book

Index 34

အပိုင်း(34)

  • Author : Lwanchin
  • Genres : Romance, Drama


"စည်း...သည်း​ခြေရာရော..."


ကုဋေ ဝိုင်ခွက်ထဲ ဝိုင်ထည့်ရင်းရှာနေသလို

မိုးထက်ကတော့မနေနိုင်စွာ မေးလိုက်သည်။


စည်း လက်သွယ်သွယ် ရှည်ရှည်များက

ဝိုင်ခွက်အား အသာလှုပ်၍ ကြည့်ကောင်း

လှသော နှုတ်ခမ်းတို့က ပြုံးလိုက်ကာ...


"အခန်းထဲမှာ နေသိပ်မကောင်းလို့

သိပ်ထားခဲ့တယ်..."


စည်းအပြောကြောင့် နှစ်ယောက်သား

မျက်ခုံးများပင့်တက်စွာကြည့်လိုက်၍...


"စောစောက အကောင်းကြီးပါ....."


"အခုမကောင်းတာ...."


"အေးပါ မင်းပြောတော့လဲ ယုံရတာပေါ့....

ဒါနဲ့ပြောပါအုံး...မင်းနဲ့သည်းခြေရာ ဘယ်လိုကနေ ဘယ်လိုကံကောင်းပြီး အဲ့ဒီကျွန်းကို

ရောက်သွားတာလဲ...''


ကုဋေအမေးကြောင့် စည်း မျက်ဝန်းများ

အရှေ့က ပြာလဲ့လဲ့ရေကန်ကြီးအား

ကြည့်ကာ ထိုအချိန်ကအဖြစ်အပျက်များအားမြင်ယောက်သွားကာ နှုတ်ခမ်းများက ပြုံးယောင်

သမ်းသွားလျှက်...


"အင်း ကံကောင်းစွာနဲ့ရောက်သွားတာ

ငါတို့ကားထဲက ထွက်နိုင်တော့ အဲ့ဒီကျွန်းနား

ရောက်နေတာ ငါလဲသတိမေ့နေတဲ့သည်းခြေရာကို အဲ့ဒီကျွန်းကြီးပေါ်ဆွဲပြီး ကူးသွားရတာ....''


"မင်းရေကူးတက်လို့ပေါ့စည်းရာ

မဟုတ်ရင် ငါတို့မင်းတို့ကို အခုအချိန်မှာ

မြင်ရမှာမဟုတ်တော့ဘူး...."


"ဟုတ်တယ်စည်း မင်းရေကူးတက်တာ

မင်းအသက်နဲ့သည်းခြေရာအသက်ကို

ကယ်လိုက်တာပဲ....''


မိုးထက်နှင့် ကုဋေအား စည်း တစ်ချက်

ကြည့်၍....


"ငါ့ကိုလဲ သူမကယ်ထားပါတယ်

သူမကြောင့်ပေါ့ မဟုတ်ရင်ငါ

အဖျားမိလောက်ပြီ...."


"မင်းတို့နှစ်ယောက် ဘာတွေနဲ့စား

သောက်ကြလဲ...."


"ကျွန်းပေါ်ဆိုတော့ ငှက်ပျောသီးပဲ

ရှိတယ် အဲဒါနဲ့အသက်ဆက်ရတာပေါ့....''


"ဒါနဲ့မင်း သည်းခြေရာကို ဘယ်လို

အပိုင်ချုပ်လိုက်တာလဲ...."


မိုးထက်အမေးကြောင့် စည်းနှုတ်ခမ်း

များပြုံးယောင်သမ်းသွားသလို

ချက်ချင်း သူမရည်စားဦးကလဲ

ခေါင်းထဲဝင်လာ၍...


"မင်းတို့ကို ငါမေးမလို့..."


မိုးထက်နှင့်ကုဋေ အထူးအဆန်း

မေးစရာရှိသော စည်းကြောင့် နစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်

ကြည့်၍...စည်းအား ပြန်ကြည့်ကာ...


"မေးလေ...ဘာများလဲ..."


"အချစ်ဦးဆိုတာ မေ့ဖို့ခဲရင်းလား

မင်းတို့ရော ထားဖူးလား...''


"ဟမ်း ဘာဖြစ်လို့လဲ ...''


"ငါမေးတာပဲ ဖြေပါ...."


ထိုအခါစပ်စက်စုစုရှိတက်သောမိုးထက်တစ်ယောက် စဥ်းစားနေကာ..ခဏအကြာ..


"ငါသိတာတော့ အချစ်ဦးဆိုတာ

မေ့ဖို့ခက်တယ်လဲပြောတယ် ဒါပင်မဲ့.လက်ရှိတစ်ယောက်ထက်တော့ မပိုပါဘူးကွာ....

ဘာလဲသည်းခြေရာမှာ အချစ်ဦးရှိလို့လား..."


"အေး...တောက် ငါတောင်မထားတာ

သူလို လက်တောက်လောက်က 

အချစ်ဦးတွေဘာတွေနဲ့...."


စည်းအပြောကြောင့် မိုးထက်နှင့်ကုဋေ

ပြုံးလိုက်၍...


"အခုမင်းပိုင်နေပြီပဲ...ဘာကိုစိုးရိမ်နေတာလဲ

စည်းရာ...ဒါနဲ့မင်းရန်ကုန်ရောက်ရင်

အကြီးကြီး မုန်တိုင်းရှိတယ်နော်..."


မိုးထက်အပြောကြောင့် စည်း

မျက်မှောင်ကြီးကုတ်သွားကာ...


"ဘာကိုလဲ....''


"မြို့ဝန်မင်းသမီး မင်းခွဲစိတ်ထားတဲ့

လူနာလေ ပြန်သတိရနေပြီ အဲ့ဒါမင်းနဲ့.ငယ်ငယ်က ခင်ခဲ့တဲ့ ကောင်မလေးဆို သူ့အမေကတော့ မင်းနဲ့သူ့သမီးက လက်ထပ်ပေးဖို့

ရည်ရွယ်ထားတာပဲပြောနေတယ်နော်...

အခုထဲက မင်း သည်းခြေရာကို တကယ်

ချစ်ရင် တစ်ခုခုလုပ်သွားဖို့ကောင်းတယ်..."


စည်း မျက်မှောင်ကုတ်သွားကာ

လက်ထဲက ဝိုင်ခွက်အားပြန်ချလိုက်၍....


"ငါက ကလေးလားကွာ...ပျော့ညံ့ညံ့

လူထဲမှာ ငါမပါဘူး ငါ သည်းခြေရာကိုပဲ

လက်ထပ်မှာ....."


"အေးပါ မင်းသိအောင်ပြောပြတာ

မင်း ဘယ်လိုလူလဲဆိုတာ ငါတို့လဲ

သိပါတယ်....ဒါပင်မဲ့ ဒေါ်ရွှေဥ

ဆိုတဲ့အမျ်ိုးသမီးကြီးကမလွယ်ဘူး

မင်းအဆင်ပြေရင်ပြီးတာပဲ...သည်းခြေရာ

ဗိုက်စာနေမှာပေါ့...သွားခေါ်...ခေါ်... ခေါ်..."


ထိုအခါ စကားရပ်သွားသော မိုးထက်ကြောင့်

စည်းနှင့်ကုဋေ နှစ်ယောက် မိုးထက်

ပါးစပ်အဟောင်းသားနှင့်ကြည့်ရာဆီ

ကြည့်လ်ိုက်ချိန်...


"ဟင်....သည်းခြေရာ...."


ဂါဝန်ပေါင်လောက်လေးနှင့် ချစ်စဖွယ်

ကောင်းနေပြီး ဖွေးဖြူနေသော ​ခြေတံလေးများက ဝင်းဝါနေကာ ဆံနွယ်ခါးလောက်

လေးက ယိမ်းခါနေ၍ သူ့တို့ဆီ လျှောက်လာ

ချိန် ဘေးက လူတွေရဲ့အကြည့်သည်လဲ

အရမ်းလှ၍ ချစ်စရာကောင်းနေသော

သူမလေးဆီ ရောက်လာသောကြောင့်

စည်း မျက်မှောင်ကြီးကုတ်ကာနေတော့သည်။


ကုဋေ နှုတ်ခမ်းကလဲ အသံထွက်သွားသလောက် စည်း မျက်နှာကြီးမှာ

တည်တင်းနေ၍....ထိုင်နေရာမှ

ထသွားကာ ခြေလှမ်းကျဲကြီးများ

ဖြင့် သူမအနားလျှောက်သွား၍...


"လာ အခန်းထဲ ပြန်လိုက်ခဲ့   ...''


"အို..လူကြီးနော်..."


လူကြီးနော်ပြောနေသော်လဲ ရက်ကန်ရက်ကန်

ဖြင့်ပါသွားသော သည်းခြေရာ။


-----========================^^^^🍓🍓🍓🍓🍓🍓🍓


"အို...လူကြီးလွတ်ပါ သည်းဗိုက်စာနေပြီ..."


အခန်းထဲအရောက် စည်ထွက်နေသော

ဒေါသများအား မျိုချလ်ိုက်၍ နှုတ်ခမ်းလေး

ဆူထော်နေသော သူမအား ကြည့်၍...


"ပြောစမ်း ဒါ ဘာတွေဝတ်ထားတာလဲ..."


လူကြီးအပြောကြောင့် သည်း 

သူမကိုယ်သူမငုံ့ကာကြည့်လ်ိုက်သညိ။


အဖြူရောင် ဂါဝန်လေးက သည်းနဲ့

လိုက်ဖက်ပါသည်။


သည်း နားမလည်နိုင်စွာ လူကြီးအား

မျက်ဝန်းပြူးပြူးလေးဖြင့် မော့ကြည့်ကာ..


"ဘာလို့လဲ သည်းက ကိုမိုးထက်တို့

ဝယ်လာတဲ့ဟာ ဝတ်တာလေ...''


"ဟ အဲ့ဒီထဲမှာ ဒီထက်ရှည်တာတွေ

ရှိတယ်လေ...အခုချွတ်...ဝတ်ပေးမယ်..."


"အို..ဟင့်အင်း မချွတ်နဲ့ မချွန်ဘူးနော်...

ရှင်ကြီး သူများက်ို အနိုင်မကျင့်နဲ့.အဟင့်..

သူများလှတာမနာလိုနေတာ... အဟင့်..

ဟင့်...."


သည်း ငို၍ သူ့လက်ထဲက အတင်း

ရုန်းနေသော်လဲ ဂါဝန်လေးမှာ

​ခြေဖျားဆီ ပုံကျသွားတော့သည်။


ထို့နောက်စည်း ဝယ်ထားသော အဝတ်

တွေထဲမှ လက်ရှည်တစ်ထည်နဲ့ ဘောင်းဘီ

အရှည်အပွတစ်ထည်အား ယူ၍

ကျေနပ်စွာပြုံးလိုက်သည်။


"ဒါ ဝတ်ရမယ်..."


သူ့လက်ထဲက အဝတ်အစားအား

သည်းကြည့်၍ ခေါင်းလေးရမ်းလိုက်ကာ

ရသ်ဘက်လေးအား လက်ကလေးဖြင့်

ရှက်လိုက်၍...


"ဟင့်အင်း ဘာကြီးလဲမသိဘူး...မဝတ်ဘူး

နော်..."


ငြင်းသာငြင်းနေသော်လဲ သည်းကိုယ်လေး

အပေါ် ထိုလက်ရှည်ကြီးရောက်ရှိနေပြီ

ဖြစ်ကာ..ဘောင်းဘီပါဝတ်ပေးရန်ပြင်နေသောကြောင့် အလန့်တကြား သူ့လက်ထဲက

ဘောင်းဘီအားဆွဲယူ၍...


"ဟင့်...လူယုတ်မာကြီး...သည်းကို

အနိုင်ကျင့်တာ ရှင်ကြီးကို တစ်သက်.မကျေဘူး.. ဟီး.. .အဟင့်...ဟင့်... "


ပြောပြီး ရေချိုးခန်းထဲ ပြေးဝင်လာကာ

ငိုရင်းကြိမ်ဆဲပြီး ဝတ်ကာ ရှိုက်၍

ထွက်လာသော သူမ။


ထိုအချိန် စည်း မျက်နှာမှာပြုံးနေရာမှ

ချက်ချင်းပြန်တည်သွား၍...


ကျစ်...ဘာလို့ မဟုတ်တာဝတ်လဲ

ချစ်ဖို့ကောင်းနေရတာလဲ...


စိတ်ထဲကနေ ပြောပြီး အနားအား

ခြေလေးစောင့်ကာ လျှောက်လာသော

သူမအားကြည့်၍ နောက်တစ်စုံလဲခိုင်းရင်လဲ

သူမကျိမ်ဆဲမှုကြောင့် သူအကောင်းတိုင်း

ရှိမှာမဟုတ်တော့။


"လာ သွားကြမယ်...."


စိတ်ထဲ ကျေနပ်မှုမရှိသော်လဲ သူမလက်ကလေးအား ဆွဲခေါ်၍ မိုးထက်တို့

ရှိရာ ခေါ်လိုက်လာလိုက်သည်။


ထိုအဝတ်အားဝယ်လာသော

ဟိုနှစ်ကောင်ကိုသာ စည်း မေတ္တာပို့နေလိုက်သည်။


သူ သူမအား ချစ်ကြောင်းတွေထုတ်မပြောတက်ပင်မဲ့လဲ သူမရဲ့ အလှတရားများအား

ဘယ်ယောကျာ်းလေးမှ ကြည့်တာမကြိုက်။


ဟိုရောက်တော့ သူကောင့်သားနှစ်ယောင်

မျက်နှာမှာပြုံးစိစိဖြစ်နေကြပြီး သူ့ကြည့်

လိုက်မှ မျက်နှာပိုးသက်သွားကြ၍...


"သည်းခြေရာ ညီမလေး ဘားစားမလဲ

မှာပေးမယ်..."


စည်း အခုမှ ဧည့်ဝတ်ကျေနေသော

မိုးထက်အား ကြည့်၍...


"ငါ့ မိန်းမ ငါမှာပေးမယ်..."


"အေးပါကွာ မင်းကလဲ..."


မိုးထက်စည်းအား ပိုရန်ကောအကြည့်ဖြင့်

မျက်စောင်းထိုးကာ ပြုံးနေတော့သည်။


"မင်း ထမင်းပေါင်းစားမလား..."


"ဟင့်....ဟင့်...ဟုတ်..."


ထိုအချိန် ခေါင်းလေးငုံ့နေသော

သူမထံမှ  ရှိက်သံလေးပါထွက်လာသော

ကြောင့် စည်း သူမအား ငဲ့ကြည့်ကာ...


"ခေါင်းမော့ ငိူမနေနဲ့ ဒီပုံစံလဲချစ်ဖို့ကောင်းတယ်..."


"ဟင်..."


လူကြီးစကားကြောင့် ရှက်၍ ခေါင်းငုံ့နေသော

သည်း မော့ကြည့်လိုက်ချိန် သည်းအား

ငုံ့ကြည်လာသော လူကြီးရဲ့နွေးထွေးသော

မျက်ဝန်များဖြင့် စုံစည်းနေချိန်....


ဘေးက မိုးထက်နှင့် ကုဋေ နှစ်ယောက်သား

ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြတော့သည်။


---------===================^^^^^🍓🍓🍓🍓🍓🍓🍓


"တောက် ဒီမိန်းမ အသက်ကျောရှည်

လိုက်လား အခုတော့...တောက်! !...."


ညို့ အခန်းထဲ ခေါက်တုန့်ခေါက်ပြန်

လျှောက်၍ ဒေါသများထွက်နေတော့သည်။


ဖခင်ဖြစ်သူမှာလဲ သူ့သမီးနဲ့နေဖို့

ဆိုပြီး အိမ်တစ်လုံးအား အားချင်း

ပြင်ဆင်နေသောကြောင့် ညို့ ရင်နာစွာ

ဒေါသတွေပို၍  ထွက်နေရသည်။


ဘာကြောင့် အမြဲတမ်း သူ့သမီးပဲ

ဦးစားပေးနေရတာလဲ ဘာ​ကြောင့်

ည်ို့ဆို အမြဲတမ်းအနောက်မှာ

ထားတက်ရတာလဲ...ညို့ကိုဘာကြောင့်

သည်းခြေရာလောက် မချစ်ရတာလဲ...


"မရဘူး ဖေဖေ ဖေဖေညို့ကလွဲပြီး

ဘယ်သူ့ကိုမှ မချစ်ရဘူး...ညို့ကလွဲ

ပြီး ဘယ်သူ့ကိုမှ ဂရုမစိုင်ရဘူး...အဟင့်...

ဖေဖေဂရုစိုက်တဲ့အရာတွေဆို ညို့က

ဖျက်စီးပစ်မှာ...ဖေဖေသိလား...ဟား...."


ပြောလဲပြော ရယ်လဲရယ်နေကာ

ပါးပြင်မှ မျက်ရည်များစီးကျလာသည်မှာ

အရူးမလေးသဖွယ်ပင်။


"အဟွန်း သည်း​ခြေရာ နင်က အသက်ပြင်းတယ်ပေါ့...ပြန်လာခဲ့ နင့်ကို ဖေဖေအနားကနေ ငါအပြီးအပိုင် ထွက်သွားအောင် လုပ်ပြ

မယ် သည်းခြေရာ...."


ဒုန်း...


ထိူအချိန် အခန်းအပြင်ဘက် က

အသံကြောင့် ညို့အခန်းထဲက

ပြေးထွက်လာချိန် အဝတ်အစား

သေတ္တာအား ယူကာ အပေါ်ထပ်က

ဆင်းရန်ပြင်နေသော ဖေဖေ။


မေမေကတော့ ဖေဖေဘေးတွင်

မျက်နှာမကောင်းစွာရပ်နေချိန်...

ညို့ ဖခင်ဖြစ်သူအနား ပြေးသွား၍...


"ဖေဖေ ညို့တို့ကို ထားခဲ့ပြီးသွားတော့မယ်ပေါ့....သွားပါ ဖေဖေ ဖေဖေရင်ထဲမှာ

သည်းခြေရာဆိုတဲ့သမီးတစ်ယောက်ပဲ

ရှိတော့တာကို ညို့ဆိုတဲ့ သမီးကိုတော့

ဖေဖေဘယ်တော့မှ မချစ်ခဲ့ဘူး..."


ပြောလဲပြော အခန်းထဲပြန်ပြေးဝင်သွားသော

သမီးဖြစ်သူအား ဦးဆန်းကမ္ဘာကြည့်၍

မျက်ရည်များဝဲကာ...


သမီးကို ဖေဖေချစ်တာပေါ့...သမီးရယ်

အချိန်တန်ရင် ဖေဖေမေတ္တာတွေကို

သမီးတို့ နားလည်လာမှာပါ....


"ကိုကြီး ကျန်းမာရေးရော ကောင်းအောင်

နေနော် တစ်ခုခုဆို ဖုန်းဆက်နော်...''


"အေးပါကွာ မင်း သမီးညို့ကို

ဂရုစိုက်နော် ကိုယ်မကြာခင်

ပြန်လာမှာပါ..."


ဦးဆန်းကမ္ဘာပြောပြီး ကားရှိရာ

ဆီ ထွက်လာခဲ့တော့သည်။


------------==================^^^^^^🍓🍓🍓🍓🍓🍓🍓


"ဟီး..အဟင့်....ဟင့်....အီ...ဟီး...

အဟင့်...ဟင့်.. "


စားပြီးလို့ ပြန်ရောက်ထည်းက 

စောင်ခြုံကာငိုနေသော သူမအား

စည်းဘေးကနေ စိတ်ရှည်လက်ရှည်

ကြည့်နေလိုက်သည်။


"အဟင့်.. ဟင့်.. ဟီး...အဟင့်.. ဟင့် ..."


"သည်းခြေရာ...မင်းဒီတစ်သက်

တိတ်အုံးမှာလား ငါစောင့်နေတာ

နာရီဝက်ရှိပြီ..."


"လူကြီးကို ဘယ်သူက စောင့်ခိုင်း

လို့လဲ ကိုယ့်ဘာသာကိုယ် နေပါလား

သည်း ငိုတာတောင် လွတ်လွတ်လပ်လပ်

ငိုပါရစေ...."


"မင်း ဘာကြောင့် ငိုနေတာလဲ ဒါဆို..."


"ဟင့်..အဟင့်..ဟင့် ရှက်လို့ပေါ့

လူကြီးကြတော့ ဝတ်ထားတာ

ချောနေတာ သူများကြတော့...

ဟီး....အဟင့်ာ...ဟင့်....ဟီး..."


ဆေးကျောင်းသူ ဒုတိယနှစ်ကျောင်းသူ

ဖြစ်သော်လဲ ကလေးဆန်သော သူမကြောင့်

စည်း နှုတ်ခမ်းတွေပြုံးယောင်သမ်းနေကာ...

ငိုရင်း သူ့အား ရန်တွေ့နေသော သူမပုံစံလေး

ကြောင့်လဲ စည်း ချစ်စိတ်တွေတိုးကာ

အသည်းတစ်ယားယား ဖြစ်နေတော့သည်။


"မင်း ကို ကြည့်ကောင်းတယ်လို့

ပြောတယ်လေ..."


"ဟီး...အဟင့်...ဘာမှမဟုတ်ဘူး

သည်းကို မညာနဲ့ ဒါဆို ပါချုပ်ကြီးနဲ့

ကိုမိုးထက်က ဘာလို့သည်းကို

ကြည့်ပြီး ရယ်နေတာလဲ...ဟီး  .အဟင့်...

ဟင့်.. သူများကို တမင်ရုပ်ဆိုးအောင်

လုပ်သွားတာ....လူကြီးက အကျင့်မကောင်းဘူး မိန်းမရရင်..ဂျပု...ဟီး...အဟင့်......ဟင့်....''


ကျိန်ဆဲတာအား တစ်ဝက်တစ်ပျက်နှင့်

ရပ်သွားးသော သူမကြောင့် စည်း မျက်နှာမှာပြုံးသွားကျ၍...


"ပြောလေ မိန်းမရရင် ဘာဖြစ်လဲ အခုလဲ

ဂျပုမနဲ့ရနေတာပဲ ကျိန်ဆဲမနေနဲ့တော့..."


"အဟင့်...ဟင့်...ဟီး...."


သူ့အပြောကြောင့် ပိုငိုသွားသော

သူမအား စည်း စောင်ကြီးအား

ဖယ်ပစ်လိုက်၍ ကလေးတစ်ယောက်လို့

ကောက်ချီ၍ ပေါင်ပေါ်တင်ကာ ရင်ခွင်ထဲ

ထည့်ဖက်ထားလိုက်၍ နဖူးလေးအားနမ်းကာ..


"တ်ိတ်တော့ မနက်ဖြန် ကျွန်းတွေဆီ

လိုက်ပို့ပေးမယ်နော်...တိတ်တော့..."


ပြောပြီး သူ့နှုတ်ခမ်းများ သည်းရဲ့

မျက်ရည်များကျနေသော ပါးပြင်လေး

ဆီ ပွတ်တိုက်လာချိန်...


"ဟင့်အင်း...လူကြီးနော်..."


ဆက်ရန်....

စာရေးသူ - လွမ်းခြင်း


rate now: