book

Index 29

အပိုင်း(29)

  • Author : Lwanchin
  • Genres : Romance, Drama


"အဲ့ဒီကျွန်းက ကျုပ်တို့ဘက်မှာတော့

လူမသွားတဲ့ ကျွန်းပဲ ပြီးတော့

အဲ့ဒီတစ်ဝိုက်က မုန်တိုင်း

ရပ်ဝန်း ဒါ့ကြောင့် အဲ့ဒီကို

သွားရမယ်ဆို ကျုပ်တို့

အရမ်း သတိထားရမယ်..."


"အဲ့ဒီကျွန်းကိူ ဘယ်သူမှ မရောက်ကြဘူး

ပေါ့...''


"အရင်က လူတစ်စုရောက်ဖူးတယ်

ဒါပင်မဲ့ ကံကောင်းထောက်မစွာ

လှေအချို့က ကယ်လာနိုင်ကြတယ်

ပြီးတော့ အသက်မရှင်တဲ့သူတွေလဲ

အများကြီး ပြောချင်တာက ကျွန်က

အန္တာရယ်မရှိဘဲ ဘေးတစ်ဝိုက်

ပင်လယ်က ကြောက်ဖို့ကောင်းတာ

အချို့ကြတော့ လူစားပင်လယ်လို့

တောင် ခေါ်ကြတယ်...."


ကယ်ဆယ်ရေးခေါင်းဆောင်လူကြီးရဲ့စကား

ကြောင့် မိုးထက် ကုဋေအားကြည့်ကာ...


"ကုဋေ မင်းသေချာရဲ့လား..."


"သေချာတယ် ဒါ ငါတို့ရဲ့

နောက်ဆုံးမျှော်လင့်ချက်ပဲ

မ်ိုးထက် ရှာရမှာ အဲ့ဒီကျွန်းတစ်ခုပဲ

ရှိတော့တယ် ဒီလောက်တော့ စည်းနဲ့

ငါ့တပည့်မလေးအတွက် ငါလုပ်ပေးချင်သေးတယ်..."


"အေးပါကွာ ငါလဲ မင်းနဲ့လိုက်မယ်..."


"ဒါဆို ကျွန်း ဒီကနေ ဘယ်လောက်ဝေးလဲ...အကို..."


"ဒီကနေ သွားရင်၃နာရီလောက်သွားရင်

ရောက်ပါတယ်...''


"ဒါဆို ကျွန်တော်တို့ ဘယ်အချိန်ထွက်မလဲ..."


"အင်း ဒီညတော့ ထွက်လို့ရမှာ

မဟုတ်ဘူး ဗျ မုန်တိုင်းလဲ

ကြေငြာထားတယ်...မနက်ဖြန်

မနက်ကိူ စောစောလေး ထွက်ကြမယ်

ရန်ကုန်ကနေ ကိုကဋေတို့လာရတယ်ဆိုတော့

ဝေးပြီး ခရီးပင်ပန်းလာမှာပေါ့ ဒီတစ်ညတော့

ကောင်းကောင်း အနားယူလိုက်ပါ..."


"ကောင်းပါပြီ အခြေအနေထူးရင်

ကျွန်တော်တို့ကို အကြောင်းကြားပေးပါဗျာ... "


"ဟုတ်ကဲ့ စိတ်ချပါဗျ..."


ထိုလူထွက်သွားချိန် ကုဋေ

နေဝင်တော့မယ်နေလုံးကြီးအား

ကြည့်ကာ...


"စည်းနဲ့ သည်း လူ့လောကကြီးမှာ

ရှိနေပါစေလို့ ငါဆုတောင်းပါတယ်ကွာ...."


"ကုဋေရာ....မင်းစိတ်မကောင်းသလို

ငါတို့လဲ ဖြစ်ပါဘူး မင်းရင်ထဲက

စိတ်ဒဏ်ရာက သေရာပါဖြစ်သွားလိမ့်မယ်

အဲ့ဒီနောက်မှာ ရောဂါဆိုတဲ့ အဖြစ်ဆိုး

လိုက်လာလိမ့်မယ်ကွ...."


မိုးထက်အပြောအား ကုဋေဘာမှပြန်မပြောဘဲ

ရပ်နေရင်း. ..


"မိုးထက် မင်းသိလာ မင်းရယ်ငါရယ်

စည်းရယ် အလယ်တန်းကျောင်းသားဘဝက

ပြောခဲ့တာ ဘာအခက်အခဲ ပဲ ဖြစ်နေဖြစ်နေ

တစ်ယောက်ကို တစ်​​ယောက် ဖေးမကူညီရင်း

နေသွားကြမယ်ဆိုတာ ..."


"အင်း ငါမှတ်မိတာပေါ့..."


"အဲ့ဒီအချိန် ကုဋေပြောတာက

သူမရှိတော့ရင် ငါတို့နှစ်ယောက်

ကို ကိုယ့်အား ကိုယ့်ကိုးတက်အောင်

ကြိုးစားကြတဲ့ ဘာလုပ်လုပ် နောင်တ

ဖြစ်မဲ့ လုပ်ရက်ကိုရှောင်တဲ့ ...အခုတော့

ငါ နောင်တဖြစ်မယ့် လုပ်ရက်ကို လုပ်ခဲ့တာကွ.. ".


ပြောပြီး မျက်ရည်ကျနေသော ကုဋေအား

မိုးထက်ကြည့်ကာ သူလဲ ရင်ထဲဝမ်သနည်းလာ၍ မျက်ရည်မကျမိအောင် တစ်ဖက်သို့

လှည့်ကာနေရင်း...


စည်းရယ်...မင်းငါတို့မျက်ရည်ကျနေတာ

မြင်ရင်... မင်းတို့ယောကျာ်းမဟုတ်ဘူးလား

လိူ့ ပြောအုံးမှာ မဟုတ်လား....


---=-=========-------=========-^^^^^🍓🍓🍓🍓🍓🍓


"ဟင့်...လူကြီး သည်းကို

မခေါ်တော့ဘူးလား..."


သည်းမေးနေသော်လဲ လူကြီးကတော့

အေးဆေးစွာ ငှက်ပျောဖက်တွေကို

ဆွဲချနေသောကြောင့် သည်း 

ဝမ်းနည်းစွာ မျက်ရည်များ ဝဲတက်လာတော့သည်။


"ဟင့်...လူကြီး သည်းမေးနေတယ်လေ...

လူကြီး သည်းကို မခေါ်တော့ဘူး

လားဟင်...သည်း...သည်းက ဘာလုပ်မိလို့

လူကြီးက စိတ်ဆိုးရတာလဲ..အဟင့်... "


အနက်ကထည်းက စကားမပြောတော့သော

လူကြီးအား သည်း ဘေးက တစ်ကောက်ကောက်လိုက်၍ စကားတွေပြောနေသော်လဲ

လူကြီးဆီက ဘာစကားမှ မကြားရပေ။


"ဟင့်..လူကြီး သည်း မေးနေတယ်လေ

သည်းက..လူကြီးကို..."


"ကျစ် သည်းခြေရာ မင်းအားနေလား

ငါညရောက်ရင် အိပ်ဖို့ လုပ်နေတာ

မင်းမမြင်ဘူးလား..မကူညီရင်နေ

လာမနှောက်ယှက်နဲ့ ဘေးမှာသွားရပ်နေ.. "


အော်လ်ိုက်သော လူကြီးရဲ့ အေးစက်စက်

အသံကြောင့် သည်းကိုယ်လေးတုန်တက်သွား၍ မယုံနိုင်စွာ လူကြီးအားကြည်ကာ..

မျက်ရည်များ ဝဲတက်လာတော့သည်။


"လူကြီး...သည်းက..."


"ကျစ် သည်းခြေရာ မင်းဟိုမှာ

သွားထိုင်နေသွား...ဘာမှ ထပ်ပြီး

လာမပြောနဲ့ ထပ်ပြောလာရင် မင်းကို

ပင်လယ်ထဲ ပစ်ချပြီး ငါးစာကျွေး

ပစ်မယ်...''


"အဟင့်...ဟင့်.. ဟင့်....ဟီး...''


သူ့စကားဆုံးတာနဲ့ပြောကာ ထွက်သွားသော

သူမကြောင့် စည်း တစ်ဖက်သ်ို့ မျက်နှာလွဲကာ

နေလိုက်သည်။


သည်း လူကြီးရဲ့အော်လိုက်တာကြောင့်

ရင်ထဲတစ်ဆစ်ဆစ် နာကျင်လာကာ 

ပါးပြင်လေးအထက် မျက်ရည်များ

ကျလာ၍ မလှမ်းမကမ်းတွင် ထိုင်ကာ

ငိုနေရင်း သူကတော့ နေနိုင်စွာ သူ့အလုပ်သာ သူဆက်လုပ်နေသော လူကြီးကြောင့် ပြောပြမတက်

အောင် ဝမ်းနည်းမိတာအမှန်။


သည်း ကိုဘာကြောင့် စိတ်ဆိုးသွားလဲ

နားမလည်တော့ ဘာစကားမှလဲ

ပြန်မပြောသောကြောင့် ဝမ်းနည်းကာ

ငိုပဲ ငိုနေမိတော့သည်။


"အဟင့်...အဟင့်.. အီး.. ဟီး..

သူများလဲ ဘာမှမလုပ်ဘဲနဲ့ အဟင့်

ယောကျာ်းတွေများလိုချင်တာ

ရသွားရင် ပစ်သွားကြတယ်ဆိုတာ

အမှန်ပဲ အဟင့်...ဟင့်.."


ပြောပြီး မျက်ရည်လေးသုတ်ကာ...


"ဟွန့် နေပေါ့နေနိုင်ရင် သည်းကလဲနေပြမယ်

အဟင့်...သည်းခြေရာတဲ့ တစ်ခြေရာပဲ.ရှ်ိတယ်သိလား အဟင့်...ဟင့်..."


ပြောပြီး သူမအား ကျောပေးထါးသော

သူ့အား မျက်စောင်းလေးထိုးကာ

တစ်ဘက်သို့ နှုတ်ခမ်းလေးဆူကာ

လှည့်နေလိုက်တော့သည်။


စည်း သူမအား မျက်ဝန်းတောင့်ကနေ

ငဲ့ကြည့်ချ်ိန် သူ့အားကျောပေးကါ

ထိုင်နေသော သူမကြောင့် သက်ပြင်းအသာ

ချ၍ ညနေအိပ်ရန် တဲအား ငှက်ပျော်လက်များအား အသုံးပြု၍ ဆောက်နေတော့သည်။


ရင်ထဲမှာတော့ သူမအား ဒေါသများက

တလိပ်လိပ်...


"ကျစ် ဘာကြောင်အ အသက်ငယ်ငယ်

နဲ့ရည်စားက ထားရတာလဲ ငါတောင်

မထားတာ သူမကထားခဲ့စရာလား

ကိုယ့်ကြတော့ ကလေးစိတ်နဲ့...

ကျစ် ဟိုကောင်က လက်များကိုင်သေးလား..."


စည်း တစ်ယောက်ထည်းပြောပြီး

အလိုမကျစွာ အလုပ်သာလုပ်နေလိုက်တော့သည်။


အတော်ကြာ မှောင်စပြုလာကာ

တဲလေးမှာလဲ လက်စသပ်သွားကာ

စည်း သက်ပြင်းအသာချ၍...စောစောက

နေရာမှပဲ မလှူပ်မရှုပ်ထိုင်နေသော

သူမအား ကြည့်ကာ...


"ဟေ့  တဲထဲကိုလာ...''.


စည်းလှမ်းအော်ပြောပြီး အရင်

ဝင်လာကာ တစ်ဖက်တွင်ထိုင်နေလိုက်သည်။


တဲဆိုပင်မဲ့ အကျယ်ကြီးမဟုတ်ဘဲ

နှစ်ယောက်စာသာနေလို့ရပြီး

အလွယ်ဆောက်ထားသော 

ငှက်ပျောတဲလေးပင်။


အရမ်းကြီးမခိုင်ခန့်ပင်မဲ့

သူတို့နှစ်ယောက်အတွက်တော့

လုံခြုံမှုတော့ ပေသည်။


စည်း ထိုင်နေရင်းအတော်ကြာ

ဝင်မလာသော သူ်မကြောင့် 

စိုးရိမ်သွား၍ တဲလေးအပြင်

ပြန်ထွက်လာချိန် သူမကတော့

ထိုနေရာလေးကနေ တုပ်တုပ်

ပင်မလှုပ်ပေ။


စည်း ဒေါသထွက်သွား၍ 

သူမအနား လျှောက်သွားကာ..


'"မင်း ငါခေါ်နေတာမကြားဘူး

လား လာအထဲသွားမယ်...''


"ဟင့်အင်း မလိုက်ဘူး ဒီမှာပဲနေမှာ...''


မှောင်နေပြီဖြစ်ပြီး အသံများ

တိတ်ဆိတ်နေသော ကျွန်းပေါ်

ခေါင်းမာနေသော သူမကြောင့်

စည်း ဒေါသထွက်သွားကာ...


"ဟေ့ ငါပြောတာကြားလား...

မင်း ဘာဖြစ်နေတာလဲ..."


"မလိုက်ဘူး လူကြီးဘာသာ

တစ်ယောက်ထည်းနေ....

ကျွန်မဘာသာ ဒီမှာနေမယ်..."


"ကျစ် သည်းခြေရာ

ငါစိတ်မတိုချင်ဘူးနော်

ဂျစ်ကန်ကန်လုပ်မနေနဲ့ လာခဲ့.. ''


"ဟင့်...အဟင့်.. မလိုက်ဘူးလို့

ပြောနေတယ်နော်ာယဖယ်လွတ်.."


သည်း ငြင်းဆန်နေသော်လဲ တဲလေးထဲ

သူဆွဲခေါ်သွားသဖြင့် ပါသွားကာ

သူ့အားကျောပေးရင် ထိုင်လိုက်သည်နှင့်

ပါးပြင်အထက် မျက်ရည်များက

ပေါက်ခနဲစီးကျလာတော့သည်။


စည်း သူမအား ကြည့်၍

သက်ပြင်းအသာချကာ...


"မင်း အိပ်ချင်အိပ်..."


"မအိပ်ဘူး....လာမပြောနဲ့.. "


သူမရဲ့ ခပ်စပ်စပ်ဒေါသ

အသံလေးကြောင့် စည်း

ငြိမ်နေရင်း သူမရဲ့ကျောပြင်လေးကိုသာ

ကြည့်နေလိုက်သည်။


အတော်ကြာ သူမရဲ့ခေါင်းလေး

လည်ကျလာချိန်...လက်တစ်ဖက်

ဖြင့်စီးကာ ဖမ်းလိုက်၍ အိပ်ပျော်သွားသော

သူမကိုယ်လေးအား စည်း ကလေးပွေ့သလို

ပွေ့လိုက်ကာ ရင်ခွင်ထဲ ထည့်ဖက်ထား၍

သူမရဲ့ မျက်နှာလေးအားကြည့်ကာ

နှုတ်ခမ်းဖူးဖူးလေးအား တစ်ချက်ကြည့်ပြီး

မျက်နှာလွဲလိုက်သည်။


"သဲလေး မင်း ရက်စက်တယ်..."


-------======================^^^^🍓🍓🍓🍓🍓🍓🍓


"သမီး ဘာကြောင့် အခြားကလေးကို

သားလို့ခေါ်ရတာလဲ..."


ဒေါ်ရွှေဥ သမီးဖြစ်သူကြောင့်

ပြန်ရောက်ထည်းကရော မနေ့ကပါ ဒေါသ

ထွက်နေမိတော့သည်။


သူမရဲ သမီး နုနုလေးက အခြားကလေး

ကို ကြည့်၍ မျက်ရည်များကျလာကာ

သားလို့ ခေါ်တာ သဘောမတွေ့လှ။


ထို့ကြောင့် မျက်နှာပေါ်တွင် လိုတာထက်

ပို၍ တင်းမာနေတော့သည်။


"မဟုတ်ပါဘူး မေမေ...ရွှေ

ရွှေ ကလေးကို မြင်ပြီး

ဘာဖြစ်သွားမှန်းမသိလို့ပါ..."


"အို ဘာပဲ ဖြစ်ဖြစ် မေမေမကြိုက်ဘူး

အခြေအမြစ်မရှိတဲ့ကလေးကို

သားလို့ ခေါ်စရာမလိုသလို မေမေသမီးက

အဖိုးတန်လေ ဒါ့ကြောင့် သမီးမေမေထားတဲ့

အတိုင်းသာနေပါ..."


ပြောပြီး အပေါ်တက်သွားသော

မိခင်အား ရွှေကြည့်၍...မျက်နှာလေး

မှာ ပျက်နေတော့သည်။


သူမ မျက်ဝန်းထဲမှာတော့ မနေ့က

သူမအား သနားစဖွယ်ကြည့်နေသော

ကလေးလေးရဲ့ မျက်နှာလေးအား

မျက်ဝန်းထဲက မထွက်သလို ရင်ထဲတွင်

လဲ နစ်နစ်နေအောင် ခံစားနေရကာ

ထိုကလေးလေးကို သူမ ဖက်ထားချင်စိတ်က

တစ်ဖွားဖွားပင်။


သူမ ထိုကလေးလေးအပေါ် သားလို့

ခေါ်မိတာကိူလဲ သူမကိုယ်သူမ အံ့သြ

လိူ့ မဆုံးမိ။


ရွှေတွေးနေရင်း ရင်ထဲနာကျင်လာကာ..

မျက်ရည်များ စီးကျလာ၍...


"သားလေးရယ်..."


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


rate now: