book

Index 18

အပိုင်း (18)

  • Author : Lwanchin
  • Genres : Romance, Drama


မနက်မိုးလင်းချိန် သူတို့ ဆေးကုသရမည်

ကော့သောင် ပင်လယ်ကမ်းခြေဆီ

 သူတို့ သွားကြရတာ

ဖြစ်သည်။


တောင်ကြားလမ်းများကို ဖြတ်ကျော်ရသော

ကြောင့် ကားသမားမှာလဲ သတိထားပြီး

မောင်းနှင်နေချိန် အားလုံးသည်လဲ

ဘုရားတလျှက်။


ဘေးက သူမကတော့ သူ့လက်မောင်း

ကြီးအား အားကိုးတကြီး ဖက်တွယ်ထား

ရာ....


ချောင်းမကျမြစ်မကျကြီးရဲ့ တံတားပေါ်အရောက်....


"ဒုန်း..."


"ဟာ....''


"ကိုင်ထားကြ တစ်ယောက်ကိုတစ်ယောက်

ဖက်ထားကြဟေ့..."


"ကယ်ကြပါအုံး..."


ကားကြီးမှာ ဇောက်ထိုးကြီး ဖြစ်သွားပြီး

အားလုံး လန့်ဖျန့်သွားကြကာ လူတွေလဲ

အလဲလဲ အပြိုပြို ဖြစ်ကုန်ကြတော့သည်။


"ဘေးမှန်တွေရိုက်ခွဲပြီး ထွက်ကြဟေ့.."


ကားသမားစကားအဆုံး အားလုံးမှာ

ကားဘေမှန်အား အသင့်ထားပေးထါးသော အရာဖြင့်

ထုခွဲကာ ရိုက်နေကြတော့သည်။


ဒုတ်....ဒုတ်....ဒုတ်...


ခွမ်း...


တံတားကြီးအောက်တွင်လဲ ချောင်းကြီးက

ရေစီးသန်နေကာ... ကြောက်မက်ဖွယ်။


သည်းတစ်ယောက် သူ့အား သိမ်းကြုံးဖက်ထားကာ ကြောက်လွန်းသောကြောင့်

တစ်ကိုယ်လုံးတုန်ယင်နေတော့သည်။


ဒုတ်....ဒုတ်...


ထိုအချိန် ရိုက်ခွဲစရာမရသောစည်း

တစ်ထောင်ဖြင့် ထိုးရိုက်နေတော့သည်။


မှန်အားရိုက်ခွဲနေသော သူ့အား

ဖက်ထားရင် မျက်ရည်များဖြင့်

သည်း ကြည့်၍..


"လူ...လူကြီး သည်း သည်းတို့သေရတော့

မှာလားဟင်...အဟင်...ဟီး.. "


"ကျစ် မင်းကိုဘယ်သူပြောလဲ ငါတစ်ယောက်

လုံးရှိတယ် မင်း ဘာမှမဖြစ်စေရဘူး

သည်း..."


ကျီ....


ထိုအချိန် ကားကြီးမှာ ထပ်မံ၍

လည်ကျလာပြီး အချို့မှာ မှန်ကွဲကြားက

လမ်းမပေါ်ကံကောင်းစွာရောက်သွားကြ

သလို အချို့ကြတော့လဲ တံတားတွင် ခိုကာ

ကျန်ခဲ၍ ကားကြီးထဲ အရှေ့ဆုံးတွင် ထွက်ရ

ခက်နေသော စည်းနဲ့သည်းသာ ကျန်နေခဲ့

ချိန်...


"ဟီး..အဟင့်..ဟင့်...သည်းတို့..

သည်းတို့သေတော့မယ်...ဟီး...

သည်း ဖေဖေနဲ့ မတွေ့ရတော့ဘူးလား..."


အကြောက်လွန်၍ ရှိုက်ကြီးတငင်

ငိုလာသော သူမအား စည်း ပခုံးလေး

အားကိုင်ကာ...


"ကိုယ့်ကို ကြည့်စမ်း သည်း

မင်း အခုကိုယ့်ကို ဖတ်ထား

ဘယ်တော့မှ လွတ်မထွက်အောင်

ဖက်ထားကြားလား မင်း ဘာမှမဖြစ်စေရ

ဘူးသည်...."


အားလုံးအသီးသီးအပေါ်များကနေ

ထွက်သွားလို့ရသော်လဲ စည်းနဲ့သူမ

ကတော့ နောက်ကျသွားခဲ့ချေပြီ။


ထိုအချိန် ကားကြီးမှာ 

ရေစီးသန်သော ချောင်း ကြီး

ပေါ်သို့ တစ်ဖြည်းဖြည်း ထိုးဆင်းလာ

သောကြောင့် စည်း သူမကိုယ်လေးအား

တင်းကြပ်စွာဖက်တွယ်ထားလိုက်သလို

သူမးည်လဲ သူ့အား ခပ်တင်းတင်းပြန်

ဖက်ထား၍ ထားကားကြီးထိုးဆင်း

တဲ့အတိုင်း လိုက်ပါလာတော့သည်။


ဗြုန်း.....ဗွမ်း...


"ဟာ...စည်း..."


"သည်း အမလေး လုပ်ကြပါအုံး

ကျွန်မသူငယ်ချင်း ပါသွားပြီ.. ဟီး..

ကယ်ကြပါအုံး..."


ထက်ထက်ရဲ့အသံလေးမှာဆူညံသွား၍

အားလုံးမှာလဲ စိုးရိမ်တကြီး ရေထဲထိုးကျသွားသော ကားကြီးနှင့်အတူ ပါသွားသော

ဆရာနဲ့ သည်းတို့ပြန်ပေါ်လာနိုးနိုးနဲ့

ရေများ အစီးသန်နေသော ချောင်းမကျ

မြစ်မကျကြီးအား ကြည့်ကာ မျက်ရည်များ

ကြနေကြတော့သညိ။


ကုဋေတစ်ယောက်သည်လဲ ပြာယာခပ်ကာ

ကယ်ဆယ်ရေးတွေဖုန်းဆက် ရန်ကုန်

ဖုန်းဆက်နှင့် အလုပ်တွေရူပ်နေ၍

မျက်နှာမှာလဲ ပျက်ကာနေတော့သည်။


ထိုအချိန် ရေစီးသံသော ချောင်းမြစ်ကြီးထဲ

ကားကြီးမှာ တစ်စွန်းတစပင်မမြင်ရတော့ဘဲ

ပကတိငြိမ်သက်သွားလျှက် အားလုံးမှာ

ကြက်သေသေနေကြတော့သည်။


"ဟာ ပြုတ်ကျသွားပြီး သက်ဆိုင်ရာကို

ဆက် အဲ့ဒီမြစ်ချောင်းက အရမ်းနက်ပြီး

ရေစီးသံသလို အရှည်ကြီး.... "


နယ်ခံတစ်ဦးထင်ရသော ဦးလေးကြီးမှာ

စိုးရိမ်တကြီး ကားပေါ်က ပြေးဆင်းကာ

ပြောလာသောကြောင့် အားလုံးလန့်ဖျန့်သွား

ကြသလို ကားနဲ့အတူပါသွားသော

ဆရာနဲ့သည်းကြောင့် အားလုံး ငိုကြွေး

ကြတော့သည်။


"အမလေး သည်း... သည်း

ငါ ငါ ဘယ်လို ပြန်ပြောရမှာလဲ

သည်းရယ် ငါ့ကိုမထားခဲ့ပါနဲ့နော်..

သည်းရယ် ငါတစ်ကိုယ်ကောင်း

ဆန်သွားမိပြီ...အီး..ဟီး....အဟင့်...

ဟင့်.. "


ထက်ထက်ရဲ့ထပ်မံ၍ ရှိုက်ကြီးတငင်

ငိုသောအသံကြောင့် အားလုံး မျက်ရည်ကျ

ကြရသလို ကျောင်းအုပ်ဖြစ်သည့် ​ကဋေ

သည်လဲ သူငယ်ချင်းဖြစ်သူနဲ့ တပည့်

ဖြစ်သူအတွက် ပူပန်သွားကာ ထွေထွေ

ကြီးရပ်နေမိတော့သည်။


ခရီးစဥ်လေးဟာ အခုတော့လဲ ပျော်ရွှင်

စရာကနေ ဝမ်းနည်း စရာအဖြစ်သို့...


----===============----====^^^^🍓🍓🍓🍓🍓🍓🍓🍓🍓


"မေမေကြီး ဘုရားပန်းက

ဘယ်ပန်းလဲရမလဲရှင့်...."


"အင်း နှင်းဆီအဖြူပဲလဲလိုက်နော်..."


"ဟုတ်ကဲ့ မေမေကြီး..."


ခွမ်း...


"အို..ဘုရား..."


ထိုအချိန် စာပွဲအပေါ်က

ရေခရားကြီးမှာ ဒီအတိုင်း

အပ်ကွဲသွားသောကြောင့်

ဒေါ်ရွှေစင် ဘုရားထမိသွား၍

ရင်ဘက်လေးဖိမိသွားသည်။


"အကောင်းကြီးကနေကွယ်...

ချိုမာရေ လာပါအုံး ရေတွေ

ဖိတ်ကုန်လုပ် ဖန်ကွဲတွေ

လာရှင်းပေးပါအုံး.. "


"ဟုတ်ကဲ့ မေမေကြီး..."


ထိုအချိန် မီးဖိုထဲက ချိုမာပြေးထွက်လာ၍

ဖိတ်သွားသော ရေများနှင့် ဖန်ကွဲစများအား

သန့်ရှင်းရေးလုပ်နေချိန် ဒေါ်ရွှေစင်

သူမရင်ထဲမကောင်းကာ တုန်ယင်လာသော

​ကြောင့်် ထရပ်လိုက်ကာ...


"ဘုရား ဘုရား ဘာများဖြစ်တာပါ.လိမ့်

ငါ ရင်ထဲလဲ မကောင်းဘူး မဖြစ်ပါဘူး

ဘုရား ရှစ်ခိုးအုံးမယ်..."


ပြောပြီး ဘုရားခန်းဆီတက်လာ၍

ဘုရားရှစ်ခိုးရန် ဘုရားခန်းထဲ

ဝင်လာ၍...လက်အုပ်လေးချီကာ...


"အရှင်ဘုရား ဘုရားတပည့်တော်မှ

ခင်ပွန်း သားနှစ်ယောက်လုံး သွားလမ်လာလမ်းဖြောင့် ဖြူးပါစေ ဘုရား.."


ဒေါ်ရွှေစင် စ်ိုးရိမ်ပူပန်သွား၍

ပုတီလေးယူကာ စိပ်နေလိုက်သည်။


"မေမေကြီး..မေမေကြီး..."


ထိုအချိန် ရုတ်တရပ်ပြေးတက်လာသော

ချိုမာကြောင့် ဒေါ်ရွှေစင် လန့်သွား၍

ရင်တုန်သွားကာ...


"ဘာဖြစ်တာလဲ ချိုမာ... "


"ဟို...ဟို......."


လက်ည်ိုးထိုးပြီး တစ်ဟိုဟိုနဲ့

သာပြောနေသော ချိုမာအား

ကြည့်၍ ဒေါ်ရွှေစင် စိတ်မရှည်

တော့စွာ...


"သြော် ဒုက္ခပဲ အောက်ထပ်မှာ ဘာဖြစ်

လို့လဲ ငါ့ဘာသာငါပဲ သွားတော့မယ်.''


ပြောပြီး အောက်ထပ်သို့ ခပ်သွက်သွက်

ဆင်းလာသော ဒေါ်ရွှေစင်။


Ring Ring Ring Ring....


ရုတ်တရပ်လှေကားနားတွင်ထားသော

အထိုင်ဖုန်းမြည်လာသောကြောင်​့

သူမကိုင်လိုက်ကာ...


"ဟယ် လို..."


"ဒေါ်တာ အမိန့်စည်းတို့ အိမ်က

ပါလားဗျာ..."


"ဟုတ်ပါတယ်ရှင့်... "


"ဒေါက်တာအမိန့်စည်း လမ်းခရီးသွားရင်း

ကား မြစ်ငယ်ထဲထိုးကျတဲ့အထဲ ပါသွား

လို့ အကြောင်းကြားတာပါဗျာ..."


"ဘယ်...ဘယ်လို သား....ကျွန်မသားလေး....."


"ဟုတ်ပါတယ်ဗျ....မိန်းကလေးတစ်ယောက်ရောပါပါတယ် အခု ကျွန်တော်တို့လဲ အစွမ်း

ကုန် ရှာဖွေနေပါတယ်ဗျာ....အသက်ရှင်

မရှင်ကတော့ ကျွန်တော်တို့ အာမတော့မခံပါဘူးခင်ဗျား..."


"ရှင်..."


တစ်ဖက်ကစကားအဆုံး ဒေါ်ရွှေစင်

ကိုယ်လေးမှာ တစ်အိအိပြိုကျလာ၍

အပြင်ကပြန်လာသော ခင်ပွန်း

ဖြစ်သူ ဦးလမင်းသည်လဲ မျက်နှာပျက်၍

စ်ိုးရိမ်စွာဝင်လာချိန် လဲကျနေသောဇနီး

သည်ကြောင့် စိုးရိမ်တကြီး ပြေးပွေကာ...


"ရွှေစင် ရွှေစင်...."


မည်သို့ပင်ခေါ်ခေါ် သတိပြန်လည်မလာသော

ဇနီးသည်အား စိုးရိမ်တကြီးကြည့်၍...


"ဟေ့ ဆရာဝန် အခုချက်ချင်းခေါ်ကြစမ်း.. "


ပြောပြီး ဇနီးဖြစ်သူ ကိုယ်လေးအား

ပွေ့ချီ၍ အပေါ်ထပ် အခန်းဆီခေါ်လာ

တော့သည်။


သူ့မှာအခုမှ ဒုက္ခ သားဖြစ်သူသတင်း

ကြောင့်လဲ ရင်ထဲအပူများနေသလို

ဇနီးသည် သတိလစ်သွားကြောင့်

ရင်ထဲ မီးဆနဲ့ ပိုထိုးနေသလို ခံစားနေရ

ရှာတော့သည်။


--------===================--^^^^🍓🍓🍓🍓🍓🍓🍓


"ဘယ်လို  သည်း သည်းလေး

ရေထဲပါသွားလို့ ဟုတ်လား..."


ဒေါ်ကလျာ ဖုန်းကိုင်ထားရင်း

အသံတွေတုန်လာ၍ လက်များပင်

တုန်နေကာ ငိုသံကြီးပါ ပါလာ၍

မယုံမရဲ မေးနေချိန်....


"ဟုတ်ပါတယ် ....အခုတော့

ကယ်ဆယ်ရေးတွေ အစွမ်းကုန်

ရှာနေပါတယ်ဗျ ပြန်တွေ့မတွေ့ကတော့

အတိအကျမပြောနိုင်ပါဘူး.. "


"ရှင်..."


တစ်ဖက်ကအပြောကြောင့် ဖုန်းကိုင်

ထားသော ဒေါ်ကလျာ မျက်ရည်များ

ကျလာ၍  ...


"ဟင့်အင်း သည်းလေး သည်းလေး

မဖြစ်ရဘူး.. ဟီး.....အမလေး

လိမ္မာတဲ့ သည်းလေး သနားစရာ

ကလေးလေး မဖြစ်ရဘူး...အဟင့်...

ဟင့်...."


ဒေါ်ကလျာငိုပြီး ဖုန်းအားယူ၍

နံပါတ်တစ်ခုအား နှိပ်လိုက်၍

ခေါ်လိုက်သည်။


တစ်ဖက်က ကိုင်လိုက်သော

ဖုန်းကြောင့် ဒေါ်ကလျာ

ချက်ချင်းပင် မျက်ရည်များ

ကွလာ၍...


"မောင်ဆန်းရေ ကိုယ်ကျိုးတွေတော့

နည်းကုန်ပြီ ထင်ပါတယ် ဟီး..အဟင့်..သည်း

သည်းလေး ခရီးမှာ ကားရေထဲထိုးကျသွား

ပါသွားလို့တဲ့တော်...ဟီး...အဟင့်....ဟင့်..."


ထိုအချိန် တစ်ဖက်တွင် အစည်းအဝေး

ခန်းထဲက ပြန်ထွက်လာသော ဦးဆန်းကမ္ဘာ

ဖုန်းထဲက ဒေါ်ကလျာအသံကြောင့်

သူနားထဲ ဗုန်းတစ်လုံးပစ်ထည့်လိုက်သလို

ခံစားလိုက်ရ၍ ကျောက်ရုပ်တစ်ရုပ်လို

ရပ်နေမိကာ...မျက်ဝန်းမှ မျက်ရည်များ

စီးကျလာ၍...ခေါင်းကို ခါရမ်းလိုက်ကာ...


"မဟုတ်ဘူး ငါ့သမီးလေး ဘာမှမဖြစ်ရဘူး

ငါ့သမီးလေး... ငါ့သမီးလေး...ဖေဖေသမီးလေး ဘာမှမဖြစ်ရဘူး..."


ပြောပြီး သူ အပြင်သို့ပြေးထွက်လာခဲ့ရာ

ပါးပြင်ပေါ်သို့ မျက်ရည်များသည်

အဆက်မပျက်စီးဆင်းလာတော့သည်။


-----============^^^^^^


"မေမေရေ မေမေ.... "


"ဘာလဲအေ..."


ညို့ မိခင်ဖြစ်သူအား ဝမ်းသာတကြီး

လက်ဆွဲခေါ်လာ၍..


"လာပါ မေမေရဲ့ ခဏလေးပြစရာ

ရှိတယ်...''


ပြောပြီး သမီးဖြစ်သူအနောက်ပါလာသော

ဒေါ်ဇွန်သဇင် တစ်ယောက် နားမလည်း စွာ

ဧည့်ခန်းထဲအရောက်။


"ဆေးတက္ကသိုလ် (1)က ဆရာဦးအမိန့်စည်း

ခွဲစိတ်ပါတဂူအပြင် မြန်မာနိုင်ငံရဲ့ နံပါတ်(1)စားရင်းဝင် ဦးလမင်းရဲ့ တစ်ဦးတည်းသော သားဖြစ်သလို ဆေးပညာမှာလဲ

သူမတူအောင် ကျွမ်းကျင်လှသော ဒေါက်တာ

တစ်ဦးလဲ ဖြစ်ပါတယ်။နောက်တစ်ဦးကတော့

ဒုတိယနှစ် ကျောင်းသူလေး နာမည်ကတော့

သည်းခြေရာလို့ ကျောင်းသူအချို့ဆီက

သိရပါတယ်...အခုအချိန် ကယ်ဆယ်ရေး

များ ရှာဖွေနေသော်လဲ လက်ရှိအချိန်တွင်တော့ မတွေ့ရသေးပါဘူးရှင်..........''


ဒေါ်ဇွန်သဇင် ထိုသတင်းအား ကြည့်၍

ပါးစပ်အား လက်ဖြင့်အုပ်ကာ

အံ့သြကာနေလျက် သမီးဖြစ်သူအား

ကြည့်ကာ...


"သမီးညို့ ဒါ...ဒါက..."


"ဟုတ်တယ် မေမေ သည်းခြေရာသေပြီ...''


"အို ဟုတ်ပါ့မလားကွယ်...."


"ဟုတ်တယ် မေမေ ရေစီးသန်တဲ့

မြစ်ငယ်ဆီကျသွားတာလေ အခု

အစအနတောင်မတွေ့တာ သူသေတာ

ညို့တ်ို့အတွက်တော့ ကံကောင်းမှုပဲမေမေ ...''


ညို့ပြောပြီး မျက်နှာလေးအား မဲ့

လိုက်ကာ...


"အခုအချိန်ကစပြီ ညို့ကို နိုင်မဲ့သူ

ပြိုင်မဲ့သူ ညို့ဖေဖေကို လုယူမဲ့သူ

မရှိတော့ဘူး...အဟွန်း..."


ပြောပြီး ပြုံးနေကာ ညို့ 

နံရံက ပန်ချီပုံလေးအားကြည့်၍...


ကျေးဇူးပဲ သည်းခြေရာ အခုလို

အလွယ်တကူ ထွက်သွားပေးလို့...


------=======================^^^^🍓🍓🍓🍓🍓🍓🍓


ရေအောက်ထိုးကျသွားသော ကားကြီးထဲ

စည်း သူမကိုယ်လေးအား မလွတ်တမ်း

ဖက်ထားပြီး သတိပြီးစွာ ခုံများ​ကြားက

သတိမေ့နေသော သည်းကိုယ်လေးကိုပါ

ဆွဲခေါ်၍ ခက်ခဲစွာ ကားထဲကနေ ထွက်ပြီး

ခက်ခက်ခဲခဲရေပေါ်သို့ ကူးတက်လာခဲ့သည်။


"ဗွန်း..."


ရူး...ဟင်း.....ဟင်း....


ရေပေါ်ရောက်တာနဲ့ သတိမေ့နေသော

သူမကိုယ်လေးကို ဖက်ထားပြီး

အသက်ဝဝရူကာ အနီးတွင်​မြင်နေရသော

သစ်ပင်များစုဝေးနေသော ကုန်းလေးအား

တွေ့သွားသောကြောင့် စည်း ရေအောက်

အနက်ကနေ ကူးတက်လာသဖြင့်

လူက ပင်ပန်းနေသော်လဲ အားတင်းကာ

သူမကိုယ်လေးပါ ဖက်၍ ထိုနေရာသ်ို့

ကူးသွားလိုက်သည်။


ဟူးး....


ဟား....


ခဏအကြာ ထိုကုန်းစပ်လေးသို့အရောက်

စည်း မျက်ဝန်းများ ပြာတက်လာပင်မဲ့

ဘာကိုမှ ဂရုမစိုက်အားသေးဘဲ

နှုတ်ခမ်းလေးများပြာတက်လာသော

သူမလေးအား စ်ိုးရိမ်သွားကာ သူ

ကုန်ပေါ်သို့ ယိုင်တိုင်တ်ိုင်ပွေ့ချီပြီး

သူမပါးလေးအား ပုတ်၍...


"သည်းခြေရာ...သည်းခြေရာ..

သည်းခြေရာ..."


ဘယ်လို နိုးနိုး နိုးမလားသော

သူမကြောင့် စည်း ထူပူသွား၍

ပြာနေသော နှုတ်ခမ်းလေးဆီ

သူ နှုတ်ခမ်းများ ပူးကပ်လိုက်တော့သည်။


အချိန်အတော်ကြာ သူမအား 

လေပေးနေပြီး သူမကိုယ်လေးပေါ်

စီးမိုးထားသော စည်း ကိုယ်ကြီးသည်လဲ

သူမဘေးသို့ တအိအိကျသွားကာ မျက်ဝန်း

များ မှိတ်သွားပြီးနောက်....


ဆက်ရန်....

စာရေးသူ - လွမ်းခြင်း


rate now: