"အဟင့်..ဟင့်....သည်းလေရေ
အမျှ....အမျှ...အမျှ..."
ဒေါ်ကလျာမျက်ရည်များကျလာ၍
အမျှပေးဝေနေသလို ဦးဆန်ကမ္ဘာ
တစ်ယောက်လဲ မျက်ရည်များကျကာ
ရေစက်ချနေသည်။
"သမီးလေးရေ ကောင်းရာမွန်ရာ
ရောက်ပါစေကွယ်..."
အားလုံး စိတ်မကောင်းစွာရှိနေစွာ
ဖခင်ဖြစ်သူဘေးထိုင်နေသော
ညို့တစ်ယောက် မျက်နှာပေါ်တွင်
မဲ့ကာနေတော့သည်။
တောက်...သေသွားတဲ့လူကို
ဆွေးကြတာ တော်ရောပေါ့...
ဘာများအသုံးဝင်တော့လို့လဲ...
ဂျိုကောင်မ သေသွားတာတောင်
အားလုံးကို ဒုက္ခပေးသေးတယ်....
စိတ်ထဲနေ မဲ့ကာပြောနေသော
ည်ို့ ။
"ကဲ ဒါယိကာကြီးတို့ အရမ်းလဲ
ပူဆွေးမနေကြပါနဲ့ ပူဆွေးတာက
သွားလေသူအတွက် မကောင်းသလို
ဒါယိကာကြီးတို့အတွက်လဲမကောင်းဘူး
ကွဲ့..."
"တင့်ပါ့ ဘုရား....တပည့်တော်
ဆရာတော်ဆုံးမစကားကို
မှတ်သားထားပါ့မယ်ဘုရား...."
"ကောင်းပြီကွယ် ဒါဆို ဆရာတော်
ပြန်ကြွတော့မယ်နော်..."
"တင့်ပါဘုရား..တပည့်တော်
ကားနားအထိလိုက်ပို့ပါ့မယ်..."
"နေပါကွယ် ဆရာတော် တပည့်တွေ
ပါပါတယ် စိတ်ကို အေးချမ်းအောင်
နေပါကွယ်..."
ဦးဆန်းကမ္ဘာ ပြန်ကြွသွားသော
ဆရာတော်အား ကြည့်နေရင်း
ရင်ထဲ ဆရာတော်ပြောသော
စကားများအား မှတ်သားနေတော့သည်။
"အစ်ကိုကြီး ထမင်းစားပါအုံးလား.. "
"နေပါ ဖြူရယ် မစားချင်ဘူး...."
"အို အက််ိုကြီးမစားတာ
မနေ့ကထည်းကလေ
တော်ကြာ ကျန်းမာရေး
ထိခိုက်နေပါ့မယ်ရှင်..."
"ရတယ်ဖြူ သမီးကို
ဂရုစိုက် အကိုသမီးနောက်တစ်ယောက်
တော့ထပ်ပြီး အဆုံးအရှုံးမခံနိုင်တော့ဘူး...."
"ဆရာ..ဆရာ....''
ထိုအချိန်ဖွင့်ထားသေါတံခါးကနေ
ပြေးဝင်လာသော တပည့်ဖြစ်သူကြောင့်
ဦးဆန်းကမ္ဘာကြည့်လိုက်သလို ဧည့်သည်
များအားဧည့်ခံနေသော ဒေါ်ကလျာအပြင်
ညို့နှင့်ဧည့်သည်များပါ အကြည့်များ
ရောက်ရှိလာတော့သည်။
"ဘာဖြစ်လာတာလဲ....သက်နိုင်..."
"ဒီမှာဆရာကြည့်ပါအုံး.. "
ကမ်းပေးလါသော သက်နိုင် လက်ထဲကသတင်းစာအား သူယူကြည့်ချိန် မြင်လိုက်ရသော သတင်းကြောင့်ဝမ်းသာလွန်းကာ
လက်များတုန်ယင်လာ၍...
"သက်နိုင်...ဒါ..ဒါ တကယ်ပဲလား... "
"တကယ်ပဲဆရာ ဒါ မိန့်စံအ်ိမ်က
တရားဝင်ထုတ်ပြန်ထားတာပါ
ဒါမနေ့က ညနေထည်းကထုတ်ထားတာပါ..."
"ဒါ...ဒါဆို...."
Ring... Ring Ring Ring....
ဖုန်းမြည်လာသံကြောင့် စိတ်လှုပ်ရှားစွာ
စားပွဲပေါ်တင်ထားသောဖုန်းဆီ
ခြေလှမ်းကျဲကြီးများဖြင့်ပြေးသွားကာ....
ကိုင်လိုက်ချိန်...
"ဟယ်လို...."
"ဖေဖေလားဟင်...."
ထိုအချိန် ထွက်ပေါ်လာသော
အသံသေးသေးကြည်ကြည်လေး
ကြောင့် ဦးဆန်းကမ္ဘာ ကိုယ်က
သွေးများပြောင်းပြန်စီးဆင်းလာသလို
ခံစားလာရ၍ လူကလေပေါ်တက်နေသလို...အသံကိုမနည်းအားယူကာ
"သ...သမီးလေး သည်းလေး....သည်းလေ
ဟုတ်တယ်မဟုတ်လား..."
"အဟင့်...ဟုတ်ပါတယ်ဖေဖေ သည်းပါ...
ဖေဖေရဲ့သမီးသည်းပါ.....သည်းမသေပါဘူး
ဖေဖေ သည်းမကြာခင်ပြန်ရောက်တော့မယ်နော်...ပြန်လာနေပြီနော်..."
တီ....တီ...
"ဟယ်လို...သမီးလေး....သမီးလေး
သည်း...."
ထိုအချိန် ကြသွားသော ဖုန်းကြောင့်
ဦးဆန်းကမ္ဘာ ထိန့်လန့်သွား၍
အသဲအသန်ပြန်ခေါ်သော်လဲမရတော့...
"လူကြီးမင်း ခေါ်ဆိုသောဖုန်းမှာဆက်သွယ်
မူဧရိယာပြင်ပရောက်....."
ဦးဆန်းကမ္ဘာ မျက်နှာပေါ်တွင်အပြုံးများ
တွဲခိုလာကာ ဝမ်းသာလွန်းသောကြောင့်
မျက်ရည်များတွဲခိုလာကာ...သူ့အား
မျှော်လင့်တကြီးကြည့်နေသော
လူတွေထံပြန်ကြည့်ကာ...
"ကျုပ်သမီးလေး မသေဘူးဗျ.....''
"အမလေး သည်းလေး မသေဘူးဟုတ်လား
ဝမ်းသာလိုက်တာ....ဝမ်းသာလိုက်တာ..."
ဒေါ်ကလျာဝမ်းသာလွန်းသောကြောင့်
ထခုန်မတက်ဖြစ်မိသွားကာ လာရောက်သော
ဧည့်သည်များမှာလဲ ဝမ်းသာသွားကြသလောက်
ညို့တစ်ယောက်အတွက်တော့
မျက်နှာပျက်သွားကာ...လက်သီးလေး
ဆုပ်လိုက်၍...
နင်ကငါ့အတွက်တော့ အမင်္ဂလာ မပဲ
သည်းခြေရာ....
-------=-====================^^^^^🍓🍓🍓🍓🍓🍓🍓
"အဟင့်...ဟင့်... ဟင့်....''
ဖုန်းလေးက်ိုင်ကာငိုနေသော
သူမအား စည်း အရှေ့တည့်တည့်တွင်
ထိုင်၍ ကြည့်နေလိုက်သည်။
"မင်း ဒီတစ်သက်ငိုလို့ ပြီးအုံးမှာလား
သည်းခြေရာ...."
"သည်းမျက်လုံးနဲ့သည်းငိုတာ
ဘာဖြစ်လဲ လူကြီးမျက်လုံးငှားငိုနေလို့လား..."
စကားက်ိုကပ်သပ်ပြီးပြောနေသော
သူမအား စည်း ခပ်စူးစူးသာကြည့်၍
"မင်းကို မျက်လုံးတွေအောင့်မှာဆိုးလို့ပြောတာ မငိုနဲ့တော့..."
"ငိုမှာ...အဟင့်..ဟင့်...ဟင့်...
သည်းဖေဖေက သည်းက်ို
သေသွားပြီ ထင်နေတာကို
သည်း...ဝမ်းနည်းလို့မရတော့ဘူးလား...''
"မရဘူး မငိုနဲ့ မကျွိုကျဘူး...''
"မကြိုင်ရင် လူကြီး ပါချုပ်ကြီး
တို့နဲ့သွားထိုင်ပါလား သူများနား
လာထိုင်ပြီးပြောဆိုနေတာပဲ...
အဟင့်...စက်လှေပေါ်မှာတောင်
လွတ်လွတ်လပ်လပ်မနေရဘူး..
အဟင့်...ဟင့်....ဟီး....အဟင့်..."
စည်း အနောက်တွင်ထိုင်ကာ သူတို့နှစ်ယောက်အား ပြုံးစိစိကြည့်နေသော မိုးထက်နဲ့
ကုဋေအား တစ်ချက်ကြည့်ကာ
သူမက်ိုသာပြန်ကြည့်နေလိုက်သည်။
အကဲပိုတယ်ဆိုရင်မတက်နိုင်။သူမကို
စိတ်ဆ်ိုးနေပင်မဲ့လဲ မျက်လုံးအောက်က
အပျောက်မခံနိုင်ပေ။
သူ့အနားမထိုင်ချင်သောသူမအနား
အမြင်ကြည်မခံ၍ အတင်းကပ်ထိုင်နေတာ
ဖြစ်သည်။
သူမမျက်ရည်ကျတာ မကြိုက်သော
ကြောင့် ပြောနေပင်မဲ့လဲ နှစ်ယောက်သား
ရန်ဖြစ်ရတာ အဖက်တင်သည်။
"စည်း ဒီကိုလာပါကွာ
မင်းကအကဲကိုပိုတယ်
သည်းခြေရာ တစ်ယောက်ထည်း
နေပါစေ...."
မိုးထက်တို့ သူငယ်ချင်းဖြစ်သူအား
အမြင်ကပ်စွာ ခေါ်နေမိတော့သညိ။
သူတို့ရောက်သွားချိန် နှစ်ယောက်လုံးအား
ကြည့်၍ သံယောဇဉ် ပိုနေပြီဆိုတာ
ရိပ်မိကြသည်။
မုန်တိုင်းကြောင့် စက်လှေကြီးပေါ်
တစ်ညအိပ်ရတာတောင်
သူမအား အနားမှာထားသော
သူငယ်ချင်းဖြစ်သူအား နှစ်ယောက်သား
ကြည့်၍ အေးအေးဆေးဆေးနေတက်ပြီး
အရမ်းအေးသော ဒေါက်တာအမိန့်စည်း
ဟုတ်ရဲ့လားတောင် ထင်နေမိသည်။
အခုလဲ သူတို့မှာ ဝမ်းသာလွန်းလိူ့
မျက်ရည်တောင်ကျကြကာ
စကားတွေအများကြီးပြောချင်ပင်မဲ့လဲ
သည်းခြေရာအနားပဲ ကပ်ကာ ရုပ်တည်
ကြီးနဲ့အူတိုနေသော သူငယ်ချင်းဖြစ်သူအား
ကြည့်၍ မျက်နှာပေါ်တွင်ပြုံးစိစိဖြစ်နေ
ကြတော့သည်။
သည်း အကိုမိုးထက်အပြောကြောင့်
မျက်နှာလေးရဲသွား၍...
"အဟင့်တွေ့လား အဲ့ဒါလူကြီးကြောင့်
အခုလိုပြောတာ သွားဆိုလဲမသွားဘူး
သည်းအနားပဲလာထိုင်ပြီး ဆူနေတာ
လူကြီး သည်းအနားကသွား.. "
"မသွားဘူး ပြောပါစေ...
မင်းအခု အိပ်ပါလား သည်းခြေရာ
ညကလဲမအိပ်ထားဘူး လေငြိမ်ရင်
ဒီကပြန်ထွက်ကြတော့မှာပါ...."
"မအိပ်ဘူး လူကြီးသည်းအနားမနေနဲ့..
သည်း လူကြီးကို မခေါ်ဘူး..."
ဘုကန့်လန့်ကြီးပဲပြောလာသော
သူမအား စည်း နှုတ်ခမ်းအား
အသာကိုက်ကာ ကြည့်လိုက်၍...
"သည်းခြေရာ ငါ့ကိုကြည့်စမ်း. ..
ငါ သူတို့အရှေ့မှာလဲ မင်းကို
မစားရဲဘူးထင်လို့လား...''
ထိုအခါ သည်းမျက်နှာလေး
ရဲတက်သွား၍ သူပုတ်ပြသော
သူ့ပေါင်ပေါ်သ်ို့ မျက်ရည်များကျ၍
ခေါင်းလေးတင်ကာ လှဲအိပ်လိုက်တော့သည်။
"အဟင့်...ဟင့်...လူကြီးက
အရှက်မရှိဘူး....လူကိုဆို
အနိုင်အရမ်းကျင့်တာ
ရှင်ကြီး တစ်သက်လုံး မိန်းမ မရပါစေနဲ့..."
"မိန်းမက ရပြီနေပြီ သည်းခြေရာ
မင်းက ငါ့မိန်းမ... အိပ်လိုက်တော့
နောက်မှ ဆက်ပြီး ကျိမ်ဆဲ..."
သည်း သူ့အာယမကျေနပ်သော်လဲ
ပင်ပန်းနေပြီဖြစ်သောကြောင့်
စိတ်ချလက်ချ မျက်ဝန်းလေးများ
မှိတ်ချလ်ိုက်တော့သည်။
စည်းအိပ်တာတောင် နှုတ်ခမ်းဆူနေသော
သူမအားကြည့်၍...
"အိပ်တာတောင် အမွှေစိန်မရုပ်နဲ့...''
----==-====================^^^^^🍓🍓🍓🍓🍓🍓
ဆေးရုံဝန်းကြီးတစ်ခုလုံး ဒီနေ့
သူတို့ရဲ့ ဆေးရုံဝန်းကြီးထဲ
သူတို့တန်ဖိုးထားရသော ဆရာတစ်ဆူ
ဖြစ်တဲ့ဒေါက်တာအမိန့်စည်းအား
နှုတ်ဆက်ချင်းအခန်းအနား
ပြုကြရမှာဖြစ်သောကြောင့်
အားလုံးမျက်နှာမကောင်းကြသလို
ဝမ်းနည်းစွာရှိနေကြတော့သည်။
ဆေးရုံဝန်းကြီးရဲ့ ဒေါက်တာ
ရဲ့ရုံးခန်းတွင် လွမ်းသူပန်းခြင်းများက
ပြည့်နက်နေကာ ငိုသူကငိုနေကြ၍
မျက်နှာမကောင်းစွာကြည့်နေသူက
ကြည့်နေကြတော့သည်။
နေ့လည် ဆယ့်နှစ်နာရီထိုးတာနှင့်
ဒေါက်တာအား အပြီးအပိုင်နှုတ်ဆက်
ရတော့မည် ဖြစ်သောကြောင့်
ဆရာဝန် nurse ဆေးရုံစောင့်ပါ
မကျန် အားလုံးတန်းစီစွာ ရပ်နေကြတော့သည်။
ဆေးရုံအုပ်ကြီးမှာလဲ အမိန့်ပြန်တမ်းစာအား
ကိုင်ကာ မျက်ရည်တွေကြ၍ တွေတွေလေး
ရပ်၍ ငိုနေမိတော့သည်။
သူ့အတွက်တော့ စည်းက သူ့ရဲ့.သားတစ်ယောက်လို့ အားကိုးရသော တပည့်တစ်ယောက်ထက်ကိုပိုပါတယ်။
စည်း...မင်း...တာဝန်ကျေပါတယ်ကွယ်...
စိတ်ထဲကနေပြော၍ မျက်ရည်များသုတ်နေချိန်...
"ဆရာ...ဖုန်းလာပါတယ်ဗျ...."
"ဘယ်သူလဲ..."
"ဒေါ်တာမိုးထက်ပါ...."
ထိုခါ သူအလောတကြီးဖုန်းအား
ယူလိုက်၍...
"မိုးထက် ဘယ်တွေသွားနေတာလဲ..."
"..............."
တစ်ဖက်ကပြောလာသောစကား
ကြောင့် သူ ကိုယ်ကြီးမတ်သွား၍
လက်ထဲက စာရွက်လေးမှာလဲ
လေဖြင့်လွင့်သွားကာ...
"မိုးထက်...စည်း....စည်း...."
"......."
ထိုအချိန် တစ်ဖက်ကကြားလိုက်ရသော
မမျှော်လင့်ထားသော အသံကြောင့်
သူဝမ်းသာသွားကာ..
"စည်း...စည်း...မင်းတကယ်မသေဘူးနောိ...''
".............."
"မြန်မြန်လာခဲ့နော်...စောင့်နေတယ်
အားလုံးစောင့်နေကြတာ...."
".................."
"ကောင်းပြီကွယ်... "
ဆေးရုံအုပ်ကြီးဖြစ်သူ သူ့
မယုံန်ိုင်စွာဖုန်းအားချလ်ိုက်၍
သူ့အားကြည့်နေသော သူတွေအား
ကြည့်၍..
"စည်း...မင်းတို့ရဲ့ ဒေါက်တာ
အမိန့်စည်း..မသေဘူးတဲ့...''
"တကယ်..တကယ်လား ဆရာ
ဒေါက်တာမသေဘူးနောိ..
ပျော်လိုက်တာ..."
"အမလေးပျော်လိုက်တာ..."
"ဟေး...ဒေါက်တာမသေဘူးးတဲ့..."
ထိုစကားကြောင့်ဆေးရုံးတစ်ခုလုံးက
လူတွေ အားလုံးထခုန်မတက်ပျော်သွားကြကာ ဝမ်းသာလွန်းသောကြောင့် မျက်ရည်ကျသူကျနှင့် ဆေးရုံတစ်ခုလုံး ဆူညံနေတော့သည်။
ထိုမြင်ကွင်းအား ဆေးရုံအုပ်ကြီးမှာ
ကြည့်၍....ပြုံးနေကာ..
"မင်းမြင်လား စည်း မင်းကိုချစ်တဲ့
လူတွေကို...''
-------===================^^^^🍓🍓🍓🍓🍓🍓🍓
ကပ်စမ်းသို့ ရောက်ချိန် အဆင်သင့်
စောင့်နေသော ကားတွေဆီ စည်း
သူမလက်ကလေးအား ဆွဲ၍
တက်လာခဲ့တော့သည်။
"စည်း ငါတို့ရန်ကုန် တန်းပြန်မလား..."
ထိုအချိန် စည်း ပင်ပန်းထားပြီး
မျက်နှာလေးညိုးနေသော
သူမအားတစ်ချက်ကြည့်ကာ...
"မနက်မှ ပြန်ကြမယ် မိုးထက်ရန်ကုန်ကိုလဲ
အကုန်အကြောင်းကြားပြီးနေပြီပဲ
မင်း အဆင်ပြေမဲ့ hotelတစ်ခုကို
မောင်းဖို့ပြောလိုက်...."
မိုးထက်နဲ့ကုဠေ သူငယ်ချင်းဖြစ်သူ
ဘာကြောင့်တန်းမပြန်လဲဆိုတာ
သိသောကြောင့် မျက်နှာမှာ
အပိုးသပ်၍မရကာ....
"အေးပါစည်းရာ ငါတ်ို့အကောင်းဆုံး
အခန်းနှစ်ခန်းကို booking လုပ်ထားမယ်...ဟဲဟဲ''
"ဘာကိစ္စနှစ်ခန်းလဲ တစ်ခန်းပဲ....
သည်းခြေရာနဲ့ငါ အတူတူနေမှာ...."'
ထိုအချိန်ဘေးမှာငြိမ်နေသော
သည်း မျက်ဝန်းလေးများပြူးသွားကာ
မျက်နှာလေးရဲသွား၍...
"အို..လူကြီး...သည်းက...''
"စကားမများနဲ့ မင်းပင်ပန်းထားတယ်
အိပ်တော့...''
ပြောလဲပြော ကားမှန်အားတင်လိုက်သော
စည်းကြောင့် ကုဋေနှင့်မိုးထက် နှစ်ယောက်သား ကြည့်ကာ ပါးစပ်အဟောင်းသားဖြင့်
ထွက်ရန်ပြင်နေသောကားအားကြည့်ကာ...
"မိုးထက် အဲ့ဒါ စည်းဟုတ်ပါတယ်နော်..."
"အေး ဒီကောင်ဘယ်လိုဖြစ်သွားတာလဲ.. "
"အဟွန်း....စည်းကြီး အချစ်ပိုက်ကွန်ကို
ဝင်တိုးမိပြီထင်တယ်...."
"အေးလေ မထားဘူးလိူ့လဲ ချစ်မိသွားတော့လဲ ဒီကောင်မလွယ်ဘူးဟ သည်းခြေရာအစား
ငါ ကြက်သိမ်းတောင်ထတယ်....အမလေး...''
နှစ်ယောက်သား ပြောကာ ပြုံး၍
နောက်ကားတစ်စီးပေါ်တက်ကာ
မောင်းထွက်လာတော့သည်။
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း