှတ်တမ်းအား ယူလိုက်ချိန်...


"ဒါက နှလုံးအစားထိုးကုသရမှာပဲ

ပြီးတော့ ဓာတ်မှန်အရ သူ့နှလုံးက

အပေါက်ဖြစ်နေတာ လဲပစ်မှအဆင်

ပြေမယ်...''


"ဟုတ်တယ် ဒေါက်တာ ပြီးတော့

ဆရာပြောချင်တာက နှလုံး

လှူမဲ့သူကလဲ နောက်လလောက် ကြရင်

ရပြီ သူက cancer ဝေဒနါခံစား

နေရတာ နောက်တစ်လပဲ သူ့မှာ

အချိန်ရှိတော့တယ် အဲဒါ သူက

ဒီcaseကို သူရဲ့နောက်ဆုံးအလှူ

လုပ်ချင်တယ်ဆိုလို့ ဆရာလက်ခံထား

တယ်...သူက အခုလုပ်လဲရတယ်ပြောတယ်..."


စည်း ချက်ချင်းပင် ခေါင်းခါလိုက်၍.


"ကျွန်တော် သူ့ရဲ့နောက်ဆုံးအချိန်ကြ

မှ ခွဲစိတ်မှု လုပ်ရပါစေဆရာ သူ့ရဲ့

ကျန်ရှိတဲ့ အချိန်လေးကို ကျွန်တော်

အကျိုးရှိစွာ နေစေချင်သေးတယ်..."


"ကောင်းပါပြီ သူ့ကို အခု မြို့ဝန်မင်းက

အကောင်းဆုံးအခန်းမှာ ထားပေးထါးတယ်

သူလိုချင်တာတွေက်ိုလဲ ဖြည့်စည်းပေးထါးပါတယ်..."


"ဒီတစ်ယောက်က..."


"ဒီလူနာမိန်းကလေးက မြို့ဝန်မင်းရဲ့

သမီးပါ...ဒါ့ကြောင့် ဆရာတို့အလေးထား

ရမယ်...''


"ကျွန်တော်ကတော့ လူနာတိုင်းအပေါ်

အလေးထားပါတယ်ဆရာ မြို့ဝန်မင်း

သမီးဆိုပြီး မပိုန်ိုင်ပါဘူး...လူတိုင်းက

အသက်နဲ့ကြီးပါပဲ..."


"ဟုတ်ပါပြီ ဒေါက်တာရယ် ကျုပ်မှားတာ

အကုန်လုံးကို အလေးထားမှာပါ..."


စည်း ခေါင်းငြိမ့်ပြီး လက်ထဲက ဖိုင်အား

ပြန်ချထားကာ...


"ဒါဆို ကျွန်တော် သွားတော့မယ်

ကြည့်ရမဲ့ လူနာတွေ ရှိသေးလို့..."


"ဟုတ်ပါပြီ ဒေါက်တာ.."


ဦးဘုန်းမြင့် ထွက်သွားသော

စည်းရဲ့ကျောပြင်အားကြည့်ကာ

ကျေနပ်စွာပြုံးနေမိတော့သည်။


"စိတ်ထားရော ပညာရော တကယ်တော်တဲ့

လူငယ်ပဲ....ရတဲ့သမီးရှင်ကတော့ အဖိုး

ကြီးတဲ့ရတနာ ရလိုက်တာပဲ...."


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


ဒီဝတ္ထုလေးကိုလဲ အားလုံးဝန်းရံပေးဖို့

တောင်းဆိုပါရစေနော်။

အားပေးသူများရင်တော့ လွမ်းဆက်တင်သွားပါမယ်နော်😍😍


အားလုံးကိုချစ်တယ်...❤❤


rate now: