"ဟေး.....ပျော်စရာကြီး...."
စက်လှေလေးပေါ်ကနေ ထအော်လိုက်သော
သူမကြောင့် စည်း မိုးထက် ကုဋေတို့
သုံးဦးစလုံး ပြုံးလိုက်မိကြသည်။
"လူကြီး..ဒါ..ဘာကျွန်းလဲဟင်.. ''
ထိုအချိန်သူ့အားလှည့်မေးလာသော
သူမကြောင့် စည်းပြုံးကာခေါင်းငြိမ့်ပြပြီး
ရေပြာပြာများနှင့်လှပနေသော ကျွန်းနှင့်
ပင်လယ်အားကြည့်ကာ...
"ဒါ မြင်းခွာကျွန်းလို့ခေါ်တယ်...."
"ဝါး အရမ်းလှတာပဲ.. တောင်ပုံစံကျွန်းကြီးရော ပင်လယ်ရေပြာကြီးရော အရမ်းလှတယ်
သည်း ကြ်ိက်လိုက်တာ...."
ပြုံးကာပြောလာသော သူမကြောင့်
စည်း မျက်နှာပေါ်တွင် ကျေနပ်
မှုများ ဖြစ်ပေါ်လာကာ...
"မင်းကြ်ိက်ရင် ရပြီ..."
"ဟီး..ဟီး..."
သည်းပြောပြီး ရေလေးတွေအား လက်ကလေးဖြင့်ခပ်ကာဆော့နေလိုက်သည်။
"စည်း မင်းပြောတော့ ဒီနေ့ရန်ကုန်ပြန်မယ်ဆို
သည်းခြေရာကို ဒီကိုပို့ပေးချင်လို့မပြန်တာလား.. "
"အင်း...ဟုတ်တယ် ရန်ကုန်ပြန်ရောက်
သွားရင် ငါ့အချိန်တွေက ဆေးရုံမှာကြီးပဲ
သူမကို အရမ်းဂရုစိုက်မနိုင်မှာဆိုးတယ်
ဒါ့ကြောင့် အခုသူမကို ပို့ထားတာ....''
"ဘာလဲ မင်းက ဟန်နီးမွန်း အရင်ထွက်လိုက်တာလား..."
"အေး ငါထွက်နေမှန်းသိရင် မင်းတို့နှစ်ကောင်
အလိုက်သိပြီး စက်လှေတစ်စင်းထက်ငှာလေ..."
ငှားလို့ရရဲ့သားနဲ့နှစ်ယောက်သား
အကျင့်ယုတ်စွာ ကပ်လိုက်လာသော
ကြောင့် စည်းထွက်လာထဲက
အမြင်မကြည့်။
သူ့အပြောကြောင့် နှစ်ဦးသားမျက်နှာများ
ရှုံ့မဲ့ကုန်ကာ..
"စည်း မင်းကလေ မထားတော့လဲမထားဘူး
ထားတော့လဲ ထားစရာနေရာမရှိဘူးဆ်ိုတာမင်းသိလား အဲ့ဒါပဲ သည်းခြေရာကို
ခံတွင်းထဲ ငုံထားလိုက်ပါလား...''
"မင်းကလဲ အခုပဲ ငုံမတက်ဖြစ်နေတာလေ...''
စည်း မိုးထက်နဲ့ကုဋေရဲ့ အပြောကြောင့်
ပြုံးလိုက်ကာ....
"မင်းတို့မှ မခံစားတက်သေးတာ...''
"ဟာ...စည်း ငါမင်းထက်အရင်ထားတာပါကွ
မင်းလောက်မသဲဘူး...''
"အဟွန်း..."
မိုးထက်နှင့် ကုဋေအပြောအား စည်းဘာမှ
ပြန်မပြောဘဲ ပြုံးကာနေလိုက်၍
ရေများလက်ခုပ်လေးဖြင့်ခပ်ကာ
သူ့မအာရုံနှင့်သူမပျော်နေသော သူမအား
ကြည့်၍ အနားသွားလိုက်ကာ...
"သည်းခြေရာ...ငါမင်းကို
မေးစရာရှိတယ်..."
သည်း လူကြီးစကားကြောင့်
ရေဆော့နေရာမှရပ်လိုက်၍...
"ဟုတ် မေးလေ လူကြီး..."
"မင်း အချစ်ဆုံးက ဘယ်သူလဲ...."
"ဟင်...."
သည်း မထင်မှတ်ထားသော စကားကြောင့်
သူ့အားကြောင်အအလေးနှင့် မျက်ဝန်းလေး
ဝိုင်းကာကြည့်၍..
"ဘာ...ဘာလို့လဲဟင်..."
"မေးတာပဲ ဖြေပါ....''
"ဟို....ဟို...အချစ်...အချစ်...''
"ရပြီ...သည်းခြေရာ မင်းလိုမိန်းမက
ငါ ဘယ်လောက်ဂရုစိုက်ပြစိုက်ပြ
မရတော့မဲ့ မိန်းမပဲ...အဟက်...."
စည်းပြောပြီး ကမ်းခြေသို့ ကပ်လာသော
ကြောင့် မြေပြင်ပေါ်ဆင်းကာခြေလှမ်း
ကျဲကြီးများဖြင့် ထွက်လာတော့သည်။
သည်း ဘာမှမပြောလိုက်ခင် သူ့ဘာသူ
ပြောပြီးထွက်သွားသောလူကြီးအား
မျက်ရည်လေးများဝဲကာကြည့်၍.ကျနိနေခဲ့ရှာတော့သည်။
မိုးထက်နှင့်ကုဋေကတော့ နှစ်ဦးသား
နားမလည်နိုင်စွာကြည့်၍..
"ဟာ ဒီကောင်စည်း ဘာဖြစ်သွားတာလဲ.."
သည်းခြေရာကိုကြည့်တော့လဲ မျက်ရည်လေးများဝဲ၍ မျက်နှာလေးငယ်နေရှာတော့သည်။
-----------=---================-^^^^^🍓🍓🍓🍓🍓🍓🍓🍓
"သမီးရေ...ရော့...ဒါလေးတွေ
ဝတ်ကြည့်စမ်း...."
ရွှေ ရင်ထဲမကောင်းစွာတွေတွေလေး
ရှိနေစဥ် မေမေရဲ့အသံနှင့်အတူ
အရှေ့ကို ချပေးလါသော အဝတ်အစားများ
ကြောင့် မျက်ခုံးလေးပင့်တက် သွားသော
ရွှေ..မိခင်အား မော့ကြည့်ကာ...
"ဒါ ဘာတွေလဲမေမေ..."
"အို...ဘာရမှာလဲ သမီးဝတ်ဖို့ မေမေ
နိုင်ငံခြားက မှာပေးထါးတာ မကြာခင်
သားစည်းပြန်ရောက်တော့မယ် အဲ့ဒီအခါ
မေမေသမီးက အလှဆုံးဖြစ်နေရမယ်လေ...."
ရွှေတက်ကြွစွာပြောနေသော မိခင်အပြောအား ဘဝင်မကြလှသော်လဲ စကားများရမှာ
ဆိုးသောကြောင့် ပြုံးပြကာ..
"ဟုတ်ပါပြီ မေမေရယ် ရွှေကိုကိုအသက်ရှင်တယ်လို့ကြားတော့ ဝမ်းသာပါတယ်...
ဒါပင်မဲ့ အခုလိုကြီးဝတ်ဖို့ကြ..."
"တော် သမီး မေမေဒါလုပ်ဆို လုပ်လို့
မေမေလုပ်နေတာ သမီးကောင်းဖို့အတွက်ပဲ
သားစည်းရဲ့အနားမှာ ပညာအရည်အချင်း
ကျော်ကြားမှု ရုပ်ရည် ဂုဏ် ပိုက်ဆံဒါတွေကို
မက်လို့ စည်းရဲ့အနားမှာ ကပ်တွယ်နေကြတာ
အများကြီးသမီး ဒီထဲကမှ မေမေသမီးက
ကပ်တွယ်စရာမလိုလောက်အောင် အရာရာ
ပြည့်စုံနေတာ ဘာလိုသေးလဲသမီးရယ်
သမီးမေမေစကားကိုပဲ နားထောင်လိုက်...."
ရွှေမိခင်အား ဘာမှပြန်မပြောနိုင်စွာ
မော့ကြည့်နေမိသည်။
သူအကိုကိုအပေါ် သံယောဇဉ် ပိုမိတာ
တော့မှန်ပါတယ် ဒါပင်မဲ့ အခုလိုကြီး
ကိုကိုရဲ့သဘောထားကိုမသိသေးဘဲနဲ့တော့
သူမ မကပ်တွယ်ချင်။
အခုအချိန်မှာသူမအား စိုးမိုးလွန်းတာ
ဟိုမိန်းကလေးအိမ်မှာတွေ့ခဲ့တဲ့
ကလေးလေးပင်။
သူမကို ကြည့်သောအကြည့်များမှာ
မိခင်တစ်ဦးကို ကြည့်သလို အကြည့်များက
ပျော်ဝင်လျှက် ရွှေရင်ထဲတစ်ဆက်ဆက်တုန်လာသည့်အထိ ဆွဲဆောင်လွန်းလှသည်။
"သမီး...သမီး....မေမေပြောတာကြားရဲ့လား..."
ရွှေမေမေအသံကြောင့် သတိပြန်ဝင်လာကာ...
"ဟုတ်...ဟုတ်ကဲ့မေမေ ရွှေကြားပါတယ်..."
"အင်း ဒါဆို ဒါတွေသိမ်းလိုက်အုံး
ဆေးလဲသောက်ဖို့မမေ့နဲ့နော် သားစည်းက
နောက်သုံးရက်လောက်နေမှ ပြန်လာမယ်တဲ့...
ဒီကောင်လေး ဘာများလုပ်နေလို့လဲမသိဘူး
ဒီမှာ အားလုံးကစိုးရိမ်နေတာကို..."
ပြောပြီး အပေါ်တက်သွားသော မိခင်ဖြစ်သူအား ရွှေကြည်၍ သက်ပြင်းလေးချလိုက်မိသည်။
"ကိုကိုရယ်....အသက်ရှင်လျှက်ပြန်လာပေးတါကို ကျေးဇူးတင်ပါတယ်...."
-------====================^^^&^🍓🍓🍓🍓🍓🍓🍓
"ရွှေစင် ဘာတွေလုပ်နေတာလဲ တစ်အိမ်လုံး
လဲ ကောင်မလေးတွေ အပြေးအလွှားနဲ့..."
ဒေါ်ရွှေစင် မျက်နှာမှာ အခုမှ ပြုံးရွှင်လာ
နိုင်၍ ထမင်းလဲ ပြန်စားလာတာဖြစ်သည်။
သားဖြစ်သူ အသက်ရှင်တာသိရတော့
သူမ အပျော်လွန်ပြီး ငိုနေသောကြောင့်
ဦးလမင်း မနည်းချော့ခဲ့ရသည်။
အခုလဲ တစ်အိမ်လဲ အလုပ်သမားမလေးတွေ
အလုပ်ရူပ်နေသည့်အပြင် ပန်းများအလှပြင်ဆင်နေသော ဇနီးသည်အား ပြုံးကာကြည့်၍
မေးလိုက်သည်။
"မကြာခင် သားပြန်လာတော့မယ်လေ
ဒါ့ကြောင့် အိမ်ထဲက မကောင်းတဲ့အရာတွေ
ပပျောက်အောင် ကောင်မလေးတွေကို
သရော်ကင်ပွန်းနဲ့ဆေးခိုင်းနေတာ...ပြီးတော့
သားပြန်ရောက်တာနဲ့ ဆရာတော်တွေပင့်ပြီး
အလှူလေးလုပ်ပြီး ပဋ္ဌာန်းတော် တစ်အိမ်လုံး
ရွတ်ဖတ်ပူဇော်မလို့ ကိုကြီး...."
ဇနီးသည်အပြောအား ဦးလမင်း သဘောကျစွာခေါင်းငြိမ့်လိုက်၍...
"ကောင်းတာပေါ့ကွာ...သားလဲသဘောကျမှာ
ပြီးတော့ ဒါ ကိုယ်တို့ ဗုဒ္ဓဘါသာတွေရဲ့
အလှူပဲ လုပ်...."
"ဟုတ်...ဒါနဲ့ ကိုကြီး ဘယ်ကပြန်လာတာလဲ..."
"သားကိစ္စကြောင့် ရပ်နားထားတဲ့ ကုန်တိုက်
ဖွင့်ပွဲအတွက် လိုအပ်တာတွေသွားမှာကြားတာ နောက်လလောက်ဖွင့်ဖြစ်မယ်...."
"ဟင်...ဒါဆို အလယ်ထပ်တစ်ထပ်လုံး
ရွှေစင်ကို ငှားမယ်မဟုတ်လား ကိုကြီး
ရွှေစင် ရတနာဆိုင်ဖွင်မလို့...."
"မလေးဗျာ အိမ်မှာပဲနေပါ ဘာမှမလုပ်ရပါဘူး
ကိုကြီးရှာပေးတါ အဆင်သင့်ထိုင်ယူပါ
မိန်းမရယ် အဲ့ဒီအထက်က သားကအပိုင်
ဝယ်ထားတာ အရက်ထဲက...."
"ဟင်..သားကဟုတ်လား ဘာလုပ်မလို့လဲ..."
"ဆေးပစ္စည်း အရောင်းခန်းဖွင့်မလို့တဲ့
ဆေးဘက်ဆိုင်ရာ အစုံပေါ့ကွာ....''
"အို ကောင်းတာပေါ့.. သားက
အမျှော်အမြင်တော့ ရှိသားပဲ
မဟုတ်ရင် ပိုက်ဆံတွေ ဘယ်သွားထားမလဲ
မသိ...."
"အဲ့ဒါပြောမလို...ကိုကြီး သားကို
မိန်းမပေးစါးလိုက်ချင်တယ်..."
ခင်ပွန်းသည်ဆီက ကြားရသော
စကားကြောင့် ဒေါ်ရွှေစင် အံ့သြကာ
လက်ထဲက ပြီးစီးသော ပန်းအိုးလေးအား
ဘေးသို့ချကာ...
"ဘာလို့လဲ ကိုကြီး အခုမှ အထူးအဆန်း
ပြီးတော့ ရွှေဥကလဲ သမီးလေးရွှေနဲ့
လက်ထပ်ပေးဖို့ပြောထားတယ်လေ...."
"ကိုယ် သမီးရွှေကိုတော့ သဘောကျပါတယ်
ဒါပင်မဲ့ ရွှေစင်သူငယ်ချင်း ရွှေဥနဲ့
သူ့အမျိုးသား ဗိုလ်စိန်အောင်ကိုလဲ
ကိုယ်ကြည့်ရတာ သူတ်ို့အကျင့်တွေကို
သိပ်မကြိုက်ဘူး ရွှေစင် ပြီးရင် သားရဲ့
ပညာအရှိန်ကိုပါယူပြီး အခြားကိစ္စတွေဖြစ်လာမှာကိုယ်စိုးရိမ်တယ်..."
သူမ ခင်ပွန်းဖြစ်သူ အပြောအားနားထောင်
နေရင်း ခေါင်းငြိမ့်လိုက်ကာ...
"ဒါဆို....ကိုကြီး သဘောကျတဲ့လူ
တွေ့ထားလို့လားဟင်...''
"အင်း ဆိုပါတော့ ကြာပါပြီ ကိုယ်လုပ်
ငန်းကိစ္စ ခရီးသွားရင်း မိတ်ဆွေဖြစ်လာတာ
သူ့မှာ သမီးလေးရှိတယ်တဲ့ ပြောပြတော့
ကိုယ်သားနဲ့မြင်မိတယ်.... "
"ကိုကြီးရယ် အပြင်မှာလဲ မမြင်ဖူးပဲနဲ့.. "
"ကိုကြီးကလဲအခုချက်ချင်းမဟုတ်ပါဘူး
သားပြန်လာမှ သားကို လူချင်းတွေ့ပေး
ပြီးမှ ပါ...''
"ဟုတ်ပါပြီ သားကိုအေးဆေးနားပါစေအုံး
ပြီးမှ အဲ့ဒီကိစ္စ ရွှေစင်တို့ ထပ်ပြောကြတာပေါ့..."
"ဟုတ်ပါပြီ...ဗိုက်စာတယ်..."
"ကိုကြီး ရေအရင်သွားချိုးလိုက်..
ရွှေစင် ထမင်းပွဲ ပြင်ထားမယ်နော်..."
"Ok ပါဗျာ..."
ပြောပြီး အပေါ်ထပ်တက်သွားသော
ခင်ပွန်းဖြစ်သူအား ကြည့်၍ ပြုံးကာ
ကျန်ခဲ့တော့သည်။
သားနဲ့တူတယ်လို့မပြောရ အသက် ၆၀
ပြည့်တော့မှာတောင် အခုထိသွက်လက်
ဖြတ်လက်နေတုံး။
------=====================^^^🍓🍓🍓🍓🍓🍓
သည်းအားလိုက်ပို့သော ပါချုပ်နှင့်
ကိုမိုးထက်အား သည်း မဝံ့မရဲလေး
ကြည့်၍...
"အဟင့်...ဟင့်.. သည်းမသွားရဲဘူး..."
"သွားပါ သည်းခြေရာရယ် ငါတို့နှစ်ယောက်
နားပါမခံနိုင်တော့လို့ပါ ညီမကိုသာ စ်ိတ်ဆိုးတာ ပြန်မလာသေးလိူ့ အကိုတို့ကို ဖုန်းနဲ့ပြောနေတာ ဆယ်ခါမကတော့ဘူး...''
"ဟုတ်တယ် သည်းခြေရာ ဒီကောင်ကြီး
မလွယ်ဘူး သွားဝင်တော့ ဘာမှမဖြစ်ဘူးနော်..."
ပါချုပ်နှင့်ကိုမိုးထက်အား သည်း အားနာစွာ
ကြည့်၍...ခေါင်းလေးငြိမ့်ပြကာ အခန်းတံခါးအား ကြည့်၍ မဝံ့မရဲလေး အခန်းထဲ ဝင်လာလိုက်သည်။
အခန်းထဲအရောက် လူကြီးအားမတွေ့သော
ကြောင့် သည်း မျက်ဝန်းလေးဟိုဘက်ဒီက
ဝေ့ကြည့်ချိန် အရိပ်အယောင်ပင်မတွေ့သောကြောင့် သက်ပြင်းလေးချကာ တံခါးဝဆီ
ပြန်လှည့်လ်ိုက်ချိန်...
ဘုတ်....
"အာ့....ဟင်...လူ....လူကြီး..."
သည်း အထိန့်တလန့်လေးဖြစ်သွား၍
သူ့အား မျက်မှောင်ကြီးကုတ်ကာ
စူးစိုက်ကာငုံ့ကြည့်နေသော လူကြီးကြောင့်
သည်း ခေါင်းလေးငုံ့သွား၍ မျက်နှာလေး
ငယ်သွားကာ..
"လူ...လူကြီး သည်း...သည်းကလေ.. "
"ငါ ပြန်လာတာနဲ့ ဘာလို့ပြန်မလိုက်လာတာလဲ
သည်းခြေရာ...မင်းကိုယ်မင်းအပျိုထင်နေလားဟမ်....ဘာကြောင့် လူကိုစိတ်ပူအောင်
လုပ်နေရတာလဲ..''
သည်း သူမ ပခုံးလေးအားကိုင်ကာမေးလာသောလူကြီးကြောင့် မင်သေသေလေး
ကြည့်နေ၍ မျက်ရည်လေးများ ဝဲတက်လာကာ..
"လူကြီး သည်းကို အဲဲဒီလိုမပြောပါနဲ့
သည်းက လူကြီး ဘာဖြစ်သွားမှန်း
မသိတာကို လိုက်လာရဲမလား..အဟင့်...
ဟင့်...သည်းကိုယ်သည်း အပျိုမဟုတ်မှန်း
လဲသိပါတယ်...လူကြီးပြောစရာမလိုပါဘူး..
အဟင်....ဟင့်...သူများသားသမီးနုနုလေးကို
စားချင်တိုင်းစားပြီး အခုမှ လာအော်နေတယ်..အဟင့်...ဟီး....အဟင့်...ဟင့်.. "
ငိုနေသော သူမအား စည်း ကြည့်၍
မျက်နှာကြီးရဲသွားကာ..
"မင်း မဆိုင်တာတွေထည့်မပြောနဲ့သည်းခြေရာ မင်းကအခုက ငါ့မိန်းမ ငါ့အပေါ်ပဲ
စိတ်နှစ်ထား..."
"အဟင့်..သည်းက လူကြီးအပေါ်စိတ်
မနှစ်ထားလို့ ဘယ်သူ့အပေါ်နစ်နေလို့လဲ
ကိုရီးယားမင်းသားတောင်မကြိုက်ရတော့ဘူးလား..."
"ဘာ...ဘယ်လို ကိုရီးယား မင်းသားဟုတ်လား..."
"ဟုတ်တယ်လေ သည်းငယ်ငယ်ထဲက
ကြည့်ပြီးကြိုက်ခဲ့ရတဲ့ F4မင်းသား
ဂူဂျွန်ဖြ်ိုးလေ....အဲ့ဒါသည်းအချစ်ဦး
လို့ပြောတာကို လူကြီးကဘာဖြစ်နေမှန်း
မသိဘူး...အဟင့်......မနေဘူး...သည်း
လူကြီးနဲ့ တစ်ခန်းထဲ မနေဘူး..."
ပြောပြီး ရေချိုးခန်းဘက်လျှောက်သွားသော
သူမအား စည်းကြည့်ကာ...
"အဲ့ဒါ ရေချိုးခန်းကြီးလေ..."
"သိပါတယ် ခြေတွေလက်တွေဆေးချင်
လို့ ပြီးရင်သွားမယ်..ဟွန့် လူဂွစာကြီး ...''
ပြောပြီး ရေချိုးခန်းထဲသွားသော သူမအား
စည်းကြည့်၍ အခုမှပဲ ပြုံးနိုင်တော့ကာ...
"အဟွန်း အချစ်ဦးက ဒါကို..."
လက်မဖြင့် မျက်ခုံးကြီးအား အရှက်
ပြေခြစ်လိုက်၍ ရင်ထဲ ဝမ်းသာလုံးစို့ကာ
ရေချ်ိုးခန်းဆီ ခြေလှမ်းကျဲကြီးများဖြင့်
လှမ်းသွားသော စည်း။
သည်းရေချိုးခန်းထဲကနေ နှုတ်ခမ်းလေး
ထော်ကာ သူ့အား စိတ်ထဲကနေ ပြောနေလိုက်စဥ်....
ဂျလောက်..
"အို....လူ..လူကြီး ဘာလုပ်မလို့လဲ ...''
"မချိုမချဥ်ပြုံးကာဝင်လာသော
လူကြီးရဲ့ အပြုံးများကြောင့် သည်း
နေစရာမရှိအောင် လန့်ဖျန့်သွားကာ
ခြေလှမ်းလေးများ အနောက်သို့ဆုပ်၍
မေးလိုက်ချိန်....
စည်း နှတ်ခမ်းအား တစ်ချပ်ဖိသပ်၍
သူမအနား တဖြည်းဖြည်း တိုးသွားကား
ခါးလေးကနေ သူမကိုယ်သေးသေးလေးအား
တစ်ကိုယ်လုံး သိမ်းကြုံးဖက်ထားလိုက်၍
သူ့ရဲ့ အညို့ဓာတ်ပါသော မျက်ဝန်းများဖြင့်
သူမရဲ့မျက်နှာလေးအား စူးစိုက်ကြည့်ကာ...
"စိတ်ဆိုးနေတဲ့ မိန်းမကို ချော့မလို့...
ဟွန်း....ဟွန်း..."
သည်း လူကြီးရဲ့ လူယုတ်မာရယ်သံ
ကြောင့် အလန့်တကြားလေး ခေါင်းလေး
ရမ်းလိုက်ကာ...
"ဟင့်အင်း...သည်း မဆိုးဘူး...လူကြီးနော်...."
"မရတော့ဘူး ကိုယ်အရမ်းချော့ချင်နေပြီ...''
"အို....လူကြီး..."
ပြောလဲပြောသည်းကိုယ်လေးအား
ပေါ့ပါးစွာပွေ့ချီလိုက်၍... ရေချိုးခန်း
အပြင်ဘက် မွေ့ယာကြီးဆီလှမ်းလာချိန်
သူ့အကြံကို သိသွားသော သည်း မျက်ဝန်းလေးများပြူးကာ...
"လူကြီးနော်..သည်း ကိုက်မှာ...အဟင့်..."
"အိပ်ယာပေါ်ကြမှ အဝကိုက်ကြတာပေါ့...
အဟက်...''
"အို....''
သူ့အပြော သူ့ရယ်သံကြောင့် သည်း
မျက်နှာလေးမှာရဲတက်ကာ
သူ့ခေါ်ရာနောက် ရှက်ရွံ့စွာပါလာခဲ့တော့သည်။
ဟွန့်...ဒီလူကြီးအရမ်းဆိုးပါသည်။
ဆက်ရန်....
စာရေးသူ - လွမ်းခြင်း