ဘေးက အချိုင့်လေးအားနင်းမိကာ
နှစ်ယောက်သား သဲပြင်ပေါ်လဲကျသွားချိန်
သည်း လူကြီးကိုယ်ကြီးအား အလန့်တကြားလေး ခပ်တင်းတင်း ဖားပြုတ်လေးပမာ
ဖက်တွယ်ထားမိတော့သည်။
စည်း သူ့အပေါ်ကနေ အတင်းဖက်ထားပြီး မျက်ဝန်းများမှိတ်ထားသော သူမအား
ပက်လက်ကနေ ကြည့်၍...
"မင်းကို ရေထဲ နစ်ပစ်မယ် သည်းခြေရာ ..."
"ဟင်..."
ဒေါသတကြီးထွက်ပေါ်လာသော အသံကြောင့် သည်း မျက်ဝန်းလေးများပွင့်သွားကာ...
လူကြီးကိုယ်ပေါ်က အမြန်ထရပ်လိုက်၍
ဆွနွယ်လေးအားသပ်ကာ ဂါဝန်လေးအား
ဆွဲချ၍...
"ဟို သည်း...သည်းကလန့်သွားလို့ပါလူကြီး...."
အခုတော့လဲ မျက်နှာအား ငယ်ကာပြောလာသော သူမအား ကြည့်၍ သက်ပြင်းချမိသည်။
မျက်နှာအား အမျိုးမျိုးလုပ်တက်သော
သူမ။
"မင်း ဒီနေ့ မျက်နှာသစ်ဖြစ်အုံးမှာလား
သည်းခြေရာ...''
"သစ်မှာပါ..သည်းက ရုတ်တရပ်ဆိုတော့
လန့်သွားလို့ပါ..."
ပြောပြီး ကမ်းစပ်ဘက်ပြန်သွားသော
သူမအား ကြည့်၍ စည်း နှုတ်ခမ်းတ်ို့
ပြုံးယောင်သမ်းသွားချိန်...
"လူကြီး...အဲ့ဒီမှာပဲနေနော်..."
ပြောပြီး ရုတ်တရပ် လှည့်လာသော
သူမကြောင့် စည်းတစ်ယောက် ပြုံးနေသော
နှုတ်ခမ်းတို့အား မနည်းတည်နေလိုက်၍
ခေါင်းငြိမ့်ပြကာ ထိုနေရာမှာပဲ ရပ်နေမိတာ
ထူးဆန်းစွာ။
ဒါကို မိုးထက်သိလို့ကတော့ အထူးအဆန်း
ကြည့်နေမိအုံးမှာ ကြိမ်းသေသည်။
အခုလောက်ဆို သူနဲ့သူမကြောင့် လူကြီးတွေ
စိုးရိမ်သောက ရောက်နေကြမှာ အမှန်ပင်။
ဒီမှာပဲ နေလို့မဖြစ်။လူသူအရောက်အပေါက်
နည်းလှသော ဘက်ခြမ်းကို သူတို့ရောက်နေ
တာဖြစ်သည်။
ကျွန်းရဲ့ အစွန်းဘက်တွင် တစ်ခါတစ်ခါ
စက်သံများ အချက်ပေးသံများကြားရသော
ကြောင့် သူနဲ့သူမ ဒီကျွန်းကြီးရဲ့ အစွန်းကို
ရောက်အောင် ခရီးဆက်ရပေအုံးမည်။
"လူကြီး ပြီးပြီ...."
ထိုအချိန် မျက်နှာဝင်းဝင်းလေးအပေါ်
ရေများတွဲခိုနေသော မျက်နှာ ငယ်လေးနှင့်
ပြောလာသော သူမကြောင့် စည်းအတွေးများ
ပျက်သွား၍ ခေါင်းငြိမ့်ပြကာ တဲလေးဆီ
လျှောက်လာလိုက်သည်။
"လူကြီး သည်းတို့ ဘယ်ကို သွားမှာလဲဟင်...''
"အရင် ငှက်ပျောသီးစားပြီးတာနဲ့
ကျွန်းဟိူဘက်အစွန်းကို သွားကြမယ်..''
ထိုတော့လဲ ခေါင်းလေးငြိမ့်ပြကာ
သူပေးသော ငှက်ပျောသီးအား
ယူစားနေသော သူမအား ကြည့်၍
သနားသွားမိသည်။
သူမလို နုနယ်သော မိန်းမပျ်ိုလေးက
အခုလို လူမရှိသော ကျွန်ကြီးပေါ်
ရောက်နေတော့ သူမရင်ထဲ ဘယ်လောက်
ကြောက်နေလ်ိုက်မလဲ။
ဘာမှသွေးသားမတော်စပ်သော
သူ့အား အားကိုးတကြီးနှင့်
ရှိနေသော သူမအား စည်းရင်ထဲ
သနားသွားမိ၍...လက်များက
သတိလက်လွတ်စွာ သူမရဲ့နှုတ်ခမ်း
လေးပေါ်တွင်တင်နေသော ငှက်ပျောသီး
အစလေးအား လက်မဖြင့် သုတ်ပေးလိုက်ချိန်...
"လူ...လူကြီး..."
"ဟင်...ဟို...မင်းနှုတ်ခမ်းမှာပေနေလို့
မင်းစားပြီးရင် သွားကြမယ် သည်းခြေရာ...."
ပြောပြီးချက်ချင်းထသွားသော လူကြီးအား
သည်း ငှက်ပျောသီးလေးကိုင်ကာ ကြောင်အအလေးကြည့်နေသော သည်း နှုတ်ခမ်းလေးအားဆူထော်ပစ်၍ ငှက်ပျောသီးလေး
အား ကိုက်ပစ်ကာ....
"ဟွန့် ဘာမှန်းလဲ မသိဘူး..."
-----======================^^^🍓🍓🍓🍓🍓🍓🍓
"ဟင့်အင်း မလုပ်နိုင်ဘူး
ကျွန်မသားက မသေဘူး
ဘာဖြစ်လို့ သားကို အမျှဝေပေးရမှာလဲ.. "
ဒေါ်ရွှေစင်တစ်ယောက် ခေါင်းအား
ခါရမ်း၍ ပါးပြင်ပေါ်တွင်လဲ မျက်ရည်များက
စီးကျလာလျှက်....ခေါင်းကိုသာ တွင်တွင်ခါ
နေတော့သည်။
"မိန်းက ကိုယ့်ကို ကြည့်စမ်း...မင်းအဲ့ဒီလို
လုပ်နေလို့မရဘူး ရွှေစင် သားကိုရှာတာ
နှစ်ရက်ရှိပြီ အခုထိမတွေ့ဘူး အားလုံးကလဲ
သားသေပြီဆိုတာပြောနေကြပြီ ဒါက်ို
ကိုယ်တို့က လက်ခံရမယ် ရွှေစင်ရယ်.."
ဦးလမင်း သားဖြစ်သူအတွက် ဝမ်းနည်း
ပူဆွေလွန်းကာ အံ့ကို ကြိတ်၍
မနည်းအားယူ၍ ဇနီးဖြစ်သူလက်ခံလာအောင်
ပြောနေပုံက တကယ့်ကို ရင့်နင့်ဖွယ်။
"ဟင့်...အဟင့်...ဟင့်အင်း ရွှေစင်
လက်မခံနိုင်ဘူး ရွှေစင်သားက
သူများအသက်ပေါင်းများစွာကို
ကယ်တင်လာခဲ့တာ ဘယ်လိုမှ
မသေနိုင်သေးဘူး ဟင့်အင်း...
လက်မခံနိုင်ဘူး...ဟီး...အဟင့်...
ဟင့်..."
ပြောပြီး ခေါင်းက်ိုသာခါရမ်း၍
ငိုနေသော ဒေါ်ရွှေစင်။
"ရွှေစင် အခုအချိန် သားစည်းအတွက်
ရွှေစင်ခံစားနေရတာကို ရွှေဥ
နားလည်ပါတယ် ရွှေစင်ရယ်
ရွှေဥလဲ အရမ်းခံစားရပါတယ်
ဒါပင်မဲ့ ရွှေစင် လက်ခဲသင့်တာကို
လက်ခံရမယ်လေ ရွှေစင်ရယ်... "
ဘေးတွင် ထိုင်နေသော ရွှေဥအား
ဒေါ်ရွှေစင် မျက်ရည်များဖြင့်
ကြည့်ကာ..
"ဟင့်အင်း ရွှေဥ ရွှေစင်သိတယ်သိလား
ရွှေစင်ရဲ့သားလေးက မသေဘူးဆ်ိုတာ
ရွှေစင်သိတယ်...အဟင့်...ဟင့်...
ရွှေစင်သားလေးက အရမ်းစိတ်ကောင်းရှိတာ
ဟီး...အဟင့်...ဟင့်...."
"ရွှေဥ သိပါတယ် ရွှေစင်ရယ် ဘာမှအားမငယ်နဲ့ရွှေစင်ဘေး ရွှေဥရော သမီးရွှေလေးရော
ရှိတယ်သိလား ပြီးတော့ သမီးရွှေလေးက
ရွှေဥနဲ့ လာနေပေးမယ်တဲ့ ဒါ့ကြောင့်
ရွှေစင် အားမငယ်ပါနဲ့ရွှေစင်ရယ်...."
ထိုအချိန် ဒေါ်ရွှေစင် မျက်ဝန်းမှ မျက်ရည်များအဆက်မပျက်စီးကျလာ၍....
"အဟင့်...ဟီး...အဟင့်..သားရေ
မေမေ ကို သူတို့ကပြောနေကြပြီ
မေမေ မယုံဘူးသားရယ် မေမေ မယုံဘူး..."
သားဖြစ်သူအား စိုးရိမ်သောက
ရောက်နေသော ဒေါ်ရွှေစင်တစ်ယောက်
ချက်ချင်းပင် လူကပိန်ကျသွားကာ
ဘာမှလဲကျွေးမရ။
ဘယ်သူ ဘာပြောပြောလက်မခံဘဲ
ငိုသာငိုနေသောကြောင့် အားလုံးက
ကြည့်၍ စိတ်မကောင်းကြသလို
စိုးလဲစိုးရိမ်နေကြသည်။
"အန်တီ...."
ထိုအချိန် မိုးထက်နှင့် ကုဋေ
ခေါ်သံကြောင့် အားလုံးအကြည့်များ
သူတ်ို့နှစ်ဦးထံ ရောက်သွားသလ်််ို
ဒေါ်ရွှေစင် မျက်နှာသည်လဲ မျှော့လင့်
ချက်များဖြင့် ဝင်းပသွားကာ...
"သားတို့ သားတို့ သူငယ်ချင်း သတင်း
ဘာကြားသေးလဲကွယ်..."
ထိုအခါ မိုးထက်နှင့်ကုဋေ
မျက်နှာများပျက်နေ၍
ခေါင်းကိုယ်စီငုံ့ကျသွားကာ...
ရှိနေစဥ် ဒေါ်ရွှေစင် မျက်နှာလေးမှာ
ပျက်သွား၍..
"ပြောကြပါကွယ် အန်တီကိုပြောပါအုံး
သားကို တွေ့ပြီမဟုတ်လားဟင်..."
"ရွှေစင် သတိထားပါအုံးကွာ..."
ထအော်လိုက်သော ခင်ပွန်းဖြစ်သူ
ကြောင့် ဒေါ်ရွှေစင် ပါးပြင်မှ မျက်ရည်
များစီးကျလာကာ....
"သား...သား...ကျွန်မသားလေးက....
မသေဘူး..."
"ဟာ..ရွှေစင်...."
"ရွှေစင်..."
"အန်တီ..."
လဲကျသတိလစ်သွားသော ဒေါ်ရွှေစင်ကြောင့်
အားလုံး စိုးရိမ်တကြီးဖြစ်သွားကြတော့သည်။
မျက်နှာပေါ်တွင်တော့ ဝမ်းနည်းမှုများ
အရိပ်အယောင်များဖြစ်ပေါ်လာလျှက်။
-------===========---===========^^^^🍓🍓🍓🍓🍓🍓
"ဟင့်...အဟင့်...ဟင့်...."
"မငိုနဲ့ မသန္တာရယ်...ကျွန်မတို့က
ပိုငိုချင်တယ်..အဟင့်...ဟင့်..."
"ဟုတ်တယ် မယုံဘူး ဆရာဘယ်လိုမှ
မသေနိုင်ဘူး ဟီး...အဟင့်...ဟင့်..."
"ဟုတ်တယ်...ဆရာပြန်လာမှာဆိုတာ
ငါယုံကြည်တယ်..."
"ဟုတ်တယ် ငါလဲ ယုံကြည်တယ်..."
ဆေးရုံတစ်ရုံလဲ အရင်လို ရွှင်ရွှင်ပြပြ
မရှိတော့ဘဲ ဆေးရုံအုပ်ကြီးကအစ
မျက်နှာပျက်နေကာ ငိုတဲ့သူက
ငိုနေကြပြီး ဝမ်းနည်းပူဆွေးသောက
ရောက်နေကြတော့သည်။
ထိုအချိန် လူနာများသည်လဲ သတင်းကြားပြီး
မျက်ရည်များကျလာနေကြပြီး..
"ဆရာလေး ဒေါက်တာ ဒေါက်တာ
ဆုံးပြီဆို ဟုတ်လားဟင်..."
ထိုအချိန် မျက်ရည်တစ်စမ်းစမ်းဖြင့်မေးလာသော အန်တီကြီးအား ဆရာဝန်းလေးတစ်ယောက် မျက်ရည်များကြ၍ ခေါင်းငြိမ်ံ့ပြနေသော မြင်ကွင်းအား ရွှေရည်မှုန်ကြည့်၍
သူမလဲ ရင်ထဲမကောင်း။
ဆေးရုံမဆင်းရသေးသောသူမ
လမ်းလျှောက်နိုင်ပြီ ဖြစ်သောကြောင့်
ဆေးရုံကြီးရဲ့ အခန်းရှေ့လျှောက်လမ်းလေးတွင် လမ်းလျှောက်နေတာ ဖြစ်သည်။
သူမသတိရလာထဲက အားလုံး
ထိုဒေါက်တာအကြောင်းပဲပြောကာ
ငိုသူကငိုနဲ့ ဝမ်းနည်းပုံအားကြည့်၍
လူချစ်လူခင်ပေါမှန်းလဲ သူမသတိထား
မိလိုက်သည်။
ကောင်းသတင်းနဲ့ အရမ်းတော်ထက်မြတ်သောသတင်းများကလဲ နားနှငွမဆန့်
လောက်အောင် ကြားနေရသောကြောင့်
ဘယ်လောက်တော်လဲဆိုတာ သူမလို အခြားဆရာဝန်တွေ လက်လျော့ထားသော caseကိုပင် အောင်မြင်အောင်ခွဲစိတ်နိုင်တယ်ဆ်ိုထည်းက သူမသိလိုက်ပြီ ဖြစ်သည်။
"ဟီး..အဟင့်...ဟင့်..."
ထိုအချိန် အရှေ့က ငိုသွားသော
အဘွားအို အသံကြောင့် သတိပြန်ဝင်လာသောရွှေ
ထိုမြင်ကွင်းအား ရွှေ ရပ်ကြည့်
နေမိ၍ သူမရဲ့ပါးပြင်ပေါ်သို့ မျက်ရည်များက
စီးဆင်းလာတော့သည်။
ရွှေထိုမျက်ရည်များအား လက်ဖြင့်
အသာသုတ်ကာ....
"ငါ့...ငါ့ ဘာကြောင့် ရင်ထဲ ဝမ်းနည်းနေရတာလဲ...''
-----=======================^^^^🍓🍓🍓🍓🍓🍓
"ဟင့်...လူကြီး မရောက်သေးဘူးလားဟင်..."
"တစ်ဝက်တောင်မရောက်သေးဘူး
မောနေပြီလား..."
နေ့လည်ထည်းက သူတ်ို့ ကျွန်ကြီးထဲ
ဝင်လာကာ အခုညနေစောင်းနေတာတောင်
တစ်ဝက်မကျိုးသေး။
ချွေးများထွက်၍ ပင်ပန်းနွယ်နယ်နေသော
သူမပုံလေးအား စည်းကြည့်၍ သနားသွားကာ..
"နားချင် ဒီမှာ ခဏနား ပြီးရင်ဆက်
သွားကြမယ် အရှေ့ရောက်ရင်
ညတည်းဖို့လုံခြုံတဲ့နေရာ ရှာရမယ်
ကျွန်းအလယ်မှာဆိုတော့ ညဘက်
အန္တာရယ် များတယ်..."
စည်းပြောပြီး သူမရဲ့ခြေထောက်ဆီ
အကြည့်အရောက်..
"မင်း ရရဲ့လား သည်း ခြေထောက်မှာ
သွေးထွက်နေပြီ..."
ထ်ိုအခါ ငိုချင်နေသော သူမ သူ့ရဲ့
စိုးရိမ်တကြီးမေးသံလေးကြောင့်
မျက်နှာလေးမှာ တဖြည်းဖြည်း
မဲ့လာ၍...မျက်ရည်များက ဝိုင်းလာကာ..
"ဟီး...အဟင့်..ဟင့် နာတာပေါ့...
ပြီးတော့ ကြောက်လဲကြောက်တယ်
သည်း မနေရဲဘူး လူကြီး..အဟင့်...
ဟင့်..သည်းတို့က ဘယ်တော့မှ
အိမ်ပြန်နိုင်မှာလဲ ဟီး...အဟင့်...
ဟင့်...သည်းကြောက်တယ် လူကြီး..."
ပြောပြီး သူ့ခါးအား အတင်းဖက်တွယ်ထားကာငိူလာသော သူမကြောင့် စည်း
နားလည်စွာ သူမရဲ့ ကိုယ်လေးအား.ပြန်
ဖက်တွယ်ထားမိ၍...
"ကိုယ်နားလည်တယ် သည်း မင်း
ကိုယ်ရှိနေသ၍ ဘာမှမဖြစ်စေရဘူး
သည်း ဘာမှလဲ အဖြစ်မခံနိုင်ဘူး
ဒါ့ကြောင့် ကိုယ့်ကို ယုံပေးနော်..."
အခုတော့လဲ သူ့ရဲ့အသံကနားထောင်
ကောင်းပြီး သည်းအပေါ်နွေးထွေးလိုက်တာ။
သည်းတွေးကာ ခုန်းလာသော ရင်ခုန်သံ
များအား ထိန်းချုပ်၍...
"လူ..လူကြီး သည်း သည်းကို
မုန်းလားဟင်..."
ထိုအခါ မော့ကာမေးလာသော
သူမရဲ့ မျက်ဝန်းကြည်ကြည်လေးများအား
စိုက်ကြည့်လိုက်ကာ...
"မမုန်းဘူး ဒါပင်မဲ့ သည်း.. မင်း....မင်း..
ရေချိုးရမယ်..."
"ဟင်...."
သူမအားပြောကာ တစ်ဖက်ကို
လှည့်သွားသော လူကြီးကြောင့်
သည်း ကြောင်အအလေးဖြစ်သွား၍
"သည်း သည်းက ဘာ...ဘာလို့....
အို....''
သည်းတစ်ယောက် ဂါဝန်အနောက်အား
ယောင်ရမ်းကာ လက်ဖြင့်သပ်လ်ိုက်ချိန်
လက်ပေါ်ပေလါသော သွေးစများကြောင့်
မျက်နှာလေးမှာရဲတက်သွား၍...
"လူကြီးက နှာဘူးကြီး...!!"
ထ်ိုအချိန် စူးခနဲထွက်ပေါ်လာသော
အသံစူးစူးလေးကြောင့် တစ်ဖက်လှည့်နေသောစည်း မျက်နှာကြီးမှာရဲခနဲပင်။
ဆက်ရန်......
စာရေးသူ - လွမ်းခြင်း