book

Index 2

အပိုင်း(2)

  • Author : Lwanchin
  • Genres : Romance, Drama

တစ်စက္ကန့်.... နှစ်စက္ကန့်...သုံးစက္ကန့်.....


"မင်း မျက်လုံးဖွင့်ပြီး ငါ့ရင်ဘတ်ကို

လွတ်လို့ရပြီထင်တယ်.."


"ဟင်..."


ထိုတော့မှ သည်းမျက်ဝန်းတွေပွင့်လာ

ကာ  သူ့အင်္ကျီကြယ်သီးပေါက်ကနေ

ရင်အုပ်ကြီးအား ဆုပ်ကိုင်ထားတာ

ကို ကြည့်၍ မျက်နှာလေးမှာရဲတက်

သွားပြီး...အမြန်သူ့လက်ထဲက ရုန်း

ထွက်၍ အနောက်ကို ဆုပ်လိုက်ကာ..

ခေါင်းလေးငုံ့ချ၍. ..


"ဟို. တောင်း. တောင်းပန်ပါတယ်

နော်..သည်းမတော်တဆဖြစ်သွား

လို့ပါနော်.. "


စည်းသူမကြောင့် တွန်ကြေသွား

သော  အင်္ကျီအား ဆွဲချ၍

အနောက်မှာ ရပ်ထားသော

ကားဆီလျှောက်လာခဲ့တော့သည်။


သည်း သူမအား ဂရုမပြုသလို

လုပ်သွားသော ထိုလူကြီးအား

မျက်စောင်းလေးထိုးပစ်ကာ..


"ဟ...ဘာလည်း ငါဒီလောက်

တောင်းပန်နေတာကို နေပေါ. .ဟွန့်.. "


နှုတ်ခမ်းလေးဆူကာပြောပြီး

ခြေလေးစောင့်လိုက်ကာ

ကားလာမဲ့ဘက်ကို ခေါင်းလေး

မောကာ ကြည့်နေလိုက်၏။


ခဏနေ သည်းစီးရမဲ့ busကားရောက်

လာသဖြင့် သည်းအမြန်တက်လိုက်ကာ

ကားပေါ်ရောက်မှ သက်ပြင်းချ၍

လွတ်နေသော ခုံလေးပေါ်ဝင်ထိုင်ကာ

စောစောက လူကြီးရဲ့ မထွက်သေးသော

ကားအား ခေါင်းလေးစောင်းကာ

ကြည့်၍...


"ဘာလုပ်နေတာလည်းမသိဘူး

ရုပ်ရည်ကြောင့် ချေမိုးနေတာပဲ...

ဟွန့်. ."


သည်းတစ်​​ယောက်ပြောကာ

တစ်လမ်းလုံးမဲ့ကာနေတော့၏။


ကားပေါ် ခဏအကြာလူတွေက

တဖြည်းဖြည်းများလာကာ

သည်းအနားလာရပ်သော

မိန်းကလေးအနောက်..လူတစ်

ယောက်ကပ်ရပ်လာတာကို

သည်းသတိထား ကြည့်နေမိ၏။


သည်းအနားက မျက်စီမျက်နှာပျက်

နေသော မိန်းကလေးသည် သည်းလိုပဲ

မြန်မာဝတ်စုံလေးဝတ်ထားပြီး

ကြောက်လန့်နေသော ပုံလေးဖြစ်နေတာ

ကြောာင့် သည်းထရပ်လ်ိုက်ကာ...


"ဒီမှာထိုင်နော်. ..''


"ရှင်..ဟုတ်..ဟုတ်ကျေးဇူးပါ..."


သည်းခုံနေရာဖယ်ပေးချိန် ထိုမိန်းကလေး

မျက်နှာမှာ ဝင်းပသွား၍ ကျေးဇူးတင်

စွာကြည့်နေသော အကြည့်အား သည်း

နားလည်စွာခေါင်းလေးငြိမ့်ပြ၍

ဘေးလွယ်အိတ်ကြီးအား သည်း

ဟန်ပါပါလွယ်ကာ....ရပ်နေလိုက်၏။


စောစောကလူ သည်းအနားတိုး

ကပ်လာ၍ ခါးလေးအနား

လက်လှမ်းလာချ်ိန်...


ဖြန်း....


"ဟာ..ခင်ဗျာ..ဘာလုပ်တာလည်း.  '


"ရိုက်လိုက်တာလေ  တနှာရူးရဲ့

ရှင်မမြင်ဘူးလား..."


သည်းရဲ့ထွက်လာသော အသံစာစာ

ကြောင့် ကားပေါ်က လူတွေအားလုံး

သည်းတို့ဆီ အကြည့်တွေရောက်လာကာ

အရိုက်ခံရသော ထိုလူကတော့

သည်းအား

စားမတက်ဝါးမတက် ကြည့်နေချိန်..


"ဟေ့လူ..ခင်ဗျား တက်လာထည်းက

ကျုပ်လည်း သတိထားမိတယ်...

ရဲစခန်း ဖုန်းဆက်လိုက်ရမလား..."


ထိုအချိန်ဘေးက ဦးလေးတစ်ယောက်

ဝင်ပြောလာတော့မှ သည်းအား မကျေမနပ်

ကြည့်နေတာကို မျက်နှာလွဲ၍...လက်ည်ိုး

ထိုးကာ...


"မင်း ကြပ်ကြပ်သတိထားနေ..  "


ထိုအချိန် ကားမှတ်တိုင်တစ်ခု

ရောက်သော​ကြောင့် ထိုလူ

ဆင်းသွား၍ သည်းအား မကျေမနပ်

လက်ညိုးထိုးကာ ကျန်နေခဲ့တော့သည်။


အခြေအနေတွေ အားလုံးပုံမှန်

ပြန်ဖြစ်သွားမှ သည်း ထိုလူရဲ့

အကြည့်တွေအား မြင်​ယောင်လာကာ

ကြက်သိမ်းလေးထသွားမိတော့၏။


"ဟို...ဒီက ညီမလေး အမကျေးဇူး

တင်ပါတယ်နော် မဟုတ်ရင် ဒီလူ

ဘယ်လောက်အတင့်ရဲလိုက်မလည်း

မသိဘူး...."


"ရပါတယ်..အမ သည်းကအမြင်မတော်

လို့ပါ....''


ခဏအကြာ သည်းဆင်းရဲမဲ့မှတ်တိုင်

ရောက်လာပြီဖြစ်သောကြောင့်

အပေါက်အဝနားအားသွားပြီး

ကားရပ်တာနဲ့ ဆင်းလာခဲ့လိုက်သည်။


အခုထိ တုန်နေသေးသော ရင်ဘက်လေး

အား ဖိ၍...


"သည်း နင်ဘာမှမဖြစ်ဘူး

မကြောက်နဲ့...''


သူမကိုယ်သူမ အားပေးကါ

ကျောင်းဝန်းကြီးထဲ ဝင်လာ

ခဲ့တော့သည်။


----------------&&&&&---------------^^^^^^🍓🍓🍓🍓🍓🍓🍓🍓


"ဆရာ....လူနာခွဲခန်းထည့်ပြီး

ပါပြီ...''


စည်းဆေးရုံထဲ ဝင်လိုက်တာနဲ့

အပေါက်ဝနေကြိုနေသော 

Nurseမလေးနှင့် လက်ထောက်

ဒေါက်တာတို့ သူ့အား အလောတကြီး

ပြောလာတာကို စည်းခေါင်းငြိမ့်ပြ၍

Nurseလက်ထဲက လူနာ မှတ်တမ်း

အားကြည့်ကာ...လက်ထဲက

အိတ်အား ဘေးက လက်ထောက်အား

ပေး၍...


"အင်း သွေးစီးဆင်းမှုအားနည်းနေတယ်

သွေအဆင်သင့်လုပ်ထား.. "


"ဟုတ်ကဲ့ဒေါက်တာ..."


"ပြီးတော့...လူနာ အစာအိမ်ထဲမှာ

တစ်ခုခုရောက်နေတယ်...နှလုံးက

လည်း အဆင်မပြေဘူး ...အခု

အဆင့်သင့်လုပ်တော့...နောက်ကျရင်

အဆင်မပြေတော့ဘူး.  ""


"ဟုတ်ကဲ့ပါဆရာ...''


စည်းခေါင်းငြိမ့်ပြ၍ ဦးဆောင်ကာ

ခွဲခန်းဘက် ခြေလှမ်းကျဲကြီး

များဖြင့် လျှောက်လာခဲ့တော့သည်။


ခဏအကြာ စည်းတို့ ခွဲခန်းဝတ်စုံ

ဝတ်ဆင်၍ ခွဲခန်းထဲ ဝင်လာကြကာ...

အားလုံး မျက်လုံးမိတ်၍ ကတိကဝတ်

ပြုပြီးတာနဲ့ 


"အောက်စီကျင် စစ်ပါ...."


"ပုံမှန်ပါပဲ ဒေါက်တာ.."


ထိုအချိန်

စည်းလက်ဖြန့်၍ အနီးက

လက်ထောက်ဆီက ခွဲစိတ်ဓားယူကာ

ကျွမ်းကျင်စွာ.... လူနာအား ကိုင်တွယ်

လိုက်တော့သည်။


လျှင်မြန်သော လှုပ်ရှားမှု သေသပ်သော

ခွဲကြောင်း ဘာတွေဝေမှုမှ မရှိဘဲ

ခွဲစိတ်ကုသနေပုံက တကယ့် ပညာရှင်စစ်

တကယ့်နတ်ဘုရား တစ်ပါးအား ကြည့်

နေရသလ်ို အနားက လက်ထောက်တွေ

သာမက...အပြင်ဘက်က CCTVမှန်သားပြင်ပေါ်က ကြည့်နေကြသော

ဆေးရုံအုပ်ကြီး အပါအဝင် မြို့တော်ဝန်

ကြီးတို့ပါ ခေါင်းတငြိမ့်ငြမ့်ဖြင့် သဘော

ကျနေကြတော့သည်။


"ဒီဒေါက်တာ အရမ်းတော်တယ် 

နာမည်ကြီးနေတာ အခုကိုယ်တွေ့

မှပဲ ယုံကြည်တော့တယ်.. "


"ဟုတ်ကဲ့ မြိုးစားမင်း...ဒါ ကျွန်တော်တို့

ဆေးရုံကြီးရဲ့ အားထားရတဲ့ ဒေါက်တာ

ပါ...သူ့လက်နဲ့ ကုတဲ့သူမှန်သမျှ

အကုန်ပျောက်ကင်းကုန်တာကြီးပဲ

အသက်ပေါင်းများစွာကိုလည်း

ကယ်တင်ထားတဲ့ တကယ့်လူတော်

လေးပါ...သူလိုလူ ပြိုက်ဘက်ရှား

လောက်ပါတယ်...ပြီးတော့ သူနဲ့

ခွဲစိတ်ဖိူ့ ရန်ချိန်းယူထားတာလည်း

လတိုင်းပြည့်နေတာပါ..."


"ဖေကြီး ဒါဆို မွန်းတို့ သမီးလေး

အသက်ရှင်နိုင်တော့မှာပေါ့. ."


ဝန်ကြီးကတော် ဝင်ပြောလာသော

ကြောင့် ဆေးရုံအုပ်ကြီး ပြုံးကာ...


"ဒါတော့..၁၀၀%ကျွန်တော်တို့

ကို ယုံကြည်လိုက်ပါ ဝန်ကြီး

ကတော်...''


ထိုအခါ မြို့ဝန်မင်း ဇနီးမောင်နှံ

နှစ်ယောက်လူံးရဲ မျက်နှာပေါ်

တွင် ဝမ်သာသွားကြ၍...


"ဒါဆိုရင်တော့ ခင်ဗျားတို့ကိုပဲ

ယုံလိုက်ပြီး..ပြီးတော့ ဒီဒေါက်တာ

လေးကိူ အရမ်းသဘောကျတယ်...

ကျုပ်တို့သမီးလေးကို ပျောက်ကင်း

အောင်ကုနိုင်ရင် ခင်ဗျားတို့ကို

ကျုပ် တစ်သက်လုံး ကျေးဇူး

မမေ့ပါဘူး....''


"ဟာ..မဟုတ်တာ မြို့ဝန်မင်း 

မြို့ဝန်မင်း ရဲ့ သမီကို 

ကျွန်တော်တိူ့ ဆေးရုံမှ 

ကုသပေးရတာ အရမ်းကို

ဝမ်းသာမိပါတယ်..."


"ကောင်းပါပြီ အဲဒါဆို ကျုပ်တို့

သမီးလေးကို အမြန်ဆုံး ကုသမှု

ခံယူချင်တယ်..."


"ဟုတ်ကဲ့ စိတ်ချပါ ကျွန်တော်

ဒေါက်တာ အမိန့်စည်းနဲ့ မြို့ဝန်

မင်းရဲ့သမီး ဆေးစစ်ချက်ကို 

စစ်ဆေးပြီးတာနဲ့ ပြန်ပြောပေး

ပါ့မယ်..."


"ကောင်းပါပြီ ..."


ပြောပြီး အားလူံးရဲ့ အာရုံတွေ

ဖန်သားပြင်ပေါ်က မြင်နေရသော

သွက်လက်ကျွမ်းကျင်စွာ

ခွဲစိတ်နေသော မြင်ကွင်းအား

သဘောကျစွာကြည့်နေမိကြတော့သည်။


တီ....


"ဟူး..."


ဖြောင်း..ဖြောင်း...ဖြောင်း....


ခွဲစိတ်မှုအပြီး လက်ထောက်တွေ

ဆီက လက်ခုပ်သံနှင့်အတူ

စည်းသက်ပြင်းချကာ....mask

အုပ်ထားသော နှုတ်ခမ်းပါး

တွေကတော့ ပြုံးနေမှာတော့

သေချာပါသည်။


စည်းခွဲခန်းက ထွက်လာကာ

နာနေခန်းအားပြန်၍ ကိုယ်လက်

သန့်စင်ပြီး သူထိုင်ခုံပေါ်တွင်

ထိုင်၍ မျက်ဝန်းများမှိတ်ထား

လိုက်ပြီး လူနာရှင်များရဲ

ဝမ်းသာနေသော အပြုံးတို့အား

မြင်ယောင်ကာ သူ့နှုတ်ခမ်းတို့က

ပြုံးနေမိ၏။


ကိုကို..ဖုန်းလာနေတယ်...ကိုကို

ဖုန်းလာနေတယ်လို့...ကိုကို...

ဖုန်းလာနေတယ်ဆို...🎼🎼🎼🎼


ကျယ်လောင်သော ဖုန်းသံကြောင့်

စည်း မျက်ဝန်းတွေ ပွင့်သွားကာ

မျက်နှာမှာလည်း ဖုန်းသံထဲက

Ringtoneသံကြောင့် ရဲတက်သွား၍

အသံလာရာဆီကြည့်လိုက်ချိန် 

ဂျ်ိတ်တွင်ချိတ်ထားသော အပေါ်ကုတ်

အိတ်ကပ်ထဲက ဖြစ်ကာ သူ

မဲနက်နေသော မျက်ခုံးကြီးတွေ

ပင့်တက်သွားသည့်အထိ မျက်နှာ

ကြီးမှာ အလိုမကျဖြစ်သွား၍...

ထာသွားကာ...

ဖုန်းအား ယူ၍...


"ဒါ..ဘယ်သူ့ဖုန်းလည်း.. "


ကိုကို...ဖုန်းလာနေတယ်..ကိုကို

ဖုန်းလာနေတယ်လို...က်ိုကိူ

ဖုန်းလာနေပါတယ်ဆို...🎼🎼🎼🎼


နောက်တစ်ကြိမ် ထွက်ပေါ်လာသော

ဖုန်းသံကြောင့် စည်းအမြန်ကိုင်လိုက်ချိန်..


"ဒီမှာ..ဖုန်းသူခိုးကြီး သည်းဖုန်း

ပြန်ပေး..ရှင်သူများဖုန်းယူရမှ

ထမင်းစားရမှာလားဟမ်း...ရှင်

ငတ်ပြတ်နေလည်းပြော...သည်း

ပေးမှာပါ..သည်းဖုန်းကိုပြန်ပေး

ရှင့်ကို သည်း မုန့်ဖိုးပေးမယ်လေ..."


တစ်ဖက်က ခပ်စွာစွာထွက်ပေါ်လာ

သော အသံကြောင့် စည်း မျက်မှောင်

ကြီးမှာ ပ်ို၍ ကုတ်သွားကာ...


"ဒီမှာ မင်းဘယ်သူလည်း ဒီဖုန်း

ကို ငါမယူဘူး ဘယ်လိုပါလာ

လည်းဆိုတာလည်းငါမသိဘူး...

မင်းပြန်လိုချင်ရင် (........)ကို

လာခဲ့..."


စည်း သူ့အား သူခိူးဟု

စွတ်ဆွဲပြောဆိုသော

ထိုအမျိိုးသမီးအား

ဒေါသဖြစ်ကာပြောပြီးတာနဲ့

ဖုန်းချလိုက်တော့သည်။


စည်း နှုတ်ခမ်းကလည်းမဲ့လိုက်ကာ..


"လူအသံနဲ့ ဖုန်းအသံနဲ့လိုက်လည်း

လိုက်တယ် ပေါတောတောနဲ့..."


စည်းပြောပြီး ထ၍ လင်းလာသော

ဖုန်းအား တစ်ချက်ဝေ့ကြည့်မိသွားကာ

Wallpaper တင်ထားသော နှုတ်ခမ်းဆူပြီး မျက်ဝန်းတွေပြူထားသော ပုံအား

ကြည့်၍...


"ရုပ်ကလည်း...ပေါတောတောနဲ့.. "


------========------------------^^^^^^🍓🍓🍓🍓🍓🍓🍓


တစ်ဖက်တွင် သည်းတစ်ယောက်

ဖုန်းလေးကိုင်၍ သူမအား တင်းတင်း

စီးစီးပြောသွားသော သူခိုးအား

ဒေါသတွေထွက်နေမိတော့သည်။


"တွေ့မယ် စောက်သူခိုး

တွေ့လို့ကတော့ ဗျင်းပစ်အုံးမယ်..

ရော့.....ထက်ထက်...ငါ့ကို

သူက တကယ့်ဆေးရုံကြီးကို

တောင် ချိန်းလ်ိုက်သေးတယ်...

တွေ့ကြတာပေါ့..သူခိုးရယ်..

ပါးကို ရှစ်စိတ်ကွဲအောင် ရိုက်ပစ်မယ်...

လာ ငါတို့သွားကြမယ်..."


ထက်ထက် သည်းဆီက ဖုန်းလေး

ပြန်ယူ၍ ဒေါသတကြီး ဆွဲခေါ်ရာ

နောက် ခပ်ကုတ်ကုတ်လေး

ပါလာခဲ့တော့သည်။


သည်းတစ်ယောက် Taxiငှား

ရန် ကားလမ်းဘေး ရပ်လိုက်

ပြီး....


"ဟွန့်..သူခိုးကြီး သည်းခြေရာ

လာနေပြီ..ဟွန်...ဟွန်..."


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


rate now: