book

Index 37

အပိုင်း(37)

  • Author : Lwanchin
  • Genres : Romance, Drama

"ဟင်...သား...သား...."


ဒေါ်ရွှေစင် သားဖြစ်သူအားပြန်တွေ့ရချိန်

မျက်ရည်များ ကြလာ၍ ပြေးဖက်ရန်ပြင်ချိန်

သားဖြစ် အနောက်မှာ ကိုယ်လေးမြှုပ်နေ၍ ချိုင့်အောက်ကနေ သူမတို့အား မဝင့်မရဲလေး

ခိုးကြည့်နေသော မိန်းကလေးကြောင့်

တအံ့တသြလေးဖြစ်သွားသော ဒေါ်ရွှေစင်။


သားဖြစ်သူ မျက်နှာအားကြည့်၍ သဲကွဲစွာ

မမြင်ရသော မိန်းကလေးကြောင့်..


"သား..သူက...သူကဘယ်သူလဲ..."


စည်း သူ့နောက်ကျောတွင် ရပ်နေ၍

သူ့အင်္ကျီကိုသာ ခပ်တင်းတင်းဆုပ်ကိုင်

ထားသော သူမအားငဲ့ကြည့်၍

မိခင်ဖြစ်သူအား တောင်းပန်သလိုပြန်ကြည့်ကာ...


"ကလေးက ကျွန်တော့် မိန်းမပါ မေမေ..."


"အို...ဘယ်..ဘယ်လို သားမိန်းမဟုတ်လား.. "


ဒေါ်ရွှေစင် သားဖြစ်သူအနောက်က

မျက်ဝန်းလေးနှစ်လုံးသာ မြင်နေရသော

မိန်းကလေးအား ခေါင်းလေးငဲ့ကာကြည့်သော်လဲ သူမလေးကသူကြည့်လေ သားရဲ့အနောက်သို့တဖြည်းဖြည်းကလေးတစ်ယောက်လိုကွယ်သွားသောကြောင့် စိတ်ထဲ

မချင့်မရဲဖြစ်သွားမိ၍....သားဖြစ်သူကိုသာ

ပြန်ကြည့်၍...


"သား...မင်းပျောက်နေတာ မိန်းမယူပြီး

ပြန်မလာတာပေါ့...ဟုတ်လား...မေမေမှာတော့အရူးမကြီးလိုပဲ...မင်းကအရင်ကလိုပဲ

အရမ်းသွေးအေးတဲ့ ကောင်လေး...."


"မဟုတ်ဘူးမေမေ ကျွန်တော်နဲ့ကလေး

ကျွန်းတစ်ခုပေါ်ရောက်နေပြီး ပြန်လာလို့မရတာပါ..."


"ဟင်...ဘယ်...ဘယ်လို...သား...

သားနဲ့အတူ..."


"ဟူတ်တယ်မေမေ ကလေးက ကျွန်တော်နဲ့

အတူမျော..."


"အို...သ...သမီးလေး..."


စည်း သူ့စကားပင်မဆုံးသေးဘဲ

သူ့အနောက်မှာ ခေါင်းလေးပုကာ

ကွယ်ရပ်နေသော ကလေးဆီလျှောက်လာ၍

ကလေးအား တရင်းတနှီးခေါ်လိုက်သော

မိခင်ဖြစ်သူကြောင့် စကားပင်ဆုံးအောင်

မပြောလိုက်ရပေ။


ဟုတ်တာပေါ့ မေမေကအရင်က

ကလေးကိုချစ်ပြီးမွေးစားဖို့တောင်

ပြောဖူးတာပဲ ဒါကိုသူမေ့နေတာ

ဖြစ်သည်။


သည်း အန်တီက လူကြီးကို

သူမနဲ့ပတ်သတ်လို့ပြောမယ်ထင်ထားသော

ကြောင့် စိတ်ထဲကြောက်နေချိန် သူမလက်ကလေးအားလာဆွဲ၍ ဝမ်းသာအားရ

ပြောလာသော အန်တီကြောင့် သည်း

မျက်ဝန်းလေးပြူးကာကြည့်နေမိသည်။


ဒေါ်ရွှေစင် မထင်မှတ်ထားသော

အဖြစ်အပျက်ကြောင့် သူမ

အံ့သြဝမ်းသာနေမိသည်။


စောစောက ဘယ်သူမှန်းမသိတော့

သားဖြစ်သူအား နှမျှောစိုးရိမ်မိသော်လဲ

အခုတော့ သူမချစ်တဲ့ မိန်းကလေးက

သူ့မရဲ့ချွေးမဖြစ်လာသောကြောင့်

တကယ်ကျေနပ်သွားမိတာအမှန်။


"ဟို...လူ...လူကြီးက..သည်းကို

ဒီကို အတင်းခေါ်လာတာ.အန်တီ...''


"အို...သမီးရယ် ခင်ပွန်းသွားတဲ့အနောက်

ဇနီးက လိုက်ရတာပဲလေကွယ်...

သမီးလေးက ပိန်သွားလိုက်တာ...

အရမ်းပင်ပန်းခဲ့မှာပဲ...သား...သားအခန်း

ထဲသမီးလေးကို ခေါ်သွား...အနားယူကြ

မေမေသားနဲ့သမီးအတွက် ညနေစာချက်ပြုတ်ထားမယ်ကွယ်..."


"ဟို...ဟို...သည်းရဲ့ အိမ်မှာပြန်စားမယ်

အန်တီ...သည်းဖေဖေတို့နဲ့လဲတွေ့ချင်သေးလိူ့ပါ...''


"ဟုတ်သားပဲ...သမီးလေးကမိဘတွေနဲ့

တွေ့ရမှာပေါ့...သွား..သွား..ဒါဆို

မနက်မှ မေမေချက်ကျွေးမယ်...သွားနားကြ...သားဖေဖေလဲ လမ်းမှာပြန်လာနေပြီ..."


"ဟုတ်ကဲ့..မေမေ...ဒါဆို ကျွန်တော်

တို့အနားယူအုံးမယ်နော်..."


ဒေါ်ရွှေစင် အပေါ်ထပ်သို့တက်သွားသော

ချွေးမနဲ့သားဖြစ်သူအား ကျေနပ်စွာကြည့်၍

ကျန်နေခဲ့တော့သည်။


သည်း မျက်ပြူးပြူးလေးဖြင့်သာ

လူကြီးခေါ်ရာအနောက်သို့ လိုက်လာရင်း

အိမ်ကြီးရဲ့ခမ်းနားမှုများအား ကြည့်နေရင်း...

အံ့သြနေမိသည်။


လူကြီးတို့အ်ိမ်က နန်း​တော်ကြီးမျှ ခမ်းနား

ထည်ဝါနေပြီး သည်းဖေဖေတို့အိမ်ထက်

အတော်ကြီးမားလှသည်။


"လူကြီးတို့အိမ်ကြီးက အရမ်းကြီးတာပဲနော်..."


ပါးစပ်အဟောင်းသားလေးဖြင့်ငေးရင်း

ပြောလာသော သူမကြောင့် စည်းပြုံးလိုက်၍

သူမအား ကြည့်ကာ..


"သဲလေး ကြိုက်လိူ့လား..."


"အင်း ကြိုက်တယ် ဒါပင်မဲ့ အရမ်းကြီး

နေတော့ သရဲကြောက်တယ်..."


ကလေးဆန်ဆန်ဖြေလာသော အဖြေကြောင့်

စည်းပြုံးလိုက်ကာ...


"အဟွန်း..ကလေးနေချင်တယ်ဆိုရင်တောင်

ကိုကို မနေဘူး..."


"ဟင်...ဘာလို့လဲ အကြီးကြီးလေ..."


စည်း အခန်းအရှေ့ရောက်ချိန်

ခြေလှမ်းများရပ်တန့်ပစ်လိုက်၍

ပြုံးလိုက်ကာ သူ့အားမော့ကြည့်လာသော

သူမလေးရဲ့ မျက်ဝန်းလေးတွေအား

စူးစိုက်ကာကြည့်၍...


"ချစ်ရတာ...မလွတ်လပ်ဘူး... "


"အို...လူကြီးနော်..."


သူ့စကားနဲ့အကြည့်များကြောင့်

သည်း မျက်နှာလေးများရဲတက်သွား၍

ရုတ်တရပ် သည်းကိုယ်လေးအားပွေ့ချီလိုက်ကာအခန်းထဲဝင်လိုက်သော

လူကြီးကြောင့် မျက်ဝန်းလေးများပြူးသွားကာ...


"အို...လူကြီး...."


---===========----===========^^^^🍓🍓🍓🍓🍓🍓


"ကြီးကလျာ...ဒါလေးလာမြည်းပေးပါအုံး.. "


"လာပြီ..ထက်ထက်ရေ ဒီမှာ

သည်းလေးအကြိုက်

ငါးလေးတွေ သန့်အောင်လုပ်နေတာ..."


"ဟီး..ဟုတ်ဟုတ်..."


နေ့လည်ထဲက ထက်ထက်နဲ့ဒေါ်ကလျာ

နှစ်ယောက်သား ချက်ပြုတ်နေကြတာ

ဖြစ်သည်။ 


သူမတို့ အချစ်ဆုံးလူအား အသက်ရှင်လျှက်

ပြန်မြင်ရတော့မည် ဖြစ်သောကြောင့်

နှစ်ယောက်လုံးရဲ့မျက်နှာပေါ်တွင် အပြုံး

ကိုယ်စီဖြင့်။


"ဟာ...မွှေးနေတာပဲဗျ...."


"ဟယ်... မောင်းဆန်းတောင်ပြန်ရောက်ပြီပဲ ..

ဒီမှာလေ သမီးလေးအကြိုက် ချက်ပြုတ်နေတာ ပြီးတော့မှာပါ...သမီးထက်ထက်လဲ

ဝိုင်းကူတော့ ပိုအဆင်ပြေတာပေါ့ကွယ်..."


"သမီးသည်းကတော့ ရောက်တာနဲ့

စားပြ ပါလိမ့်မယ်... ဟား..."


"ဟုတ်တယ်မောင်ဆန်းရေ အခုက

ဒေါက်တာရော ပါလာမယ်တဲ့

ဒါ့ကြောင့်...ပိုစုံစုံလေးချက်နေတာ..."


"သမီးလေးနဲ့အတူ ပါသွားတဲ့

ဒေါက်တာလား..."


"ဟုတ်တယ်မောင်ဆန်း..."


"အော်..ကောင်းတာပေါ့...သမီးလေး

ကို အခုလို့ပြန်ရောက်အောင်

စောင့်ရှောက်ပေးခဲ့တာ ကျေးဇူးတင်ကြောင်း

ပြောချင်နေတာ...အခုလို လာတော့လဲ

ပိုကောင်းသွားတာပေါ့..."


ဒေါ်ကလျာပြုံးလိုက်ကာ...


"နားပြီး ရေချိုးမောင်ဆန်းရေ သမီးသည်းလေးက ညနေ ၆နာရီရောက်မယ်တဲ့..."


"ဟုတ်ကဲပါဗျာ...ဒါဆို ကျွန်တော်

ရေချ်ိုးပြီး ပြန်ဆင်းခဲ့မယ်..."


" ကောင်းပါပြီကွယ်...."


"ကြီးကလျာ...ဝက်သားကလဲ

ကျက်ပြီနော်..."


"ရရင် ချလိုက်တော့ ထက်လေးရေ..."


"ဟုတ် ကြီးကလျာ..."


------------================^^^^^^^🍓🍓🍓🍓🍓🍓🍓


"သမီး..ဒါဘယ်လဲ..မေမေ 

သမီးနဲ့စကားခဏပြောချင်တယ်...".


ညို့အပြင်ထွက်ရန်ပြင်ဆင်

မိခင်ဖြစ်သူအသံကြောင့် စိတ်ပျက်

သွားသလို ကျစ်သက်လိုက်ကာ..


"ကျစ် မေမေရာ...ဘာပြောချင်လို့လဲ...

ညို့က အပြင်မှာ သူငယ်ချင်းတွေနဲ့

ချိန်းထားလို့..."


ဒေါ်ပွင့်ဖြူ သမီးဖြစ်သူစကားနဲ့

ပုံစံကြောင့် မျက်နှာပျက်သွားပင်မဲ့လဲ

ထိန်းလိုက်ကာ..


"ခဏ ပါပဲ သမီး...သမီး အရင်ရက်

တွေက ဘယ်ကိုသွားနေတာလဲ

နှစ်ရက်လုံးလူံး ဘာသတင်းအစအနမှလဲ

မေမေ မကြားဘူး...အခုပြန်ရောက်တော့လဲ

ခဏနေပြီ ပြန်ထွက်တယ် သမီးကိုယ်သမီး

မိန်းကလေးဆိုတာ မေ့နေတာလား..သမီးဖေဖေသိရင် သမီးကို ရိုက်လိမ့်မယ်..."


ညို့ မိခင်ဆီက ဖေဖေဆိုသော

စကားကြောင့် နာကျင်စွာ ခပ်မဲ့မဲ့

ပြုံးကာ..


"အဟွန်း..ဖေဖေဟုတ်လား မေမေ

ညို့မှာ ဖေဖေမှမရှိတော့တာ ညို့မှာ

မေမေပဲ ရှိတော့တာလေ လွန်ခဲ့တဲ့

သုံးရက်ထည်းက ညို့ရဲ့ ဖေဖေက

သေသွားခဲ့ပြီ...အခု ညို့နေချင်သလို

နေပါရစေ မေမေ...ညို့ကို ဘာမှမပြောပါနဲ့..."


"ညို့...ညည်းညည်း မိုက်ရိုင်းနေပါလား

ညည်းဖေဖေလောက် ညည်းတို့ကို

ချစ်ပေးနေတာတောင် ညို့. ပြောစမ်း..

ဘာလို့ မိဘကို အကောင်းမမြင်ရတာလဲ

သမီးရယ်...သမီးဖေဖေကိုအထင်မလွဲ

ပါနဲ့ကွယ်..မကြာခင် သမီးနဲ့မေမေဆီ

ပြန်လာမှာပါ..."


"အဟွန်း..မေမေက ဘာကိုမျှော်လင့်နေတာလဲ

သမီးတို့နဲ့မနေချင်လို့ သူ့သမီးနဲ့သွားနေပြီလေ

အခု မေမေကဘာကို မျှော်လင့်နေတာလဲ

ညို့..သွားတော့မယ် မေမေ..."


"သမီး..."


ဒေါ်ပွင့်ဖြူ ထွက်သွားသော သမီးအား

ကြည့်၍ မျက်နှာပျက်စွာ ကျန်နေခဲ့တော့သညိ။


သူမမှားခဲ့ပြီ...သူမသမီးကို အခုလို

စိတ်တွေထည့်ပေးခဲ့မိတာ သူမဘဝကို

အခု ပြန်ပြီးသတ်နေပါပြီ...


-=====================^^^^^🍓🍓🍓🍓🍓🍓🍓


သည်းရေချိုးပြီးလို့ လူကြီးထုတ်ပေး

ထားခဲ့သော ဂါဝန်အဝါလေးအားဝတ်ကာ

မှန်ရှေ့ရပ်လိုက်ချိန် မျက်နှာဝင်းဝင်းလေးအားကျေနပ်စွာကြည့်၍...


"ဟီး..ဟီး..ငါလေးက ချစ်စရာလေး.. "


သည်းပြောပြီး သူမတို့ရဲ့ကွန်ဒိုကြီးတစ်ခန်းစာလောက်ရှိသော သူ့အခန်းကျယ်ကြီးအား

ဝေ့ကြည့်ကာ...နှာခေါင်းလေးရှုံ၍..


"ဟွန့် ဒီလောက် ကောင်းတဲ့အခန်းကြီး

ရှိတာတောင် ဒီလူကြီးရူးပြီး ကွန်ဒိုမှာ

လာနေရတယ်လိူ့..."


သန့်ရှင်းတောက်ပြောင်ပြီး ရှင်းလင်းနေသော

အခန်းကြီးကို ကြည့်တာနဲ့ သူဘယ်လောက်

အသန့်ကြိုက်မှန်း ပြောစရာမလို။


တော ထဲမှာ နေတာတောင် တစ်နေ့

ရေနှစ်ထပ်မရရအောင်ချိုးထက်သော

လူကြီး။


အခုလဲ ရေချိုးခန်းထဲ ဝင်သွားတာ

နှာရီဝက်ကျော်နေပြီ ဖြစ်သောကြောင့်

သည်း မျက်နှာလေးအား မဲ့နေမိသည်။


သည်းတောင် ရေချိုးတာ ဆယ့်ငါးမိနှစ်ပဲ

ကြာသည် သူကတော့ အခုထိ ထွက်မလာသေး။


ထို့နောက် သည်းလူကြီးရဲ့ ဘွဲ့ယူတုန်းက

ဓာတ်ပုံတွေ သူ့ငယ်ချင်းဖြစ်သူများနဲ့

ရိုက်ထားသော ဓာတ်ပုံတွေ ကလေးများနဲ့

ရိုက်ထားသော ပုံတွေအားကြည့်၍...


"လူကြီးက ချောလိုက်တာ..."


"ကိုယ့်ယောကျာ်း ချောတာအခုမှ

သိတာလား ကလေး..."


"အို..."


သည်းနာလေးအနားကပ်ကာပြောလာသော

စကားကြောင့် သည်း လန့်သွားကာ သူ့အား

လှည့်ကြည့်လိုက်ချိန် ကိုယ်မှာ ရေစက်များ

တွဲခိုနေ၍ အောက်ပိုင်း သဘက်တစ်ထည်သာ

ပတ်ထားပြီး သည်းအားပြုံးကာကြည့်နေသောကြောင့် မျက်စောင်းလေးထိုးလိူက်ကာ..


"လူကြီးနော်..သည်း..သည်းက

ဒီက အကိုတွေကိုပြောတာ..."


သည်း ရှက်ရမ်းရမ်းကာ လက်ညိုးလေး

ထိုးပြကာ ပြောစဥ်...ပြုံးနေသောစည်း

မျက်နှာကြီးတည်သွား၍...


"ရတယ်လေ...သည်းခြေရာ

မင်းက အကိုက်ခံရမှ မှတ်မယ်ထင်တယ်

လာခဲ့..."


"အို...လူကြီးနော်..သည်းပြန်ကိုက်မှာနောိ..

အဟင့်..."


"ကိုက်..တစ်ယောက်တစ်လှည့်ပေါ့..."


ဘုန်း..


"အို..လူကြီး မရဘူး...နှာဘူး

ကြီး..သည်း ဖေဖေတို့ဆီ

သွားမှာနော်..."


"အကိုက်ခံပြီးမှ သွားတာပေါ့..."


"အား...ဘာလုပ်တာလဲ မချွတ်နဲ့...

နှာဘူးကြီး..."


သည်း ဂါဝန်လေးအား ဆွဲချလိုက်သော

လူကြီးကြောင့် မျက်ဝန်းလေးပြူးကာ

အော်လိုက်သော သည်း လည်ပင်းဖွေးဖွေးလေးအထက် သူ့ရဲ့နှုတ်ခမ်းများ ရောက်ရှိချိန်...


"အား...နှာဘူးကြီး..အီး...ဟီး..အဟင့်...ဟင့်.. "


သူမအော်သံလေးကြောင့်

စည်း မျက်နှာပေါ်တွင်ကျေနပ်စွာ ပြုံးလိုက်မိကာ...


မင်း အပြစ်နဲ့..မင်းပဲ..သဲလေး...


ထို့နောက် သူမလေးရဲ့လည်တိုင်ဖြူဖြူလေးအထက် ပြန်ငုံ့ဆင်းသွားကာ ငုံခဲလိုက်သော

သူ့နှုတ်ခမ်းနွေးနွေးများ...


ဆက်ရန်...

စာရေးသူ- လွမ်းခြင်း

😘😘


rate now: