Hotel ဝန်းကြီးထဲအရောက် ကားရပ်လိုက်သည်နှင့် အဆင်သင့်ပွင့်သွားသော
ကားကြီးပေါ်ကနေ စည်း သူမလက်ကလေးအားက်ိုင်ကာ hotelကြီးထဲ ဝင်လာလိုက်သည်။
ထိုစဥ် ရှေ့ဆင့်နောက်ဆင့်ထိုးရပ်လိုက်သော
ကားပေါ်မှ ဆင်းလာသော မိုးထက်နှင့်
ကုဋေ။
နှစ်ဦးသားဝင်သွားသော စည်းနှင့်သူမအနောက် ခပ်သွက်သွက်လိုက်လာကာ...
"စည်း ဒီကောင်း ဒါကြတော့
ဝင်သွားတာ သွက်နေတာပဲ...."
ပြုံးစိစိပြောနေသောမိုးထက်ကြောင့်
ကုဋေပြုံးကာ...
"လာပါကွာ...ဟိုမှာ တော်ကြာ
အခန်းထဲရောက်သွားလို့ မတွေ့လ်ိုက်ရဘဲနေ
နေအုံးမယ်..."
ပြောပြီးနှစ်ယောက်သား ဟိုလ်တယ်
ကြီးထဲ ဝင်လာ၍....reception တွင်
သော့ယူနေသော စည်းတို့အနားသွားလိုက်ကာ...
"စည်း မင်းရပြီလား..."
"အင်း...မင်တို့နှစ်ယောက်
အတွက် အခန်းသော့ယူလ်ိုက်တော့
ငါတို့ခဏနားအုံးမယ်...ထမင်းစားချိန်
ဒီမှာပြန်တွေ့မယ်..."
"ဟ မင်းကလဲနေပါအုံး စကားလေးဘာလေး..."
"မိုးထက် နောက်မှပြောမယ် သည်းခြေရာ အရမ်း
ပင်ပန်းနေတယ် ထမင်းစားရင်းနဲ့
ပြောကြတာပေါ့...ပြီးတော့ ငါစီစဥ်ခိုင်း
တာ လုပ်ပေးအုံး...''
ပြောပြီး ခေါင်းလေးငုံ့နေသော သည်းခြေရာအား လက်ဆွဲခေါ်သွားသော စည်းရဲ့ကျောပြင်
ကြီးအကြည့်ကာ..
"တော်တော် ကောင်းတဲ့သူငယ်ချင်း..ဟွန့်...''
"အဲ့ဒါ နောက်မှပြော အရင်
ဘုရင်နဲ့ဘုရင်မအတွက်
Shopping ထွက်ကြတာပေါ့ကွာ...
လာ...."
နှစ်ယောက်သား အခန်းသော့ခဏပြန်ပေးကါ
စည်းတို့အတွက် အဝတ်အစားဝယ်ရန်
ထွက်လာခဲ့တော့သည်။
"ကုဋေ မင်းနဲ့ငါ အခုမှ ဘဝတွေမေ့ကုန်ပြီအခုတော့ စည်းရဲ့ခိုင်းဘက်ကြီးတွေ ဖြစ်လို့...."
"အဟက်.. ထားလိုက်ပါကွာ ညကြမှ
ပညာပြန်ပေးရမယ်...''
"နေပါအုံး ငါမသိလို့ စည်းက
သည်းခြေရာနဲ့ လက်ထပ်မှာလား..."
မိုးထက်အား ကုဋေကြည့်လိုက်ကါ..
"မင်းကလဲ အခုအခြေအနေထိ သဘော
မပေါက်ဘူးလား တစ်ခန်းထဲတောင်
နေနေပြီကွာ...လက်မထပ်လို့ရတော့မလား.. ''
"ငါတော့ မြင်ယောင်သေးတယ်
ဒီကိစ္စသာ ရန်ကုန်ကလူတွေသိကြည့်
ပါးစပ်အဟောင်းသားနဲ့ ဖြစ်နေကြမှာ..."
"မင်းနဲ့ငါနဲ့တောင် စတွေ့တောက
မယုံနိုင်လို့ ပါးစပ်အဟောင်းသား
ပဲလေ...''
"အေးကွာ...ဖူးစာက ဆန်းကြယ်လိုက်တာ
ငါထင်တာက စည်းလက်ထပ်မဲ့မိန်းကလေးက
လူကြီးဆန်ဆန်နဲ့ မာနကြီးတစ်ခွဲသားမှတ်တာ
အခုတော့ အမွှေစိန် သည်းခြေရာဖြစ်နေတယ်..."
ကုဋေပြုံးလိုက်ကာ..
"ဟုတ်တယ်...ဒါပင်မဲ့ သည်းခြေရာက
ကလေးဆန်ပင်မဲ့ အရာအားလုံးကို
လုပ်နိုင်စွမ်း သူမမှာရှိတယ် ချစ်ဖို့ကောင်းတယ် ပျော်ပျော်နေတက်တယ် broken
Family က လာရတော့ သနားဖို့လဲကောင်းတယ်...အနေအေးတဲ့စည်း သူမနဲ့တွေ့တာ
ငါတော့ ဝမ်းသာတယ်..."
"မင်းက သိလိုက်လား..."
"သိဆို သည်းခြေရာရဲ့ဖခင် ပြောပြထား
လို့ပါ....သူ့အဖေက သည်းခြေရာကိုတော့
အရမ်းချစ်တာ ယူထားတဲ့နောက်မိန်းမနဲ့
သမီးကြောင့် သူ့သမီးကို သူခွဲနေရတာ..."
"သြော် ဒါပင်မဲ့...စည်းနဲ့သည်းခြေရာက
အသက် ဆယ်နှစ်ဝန်းကျင်ကွာတယ်လေ...''
"အင်း...အချစ်မှာအသက်အရွယ်တွေ
မဆိုင်ပါဘူး စည်းက လူချောပဲလေ..."
"အေး ငါတော့မြင်ယောင်တယ်
စည်းကြီး အရည်ပျော်တော့မယ်ဆိုတာကို...
ဟား...."
နှစ်ယောက်သားပြောပြီး ပြုံးလိုက်ကြ
ကာ အဝတ်အစားဆိုင်ရှာဆီ အသိတစ်ယောက်အားမေးထားသောကြောင့်
မောင်းနှင်လာတော့သည်။
------=====================^^^^^🍓🍓🍓🍓🍓🍓🍓
ဂျလောက်..
"လူကြီး သည်းလက်ကို လွတ်တော့..."
အခန်းထဲရောက်တာနဲ့ သည်း
နှုတ်ခမ်းလေးဆူကာပြောရင်း
မျက်ဝန်းတိုးကလဲ အခန်းကြီးထဲက
ကြီးမားလှသော နှစ်ယောက်အိပ်ကုတင်
ကြီးပေါ်က အလှအပပြင်ထားသော
အရုပ်များနှင့် ပန်းပွင့်များအား ကြည့်၍
သတွေးလေးမျိုချလိုက်ကာ...
"လူ...လူကြီး ဘာလို့ နှစ်ယောက်အိပ်ကြီး
ဖြစ်နေတာလဲ...''
သူ့အား နှုတ်ခမ်းလေး စူထော်၍
မေးလာသော သူမအား စည်း
အင်္ကျီကြယ်သီးများအားဖြတ်ရင်း
ကြည့်ကာ...
"မင်းနဲ့ငါ လင်မယားပဲ နှစ်ယောက်မအိပ်
လို့ ဘယ်လိုအိပ်ချင်လို့လဲ..."
သူ့ရဲ့ ဒုတ်ထိုးအိုးပေါက်စကားကြောင့်
သည်းမျက်နှာလေးရဲတက်သွားကာ
ဒေါသလေးကလဲ ထွက်လာ၍..
"အို...လူကြီးစကားကို ကပ်သပ်မပြောနဲ့.သည်းနဲ့လူကြီးက လက်ထပ်ရသေးတာ
မဟုတ်ဘူး အတူတူတော့မအိပ်နိုင်ဘူး
သည်းကို တစ်ခန်းငှားပေး.. ''
"မင်းအကြောတွေရှည်မနေနဲ့သည်းခြေရာ
အရင်ရက်တွေတုန်းက ငါနဲ့အတူတူ
အိပ်လာတာပဲ...မင်းအခုမှ ဘာထဖြစ်နေတာလဲ...''
"ဘာပဲ ဖြစ်ဖြစ် လူကြီးနဲ့မဆိုင်ပါဘူး
အရင်ရက်တွေတုန်းကလို သည်းကို
ပစ်ထားလိုက်စမ်းပါ....ပြီးတော့....အို...
လူ...လူကြီး အဲ့ဒါ ဘာလုပ်တာလဲ..."
အင်္ကျီအားချွတ်ပစ်လိုက်၍
ချပ်ရပ်နေသော ဗိုက်သားနှင့်
ရင်အုံမို့မို့ဖွေးဖွေးကြီးကြောင့်
အရှက်လွန်နေသော သည်း
လက်ချောင်းလေးများဖြင့်ကာ၍
ပြောလ်ိုက်သည်။
စည်း သူမအား ခါးကြီးထောက်ကာ
မျက်မှောင်ကြီးကုတ်ကာကြည့်၍...
"သည်းခြေရာ မင်း ရူးသွားတာလား
ငါအရင်ရက်တွေက အင်္ကျီလျော်ထား
ရင် အခုလိုပဲနေနေတာပဲ မင်းပဲခိုးကြည့်နေပြီး
အခုလဲ လက်ချောင်းတွေကြားကခိုးကြည့်မနေနဲ့ ပေါ်တင်ကြည့်စမ်း..."
သူ့စကားကြောင့် သည်းမျက်နှာလေး
မှာပို၍ ရဲတက်သွားကာ...
"လူ...လူကြီး လူကြီးဖြစ်ပြီး
စကားကို ဘယ်လိုပြောနေတာလဲ...
သည်းခြေရာက အဲ့ဒီလိူ ဘယ်တော့မှ
အလုပ်ဘူး...''
ခေါင်းလေးမော့ကာမော့ကာနှင့်
သူ့အားရန်တွေ့နေသော သူမကြောင့်
စည်း အသည်းယားစွာ နှုတ်ခမ်းအား
တစ်ချက်ဖိက်ိုက်ပစ်၍...
"စကားရှည်တာကွာ လာစမ်း ကျွန်းပေါ်က
ချေးတွေပြန်အောင် ခြစ်ချပေးမယ်..."
"အိူ...ဟင့်ဟင်း...အမေ့ရေ...."
သည်းထိပ်လန့်တကြားကုတင်ကြီးအား
ပတ်ပြေးရန်ပြင်သော်လဲ သည်းကိုယ်လေးအား ပေါ့ပါးစွာကောင်ထမ်းလိုက်သော
သူ့ကြောင့် သည်း အထိန့်တလန့်လေးဖြင့်
မျက်ဝန်းလေးပြူးကာ ရေချိုးခန်းထဲ ပါလာ
ခဲ့တော့သည်။
"အဟင့်...ဟင့်....ဟီး....ရှင်ကြီး
သူများကို အနိုင်ကျင့်တယ်...
ပါချုပ်နဲ့တိုင်မှာ...."
စည်းသူမအား ရေချိုးပေးဖို့
အင်္ကျီ ချွတ်ပေးနေချိန် ငိုကာ
ရုန်းနေသော သူမကြောင့်...
"သည်းခြေရာ အခုငါမင်းအပေါ်
စိတ်တွေ ထမဖောက်ချိန် ငြိမ်ငြိမ်နေနော်
ထဖြစ်တော့မှ လူယုတ်မာဆိုပြီး
အော်မလာနဲ့... "
သူ့စကားကြောင့် ငိုနေသော သည်း
မျက်ရည်လေးများရပ်သွားကာ
ငြိမ်ငြိမ်လေးရပ်နေကာ လှုပ်ပင်မလှုပ်တော့။
အဟွန်း..ဘယ်လိုဟာလေးမှန်းအသိဘူး...
စကြောက်တက်တာလဲလွန်းရော
ပြီးရင်လဲ ရန်တွေ့တက်သော သူမပုံစံလေး
အခုလဲ မျက်တောင်လေးတဖြတ်ဖြတ်သာ
ခပ်ပြီး ကျောက်ရုပ်လေးလို ရှိနေသော
သူမကြောင့် စည်းပြုံးလိုက်ကာ
သူမရဲ့ ဂါဂန်လေးအား ဆွဲချလိုက်ချိန်...
"အား...လူယုတ်မာကြီး..."
-----======================^^^^^🍓🍓🍓🍓🍓🍓🍓
"တကယ်...တကယ်ပြောတာလေ
မေမေ သည်း...သည်း...မသေဘူးဆိုတာ
တကယ်ပြောတာလားဟင် ထက်ထက်ကို
မနောက်ကြပါနဲ့နော်...အဟင့်...ဟင့်...''
"မနောက်ပါဘူး သမီးရယ် မေမေတကယ်ပြောတာ ဒီမှာကြည့်...သမီးမယုံရင်..."
ထက်ထက် မိခင်လက်ထဲက
သတင်းစားရွက်အားယူ၍
မြင်လိုက်ရသော သတင်းစားထဲတွင်
အကြီးဆုံးစားလုံးများဖြင့်နေရာယူထားသော
သတင်းခေါင်းစဥ်ကြီး...
"နှလုံးအထူးကု သာမားတော်
ပါမောက္ခ ဒေါက်တာအမိန့်စည်းနှင့်
ဒုတိယနှစ်ဆေးကျောင်းသူ
မသည်းခြေရာတို့ ကော့သောင်မြို့
ပင်လယ်ပြင်ကြီး၏ ကျွန်းကြီးတစ်ကျွန်းပေါ်တွင် အသက်ရှင်လျှက် ပြန်တွေ့ချင်း..."
ထက်ထက် အသံထွက်ရုံသာဖတ်၍
ပါးပြင်အထက်မျက်ရည်များ စီးကျလာကာ..
"တ..တကယ်ပေါ့..သည်းက်ို
ပြန်တွေ့တာ တကယ်ပေါ့နော်
မေမေ...ထက်ထက် ဝမ်းသာလိုက်တာ
ထက်ထက်ဝမ်းသာလိုက်တာ မေမေရယ်..."
ပြောလဲပြော ထက်ထက်မိခင်
ဖြစ်သူအား ဝမ်းသာအားရဖတ်လိုက်ကာ..
ဝမ်းသာလွန်းသောကြောင့် ငိုချလိုက်တော့သည်။
"တိတ်ပါ သမီးရယ်...သည်းလေး
အသက်ရှင်နေတာ သမီးသိနေပြီပဲ
သည်းလေးပြန်လာရင် မေမေတို့ထပ်သွားကြတာပေါ့.. "
သည်းရဲ့နာရေးအား ထက်ထက် မခံစား
နိုင်သောကြောင့် မသွားဖြစ်။
မေမေလဲ ထက်ထက်ကိုစိတ်မချသော
ကြောင့် ဖုန်းဆက်အကြောင်းကြားကာ
မလာနိုင်ကြောင်း အန်တီကလျာအားပြောထားရသည်။
ထို့အကြောင်းကို ဒါ့ကြောင့် အခုမှ
သိရတာဖြစ်သည်။
ထက်ထက်မျက်ရည်များအား
သုတ်လိုက်ကာ...
"အဟင်း...ဝမ်းသာလိုက်တာ
သည်းရယ် ငါအရမ်းပျော်တာပဲ...."
---------===================^^^^^🍓🍓🍓🍓🍓🍓🍓
"အဟင့်...ဟင့်...သည်းလဲ သတိရပါတယ်
ကြီးကလျာ...သည်း...အရမ်းလွမ်းနေတာ...
ဖေဖေရောဟင်..."
"ရှိပါတော်သည်းလေးရယ်
သည်းဖေဖေက သည်းနဲ့အတူနေဖို့
တောင်စီစဥ်နေပြီသည်းလေးရဲ့..."
တစ်ဖက်က ကြီးကလျာပြောသော
စကားကြောင့် သည်း မျက်ရည်များ
ကြားက ပြုံးလိုက်ကာ...
"ဒါဆို သည်းကပြန်လာရင်
ဖေဖေနဲ့နေရတော့မှာပေါ့နော်...
အဟင့်.. သည်းပျော်လိုက်တာ...
အဟင့်...ဟင့်...."
"ဒါပေါ့ကွယ် သည်းလေး
အသံလေးပြန်ကြားရတာ
ကြီးကလျာသေပျော်ပါပြီကွယ်..."
ဟက်ချို....
"သည်းလေး ဘာဖြစ်တာလဲကွယ်..."
သည်း နှာချေလိုက်သောကြောင့်
တစ်ဖက်ကစိုးရိမ်သွားသော ကြီး
ကလျာကြောင့်...
"သည်း ဘာမှမဖြစ်ပါဘူး ကြီးကလျာ...
သည်း...ရေချိုးတာကြာသွားလ်ို့..ဒီည
ဆေးသောက်ပြီးအိပ်ရင်ပျောက်ပါတယ်..."
"ဂရုစိုက်ပါသည်းလေးရယ်
သည်းလေး မနက်ပြန်လာမှာလား..."
"ဟုတ် မနက်လို့ပြောတယ် ကြီးကလျာ..."
"ဟုတ်ပါပြီကွယ် သည်းလေးအနားယူတော့
မနက်ကြမှ ကြီးကလျာဖုန်းထပ်ဆက်မယ်နော်...."
"ဟုတ် ကြီးကလျာ...ဒါဆို ဒါပဲနော်..."
သည်းဖုန်းလေးချကာ သူမရဲ့ကျော
ပြင်လေးအား တစ်ယောက်ယောက်
ကြည့်နေသလို ခံစားရသောကြောင့်
ကြည့်လိုက်ချိန်....အောက်ပိုင်းသဘက်
တစ်ထည်သာပတ်ထားသော လူကြီး
သည်းအား မျက်မှောင်ကြီးကုတ်ကာကြည့်၍...
"မင်းကို ဘယ်သူက အိမ်ပြန်ခိုင်းလို့.ပြန်မယ်ပြောနေရတာလဲ သည်းခြေရာ..."
သည်းလူကြီးရဲ့ မျက်နှာမလွဲချင်စရာ
ကောင်းလောက်အောင် ကြည့်ကောင်းလှသော ကိုယ်ကြီးအားကြည့်၍ သတွေးလေးမျိုချကာ ကြောင်အအ
လေးဖြစ်နေစဥ်...
"ဟိတ် မေးနေတယ်လေ..."
ထိုတော့မှ ကိုယ်လေးတုန်သွားကာ
ဟိုလ်တယ်ကပေးထါးသော
ဝတ်စရာမရှိ ဝတ်ထားသော
ရေလဲဝတ်ရုံလေး အား သည််း
လက်ကလေးဖြင့် ကြစ်ကြစ်ပါအောင်
ဆုပ်ကိုင်၍ ခေါင်းလေးလွဲကာ...
"သည်း...သည်း...သည်းအိမ်သည်းပြန်မှာလေ...."
စည်း ချစ်စရာကောင်းနေသော သူမအနား
လျှောက်သွား၍ တစ်ဖက်သ်ိူ့လွဲနေသော
မျက်နှာလေးအား မေးလေးကနေ ဆွဲမော့
ယူလိုက်ကာ....သူမရဲ့မျက်နှာလေးအား
စူးစိုက်ကာကြည့်၍...
"ပြောစမ်း...မင်းနဲ့ငါ ဘာလဲဆိုတာ..."
"ဟို...ဟို....လင်...လင်မယားတွေလေ...''
သူမအပြောကြောင့် စည်း ပြုံးလိုက်ကာ...
"အဟွန်း...လိမ္မာတယ်..."
"အို..လူကြီးဘာလုပ်တာလဲ...''
"တစ်လမ်းလုံး စိတ်ထိန်းလာရတာ
အခုတော့ မရတော့ဘူး သည်းခြေရာ...."
"အို မရဘူး စောစောကလဲ လူကြီး..."'
"မဝဘူး...."
"အို...အဟင့်.. လူကြီး.. ..လူယုတ်မာကြီး...''
သည်းပြောလဲပြော သူ့ကိုယ်ကြီးနှင့်အတူ
မွေ့ယာကြီးထဲ နစ်ဝင်သွားပြီးနောက်
သည်းကိုယ်လေးပေါ်က ရေလဲဝတ်ရုံလေးမှာ
ကုတင်အစပ်သို့ တစ်အိအိ လျောချလာတော့သည်။
"ရှင်ကြီးကို ပြီးရင် လည်ပင်းညစ်သတ်မယ်..
အဟင့်...ဟင့်......နှာဘူးကြီး...ဟီး...အဟင့်...ဟင့်...''
ထို့နောက် ကြိမ်ဆဲနေသော သည်းရဲ့
အသံခပ်စူးစူးလေးများ တဖြည်းဖြည်း
ပျောက်ကွယ်သွားပြီးနောက်...
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း