ကျလိ...ကျိလိ...
တင်း....တင်း...တင်း...
"ဟင်..."
ကျေးငှက်သံလေးများအပြင်
ဘာကောင်လေးတွေမှန်းမသိသော
ဆူညံသံလေးကြောင့် သည်းအလန့်တကြား
လေး ထထိုင်မိသွား၍ အရှေ့ကိုကြည့်တော့လဲ
ရေများသာမြင်ရပြီးအခြားအရာ
ဘာမှမမြင်ရဘဲ အနောက်ကို ကြည့်တော့လဲ
သစ်ပင်များသာ မြင်ရပြီး ဘေးပတ်ချာ
လည်ကြည့်ချိန် သူမ ကျွန်းလေးတစ်ခုပေါ်
ရောက်နေတာအား သိလိုက်ရပြီး အထိန့်တလန့်မျက်ရည်များကျလာ၍ သူမဘေးကို
ကြည့်စဥ်....
"ဟင်...လူ..လူကြီး.."
သည်း ဝမ်းသာအားရ ပက်လက်ဖြင့်
လဲနေသော လူကြီးအနီး ဒူးလေးထောက်
ကာ...
"လူကြီး...လူကြီး ထ..ထပါအုံး..
သည်း သည်းကြောက်လို့ပါနော်..
လူကြီး...အဟင့်...ဟင့်..."
လှုပ်ရှားမှုမရှိဘဲ နိုးမလာသော
လူကြီးကြောင့် သည်းဝမ်းနည်း
စိုးရိမ်ကာ မျက်ရည်လေးများ
စီးကျလာတော့သည်။
ထို့နောက် သည်း လူကြီးရဲ့ပြာတက်လာသော
နှုတ်ခမ်းလေးကြောင့် စိုးရိမ်သွား၍
ပြာယာခက်သွားကာ လူကြီးနဖူးအား
စမ်းကြည့်တော့လဲ အေးစက်နေသော
ကြောင့် ဂါဝန်အညိုရောင် ဒူးအောက်လေး
ဝတ်ထားသော သည်းရေများစိုကပ်နေကာ
ကိုယ်လေးမှာ ကောက်ကြောင်းလေးများ
ထင်းလျှက်။
ဒါကို အရေးမစိုက်နိုင်သေးဘဲ သည်း
လူကြီးကိုယ်ကြီးအား ပုခုံးကနေ
သူမရှိသမျှအားလေးနှင့် ဆွဲမကာ
ကိုယ်လုံးသေးသေးလေးနှင့် လူကြီး
ကိုယ်ကြီးအား ကုန်အမြင့်အထပ် ခက်ခဲစွာ
ဆွဲတင်လာလိုက်သည်။
ဟူး..
"လေးလိုက်တာ လူကြီးကိုယ်ကြီးက..."
မောနေသော်လဲ သည်း အမောမဖြေနိုင်အားသေး။သူမစိတ်ထဲ လူကြီးပြန်သတိရလာဖို့အရေးသာ ရှိနေသည်။
လူကြီးကိုယ်ပေါ်က တီရှပ် အဖြူအစင်းအား
သည်း မရဲတရဲလေးချွတ်လိုက်၍
ဘေးက အပင်လေးမှာ လှမ်းလိုက်ပြီး
လူကြီးအား ချိုင်းကနေ မ၍
သူမကိုယ်သေးသေးလေးဖြင် အချမ်းပြေစေ
ရန်ဖက်ထားလိုက်တော့သည်။
ခဏအကြာ လူနှစ်ယောက်ရဲ့ အနွေးဓာတ်
ပေါင်းစပ်မှုကြောင့် လူကြီးကိုယ်မှာ ပြန်နွေးလာသဖြင့် သည်းသက်ပြင်းလေးချလိုက်၍
ပြာနေတာ မကြသေးသော နှုတ်ခမ်းအား
သည်းကြည့်၍ ကြံရာမရ ဖြစ်နေကာ...
"ငါ...ငါ...ဆေးကုပေးတါပဲ ရှက်စရာ
မလိုပါဘူး..."
သည်း သူအကိုယ်သူမရဲဆေးတင်ကာပြော
လိုက်သော်လဲ မျက်နှာလေးမှာရဲတက်လာ၍
သူမ ပိုက်ကာဖက်ထားသော လူကြီးရဲ့
မျက်နှာဆီ သည်း ခေါင်းလေးငုံ့ကျသွား၍
သင်ခဲ့ရသည့်အတိုင်း အသက်ရူမကြပ်စေရန်
လေအား တက်သလောက်မှတ်သလောက်
သူ့နှုတ်ခမ်းနှင့်ထိကာ သည်း ရူသွင်ပေး
နေလ်ိုက်သည်။
"အွန်း...."
သည်း တုန့်ပြန်လာသော သူ့အနမ်းများ
ကြောင့် လန့်ဖြန့်သွား၍ သူ့ကိုယ်ကြီးအား
လွတ်ကာ ထရပ်လ်ိုက်မိသည်။
သူ့ကို ကြည့်တော့လဲနိုးမလာဘဲ ဒီအတ်ိုင်း
ရှိနေပြီး ပြာနေသော နှုတ်ခမ်းလေးမှာတော့
ပြန်၍ နီညိုရောင်သမ်းလာကာ သတိမရသော
သူ့ကြောင့် သည်းတစ်ယောက် ငိုရခက်ရယ်ရခက်ဖြင့် သူ့အား ပြူးကာ ခဏရပ်ကြည့်နေချိန်...
"ချမ်းလိုက်တာ..."
"ဟင်...လူ...လူကြီး.. "
သည်း လူကြီးရဲခပ်တိုးတ်ိုးငြီးသံလေးနှင့်
အတူ ထွက်ပေါ်လာသောကြောင့် အသံလေး
ကြောင့် ဝမ်းသာသွားကာ....ထခုန်မိတက်
ဖြစ်သွား၍ လူကြီးအနားပြန်ပြေးသွား၍
ဒူးလေးထောက်ကာထိုင်ပြီး...
"လူကြီး.. လူကြီး သတိရလာပြီးဟင်...
အဟင့်...ဟင့်.. သည်းက စိတ်ပူနေတာဟီး...
အဟင့်...ဟင့်... သည်းဝမ်းသာလိုက်တာ
လူကြီးရယ်...."
စည်း မျက်ဝန်းများ အားယူကာဖွင့်၍
ငိုနေသော သူမအား မျက်ဝန်းများ
မှေးစင်းကာကြည့်လိုက်ကာ...
"ဒီကိုလား ကိုယ်ချမ်းလို့ ခဏဖက်ထားပါရစေ.. "
"ဟင်.... "
သူ့လက်မောင်းပေါ်ပြကာ လေးသံ
တိုးတိုးဖြင့်ပြောလာသော သူ့ကြောင့်
သည်း ဟင် ခနဲဖြစ်သွားပြီး တကယ်
တုန်နေသောလူကြီးကြောင့် သည်
သူ့လက်မောင်းပေါ် တဖြည်းဖြည်း လှဲလိုက်ချိန်....
"အို....လူကြီး..."
"ကိုယ်ချမ်းလို့ ခဏပဲ.... "
သည်းကိုယ်လုံးသေးသေးလေးအား
ခါးလေးကနေ သိမ်းကြုံးဖက်လိုက်သော
လူကြီးကြောင့် သည်း သူ့ရင်ခွင်ထဲ ပုစွန်ထုပ်လေးလို ဖြစ်နေ၍ သူ့ရင်ဘက်ကြီးအား
ခဏခဏ နမ်းနေမိကာ မျက်နှာလေးမှာ
ရဲချိတ်နေတော့သည်။
ထိုအချိန်ပင်လယ်ပြင်အထက်က
ဖြတ်သန်းတိုက်ခက်လာသော
လေနုအေးလေးများမှာ လူနှစ်ဦးအတွက်
အေးမနေဘဲ နွေးထွေးနေလျှက်။
-----======================^^^🍓🍓🍓🍓🍓🍓🍓
ဝေါ......ဝူး.....
တံတားလေးအနား အခုထိ ကယ်ဆယ်ရေးနှင့်
ရေငုတ်သမားများ ရှာဖွေနေလျှက်ရှိကာ
ညနေစောင်းတော့မှာတောင် ကားရော
လူရော မတွေ့ရသေးပေ။
မျက်နှာပေါ်တွင် စိုးရိမ်ကာ
ပျက်နေသော ကုဋေတစ်ယောက်
မျက်ရည်များပင် အဝဲသားဖြင့်။
"ကုဋေ..."
ထိုအချိန် ကားပေါ်ကနေ ပြေးဆင်းလာသော
မိုးထက်ကြောင့် ကုဋေ အားကိုးရသွား
သလို အားတက်သွား၍ အနားရောက်လာသော မိုးထက်အားဖက်လိုက်ကာ...
"မိုးထက်ရာ ငါ့ကြောင့် ငါ့ကြောင့်
စည်းနဲ့ သည်းခြေရာ အခုလို
ဖြစ်ရတာကွာ ငါ့ကြောင့်ပါကွာ...ဟီး..."
သူ့အား ဖက်ကာငိုနေသော ကုဋေအား
မိုးထက် ပြန်ဖက်ထား၍...
"မင်းကြောင့်လဲ မဟုတ်ပါဘူးကွာ...
အဲ့ဒီလို မတွေးစမ်းပါနဲ့ ဒါ
ဒါ ကံတရားကြောင့် ဒါပင်မဲ့
စည်းကအခုလို လွယ်လွယ်လောကကြီးက
ထွက်သွားမဲ့သူမဟုတ်ဘူး သူ့အသက်ပေါင်းများစွာကို ကယ်ထား အဲ့ဒါကြောင့်
သူ့လဲ အသက်ရှင်မယ်လို့ ငါယုံတယ်ကွာ..."
နှစ်ယောက်သားပြောပြီး မျက်ရည်ကနေစဥ်...
"ဦးလေးရဲကြီး သမီးသူငယ်ချင်းကို
တွေ့လား ဟင် တွေ့တယ်မဟုတ်လား
သူ သမီးကိုစချင်လို့ တံတားအောက်မှာ
ပုန်းနေတယ်မဟုတ်လားဟင်..."
မျက်ရည်များဖြင့် အရူးမလေးလို
ရဲတစ်ယောက်အား အတင်းဆွဲကာ
မေးနေသော ထက်ထက်ဆိုတဲ့ မ်ိန်းကလေး။
အားလုံး အိမ်ပြန်ပို့သောလဲ သူငယ်ချင်း.ဖြစ်သူပါမှ ပြန်မယ်ဆ်ိုပြီး အတင်းနေခဲ့သော
သူမနဲ့ ကျောင်းအုပ်ဖြစ်သည့် ကုဋေ....။
"မိန်းကလေး စိတ်အေးအေးထားပါ
မိန်းကလေးသူငယ်ချင်း တစ်နေရာမှာ
ပြန်တွေ့မှာပါ.. "
"ဟုတ်တယ် သည်းက ထက်ထက်ကို
စချင်လို့ ပုန်းနေတာ ရှာပေးကြပါရှင်
ထက်ထက်ကို ဝိုင်းရှာပေးကြပါ ဟီး...အဟင့်..ဟင့်...သည်းက သည်းကအရမ်း
ချမ်းတက်တာ အခုလောက်ဆ်ို ရေတွေဆို
ပြီး ချမ်းနေရောပေါ့...မြန်မြန်ရှာပေးပါ
သည်း သည်းကအရမ်းကြောက်နေမှာ
အခုအချိန်ဆို... အဟင့်...ဟင့်.. "
ပြောပြီး တအိအိထိုင်ချသွား၍
ရင်နင့်စွာငိုနေသော ထက်ထက်။
ထိုအရာအား မိုးထက်နဲ့ ကုဋေလဲ
ကြည့်၍ မျက်ရည်များက
ကြလာတော့သည်။
ဒီအချိန်ထိ လုံးဝမတွေ့ရသေးရင်
အခြေအနေက အဆုံးဘက်ကို
သွားနေပြီ မဟုတ်လား။
"သည်းရေ ငါနင့်ကိုစောင့်နေတယ်နော်
ဟီး.. ငါ့ကို အခုလဲ နင်စနေတာမဟုတ်လား
ဟီး..အဟင့်...ဟင့်..ကျေးဇူးပြုပြီး
စနေတယ်ပဲ ပြောပေးပါနော်..."
အော်၍ ငိုနေသော သူမပုံလေးက
တကယ့်ကို ရင့်နင့်ဖွယ်ပင်။
"အစ်ကို ရှာနေတာ အခြေနေက..."
မိုးထက် တက်လာသော ရေငုတ်သမား
တစ်ယောက်အား အားကိုးတကြီး
ပြေးကာမေးလိုက်ချိန်...
"အစ်ကိုတို့လဲ ကြိုးစားရှာပါတယ်
ဒါပင်မဲ့ ကားရော လူရော ဒီတစ်ဝိုက်မှာ
မတွေ့တော့ဘူး ပြီးတော့ဒီမြစ်ရဲ့.
ရေစီးကြောင်းက လမ်းဆုံးကြရင်
ခွဲထွက်သွားတာ ဒါ့ကြောင့် ဘယ်ကို
မျှောပါလဲ အကိုတို့ မမှန်းတက်တော့ဘူး
ပြောနိုင်တာတစ်ခုက သူတို့အသက်ရှင်မှာ
မဟုတ်တော့ဘူး..."
"ဗျာ...."
"မဟုတ်ဘူး...."
"ဟင့်အင်း မဟုတ်ဘူး ထက်ထက်သူငယ်ချင်းက ဘာလိုမရှင်ရမှာလဲ သူ သူကရေကူးတက်တယ် ရှင်မသိဘဲမပြောနဲ့ ထက်ထက်ဆီ
ပြန်လာမှာ ထက်ထက်ကို စနေတာ...ဟီး...
သည်းရေ....''
"ဟာ..မိန်းကလေး ...''
"ထက်ထက်..."
ထိုအချိန် ထက်ထက်တစ်ယောက် သတိ
လစ်လဲကျသွား၍ လောကကြီးနှင့်အဆက်
သွယ်ပြတ်သွားတော့သည်။
--=======================^^^^🍓🍓🍓🍓🍓🍓🍓
"အဟင့်...ဟီး.... အမလေး သားရယ်
မေမေကို အခုလို ပုံစံကြီးနဲ့ထားသွားရတာ
လားကွယ် အဟင့်...ဟင့်.. မေမေဘယ်လို
ဖြေသိပ်ရမလဲကွယ်....ဟီး....သူများအသက်
တွေကိုကယ်တဲ့သူတော်ကောင်း ငါ့ရဲ့သား
လေး ဘာမှမဖြစ်နိုင်ဘူး... ဟင့်..အဟင့်..."
ဒေါ်ရွှေစင် ရင်ကျ်ိုးမရစွာ
ရင်ထုကာ ငိုနေတော့သည်။
"မိန်းမရယ် မင်းအခုလို ငိုနေတော့
ကျန်းမာရေး ထိခိုက်မယ်လေကွာ
သား သိရင်လဲ ကြိုက်မှာမဟုတ်ဘူး...."
"အဟင့်...ဟီး...အမလေး ကျွန်မ
ငိုချင်လို့ပါရှင် သားလေး ကျွန်မရဲ့
တစ်ဦးတည်းသော သားလေး
လူအများကို ကယ်တင်ခဲ့တဲ့
သားလေး အခုလို ကြုံရတာ
ဝမ်နည်းလွန်းလိူ့ပါ ကျွန်မသားကို
ကျွန်မအဆုံးအရှုံးမခံနိုင်ဘူး...ဟီး..
သားရေ မေမေဆီ ပြန်ခဲ့ပါကွယ်..
မေမေသားမသေဘူးဆိုတာ
ယုံတယ် သားရယ်..."
ပြောပြီး ငိုချလိုက်သော ဒေါ်ရွှေစင်အား
ဘေးက အိမ်အကူတွေအလုပ်သမား
များပါကြည့်၍ စိတ်မကောင်းကြပေ။
အိမ်ကြီးရဲ့ တစ်ဦးတည်းသော
သား အရမ်းတော်သော ဆရာဝန်
တစ်လဲ ဖြစ်သော ဒေါက်တာအမိန့်စည်းအား
အားလုံး နှမျှေတသဖြစ်နေကြတာ ဖြစ်သည်။
Ring Ring Ring Ring...
ထိုအချိန် ဦးလမင်း ဖုန်းမြည်လာသော
ကြောင့် ကိုင်လိုက်ာ...
"ဟယ်လို...."
".........."
"ဘာ...ကားပြန်တွေ့ပြီဟုတ်လား...."
"............."
"ကောင်းပြီ ငါအခု လာခဲ့မယ်..."
ဦးလမင်း ငိုနေသော ဇနီးသည်အားကြည့်ကာ...
"ကိုယ် ကားပြန်တွေ့ပြီပြောလိုက်
လိုက်သွရမယ် ရွှေးစင် အရမ်း
ငိုမနေနဲ့ ကြားလား....ကိုယ်အကြောင်း
ထူးရင် ဖုန်းဆက်မယ်နော်..."
ပြောပြီးပြေးထွက်သွားသော ခင်ပွန်း
ဖြစ်သူအား ကြည့်၍ ဒေါ်ရွှေစင်
မျက်ရည်များက ကြလာတော့သည်။
"အမလေး သားရယ်...အဟင့်...ဟင့်..."
"ရွှေစင် ဘယ်လိုဖြစ်တာလဲဟင်..."
ထိုအချိန် ရွှေဥ စိုးရိမ်တကြီးပြေး
ဝင်လာသောကြောင့် သူမ ပို၍
မျက်ရည်များကျလာကာ...
"အမလေး ရွှေဥရယ် ရွှေစင်သားလေး
သားလေ ရေထဲကျသွားတာ အခုထိ
မတွေ့ဘူးတဲ့....ဟီး...အဟင့်...ဟင့်. '""
"အို ရွှေစင်ရယ် သားစည်းကို
ပြန်တွေ့မှာပါ ဘာမှဖြစ်မှာ
မဟုတ်ဘူး သားစည်းက
အရမ်းပညာထက်တဲ့သူပဲလေ....
ဘာမှ အရမ်းစိတ်အားမငယ်နဲ့နော်.. "
ဒေါ်ရွှေဥ ပြောသာပြောရတာ
သူမလဲ ရင်ထဲမကောင်း။သမီးအတွက်
မှန်းထားသော သူမှ အခုလိုဖြစ်ရတာသူမလဲ
အလွန်းဝမ်းနည်းလှသည်။
"သားစည်းနဲ့ပါသွားတဲ့ မိန်းကလေးက
ဆေးကျောင်းကပဲတဲ့ နာမည်က ကြော်ငြာသွားတာ သည်းခြေရာတဲ့... "
"ဟင်...ဘယ်...ဘယ်လို သည်း
သည်းခြေရာဟုတ်လား... ''
"ဟုတ်တယ်ရွှေစင် တီဗီမှာကြော်ငြာ
သွားတာပဲ..."
တိုက်ဆိုင်လွန်းသော ကံတရားကြီး
ကြောင့် ဒေါ်ရွှေတစ်ယောက် လူက
ပို၍ ပုံကျသွားကာ မျက်ရည် များက
တသွင်သွင်စီးကျလာကာ...
"မဖြစ်ရဘူး မဟုတ်ဘူး...မဖြစ်ရဘူး
ဘာလို့ ကျွန်မချစ်တဲ့သူတွေပဲ
ခေါ်နေရတာလဲ...မဟုတ်ဘူး.. အမလေး...''
ထိုအခါ ဆိုဖာပေါ်လဲကျသွားသော
ဒေါ်ရွှေစင်တစ်ယောက် သတိလစ်
သွားတော့သည်။
-----===============----------^^^^^^🍓🍓🍓🍓🍓🍓🍓
"အဟွတ်...ဟွတ်...."
စည်း ချောင်းဆိုးကာ နိုးလာ၍
မျက်ဝန်းများဖွင့်လိုက်ချိန် အင်္ကျီမရှိသော
သူရင်ခွင်ထဲ အိပ်ပျော်နေသောသူမကြောင့်
သူ အသထလိုက်ကာ သူမခေါင်းလေးအား
တဖြည်းဖြည်း မ၍ ပေါင်ပေါ်တင်လိုက်ကာ
ပတ်ဝန်းကျင်အား ကြည့်လိုက်ချိန်
အနည်းငယ်နေစောင်းနေပြီဖြစ်သောကြောင့်
သူ ထိုင်နေရန် မဖြစ်တော့။
ဘေးကိုကြည့်တော့လဲ မြစ်ကြီးက
ဝန်းရံထားသောကြောင့် ဒီကျွန်းပေါ်မှာ
အန္တာရာယ်ကလဲ မှောင်ရင် ပြောမရ။
သူ သူမခေါင်းလေးအားမယူ၍
ဘေးက မြတ်လေးတွေပေါ်တယုတရ
တင်ဖို့ပြင်စဥ် မျက်ဝန်းလေးပွင့်လာ၍
န်ိုးလာသော သူမကြောင့် စည်း ကြည့်ကာ...
"သည်း နေရောကောင်းရဲ့လား.. "
မျက်နှာနီနီလေးရှိနေသော သူမနဖူးလေး
အားစမ်းချိန် ခပ်နွေးနွေးလေးရှိသော
ကြောင့် သက်ပြင်းချကာ...
"ထ ကိုယ်တို့ ညကြရင်နေဖို့နေရာ
ရှာကြရအောင် ဒီမှာက
သိပ်မကောင်းဘူး..."
သည်းအခုမှ ပြန်လန်းလာသော
သူ့မျက်နှာချောချောကြီးအား
ခပ်ငေးငေးလေးကြည့်၍
မျက်ရည်များစီးကျလာကာ
လက်သွယ်သွယ်ဖြူဖြူလေးများကလဲ
သူ့ပါးပြင်အား အသာထိတို့လိုက်ပြီး...
လှပသော နှုတ်ခမ်းလေးများမှာလဲ
တစ်ဆက်ဆက်တုံးလာကာ...
"လူ...လူကြီး...ဘာမှ မဖြစ်ဘူးနော်
လူကြီးပြန်ကောင်းလာပြီး လူကြီး
သည်းအနားမှာရှိနေပြီ...အီ...ဟီး..
အဟင့်...ဟင့်.. ဟင့်..''
ပြောလဲပြော သူ့ရင်ခွင်ထဲတိုးဝင်၍
အတင်းဖက်တွယ်ကာ ရှိုက်ကြီးတငင်
ငိုနေသော သူမလေးကြောင့် စည်း
လက်များ လေထဲရပ်တန့်နေ၍
ခဏအကြာမှ သူမကိုယ်လေးအား
ပြန်ဖက်တွယ်လိုက်ကာ...
"ကိုယ်ပြောသားပဲ ကိုယ်ရှိနေသ၍
မင်းဘာမှ မဖြစ်ရဘူးလို့...''
"ဟီး...အဟင့်....ဟင့်...
သည်း ဘယ်လောက်စိတ်ပူသွားတာ
မှတ်လဲ...အဟင့်....ဟင့်.. ဟီး...
လူကြီးမကောင်းဘူး...သူများကို
စိတ်ပူအောင်လုပ်တယ်........အီ..ဟီး..''
ပြောပြီး ရှိုက်ကြီးတငင်ငိုနေသော
သူမကိုယ်လေးအား ပ်ို၍တင်းကြပ်စွာ
ဖက်တွယ်ထားလိုက်သော စည်း
နှုတ်ခမ်းများက ပြုံးယောင်သမ်းနေတော့သည်။
အဟွန်း အခုတော့ အမွှေစိန်လေးက
စိုးရိမ်တက်နေပြီပဲ။
ခဏအကြာနှစ်ယောက်သား ဖက်ထား
ရာမှ လွတ်လိုက်ကြ၍ သတိပြန်ဝင်လာကာ...
နားကုတ် ပါးကုတ်နှင့် ဖြစ်နေကာ...သည်း
ခေါင်းလေးငုံ့ကာနေ၍...
"လူ...လူကြီး...."
"ပြောလေ....''
သူမရဲ့ မျက်နှာရဲရဲလေးအား
ကြည့်၍ စည်း မျက်ခုံးပင့်ကာ
ကြည့်နေစဥ်....
"သည်း သည်း အင်္ကျီ....အင်္ကျီထဲ
ဘာ...ဘာအကောင်ကြီးဝင်နေလဲမသိဘူး
အီး...ဟီး... အဟင့်.. ဟင့်........ "
"ဟာ....."
ဆက်ရန်....
စာရေးသူ - လွမ်းခြင်း