"မင်း ကိစ္စပြီးပြီမဟုတ်လား..."
"ဟင် ဘာ..ဘာကိုလဲ..."
"မင်းmenstruation ပြီးပြီလား
မေးတာ..."
"ဟုတ်...ဟုတ်ကဲ့...ဘာလို့လဲ...''
"မင်းကို ခံတဲ့ဟာလုပ်ပေးဖ်ို့မေးတာလေ
ဒါနဲ့ မင်းတစ်ခုခု မဖြစ်ဘူးမဟုတ်လား..."
"အို သည်းက ဘာဖြစ်ရမှာလဲ..."
မျက်နှာနီးကာ ထအော်လိုက်သော
သူမကြောင့် စည်း မျက်ခုံးတွေ
ပင့်တက်ကာကြည့်၍...
"မင်းကို အောက်ခံလုပ်ပေးတါက
ပိုးမွှားတွေရှိကောင်းရှိနိုင်တယ်
အဲ့ဒါကြောင့် ဘာဖြစ်သေးလို့
မေးတာ ပိုးဝင်ရင် မင်းအဆင်မပြေမှာ
ဆိုးလို့.... "
"ရပါတယ်..."
အနက်အိပ်ယာထထဲက သည်းအား
အထူးအဆန်းတွေမေးနေသော
လူကြီးကြောင့် သည်းမျက်နှာလေး
အိုနေတော့သညိ။
ဒီကိုရောက်တာ ၄ရက်ရှိပင်မဲ့လဲ
ကျွန်းနားကို ရောက်လာသည့်
စက်လှေများ တစ်စီးမှ မတွေ့။
အခုလောက်ဆို ဖေဖေနဲ့ကြီးကလျာ
သူမအား ဘယ်လောက်တောင်
စိတ်ပူနေကြပြီလဲမသိ။
နေရောင် တဖြည်းဖြည်းတက်လာချိန်
နှစ်ဦးသား ပင်လယ်ပြင်ကြီးအား
ကြည့်၍ သက်ပြင်းကိုယ်စီချနေကြတော့သည်။
"သည်းတို့ ပြန်ရမှာပါနော်..."
"အင်း ပြန်ရမှာစိတ်ချ
ဘယ်အရာက်ိုမှ လက်လျော့တာ
မကောင်းဘူးသည်း..."
"ဟင်...."
သည်း နာမည်အား သည်းလို့ခေါ်ကာ
နူးညံ့စွာကြည့်လာသော သူ့ကြောင့်
သည်း ကြောင်အအလေး ငေးကြည့်နေချိန်..
"သည်း မင်းငါ့ကို ဘယ်လို
သဘောထားလဲ..."
"ရှင်..လူ...လူကြီးက ဘယ်လို
ဘယ်လို ထင်စေချင်လို့လဲ..."
"မင်း ဘယ်လိုထင်လဲ.."
သည်းအား ကြည့်လာသော
သူ့အကြည့် သူ့အပြောများကြောင့်
သည်း ရင်တွေခုန်မြန်လာကာ...
"ဟို...လူ....လူကြီးကချောတယ်လေ....
လူကြီးက အရမ်းချောတာ တော်လဲ
တော်တယ် ပြီးတော့..."
"မင်းငါ့က်ို စိတ်ဝင်စားလား
သည်း...."
"ရှင်...."
ရုတ်တရပ်ကြီးထမေးလာသော
လူကြီးကြောင့် သည်း မျက်ဝန်းလေး
များပြူးကျယ်သွားကာ...
"ဟုတ်....ဟုတ်ကဲ့.. "
ခေါင်းလေးငြိမ့်ပြကာ ပြောလာသော
သူမကြောင့် စည်း ပြုံးလိုက်ကာ
သူမရဲ့ ခေါင်းလေးအား လက်ဖြင့်
အသာ ပုတ်လိုက်၍...
"မင်းနဲ့ကိုယ် ချစ်သူလုပ်ကြမလား....သည်း...''
"ရှင်...."
ထိုအချိန် သည်း လူကြီးရဲ့မျက်နှာအား
မယုံနိုင်စွာငေးငေးလေးကြည့်နေမိတော့သည်။
-------------------=----=------=------^^^^^^^🍓🍓🍓🍓🍓🍓🍓
"တရားနာသာဖြေပါ ရွှေစင်ရယ်
အခုလို ရွှေးစင်ငိုနေတော့ရော
သားက ပြန်လာမှာမှမဟုတ်တာကွာ... ''
"ဟင့်အင်း မဖြေနိုင်ဘူးကို
ရွှေစင်မှာ ဒီသားလေးတစ်ယောက်ထဲ
ရှိတာ အခုတော့ အဲ့ဒီသားလေးကိုပဲ
ရွှေစင် ကို ခွဲသွားပြီလေ....အဟင့်...
ဟင့်... ရွှေစင် ဘယ်လိုဖြေရမှာလဲ...''
အားလုံး ကိုယ်စီမျက်နှာမကောင်းကြစွာ
ရှိနေကြချိန်...
"ရွှေစင်...."
ထိုအချိန် အိမ်ထဲ ဝင်လာသော
ရွှေဥ ဘေးတွင် သမီးရွှေလေး
လက်အား တွဲကာဝင်လာသော
ကြောင့် ဒေါ်ရွှေစင် မျက်ရည်များ
သုတ်ကာ...
"ရွှေဥ လာလေ သမီးရွှေလေးလဲ
ပါလာတာပဲ... "
"ဟုတ်တယ်ရွှေစင် သမီးက
ရွေစင်ဆီ အရမ်းလာချင်နေတာ
အဲ့ဒါ ဆေးရုံကဆင်းလာပြီး
လာခဲ့တာ...."
"အို သမီးရယ် အိမ်မှာနားနားနေနေ
နေတာမဟုတ်ဘူး သမီးသက်သာရဲ့လား
ကွယ်....ကို ဒါရွှေလေးလေ....မှတ်မိတယ်
မဟုတ်လား..."
ဦးလမင်း ဇနီးဖြစ်သူအား
ခေါင်းငြိမ့်ပြကာ...
"ကိုယ်မှတ်မိတယ် ရွှေစင်..."
ထိုအခါ ဒေါ်ရွှေစင် ပါးပြင်အထက်
မျက်ရည်များ စီးကျလာကာ..
"သားလေးသာ ရှိရင် သူလဲ
ဝမ်းသာမှာ သိလား.. အဟင့်..
ဟင့်.. "
ရွှေ မျက်ဝန်းလေးဖြင့် ဧည့်ခန်းအား
ဝေ့ကြည့်ချိန် စားပွဲပေါ်တင်ထားသော
ဓာတ်ပုံတစ်ပုံ ။
ဓာတ်ပုံထဲက အမျိုးသားမှာ
ချောမောနေပြီး နှုတ်ခမ်းတို့အား
တင်းတင်းစေ့ထားသည်မှာ မာန
ကြီးသယောင်ပင်။
ရွှေအသာထရပ်လ်ိုက်ကာ
ထို ဓာတ်ပုံအနား လျှောက်သွား၍...
ဓာတ်ပုံအား အသာယူလိုက်ကာ...
လက်ကလေးဖြင့်အသာထိ၍.
"ဒါ ကိုကို....ကိုကို..ဟုတ်တယ်
မဟုတ်လားဟင်...."
"ဟုတ်ပါတယ်ကွယ် အဲ့ဒါ
သမီး ကိုကိုလို့ ခေါ်တဲ့ သားရဲ့
ပုံပါ..."
အန်တီစကားအဆုံး ရွှေပါးပြင်
အထက် မျက်ရည်များစီးကျလာကာ...
"ကိုကို....ကိုကိုက ဘာကြောင့်
အခုလို အစောကြီးထွက်သွားရတာလဲ
ရွှေ ကိုကို ကိုယ်စကားတွေအများ
ကြီးပြောချင်သေးတာ..."
ရွှေပြောပြီး မျက်ရည်များက
တစ်သွင်သွင်စီးကျလာကာ..
"အဟင့်....ရွှေ...ရွှေ
ရင်ထဲမှာ နာတယ်မေမေ...."
"အို...သမီးး..."
"ရွှေလေး...ကိုရေ လုပ်ပါအုံး
ရွှေလေး မေ့လဲသွားပြီ..."
ထိုအချိန် အိမ်ကြီးထဲ အားလုံးမှာ
ထိပ်ထိပ်ပြာပြာဖြစ်ကုန်ကြတော့သည်။
---===================^^^^^🍓🍓🍓🍓🍓🍓🍓🍓
"အဟင့် မေမေ....ကိုကြီး... "
အ်ိပ်ခန်းထဲ ကလေးငိုသံကြောင့်
ဦးဆန်းကမ္ဘာ သမီးဖြစ်သူရဲ့
ပုံလေးကြည့်နေရင်း ကိုယ်မက်သွားကာ..
အသံလာရာ အိမ်ခန်းဘက်
တဖြည်းဖြည်း လျှောက်လာလိုက်သည်။
"အဟင့်...ဟင့်....ဟင့်...."
တဖြည်းဖြည်း အခန်းတံခါးအား
ဖွင့်လိုက်ချိန်....
"ဟင်...ကောင်လေး မင်းကဘယ်သူလဲ.. "
ထိုအချိန် နာရေးအတွက် ပြင်ဆင်စရာ
များသွားဝယ်၍ ပြန်ဝင်လာသော
ဒေါ်ကလျာ အနားပြေးလာ၍..
"အို အဲ့ဒါက သည်းလေးနဲ့
အတူပါသွားတဲ့ ဒေါက်တာ
ဆောင့်ရှောက်ထားတဲ့
ကလေးပါ.... ခရီးသွားတော့
အဒေါ်အဖော်ရအောင် ဒီမှာထားပေး
သွားတာကွဲ့ အရင်ရက်က
ဟိုဘက်အခန်းမှာ သွားထားထားတာ
ဒီနေ့ မမြင့်က ခရီးသွားမှာဟုတ်လို့
လာပြန်ပို့သွားလို့ပါကွယ်..."
ဦးဆန်းကမ္ဘာ ငိုနေရှာသော
သနားစရာ ကလေးလေးအား
ကြည့်ကာ..
"ဦးကို မကြောက်ပါနဲ့ သား
ဦးက ဘာမှ မလုပ်ပါဘူး
လာ အခန်းအပြင်ကို လိုက်ခဲ့နော်..."
သူ လက်ကမ်းပေးချိန် မဝံ့မရဲလေး
ထရပ်ကာ သူ့အနောက်လိုက်လာသော
သနားစရာကောင်လေးအား ဦးဆန်းကမ္ဘာ
ကြည့်၍ သက်ပြင်းချလိုက်မိသည်။
ထိုအရာအား ဒေါ်ကလျာကြည့်၍
သည်းလေးနှင့် ဒေါက်တာအား
သတိရသွားကာ မျက်ရည်များ
ပါးပြင်အထက်စီးကျလာတော့သည်။
သည်းလေးရယ် ကြီးကလျာ
သတိရလိုက်တာကွယ်...
------------==================^^^^^🍓🍓🍓🍓🍓🍓
"သည်း လာလေ ဒီကို..."
"ဟင့်အင်း သည်း ဒီဘက်မှာပဲချိုးမှာ
လူကြီး စည်းကျော်မလာနဲ့နော်..."
နှစ်ယောက်သား ကျွန်းကြီးရဲ့
စမ်းချောင်းလေးဘက်ပြန်လာ၍
ရေချိုးနေတာဖြစ်သည်။
ပင်လယ်ရေက တဖြည်းဖြည်းနောက်
လာသောကြောင့် နှစ်ယောက်သား
ရေးမချိုဘဲနဲ့လဲ မနေနိုင်တော့ကာ
စမ်းချောင်းလေးဆီ ပြန်လာ၍
ချိုးနေတာ ဖြစ်သည်။
"သည်း မင်းနဲ့ကိုယ်က ချစ်သူတွေနော်..."
"အို.. ချစ်သူ ဖြစ်တာနဲ့ သည်းက
ဘာလုပ်ရမှာလဲ.. "
ထိုအခါ စည်း မျက်နှာကြီးမှာ
တင်းနေ၍..
"မရဘူး ကိုယ်က ချစ်သူဖြစ်သွားပြီ
ဆိုတော့ အလွတ်မပေးတော့ဘူး.. "
"အို..လူ...လူကြီး....မလာနဲ့နော်.. "
သည်းတစ်ယောက် သူမြင်မှာဆိုးသော
ကြောင့် တစ်ကိုယ်လုံးမြှပ်အောင် စိမ်ထား
စဥ် တဖြည်းဖြည်း အနားတ်ိုးကပ်လာသော
လူကြီးကြောင့် လန့်ဖျန့်သွားကာ ထပြေး
ရအောင်လဲ မလွတ်တော့။
သည်းသူ့အား ချစ်သူဖြစ်ဖို့
သဘောတူလိုက်မိတာ အခုမှ
ငါးပါးမှောက်ပြီ ထင်ပါရဲ့။
အခုတော့ ကြိုက်မရှက် ငိုက်မရှက်ဆိုသော
ဒီလူကြီးကြောင့် သည်းမှာရင်တဖိုဖ်ိုပင်။
ဗွမ်း...
"အား...လူကြီး...ဟီး...အဟင့်...
လူယုတ်မာကြီး..."
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း