ဆေးရုံကြီးထဲ အားလုံးမှာတိတ်ဆိတ်နေကြ
၍ မျက်နှာတွေမှာလဲ မကောင်းဖြစ်နေကြတော့သည်။
"ဘယ်လို လုပ်မှာလဲ ဆေးရုံအုပ်ကြီး
ကျုပ်တို့လူနာကို ဘယ်သူတာဝန်ယူပေးမှာလဲ
ကျုပ်တို့က ဒေါက်တာအမိန့်စည်းကို
အားကိုးပြီး အဝေးကနေ လာခဲ့တာ
အခုတော့ မရှိဘူးတဲ့လား..."
အားလုံးစိုးရ်ိမ်သောကရောက်နေကြသလို
အားကိုတကြီး လာရောက်ကုသကြသော
လူနာများမှာလဲ အားလုံး အထိန့်တလန့်
ဖြစ်နေကြတော့သည်။
အားလုံးရဲ့ ရင်ထဲတွင် နေရာအပြည့်
ယူထားနိုင်သော ဒေါက်တာအမိန့်စည်း။
ထိုအရာအား မိုးထက် ဒေါင့်တစ်နေရာကနေ
ကြည့်ကာ...
"စည်း မင်းမြင်လား..မင်းရဲ့လူနာ
တွေ မင်းကိုမေးနေကြပြီ မင်းမြင်ရဲ့လား
စည်းရာ ငါ...ငါ မခံစားန်ိုင်ဘူးကွာ..."
မိုးထက် ပါးပြင်အထက်စိးကျလာသော
မျက်ရည်များအား လက်နှင့်အသာသုတ်၍
ထိုနေရာတွင် ဝမ်းနည်းစွာငိုနေစဥ်...
"ဒေါက်တာ...."
ထိုအချိန် အနောက်ကကြားရသော
အသံတိုးတိုးသဲ့သဲ့လေး...
သူလှည့်ကြည့်လိုက်ချိန် သည်းဆိုးသော
မိန်းကလေးရဲ့ သူငယ်ချင်း ထက်ထက်
ဆိုသော မိန်းကလေး။
ပါးပြင်အထက်သို့ မျက်ရည်များကလဲ
စီးကျလျှက် နှစ်ရက်အတွင် ပ်ိန်သွားသော
သူမ။
ဖြူဖျော့နေသော နှုတ်ခမ်းလေးများက
တစ်ဆက်ဆက် တုန်လာကာ...
"မ...မဟုတ်ဘူး မဟုတ်လား
ဒေါက်တာ..ကျွန်မ...ကျွန်မသူငယ်ချင်း
ကျွန်မ သူငယ်ချင်း ရှာတွေ့ပြီ မဟုတ်လားဟင် သူ...သူ ထက်ထက်ကိုစိတ်ဆိုးနေလိူ့
လာမတွေ့တာ မဟုတ်လားဟင်..."
ဝမ်းနည်းတကြီးလာမေးနေသော
သူမအား မိုးထက်ကြည့်၍ သူမနည်းတူ
မျက်ရည်များကျနေကာ ဘာပြန်ဖြေရမလဲ
မသိတော့။
သူငယ်ချင်းဖြစ်သူအပေါ် အရမ်းချစ်သော
သူမရဲ စိတ်အား ခန့်မှန်းမိကာ သူမအရမ်း
ခံစားနေရတယ်ဆိုတာ သူနားလည်မိသည်။
သူလဲ စည်းအတွက် ရင်ထုမနာခံစားရကာ
တော်တော်နှင့်စကားသံက ထွက်မလာ။
"ညီ...ညီမ...စိတ်ကိုလျော့ထားပါ...
ညီမက အခုလို ဖြစ်နေရင် ညီမသူငယ်ချင်းက
ဘယ်စိတ်ကောင်းမလဲ ညီမရယ်
ဒါ့ကြောင့် ညီမ စိတ်ကို လျော့ပါကွာ..."
ထိုအခါ ထက်ထက် ဆေးရုံအဝတ်အစားလေးနှင့် တောင့်တောင့်လေးရပ်နေမိရင်း မျက်ဝန်း
မှ မျက်ရည်များက ပါးပြင်သို့ ဖျက်သန်း
စီးဆင်းလာကာ...ပွယောင်နေသော ဆံနွယ်
လေးများမှာလဲ မဖီးထားတာ သိသာလှသည်။
"ဟင့်အင်း...မဟုတ်ဘူး ထက်ထက်
ဟင့်...အဟင့်...ထက်ထက်....ယုံတယ်
သည်း ပြန်လာမယ်ဆိုတာ သူက
ပြောထားတယ် ထက်ထက်နဲ့အတူ
ပါတဂူကြီးဖြစ်အောင်လုပ်ပြီး
ကလေးလေးတွေရဲ့အသက်ပေါင်းများစွာကို
ကယ်ကြမယ်တဲ့ ပြီးတော့လေ မရှိဆင်းရဲတဲ့
ကလေးတွေကို ကုပေးဖို့ ပိုက်ဆံစုပြီး
ဆေးရုံဆောက်ပေးဖို့လဲ ပြောထားတာ
သိလား ...."
ပြောပြီး ပါးပြင်ပေါ်သို့ စီးကျလာသော
မျက်ရည်များအား သုတ်လိုက်၍...
နာကျင်မှုတွေကို မြိုချနေကာ...
"ဒါ့ကြောင့် ဒါ့ကြောင့် သည်းက
ပြန်လာမှာ သူ...သူ ကတိကို
ဖြတ်မှာမဟုတ်ဘူး သိလား
ဟင့်...အဟင့်...ထက်ထက်သူငယ်ချင်း
သည်းခြေရာဆိုတဲ့ကောင်မလေးက
အရမ်းစိတ်ထားဖြူစင်တာ မဟုတ်မခံ
စိတ်လေးရှိပင်မဲ အရမ်းသနားတက်တာ...
သူ့အားနည်းချက်က အဲ့ဒီသနားတက်တာပဲ
သိလား...."
မိုးထက် မျက်ရည်တွေကျကာပြောလာသော
ထက်ထက်ဆိုသော မိန်းကလေးအား
ဝမ်းနည်းစွာကြည့်၍ သူမပြောသော
စကားများအား နားထောင်ပေးနေမိသည်။
"ဒါ့..ဒါ့ကြောင့် ထက်ထက်ရဲ့ သူငယ်ချင်းက
ထက်ထက်ဆီ ပြန်လာမှာသိလား...
ဟင့်....အဟင့်...ဟင့်..."
ပြောပြီး တစ်ရွေ့ရွေ့လျှောက်သွားသော
မိန်းကလေးအား မိုးထက်ကြည့်၍
ပို၍ ဝမ်းနည်းလာကာ ခေါင်း
ငိုက်စိုက်ချလိုက်မိတော့သည်။
စည်းရယ်...သူမပြောသလို မင်းတို့
ပြန်လာခဲ့ပါကွာ....
----=====================^^^^^🍓🍓🍓🍓🍓🍓🍓
"ဟာ ဆင်းလေ သည်းခြေရာ
ငါမင်းရေချ်ိုးဖို့ ဘယ်အချိန်ထိ
စောင့်နေရမှာလဲ...."
ကျွန်းလေးထဲ ကံကောင်းထောက်မစွာ
စမ်းချောင်းအသေးလေး တစ်ခုတွေ့ပြီး
စည်း သူမရဲ့ပေနေသော အရာများကြောင့်
ရေချ်ိုးခိုင်းနေတာအား အခုထိ မဆင်းသေး
ပဲ ဂျစ်ကန်ကန်ပေတေတေနှင့် ရပ်နေသော
သူမအား စည်း ရပ်စောင့်နေတာ မိနစ် နှစ်ဆယ်ခန့်ရှိနေပြီ ဖြစ်သည်။
ညနေစောင်းနေပြီ ဖြစ်ကာ မကြာခင်
မှောင်တော့မှာကြောင့် နေဖို့နေရာရှာရအုံး
မည်ကို သူမ မသိလေသလား။
"ဟ သည်းခြေရာ မင်းနေကိုလဲကြည့်
ပြီးတော့ညကြအိပ်ဖို့နေရာ
ရှာရအုံးမယ်...ဆင်းတော့ ရေချ်ိုးလိုက်..."
သူပြောနေသာ်လဲ ခေါင်းကိုသာ
ငုံ့နေ၍ တောင့်တောင့်လေးသာ
ရပ်နေသော သူမကြောင့် စည်း
စိတ်မရှည်သူ ပီပီ အနားသို့
ခြေလှမ်းကျဲကြီးများဖြင့်လျှောက်လာ၍...
သူမ ပုခုံးအား ကိုင်လိုက်ကာ..
"သည်းခြေရာ..မင်း...."
မျက်ရည်များဖြင့်မော့ကြည့်လာသော
သူမရဲ့ မျက်ဝန်းများကြောင့် စည်း
စကားအား အရှေ့မဆက်န်ိုင်တော့ကာ..
ရင်ထဲလဲ တစ်မျ်ိုးတစ်မည် ဖြစ်သွားကာ...
"သည်း မင်း...ဘာဖြစ်တာလဲ...."
ထိုအချိန် ပါးပြင်အထက်သိူ့
မျက်ရည်များစီးကျနေသော
သူမ...
"ဟင့်...အဟင့်....သည်းက
ဒါကြီးဖြစ်နေတာ.ဘယ်လိူနေရမှာလဲလိူ့...
အဟင့်...ဟီး...."
"ဟာ..."
ပြောပြီးအရှက်လွန်စွာငိုလာသော
သူမကြောင့် စည်း သတိရသွား၍
ညဏ်ကောင်းသူပီပီ တစ်ခုခုအား
စဥ်းစားမိသွားကာ ဘေးက ငှက်ပျောပင်
ကြီးများအားကြည့်၍...
"စိတ်မပူနဲ ရေသာချ်ိုးလိုက်...
ငါ မင်းအတွက်ပြင်ပေးထါးမယ်...."
"ဟင်..."
သူ့စကားကြောင့် မျက်ဝန်းလေး
ဝိုင်းကာ မော့ကြည့်လာသော
သူမရဲ့ မျက်နှာရဲရဲလေးအားကြည့်၍
စည်း မျက်နှာကြီးရဲတက်လာကာ...
"ငါက မင်းအဆင်ပြေအောင် လုပ်ပေး
မလ်ို့ပါ သွား သွားချိုးတော့..."
"လူကြီးက မချိုးဘူးလား..."
"မင်းပြီးမှ ချိုးမယ် အရင်ချိုးပြီးရင်
မင်းအဝတ်တွေကို နည်းနည်းအခြောက်ခံအောင် ဒီအပူရှိန်နဲဆိုရသေးတယ်
သွားချ်ိုး..."
"ဟုတ်..."
သည်း မဝံ့မရံလေး စမ်းချောင်းလေး
ဆီဆင်းလာ၍ လူကြီးအား လှည့်ကြည့်ချိန်
ငှက်ပျောပင်တွေဆီလျှောက်သွားသော
လူကြီးကြောင့် ဂါဝန်လေးအား အမြန်ချွတ်
လိုက်၍ အတွင်းခံအဝတ်များကိုပါ ချွတ်ကာ ရေထဲဆင်းလိုက်၍ ပေနေသော
နေရာလေးအား သေချာပွတ်လျှော်ပြီး
ကျောက်တုန်းလေးပေါ်တင်လှမ်းကာ
ရေထဲ ကိုယ်လုံးဖွေးဖွေးလေးအား စိမ်ထားသော သည်း ရင်ထဲ နွေးနေတာ ဘာကြောင့်လဲမပြောတက်။
ကုန်းပေါ်က လူကြီးအားကြည့်တော့လဲ
သူမအားကျောပေးကါ ဘာတွေလုပ်နေလဲ
မသိ။
သည်း အားရအောင် ရေစိမ်းပြီး
ကျောက်တုံးပေါ်က ဂါဝန်လေးအား
ယူ၍ လူကြီးအား ခ်ိုးကြည့်ကာ...
အဝတ်ဝတ်ရန်အပေါ်သို့ပြေးတက်လာ
ချိန်..
"အို..."
"ဟာ..s....sorry..."
သည်းတစ်ယောက် တစ်ဖက်လှည့်သွားသော
လူကြီးအားကြည့်၍ တစ်ကိုယ်လုံး ထူပူသွားကာ ကိုယ်လေးမှာ ရှက်လွန်းသောကြောင့်
တုန်တက်လာ၍...မျက်ရည်လေးများကလဲ
ဝဲတက်လာကာ...
"ဟင့်....ဟင့်....လူကြီးက နှာဘူး...
အီ...ဟီး....အဟင့်...ဟင့်...."
ပြောလဲပြော အဝတ်များအား ငိုကာ
ဝတ်နေသော သူမပုံစံလေးက တကယ့်
ကလေးတစ်ယောက်လိုပင်။
စည်း သူမရဲ့ ငိူကာ ရန်တွေ့နေသော
ပုံစံကြောင့် ရယ်ချင်စိတ်အား
မနည်းထိန်းထား၍ မြင်တွေ့လိုက်သော
သူမရဲ့ အလှတရားများက ခေါင်းခါ
ယမ်းထုတ်ကာ လက်ထဲက
ဘောင်းဘီပုံစံပြုလုပ်ထားသော
ငှက်ပျောဖက်နှင့် တောထဲက
မို့ရွက်လေးများအား သူမအား
မကြည့်ဘဲကမ်းပေးကါ..
"ရော့ ဒါဝတ်ထား မင်း တစ်ညတော့
ကောင်းကောင်း နေလို့ရတယ်..."
"ဟင်...."
သည်း ငိုနေရင်း သူကမ်းပေးလါသော
ဘောင်းဘီပုံစံ ငှက်ပျောရွက်နှင့်
ဘာအရွက်လေးတွေလဲမသိသော
ဟာအား ပါးစပ်လေးအဟောင်းသားဖြင့်
ခဏကြည့်နေ၍ မထူးစိတ်ပိုက်ကာ
ကမ်းပေးလါသော ထိုအရာလေးအား
ယူကာ ဘောင်းဘီအစားဝတ်လိုက်ချိန်
သည်းကိုယ်လေးနှင့်ကွက်တိဖြစ်နေပြီး
အေးပြီးပေါ့ပါးနေကာ...နေလို့ကောင်း
သွားတာအမှန်ပင်။
ခဏအကြာ တစ်ခုခုအား သတိရသွား၍
မျက်နှာလေးမှာရဲတက်သွားကာ...
"ဟင့်...အဟင့်...လူကြီး
သည်းက်ိယ်လုံး sizeကို
ဘယ်လိုသိနေတာလဲ အဟင့်...ဟင့်...''
"ဟာ....."
သူမရဲ့အသံလေးကြောင့် စည်း
မျက်နှာကြီးရဲ၍ သူမအား
လှည့်ကြည့်ကာ...
"ဒီတစ်ခါ ပေါက်ကရမေးပြီး
ငိုရင် မင်းကို ခြေထောက်ကနေ
ကြိုးနဲ့ချည်ပြီး အပင်ပေါ်က ဇောက်ထိုး
ထားထားမယ်..."
"ဟင်..."
ပြောပြီး ရေစပ်သို့ ဆင်းသွားသော
လူကြီးကြောင့် သည်း မျက်ရည်လေး
များပင်ရပ်သွားကာ ကြောင်အအလေး
လိုက်ကြည့်နေတော့သည်။
ထိုအချိန် အဝတ်များချွတ်လိုက်သော
လူကြီးကြောင့်....
"အိူ...."
သည်း ကပြာကယာ မျက်ဝန်းလေးလွဲကာ
တစ်ဖက်သို့ လှည့်ကာနေလိုက်တော့သည်။
စည်း သူမအသံလေးကြောင့် သက်ပြင်းချကာ..
တစ်နေကုန် ပြဿနာရှာနေသော
အမွှေစိန်မ တွေ့မယ်...
-----=====================^^^^^^🍓🍓🍓🍓🍓🍓🍓🍓
"မရဘူး မောင်ဆန်း
သည်းလေးရဲ့အငွေ့အသက်တွေ
ရှိနေတဲ့ ဒီအခန်းကိုတော့ အန်တီမပေးဖ်ို့
တောင်းဆိုပါကစေကွယ်....အဟင့်....
ဟင့်...."
ပြောပြီး ငိုနေသော ဒေါ်ကလျာအား
ဦးဆန်းကမ္ဘာကြည့်၍ ခေါင်းငြိမ့်ပြကာ...
"ဟုတ်ပါတယ် ကျွန်တော်လဲ မပေးပါဘူး
သမီးငယ်လေးရဲ့ အငွေ့အသက်တွေရှိတဲ့
ဒီအခန်းကြီးကို ကျွန်တော်မပေးပါဘူး
စိတ်ချပါ...."
"ဒါဆို ညို့က ဘာလို့ အခန်းကို
ပြန်ပြင်မယ်လိူ့ ပြောနေရတာလဲကွယ်
သည်းလေးမှာ အရင်ထဲက သူတို့ကို
အကုန်ပေးခဲ့ပြီးသားပါ သူ့မှာ
သူအမေရဲ့ အခန်းလေးတစ်ခန်းပဲ
ပိုင်ဆိုင်ခဲ့ရှာတာ အဖေကိုလဲ ပေးခဲ့ရတယ်
ပျော်ရွှင်မှုတွေလဲ ပေးခဲ့ရတာ ဒါကို ဒါကိုတောင်အားမရကြသေးဘူးလားကွယ်...
အဟင့်...ဟင့်...အမလေး သနားလိုက်တာ
သည်းလေးရယ်...ကြီးကလျာ သနားလိုက်တာကွယ်...ဟီး....အဟင့်...ဟင့်....''
ထိုအချိန် ဦးဆန်းကမ္ဘာ တစ်ယောက်
မျက်နှာပေါ်တွင် ဒေါသကြောင့်
နီတက်လာ၍ ....
"ကျွန်တော် သမီးညို့ကို သေချာ
ပြောပါ့မယ်... ဒီအခန်းက
သမီးငယ်လေးရဲ့ အပိုင်ပါ....''
"အမလေး အဲ့ဒါ ဒါလေးကိုတောင်
အခု ယူဖို့ပြင်နေကြပြီလေကွယ်...
အဟင့်...ဟင့်....''
"စိတ်ချပါ ကျွန်တော်ပြောလိုက်ပါ့မယ်
အခုက ကျွန်တော်တို့ သမီးငယ်ရဲ့
ရက်လည်ကို အာရုံစိုက်ထားကြရအောင်ဗျာ..."
ပြောပြီး မျက်ရည်များကြလာသော
ဦးဆန်းကမ္ဘာတစ်ယောက် အံ့ကိုသာ
တင်းတင်းကြိတ်ထားလျှက်
သမီးငယ်ရဲ စားပွဲပေါ်တင်ထားသော
ဓာတ်ပုံအနား တရွေ့ရွေ့လျှောက်သွားကာ
သူနှင့်ရိုက်ထားသော ချစ်စဖွယ်ပြုံးနေသော
မျက်နှာလေးအား အသာထိတို့ကာ...
"သမီးငယ်လေ သမီးလေး အခု ဘယ်ကို
ရောက်နေပြီလဲကွယ် ဖေဖေရင်တွေ
နာနေပါပြီ သမီးလေးရယ် ဟီး...အဟင့်...
ဟင့်...."
ထိုအချိန် အခန်းလေးထဲက ကလေးငယ်လေးတစ်ဦး တံခါးလေးကနေ အသာချောင်း
ကြည့်နေ၍....
"မမက ပြန်မလာသေးဘူးလား...."
-----------------==========--==^^^^^🍓🍓🍓🍓🍓🍓🍓
"လာတက်....''
"သည်း သည်းမတက်ရဲဘူး..."
အပင်ကြီးအားကြည့်၍ မျက်နှာလေး
မဲ့ကာပြောနေသော သူမလေးအား
စည်းကြည့်၍ လက်ကမ်းပေးကါ...
"တက် ငါ ရှိတယ် မကြောက်နဲ့နော်...."
လူကြီးရဲ့ နွေးထွေးသော အသံကြောင့်
သည်း အကြောက်တရားများ
လွင့်ပျယ်ကုန်၍ လူကြီးကမ်းပေးလါသော
လက်ထဲအား သူမရဲ့လက်ကလေးအား
ပေးလိုက်ချိန် အားနှင့်ဆွဲတင်လိုက်သော
လူကြီးကြောင့် သစ်ပင်ကြီးရဲ့ ခွကြားအပေါ်
ရောက်သွားသော သူတို့နှစ်ဦး။
ကျိ...ကျိ..
တစ်....တစ်...တစ်...
မိုးကလဲမှောင်လာပြီ ဖြစ်ကာ
ကျွန်ကြီးထဲ ဘာအသံများမသိ
မြည်လာနေကြကာ သည်း
ကြက်သိမ်းလေးများပင်ထသွား၍
လးကြီးရဲ ခါးကြီးအား ခပ်တင်းတင်းလေး
ဖက်တွယ်ထားကာ ပါးလေးနှင့်
လူကြီးရသ်ဘက်အား အလန့်တကြား
ထိကပ်မိထားကာ ဖားပျံမလေးပမာ။
ကြီးမားသော သစ်ပင်ကြီးဖြစ်သောကြောင့်
အရမ်းလဲ မမြင့်ကာ သူတိူ့နှစ်ဦးအတွက်
လှဲရန် နေရာကောင်းစွာရပေသည်။
အကြောက်လွန်နေသော သူမကိုယ်လေးအား
စည်း ပြန်လည်ဖက်တွယ်ထား၍..
"သည် ကိုယ်တို့ ထိုင်ကြရအောင်
မင်းအိပ်ချင်အိပ်လေ...."
ထိုအခါ သည်း ခေါင်းလေး
ငြိမ့်ပြကာ...
"ဟုတ်... လူကြီးလဲထိုင်....''
သူမရဲ့တုန်ယင်နေသော အသံလေး
ကြောင့် စည်း သူမနှင့်အတူ ပင်ကြီးအား
မှီကာထိုင်လိုက်ချိန် သူ့ရင်ခွင်ထဲ ထပ်မံ
တိုးဝင်လာသော သူမကြောင့် စည်း
ကျောက်ရုပ်ပမာ မင်သက်နေလျှက်။
သူမတောကောင်တွေကြကြောက်ပြီး
သူ့ကိုတော့ ကြောက်ဖို့မေ့နေတာလား။
စည်း သူမအမှန်တကယ်ကြောက်နေသော
ကြောင့် ပြန်လည်ဖက်တွယ်ထားလ်ိုက်ကာ
နှစ်ဦးသား တိတ်ဆိတ်ကာနေနေတော့သည်။
ကျီ....ကျီ...
ချောက်....ချောက်...
ပကျီ...ပကျီ....
ငှက်သံများစုံလင်စွာအော်နေကြပြီး
ကောင်းကင်တွင်လမင်းကြီး ထွက်ပေါ်လာကာ
တဖြည်းဖြည်းအေးစိမ့်လာချိန် နှစ်ဦးသား
တစ်ဦးကို တစ်ဦး ဖက်ထားကာ တင်းကြပ်စွာ...
ထိုအချိန် သည်း ဗိုက်ထဲက ထိုးအောင့်လာကာ မျက်နှာလေးမှာပင် ချွေးလေးများ
စို့လာ၍...အံလေးကြိတ်၍ ငြိမ်နေပင်မဲ့လဲ.မရတော့ပေ။
"လူ....လူကြီး...."
"ဟင် ပြောလေ သည်း ဘာလို့လဲ.. "
ထိုအချိန် အိပ်မပျော်၍ မျက်ဝန်းများ
မှိတ်ထားသော စည်း ချက်ချင်း
မျက်ဝန်းများ ပွင့်လာကာ....စိုးရိမ်တကြီး
မေးလာချိနိ...
သည်း ပို၍နာကျင်လာကာ..
"သည်း သည်း ဗိုက်အောင့်တယ်
လူကြီး...."
စည်း သူမဝေဒနါအား နားလည်စွာ
ဖြူဖက်ဖြူရောဖြစ်နေသော
မျက်နှာလေးအားကြည့်၍...
"သည်း ကိုယ့်ကို ယုံလိုက်..."
"ဟင်...."
ထိုအချိန်ပြောပြီး ထထိုင်ကာ
သည်း ဗိုက်လေးအထက်
ရောက်သွားသော သူ့ရဲ့ခပ်နွေးနွေး
နှုတ်ခမ်းများ....
"အို...လူကြီး..."
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း