book

Index 27

အပိုင်း(27)

  • Author : Lwanchin
  • Genres : Romance, Drama

ရောင်စုံမီးရောင်များကြား

လူငယ်လူရွယ် အသက်မျိုးစုံ

အရွယ်များ ထွက်ပေါ်နေသော

ခပ်မြူးမြူးတီးလုံးသံနှင့်အညီ

လှုပ်ရမ်းကာ ပျော်မြူး ကခုန်နေကြတော့သည်။


အချို့ကြတော့လဲ  ဝိုင်းဘားတွင်

ဝိုင်အား အရသာခံစွာသောက်နေကြ

ပြီး အချို့ကြတော့လဲ အပေါင်းအသင်း

များဖြင့် ပျော်ရွှင်ကာ စကားပြောနေကြတော့သည်။


ထိုအထဲ လူအုပ်ကြားထဲ မူးကာ

ကခုန်နေသော ပွင့်ဖြူညို့တစ်ယောက်

အပါအဝင်ပင်။


ဘောင်းဘီအနီရောင်ပေါင်တိုလေးနှင့်

အင်္ကျီခါးပြတ်အတိုလေးအား

ဝတ်ထားပုံက ခေတ်ဆန်လှစွာ...


🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼


"ညို့ နင်အရမ်းမူးနေပြီ ပြန်ကြမယ်....''


"ဟင့်အင်း ဖယ်ပါ ငါမပြန်သေးဘူး.. "


ဘေးက ပြန်ရန်ခေါ်နေသော သူငယ်

ချင်းဖြစ်သူအား ညို့ တွန့်ထုတ်၍..


"ဟင့်အင်း ငါမပြန်ဘူး..ဖယ်ပါ..."


"မပြန်လို့မရဘူးလေဟာ အချိန်လဲ

ကြည့်ပါအုံးညို့ရဲ့...."


"ဟင့်အင်း မပြန်ဘူး ငါ့မှာ မိသားစုဆိုတာ

မရှိဘူး အိမ်ဆိုတာလဲ ငါခင်တွယ်တော့ဘူး

ဖေဖေက ငါ့ကိူမချစ်ဘူးဟ...."


သီးချင်းသံတွေကြောင့် စကားအား

အော်ပြောနေရကာ ညို့မျက်ဝန်းမှ

မျက်ရည််များကလဲ လက်ခနဲပင်။


"ည်ို့ရယ် နင်ကလဲ အိမ်နဲ့

ရန်ဖြစ်လာလိူ့လား...''


"မဟုတ်ဘူး ငါ ဟိုသည်းခြေရာ

ဆိုတဲ့မိန်းမကို အရမ်းမုန်းတယ်....''


"သည်းခြေရာက ဆုံးသွားပြီလေ

ညို့ရယ် အခုအချိန်က အရာအားလုံးက

နင့်အတွက်ကြီးပဲလေ နင်အရာရာကို

ရတော့မှာ ဒါ့ကြောင့် သည်းခံပြီး

ပါးပါးနပ်နပ်နေလေ...."


ထိုအချိန် ညို့ သူငယ်ချင်းဖြစ်သူ

အပြောကြောင့် ခဏငြိမ်သက်သွား၍...


"ဟုတ်တယ် နင်ပြောတာ မှန်တယ်

ငါ...ငါ အရာအားလုံးပိုင်တော့မှာ

အားလုံးက ငါ့ဟာတွေကြီး

ဖြစ်တော့မှာ အဟွန့်...ဟုတ်တယ်

ဖေဖေချစ်တဲ့ သူ့အချစ်ဆုံးသမီးလဲ

မရှိတော့ဘူး ငါ့ဆီက ဖေဖေကို

လုယူသွားမဲ့ လူမရှိတော့ဘူး

ဟား....''


တစ်ယောက်ထဲပြောကာ တစ်ယောက်ထဲ

သဘောကျနေသောညို့...မျက်ဝန်းတွင်တော့

မျက်ရည်များဖြင့်...


----======================^^^^🍓🍓🍓🍓🍓🍓🍓


ကျိလိ...ကျိလိ...ကျ်ိလိ...


"အင်း....."


သည်းနားထဲ ငှက်များရဲ့အော်သံလေး

ကြောင့် ငြီးငြူစွာ အသံလေးထွက်လာကာ

မျက်ဝန်းလေးများ တဖြည်းဖြည်း

ပွင့်လာချိန်.....ပထမဦးဆုံးမြင်လိုက်ရသော

ရင်ဘက်မို့မို့နှင့်ဖွေးဖွေးကြီး ။


အခုမှ သတိထားမိတာ သူ့ရင်ခွင်ထဲ

ဝင်အိပ်နေသော သူမကိုယ်သူမ

ပြန်ကြည့်ချိန် သည်းကိုယ်လေးပေါ်

ဘာအဝတ်မှ မရှိတော့ဘဲ သူ့အင်္ကျီ

ကြီတစ်တည်ထည်းကိုသာ ဝတ်ဆင်

ထားပြီး သူ့က်ိုကြည့်တော့လဲ 

အောက်ပိုင် ဘောင်းဘီတော့ဝတ်

ထားပြီး အပေါ်ပိုင် ဘာမှမဝတ်ထားကာ

သည်းကိုယ်လေးအား ခါးလေးကနေ

ပိုင်နိုင်စွာ ဖက်ထားသောကြောင့်

သူ့ရင်ခွင်ထဲ သည်းကိုယ်လေးမှာ

မြှုပ်နေတော့သည်။


ထိုအချိန် သည်း ခေါင်းထဲ

ညကအဖြစ်အပျက်များက

ခေါင်းလောင်းထိုးသလို

အချက်ပေးလါကြကာ

သည်း မျက်နှာလေးရဲတက်လာ၍..


"ဟင့်အင်း...မဟုတ်.. မဟုတ်ဘူး

ငါနဲ့ လူကြီး...''


"ဘာမဟုတ်တာလဲ သည်း..."


ထိုအချိန် မျက်ဝန်းများပွင့်လာ၍

မေးလာသော လူကြီးအသံကြောင့်

သည်း အရှက်သည်းကာ..


"အား...လူကြီး ဘာလို့ 

သည်းကို ကြည့်နေတာလဲ

သွား...ဟိုဘက်လှည့်... "


အိပ်ယာထကာစ သူမရဲ့

ချစ်စဖွယ်အမူအရာ မျက်နှာလေး

ကြောင့် စည်းရင်ထဲ ကျေနပ်နေကာ...


"ဘာလို့လဲကွာ...ခေါင်းမော့ပါအုံး

မျက်နှာလေးကြည့်ပါရစေ...."


"ဟင့်အင်း...လူကြီးက အရှက်မရှိပင်မဲ့

သည်းကရှက်တယ်...လူကြီးထတော့.. "


"ဘယ်ကို ထရမှာလဲ ထပ်ထလာရင်

သည်း ကိုယ့်ကို အော်အုံးမယ်...''


သူ့ရဲ့စကားကြောင့် အရှက်လွန်ကာ

ငိုချင်နေသော သည်း မျက်နှာလေးမှာ

ပို၍ နီတက်လာ၍...မျက်ရည်လေးများ

ဝဲတက်လာကာ...


"အာ...လူယုတ်မာကြီး အဟင့်...ဟင့်..

ဘာတွေ​ပြောနေလဲမသိဘူး သည်း

ရှက်ပါတယ်ဆိုမှ...အဟင့်...ဟင့်..."


စတော့လဲ ရုပ်တည်ကြီးနှင့်စသည်

ထိုသိုငိုပြန်ရင်လဲ ပြာယာခပ်နေတက်

သော စည်း သူမရဲ့ ပါးပြင်အိအိလေး

မှ မျက်ရည်များအား သုတ်ပေး၍

နဖူးနှင့် နှုတ်ခမ်းဖူးဖူးလေးအား

နမ်းရှိုက်လိုက်ကာ..


"အဟွန်း မစတော့ဘူး မငိုနဲ့နော်

သဲလေး ကိုယ်မစတော့ဘူး

ထ တစ်ခါထဲ ရေသွားချိုးကြမယ်...''


"အဟင့်...ဟင့်....သည်း...သည်းမှ

မသွားနိုင်တာ..."


ထိုတော့လဲ သူ့အား မဝံ့မရဲလေး

ပြောလာသော သူမကြောင့်

စည်း ဆရာဝန်ပီပီ အကင်းပါးကာ..


"ဟုတ်ပါပြီ ဒီက လူကြီးကပဲ

သဲလေကို ရေရှိရာ ပွေ့ခေါ်သွားပါမယ်ဗျ..."


လူကြီးရဲ့အပြောကြောင့် သည်း

မျက်ရည်များကြားက ပြုံးလိုက်၍...


"လူကြီးက သည်း အရင်ရေချိုးမယ်နော်..."


"အဟွန်း ကိုယ်နဲ့အတူတူချိုးမယ်လေ..."


"ဟင့်အင်း ဟင့်အင်း မချိုးဘူး

သည်းကို လိုက်ပဲပို့ပေး ပြီးရင် 

လူကြီး ကုန်းပေါ်ပြန်တက်ပြီးနေ.. ''


"ဘာလို့လဲ သည်း ကိုယ်နဲ့အတူ

ရေမချိုးချင်လိူ့လား...."


မျက်ဝန်းများမှေးစင်းကာ

ကြည့်၍ မေးလာသော 

လူကြီးကြောင့် သည်း

ရှက်သွား၍ မျက်ဝန်းလေး

လွဲလိုက်ကာ...


"ရှက်...ရှက်လို့ပါ...."


အသံလေးတိန်ကာပြောလာသော

သူမလေးရဲ့ ပုံစံကြောင့် စည်း

အသဲတွေတဖြုတ်ဖြုတ်​ကြွေနေကာ

အသဲတွေယားနေကာ နှုတ်ခမ်းသာ

အသာဖိကိုက်နေရတော့သညိ။


မဟုတ်ရင် သူ့အား အသံစူးစူးလေး

ဖြင့် လူကြီး လူယုတ်မာလို့ အော်အုံး

မှာ ကြိမ်းသေသည်။


---=====================^^^^🍓🍓🍓🍓🍓🍓🍓


ခုနှစ်ရက်မပြည့်ခင် ဘုန်းကြီးများ

အားပင့်ဆောင်ကာ ဆွမ်းကာ

တရားနာယူသောကြောင့်

အိမ်ကြီးထဲ တရားနာယူကြသော

ဧည့်သည်များက အများအပြားပင်။


"ဒါယိကာမကြီး စိတ်ကို ဖြေပါ

တင်းမထားပါနဲ့....တရားကို

ရူမှတ်ပါကွယ်...."


မျက်ရည်များကြနေသော ဒေါ်ရွှေစင်

သူမအား ဆရာတော်ဘုရား မိန့်ကြားလာ

သောကြောင့် မျက်ရည်များသုတ်ကာ

ခေါင်းကိုသာ ငြိမ့်ပြ၍...လက်အုပ်ချီကာ..


"တင့်ပါဘုရား တပည််တော်မှ

အရမ်းဝမ်းနည်းရလို့ပါ ဘုရား...."


"အင်းလေ ဒါက ဝမ်းနည်းသင့်ပါတယ်

ဒါပင်မဲ့ စိတ်ကို ဖြေကွယ်...''.


"တင့်ပါဘုရား တပည့်တော်မ

နားထောင်ပါ့မယ် ဘုရား..."


ထိုအချိန် ဆရာတော် အိမ်ထဲက

နေပြန်ကြွသွားတာအား ဒေါ်ရွှေစင်

ကြည့်၍ မျက်ဝန်းတို့က စားပွဲခုံပေါ်က

သားဓာတ်ပုံနှင့် သည်းလေးရဲ့

ဓာတ်ပုံအားကြည့်ကာ...မျက်ရည်များက

ထပ်မံ၍ ကျဆင်းလာတော့သည်။


ရွှေစင် အန်တီအနား တဖြည်းဖြည်း

လျှောက်လာကာ...


"အန်တီ....အဆင်ပြေရဲ့လားဟင်..."


"ပြေ ပါတယ် သမီးရယ် သမီး

အိမ်မှာ နားနားနေနေ နေပါလားကွယ်

ဆေးရုံက ဆင်းတာမ​ကြာသေးဘူးလေ

ကွယ်..."


"ရပါတယ် အန်တီရဲ့ ရွှေ

ကောင်းနေပါပြီ အရမ်းလှုပ်ရှား

မှုတော့ မလုပ်ရသေးဘူးပေါ့...''


ရွှေစင်ပြောပြီး ကိုကို ဓာတ်ပုံ

အနားက မိန်းကလေးပုံကြောင့်...


"အန်တီ...သူ....သူမ...."


"အဲ့ဒါ သားနဲ့အတူ ပါသွားတဲ့

သမီးလေးလေ...အဟင့်... ဟင့်...

သနားစရာ ကလေးလေးနှစ်ယောက်ပါကွယ်..."


ပြောပြီငိုနေသော အန်တီရဲ့လက်အား

ရွှေဆုပ်က်ိုင်လ််ုက်၍ မျက်ဝန်းတို့ကတော့

ရယ်နေသော ချစ်စရာ မျက်နှာလေး

ပိုင်ဆိုင်ထားသော ဓာတ်ပုံလေးအား

သေချာကြည့်နေလျှက်...


"မင်းက ဘယ်သူလဲ မိန်းကလေး..."


--------------------====-----^^^^^🍓🍓🍓🍓🍓🍓🍓🍓🍓


"လူကြီး...သည်း ချမ်းတယ်..."


"အဟွန်း လာရင်ခွင်ထဲ ထည့်ဖက်ပေး

ထားမယ်...''


ပြောပြီး ဘေးတွင်ထိုင်နေသော

သည်းကိုယ်လေးအား ဆွေခနဲ

ချီကာ ပွေ့တင်လိုက်သော

လူကြီးကြောင့် သည်း အံ့သြ

မနေတော့။


သည်းကို မနက်ထည်းက အနားက

ဘယ်မှ မခွာခိုင်းကာ အကဲ

ပိုနေသော လူကြီးကြောင့်

ဝမ်းသာ ကြည့်နူးမိသလို

ဒီကျွန်းကို ရောက်နေတာ

၅ရက်ရှိပြီဖြစ်သော်လဲ လူတစ်ယောက်

မှ ရောက်လာချင်းမရှိသောကြောင့်

သည်း စိတ်ပူမိတာလဲ အမှန်။


"လူကြီးသည်းတို့ အခုက

ကော့သောင်မှာပဲလားဟင်...."


"အင်း...ဟုတ်တယ်...သဲလေး

ဒါပင်မဲ့ အနည်းငယ်ဝေးလောက်မယ်

ကိုယ်တို့က ရေစီးနဲ့ပါလာတော့

ပင်လယ်အလယ်ကို ရောက်လာတာ..."


ထိုအခါ သည်းမျက်နှာလေးမှာ

စိုးရိမ်သွား၍..


"ဒါဆို သည်းတို့က ဘယ်ရက်

ပြန်ရမလဲ မသေချာဘူးပေါ့နော်

လူကြီး..."


"ဘာကို စိုးရိမ်နေတာလဲ သဲလေး

ကိုယ်နဲ့ရှိနေချိန် အဲ့ဒါတွေ

ခေါင်းထဲ မတွေးနဲ့ ကိုယ့်အကြောင်း

ပဲတွေး ကိုယ်ရှိနေသ၍ သဲ

ဘာမှ မဖြစ်စေရဘူး...အခုတော့

ကိုယ် ဗိုက်စာတယ်သဲလေး.. "


သည်း သူ့ရဲ့ ညှို့လွန်းသော

မျက်ဝန်းတွေအား မကြည့်ရဲစွာ...


"ဟိုမှာ ငှက်ပျောသီးရှိတယ်လေ

လူကြီး သည်းယူပေးမယ်နော်..."


​ပြောပြီး ထရပ်ဖ်ို့ ပြင်သော်လဲ

ပေါက်ပေါ်ကနေ ပေးမထသော

လူကြီးကြောင့် သည်း မျက်ဝန်လေး

များဝိုင်းသွား၍ လူကြီးအား

မော့ကြည့်ကာ..


"လူ...လူကြီး..."


စည်း သူမမျက်နှာလေးအနား

တိုးကပ်လိုက်၍ နှုတ်ခမ်းဖူးဖူး

လေးကိုပါ ဝေ့ကြည့်ကာ...


"ကိုယ်စားချင်တာ ငှက်ပျောသီးမဟုတ်ဘူး

သဲလေး ကိုယ်စားချင်တာ သဲလေးကို..."


"အို....လူ...လူ...လူကြီး..."


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


rate now: