book

Index 26

အပိုင်း(26)

  • Author : Lwanchin
  • Genres : Romance, Drama

"အား..ဖယ်နော် သည်းကိုက်မှာနော်

လူကြီး  .."


"အဟွန်း ရအောင် တွန်းလေ...."


"အို သည်းကဘယ်လိုတွန်းရမှာလဲ

လူကြီး လာမညစ်နဲ့....''


ရေထဲကနေ ကိုယ်လေးမထွက်နိုင်သေးဘဲ

သည်းကိုယ်လေးအား အတင်းဖက်ထားသော

လူကြီးကြောင့် သည်း ထမရသလို ထလဲ

မထရဲ။


ကိုယ်လေးပေါ်တွင် အောက်ခံဘောင်းဘီလေး

နှင့် အပေါ်bra လေးသာရှိပြီး ဂါဝန်လေးကို

တော့ရေနှင့်လျှော်ကာ လှမ်းထားသည်။


စည်း သူမရဲ့ မျက်နှာလေးရဲနေတာအား

ကြည့်၍ နှုတ်ခမ်းအသာကိုက်ိုက်၍

ပြုံးလိုက်ကာ...


"အဟွန်း...ဘာလဲရှက်နေတာလား..''


"ဟင်...မ...မရှက်ပါဘူး လူကြီး

နားမလည်ဘူးလား မိန်းကလေး

တစ်ယောက်ကို အခုလို မဖတ်ရဘူး

နီးနီးကပ်ကပ်မနေရဘူးဆိုတာ..."


"အဟွန်း နားမလည်ဘူး မင်းက

ကိုယ့်ချစ်သူလေ နေတာ ဘာဖြစ်လို့လဲ

မင်းပဲ သဘောတူထားတာလေ.... "


"အို သဘောတူတာနဲ့ ဒီလိုကြီး

နေရမယ်လို့ပြောလို့လား.. လူ...

လူကြီးက သည်းကို ချစ်လို့လား..."


သူမ အမေးကြောင့် စည်း အတော်ကြာ

တိတ်ဆိတ်သွားကာ မျှော်လင့်တကြီး

ကြည့်နေသော သူမရဲ ရေဆိုနေသော

မျက်နှာလေးအားကြည့်ကာ..


"ဘယ်လို ထင်လို့လဲ...."


ရေတွေဆိုနေသော ရင်ဘက်ဖြူဖြူ

မို့မို့ကြီးနှင့် ကြည််ကောင်းလှသော

ခန္ဓာကိုယ်ကြောင့် သည်း မျက်ဝန်းလေး

လွဲကာ ပြန်ပြီး သည်းကို ငုံ့ကာကြည့်နေသော

သူ့မျက်ဝန်းများအား ပြန်ကြည့်ချိန်...


"အို.. လူကြီး..သည်းကို အဲ့ဒီလိုကြီး

မကြည့်ပါနဲ့.. "


သူ့ရဲအကြည့်များကြောင့် သည်း ရင်တွေဖိုသွား၍ ကြက်သိမ်းလေးများပင် ထသွားတော့သည်။


စည်း ချောမောသော မျက်နှာမှာ

သူမရဲ့ ချစ်စရာအမူအရာလေးများ

ကြောင့် ပြုံးသွားကာ...


"မင်းက ကလေးလေးအတိုင်းပဲ

သည်း  ဖြူစင်တယ် မင်းမှာ

ဘာလောဘ ဝန်တိုစိတ်မှ 

မတွေ့ဘူး...အဲ့ဒါလေးတွေကို

ကိုယ် သတိထားမိတာပဲ ...."


"ဟင် လူကြီးက သည်းကို

ဘယ်အချိန်ထဲက သတိထားမိတာလဲ.. ''


စည်း သူမရဲ့ မျက်တောင်လေးတွေပေါ်က

ရေစက်လေးများအား လေဖြင့်အသာ

မှုတ်ထုတ်ပစ်ကာ..


"အချိန်တန်ရင် သိလာလိမ့်မယ်သည်း

အခုတော့..."


"အို လူကြီးနော်....အို...''


ဗွမ်း....


သည်းကိုယ်လေးအား ရေအောက်ဆွဲချ

လိုက်သော လူကြီးကြောင့် သည်းအထိန့်

တလန့်လေး ပါသွားကာ....သည်းခါးလေးကနေ ခပ်တင်းတင်းဖက်ထား၍ နှုတ်ခမ်းလေး

များအား စုပ်ယူနမ်းရှိုက်လိုက်သော လူကြီး

ကြောင့် အသက်ရူကြပ်နေသော သည်း

မျက်ဝန်းလေးများ ပြူးကျယ်သွား၍

အပေါ်ပြန်တက်ဖို့ အတင်းရုန်းကန်နေသော်လဲ သူ့ရဲ့ အချုပ်အနှောင် အနမ်းများက

မလွတ်မြှောက်။


အတော်ကြာချိန် သူဝအောင်နမ်းပြီးမှ

လွတ်ပေးချိန်..


ဗွမ်း...


"ဟီး.. အဟင့်...ဟင့်...."


ရေပေါ်ရောက်သည်နှင့် အသက်အား

ဝအောင်ရူကာ ငိုလိုက်သော 

သူမကြောင့် စည်း ရေဆိုသွားသော

ဆံပင်များအား သပ်လ်ိုက်၍ သူမ

ကိုယ်လေးအား ပြန်ဖက်လိုက်ကာ...


"မငိုနဲ့သည်း ဒီထက်ဆိုးတာတွေ

နောက်ဆို ပိုကြုံလာအုံးမှာ...."


"ရှင်..."


ပြောပြီးတက်သွားသော လူကြီးစကား

ကြောင့် သည်း နှုတ်ခမ်းလေးများပင်

တုန်တက်လာ၍ အန္တာရာယ် အချက်ပေး

အသံများကလဲ ခေါင်းထဲ အစီအရီဝင်ရောက်လာကြတော့သည်။


---------====================^^^^🍓🍓🍓🍓🍓🍓


"ကုဋေ မင်း အခုလိုကြီး မခံစား

ပါနဲ့ကွယ် ဒီကိစ္စကြီးက မင်းကြောင့်

လဲ မဟုတ်ပါဘူး  .."


ကျောင်းကြီးရဲ့ ရုံးခန်းကြီးထဲ စည်းပုံ

နှင့် သည်းခြေရာဆ်ိုသော မိန်းကလေး

ပုံအား ကြည့်၍ အပြစ်ရှိသူတစ်ယောက်

လို ခံစားနေသော ကုဋေအား မိုးထက်ကြည့်၍

ပြောလိုက်သည်။


"မဟုတ်ဘူး မိုးထက် ငါ့ကြောင့်ကွာ

ငါ...ငါ...ဒီခရီးစဥ်ကို စီစဥ်လို့ စည်း

တို့အခုလို ဖြစ်ရတာကွ...ငါ့ကြောင့်ကွာ...."


"မင်းက ဆေးတက္ကသိုလ်ရဲ့ ပါချုပ်နော်

ကုဋေ ရင့်ကျက် စမ်းပါကွာ...

မင်းအခုပုံစံကို စည်းမြင်ရင်

မင်းကို ပြောမှာ သိလား...."


"ပြောပါစေကွာ ငါမပြောခံချင်တာ

တောင် စည်းက ငါတို့အနားမရှိတော့ဘူး

ကွ...."


ပြောပြီး မျက်ရည်များကြလာသော

ကုဋေအား မိုးထက်ကြည့်၍

မျက်ရည်များက ဝဲတက်လာကာ..


"စည်း ပြောဖူးတယ်သိလား

သူက အရာရာကို မျက်ရည်ကြပြီး

ဖြေရှင်းတာထက် ပြုံးပြုံးလေးဖြေရှင်းတာဟာ ဘေးကလူတွေအတွက်ပါ အကျိုး

သက်ရောက်တယ်တဲ့ကွာ....ဒါ့ကြောင့်

စည်းတို့ အကယ်၍ မရှိတော့ရင်

ငါတို့က သူကျေနပ်အောင် သူ့ကို

ပြုံးကာ အမျှပေးဝေကြတာပေါ့ကွာ...."


"မင်း သိလား ငါလက်မလျော့သေးဘူး

ရှာ ရှာခိုင်းထားတယ် စည်းတို့ကို...."


Ring Ring Ring Ring...

Ring Ring Ring Ring....


ထိုအချိန် ဖုန်းထမြည်လာသံကြောင့်

ကုဋေနှင့် မိုးထက်တစ်ယောက်

မျက်နှာတစ်​ယောက်ကြည့်၍

ဖုန်းအား ပြေးယူကြည့်ချိန်..

ကယ်ဆယ်ရေးအဖွဲ့ဖြစ်နေသောကြောင့်

အမြန်ကိုင်လိုက်ကာ..


"ဟယ်လို.... "


"ဟယ်လို ဦးကုဋေလားဗျာ.."


"ဟုတ်ပါတယ်ဗျာ အခြေအနေ

ဘာထူးလဲဗျာ..."


"ကျွန်တော်တို့ ဆက်လက်ကြိုးစား

ရှာဖွေနေပါတယ် ဒါပင်မဲ့ ဘယ်နေရာမှ

မတွေ့ပါဘူး ရေစီးသန်တာကြောင့်

အဝေးကို မျှောပါသွားတာ  ဖြစ်လောက်မယ်

ပြီးတော့ ဒီနေ့ အတော်ဝေးတဲ့ လူမရောက်တဲ့

ကျွန်းတစ်ခုတော့ ရှိတယ်.... ကျွန်တော်တို့

အဲ့ဒီဘက်ကို နောက်ဆုံးအနေနဲ့ သွားရှာ

ကြောင့် လှမ်းအကြောင်းကြားတာပါ... "


"ဟုတ်ကဲ့ သွားရှာပါဗျာ....နေအုံး

အဲ့ဒီဘက်ကို ကျွန်တော်တို့ဘာ

လိုက်လို့ရလား...'


"ရတယ်ဗျ...ဒါပင်မဲ့ ...''


"ရတယ် ကျွန်တော်တို့ အားချင်း

အဲ့ဒီကို တက်လာခဲ့မယ်

တစ်ရက်လောက်နဲ့ အရောက်လာခဲ့မယ်

ခဏစောင့်ဗျာ..."


"ကောင်းပါပြီဗျာ..."


"ဟုတ်ကဲ့ပါ..."


ကုဋေဖုန်းချပြီး ဘေးက စိုးရိမ်တကြီး

ကြည့်နေသော မိုးထက်အားကြည့်ကာ...


"မိုးထက် ငါတို့ ကော့သောင်ဘက်

ပြန်သွားကြရအောင်.... "


----------------=-==-============^^^^^🍓🍓🍓🍓🍓🍓


"သည်း လာလေ စားကြရအောင်... "


ကျွန်းပေါ်တွင် အပေါဆုံးက ငှက်ပျောသီး

ပင်။ အပင်များလေ့ကျပေါက်နေကာ

မြေစီမြေသြဇာ ကောင်းသောကြောင့်

ဝဖြိုးနေတော့သည်။


သည်း သူ့အနား တဖြည်းဖြည်း

လျှောက်သွားရင်း သူကမ်းပေးသော

ငှက်ပျောသီးအား ယူကာ...


"လူကြီး သည်းတို့ ဘယ်တော့

ဒီက ထွ​က်ရမှာလဲ..."


"မကြာတော့ပါဘူး.. အခုတော့ ဘာမှ

မတွေးနဲ့...သည်းနဲ့ကိုယ့်အကြောင်းပဲတွေး

လာ ဒီကို....''


သူ့ဘေးနားက်ို လာရန် ပြောသောကြောင့်

သည်း သူ့ဘေး ဝင်ထိုင်လိုက်ချိန် ...


"အို...လူကြီးနဲ့ သည်း ဗိုက်စာလို့

စားပါရစေအုံး.. "


နမ်းရန်ပြင်နေသောကြောင့် သည်း

သူ့မျက်နှာကြီးအား တွန်းကာ

ပြောလိုက်ချိန်..


"အဟက်...ဟုတ်ပါပြီ စားပြီးမှ..."


ပြုံးစေ့စေ့ပြောလာသော သူ့ကြောင့်

သည်းမျက်စောင်းလေးထ်ိုးကာ

ငှက်ပျောသီးလေးအား စားနေလိုက်၍..


"လူကြီး အရင်က ရုပ်တည်ကြီးနဲ့

အခုကြတော့ ကွာပ...."


"အဟက်...ဘာလို့လဲ...''


"လူကြီးက အခုဆို သည်းကို 

ဂရုစိုက်ပြီး မအော်တော့ဘူးလေ

အရင်ကဆို အော်လိုက်တာပြောမနေနဲ့..."


စည်း သူမရဲ့ ဆံနွယ်လေးများအား

သပ်တင်ပေးကါ..


"မင်း ကောင်းဖို့အတွက်ကြီးပဲ

ပြောခဲ့တာပါ အခုက

သည်းက ကိုယ်ရဲ့ကောင်မလေးလေ

ဂရုစိုက်ကတာပေါ့..."


"ဟီး.. သည်းက လူကြီးက အရင်ထဲက

သဘောကျနေတာ လူကြီးလဲ သည်းကို

ချစ်လားဟင်...."'


သူ့အား မျှော်လင့်တကြီးမေးလာသော

သူမရဲ့ မျက်ဝန်းများအား စည်း စူး

စိုက်ကြည့်ကာ...


"မင်းက အရမ်းချစ်ဖို့ကောင်းတယ်သည်း..."


"ဟင်....."


သည်း လူကြီးဆီက ချစ်တယ်ဆို

တဲ့စကားအား မျှော်လင့်တကြီး

မျှော်လင့်နေသော်လဲ ဖြေမလာသော

ကြောင့် ရင်ထဲ ဝမ်းနည်းသွား၍

မျက်ရည်လေးများ ဝဲတက်လာကာ..

သူတွေ့မှာဆိုးသောကြောင့် မျက်တောင်

ရှည်ကြီးများဖြင့် ပုတ်ခပ်လိုက်စဥ်..


"ချစ်တယ် သည်း..."


"ဟင်..."


"ဟု​တ်တယ် ကို သည်းကို ချစ်တယ်...."


"လူ...လူကြီး..."


သည်း ပါးပြင်သို့ ဝမ်းသာလွန်းသော

ကြောင့် မျက်ရည်များကြလာကာ

လူကြီးရင်ခွင်ထဲ တိုးဝင်လိုက်ကာ..


"လူကြီး တကယ်ပြောတာနော်

သည်းကို..."


စည်း သူမရဲ့ကိုယ်လေးအား တင်းကြပ်

စွာဖတ်ထားလိုက်သည်။


"ဟုတ်တယ်သည်း ကိုယ်မင်းကို

ချစ်တယ်... ဘယ်လို ချစ်လဲမေးရင်

ကိုယ်မဖြေတက်ဘူး ဒါပင်မဲ့ သည်းကို

ချစ်နေတာတော့ သေချာတယ်..."


သည်း လူကြီးစကားကြောင့် ရင်ထဲနွေး

ထွေးသွားမိကာ လူကြီးရဲ့ခါးကြီးအား

တင်းနေအောင်ဖက်ထား၍..


"သည်းလဲ လူကြီးက်ို အရမ်းချစ်တာ..

အဟင်း...."


ပြောပြီး နှစ်ယောက်သား တစ်ဦးက်ို

တစ်ဦးတင်းကြပ်စွာ ဖက်ထားမိကြတာ

အချ်ိန်အတော်အကြာပင်။


စည်း သူမလေးအား ဖက်ထားရင်

ရင်ခွင်ထဲက မျက်နှာလေးအား

ဆွဲ့မော့ယူကာ..


"သည်း အခုအချိန်ကစပြီး

မင်းက ကိုယ်ရဲ့ အပိုင်ဖြစ်သွားပြီ

အခြား ဘာလုပ်လုပ်ကိုယ်လက်ခံန်ိုင်တယ်

ဒါပင်မဲ့ ဘယ်ယောကျာ်းနဲ့မှ စကားမပြောရဘူးကြားလား....''


"ဟုတ် ပြောဘူး.. "


"အဟွန်း လိမ္မာတယ်..."


ချစ်စရာကောင်းသော

သူမရဲ့ ပါးပြင်လေးအား

စည်း လက်ဖြင့်အသာပွတ်လိုက်ကာ..

မျက်ဝန်းတို့က ဖူး၍ အာနေသော

နှုတ်ခမ်းလေးဆီ အကြည့်တို့ရောက်သွား

ချိန်...


"သည်း ကိုယ်တို့ စကြရအောင်.. "


"ဟင်...အို..လူကြီး.. "


သည်းမျက်နှာလေးအထက်

ငုံ့မိုးကာကြလာသော လူကြီး

မျက်နှာကြောင့် သည်း

လူကြီးရင်ခွင်ထဲကနေ မော့မော့လေး

ဖြစ်နေမိ၍ မျက်ဝန်းလေးများ

မှိတ်ချလိုက်တော့သည်။


ထိုအချိန် ထိတွေ့လိုက်သော လူကြီးရဲ့

နွေးထွေးသော နှုတ်ခမ်းလေးများ

သည်းရဲ့ နှုတ်ခမ်းလွှာလေးဆီ

ဝင်ရောက်တ်ိုးဝင်လာပြီး မော့မော့မောမော

နမ်းရှိုက်နေတော့ကာ ပြန်လည်၍

မနမ်းတက်နမ်းတက်ဖြင့် တုန့်ပြန်လာသော

သည်းရဲ့ အနမ်းများသည်လဲ...


စည်း ပြန်နမ်းလာသော သူမကြောင့်

နမ်းနေရင်း ပြုံးချင်ချင်ဖြစ်သွားကာ

သူမအား အနမ်းများဖြင့် ပြန်လည်၍

ဦးဆောင်လ်ိုက်ကာ နှစ်ဦးသားနမ်း

ရှိုက်နေပုံက ညနေ နေဝင်ချိန်

စည်းဆာအလှနှင့် ပန်ချီကား တစ်ချက်

သဖွယ်ပင်။


တဖြည်းဖြည်း လူကြီးရဲ့ အနမ်းများ

ကြမ်းတမ်းလာ၍ အရိုင်းဆန်လာကာ

သည်းရဲ့ လည်ပင်းဖွေးဖွေးလေးဆီ

ဆင်းသက်လာချိန် သတိပြန်ဝင်ကာ

လန့်ဖျန့်သွားသော သည်း ခေါင်းလေး

အသဲအသန် ခါရမ်းလိုက်၍ ..


"ဟင့်အင်း...လူကြီး.. "


ထို့နောက် သည်းငြင်းဆန်သော အသံလေးမှာလဲ တိုးဝင်ပျောက်ကွယ်သွားပြီးနော်....

သည်ကိုယ်လေးမှာ မြေပြင်အထက်

ကျောလေး ထိကပ်သွားတော့သည်။


"ကို စိတ်တွေ မထ်ိန်းနိုင်တော့ဘူး

သည်း ကိုယ်ကိုယုံပေးနော်..."


ရည်ဝေဝေပြောလာသော

လူကြီးရဲ့ အကြည့်များကြောင့်

သည်း မျက်ဝန်းလေးများ

မှိတ်ချလိုက်တော့သည်။


"သည်း လူကြီးကို ချစ်တယ်..."


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း

နောက်ပိုင်းတွေက လူကြီးရဲ့ချစ်တက်မှု

ကြီးတွေကို တွေ့ရပါတော့မယ်😁


rate now: