book

Index 36

အပိုင်း(36)

  • Author : Lwanchin
  • Genres : Romance, Drama

"လူကြီး...သည်းတို့က ပြန်ရတော့မှာပေါ့နော်...''


စည်း ပြန်ရန်အတွက် သိမ်းစရာရှိတာသိမ်းနေချိန် မျက်နှာလေးငယ်စွာပြောလာသော သူမကြောင့် မျက်ခုံးတွေပင့်တက်သွားတော့သည်။


"ဘာလို့လဲ သည်း မပြန်ချင်ဘူးလား.."


"မဟုတ်ပါဘူး သည်းက နေလို့မဝသေးလို့လေ...''


စည်း မွေ့ယာပေါ်မေးလေးထောက်ကာ

ကလေးလေးတစ်ယောက်လို မှောက်ခုံလေးနေ၍ ပြောလာသော သူမကြောင့် ပြုံးကာ...


"ကိုယ်တို့ ဟန်းနီးမွန်း နောက်တစ်ခေါက်

ထပ်လာကြတာပေါ့...''


"ဟင်....လူကြီးနဲ့သည်းက နောက်ပိုင်းဆို

အခုလို ခရီး ထွက်ရအောင် အချိန်ရလို့လား  "


"ဒီလိုပဲ အချိန် ကျန်ဖန်ယူရမှာပေါ့....

ဒါနဲ့ သည်း မင်းပစ္စည်းတွေကျန်ခဲ့မယ်နော်...."


"သည်းက အကုန်ထည့်ပြီးသွားပါပြီ...

ဒါပင်မဲ့လေ...."


ပြောပြီး မျက်နှာလေးနီ၍ ခေါင်းလေး

ငုံ့ကျသွားသော သူမကြောင့် စည်းကြည့်၍

မျက်ခုံးတွေပင့်တက်သွားကာ...


"ဘာဖြစ်လို့လဲ သည်း.."


"ဟို...ဟို...သည်း....သည်း...လမ်းမလျှောက်နိုင်လို့လေ...အဟင့်..."


ပြောပြီး ခေါင်းလေးငုံ့သွားကာ

 ရှိုက်သံလေးပါထွက်လာသော

သူမကြောင့် စည်းမျက်ခုံးတွေပိုဿ

ပင့်တက်သွားကာ..


"ဘာဖြစ်လို့လဲ သဲလေ...ခြေထောက်

ဘယ်နေရာထိသွားလို့လဲ....ချော်လဲရတာလား''


စိုးရိမ်တကြီးမေးလာသော သူ့အားသည်း

ကြည့်၍ နှုတ်ခမ်းလေးဖိကိုက်လိုက်ကာ...

မဖြေဘဲ ခေါင်းလေးသာ ငုံ့နေလိုက်သည်။


ဇတ်ကျိုးကျမတက်ခေါင်းလေးငုံ့နေသော

သူမကြောင့် စည်း ပို၍ စိုးရိမ်သွားကာ

သူမဘေးဝင်ထိုင်လိုက်လိုက်ကာ....သူမကိုယ်လုံးလေး ဖက်လိုက်၍..


"က်ိုယ့်ကိုပြောလေ သဲ ဘာဖြစ်တာလဲ.. "


ထိုအခါ မျက်ရည်များစီးကျလာ၍

သူ့အား မျက်နှာလေးရဲကာ မော့ကြည့်လာသောသူမ။


"အဟင့်...အဲ့ဒါ လူကြီးကြောင့်လဲ...အဟင့်...

ကျွန်းပေါ်မှာလဲ ကျွန်းပေါ်မှာ အခု ဟိုလ်တယ်

ရောက်တော့လဲ တစ်ချိန်မှ သည်းကိုအလွတ်မပေးဘူး...အဟင့်....ဟီး...အဲ့ဒါလူကြီးကြောင့်

မလျှောက်နိုင်တာ..."


လက်ညိုးလေးတစ်ထိုးထ်ိုးဖြင့်ပြောကာ

ရန်တွေ့လာသော သူမကြောင့် စည်း

ချော့ရန်ပြင်နေသော လက်ကြီးမှာ

လေပေါ်တွင် တကားကားဖြင့်

မျက်နှာကြီးမှာလဲ ရက်တက်လာ၍

ပြုံးရမလို ငိုရမလိုပင်။


စည်း ဒီကိစ္စကို ရန်တွေ့ပြီးပြောကာ

ကလေးဆန်လွန်းသော သူမကြောင့်

အသည်းတွေလဲတယားယား ဖြစ်နေ၍

သူမကိုယ်လေးအား ခပ်တင်းတင်းလေး

ဖက်လိုက်၍ နဖူးလေးအားနမ်းကာ.


"သဲလေ ဒီကိစ္စကို ကိုယ့်ကိုရန်တွေ့တာ

ဒီမှာပဲတွေ့နော် ဟိုကောင်တွေအရှေ့မှာ

ရန်မတွေ့ရဘူးနော် က်ိုယ်နဲ့နှစ်ယောက်ထဲ

ရှိတဲ့အချိန်ပဲ တွေ့သိလား...ကိုယ်က

သဲကို ချစ်လွန်းလို့ အချစ်လွန်းသွားတာပါကွာ...နောက်ဆို ကိုယ်အရမ်းမကြမ်းတော့ဘူးကွာ ကတိပေးတယ်နော်...တိတ်တော့...မျက်ရည်တွေကမကျရဘူး..."


သည်း မျက်ရည်တွေသုတ်ပေးနေသော

သူ့အား ဂျစ်ကန်ကန်ကြည့်ကာ..


"သည်းက အိမ်ရောက်ရင် ဖေဖေနဲ့

ပြန်နေမှာ..."


"ဟာ..မရပါဘူး...''


"အို..ရတယ် သည်းအဖေနဲ့သည်းနေမှာလေ..."


"ဟာ...သည်းက ကိုကို မိန်းမနော်...

မရဘူး သဲလေးနဲ့ တစ်စက္ကန့်တောင်

ဝေးချင်တာမဟုတ်ဘူး..."


"အဟင့်...မရဘူး သည်းကတော့

နေမှာပဲ...သိလား..."


"သည်းခြေရာ...."


"ဘာလဲ..."


"မမေရဘူးပြောနေတယ်နော်..."


"နေမှာပဲ...."


နှုတ်ခမ်းလေးထော်၍ပြောလာသော

သူမအား စည်း အံတကြိတ်ကြိတ်ကြည့်ကာ

သူ့မှာ နမ်းချင်စိတ်ကိုလဲ မနည်းမြိုသိပ်ထားဂသည်။


မဟုတ်ရင် ထပ်ငိုမှာဆိုးလို့ပါ။

စည်း ထွက်နေသော ဒေါသတွေအား

မျိုချလိုက်၍..


"သဲလေ...ကိုကို ကိုယ်မသနားဘူးလားကွာ..

က်ိုကိုက..သဲလေးနဲ့မခွဲနိုင်ဘူး..."


"မသိဘူး သဲကတော့ ဖေဖေနဲ့နေမှာပဲ....''


"အေးကွာ...နေ..လာအခုတော့

ငါနဲ့နေရမယ်..."


"အို..လူကြီး...ကတိမတည်ဘူး...

အဟင့်...လူယုတ်မာကြီး..''


နှစ်ယောက်သား အ်ိပ်ယာကြီးပေါ်

ရုန်းရင်းဆန်ခက်ဖြစ်နေရင်း 

စည်း သူမကိုယ်လေးအား စောင်ဖြူဖြူကြီး

အောက် ဆွဲခေါ်သွားတော့သည်။


"အား...လူကြီး..လူယုတ်မာကြီး...

မချွတ်နဲ့...အွန်း..."


သည်းရဲ့အသံခပ်စူးစူးလေးသည်

တစ်ချက်ထွက်ပေါ်လာ၍ တိတ်ဆိတ်သွားပြီးနောက်...


---=======================^^^^🍓🍓🍓🍓🍓🍓


"ဟာ...ဒီကောင်ကြာတာကွာ...သည်းခြေရာကို ဘာလုပ်နေလဲမသိဘူး..."


မိုးထက်နဲ့ကုဋေ နှစ်ယောက်သား

ဟိုလ်တယ်ကြီးရဲ့ ဧည်ခန်းတွင်

ပြန်ဖို့အတွက် စည်းတို့အားထိူင်စောင့်နေတာ

တစ်နာရီလောက်ရှိနေပြီ ဖြစ်သည်။


ကြာလာတော့ နှစ်ယောက်သား 

မျက်နှာများ ရှုံ့မဲ့လာကာ..


"ကုဋေ မင်း ဖုန်းဆက်ကြည့်ကွာ..."


"အေး...''


ကုဋေ စည်းရဲ့ဖုန်းအသစ်အား

ခေါ်လ်ိုက်ချိန်...ဝင်သွားသော်လဲ..


"လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ

သတ်မှတိအချိန်တွင်း ဖြေကြားချင်း

မရှိပါရှင့်..နောက်တစ်ကြိမ်...တီ..''


မကိုင်သောဖုန်းအားကြည့်၍

ကုဋေ ပုခုံးတစ်ချက်တွန့်ကာ..


"မကိုင်ဘူး..."


"အေး ဒီကောင် နှာဘူးထလွန်းတယ်

တော်သေး ချစ်သူအခုမှထားဘူးလို့

မဟုတ်ရင်တော့...ဟွန့်..ဟွန့်.. "


ကုဋေ မိုးထက်အပြောကြောင့်

ရယ်လိုက်ကာ..


"ဟား...ဟုတ်တယ် ဒီကောင် မထားတော့လဲ

ဘယ်လိုပြောပြောမထား ထားတော့လဲ

ထားစရာနေရာမရှိအောင်ကို ဖြစ်နေတာ..

အကဲကို ပိုတယ်..."


နှစ်ယောက်သား သူငယ်ချင်းဖြစ်သူကြောင့်

မျက်နှာများတွင် ရယ်ချင်သလို င်ိုချင်သလို

ဖြစ်နေတော့သည်။


"ဟယ်....မိုးထက်...မိုးထက်မဟုတ်လား...''


မိုးထက်သူ့အား ခေါ်ကာ ပြောလာသော

မိန်းကလေးတစ်ယောက်ကြောင့် ကြည့်လိုက်ကာ...


"ဘယ်သူလဲ... မသိဘူးဗျ...ကျွန်တော့်ကို

သိလို့လား....''


"ဟယ် မ်ိုးထက် ငါ...ငါရှေးလေ

ရှေးသံဇဥ်....''


ထိုတော့မှ မိုးထက်စဥ်းစားမိသွား၍...


"အော်....ရှေး....sorryဟာ ငါမမှတ်မိလိူ့...''


မြန်မာဆန်ဆန်ဝတ်ထားသောရှေး

ပြုံးလိုက်ကာ ဘေးက ထိူင်ခုံတွင်

ဝင်ထိုင်လိုက်၍..


"ရပါတယ်ဟ...ဒါနဲ့နင်ကလာလည်တာလား...''


"အေးဆိုပါတော့ နင်ကရော...''


"ငါလဲအလုပ်လေးတွေပြီးလို့အေးဆေး

အနားလာယူတာ...အခုဒီကိုဝင်လာတော့

နင့်က်ိုတွေ့တာပဲ...."


"အေး မိတ်ဆက်ပေးရအုံးမယ်ဒါက

ငါ့သူငယ်ချင်း ကုဋေတဲ့....ကုဋေ

ဒါက ငါနဲ့အ်ိမ်နီးချင်းသူငယ်ချင်း

ရှေးသံဇဥ်တဲ့...."


"ဟုတ်ကဲ့တွေ့ရတာ ဝမ်းသာပါတယ်...''


"ဟုတ်ကဲ့ပါရှင့်... "


"မိုးထက် ကုဋေသွားကြမယ်...."


ရှေးပြုံးနေချိန် သူမအနားထဲညို့နိုင်လွန်းသော အသံတစ်သံကြောင့် မျက်ဝန်း

လေးများဝေ့ကြည့်လိုက်ချိန် ယောင်္ကျား

ပီသပြီးချောမောသော ယောကျာ်းတစ်ယောက် မိန်းကလေးတစ်ယောက်လက်အား

ကိုင်လာ၍ လျှောက်လာပုံက ရှေးအာရုံထဲ

ကပ်ညို့တွယ်သွားမိကာ...ငေးငေးလေးကြည့်နေမိ၍....


ရှင်...ဘယ်သူလဲ....သူရယ်....


စည်းတို့ထွက်လာသောကြောင့် နှစ်ယောက်သားထရပ်လ်ိုက်ကာ...


"ရှေး ငါတို့ပြန်တော့မယ်...ရန်ကုန်ရောက်မှ

ထပ်တွေ့ကြတာပေါ့..."


ရှေးခေါင်းလေးငြိမ့်ပြကာ...


"ငါတို့ ထပ်တွေ့အုံးမှာပါ...မိုးထက်...''


ထို့နောက် ကားထဲဝင်သွားသော

လူတစ်ယောက်ရဲ့အနောက်

ရှေးစိတ်လေးများကပ်တွယ်သွားပြီ

ထင်ပါရဲ့...


--------=======================^^^^🍓🍓🍓🍓🍓🍓🍓


"ဒေါ်ကြီး ဘယ်လဲ..."


"သည်းလေးပြန်ရောက်ရင်

စားဖို့ အခုထည်းကစျေးသွားထားရမယ်လေ..."


မနက်စောစော ဆွဲခြင်းကြီးဆွဲကာ

ထွက်လာသော ဒေါ်ကလျာအား

ဦးဆန်းကမ္ဘာပြုံးကာမေးလိုက်သည်။


"ဟား....သမီးက ညနေလောက်မှ

ရောက်မယ်ထင်တယ်...ဒေါ်ကြီး...''


"ညနေရောက်တော့လဲ ညနေပေါ့

ဒေါ်ကြီးကတော့ ဒေါိကြီးလက်ရာကို

သည်းလေးကို ရှယ်ကျွေးချင်နေပြီ

ဘယ်လောက်တောင် စားလိုက်မလဲ

မသိဘူး...အဟင်း...."


"ဟုတ်တယ် ဒေါ်ကြီးရေ...သမီးက

ဖုန်းထဲမှာတောင် သူဒေါ်ကြီးလက်ရာ

ဘာစားချင်တယ်ပြောနေပြီ..."


"အို...အဲ့ဒါသိလို့ ဒီနေ့ဒေါ်ကြီးက

ရှယ်လက်စွမ်းပြအုံးမှာ...အဟွန်း...

ပြီးတော့ သမီးသည်လေးက အခုလို

မောင်ဆန်းက သူမနဲ့အတူနေဖို့ပြင်ဆင်ထားတာသ်ိရင် အရမ်းကိုဝမ်းသာနေမှာ..."


အခုဆို သူ သမီးသည်းလေးနှင့်အတူနေရန်

တစ်ထပ်အိမ်လေးတစ်လုံးအားဝယ်ယူကာ

ပြင်ဆင်ထားပြီးပြီ ဖြစ်သည်။


"ဟုတ်ပါပြီ ဗျာ...ဒါဆို ကျွန်တော်

ရုံးခဏသွားအုံးမယ် နေ့လည်

သမီးပြန်မရောက်ခင်ပြန်လာခဲ့မယ်..."


"ကောင်းပါပြီကွယ်..."


ဝူး....ဝေါ....


ကားပေါ်တက်ကာမောင်းထွက်သွားသော

သည်းလေးဖခင်အားပြုံးကာကြည့်၍

စျေးသွားရန်အတွက် ခြံအဝသို့ လျှောက်လာချိန်...


"ဒေါ်ကလျာ...ကိုကြီးရော...."


ထိုအချိန် ပိုက်ဆံအိတ်ကြီးလက်တွင်

ဟန်ပါပါချိတ်၍ ဝင်လာသော

ပွင့်ဖြူအား ကြည့်၍..


"အခုလေးတင် ရုံးကို ကိစ္စရှိလို့

ထွက်သွားတယ်ကွယ်..."


"ဟင်...ဟုတ်လား ဒုက္ခပဲသမီးကိုလဲ

မတွေ့...ဒါဆိုလဲ...ပြန်တော့မယ်ကိုကြီးကို

ဘာမှမပြောနဲ့တော့နော်..."


"ကောင်းပါပြီကွယ်..."


ပြန်ထွက်ကာ taxiပေါ်တက်သွားသော

ပွင့်ဖြူအား ဒေါ်ကလျာကြည့်၍

သက်ပြင်းချလိုက်မိသည်။


"အင်း...ပွင့်ခင်ဗျာ...သမီးမလိမ္မာတော့

စိတ်မချမ်းသယရပါလား..."


------==--================^^^^^🍓🍓🍓🍓🍓🍓🍓


ဆောင်းဝင်နေသည်မို့ အပြင်ဘက်တွင်

ညနေစောင်းလာသည်နှင့်အေးစိမ့်လာသလို

ကားထဲက airconအေးတာကြောင့်ရော

သည်း သူ့ရင်ခွင်နွေးနွေးကြီးထဲ ပုစွန်ထုတ်လေးလို ကွေးနေတော့သည်။


စည်း သူမရဲ့ ကိုယ်လုံးသေးသေးလေးအား

ရင်ခွင်ထဲ ထည့်ကာဖက်ထားရင်း...အရှေ့က

ပြုံးစိစိဖြစ်နေသော နှစ်ယောက်အား ကြည့်ကာ...


"ငါးခူးပြုံးဆိုတာ မြင်ဖူးလားသဲလေး ...''


"ဟင်...အမွှေးကြီးကားကားနဲ့ ငါးခူး

မြင်ဖူးတယ်...''


"အင်း...အဲ့ဒါမှတ်ထား...ငါခူးပြုံးက

မသိမသာပြုံးတာ...သူတို့က

ပေါ်တင်မပြုံးရဲဘူး..."


"ဟုတ်..."


ထိုအချိန် မိုးထက်နှင့်ကုဋေ

 နှစ်ယောက်သား သူ့အား

မေတ္တာပို့နေ၍...


"စည်း... အခုမင်း အန်တီကိုအရင်

သွားတွေ့သင့်တယ်နော်...ငါတို့

မင်းအိမ်ကို အရင်ဝင်ပို့ပေးမယ်

ပြရင် သည်းခြေရာအိမ်ကို

သည်းခြေရာကို လိုက်ပို့ပေးလိုက်မယ်..."


စည်း ကုဋေအပြောအား သဘောမကျစွာ...


"ဘယ်သူက သည်းခြေရာကို

အိမ်ပြန်လွတ်လို့လဲ ငါနဲ့ခေါ်သွားမှာ..."


သူ့အပြောကြောင့် သည်း မျက်ဝန်းလေး

ဝိုင်းသွား၍...


"အို..လူကြီးကလဲ သည်းအိမ်ပြန်မှာ..."


"မပြန်ရဘူးပြောထားတယ်လေ သဲ...

ကိုကိုနဲ့လိုက်ခဲ့..."


"အို...မလိုက်ဘူးနော် သည်း ဖေဖေနဲ့

ပြန်နေအုံးမှာ..."


"မရဘူး ကိုကို မခွဲနိုင်ဘူး..."


"လူကြီးလာပြီး သည်းကို မစားနဲ့နော်

သည်းတို့က လူကြီးတွေကိုသေချာ

ပြောပြီးမှ...ရမှာလေ..."


"အတူတူနေပြီးပြောလဲရတယ်သဲ...

မင်း မပြန်ရဘူးဆို မပြန်ရဘူး..''


သည်း သူရင်ခွင်ထဲကနေ ထွက်လိုက်၍

သူ့အား ဂျစ်ကန်ကန်ကြည့်ကာ...


"ပြန်မှာပဲ....''


"မပြန်ရဘူးလို့ပြောနေတယ်နော်...

မင်းပြန်ကြည့် ခြေထောက်တွေရိုက်ချိုး

ထားမယ်...''


"ချိုးလိုက်လေ သည်းခြေရာတဲ့တစ်ခြေရာပဲရှိတယ်...အဟင့်...ရှင်ကြီးနဲ့မနေဘူး...

သည်းကိုဆို အရမ်းအနိုင်ကျင့်တယ်...

ဟီး...အဟင့်...ဟင့်....''


စည်း ငိုနေသော သူမအားမချော့ဘဲ

ဒီအတိုင်း မျက်မှောင်ကြီးကုတ်ကာ

ကြည့်နေလိုက်သည်။


"အဟင့်...အကျင့်ပုတ်ကြီး အဲ့ဒါကြောင့်

အခုအချိန်ထိမိန်းမ မရတာ...သူများသနားလို့

လက်ခံပေးတါကို...အဟင့်....ဟင့်...ဟီး...."


စည်း သူမနှုတ်ခမ်းတစ်ထော်ထော်ဖြင့် ပြောတာတွေအား မကြားချင်ယောင်ဆောင်နေ၍ သူမ မျက်နှာလေးသာ

စူးစိုက်စွာကြည့်နေလိုက်ပြီးနောက်

ကျေနပ်စွာပြုံးလိုက်၍... 


မင်းထက်ကိုယ်က ပိုရွတ်တက်တယ် သဲလေး...


မိုးထက်နှင့်ကုဋေနှစ်ယောက်လဲ

ရန်ဖြစ်နေသော နှစ်ယောက်ကြောင့်

မျက်နှာကြီးတွေ ပြုံးစေ့စေ့ဖြစ်နေကြကာ

အကဲပိုလွန်းသော စည်းအား အရှေ့ကားမှန်ထဲကနေ မျက်စောင်းတွေခဏခဏထိုးနေမိတော့သည်။


ချစ်တက်တော့လဲ ဟိုကဖခင်ဖြစ်သူဆီ

ခဏပြန်ဖ်ို့ပြောတာတောင် ပြာယာခက်ပြီး

မလွတ်နိုင်သောစည်း။


ထိုအချိန် ကားလေးမှာတော့ စည်းရဲ့

အမိန့်အတိုင်း.....


ဆက်ရန်....

စာရေးသူ - လွမ်းခြင်း


နောက်တစ်ပိုင်းစည်းကြီးရဲ့ ချစ်တက်မှုကြီးတွေကို

ချိုအီနေအောင်မြင်ရမှာနော်❤


rate now: