ကျလိ...ကျလိ....
"ဟင်...."
"အမလေး...."
မနက်အလင်းရောင်ကြောင့်
မျက်ဝန်းလေးများပွင့်လာချိန်
ပထမဦးစွာ ထွက်ပေါ်လာသော
သူမရဲ့အော်သံလေးကြောင့်
စည်း မျက်ဝန်းများပွင့်လာချိန်
အထိန့်တလန့်မျက်နှာလေးဖြစ်
ရှိနေသော သူမကြောင့် စည်း
ထထိုင်လိုက်သလို သူမရဲ့
ဗိုက်လေးပေါ်က သူ့လက်များအား
အမြန်ဆွဲယူ၍ မျက်နှာခပ်လွဲလွဲနေကာ..
"Sorry ငါတမင်လုပ်တာမဟုတ်ဘူး...."
ထိုအချိန် မျက်နှာလေးပျက်ကာ
ကြောင်တောင်တောင်လေးထိုင်နေသော
သည်း ညက အဖြစ်များအား တစ်ခုချင်း
ပြန်မြင်လာ၍...မျက်နှာလေးမှာ ဆေးမင်နီ
များဖြင့် ပတ်ဖျန်းလိုက်သလို ရဲတက်လာ၍..
"ည...ညက လူကြီး သည်း...သည်းကို...''
စည်း ညက သူမဂါဝန်လေးအပေါ်ကနေ
သူမရဲဗိုက်သားလေးအား အာငွေ့ပေးပေး
တာကိုတွေး၍ သူလဲ မျက်နှာကြီးရဲတက်နေ၍
မျက်နှာအား တမင်တည်ထားရကာ..
"အဟမ်း.. ဟုတ်တယ် မင်း ဗိုက်အောင့်တယ်
ဆိုလို့ ငါလုပ်ပေးတါ...."
စည်း သူမအား ထို့သို့လုပ်ပေးတါကိူ
သူ့ကိုယ်သူမယုံကြည်နိုင်ပေ။သူ....ဒီမိန်းကလေးကို ဘာကြောင့် အခုလို
စိတ်ရှည်ပေးနေရတာလဲ။
"ဒါပင်မဲ့ သည်းအခုပျောက်သွားပြီ
သိလား လူကြီး ရှက်ပင်မဲ့ လူကြီးအာငွေ့က
အသုံးဝင်ပုံပဲ..."
ဗိုက်အောင့်ပျောက်သွား၍ ပြုံးကာ
ပြောကာပြောလာတော့မှ စည်း
သက်ပြင်းလေးကျိတ်ချမိကာ
ယားလာသော ပါးပြင်အား
လက်မဖြစ် တစ်ချက်ခြစ်လိုက်၍...
"ဒါဆိုထ ငါတို့သွားကြမယ်..."
"ဟင်...သည်း...သည်းကို မလုပ်ပေး
တော့ဘူးလား..."
သူ့အမေးကြောင့် စည်း မျက်ခုံးကြီး
ပင့်တက်သွားကာ သူ့အား အားကိုးတကြီး
ကြည့်နေသော သူမ မျက်နှာလေးအား
ကြည့်၍...
"အောက်ရောက်ရင် ပေးမယ်... "
ပြောပြီ ထရပ်လိုက်ကာ...လက်ကမ်းပေး၍..
"ထ.... "
သည်း လူကြီးကမ်းပေးလါသောလက်အား
မဝံ့မရဲကမ်းပေးကါ ထရပ်လိုက်၍
ခဏအကြာအရင်ဆင်းသွားသော
လူကြီးမှာ သူမအားဆင်းရန် အောက်ကနေ
ပွေ့ချီဖို့ လုပ်နေသောကြောင့် သည်း
မျက်ဝန်းလေးမှိတ်ကာ ခုန်ချလိုက်တော့သည်။
"ဟ...သည်းခြေရာ....မင်း...."
"အယ်...ကန်တော့...ကန်တော့ပါ
လူကြီးရယ် သည်း သည်းအရှိန်လွန်
သွားလို့ပါနော်...."
သည်း အရှိန်ဖြင့်ခုန်လိုက်ချိန် စီးဖမ်းထားသောလူကြီးရဲ့ဗိုက်အား ဒူးဖြင့်တိုက်မိသွားသောကြောင့် မျက်နှာငယ်လေးဖြင့်တောင်းပန်နေမိတော့သည်။
"ထားတော့ ဒီမှာခဏနေ မင်းအတွက်
ငါ ဟိုဟာသွားလုပ်ပေးမယ်..."
"ဟုတ်..."
ပြောတော့လဲ ခေါင်းလေးငုံ့ကာ
မျက်နှာလေးငယ်ကာကျန်ခဲ့ရှာသော
သည်းခြေရာ။
စည်း သူမအတွက် ပစ္စည်းလုပ်ပြီး
ညအတွက်နဲ့နောက်ရက်အတွက်ပါ
အပိုလုပ်ပြီး ပြန်လှည့်လာချိန် ခေါင်းလေး
ငုံ့ကာ ထိုနေရာလေးမှာပဲရပ်၍ ကိုယ်လေး
တစ်ချက်ချက်တုန်သွားသော သူမကြောင့်
စည်း စိုးရိမ်သွား၍ ခြေလှမ်းကျဲကြီးများဖြင့်
လျှောက်သွားကာ...
"သည်းခြေရာ မင်းဘာဖြစ်တာလဲ...
ငါ့ကိုပြောစမ်း..."
သူမရဲ့ပုခုံးလေးအားကိုင်ကာမေးလာသော
ကြောင့် သည်း သူ့အား မျက်ရည်မျာဖြင့်
မော့ကြည့်လာကာ...
"ဟင့်...အဟင့်....ဟီး.. အဟင့်...ဟင့်..."
ပြောပြီး ငိုလိုက်သော သူမကြောင့်
စည်း ကြောင်အအ ဖြစ်သွား၍
သူမရဲ့ကိုယ်နဲ့ သူမရပ်နေသော
နေရာတွေအား ဘာအကောင်များ
ရှိမလဲဆိုသည့်အတွေးဖြစ် မျက်ဝန်းများရွေ့ကာကြည့်နေလိုက်ချိန် ပို၍ ငိုလိုက်သော
သူမကြောင့် အဖြေရှာမရဖြစသွားသော
စည်း။
"သည်းခြေရာပြောလေ ဘာဖြစ်လို့လဲ..."
မျက်ရည်လေးများဝိုင်းကာ မျက်နှာလေး
လေးမှာ မဲ့မဲ့လေးဖြစ် လူကြီးအား
သည်း မော့ကြည့်၍...
"လူကြီးက အော်တာကို...အဟင့်...ဟင့်...
အဟင့်... "
စည်း သူမအပြောကြောင့် ခဏတိတ်
သွားပြီးမှ လက်ထဲက ပစ္စည်းလေးတွေအား
ကမ်းပေး၍....
"မအော်ပါဘူး နောက်မငိုနဲ့ မအော်တော့ဘူး
စိတ်ချနော်...သွား မျက်နှာသစ်ပြီး လုပ်စရာ
ရှိတာလုပ် ငါ မင်းအတွက် စားဖို့အရင်
အသီးရှာထားမယ်...."
"ဟင် လူ..လူကြီးက မျက်နှာမသစ်ဘူးလား.. "
"မင်းပြီးမှ သစ်မယ်..."
"ဟင့်အင်း...လူကြီးအရင်သွားသစ်...."
"ဟင်...မင်းသွားသစ်ပါ...."
"ဟင့်အင်း လူကြီးသွားပါဆို..."
စည်း သူမအပြောကြောင့် ခေါင်းငြိမ့်ပြကာ..
"ကောင်းပြီလေ..."
သည်း လူကြီး စမ်းချောင်းလေးဆီ
ဆင်းသွားချိန် ကြည့်ကောင်းလှသော
လူကြီးရဲ့ကျောပြင်ကြီးအား
ငေးကြည့်နေမိရင်း..ခုန်မြန်လာသော
နှလုံးသားလေးအပေါ် လက်ကလေးဖြင့်
အသာအုပ်၍...
"ငါ...ငါ..ရင်တွေခုန်လိုက်တာ..."
----============---------===========^^^^^^^^^🍓🍓🍓🍓🍓🍓🍓
"မေမေ ရွှေဆေးရုံက ဆင်းချင်တယ်..."
အသီးလှီးနေသော ဒေါ်ရွှေဥ
သမီးအပြောကြောင့် ခေါင်းလေး
ရမ်းကာ...
"သမီးလေးရယ် နောက်ထပ်
သုံးလေးရက်လောက်နေလိုက်ပါကွယ်
ဆရာဝန်တွေနဲ့ အနီးဆုံးမှာနေတာ
ပိုစိတ်မချရဘူးလားကွယ်...."
"ဟင့်အင်း မေမေ ရွှေစိတ်တွေမွန်းကြပ်တယ်
အိမ်ကိုပဲ ပြန်ချင်တယ်..."
"ဟုတ်ပါပြီ ဒါဆို မေမေ ဆရာဝန်တစ်ယောက် သမီးအတွက် အိမ်မှာပြန်ငှားထား
လိုက်တော့မယ်...."
"ရတယ်မေမေ မငှားနဲ့တော့ ရွှေကောင်း
နေပါပြီ...."
"အို...မဟုတ်တာသမီးရယ်
မေမေစိတ်မချပါဘူး...
တစ်ပတ်လောက်တော့ ငှားထားမယ်ကွယ်
သမီးဖေဖေကလဲ မငှားရင် ဆေးရုံဆင်း
ခွင့် ပြုမှာမဟုတ်ဘူး...."
"ဖေဖေရော မေမေ ရွှေဆီကို
မလာပါလား...''
"နှစ်န်ိုင်ငံချစ်ကြည်ရေးရှိလို့ ဂျပန်
သွားတယ်သမီးရယ်...."
မေမေအပြောကြောင့် ရွှေခေါင်း
လေးငြိမ့်ပြလိုက်ကာ..
"ဖေဖေက အလုပ်တွေအရမ်းရူပ်နေတာပဲ..."
"ဒါပေါ့ သမီးရယ် မြို့ဝန်ဆိုတော့
ရူပ်တာပေါ့ကွယ်...သမီးအတွက်
သမီးဖေဖေက အခုအခြေအနေမှာ
အရာရာကို ဖန်တီးပေးနိုင်တဲ့ ဖခင်
ဖြစ်နေပြီကွယ်..."
ရွှေမိခင်ဖြစ်သူအား ခေါင်းလေး
ငျွိမျ့ပွကာ...
"ဒါဆို ဖေဖေကလစာတွေအများကြီး
ရနေတာလားမေမေ..."
"အို လစာက မများပါဘူးသမီးရယ်
အခြားလုပ်ငန်းတွေကရှိတယ်လေ
မြို့ဝန်ဆိုတော့ မျက်နှာပွင့်တာပေါ့
သမီးရယ်..."
"ဟင်....."
ဒေါ်ရွှေဥ နားမလည်သလို
ဖြစ်သွားသော သမီးဖြစ်သူအား
ကြည့်၍ ပြုံးကါ...
"အဟွန်း ဒါတွေသမီးလေး နားလည်လာ
ပါလိမ့်မယ်ကွယ်..အခုတော့ ဘာမှမတွေး
နဲ့တော့နော် အခုဆို မေမေသမီးလေးရဲ့
ဘဝက ရွှေလမ်းတွေကြီးပဲ ဖြစ်နေတော့မှာ...."
"မေမေ ရွှေတစ်ခုလောက်မေးလို့ရမလားဟင် ...''
"မေးလေ သမီးရဲ့.. "
"ရွှေကို ကုပေးတဲ့ဒေါက်တာက
အခု ပြန်တွေ့ပြီလားဟင်...''
ဒေါ်ရွှေဥ သက်ပြင်းချကာ..
"မတွေ့သေးဘူး သမီးရယ်
ပြီးတော့ သမီးကို မေမေတစ်ခု
ပြောချင်တယ်ကွယ် အဲ့ဒီဒေါက်တာဆိုတာ
သမီးငယ်ငယ်ကခေါ်နေတဲ့ ကိုကိုဆိုတဲ့
သားစည်းလေ...."
"ရှင်....ကို...ကိုကို ဟုတ်လားမေမေ...''
ရွှေမယုံကြည်နိုင်စွာ ခေါင်းလေးကိုသာ
ခါရမ်းလိုက်၍...
"ကိုကို...ကိုကို ဟင့်အင်း...မဖြစ်နိုင်ဘူး..
ကိုကိုက ရွှေကို ...ရွှေကို အခုလို
ထားသွားမှာမဟုတ်ဘူး...''
"အင်း သမီးလေးသတိရလာရင်သားနဲ့
လက်ထပ်ဖ်ို့ မေမေရွှေစင်နဲ့အကုန်ပြောထားတာသမီးရယ် သားစည်းကလေ အရမ်းတော်ပြီး အရမ်းချောတာသမီးရဲ့ သမီးသာတွေ့ခဲ့ရင်လေ ...."
ဒေါ်ရွှေဥပြောပြီး သမီးဖြစ်သူရဲ့
မျက်နှာလေးအားကြည့်ကာ..
"သမီးနဲ့ဆို ရှေ့သွားနောက်လိုက်ပဲကွယ်..."
ရွှေငယ်ငယ်လေးထဲက ခွဲခဲ့ရပင်မဲ့
အခုထိ ကိုကိုဆိုတဲ့နာမ်စားတစ်ခုသာ
ရင်ထဲစွဲကျန်နေသောရွှေရဲ့ကိုကိုဆ်ိုတာ
ရွှေကိုကုပေးတဲ့ ဒေါက်တာတဲ့လား။
ရွှေအမြဲတမ်းတွေ့ချင်ခဲ့တဲ့ကိုကိုနဲ
ရွှေက အနီးဆုံးတွေဖြစ်နေခဲ့ပြီး
အဝေးဆုံးကို ရောက်နေခဲ့ကြတာလား။
အခုတော့.. အခုတော့.. ကိုကိုက
ရွှေနဲ့ပိုဝေးတဲ့ဆီ...
"ဟင့်အင်း...ဟင့်အင်း...မဖြစ်ဘူး
ရွှေကိုကို ကိုယ်မတွေ့ရသေးဘူး
မဖြစ်ရဘူး... အဟင့်...ဟင့် ....ဟင့်.. "
ပြောပြီး ငိုနေရှာသောသမီးဖြစ်သူအား
စိုးရိမ်စွာ သူမဖက်ထားလျှက်...
"သမီးရယ်ကံတရားပေါ့ကွယ်
သမီးနေကောင်းရင် အန်တီ
ရွှေစင်နဲ့ခဏနေပေးလ်ိုက်နော်
မေမေသမီးလေးအခုလုပ်ရမှာက
ကျန်းမာရေးကောင်းဖို့ပဲ.... "
"အဟင့်....ဟင့်....ဟီး. အဟင့်...ဟင့်.. ''
ရွှေမိခင်ဖြစ်သူအားဖက်ထားလိုက်ကာ
ဝမ်းနည်းလွန်းသဖြင့် ငိုချလ်ိုက်တော့သည်။
ကိုကိုရယ်....ရွှေဘယ်လို ဖြေသိမ့်ရမှာလဲ...
---------========--=========^^^^^🍓🍓🍓🍓🍓🍓🍓🍓
"အဲ့ဒါတွေ အကုန်သိမ်းပေးပါ
အန်တီ...."
သမီးသည်းလေးအားရှာတာသုံးရက်ရှိပြီ
မတွေ့တာကြောင့် အားလုံးသေပြီဆိုပြီး
ဝမ်းနည်းစွာ မှတ်ယူလိုက်ကြကာ ဘဝကူး
ကောင်းအောင် မြန်မာတို့ရဲအစဥ်အလာအရ
ခုနှစ်ရက် ပြည့်ရင် တရားနားရမှာကြောင့်
အချို့အသိမိတ်ဆွေများ သတင်းလာရောက်မေးကြပြီး အားပေးကြသည်။
အားလုံးပြန်သွားချိန် သည်းလေးအခန်းထဲ
ဝင်သွားသော ညို့ကြောင့် ဒေါ်ကလျှာ
လိုက်လာချိန် သမီးသည်းလေးရဲ့
ပစ္စည်းများအား လိုက်မွေကာ လောဘ
မျက်ဝန်းဖြင့်ကြည့်ကာ ပြောလာသောစကား
ကြောင့် ဒေါ်ကလျာ ရင်ဘက်လေးဖိ၍
မျက်ရည်တွေကျလာ၍ ခေါင်းလေးရမ်း
လိုက်ကာ...
"ဟင့်အင်း အန်တီခွင့်မပြုန်ိုင်ဘူး
ညို့ ဒါက သည်းလေးရဲ့ပစ္စည်းတွေပါ
ပိုင်ရှင်ခွင့်မပြာဘဲ အန်တီမပေးန်ိုင်ဘူး..."
ညို့ ရတနာဘူးတွေထဲက ခေတ်မိစွာ
လှပနေသော လည်ဆွဲလေးတွေအား
ပြုံးကာကြည့်နေစဥ် ..အိမ်ဖော်လို
အန်တီကြီးဆီက သူမအားပြန်ပြောလာသော
အသံကြောင့် မျက်နှာလေးမဲ့ကာ နှုတ်ခမ်းလေးဖိကိုက်ပစ်၍...
"အဟွန်း ရှင့်ကိုရှင်ဘာထင်နေလို့
ညို့ကိုပြန်ပြောနေရတာလဲ ..ဒါတွေက
ပိုင်ရှင် ခွင့်မပြုရအောင် ပိုင်ရှင်က
ဘယ်မှာလဲ ဘယ်နေရာမှာသေနေလဲ
မသိတဲ့ ရှင့်ဟာမကို ရှင်ကသွားမေး
အုံးမလို့လား.. "
"မင်း..မင်း ရိုင်းလိုက်လား ညို့...
မင်းကို အန်တီအပြတ်ပြောမယ်
သည်းလေး ပစ္စည်းတွေ မပေးနိုင်ဘူး.. "
"အဟွန်း ရှင့် ခွင့်ပြုချက်မလ်ိုဘူး
ပြီးရင်ရှင် ဒီအိမ်ကဆင်းတော့
သေသွားတဲ့ဟာမကိုပါ တစ်ခါထည်း
ခေါ်သွားလိုက်.. "
"တောက်...လူလိုမသိတဲ့ဟာမ...
ဖြန်း...''
ဒုန်း...
"အို..ကိုကြီး ...''
"အို မောင်ဆန်း....''
ဦးဆန်းကမ္ဘာ မျက်နှာတွင် ဒေါသကြောင့်
နီရဲကာတင်းမာနေပြီ အံ့ကြိတ်ထားပုံက
ရင်ထဲမချစွာပင်။
ထိုအချိန် ပြင်းလှသောရိုက်ချက်ကြောင့်
ကြမ်းပြင်အထက်လဲကျသွားကာ
ဆံနွယ်များမျက်နှာအထက်ဖုံးနေ၍
မယုံကြည်န်ိုင်စွာ မျက်ရည်တွေကျနေသော
ညို့...
"ဖေ...ဖေဖေ ညို့ကို ရိုက်တယ်နော်...
ဖေဖေက ဖေဖေသမီးကြောင့် ညို့ကို
ရိုက်တယ်နော်...အဟွန်း ဟုတ်ပါတယ်
အခုအချိန်ကစပြီး အဲ့ဒီသေသွားတဲ့
ဖေဖေသမီးကိုသာ ပိုရုစိုက်နေလိုက်...
ညိုဆိုတာ ဖေဖေအတွက်သေလူလို့
သဘောထားလိုက်...."
"သမီး...."
အပြင်သို့ပြေးထွက်သွားသော
သမီးဖြစ်သူအား ဒေါ်ပွင့်ဖြူ
ခေါ်သော်လဲ ဦးဆန်းကမ္ဘာ တစ်ယောက်ကတော့ အံ့ကြိတ်ကာ ရှိနေတော့သည်။
ဒေါ်ကလျာကတော့ ဘေးကနေ
စိတ်မကောင်းစွာကြည့်နေတော့သည်။
ကားပါကင်သို့ ညို့အရောက်ကားပေါ်တက်ကာ နှုတ်ခမ်းလေးအား ပြတ်ထွက်လုမတက်
ဖိက်ိုက်ပစ်၍...နာကျင်နေသောပါးပြင်အား
လက်ဖြင့်အသာဖိလ်ိုက်ကာ မျက်ရည်များက
စီးကျလာလျှက်...
"နင့်ကို အရမ်းမုန်းတယ် သည်းခြေရာ...."
-----------------------=-=-===========^^^^^🍓🍓🍓🍓🍓🍓
ညမှောင်လာသည်နှင့် ကျွန်းကြီး
ပေါ်တွင်လဲ တိတ်ဆိတ်လျှက်....
"လူကြီး သည်းတို့ ဒီရောက်နေတာ
ဒီနေ့ဆို သုံးရက်ရှိပြီ ဒီကို
ဘယ်သူမှ လာတာလဲမတွေ့ဘူးနော်..."
မျက်နှာမဲ့မဲ့လေးဖြင့် ဝမ်းနည်းစွာမေးလာသော သူမကြောင့် စည်း ထိုင်နေသော
သစ်ပင်ကနေ ကမ်းစပ်သ်ို့ ငေးကြည့်ကာ..
"အားမငယ်နဲ့ ကိုယ်ရှိတယ် သည်းခြေရာ
မင်း ကိုယ့်က်ို ယုံတယ်မဟုတ်လား..."
သည်း သူမအား ညို့မျက်ဝန်းများ
ဖြင့်ကြည့်ကာပြောလာသော လူကြီးအား
ပြန်မော့ကြည့်ကာ....
"သည်း လူကြီးကို ယုံပါတယ်..."
နှစ်ဦးသား မျက်ဝန်းများ အတော်ကြာ
စုံနေချိန် အရင်ဆုံး သတိပြန်ဝင်လာသော
သည်း မျက်ဝန်းလေးများလွဲလိုက်ကာ..
"ဟို...ဟိုမှာကြည့်လူကြီး လရဲ့အလင်းရောင်က
ထိန်လာပြီ..."
စည်း သူမရဲ့ မပြင်မဆင်ထားသော
မျက်နှာနုနုလေးအား ငေးကြည့်နေရင်း
သူမပြသော လမင်းကြီးအား ငေးကြည့်ကာ..
"သူက မင်းနဲ့တူတယ်သည်း..."
"ဟင်...."
"ဟုတ်တယ်...သူကလူတွေကို အလင်း
ရောင်ပေးန်ိုင်သလို မင်းကလဲ ကိုယ့်အတွက်
အားအင်တွေပေးတယ်သည်း...."
"ရှင်...လူ...လူကြီး...."
ထိုအချိန် သည်းရဲ့ခါးလေးအားဖက်ကာ
ပေါင်ပေါ်ဆွဲတင်လိုက်သော
သူ့ကြောင့် သည်း မျက်နှာလေးရဲတက်သွားကာ....သူ့အား မော့ကြည့်နေချိန်
"အို...လူကြီး.."
ထိုအချိန် စည်း မျက်နှာမှာ သူမရဲ့
မျက်နှာလက်အထက် ငုံ့ဆင်းလာ
ချိန်...ရှက်ရွံ့စွာမျက်ဝန်းများ
မှိတ်ချလိုက်သော သည်း။
နှုတ်ခမ်းဖူးဖူးလေးအား နှုတ်ခမ်းနွေးနွေးတို့က
စုပ်ယူသိမ်းပိုက်လိုက်ချိန် ဝဲဘက်
တစ်နေရာက ရင်ခုန်သံတို့သည်။
"လူကြီး ...."
ထိုအချိန် ရုတ်ထရပ်ထထိုင်၍ အော်လိုက်သော သည်း
ရင်ဘက်လေးဖိ၍ ဘေးတွင်အိပ်ပျော်နေသော
လူကြီးအားကြည့်ကာ မက်သောအိမ်မက်အား
ပြန်တွေး၍ မျက်နှာလေးရဲတက်လာတော့သည်။
"ငါ..ငါ အိမ်မက်မက်နေတာလား....
တော်သေးတယ်...အမလေး.. "
ထိုအချိန် တစ်အေးနိုးလာသော
စည်း ဘေးကနှုတ်ခမ်းထော်နေသော
သူမအား မျက်ဝန်းများပင့်တက်ကာ
ကြည့်၍...နှုတ်ခမ်းများက ပြုံးယောင်
သမ်းနေလျှက်....
အဟွန်း..အရမ်းတုံးတဲ့ကောင်မလေး...
ဆက်ရန်....
စာရေးသူ - လွမ်းခြင်း