book

Index 3

အပိုင်း (3)

  • Author : Lwanchin
  • Genres : Romance, Drama

များပြားလှသော အထပ်မြင့်တွေ​ဖြင့်

တည်ဆောက်ထားပြီး ကြီးမားလှသော

ဆေးရုံကြီးရှေ့...သည်းနဲ့ ထက်ထက်

နှစ်ယောက်သား ပါးစပ်အဟောင်း

သားဖြင့် မော့ကြည့်နေ၍...


"သည်း..."


"ဟင်..."


"ဒါ ဆေးရုံဟုတ်ပါတယ်နော်..."


"အေးနော် ကြီးလိုက်တာ...''


"ဟုတ်တယ်..."


နှစ်ယောက်သား ခဏကြာအောင် တမေ့တမောကြည့်နေပြီး သည်းမျက်တောင်ရှည်

ကြီးတွေအား တဖြတ်ဖြတ် ခပ်၍..


"ဟိုသူခိုးက ဒီကို ချိန်းတာ တစ်ခုခု

ဖြစ်လိူ့ ဆေးရုံတက်နေရလို့

ဖြစ်မယ်နော်..ဒါပင်မဲ့ သူလိုသူခိုးက

ဒီမှာ ဆေးကုနိုင်ပါ့မလား..."


"နင်ကလည်း သူ့ကို တစ်ယောက်ယောက်က

အကုန်ကျခံပြီး ကုပေးလို့နေမှာပေါ့..."


"အင်း..ဟုတ်မယ်နော်...''


"သည်း လာလေ သွားမယ်လေ..."


ထက်ထက် အခုထိ မလှုပ်သေး

သော သည်းအားကြည့်၍

ပြောလာချိန် သည်းမျက်နှာ

ပျက်၍..


"ဟို ငါ သူခိုးကို ဗျင်းချင်ဇောနဲ့

လာတာ  ဆေးရုံဆိုတော့သွေး

ထွက်သံရိုရှိသူတွေ ရှိမှာပေါ့နော်. ."


ထိုတော့မှ ထက်ထက် သူငယ်ချင်း

ဖြစ်သူ သွေးမြင်ရင် လန့်တက်တာ

သတိရသွား၍...


"ဘာမှ မပူနဲ့သည်း ငါရှိတယ်နော်..."


"အင်း..."


နှစ်ယောက်သား တစ်ယောက်လက်တစ်

​ယောက်ကိုင်ကာ ဆေးရုံးကြီးဆီသို့

ရဲရဲတင်းတင်းဝင်လာခဲ့တော့သည်။


"သည်း နင်ဖုန်းဆက်မေးအုံး

ငါတို့ရောက်ပြီး သူ့နာမည်

ဘယ်သူဆိုတာ...ရော့ဖုန်း...."


"အေး..ဟုတ်သားနော်...ခဏနေအုံ

ငါမေးလိုက်အူံးမယ်.."


သည်းပြောပြီး ထက်ထက် ဆီမှ

ဖုန်းယူကာ သည်းနံပါတ်လေး

အား နှိပ်၍ ခေါ်ချ်ိန်...


"ဟင်....ဝင်ပြီး မကိုင်ဘူး..."


"ဟုတ်လား နောက်တစ်ခါ ပြန်ခေါ်ပါ

အူံး...''


ထိုအခါတော့ တစ်ဖက်က ကိုင်လိုက်

သောကြောင့် သည်းဝမ်းသာသွားကာ...


"ဒီမှာသည်းရောက်နေပြီ....ဘယ်

ကို လာခဲ့ရမှာလည်း.. အခုက

သည်းတို့ အောက်ထပ်က Reception မှာ..."


တစ်ဖက်က ပြန်ပြောလာသော

စကားကြောင့် သည်း 

ခေါင်းငြိမ့်၍...


"ကောင်းပြီ တက်လာခဲ့မယ် ဒါပဲ..."


ဖုန်းချလိုက်၍ ထက်ထက်အားကြည့်ကာ...


"လာ..ငါတို့သွားကြမယ် အပေါ်ထပ်

အခန်း....တဲ့...reception ကို မမေးနဲ့

တော့တဲ့..."


"ဟင်..သူ့နာမည်ကရော...."


"သြော် နာမည်က ဘာလုပ်မှာလည်း

အခု လူကိုယ်တိုင် တွေ့ရတော့မှာ

ကို လာပါ..သွားကြမယ်..."


"အေးပါ..."


ထက်ထက်ခေါင်းငြိမ့်၍ အခုတော့လည်း

ဖုန်းပြန်ရတော့မည်ဆိုတော့ ဘာမှကြောက်

ဖို့ သတိမရတော့သည့် သည်းအနောက်

ပါလာတော့သည်။


----------===================


ပိုင်မိုးထက် လူနာကြည့်ပြီး

နာနေခန်းပြန်လာသော သူငယ်

ချင်းဖြစ်သူအား ရယ်ကျဲကျဲ

ကြည့်၍...


"အဟမ်း..ငါ့ကောင်ကြီး လျှိုတယ်နော်.."


စည်း ဘေဇင်မှာ လက်ဆေး၍

အင်္ကျီ လက်အား သေချာခေါက်တင်ကာ

ကျူတီကုတ်အား ချွတ်၍ ချိတ်မှာ

ချိတ်ပြီး မိုးထက်ဘက်အား မျက်မှောင်

ကြီးကုတ်ကာလှည့်၍. 


"ဘာကိုလည်း.. "


"အမယ်..မင်းနသိချင်ယောင်ဆောင်

မနေနဲ့တော့ စည်း ငါအကုန်သိပြီး

ပြီ...''


စည်း မျက်ခုံးတ်ို့ပါ ပို၍ ပင့်တက်

သွားကာ..


"မိုးထက် မင်းဘာတွေသိပြီး

ဘာတွေပြောနေတာလည်း...''


"အမယ် မင်းကပဲ ပြောရသေးတယ်

ကိုယ့်သူငယ်ချင်း ကြီး တစ်ယောက်

လုံးကိုတောင် မပြောဘဲ တိတ်တိတ်လေး

ရည်းစားခိုးထားနေတာ ဘာသဘောလည်း..."


ထိုအခါ စည်းတစ်ယောက်ပြုံးမိသွား၍..


"အဟက်....ငါထားခဲ့ရင် မင်းကို

မပြောဘူးစိတ်ချ..."


"ဟာ..အခုထားတာက ဘာလည်း

အဲဒါဆို ဟိုဘက်ကလည်း သဲ

သဲဆိူပြီး အရမ်းရိုပြတာပဲ..."


စည်း မိုးထက်ပြောတာကို နားမလည်

စွာ....


"ငါ့ကို ရှင်းအောင်ပြောစမ်း မိုးထက်

မင်းဘာတွေပြောနေတာလည်း..."


"ဟိုမှာလေ..မင်းဖုန်းလာတယ်..ရှင်ဘယ်မှာ

လည်းတဲ့ သည်းအောက်ထပ်မှာရောက်

နေပြီတဲ့...အဟက် မင်းဖုန်းသံကလည်း

အရမ်းရိုတာပဲ...အခုမှ ရည်းစားထာပြီး

ရိုတက်နေတယ်ပေါ့..ဒီကိစ္စသာ ဆေးရုံ

တစ်ရုံလူံးသိကြည့် အရမ်းသတင်းကြီး

သွားမှာ..ဟား...''


"ဘယ်လို.... သဲဟုတ်လား...''


ထိုတော့မှ စည်း ဖုန်းပိုင်ရှင်ကောင်မလေး

လာမှာကို သတိရသွား၍...သက်ပြင်းချကာ

ရယ်နေသော မိုးထက်အား ကြည့်၍...


"ထင်ရာတွေလျှောက်ပြောမနေနဲ့..

အဲဒါ ငါ့ဖုန်ယမဟုတ်ဘူး

အခုလာယူတဲ့ ကောင်မလေးရဲ့

ဖုန်း..ငါ့ဆီ ဘယ်လိုပါလာမှန်းတောင်

မသိဘူး....မင်း ဒီရုံးခန်းကိုပြောလိုက်တာလား..."


ထိုတော့မှ မိုးထက် အပြစ်လုပ်ထား

သူပမာ မျက်နှာငယ်လေးဖြင့် ခေါင်းငြိမ့်ပြကာ...


"အေးကွာ..ငါလည်း မသိဘူး

မင်းဖုန်းကိုင်လိုက်တာ သူက

သဲရောက်နေပြီဆိုတော့ ငါလည်း

မင်းကောင်မလေး ထင်တာပေါ့..."


စည်း မိုးထက်အား မကျေမနပ်

ကြည့်ကာ..


"မင်းက အဲဒါပဲ အခုထိ အကျင့်ကို

မပျောက်ဘူး မစဥ်းစားမဆင်ချင်ဘူး

လုပ်လိုကိရင် တလွဲတွေကြီးပဲ.."


"အေးပါကွာ...ငါတောင်းပန်ပါတယ်....

ဟိုက လာပြီ ဘယ်လိုလုပ်မလည်း... "


"မရဘူး ဘယ်ကမှန်းမသိတဲ့သူတွေကို

ငါရုံးခန်းထဲ မခေါ်နိုင်ဘူး..လာသွားမယ်

မင်းပါလိုက်ခဲ့... "


"ဟာ..ဟေ့ကောင်...''


စည်းထိုဖုန်းပါယူ၍ မိုးထက်က််ိုပါ

ဆွဲခေါ်ပြီး ဟိုငစွာမ မလာခင်

ရုံးခန်းအပြင်ဘက်သို့ ထွက်လာခဲ့

လိုက်သည်။


"ဖြေးဖြေးသွားပါ....သည်းရယ်

ဓာတ်လှေကားစီးတာ ငါမူး

နေပြီဟ..."


သည်းသွားနေသည့် ခြေလှမ်းလေး

လျော့ကာ..


"ငါလည်းမူးတာပဲ...မြင့်လိုက်တဲ့

အထပ်..ဒီသူခိုး တော်တော်အမြင့်

ကြိုက်တာပဲ...နေအုံး ငါဖုန်း

ခေါ်အူံးမယ်...''


တစ်ဖက်တွင်လည်း စည်းနဲ့ မိုးထက်

ကောင်တာအနားတွင်ရပ်နေချိန်...


"မင်း သေချာရဲ့လား သူတို့လာမယ်

ဆိုတာ..."


"အေးတက်လာပြီပြောတယ်.. "


"ထားလိုက်တော့ကွာ..ခဏနေ

ငါ ခွဲခန်းဝင်ရတော့မှာ...ကောင်တာက

Nurseဆီမှာပဲ ပေးထါးခဲ့လိုက်တော့မယ်.. "


ကိုကို ဖုန်းလာနေတယ်...ကိုကို ဖုန်းလာနေတယ်လို့..ကိုကိုဖုန်းလာနေတယ်ဆို....🎼🎼🎼🎼


"ဟာ..."


ထိုအချိန် စည်းလက်ထဲက ဖုန်းထမြည်

လာသံကြောင့် ဘေးက ဖြတ်သွား

ဖြတ်လာ ဆရာဝန်များနှင့် ကောင်တာက

ဆရာမလေးများပါ ပြုံးစိစိဖြစ်ကုန်ကြကာ

ဘေးက မိုးထက်ကတော့ သွားကြီးဖြဲလို့...


စည်း မျက်နှာကြီးတင်း၍ အားလူံး

ကို ဝေ့ကြည့်ချိန် အကုန်လူံးမျက်နှာ

ပိုးသတ်သွားပြီး အလုပ်မရှိအလုပ်ရှာ

လုပ်နေကြကာ..စည်း အံကြိတ်၍

ထိုဖုန်းအသံကို ထားသော ငပေါမကိုသာ

ထုပစ်လိုက်ချင်တော့သည်။


သူသက်ပြင်းချလိုက်၍ ဖုန်းကိုင်လိုက်ကာ..


"ပြော....ဒီမှာ ခဏခဏ ခေါ်မနေနဲ့...

မင်း ဖုန်းကောင်တာမှာ ထားပေးထါးတယ်

လာယူ...အာရုံပဲ..."


စည်းပြောပြီးတာနဲ့ ဖုန်းချလိုက်ကာ

အနောက်က ပြုံးစိစိဖြစ်နေသော

Nurseမလေးအား လှည့်ကြည့်ချိန်

ထိုမိန်းကလေးမှာ သူ့အားကြောက်သဖြင့်

မျက်နှာလေး ပြန်ငုံ့သွားတာကို စည်း

ကြည့်၍...


"ဒီမှာ ညီမ.. ဒီဖုန်းပိုင်ရှင် ရောက်လာရင်

ပေးပေးနော်...ခဏနေ ရောက်လိမ်မယ်..."


"ဟုတ်ကဲ့ပါ..ဒေါက်တာ..."


စည်းပြောပြီး ဘေးက စပ်ဖြဲဖြဲနဲ့

ဖြစ်နေသော မိုးထက်အား ခပ်တည်

တည်ကြည့်၍ ပြန်ထွက်လာတော့သည်။ 


သည်း သူမအား ခပ်ကြောကြော

ပြောသွားသော သူခိုးကြောင့်

သူမ ဒေါသတွေထွက်လာ၍

အံကြိတ်လိုက်ကာ...


"သူခိုး ဂျပိုး..ငါနဲတွေ့မယ်..

ငါ့ကိုပြောလိုက်တာ..လေသံက

သူ့လုပ်စာ ငါ့စားနေတဲ့အတိုင်းပဲ....

လာ ထက်ထက် အဲသူခိုးငါနဲတွေ့ပြီသာမှတ်..."


ထိုအချိန် ကောင်တာအရောက်...


"အမ ဒီကိူဖုန်းလာပေးသေးလားရှင့်..."


"အော်..ဟုတ်ကဲ့..ဒီမှာပါရှင့်..."


သည်း ထိုအမ ထုတ်ပေးသော သူမဖုန်း

လေးအားယူ၍..


"ဒါနဲ့ အဲဒီလူရောဟင်..."


"သြော် ဟိုမှာညီမလေး...အခုတွေ့..."


သည်းအံလေးကြိတ်၍...ဒေါသတို့

ကအစိုးမရတော့စွာ...


"သူခိုးကြီး...ရှင် ဘယ်ပြေးတာလည်း..."


ပြော၍ ထိုလူအနောက်ပြေးသွားသော

သည်းအား ထက်ထက်မျက်လုံးပြူး

စွာဖြင့် အလန့်တကြားတားသော်လည်း...


"ဟင်..သည်း...''


"ဟာ...."


ဘုတ်....


"အင့်််....သေစမ်း..သူခိုး..သေ..."


"ဟာ...ခင်ဗျား ဘာလုပ်တာလည်း

ကျွန်တော့်သူငယ်ချင်းကို..."


"ဘာလုပ်ရမှာလည်း သူခိုး

ကို ပညာပြတာလေ...ခိုးလည်း

ခိုးသေး ငါ့ကိူလည်း..အကြောကြီး

နဲ့ပြောသေ..အင့် သေစမ်း.. ဘုတ်...

ဘုတ်..."


သည်း ထိုလူအပေါ်က ခွ၍ အားရပါး

ရ ထုနေချိန် ပေါ်လာသော မျက်နှာချော

ချောကြောင့် လက်တို့က အရှိန်သက်

သွား၍ မျက်ဝန်းလေးပြူးလာ၍..


"ဟင်...ရှင်...ရှင်..."


"ဘေးကို ဘေးကို လူနာပါ

လာတယ်...''


ထိုအချိန် တွန်လှည်းဖြင့် တွန်းလာသော

သွေးတရဲရဲနှင့်လူနာအား သည်း

ကြည့်၍ ချက်ချင်း မျက်နှာလေး

ဖြူစုပ်သွားကာ...


"သွေး...သွေး....''


"သည်း..."


"ဟာ...''


စည်း သူ့အပေါ်တွင်ထိုင်၍ သူ့ကိုစောစော

က ထုနေသောမိန်းကလေး အခုတော့

သတိလစ်သွားသဖြင့် သက်ပြင်း

ချ၍....


"ကျစ်..ဒီမှာ..မင်း...ဟာကွာ..."


စည်းမျက်နှာကြီးမှာပျက်၍ သူ့ကိုယ်ပေါ်က

သူမအား စိတ်ပျက်စွာကြည့်နေမိ၏။


-----=====================--^^^^^^🍓🍓🍓🍓🍓🍓🍓


"ဖေကြီး....သမီးလေးကို ရွှေတော့

ဒီအတိုင်း ကြည့်မနေနိုင်တော့ဘူး

ဖေကြီးရယ်..."


"ကိုယ်လည်း ကြံနေပါတယ်ကွာ...

ဆေးရုံက ဆေယစစ်ချက်လည်း

သိရတော့မှာပါ...ပြီးတော့

သမီးလေးရဲ့ ကိုက်ညီတဲ့ နှစ်လုံး

ကလည်း ရှာတွေ့တော့မှာပါ....''


ဒေါ်ရွှေဥ ခေါင်းလေးငြိမ့်ပြ၍...


"ဒါနဲ့ ဟိုဒေါက်တာလေး အရမ်းတော်တာ

ပဲ...ကျွန်မ သမီးလေးနဲ့ ယှဥ်ပြီး

မြင်မိလိုက်တာ အရမ်း ပိတိဖြစ်မိတာပဲ...

သမီးလေးသာ နေပြန်ကောင်းရင်

ကျွန်မတို့ သူမိဘဆီ ကမ်းလှမ်းကြ

ရင် ဘယ်လိုလည်း..."


ဦးဗိုလ်အောင်စိန် ဇနီးဖြစ်သူအပြော

ကိုသဘောကျစွာ ခေါင်းငြိမ့်ပြ၍...


"အင်း..ကိုယ်လည်း စဥ်းစားမိတာ

အဲဒီလို လူတော်လေးကို ကိုယ်သမက်

တော်ရရင် အတ်ိုင်းထက်အလွန်ပေါ့...

ရွှေရယ်...သမီးပြန်ကောင်းတာနဲ့

ကိုယ် အကောင်အထည်ဖော်မယ်..."


ဒေါ်ရွှေဥ ကျေနပ်စွာ အိပ်ယာ

ပေါ်လှဲနေသော သမီးဖြစ်သူရဲ့ လက်က

လေးအား ကိုင်ကာ...


"သမီးလေး နိုးလာတော့နော်...သမီး

လေးနိုးလာရင် စိတ်ချမ်းသာစရာ

ရာတွေ ပြည့်နက်နေမယ်ဆိုတာ 

မေမေ ကတိပေးတယ် သမီးလေး

ရယ်...''


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


rate now: