book

Index 28

အပိုင်း(28)

  • Author : Lwanchin
  • Genres : Romance, Drama


"အာ့...."


သူ့ရဲ့အနမ်းများကြောင့် နှုတ်ခမ်းလေး

မှာ ယောင်ကာဖူးဖူးလေးဖြစ်နေသော

သည်း ။


နာကျင်သောကြောင့် ငြီးငြူ

နေမိကာ မျက်ဝန်းလေးများ

ဖွင့်လိုက်ချိန် သူ့ရဲ့ရင်ခွင်ကြီးထဲ

မြှပ်လုမတက် ဖက်ထားသော

လူကြီးကြောင့် သည်း အိပ်ပျော်နေသော

လူကြီးရဲ့ မျက်နှာအား ငေးငေးလေး

ကြည့်နေမိတော့သည်။


"လူကြီးက အရမ်းချောတာပဲ...."


လေသံတိုးတိုးလေးဖြစ်ပြောလိုက်၍

လူကြီးရဲ့ အိပ်နေတာတောင် ချောမော

နေသော နှုတ်ခမ်းမွေးရေးရေးနှင့်

မျက်နှာအား တစ်မေ့တစ်မောကြည့်နေမိကာ

ပါပြင်ဆီ သည်းလက်ဖြူဖြုသွယ်သွယ်လေး

များ လှမ်းလိုက်ချိန်...ဖြတ်ခနဲပွင့်လာသော

လူကြီးရဲ့ မျက်ဝန်းများကြောင့် သည်း

မျက်ဝန်းလေးများ အမြန်ပြန်ပိတ်လိုက်တော့သည်။


စည်း သူမပုံစံလေးကြောင့် ပြုံးလိုက်ကာ...

အသည်းယားသွား၍ သူမ ပါးအိအိလေးအား

နှာခေါင်းများ နစ်ဝင်အောင် ဖိကပ်နမ်း

ရှိုက်လိုက်၍..


"အဲ့ဒါ ဘာလုပ်တာလဲ သဲလေ

မင်းနိုးနေတာ ကိုယ်သိတယ်...''


ထိုတော့မှ သည်း မျက်ဝန်းလေး

ကလယ်ကလယ်နှင့် အသာ

ပွင့်လာကာ..


"လူကြီး...သည်းတို့ ဒီရောက်နေတာ

ငါးရက်ရှိပြီနော်...."


"အင်း... ဘာလို့လဲ သဲလေး ကြောက်

လို့လား..."


သည်း လူကြီးရဲ့ခါးကြီးအား ဖက်ထား

ရင်း ခေါင်းလေးရမ်းလိုက်ကာ...


"ဟင့်အင်း...သည်းနားမှာလူကြီးရှိရင်

သည်းမကြောက်ပါဘူး ဒါပင်မဲ့ ဖေဖေ

သည်းကို ငယ်ငယ်ထည်းက ပြုစုဆောင့်ရှောက်ခဲ့တဲ့ သည်းရဲ့အမေလို ကြီးကလျာ

အခု​လောက်ဆို သည်း တစ်ခုခု ဖြစ်နေပြီ

ဆိုပြီး ငိုနေတော့မှာ လူကြီးရဲ့..."


မျက်နှာလေးမဲ့မဲ့လေးဖြစ်ပြောလာသော

သူမ မျက်နှာလေးအား စည်း ငုံ့ကာကြည့်ရင်း

သူမရဲ့ နဖူးပြင်လေးအား နမ်းရှိုက်လိုက်ကာ...


"ဘာမှ အားမငယ်နဲ့ မကြာခင်

ကိုယ်တို့ ပြန်ရတော့မှာပါ...

ဟိုရောက်ရင် သဲလေ ကိုယ့်ကို

လက်ထပ်နိုင်မလား..."


"ဟင်....''


သည်း မမျှော်လင့်ထားသော

စကားကြောင့် သူ့အား တအံ့တသြ

ကြည့်နေမိတော့သည်။


သည်းလူကြီးနဲ့ချစ်သူဖြစ်ပြီးထဲက

လူကြီးသည်းအပေါ် တကယ့်ကို

နွေးထွေးပေးပြီး မျက်လုံးအောက်က

အပျောက်မခံပေ။


ထို့ကြောင့်လဲ သည်း လူကြီးကို

ချစ်သည်။လူကြီးရဲ့ သည်းကိုချစ်ပြီးဂရုစိုက်ပေး

မှုကြောင့် သည်း

စိတ်ထဲကနေ ကျေးဇူးတင်နေမိတာ

အကြိမ်ကြိမ်ပင်။ 


သည်းနဲ့သူနှစ်ဦးစလုံးမှားထားသော်လဲ အခု ချက်ချင်

ကြီး လက်ထပ်ရန်ပြောလာသော

ကြောင့် သည်းရင်တွေတဖြတ်ဖြတ်ခုန်လာ၍

မယုံကြည်နိုင်စွာ...


"လူ...လူကြီး. တကယ်ပြောနေတာလားဟင်..."


"အဟွန်း တကယ်ပေါ့ သဲလေးရယ်

ကိုယ်က အသက်အရွယ်က ကြီးနေပြီ

သည်းက ငယ်ငယ်လေး ကိုယ်စိတ်မချဘူးသဲလေး ပြီးတော့ သဲလေးနဲ့ကိုယ်က အခုဆို ဇနီးမောင်နှံတွေ

တောင်ဖြစ်နေပြီ..."


"အို..လူကြီးနော်..."


သူ့အား မျက်စောင်းလေး

ထိုးလိုက်သော သူမကြောင့်

စည်းပြုံးလိုက်ကာ...


"ဟုတ်တယ်သဲ ကိုယ်နဲ့လက်ထပ်ရပင်မဲ့

သဲလေး ဘဝတိုးတက်ရေးတွေ

ကိုယ်မပိတ်ပင်ပါဘူး ကျောင်းပြီး

အောင်ဆက်တက် ပြီးရင် သဲလေး

လုပ်ချင်တဲ့ ရည်မှန်းချက်တွေပြည့်အောင်

လုပ်ပေါ့ ပြီးရင် ကိုယ့်အတွက် သားလေး

ဖြစ်ဖြစ် သမီးလေးဖြစ်ဖြစ် မွေးပေးပေါ့..."


"အို လူကြီးကလဲ ဘာမှန်းမသိဘူး...

တော်ပြီ ထတော့မယ်...''


"အဟက် ဘယ်လဲ...ကိုယ့်အနားမှာပဲ

နေပါသဲရယ် ..."


သည်း သူမအပေါ် လူကြီး ချစ်တယ်

ပြောထည်းက အရမ်းနွေးထွေးပေး

သောလူကြီးကြောင့် ရင်ထဲကျေနပ်ပိတိ

ဖြစ်နေတော့သည်။


"လူကြီး. .."


"အင်း ပြောလေ..."


"အရင်က လူကြီး ဘာလို့

ရုပ်တည်ကြီး နေရတာလဲဟင်.. "


"အဟွန်း...ကိုယ်က အဲ့ဒီအတိုင်း

နေတက်လို့ပါ....."


"ဟင် အခုကြတော့ရော..."


"အဟက်.. အခုက သည်းက

ကိုယ့်ရဲ့ချစ်သူလေ.. "


"ဒါပင်မဲ့ သည်းနဲလူကြီး

ချစ်သူဖြစ်တာ အမြန်ဘူးလားဟင်

သည်းက သူများတွေလို စဥ်းတောင်

မစဥွးစားရဘူး..."


နှုတ်ခမ်းဖူးဖူးလေးအား ဆူထော်ပစ်

၍ပြောလာသော ချစ်စရာသူမကြောင့်

စည်း အသည်းတွေအူတွေတယားယား

ဖြစ်နေ၍...


"ကိုယ်ကလက်တွေ့ဆန်တာပဲ

ကြိုက်တယ်သဲ...သူများတွေလို

အချိန်ဆွဲနေတာ ဘာလုပ်မှာလဲ

အချိန်တောင်ကုန်သေးတယ်

ပြီးတော့ ကိုယ့်အချစ်က အချစ်တွေ

မလိုဘူး..သဲ အခုဆို 

သဲလေးနဲ့ကိုယ်နဲ့ ဘယ်လောက်

ခရီးရောက်လိုက်လဲ....အဟွန်း....''


"အို...လူကြီနော်သည်းရိုက်မှာ

အဲ့ဒီလိုကြီးမရယ်နဲ့...."


"ဘာဖြစ်လို့လဲ.. ရှက်လို့လား...''


"အွန်း...."


"အဟွန်း ချစ်စရာလေးကွာ..."


ပြောပြီး သူ့မျက်နှာ သည်း နှုတ်ခမ်းလေး

ဆီ တစ်ဖန် ပြန်ငုံ့ကျလာချိန် သည်း

မျက်ဝန်းလေးများ မှိတ်ထားလိုက်ကာ

သူ့ရင်ဘက်အင်္ကျီအစအား ခပ်တင်းတင်း

ဆုပ်ကိုင်ပြီးနောက်...ပူးကပ်သွားသော

နှုတ်ခမ်းနှစ်လွှာ။


စည်း သူမရဲ့ နှုတ်ခမ်းဖူးဖူးလေးအား

တစ်လွှာချင်း စုပ်ယူနမ်းရှိုက်နေပြီး

လက်ကလဲ သူမရဲ့က်ိုယ်လေးအား

တင်းကြပ်စွာပွေ့ဖက်ထားလိုက်တော့သည်။


သည်း..လူကြီးကို ချစ်တယ်...


------====================^^^^🍓🍓🍓🍓🍓🍓


"မသန္တာ ဒေါက်တာကို

သတိရလိုက်တာနော်...''


ဒေါက်တာမလေး ပုလဲချိုအပြောကြောင့်

သန္တာ သင််ပြင်းလေး ချလိုက်ကာ...


"ဟုတ်တယ်နော် ဒေါက်တာသာ

ရှိနေရင် အခုအချိန် လူနာတွေကို

လိုက်ကြည့်ပြီး အားပေးစကားပြောကာ

ပြုံးနေမှာ.... "


"ဒေါက်တာက သူ့လူနာတွေအပေါ်ဆို

အရမ်းနွေးထွေးတာ စောစောက

သူ့လူနာတွေ အဖြစ်မှန်တွေသိသွားတော့

ငိုလိုက်ကြတာ အားလုံး ကြည့်ပြီး မျက်ရည်

မစဲနိုင်ဘူး ပုလဲ မကြည့်ရက်တော့လို့

ထွက်လာလိုက်တာ..."


"ဟုတ်တယ် ငါလဲ လူနာတွေနား

မသွားရဲဘူး တွေ့တာနဲ့ ဒေါက်တာကိုပဲ

မေးနေကြတာ ငါမဖြေတက်တော့ဘူး

အဟင့်...ဟင့်...."


ပြောပြီး နှစ်ဦးသား ငိုနေကြကာ...


"အခုထိ ဒေါက်တာနဲ့ဆေးကျောင်းသူ

လေးရဲ့ အလောင်းက်ို ရှာမတွေ့ဘူးဆို..."


"အင်း ဟုတ်တယ် သူများတွေပြောကြတာတော့ ပွဲပေးတါတောင်မတွေ့ရင်  ပင်လယ်

သတ္တဝါ စားသွားလောက်ပြီနေမယ်တဲ့...''


"အို အမလေး ရေနစ်ပြီး မရူမလှသေတဲ့

အပြင် အလောင်တောင်ပြန်မရပါလား

ဒေါက်တာရဲ့ ဘဝက ဆိုးလိုက်တာ

အဟင့်...ဟင့်..."


"ဟုတ်တယ် ဆေးရုံတစ်ခုလုံးလဲအဲ့ဒါကို

စိတ်မကောင်းတာ...သူများပေါ်မှာ

စေတမာထားပြီးအသက်ကယ်ခဲ့သလောက်

သူ့ကြတော့ ကယ်သူမရှိတော့ဘူးလေ

ဒေါက်တာအမေဆို အခုဒေါက်တာစိတ်ကြောင့် ကျန်းမာရေးထိခိုက်မှာစိုးရိမ်နေရတယ်

အနားမှာ ဆရာဝန် ခေါ်ထားရတယ်လေ

ငါတို့လဲ မနက်ဖြန် ဒေါက်တာအိမ်ကို

သွားရမယ်...ဆေးရုံအုပ်ကြီးပြောတယ်

သူလဲ ဒေါက်တာဖြစ်ထည်းက မျက်နှာ

မကောင်းဘူး..."


"အင်းလေ ဒေါက်တာရှိလို့ ဆေးရုံက

နာမည်ကြီးနေတာလေ မရှိတော့

ဆေးရုံအုပ်ကြီးလဲ စိတ်ဓာတ်ကျမှာပေါ့..."


"အင်း...ဒေါက်တာ ကောင်းရာမွန်ရာ

ဘဝရောက်ပါစေ ဆုတောင်းရမှာပဲ...

အဟင့်...ဟင့်...''


နှစ်​ယောက်သား ပြောပြီး ဝမ်းနည်းစွာ

မျက်ရည်ကျနေကြတော့သည်။


=----------=====================^^🍓🍓🍓🍓🍓🍓🍓


"လာကြပါရှင်...ထိုင်ကြပါ...''


ဒေါ်ကလျာ ဧည့်သည်တွေလာသော

ကြောင့် နေရာပေးကါ ဧည့်ခံလိုက်သည်။


ထိုအချိန် ဒေါ်ရွေဥ နှင့် ရွှေရည်မှုန်

အခန်းထဲ ဝင်လာလိုက်သည်။


ထိုအချိန် ဦးလေးကြီးတစ်ယောက်ဘေး

ခေါင်းလေးငုံ့ကာထိုင်နေသော

ကလေးလေးအား ရွှေကြည့်၍

ရင်ထဲမကောင်းတော့ပေ။


ငါ...ငါထူဆန်းလိုက်တာ အဲ့ဒီကလေး

လေးကို ငါမြင်ရတာ ဘာကြောင့်ငါ့ရင်ထဲ

နာကျင်ပြီး ဝမ်းနည်းလာရတာလဲ။


"ထိုင်ကြပါရှင်..."


အိမ်ရှင်အန်တီကြီးရဲ့ အပြောကြောင့်

သားအမိနှစ်ယောက် ခေါင်းငြိမ့်ကာ

ထိုင်လိုက်ကြ၍..


"ကျွန်မက ဒေါ်ရွှေဥပါ

ဒါက ဒေါက်တာအမိန့်စည်းရဲ့

ဇနီးလောင်းပါ..."


မိတ်ဆက်ပေးမှု​ကြောင့် ဒေါ်ကလျာ

အရှေ့က မျက်နှာမကောင်းစွာ

ရှိနေသော သည်းလေးအရွယ် ချောမောသော မိန်းကလေးအား ကြည့်၍

အံ့သြသွားသလို သည်းလေးကိုလဲသတိရသွားကာ...


"ဟုတ်ကဲ့ပါရှင်...ဒေါက်တာအတွက်လဲ

ကျွန်မ စိတ်မကောင်းပါဘူး သည်းလေးနဲ့

ဒေါက်တာက ကံမကောင်းရှာတာပါရှင့်.

အဟင့်...ဟင့်..''


ဒေါ်ကလျာ ငိူချင်လာသောကြောင့်

ငိုချလိုက်ကာ...မျက်ရည်များအား

သုတ်၍...


"Sorry ပါရှင့်...ကျွန်မ...ကျွန်မ

ဒေါက်တာနဲ့ သည်းလေးကို

သတိရသွားလို့ပါ.."


"ရပါတယ်ရှင် ကျွန်မတို့နားလည်ပါတယ်..

မနက်ဖြန် ဟိုဘက်မှာ နေပေးရမှာဆိုတော့

ဒီကို လာဖို့ အချိန်မရတော့ဘူးလေ

ဒါ့ကြောင့် လာတာပါ...z''


"အခုလို မသိဘဲ လာပေးတါ

ကျေးဇူးပါရှင့်..."


"အဒေါ်က သည်းခြေရာရဲ့.. "


"ကျွန်မက သည်းလေးကို

စောင့်ရှောက်ရတဲ့အဒေါ်ပါ

ဟိုမှာ ကလေးဘေးက 

အမျိုးသားက သည်းလေးရဲ့

အဖေပါ...."


အသက် ၅၀ခန့်လောက်သာရှိသော

အမျိုးသားအား ဒေါ်ရွှေဥ

ကြည့်၍ ခေါင်းငြိမ့်လိုက်သည်။


ထို့နောက် နံရံတွင်ကပ်ထားသော

ပုံထဲက ချစ်စဖွယ်ရိုက်ထားသော

သည်းခြေရာဆိုသော မိန်းကလေးရဲ့

ပုံများအားကြည့်၍... စိတ်ထဲဘဝတော့မကျပေ။


ရွှေ ရောက်လာထည်းက ကလေးလေး

ဆီသာ အကြည့်များရောက်နေ၍

သူ့အား ပြန်ကြည့်လာသော ကလေးလေး

ရဲ့မျက်ဝန်းများအား မြင်လိုက်ရချိန်

ရွှေနှလုံးသားက နာကျင်လာရကာ

ပါးပြင်အထက် မျက်ရည်များ စီးကျလာ၍...


"သား...သားလေး... "


--====================^^^^🍓🍓🍓🍓🍓🍓🍓


ကမ်းစပ် အပင်ကြီးနား နှစ်ယောက်

သားထိုင်နေရင်း လှေများလာမလား

မျှော်လင့်ချက်ဖြင့် ထိုင်ကာ

စောင့်နေရင်း  လူကြီးရဲ့

ရင်ခွင်ထဲ ထည့်ဖက်ထားမှုကြောင့်

သည်းကိုယ်လုံးလေး လူကြီးရင်ခွင်ထဲ

မြှပ်နေကာ...


"လူကြီး...သည်း...သည်းက်ို

ဘာလို့ ချစ်တာလဲဟင်..."


စည်း ပင်လယ်ပြင်ကြီးဆီ ကြည့်နေရင်း

သူမအပြောကြောင့် သူမရဲ့ မျက်နှာလေး

အားငုံ့ကြည့်ကာ...


"အဟွန်း...သဲလေးက ဘယ်လို

ထင်လို့လဲ...."


"သည်းက မထင်တက်လို့မေးတာပေါ့..."


"ကိုယ်က သဲကို ချစ်တာ ဘာကြောင့်

လဲ မပြောတက်ဘူး ဒါပင်မဲ့ ကိုယ့်

နှလုံးသားထဲတော့ သည်း​ခြေရာ

ဆိုတဲ့ ချာတိတ်လေးကို နစ်နေအောင်

ချစ်တယ်..."


သည်း သူ့အပြောကြောင့် မျက်နှာလေး

တွင် ကျေနပ်မှုများ ဖြစ်ပေါ်လာကာ..


"သည်းလဲ လူကြီးကို အများကြီး

ချစ်တာ သည်းလေ ဆယ်တန်းတောက

ချစ်ရတဲ့ အချစ်ဦး ထက်တောင်

ပိုချစ်သေးတယ်..."


"ဘာ....အချစ်ဦး ဟုတ်လားသည်း.. "


"အင်းလေ..."


ထိုအခါ စည်း မျက်နှာကြီး

တည်တင်းသွားကာ...


"ဘယ်ကလဲ ...."


"ဟင်...ကိုရီယားကလေ

လူကြီးရဲ့...အဟင်း သူက

အရမ်းချောတာ ဒါပင်မဲ့

လူကြီးကို မမှီပါဘူး သည်းက

လူကြီးကို...."


"သည်းခြေရာ..!.."


သည်း ပြုံးကာပြောနေချိန်

အော်လိုက်သောလူကြီးကြောင့်

ကိုယ်လေးတုန်တက်သွားကာ

ထရပ်လိုက်သော လူကြီးကြောင့်

နားမလည်စွာ မျက်ဝန်းလေးပြူးကာ

ကြည့်နေရင်း...


"လူ..လူကြီး ဘာ...ဘာဖြစ်သွားတာလဲ..."


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


rate now: