book

Index 21

အပိုင်း(21)

  • Author : Lwanchin
  • Genres : Romance, Drama

"နွေးလိုက်တာ...."


တစ်ကိုယ်လုံးကို အနွေးဓာတ်ရနေသော

သည်း နှုတ်ခမ်းလေးသာ လှုပ်ပြီးပြောနေကာ

မျက်ဝန်းများကတော့ပွင့်မလာသေးပေ။


စည်း သူ့ရင်ခွင်ထဲက သူမအား ငုံ့ကာ

ကြည့်၍ သူထိတွေ့နမ်းရှိုက်လိုက်သော

နှုတ်ခမ်း ဖြူဖျော့ဖျော့လေးများသည်လဲ

ပန်းရောင်သမ်းနေကြကာ မျက်နှာလေးမှာလဲ

ပြန်၍ လန်းလာသောကြောင့် သက်ပြင်းသာ

အသာချနေမိသည်။


နာရီလဲ ပါမလာသောကြောင့် ဘယ်အချိန်တွေ

ရှိနေပြီလဲ မပြောတက်။


မိုးမလင်းသေးဘဲ လမင်းကြီးမှာ.ပို၍

ထိန်လာသလို ပင်လယ်ပြင်ကြီးဘက်က

လာသော လေပြေနုနုလေးများသည်လဲ

အအေးဓာတ်ကို ပို၍ ယူဆောင်လာနေကြကာ

အင်္ကျီမရှိသော စည်း အချမ်းဓာတ်အား

အားတင်းကာ အံတုနေတော့သည်။


သူမကလဲ သူ့ရင်ခွင်ထဲ အတင်းတိုးဝင်လာသလို အချမ်းဓာတ်ကလဲ အေးစိမ့်လာသော

ကြောင့် စည်းအံ့ကိုသာ ခပ်တင်းတင်းကြိတ်ထားမိ၍ သူမအားဖတ်ထားကာ မျက်ဝန်းများ

မှိတ်ထားမိသော်လဲ.....


အေးတက်လာလာပြီး မျက်ဝန်းများက

စင်းကျလာသောကြောင့် စည်း သူမကိုယ်လေးကိုပါ ဆွဲမယူ၍.... နှစ်ဦးသား

ကောက်ရိုးလေးတွေပေါ်လဲချလိုက်တော့သည်။


သူမကတော့ ဘာမှမသိစွာ အေးလို့ထင်သည်

သူ့ရင်ခွင်ထဲကိုပဲ အတင်းတိုးဝင်နေပြီး အတင်းဖက်တွယ်ထားသောကြောင့် စည်း

သူမအား ခါးလေးကနေ ပြန်လည်ဖက်တွယ်

ထားလျှက် စင်းကျလာသော မျက်ဝန်းများအားခဏ မှေးစက်လိုက်တော့သည်။


ကျလိ....ကျိလိ....ကျိလိ....


ထိုအချိန် ကျွန်းလေးပေါ်က ငှက်ကလေး

များရဲ့အသံလေးများသည်လဲ ထွက်ပေါ်လာလျှက်။


----======================^^^^^🍓🍓🍓🍓🍓🍓🍓


"မေမေ........"


"မေမေ...."


"ဟင်..."


ဒေါ်ရွှေဥ ရင်းနှီးလှသော အသံသဲ့သဲ့လေး

ကြောင့် သမီးဖြစ်သူလက်ကလေးအား

ကိုင်ရင်း အိပ်ပျော်သွားပြီး ဖြတ်ခနဲ

လန့်နိုးလာကာ သမီးဖြစ်သူ သူမအား 

မျက်ဝန်းများပွင့်ကာ ကြည့်၍ ခေါ်နေသော

ကြောင့် ...သူမ အံ့သြလွန်း၍ စကားများ

ချက်ချင်းမထွက်နိုင်ကာ...ကျောက်ရုပ်ကြီးလို

ရှိနေစဥ်...


"မေမေ...."


ဖျော့တော့စွာထွက်ပေါ်လာသော

အသံခပ်တိုးတိုးကြောင့် အသိပြန်

ဝင်လာ၍...


"သ...သမီးလေး.... မေမေ့သမီးလေး..

အမလေး မေမေသမီးလေးသတိရလာပြီ...

အဟင့်...ဟင့်..ဟင့်.. ''


ပြောပြီး ငိုနေသော မိခင်ဖြစ်သူကြောင့်

ရွှေ မျက်ဝန်းမှ မျက်ရည်များကျလာ၍

ပြုံးနေမိကာ...


"ဟုတ်ပါတယ် ရွှေ သတိရလာပါပြီ မေမေ...''


ဒေါ်ရွေဥ ဝမ်းသာလွန်းသောကြောင့်သူမ

စကားအား မနည်းအားယူ၍ပြောကာ...


"ခဏနော် သမီး မေမေ ဆရာဝန်တွေကို

အချက်ပြခလုတ်နှိပ်ပြီး ခေါ်လ်ိုက်မယ်နော်...

အမလေး ငါ့သမီးလေး...."


ပြောပြီး ဒေါ်ရွှေဥ တစ်ယောက် ပြာယာခပ်

စွာ ခလုတ်အား နှိပ်လိုက်ချိန် ဆရာဝန်

အချို့ပြေးဝင်လာကာ...


"အန်တီ လူနာ သတိရလာပြီလား..."


"ဟုတ်တယ်ကွဲ့ သမီးကို အခုစမ်းသက်ပေးပါ..."


ထိုအခါ ဆရာဝန် အချို့ သူမအား စမ်းသပ်ပေးနေပြီး ...


"အားလုံးကောင်းပြီး နှလုံး caseဖြစ်တာကြောင့် ဒေါက်တာက သတိရရင်တောင်

တစ်ပတ်လောက်ဆေးရုံမှာ နေဖို့

ပြောထားတယ် ဒါ့ကြောင့် တစ်ပတ်နေပြီး

အိမ်ကို ပြန်နိုင်ပါပြီ...."


"အမလေး ကျေးဇူးတင်ပါတယ်ကွယ်

နောက်ဆုံးတော့ မေ့မေ့သမီးလေး

အသက်ရှင်နေထိုင်နေပြီ...."


"ဒီက ညီမလေးအတွက် ကျွန်တော်တို့

အားလုံး ဝမ်းသာပါတယ် ဒါကို ဒေါက်တာသာ

သိရင် သူလဲဝမ်းသာမှာ....''


ထိုဆရာဝန်လေးမှာ မျက်နှာမကောင်းစွာ

ပြောလာသောကြောင့် ရွှေစိတ်ထဲ ထင့်သွားကာ...


"ရွှေကို ကုတဲ့ဒေါက်တာက ဆရာတို့

မဟုတ်ဘူးလားဟင်..."


"မဟုတ်ပါဘူးဗျ....ကျွန်တော်တို့က

လက်ထောက်တွေပါ မိန်းကလေးက်ို

ကုတဲ့ဒေါက်တာ အရမ်းတော်တဲ့

နှလုံး အထူးကု ပါတဂူပါ...."


"အိုသမီးရယ် မခုအချိန် အဲ့ဒါတွေ

မမေးနဲ့ သမီးကျန်းမာရေးကိုသာ

ဂရုစ်ိုက်နော်....''


ရွှေမေမေရဲ့အပြောကြောင့် အိပ်ယာထဲကနေ

ခေါင်းလေးခါ၍ 

ဘေးက ဆရာဝန်များအားကြည့်ကာ...


"သူက ဘယ်သူလဲဟင် နာမည်ကရော..."


"ဒေါက်တာ အမိန့်စည်းပါ...."


ထိုနာမည်ကြားလိုက်ချိန် ရွှေနှလုံးခုန်သံ

များက တုန်ခါလာကာ...ရင်ထဲ ကြည်နူး

မှုများက ဘာကြောင့်မှန်းမသိထွက်ပေါ်လာ

လျှက်....နှုတ်ခမ်းလေးများကလဲ တစ်ဆက်ဆက်တုန်ယင်လာကာ...


"ဒါဆို သူ....သူကရော ဘယ်မှာလဲဟင်...''


ထိုအခါ အားလုံးရဲ့ မျက်နှာတွေမှာ

ပျက်သထက်ပျက်နေ၍...


"ဒေါက်တာက ခရီးစဥ်တစ်ခုမှာရေထဲပါသွား

လ်ို့ အခုထိ ရှာမတွေ့သေးပါဘူး.. "


ထိုအချ်ိန် ရွှေနှလုံးသားမှာ နာကျင်သွား

လျှက် မျက်ဝန်းမှ မျက်ရည်များသည်

လဲ အလိုလို ကျလာကာ...


ငါ...ငါ...သူ့ကိုမမြင်ဖူးဘဲ ဘာကြောင့်

ဝမ်းနည်းလာရတာလဲ....


-----=======================^^^^&🍓🍓🍓🍓🍓🍓🍓


မနက်မိုးလင်းချိန် စည်းတစ်ယောက်

အပြင်ဘက်တွင် အပေါ်ပိုင် အဝတ်မရှိစွာ

မျက်နှာကြီးမှာတင်းမာ၍ နေကာ

တဲလေးထဲ မကျေမနပ်ကြည့်၍...


"သည်းခြေရာ မင်း ငါ့အင်္ကျီဘယ်တော့မှ

ပြန်ပေးမှာလဲ မပေးလဲ အထဲတော့

ပေးဝင်...."


"အို မရဘူး လူကြီး ဘာလို့ သူများကို

အဟင့်....ဟင့်...."


တဲလေးထဲကနေ ခပ်စွာစွာအသံလေးနှင့်

ငိုသံလေးကြောင့် စည်း မျက်ခုံးများ

ပင့်တက်နေကာ ဆောင်းလေရဲ့အအေး

ဒဏ်ကြောင့်ပါ သူမအား ဒေါသထွက်ကာ...


"ဟာ မင်း ညက နေမကောင်းလို့

ငါဖက်ပေးထါးတာ ပြီးတော့ မင်းဘာသာ

လဲ ငါ့ကို လာဖက်ထားတာလေကွ..."


ညက သူမနဲ့သူ ဖက်အိပ်နေရင်း

မနက်နိုးလာချိန် သူ့အားထုရိုက်ကာ

ငိုနေသော သူမကြောင့် စည်းမှာ

ငိူရမလို ရယ်ရမလ်ိုပင်။


သူမဘာသာ ရင်ခွင်ထဲ ဝင်တိုးလာပြီး

အခုတော့ အော်င်ိုကာ သူ့ကိုပါ တဲလေးအပြင်ဘက် အတင်းတွန်းထုတ်ထားပြီး ဒူးလေး

ပေါ် မျက်နှာလေးအပ်၍ ငိုနေသော

သူမကြောင့်လဲ စည်းအသည်းတွေယားနေတာ

ပြောပြမတက်အောင်ပင်။


"အို.... ဘာလို့ သည်းအဝတ်တွေလူကြီး

ချွတ်....အီး....အဟင့်....ဟင့်...."


ပြောပြီး ထပ်မံ၍ ငိုချလိုက်သော သူမကြောင့်

စည်း တဲအပြင်ဘက်ကနေ သူမအား

ခါးကြီးထောက်ကာကြည့်၍...


"ဟ မင်းနေမကောင်းလ်ို့ ဆေးဝါးမရှိတော့

အဲ့တစ်နည်းဘဲ လုပ်လို့ရတာလေ မင်းမသိဘူး

လား  မင်းကစေတနာစော်ကားတဲ့မိန်းမ ညကထည်းက ဒီအတိုင်းထားပစ်ရမှာ...."


သည်း သူ့စီက ထိုစကားကြားတော့လဲ

ရင်ထဲဝမ်းနည်းစိတ်တို့က ထပ်မံ၍

ဝင်ရောက်လာကာ မျက်ရည်များက

အဆက်မပျက် စီးကျလျှက်။


သည်းက အပျ်ိုလေးပါ သူ သည်းရဲ့

ရှက်တက်သည့်စိတ်အား သူနားမလည်ဘူးလား။


သည်းတွေး၍ ဝမ်းနည်းလာကာ ချမ်းရဲအေးစိမ့်လာသောကြောင့် နှုတ်ခမ်းလေးတွေပင်

တုန်တက်လာချိန်..


"အို...လူကြီး ဘာလုပ်တာလဲ..."


ထိုအချိန် တဲလေးထဲ ဝင်လာ၍

သည်းကိုယ်လေးအား ဖက်ကာ

ကောက်ရိုက်မျှင်လေးတွေအပေါ်

လဲချလိုက်သော လူကြီးအား သည်း

အလန့်တကြားလေးကြည့်၍ မေးချိန်...


"အေးတယ် မရတော့ဘူး မင်းကိုယ်ချင်း

မစာမနာ ငါ့ကို အပြင်မှာထားတယ်နော်

နောက်တစ်ခါ ထပ်တွန်းထုတ်ရင် မင်းကို

အရှေ့က ပင်လယ်ထဲ သွားပစ်ချပစ်မယ်..."


"အို လူကြီး တစ်ယောက်ထဲ လက်ပါတာ

မဟုတ်ဘူး သည်းမှာလဲ လက်ပါတယ်....

သည်းကို လာမဖက်နဲ့ဖယ်..."


"ဖက်ချင်လ်ို့ ဖက်တယ် ထင်နေလား

ညကမင်းငါ့ကို ဖက်လို့ အစားပြန်ဖက်ထားတာ သည်းခြေရာမင်းခဏလေးတိတ်နေပေး

ငါတစ်ညလုံး မင်းကြောင့် မအိပ်ရသေးဘူး..."


ပြောပြီး မျက်ဝန်းများမှိတ်သွားသော

သူ့ကြောင့် သည်း တစ်ယောက် ကျနေသော

မျက်ရည်လေးများပင် ဘယ်ရောက်သွားလဲ

မသိ ကျောက်ရုပ်လေးပမာ သူ့ရင်ခွင်ထဲ

ခေါင်းလေးကပ်ထားမိလျှက်...


"လူကြီးက အကျင့်မကောင်းလ်ို့

မိန်းမရရင် ဂျပုမနဲ့ရပါစေတော်..."


သူမရဲ့ ကျိမ်ဆဲသံလေးကြောင့်

မျက်ဝန်းများ မှိတ်ထားသော 

စည်း နှုတ်ခမ်းများမှာပင် ပြုံးယောင်

သမ်းသွားလျှက်။


-------=======================^^^^🍓🍓🍓🍓🍓🍓🍓


ကျိလိ...ကျိလိ....


အာ့...အာ့..အာ့....


ဒုတ်...ဒုတ်....ဒုတ်..


ကျွန်းကြီးထဲ ကျေးငှက်ပေါင်းစုံရဲ့အသံများက ဆူညံနေကာ ဘာတွေခုတ်နေလဲမသိသော

အသံများကြောင့် သည်း အိပ်နေရာမှ မျက်ဝန်းလေးပွင့်လာ၍....ဘေးတွင် လူကြီး

မရှိတော့သောကြောင့် မျက်ဝန်းလေးများး

ပြူးကျယ်သွား၍ အထိန့်တလန့်လေး

ဖြစ်သွားကာ မျက်ရည်လေးများလဲ

ဝဲတက်လာ၍...


"လူ...လူကြီး....လူကြီး...အဟင့်...

သည်းကို မထားခဲ့ပါနော်...လူကြီး

နောက်တစ်ခါ သည်း လူကြီးကို

ပြန်မပြောတော့ပါဘူးနော်...အဟင့်...

ဟင့်...."


"ဟိုတစ်ယောက် မင်းမနက်စောစောစီးစီး

ငိုမနေနဲ့ ဟိုမှာ မျက်နှာသွားသစ်..."


"ဟင်..."


အနောက်တွင် ငှက်ပျောပင်များအား

ဆွဲလာနေသော လူကြီးကြောင့် သည်း

ဝမ်းသာသွားကာ ပြေးသွား၍ သူ့ရဲ့ခါးကြီးအား ခပ်တင်းတင်းဖက်တွယ်ထားကာ...


"လူ...လူကြီး သည်း...သည်းကို

မထားခဲ့ဘူးနော်..."


အခုတော့ ရုပ်က မနက်စောစောကလို

သူ့အား ရန်တွေ့သော ရုပ်နှင့်အခြားစီ

ဖြစ်နေကာ မျက်ရည်များကလဲ ကျလျှက်....

ဒါပင်မဲ့လဲ မနက်က တဲအပြင်ကို အတင်း

တွန်းလွတ်သော သူမကြောင့် စည်းမကျေနပ်...ထို့ကြောင့် မျက်နှာမှာ တင်းမာနေ၍...


"မထားခဲ့ဘူးလို့ပြောသားပဲ...သွား

မင်းမျက်နှာသစ် ငါတို့ ဒီတစ်နေရာမှာပဲ

နေလို့မရဘူး ကျွန်းရဲ့ ဟိုဘက်အစွန်းကို

သွားရမယ် အဲ့ဒီဘက်မှာ စက်လှေသံတွေ

ကြားရတယ် ပြီးရင် ငှက်ပျောသီးလာစား..."


"ဟုတ်....''


အခုတော့လဲ သူမလောက် လိမ္မာတာသူမပင်။


ခေါင်းလေးငြိမ့်ပြပြီး မျက်နှာသစ်ရန်

ပင်လယ်ဘက် သတ္တိကောင်းစွာ လျှောက်

သွားသော သူမအား စည်း ကြည့်နေမိသည်။


"ဟင့်..လူကြီး သည်း သည်း မသွားရဲဘူး.. "


"ဟ ငါကြည့်နေတယ်လေ..."


"ဟင့်အင်း မရဘူး လူကြီးလိုက်ခဲ့...."


စည်း လက်ထဲက ငှက်ပျောသီး

အဖီးကြီးအား ချထားလိုက်ကာ

သူမအနားလျှောက်သွား၍...


"လာ...."


ထိုနောက် သည်းတစ်ယောက်

ခေါင်းလေးငုံ့ကာပင်လယ်ပြင်ကြီး

ဘက်ပါလာလျှက်....ရေတွေအား

ကြည့်ကာ..


"ဟင့်...ရေတွေက နောက်လိုက်တာ...

လူကြီး သည်းဒါတွေသစ်ရင် အသားအရည်တွေ ပျက်စီးမှာပေါ့ သည်းက... "


"သည်းခြေရာ...ဒါ ရန်ကုန်မဟုတ်ဘူးနော်

မင်း သစ်မှာလား မသစ်ဘူးလား...''


"သစ်မှာပါ..ပြောမယ်ဆိုတာကြီးပဲ..."


​ပြောပြီး ခြေလေးစောင့်ကာ ရေအစပ်သို့

ဆင်းသွားသော သူမအား စည်း နှုတ်ခမ်း

ကိုက်ကာ ကြည့်နေမိချိန်...


"အား...လူကြီးရေ....အီးဟီး...ကယ်ပါအုံး.. ''


"ဟာ...မင်း....သည်းခြေရာ...."


ပြေးချလာပြီး စည်း ကိုယ်ပေါ်ကုတ်ဖဲ့ကာ

တက်၍ ခွထားသော သူမကြောင့် စည်း

အနောက်သို့ ယိုင်တိုင်တိုင် ဖြစ်သွားလျှက်....

သဲတွေပေါ် နှစ်ယောက်သား ပစ်ကျသွားတော့သည်။


ထိုအချိန် သူမ မျက်ဝန်းလေး မှိတ်ကာ

လက်ည်ိုးလေး ထိုးပြနေသော

အကောင်အားကြည့်ချိန် လက်သန်း

လောက်သေးသော ပင်လယ်ဂဏာန်း

လေးတစ်ကောင် ကြောင့်....


"မင်း...."


စည်းတစ်ယောက် ထွက်နေသောဒေါသ

များအား အမြန်မြိုချနေမိကာ...


"မင်း ဆင်းတော့ အဲ့ဒီဂဏာန်းက

မင်းက်ို ဘာမှမလုပ်ဘူး..."


"ဟင့်အင်း သည်းကြောက်တယ်..."


"စည်း သူမအား မျက်ဝန်းများမှေးစင်းကာ

ကြည့်လျှက်...


"မင်း ဒီတစ်သက် မျက်နှာသစ်အူံးမှာလား..."


"သစ်မှာပါ....အို..လူကြီး ဘယ်ကို

ကြည့်နေတာလဲ...အဟင့်...ဟင့်..

နှာဘူးကြီး..."


"သည်းခြေရာ!!..."


"ဘာလဲ!!...."


"မင်း ငါ့အပေါ်က ချက်ချင်းဆင်း..."


"မဆင်းဘူး ရှင်ဘာလို့ သူများ ရင်ဘက်ကို

ကြည့်နေတာလဲ..အဟင့်...ဟင့်...နှာဘူးကြီး..

သူများကို အဲ့ဒါကြောင့် ချွတ်ပေးထါးတာ

အဟင့်...ဟင့်..."


"သည်းခြေရာ!!...မင်း..."


"အို ..."


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


rate now: