book

Index 20

အပိုင်း(20)

  • Author : Lwanchin
  • Genres : Romance, Drama

"အီး..ဟီ...လူ..လူကြီး လုပ်ပါအုံး

သည်း သည်းကြောက်လို့ပါ ဟီး...

အဟင့်...ဟင့်...."


ပြောပြီးငိုနေကာ လက်ကလေးနှစ်ဖက်အား

လက်သီးလေးဆုပ်ကာ တုန်ယင်နေသော

သူမကြောင့် စည်း မကြည့်ရက်တော့စွာ

အနားတိုးသွားလိုက်သည်။


"ဘယ်နေရာလဲ..."


"ရင်...ရင်ဘတ်..."


"ဟာ...."


မျက်ဝန်းလေးစုံမှိတ်ကာပြောနေသော

သူမလေးကြောင့် စည်း ချက်ချင်းအေးနေရာမှ ချွေးများပျံလာကာ...


"မင်း ပြီးရင် ငါ့ကိုစိတ်မဆိုးနဲ့နော် သည်း....''


"ဟီး...အဟင့်..ဟင့် ကြောက်ပါတယ်ဆို

လူကြီး ဘာတွေပြောနေတာလဲ အဟင့်..ဟင့်

ရင်ဘက်ထဲကအကောင်ကြီးကို ထုတ်ပေး

ကြပါ...အဟင့်...ဟင့်..."


ပြောပြီး အကြောက်လွန်ကာတုန်နေသော

သူမကြောင့် စည်းသက်ပြင်းအသာချ၍..

ဂါဝန်အရှေ့လည်ပင်အပေါက်လေးကနေ

သူကြည့်လိုက်ချိန်.. မဲမဲအရောင်နှင့်

အကောင်လေးတစ်ကောင်။


"ဟာ..."


ထိုအချိန် ထိုအကောင်အလေးမှာ

ရင်ဘတ်လေးပေါ်ကနေ အင်္ကျီအထဲ

ဆင်းတော့မှာ ဖြစ်သောကြောင့်

စည်း သူမအတွက်စ်ိုးရိမ်သွား၍

လက်ထိုးထည့်၍ ထိုအကောင်လေးအား

အမိအရ နိုက်လိုက်ချိန်...


"အို... အမေ့ရေ,..."


သည်းတစ်ယောက် သူ့ရဲ့ထိတွေ့လိုက်သော

အထိအတွေ့များကြောင့် လူကကြောက်စိတ်ကနေ ရှက်စိတ်များ တစ်ကိုယ်လုံး ပျံ့သွား၍

ကိုယ်လေးမှာ တစ်ဖြည်းဖြည်း ခွေကျသွား

ကားထိုနေရာလေးမှာပင်လဲကျသွားတော့သည်။


စည်း ဆေးပညာစာအုပ်ထဲမှာပါသော

မျှောပုံစံအကောင်လေးအား အဝေးသို့

ပစ်ထုတ်ပြီး သူမအားပြန်ကြည့်ချိန်

လဲကျလာသောကြောင့် သူပြေးပွေ့ကါ....


"ဟာ....သည်းခြေရာ....သည်းခြေရာ..."


စည်း သူမပါးလေးအား ပုတ်ကာခေါ်နေသော်လဲ သည်းတစ်ယောက် နိုးမလာတော့။


"ကျစ် အရေးရယ်အကြောင်းရယ်ဆ်ို

မေ့တက်လိုက်တဲ့ ကောင်မလေး..."


တဖြည်းဖြည်း မှောင်ရီသန်းတော့မှာ

ကြောင့် ဒီနေရာမှာနေရန်မဖြစ်တော့။စည်း

သူမကိုယ်လေးအားပွေ့လိုက်ကာ..ဘေးတွင်

လှမ်းထားသော သူ့အင်္ကျီကိုပါယူ၍ လက်တစ်ဖက်လျှိုကာဝတ်ပြီး သူမအား တစ်ဖက်ကလဲပို့ထားရသေးသည်။


"အာ့...ကျစ်..."


မှန်တံခါးအား တံတောင်စစ်နှင့်ရိုက်ခွဲ

ထားသော​ကြောင့်နှင့်ရေကူးထားသောကြောင့် တစ်တောင်စစ်အရ်ိုးမှာ

ယောင်နေ၍ လှုပ်ပင်မလှုပ်ချင်တော့။


စည်းအားတင်းကာ သူမကိုယ်လေးအား

ပွေ့လိုက်ပြီး ကျွန်းလေးထဲ လမ်းကြားလေး

အတိုင်း လျှောက်ဝင်လာတော့သည်။


လမ်းလေးမှာ ဆောင်းတွင်းဝင်နေပြီ ဖြစ်သော

ကြောင့် ရွံ့များကခြောက်နေပြီ ဖြစ်ကာ

တစ်လမ်းလုံး သဘာဝအပင်များ

ပေါက်ရောက်နေ၍ ထူပိန်း​နေကာ အပြင်က

ကြည့်ရင် မကြီးဘူးထင်ရသော်လဲ အထဲတွင်

တော့ အတော်ကြီးသော ကျွန်းဖြစ်သည်။


ညဘက်တော့ တစ်နေရာရာမှာ အန္တရာယ်

ကင်းအောင်နေရမှာဖြစ်ပြီး မနက်ပိုင်းကို

တော့ ကမ်းစပ်အနားပြန်သွားကာ သင်္ဘော

များလာရင် လှမ်း၍ အကူအညီတောင်း

ရမည် ဖြစ်သည်။


လောလောဆယ် သူမသတိရလာရင်

စားဖို့အတွက်စည်း လျှောက်လာရင်း

မျက်ဝန်းများဝေ့ကြည့်ချိန် ဝင်းမှည့်နေသော

ငှက်ပျောခိုင်အား တွေ့သောကြောင့်

သူ ခဏနေရာမှတ်သားထားခဲ့ပြီး နားရန်နေရာ

ကြည့်ချိန် ထိုအနီးအနား အမိုးလေးနှင့်

တဲလေးအားတွေ့သောကြောင့် ဝမ်းသာ

သွားကာ ထိုနေရာလေးဆီလျှောက်သွား

ပြီး တဲလေးထဲ ဝင်လိုက်ချိန် အခင်းလေးနှင့်

သပ်ရပ်စွာလုပ်ထားသော တဲလေး မီးဖိုထားသော ပြာပုံလေးများ ကြောင့်

ဒီနေရာကို လူရောက်တယ်ဆ်ိုတာ စည်း

သိလိုက်သည်။


ခဏသာ စဥ်းစားလိုက်ပြီး မမှောင်ခင်

အလင်းရောင်ရရှိရန်မီးနှင့်ထင်း

လိုအပ်သောကြောင့် စည်း သူမကိုယ်လေးအား ကောက်ရိုးနှင့် ကြမ်းဖျင်းလေးခင်းထားသောအပေါ်တွင် အသာချပေးလိုက်ကာ

တဲလေးထဲ ဝေ့ကြည့်ချိန် တန်းလေးအထက်

မီးခြစ်လေးတွေ့သောကြောင့် သူအပြင်

အမြန်ပြေးလာ၍ စောစောက

ငှက်ပျောသီးအခ်ိုင်ကာ စည်း

ဆွဲချလိုက်၍ နှစ်ဖိးအား ခွာချလာကာ

ထင်းအတိုအစများ ကောက်လိုက်သညိ။


တစ်ညစာ လုံလောက်ပြီမို့ စည်း ထိုအတိုအစ

များအားပွေ့လာ၍ မှောင်တာနှင့်မီးဖိုရန်

အသင့်ပြင်ထားလိုက်သညိ။


မဟုတ်ရင် ခြင်းကျားရန်နှင့် တောကောင်

အန္တာရယ် များကို ကြောက်ရသည် မဟုတ်လား။


သူအားလုံးပြီးစီးချိန် အခုထိ သတိလည်

မလာသေးသော သူမကြောင့် အနားသွား၍

သူမနဖူးလေးအား စမ်းလိုက်ချိန်...


"ဟာ...."


သူမတစ်ကိုယ်လုံး ပူခြစ်နေသောကြောင့်

စည်း စိုးရိမ်သွားကာ..သူမရဲ့ အဝတ်ကို

ကြည့်တော့လဲစိုထိုင်ထိုင်ဖြစ်နေသော

ကြောင့် စည်း သူ့က်ိုယ်ပေါ်က အင်္ကျီအား

ချွတ်ကာ သူမအား အဝတ်လဲပေးရန်

ပြင်ဆင်လိုက်သည်။


သူမအား ဒီအတိုင်း ထားရင် မလွယ်။

စည်း အမြန်ပင် သူ့အင်္ကျီအား ချွတ်ပြီး

သည်နှင့် သူမအင်္ကျီလေးအား ချွတ်ရန်

ပြင်ဆင် သူ့လက်အား ဆုပ်ကိုင်လာသော

သူမလက်ပူပူလေးများ။


"ဟင့်အင်း သည်း..."


"သည်း မင်း ကိုယ့်ကို ယုံကြည်ပေးပါ.. "


ထို့နောက် မျက်ဝန်းများပွင့်မလာသော

သူမ သူ့လက်ပေါ်က လက်ကလေးများ

ပြေလျော့သွားသောကြောင့် စည်း 

သူမရဲ့ ဂါဝန်လေးအား ဇစ်လေးအား

ဆွဲချလိုက်၍ ဝင်းခနဲပေါ်လာသော

သူမရဲ့ အလှတရားများကြောင့် စည်း

စိတ်လှုပ်ရှားစွာ မျက်နှာအားလွဲလိုက်၍

လက်ထဲ ပါလာသေ ဂါဝန်လေးအား

အနီးက ဝါတန်းလေးပေါ်လှန်းလိုက်သည်။


စည်းဆောင်း လေးအေးကြောင့်အေးစိမ့်နေသော်လဲ ချွဲများစို့နေကာ မျက်နှာကြီးမှာလဲ

ရဲနေ၍ သူမဆီ တော်တော်နှင့်လှည့်မကြည့်မိချေ။


"ဟူး...."


ခဏအကြာ သက်ပြင်းအရှည်ကြီးချလိုက်၍

သူ့မဆီ ပြန်လှည့်လိုက်ပြီး မျက်နှာလွဲကာ

သူ့အင်္ကျီအား စမ်းတဝါးဝါး ဝတ်ပေးနေကာ

ပြီးစီးလို့ ကြည့်လိုက်ချိန်...စည်း

ရယ်ချင်သွားမိသည်။


မကြည့်ဘဲ တက်ထားသော ကြယ်သီး

များက လွဲနေကာ သူ့အင်္ကျီအကြီးကြီး

ဝတ်ထားသော သူမကိုယ်လေးမှာ

မြှုပ်နေကာ သေးသေးလေး ဖြစ်နေတော့သည်။


ထို့နောက် သူ့အင်္ကျီက သူမရဲ့ပေါင်လေး

အထိဖုံးထားသော်လဲ ထိုပုံစံလေးက

သူ့အား စိတ်ကို ဆွနေသလိုပင်။


စည်း စိတ်လှုပ်ရှားစွာ ထရပ်လိုက်၍ 

အပြင်တွင်မှောင်

လာပြီ ဖြစ်သောကြောင့် သူ မီးမွှေးရန်

ပြင်ဆင်လိုက်သည်။


ခြစ်...ခြစ်...ခြစ်....


"ဟာ..."


ထိုအချိန်မီးခြစ်မှာ ခြစ်မရသောကြောင့်

စည်း အတော်ပင်စိတ်ပျက်သွားမိကာ...


"ကျစ် အရေးထဲမှကွာ..."


သူပြောပြီးတာနဲ့ အနောက်တွင်ကွေးနေသော

သူမအား လှည့်ကြည့်၍ သူ လက်ထဲက

မီးခြစ်အား ပစ်ချကာ...သူမအနား

လျှောက်လာခဲ့သည်။


ကံတရားက မျက်နှာသာပေးတါလားတော့

မသိ။မှောင်လာပြီး လမင်းကြီးက ထွက်ပေါ်

လာသောကြောင့် စည်း ပတ်ဝန်းကျင်အား

မြင်နေရကာ သူမအနီးဝင်ထိုင်၍ ဝါးတိုင်လေး

အားမှီကာ ထိုင်နေပြီ မျက်ဝန်းများ မှိတ်ထား

ကာ အရမ်းပင်ပန်းနေပြီ ဖြစ်သောကြောင့်

တစ်ဆစ်ဆစ်ကိုက်လာသော လက်အား

ဥပေက္ခာပြု၍ မျက်ဝန်းများ မှိတ်ထား

လိုက်တော့သည်။


------=====================^^^^🍓🍓🍓🍓🍓🍓🍓


"အဟင်း..အဟင့်...အဒေါ်ကြောင့်ပါ

မောင်ဆန်းရယ် သည်းလေးက မသွား

ချင်တာကို အဒေါ်ကအတင်းသွားခိုင်း

ခဲ့တာ...အဒေါ်ကြောင့်ပါ...''


ဦးဆန်းကမ္ဘာ တစ်ယောက်လဲ မျက်နှာ

ကြီးမှာ ပြိုတော့မဲ့မိုးလို ပျက်နေ၍

စိတ်တင်းထားသောကြောင့် မျက်နှာ

ကြီးမှာရဲတက်နေကာ...


"မဟုတ်ဘူးအဒေါ်...သမီးက

သမီးလေးက တစ်နေရာရာမှာ

ရောက်နေမှာပါ သမီးလေး မသေနိုင်ဘူး

ကျွန်တော်သမီးလေးက လွယ်လွယ်

နဲ့ ကျွန်တော်ဆီက ထွက်မသွားဘူးဗျာ..."


"အဟင့် ဟင့်..ဟုတ်တယ် အဒေါ်လဲ

အဲ့ဒီလိုပဲ ထင်တယ် သည်းလေးက

သည်းလေးကလိမ္မာတဲ့ကလေးလေးပါ

လူကြီးမိဘအပေါ်လဲ သိတက်တဲ့ကလေး

နတ်မြတ်နတ်ကောင်းများက

စောင့်ရှောက်မှာပါ...."


"ဒါပင်မဲ့ သေပြီလို့ သတင်းတွေက

အတည်ပြုနေပြီပဲလေ ဖေဖေရဲ့....''


"တိတ်စမ်း ညို့...သမီးသည်းက သမီးရဲ

ညီမလေးပဲ အခုအချိန်မှာ သမီးက

သူ့အတွက့မပူပေးရင်တောင် ဒီစကား

မပြောနဲ့ ဖေဖေမကြိုက်ဘူး..."


ညို့ဖခင်ဖြစ်သူအော်လိုက်သောကြောင့်

ကိုယ်လေးတုန်တက်သွား၍ ဖခင်အား

မယုံကြည်နိုင်စွာကြည့်၍ မျက်ရည်များ

ကွလာကာ..


"ဖေဖေ...ဖေဖေညို့ကို အော်တယ်ဟုတ်လား

အဟင့် ဖေဖေက ညို့ကို အဲ့ဒီ ဖေဖေသမီး

ကြောင့် ညို့ကိုအော်တာပေါ့...အဟင့်...

ဟင့်...ညို့ကို ဖေဖေကအော်တယ်...."


"သမီးည်ို့ စိတ်ထိန်းကွယ် သမီးဖေဖေက..."


"ဟင့်အင်း မဟုတ်ဘူး မေမေ ဖေဖေကလေ

ညို့ထက် သည်းခြေရာကို ပိုချစ်တာမေမေရဲ့

ညို့ကိုဆို ဖေဖေက မချစ်ဘူး မကောင်းတက်

လို့သာ ညို့ကိုသမီးလိူ့ခေါ်နေတာ...အဟင့်...

ညို့ကလေ ညို့က ဖေဖေကိုအရမ်းချစ်တာ

ဖေဖေကို ညို့တစ်ယောက်ထဲ ပိုင်ချင်တာ

ဒါပင်မဲ့ ဖေဖေက..."


"ညို့ တိတ်စမ်း မဟုတ်တာတွေ

မတွေးနဲ့ ဖေဖေက သမီးနှစ်ယောက်လုံး

တစ်တန်းထဲအတူတူချစ်တာ...ဘယ်သမီး

ကိုမှမပိုဘူး.... "


ညို့ ဖေဖေအားကြည့်၍ မဲ့လိုက်ကာ..


"မဟုတ်ဘူးဖေဖေ ဖေဖေကသည်းခြေရာ

ကိုပဲ ပိုချစ်တာ...သည်းခြေရာကို

ဖေဖေ ညို့ကို အော်သလို အော်ဖူးလား

အဟင့်...ဟင့် ညို့နားလည်လိုက်ပါပြီ

ဖေဖေ...''


"သမီးညို့..."


ထိုအချိန်ပြေးထွက်သွားသော

သမီးဖြစ်သူအနောက် ဒေါ်

ပါပြေးလိုက်သွားချ်ိန် 

ဦးဆန်းကမ္ဘာ သက်ပြင်းချ၍

ဆိူဖာပေါ်ထိုင်ကာ မျက်ရည်များက

စီးကျလာတော့သည်။


သနားစရာ သမီးငယ်လေး...


--======------=============^^^^^🍓🍓🍓🍓🍓🍓🍓


"ရွှေ သတိပြီလား...စိတ်အေးအေးထားနော်."


"ဟင် ကျွန်မသားလေး ကျွန်မသားလေး

ပြန်ရောက်ပြီလားဟင် ပြီးတော့

ကျွန်မမွေးစားမဲ့ကလေးလေးရော...."


"ရွှေ... သတိထားစမ်းပါ သားကို

ရှာနေပါတယ် ပြန်တွေ့မှာပါကွာ..."


"ဟင့်အင်း...ကျွန်မသားကို

ကျွန်မသွားရှာမယ်..."


အတင်းရုန်းထနေသော ဇနီးသည်အား

ဦးမျိုးမြင့်မား အတင်းဖက်ထားကာ..


"ရွှေ စိတ်ထိန်းကွာ မင်းအခုလို

ဖြစ်နေတာ သားသိရင် ဘယ်လောက်

စိတ်မကောင်းဖြစ်မလဲ..."


"ရှင်ဖယ်ပါ ဒါဆို ကျွန်မက

ပျော်နေရမှာလား​ပြောစမ်းပါ

ကျွန်မရင်ထဲ မီးစနဲ့ကပ်ထားသလို

ပူနေတာ ရှင်သိလား ဖေကြီး...ဟီး...အဟင့်...ဟင့်...ဟင့်...."


ရှိုက်ကြီးတငင်ငိုနေသော

ဇနီးဖြစ်သူအား ကြည့်၍.


"ရွှေရယ် ကိုယ်လဲ ဝမ်းနည်းတာပေါ့ကွာ

ကိုယ့်မှာလဲ ဒီသားလေးတစ်ယောက်ထဲ

ရှိတာ ကိုယ် မခံစားရဘဲနေမလား

ဒါပင်မဲ့သား လွယ်လွယ်နဲ့ထွက်မသွားဘူး

ကိုယ်တို့ဆီ ပြန်လာမှာပါရွှေစင်ရယ်..."


"ဒါနဲ့ ရှင် ရှင်သွားတာ အခြေအနေဘာ

ထူးလဲဟင်...."


"အင်း သူတို့ပြောပုံအရ သားတို့က

ရေစီးနဲ့ ပါသွားကြတာ...ဒါပင်မဲ့

အခုကစပြီး ပင်လယ်ဘက်ကို

ရှာဖို့ ကိုယ်အကုန်လွတ်ထားတယ်

 လေယာဥ်ပါ လွတ်ထားတယ်...

ဒါ့ကြောင့် သားကိုပြန်တွေ့မှာပါ

ရွှေစင်ရယ်...'''


"အဟင့်ကျွန်မသားလေး ...ဟင့်....ဟင့်....အီ...ဟီး... "


လင်မယားနှစ်ယောက် တစ်ယောက်

ကိုတစ်ယောက်ဖက်ကာ ရှာနေကြတော့သည်။


ထို့နောက် အိမ်ရှိအလုပ်သမားများ

သည်လဲ မျက်ရည်များကျ၍

ငိုနေကြကာ တစ်အိမ်လဲ တိတ်ဆိတ်နေတော့သည်။


----===================^^^^🍓🍓🍓🍓🍓🍓


တဖြည်းဖြည်း ညဥ့်နက်လာသည်နှင့်အတူ

တိတ်ဆိတ်နေသော ကျွန်ကြီးရဲ့တဲလေးထဲ

ချမ်းတီးစွာရှိနေကြသော စည်းနှင့်သည်း။


လေနုနုများက တိုက်ခပ်နေသောကြောင့်

အေးစိမ့်လာကာ.... စည်း အေးလာသော

ကြောင့် မျက်ဝန်းများ မှိတ်ထားရာမှ

ပွင့်ချိန်...


"ချမ်းတယ်.... ဖေဖေ....ကြီးကလျာ

သည်း ချမ်းတယ်.... လူကြီး..."


နာမည်များ က​ယောင်ကတမ်းခေါ်ကာ

ပုစွန်ထုပ်လေးလို ကွေးနေသော

သူမပုံစံလေးက သနားစရာပင်။


စည်း သူမအနားသွား၍ ကိုယ်လေး

အား ပွေ့ချီလိုက်၍ ရင်ခွင်ထဲ

ထည့်ဖက်ထားလိုက်ချ်ိန် ချမ်းနေသော

သူမသည်လဲ သူ့အားအတင်းဖက်၍

ဖက်တွယ်ထားသောကြောင့် စည်းပြုံး

လိုက်ကာ...


"မနက်ဖြန် ထပ်ပြီး မေ့မလဲဖို့

ကိုယ်မျှော်လင့်တယ်သည်း...''


သူပြောပြီး သူမ မျက်နှာဖြူဖြူလေးး

အား စူးစိုက်ကာကြည့်နေရင်း တဖြည်းဖြည်း

သူမ မျက်နှာလေးအထက်... ငုံ့ကျလာချိန်...


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


rate now: