book

Index 30

အပိုင်း(30)

  • Author : Lwanchin
  • Genres : Romance, Drama

"ဟိုမှာတွေ့လား...အဲ့ဒီကျွန်းတွေက်ို

ဖြတ်သွားကြရတာ...."


"တကယ်ပဲ.... ဝေးတယ်နော်...

အခုကြည့်တာ မှုန်ပြပြလေးပဲ

မြင်ရတယ်..."


"ဟုတ်တယ်....သူက

ဒီအတ်ိုင်းကြည့်ရင်

သိပ်မမြင်ရဘူး...''


မှန်ပြောင်းနှင့် သေချာကြည့်နေသော

မိုးထက်နှင့် ကုဋေ။


ကယ်ဆယ်ရေးခေါင်းဆောင်ကြီး

အပြောကြောင့် သူတို့နှစ်ယောက်

ခေါင်းငြိမ့်လ်ိုက်ကာ...


"ဒါဆို နောက်ဘယ်နှစ်နာရီလောက်ဆို

အဲ့ဒီကျွန်းကို ရောက်မလဲ...."


"သေချာတော့ မခန့်မှန်းတက်ဘူး

ပင်လယ်လေငြိမ်ရင်တော့ ညနေ

လောက်ရောက်မယ်...မငြိမ်ရင်တော့

လမ်းမှာတစ်ညအိပ်ပြီး မနက်ပိုင်း

ရောက်မယ်...."


"အတော်ဝေးတါပဲ..."


"ကားချောက်ထဲကြတဲ့နေရာက

အရမ်းရေစီးသန်တဲ့နေရာ 

အဲ့ဒီကနေ မျှောသွားရင် 

လမ်းမြစ်စုံရှိတယ် ရေစီးကြောင်း

အတိုင်းမျှောပါသွားရင် အဲ့ဒီ

ကျွန်းတွေကို ခဏလေးရောက်တယ်..."


"အတော်ရေစီးကြမ်းတာပဲ....''


"ဟုတ်တယ် ရေးစီးကြမ်းသလို

အသက်ရှင်ဖို့ကလဲ မလွယ်ဘူး

အဲ့ဒီမလွယ်တာကို ကားအက်စီးဒန့်

ဖြစ်ရင် အဲ့ဒီနေရာက အဖြစ်များတယ်ဗျာ

အချို့ဆို ကံကောင်းထောက်မစွာ အလောင်း

ပြန်ရကြတယ် အချို့ကြတော့ ပြန်မရဘူး..

အသက်ရှင်တဲ့လူက ခပ်ရှားရှားဗျ.. "


"အင်း ဒါပင်မဲ့ အဲ့ဒီကျွန်းကြီးအပေါ်

စည်းတို့ရှိပါစေလို့လဲ ဆုတောင်းရမှာပဲ...#


"ဟုတ်တယ် ဒါပင်မဲ့အနားကပ်ဖို့က

ပင်လယ်အခြေအနေကို ကြည့်ရအုံးမယ်..

အရာရာကို အရမ်းမမျှော်လင့်တာ အကောင်း

ဆုံးပဲဗျ မဟုတ်ရင် ကိုယ့်ပဲခံစားရတာ..."


"ဟုတ်ကဲ့ ကျေးဇူးပါဗျ..."


"ရပါတယ်ဗျ ကျုပ်တို့တာဝန်ပဲ...

ကျုပ်အနောက်လှေမှီးသွားအုံးမယ်..."


"ကောင်းပါပြီဗျာ...''


ပင်လယ်ပြင်ကြီးထဲ လေအနည်းငယ်

တိုက်နေသောကြောင့် လှိုင်းများပုတ်ခပ်

နေကာ  စက်လှေကြီးမှာ တစ်ရွေ့ရွေ့

ကျွန်းရှိရာဆီ မောင်းနှင်လာတော့သည်။


"ကုဋေ..."


"အင်း...ပြောလေ မိုးထက်... "


"ငါ...ငါ အရမ်းစိတ်လှုပ်ရှားနေတယ်

ကွာ စည်းတို့သာ အဲ့ဒီမှာ ရှိရင်လေ

ငါ အရမ်းဝမ်းသာမိမှာကွ.. ''


"ဘယ်လိုပြောလိုက်တာလဲကွာ....ငါလဲအတူတူပဲ

စည်းနဲ့ သည်းခြေရာ အသက်ရှင်လျှက်နဲ့

ပြန်တွေ့ရရင် ငါ ငါအပျော်ဆုံးဖြစ်မှာ...

မိုးထက်ရ...."


နှစ်ယောက်သား ပြောပြီး မှန်ပြောင်းထဲကနေ မသဲမကွဲ မြင်နေရသော ကျွန်းကြီး စက်လှေကြီး နံရံအား မှီ၍ ခဏခဏကြည့်နေကြတော့သည်။


ရင်ထဲတွင်တော့ စိတ်လှုပ်ရှားမှုများ

ဖြင့်....


------===================^^^^^^🍓🍓🍓🍓🍓🍓🍓


"ဖယ်...လွတ်...သည်း အသားကို

မထိနဲ့..."


"ဟ မင်း အိပ်ပျော်ပြီး ငါရင်ခွင်ထဲ

ဝင်တိုးတာလေ...အခုမှ ထအော်မနေနဲ့..."


သည်းအား မျက်မှောင်ကြီးကုတ်ကာ

ရန်ပြန်တွေ့နေသော သူ့ကြောင့် သည်း

ရင်ထဲ ဝမ်းနည်းသော်လဲ မဟုတ်မခံသည့်

စိတ်က ဦးဆောင်နေကါ....


"နောက်တစ်ခါ ဘေးကို တွန့်ထုတ်လိုက်

ရှင်ကြီးနဲ့ မပတ်သက်ချင်သလို

ထိလဲ မထိချင်ဘူး.. '


"ကျစ် သည်းခြေရာ မင်း!... "


ထအော်လိုက်သော သူ့ကြောင့်

သည်း မျက်ရည်လေးများဝဲတက်

လာကာ...


"ဘာလဲ အော်လိုက် အော်လိုက်စမ်းပါ

အဟင်း...ယောကျာ်းတွေများ တရား

ကြဖို့ အရမ်း ကောင်းကြတာပဲ..."


"ကျစ် ဘာမှ အခုမှလာမပြောနဲ့

သည်းခြေရာ ငါစကားမများချင်ဘူး

မင်း...မျက်နှာသစ်..."


"ကျွန်မဘာသာ သစ်ချင်သစ်မယ်

ရှင့်အကြောင်း မပါဘူး အခုကစပြီး

ကျွန်မကိူ မသိချင်ယောင်ဆောင်ထားပေးပါ..."


အိပ်ယာထထည်းက စကားအကောင်း

မပြောဘဲ မျက်နှာတင်းတင်းလေးရှိကာ

ပြောလာသော သူမကြောင့် စည်း မဲနက်သော

မျက်ခုံးကြီးတွေမှာ ပင့်တက်နေ၍...


"မင်း ဘာတွေပြောနေတာလဲ

အခုငါက မင်းကို ဂရုမစိုက်နေလို့လား

ဂရုသာ မစိုက်ရင် မင်း အခုလောက်ဆ်ို

ငှက်စာ မိသွားပြီ....လာ မျက်နှာသစ်မယ်..."


"အို...မသစ်ဘူး မကိုင်နဲ့..."


"ကျစ် သည်းခြေရာ မင်းဘာဖြစ်နေတာလဲ..."


"ဒါဆို လူကြီးကရော ဘာဖြစ်နေတာလဲ..."


"မင်း သိစရာမလိုဘူး.. "


"ဒါဆို သည်း ကိစ္စလဲ လူကြီး သိစရာ

မလိုဘူး...."


စည်း သူမအား ငဲ့ကြည့်ကာ...


"မင်းတို့က အရမ်းကြောက်ဖို့ကောင်းတာ...

သည်းခြေရာ မင်းလို့မိန်းမက တကယ့်အချစ်နဲ့မတန်ဘူး..''


သည်း လူကြီးရဲ့စကားများက

သည်း ရင်ထဲ အောင့်တက်သွားကာ

မျက်ရည်များ စီးကျလာ၍ မျက်နှာလေး

အား တစ်ဖက်သို့ လှည့်ပစ်လိုက်ကာ...


"အဲ့ဒီတော့ လူကြီးကို သည်းက

ချစ်ပါလ်ို့ ပြောလို့လား....''


"ကျစ်..မင်း....မျက်နှာသွားသစ်တော့...."


ပြောပြီး တဲလေထဲက ထွက်သွားတော့သူ။


သည်း လူကြီးရဲ့ ကျောပြင်ကြီးအား

ကြည့်ကာ ရင်ထဲ ဆူးခနဲ နာကျင်သွား

ပြီး ဝမ်းနည်းလွန်းသောကြောင့် မျက်ရည်

များက ပါးပြင်လေးအထက် စီးကျလာတော့သည်။


အခုမှ လူကြီးရဲ့ အရင်ပုံစံကို ပြန်​မြင်

လိုက်ရသော သည်း ရင်ထဲတွင်တော့

အတိုင်းမသိဝမ်းနည်းနေမိတော့သည


လူကြီး ဘာဖြစ်သွားလို့ ပြောင်းလဲ

သွားလဲဆိုတာ အခုထိ နားမလည်။


ထက်ထက်ပြောသလို ယောကျာ်းတွေက

လွယ်လွယ်ရရင် တန်ဖိုးမထားတက်ကြတာ

လူကြီးက သက်သေပြနေတာလား။


သည်းကို အလွယ်ရခဲ့တော့ အခုရိုးသွားတာ

ကြောင့် သည်းကို မလိုချင်တော့တာလား။


တွေးရင်းတွေးရင်း ရင်ထဲလှိုက်တက်လာကာ

ထိုနေရာလေးတွင် ထိုင်ချလိုက်၍...

ဝမ်းပမ်းတနဲ ငိုချလိုက်သော သည်း။


"အီ...အဟင့်...ဟင့်....ဟင့်....

ဟီး....အဟင့်...ဟင့်..."


စည်း မျက်နှာသစ်ဖို့ ကမ်းစပ်ဆီ

လမ်းလျှောက်နေရင်း အနောက်က

သူမငိုသံကြောင့် ခြေလှမ်းများ

ရပ်တန့်သွားကာ ပြေးသွား၍

ထွေးပွေ့ပြီး နမ်းရှိုက်ကာ ချော့မြူချင်သော

စိတ်တို့က တစ်ဖွားဖွားပေါ်လာချိန် သူမပြောသော အချစ်ဦးဆိုသော စကားများကြောင့်

မျက်နှာမှာ ချက်ချင်းတင်းမာသွား၍

စိတ်အားတင်းလိုက်ကာ...


မင်း မသွားရဘူးစည်း သူမက

အခုထိ အချစ်ဦးကို ချစ်နေတုန်းပဲ

မင်း ချစ်ရင် မင်းပဲနာကျင်ရမှာစည်း..


သူမဆီ​ပြေးသွားချင်နေသော စိတ်တို့အား

တင်းလိုက်၍ ကိုယ့်ကိုကိုယ် သတိပေးကါ

လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး.... နာကျင်လှသော ရင်ဘက်အား

အသာဖိလိုက်၍...


"ချစ်တဲ့သူ နာကျင်ရပါလား...သည်းရယ်..."


------=====================^^^^^🍓🍓🍓🍓🍓🍓🍓🍓


"ထက်ထက် သမီးသက်သာရဲ့လား

မနက်ဖြန် မေမေတို့ သည်းတို့အိမ်

သွရမယ်လေကွယ်..."


ထက်ထက် ကုတင်အထက်တွင်

ထိုင်ကာ မိခင်ဖြစ်သူရဲ ဝမ်းနည်းကာ

ပြောလာသော အသံကြောင့် မျက်ရည်များ

ကျလာကာ ဘေးက သူမနဲ့ သည်း

ရိုက်ထားသော ဓာတ်ပုံလေးအား 

စောင်းကာ ငဲ့ကြည့်၍...


"တကယ်ကဲ သည်းက ထက်ထက်ကို

ခွဲသွားတာလား မေမေ...ထက်ထက်

ထက်ထက်လေး သည်းကို အခုလိုကြီး

ခွဲသွားတာ မမြင်ချင်ဘူးမေမေ....."


"သမီးရယ် သွားတဲ့လူက သွားနေပြီလေ

သမီးက အခုလို ပူဆွေးပြနေတော့

သူ ဘယ်လိုစိတ်ဖြောင့်မလဲကွယ်

သည်းလေးက လိမ္မာတဲ့ကလေးပါ

ကောင်းရာမွန်ရာရောက်မှာပါကွယ်

သမီးက ဘဝလျှောက်ရမဲ့ လမ်းတွေ

ရှိနေသေးတယ်လေ သမီးလုပ်ပေးရမှာက

သည်းလေးကို ကောင်းရာမွန်ရာ

ရောက်ဖို့ သမီး အလှူအတန်းလုပ်ပေးပြီး

အမျှဝေပေးရမယ်လေကွယ်..."


"အဟင့်...ဟင့်...ဟင့်....ထက်ထက်

သိပါတယ်မေမေရယ် ထက်ထက်

မဖြေနိုင်သေးလိူ့ပါ ထက်ထက်

ပါ ပါရဲ့သားနဲ့ ဆရာနဲ့သည်းကို

တစ်ကိုယ်ကောင်းဆန်ပြီး မခေါ်ကြ

မိဘူး ထက်ထက်တို့ အားလူံးရဲ့ အပြစ်

တွေပါမေမေရယ်..."


"အဲ့ဒီလို မတွေးရဘူးလေ သမီးရယ်

သမီးသည်းလေးကလဲ သမီးတို့က

ခွင့်လွတ်နေမှာပါ အားလုံးအသက်လုပြေးရမဲ့

အချိန်မှာ အခုလို ဖြစ်သွားတာ သမီး

အပြစ်မဟုတ်ပါဘူးကွယ်.....အရမ်းစိတ်ထဲ

မတွေးနဲ့တော့နော်....အခု သမီးအားရှိအောင်

နားလိုက်

မနက်မေမေတို့ စောစောသွားကအောင်..."


"ဟုတ်ကဲ့ မေမေ...."


ထက်ထက် မိခင်ဖြစ်သူထွက်သွားမှ

ဘေးစာပွဲခုံပေါ်က သူနဲ့သည်း

ဖက်ကာ လက်ကလေးနှစ်ချောင်း

ထောင်ပြီး ရိုက်ထားသော

ဓာတ်ပုံလေးအား ယူ၍ ရင်ခွင်ထဲထည့်ကာ

ဖက်ထားရင် ပါးပြင်အထက် မျက်ရည်များ

ကျလာ၍...


"အဟင့်...ဟင့်...သည်းရယ်

ငါဘယ်လို နင့်ကိုမေ့ပစ်ရမှာလဲဟာ...

ဟီး...အဟင့်....ဟင့်...ဟင့်... "


ထိုနောက် အားရအောင်ငို၍

ဓာတ်ပုံထဲက သည်း မျက်နှာလေး

အား လက်ကလေးဖြင့်အသာထိ၍...


"သည်း...ငါ...ငါလေ နင့်​ဖြစ်စေချင်တဲ့

ကလေး အထူးကုဖြစ်အောင် လုပ်မှာ

သိလား အဟင့်...ဟင့်..ပြီးရင်ငါ

မကုနိုင်တဲ့ ဆင်းရဲ့ချို့တဲ့ပြီး

ပညာမသင်နိုင်တဲ့ ကလေးတွေကို

ဆေးကုပေးမယ် ပြီးရင် ကျောင်းပါ

ထားပေးအုံးမှာသိလား နင်ဖြစ်စေချင်သလို

ကလေးတိုင်း ကျောင်မနေနိုင်တဲ့သူ 

မရှိရအောင် ငါကြိုးစားပါ့မယ်သည်းရယ်..

အဟင့်..ဟင့်...ဟင့်....''


ဓာတ်ပုံလေးအားပိုက်ကာငိုနေသော

ထက်ထက်ဆိုသော မိန်းကလေးမှာ

သနားစဖွယ်။


-----====================^^^^^^🍓🍓🍓🍓🍓🍓🍓


"အဲ့ဒါ ဘယ်လဲ..."


သည်း သူ့နဲ့အတူမနေချင်သောကြောင့်

ဝေးရါနေရန် ခြေလှမ်းလေးပြင်ဆင်

အေးစက်စက်ထွက်လာသော သူ့အသံ

ကြောင့် မျက်နှာလေးအားတင်းကာ..


"ဘာလုပ်မလို့လဲ..."


"မင်းကိုမေးနေတာ ငါ့ကိုပြန်မမေးနဲ့.."


သည်း ဖူးနေသော နှုတ်ခမ်းလေးအား

အသာဖိကျိုကျပစျ၍....


"လမ်းလျှောက်မလို့...''


စည်း ဘုဆက်ဆက်ပြောလာသော

သူမကြောင့် အလိုမကျစွာ ကြည့်၍...


"ဘယ်မှ မသွားရဘူး ပြန်ထိုင်...."


"ဟင့်အင်း မထိုင်ဘူး သွားမှာ...''


ကျစ်ကန်ကန်ပြောလာသော သူမကြောင့်

စည်း ကြည့်၍ အသည်းတွေယားနေမိကါ..


"မင်း သွားရဲရင်သွားလိုက်...ငါ

ဘာမှ မလုပ်ရဲဘူး ထင်လ််ို့လား...''


"အို ဒါဆို သည်းက ဒီမှာထိုင်ပြီး

ဘာလုပ်နေရမှာလဲ ...''


"စက်လှေ လာမလား ထိုင်ကြည့်နေ..."


"မကြည့်ဘူး စက်လှေလဲ မမြင်ချင်ဘူး

ရှင့်ကိုလဲ မမြင်ချင်ဘူး.. "


"အေးပေါ့ မင်းက ငါ့ကို ဘယ်မြင်ချင်မလဲ

မင်းမြင်ချင်တဲ့လူက ရှိနေတာကို...''


"အဲ့ဒါ လူကြီးကိစ္စမဟုတ်ဘူး..."


"မင်းက ငါ့မိန်းမ..."


"သေလိုက်လေ..."


"သည်းခြေရာ...!"


"ဘာလဲ.. !..."


သူ့လေသံအတ်ိုင်းပြန်ထူးလာသော

သူမကြောင့် စည်း ကြည့်၍

အံတကြိတ်ကြိတ်ကြည့်နေကာ...


"မင်း ပြန်ထိုင်လ်ိုက်...."


စည်း သူပြောနေတာတောင်

ဂျစ်ကန်ကန် ရပ်နေသော

သူမကြောင့် စိတ်မရှ​ည်သူ ပီပီ

သူမအနား လျှောက်သွား၍...


"လာခဲ့ အဲ့ဒီအကြောတွေ လျော့ပေးမယ်

မင်းခေါင်းထဲမှာ ရှိတဲ့လူတွေကို မေ့သွားအောင်..."


"အို..ဖယ်..လွတ်...ဟင့်အင်း...

သည်းကို လာမနမ်းနဲ့ မကြိုက်ဘူး...

ဟင့်...အင်း လွတ်..''


ကလေးတစ်ယောက်လို ရုန်းကန်နေသော်လဲ

တဲလေးအတွင် ခေါ်သွင်းသွားသော

သူ့ကြောင့် သည်း ငိုနေရင်းသာ

ပါသွားခဲ့တော့သည်။


"အို...မချွတ်နဲ့..လူယုတ်မာရဲ...

အဟင့်..ဟင့်.. "


"အခုမှ ငိုမနေနဲ့ မင်းငါ့စိတ်ကို လာစွတာ

လာစမ်း...."


"အို....လူကြီး....လူယုတ်မာ..."


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


rate now: