ညို့အိမ်ထဲ ရဲတင်းစွာ ဝင်လာလ်ိုက်၍...
"သည်းခြေရာကော ဒေါ်ကြီး...''
"သည်းလေးက ကျောင်းကလေ့လာရေး
ခရီးထွက်တာ လိုက်သွားတယ်ကွဲ့.. "
"ဘယ်လို သူက ဘာဖြစ်လို့
လိုက်သွားတာလဲ..."'
"အော် သမီးညို့ရယ် သည်းလေးက
ဆေးကျောင်းတက်တော့ သူ့ကျောင်းက
လေ့လာရေးခရီး သူလိုက်ရတာပေါ့ကွယ်..."
ထိုအခါ ညို့တစ်ယောက် လှအောင်
ပြင်ထားသော ရုပ်လေးမှာ မဲ့ကာနေ၍...
"ဟွန့်သွားလဲ ဖေဖေပိုက်ဆံပဲကုန်မှာ
ဖေဖေဆီက တောင်းအုံးမှာပဲ...."
"သည်းလေးကမတောင်းပါဘူးကွယ်
သူ့မှာ အရင်ကစုထားတာလေးတွေနဲ့
သွားတာကွဲ့...''
"ဒေါ်ကြီး သူနဲ့အတူတူနေတယ်ဆို
ပြီး သူ့ဘက်ကလိုက်မပြောပါနဲ့
သူသုံးသမျှ ဖေဖေက ပင်ပင်ပန်းပန်း နဲ့
ရှာထားရတယ် သူက ဘောကျော့သုံးနေတာလေ နေတော့လဲ ကြည့်အုံး တကယ့်လူချမ်းသာနေတဲ့ ကွန်ဒိုမှာလာနေတယ်
ကွန်ဒိုရဲ့ လစဥ် maintenance ကြေးက
ဖေဖေပဲ ပေးနေရတာမဟုတ်လား..."
"အဲ့ဒီလိုလဲ မဟုတ်ပါဘူးကွယ်
လစဥ် သည်းလေးရဲ့အမေ ရှေ့နေက
ထုတ်ပေးတါပါကွယ် မောင်ဆန်းက
သည်းလေးအတွက် မုန့်ဖိုးနဲ့ စားသောက်စရိတ်ပေးတါပါ..."
"အဲ့ဒါလဲ အတူတူပဲလေ တော်ယုံနေရာမှာ
နေပေါ့ အခုဟာက တကယ့်ဘောစိတွေ
နေတဲ့နေရာမှာနေတာလေ..."
"ဒါက သည်းလေးအမေ ပေးသွားတာပါ
ကွယ်...''
"အို သူ့အမေပေးသွားလဲ ဒါ ဖေဖေ
ပစ္စည်းပဲလေ ဖေဖေပိုင်သလို ညို့တို့လဲ
ပိုင်တယ်..."
"ဒါက သည်းလေးနာမည်နဲ့လုပ်ထားတာကွဲ့
ရှေ့နေတွေလဲသက်သေရှိတယ် မောင်ဆန်းလဲ
မပိုင်ဘူးကွဲ့.. "
ညို့ သည်းဘက်ကလိုက်ကာပြောနေသော
ထိုအဒေါ်ကြီးအား မကျေနပ်စွာကြည့်၍...
"အဒေါ်ကြီး ကျွန်မတို့မိသားစုကြားကို
ဝင်မပါပါနဲ့ အဒေါ်ကြီးကို ဖေဖေက
လစာပေးထါးတာနော် အဲ့ဒီလောက်လဲ
ဖြစ်ပြမနေနဲ့...သည်းခြေရာပိုင်သမျှ
ညို့တို့လဲ ပိုင်တယ်..."
"အဒေါ်က အဲ့ဒီလို သဘောမျိုးပြောတာ
မဟုတ်ပါဘူးကွယ် ဒီအတိုင်းညို့လေး
ကိုပြောပြတာပါ.."
"အို ရတယ်မလိုပါဘူး ..."
ပြောပြီး ညို့မျက်ဝန်းများက ဖိနပ်စင်တွင်
တင်ထားသော ဖိနပ်အသစ်လေးအား
မြင်၍ လျှောက်သွားကာ...
"ဒါ သည်းခြေရာ ဖိနပ်လား..."
"ဟုတ်တယ်ကွဲ့ သူ့ကို အသိတစ်ယောက်
လက်ဆောင်ပေးထါးတာတဲ့..."
ညို့ မျက်ဝန်းမှာ လိုချင်တပ်မက်မှုများ
ပေါ်လာ၍...လှပသော ဖိနပ်လေးအား
ယူကာ....သူမရဲ့ခြေထောက်ကြီးဖြင့်
ထိုးတည့်နေကာ...
"ကျစ် ဘာလို့ ကြပ်နေတာလဲ..."
"ညို့လေးရဲ့ခြေထောက်က ကြီးနေတာကို
ကွဲ့...''
"ကျစ် သုံးစားမရတဲ့ဖိနပ်သွားဟယ်..."
ဒုတ်...
ပြောပြီး နံရံကိုပစ်ပေါက်၍...
"အဒေါ်ကြီး သည်းခြေရာပြန်လာ
ရင်ပြောလိုက် ကျွန်မဖေဖေဆီက
ပိုက်ဆံတွေ ခဏခဏလာမတောင်းနဲ့လို့..."
ဒုန်း...
ပြောပြီး တံခါးအား စောင့်ပိတ်ကာထွက်သွားသော ညို့အား ဒေါ်ကလျာကြည့်၍ ခေါင်းခါ
လိုက်ကာ...
"တကယ်ပဲ ကြမ်းတမ်းလိုက်ကြတာ..."
------------==================^^^^^🍓🍓🍓🍓🍓🍓🍓
အေးစက်နေသော air-conကြီးကြောင့်
အားလုံးမှာ ချမ်းစိမ့်နေကြ၍
သည်းတစ်ယောက်လဲ နွေးထွေးသော
သူ့ရင်ခွင်ကြီးထဲ ဖားလေးတစ်ကောင်လို
ကပ်ကာနေ၍ မျက်ဝန်းလေးဝိုင်းကာ...
"လူကြီး..."
"အင်း...."
"ကော့သောင်မှာ ဘာတွေရှိလဲဟင်..."
"ပင်လယ်တွေလေ .."
"ရေတံခွန်ရော..."
"ရှိတယ် ပြီးတော့အရမ်းသာယာပြီးလှတဲ့
Honeymoon island ကျွန်းရှ်ိတယ်..."
"ဒါဆို အဲ့ဒီကို သည်းတို့သွားမှာလား.."
"အချိန်ရရင်ပေါ့..."
"ဟွန့် အချိန်က ဘာလို့ မရရမှာလဲ..."
သူမအပြောလေးကြောင့် စည်း မှိတ်ထား
သော မျက်ဝန်းများပွင့်လာကာ သူ့ရင်ခွင်ထဲ
တိုးဝင်နေသော သူမအား ငုံ့ကာကြည့်၍...
"လေ့လာရေးဆိုတော့ ပြောမရဘူးလေ
မနက်က ကော့သောင်ဘေးက
ရွာလေးမှာ အဖျားအနာများကြတယ်
အဲ့ဒီမှာ လုပ်အားပေး အားလုံးလုပ်ကြရမယ်
အဲ့ဒီတော့ လည်ပတ်ဖို့က အချိန်ရှိမလား
မရှိမလား ပြောမရဘူးလေ...."
"ဟင် သည်းတို့ရော ကုပေးရမှာလား..."
"ဒီကားထဲမှာ လိုက်လာတဲ့သူတွေအားလုံးက
ဆရာဝန်တွေကြီးပဲလေ ဆေးပညာအကြောင်း
အတော်လဲနာလည်နေကြပြီး ကျောင်းမပြီးသေးတာပဲ ရှိသေးတာ ဒါ့ကြောင့် အားလုံး
ကုပေးရမှာ..."
"ဟင် ဆေးဝါးတွေကရော..."
"မပူနဲ အရှေ့မှာ ကားရပ်ပြီး ဆေးလာပို့တဲ့
ကားကို စောင့်တော့မှာ..."
"အယ် လူကြီးက ဘယ်လိုသိလဲ..."
မျက်ဝန်းလေးပြူးကာမေးလာသော
သူမအား စည်း မျက်ဝန်းများမှေးစင်းကာ
ကြည့်၍..
"မင်းက အိပ်နေတာကို သည်းခြေရာ
ငါအခုအိပ်ချင််တယ် မင်းကိုဖြေနေရတာ
ညောင်းလာပြီး ခဏလောက်အိပ်ခွင့်ပေး..."
"အို လူကြီးကို ဘယ်သူက မအိပ်ခိုင်း
လို့လဲ ကိုယ့်မျက်လုံးနဲ့ကိုယ်အိပ်ပါလား
သည်းက...."
"နောက်ထပ်မင်းအသံထွက်လာရင်
လည်ပင်းညစ်ပြီး ကားပေါ်က
ပစ်ချပစ်မယ် မင်းကို..."
ကူရှင်အားမှီ၍ မျက်ဝန်းများမှိတ်ကာ
ပြောလာသော သူ့ကြောင့် သည်း အကျင့်
အတ်ိုင်း နှုတ်ခမ်းလေးမှာစုကာထော်သွား၍
သည်းအား မလွတ်ပေးသေးသော သူ့ရင်ခွင်ထဲက ဒေါသထွက်စွာ ရုန်းထွက်နေမိသည်။
"လူကြီး အခုချက်ချင်း သည်းကိုလွတ်.. "
"ကျစ် သည်းခြေရာ ငြိမ်ငြိမ်နေ
မင်းကိုငါက အေးလိုဖက်ထားတာ..."
"ရှင်ကြီးတစ်ယောက်ထည်းအေး သည်း
မအေးတော့ဘူး. ."
"မရဘူး ငါက တစ်ယောက်ထည်း
မအေးတက်ဘူး နောက်တစ်ခါ
အသံထွက်လာရင် မင်းကို တကယ်ညစ်ပြီနော်..''
သူ့စကားကြောင့် သည်းအသံပင်မထွက်ရဲတော့ဘဲ မျက်ဝန်းလေးများဝိုင်းကာ
ထိုင်နေလိုက်၍ သူ့အား မျက်စောင်းလေးကလဲ ခဏခဏထိုးနေမိတော့သည်။
"ရှင်ကြီးနဲ့အတူမထိုင်ဘူး နေရာလဲပစ်မယ်
လူကို အရမ်းပြောတာ...."
"လဲရဲရင် လဲလိုက်ပေါ့..."
"ဟွန့် ကြည့်နေ သည်းခြေရာတဲ့
တစ်ခြေရာပဲ ရှိတယ်...''
"နွားခြေရာတွေ ဝက်ခြေရွာတွေ
ရှိချင်သေးလို့လား သည်းခြေရာ
မင်း ငါ့ကို အိပ်ခွင့်ပေးအုံးမှာလား.. "
"အိပ်ပေါ့..."
ပြောပြီး မျက်နှာလေးမဲ့ကာ တစ်ဖက်
လွဲသွားသော သူမကြောင့် စည်း
မေးလေးကနေ ဆွဲလှည့်ပစ်ကာ..
"မေးစမ်း ဘာမေးမှာလဲ..အကုန်မေးနော်
ငါအိပ်တော့မှ ထပ်မေးလို့ကတော့
မင်းကို ကားပေါ်က ဂုတ်ဆွဲပြီးပစ်ချမယ်..."
သူ့မျက်နှာနှင့် နကပ်စွာရှိနေတဲ့
သည်းတစ်ယောက် ရင်ခုန်သံတွေ
ခုန်ပေါက်နေကာ...မေ့ဖို့ပင်စကားများ
ပျောက်ကုန်၍...
"လူ..လူကြီး ဘာလို့ချောနေရတာလဲ.. ".
"ဘာ....!!"
ခပ်တိုးတိုးပင်အော်လ်ိုက်သောကြောင့်
သည်းကိုယ်လေးတုန်တက်သွားကာ
သတိပြန်ဝင်လာ၍...
"ဟို ဟို သည်းကို လွတ်ပေးပါလား..."
စည်း မျက်နှာလေးရဲသွားသော
သူမရဲ့ မျက်နှာလေးအား ကြည့်လိုက်ရင်း
သူမကိုယ်လေးအား ဖက်ထားသော
လက်များအား လွတ်ပေးလိုက်ကာ...
"ရပြီလား..."
"အင်း ဒါနဲ့လေ အဲ့ဒီလိုဖက်တာ
ချစ်သူ ရည်းစားတွေမှ ဖတ်တာ
မဟုတ်ဘူးလားဟင် လူကြီးက
လူကြီးရည်းစားကိုကြ ဘာလိူ့
မဖတ်တာလဲ...."
"သူမှ ဒီမှာ မရှိတာ ရှိတဲ့လူ ဖတ်တာပေါ့..."
ဘာမှမဖြစ်သလိုပြောပြီး လက်ပိုက်၍ မျက်ဝန်းများမှိတ်သွားသော လူကြီးရဲ့
ချောမောနေသော မျက်နှာအား သည်းကြည့်
၍ ရင်ထဲလဲဝမ်းနည်းလာကာ....
တကယ်ပဲ လူကြီးက အသည်းနှလုံးမရှိဘူးပဲ....
ထိုနောက် ကားလေးထဲ အားလုံး အိပ်စက်၍
လိုက်ပါလာကြကာ သဲတစ်ယောက် ပြတင်း
ပေါက်လေးအနားကိုပဲ တိုးကပ်၍နေပြီး
ဘေးက မှန်လေးအားခေါင်းမှီကာထရင်း
မျက်ရည်များကလဲ ဝဲတက်လာ၍
လူကြီးက နှလုံးသားမရှိဘူး....
ထိုနောက် မျက်ဝန်းလေးများမှာ မှေးလာ၍
အိပ်ပျော်သွားချိန် ခေါင်းလေးမှာ အရှေ့သို့
ငေါက်ဆင်းရန်ပြင်နေစဥ် ဘေးက
လက်တစ်စုံ သူမခေါင်းလေးအား ထိန်း၍
ပခုံးပေါ်သို့ တင်လိုက်ကာ နှုတ်ခမ်းများက
ပြုံးယောင်းသမ်းလာတော့သည်။
-------=============--=========^^^🍓🍓🍓🍓🍓🍓
"မိုးထက် စည်းရော..."
"ဒီကောင်ကြီး ဆေးကျောင်း (1)က
ဒုတိယနှစ်ကျောင်းသားတွေနဲ့
လေ့လာရေး ခရီးလိုက်သွားတယ်လေ..."
"ဟ ဟုတ်လိုက်လားကွ
ခရီးဆို လူအများနဲ့မထွက်တက်တဲ့
လူက အခုတော့ အထူးအစမ်းပါလား..."
"ဟ်ိုကောာင် ကုဋေစနက်ပေါ့
အတင်းခေါ်သွားတာလေ
ပြီးတော့ သူ့ကလေးလဲပါနေတော့
ဒီကောင် လိုက်သွားတာနေမယ်..."
ထိုအခါ တစ်ဖက်တွင်ထိုင်၍
လက်ဖက်ရည်သောက်နေသော
သူတို့နှင့်အတူ လုပ်ဖော်ကိုင်ဖက်
ကိုမာဝေ တအံ့တသြဖြစ်၍...
"စည်းက ဘယ်တောက ကလေးရှိသွားတာလဲ..."
"ဟာ မင်းကလဲ ကလေးဆိုတာ အဲ့ဒီကလေး
ကိုပြောတာမဟုတ်ဘူးကွာ မင်းကလဲ..."
ထိုတော့မှ မာဝေ သဘောပေါက်သွားကာ...
"ပြောစမ်းပါအုံးကွ... ငါအရမ်း
သိချင်လာလို့..."
အခုမှ အသည်းအသန်ဖြစ်နေသော
မာဝေအါး မိုးထက် အမြင်မကြည်စွာကြည့်၍...
"မင်က အရမ်း ဒိတ်အောက်တာလို့လဲ
ပြောရင်မကြိုက်ဘူး မင်းကလွဲပြီး
ဆေးရုံ ၁ကနေ ၁၂ထပ်ဆောင်အထိ
တစ်ရုံလုံးသိတယ် မင်းပဲ အခုမှ တစ်ရေး
နိုးနေ...''
"မင်းကလဲကွာ ငါက အခုမှ နားရတာလဲ
ထည့်ပြောလေ..."
"ထားပါတော့ ကလေးဆိုတာ
ဆေးကျောင်း ဒုတိယနှစ်က
ကျောင်းသူလေးကွ ငါထင်တာတော့
စည်းလဲ စိတ်ဝင်စားနေပြီ ထင်တယ်
တစ်ခါတစ်ခါ တစ်ယောက်ထည်း ပြုံးနေတာ
ပြီးတော့ အဲ့ဒီကောင်မလေးဆို သူများထက်
မသိမသာ ဂရုစိုက်တယ်ကွာ..."
"ဒါဆို ငါတို့ရေခဲတုံးကြီးက အရည်ပျော်
နေပြီပေါ့..."
"အေး ငါလဲ ဖြစ်ပါစေ ဆုတောင်းနေတာ
ဒါမှ ဒီကောင်ကြီး သည်းသည်းလှုပ်မှာ.."
"မင်းကလဲ သည်းသည်းမလှုပ်ပဲ
ကောင်မလေးကိုပါ သွားခဲနေမှ...''
"ဟား....ငါကတော့ အဲ့ဒီလိုမထင်ဘူး
ကောင်မလေးက ချစ်ဖ်ို့ကောင်းတယ်
ဆေးကျောင်းသူဆိုပင်မဲ့နေတာထိုင်တာ
ကလေးစိတ်ကွ ဒါပင်မဲ့ စာသင်ပြီး
လက်တွေ့ပြန်ကုရင်တော့ သူမလေးက
တည်ငြိမ်ပြန်ရော သူမပုံလေးက
စည်းကြီး အရည်ပျော်မှာပါကွာ...."
"အဲ့ဒါ အသာထား ငါသတင်းကြားတာက
အခြားတစ်ခု..."
"ဘာလဲ..."
"ဟိုရက်က စည်း နှလုံးအစားထ်ိုးcaseလေ..."
"အင်း..."
"အဲ့ဒီကောင်မလေးက မြို့ဝန်သမီးဆို
စည်းနဲ့ မကြာခင်စေ့စပ်တော့မှာလို့
သတင်းကြားလို့..."
မာဝေအါး မိုးထက် မျက်ခုံးတွေ
ပင့်တက်၍ ကြည့်ကာ...
"မင်းကို ဘယ်သူပြောတာလဲ..."
"ဘယ်သူရှိရမှာလဲ မသန္တာကို
အဲ့ဒီ မိန်းကလေးရဲ့မိခင်က
ဟိုရက်ကပြောတာတဲ့ သူ့သမီးရဲ့.သတိုးသားက ဒေါက်တာ အမိန့်စည်းတဲ့လေ..."
"ဟ ငါလဲ မကြားမိပါဘူး စည်းလဲ
ငါကိုမပြောဖူးပါဘူး..."
"အေး အဲ့ဒါကြောင့် ငါလဲမင်းပြောတာ
အံ့သွနတော..."
"အေးကွာ မသိတော့ဘူး ဒီအဖြေကို
စည်းပဲ ဖြေပေးနိုင်လိမ့်မယ်...''
"အေးဟုတ်တယ် ပြန်လာမှ မေးကြတာပေါ့
အခုတော့ ငါ့ရဲ့ ဂျူတီလေးပြီးတာကြောင့်
အိမ်ကိုပြန်ပြေးအုံးမယ်ကွာ..."
"ဟုတ်ပါပြီ ငါကတော့ နောက်တစ်ချ်ိန်
ထပ်နေရအုံးမယ်...''..
"Ok သားကြီးပြန်ပြီ..."
"ok...ဘိုင်း..."
မိုးထက် မာဝေပြောသွားတာအား
ပြန်စဥ်းစား၍....
"စည်း ဘာတွေဖြစ်အုံးမလဲတော့မသိဘူး..
ဟူး..."
သူပြောပြီး ဂျူတီပြန်ဝင်ရန် လူနာဆောင်ဘက်ထွက်လာလိုက်သည်။
--==================-------^^^^^🍓🍓🍓🍓🍓🍓🍓
"ကြာလိုက်တာ..."
"အေးလေ ဒါပင်မဲ့ ဆရာရဲ့မျက်နှာလေးကအေးနေတာပဲနော်..."
"ဟုတ်ပ... ငါတော့ သူ့ဘေးက
သည်းခြေရာကို မနာလိုတယ်အေ
အတူတူထိုင်ရတယ်..."
"အဲ့ဒါဆို နင်သွားထိုင်လေ..."
"အို မထိုင်ရဲလို့ပေါ့..."
"အေးလေ သူဆို ဘယ်လောက်တောင်
အနေကြပ်နေလိုက်မလဲ ငါတို့ကနေရတာ
ပေါ့ပါးသေးတယ် ဆရာနဲ့အတူထိုင်ရတော့
သူ့မှာ ပိုဆိူးမှာပေါ့..."
တစ်ဖက်က မိန်းကလေးတွေပြောနေသော
စကားအား သည်း ခေါင်းလေးစောင်း၍
နားထောင်မိပြီး အရှေ့က မုန့်စားနေသော
ထက်ထက်အားပြန်ကြည့်၍...
"ထက်ထက်...''
"ဟင် ပြောလေ..."
သည်း ထက်ထက်အား မျက်စောင်း
ထိုးကာ..
"နင် တစ်လမ်းလုံး မုန့်တွေထိုင်စားနေတာ
မကုန်သေးဘူးလား..."
"ဟဲဟဲ နောက်တစ်ထုပ်ဆို ကုန်ပါပြီဟ..."
သွားလေးကျဲကာပြောလာသော
ထက်ထက်အား သည်းကြည့်၍...
"ငါနဲ့နေရာလဲထိုင်မလား...."
"ဟမ်း ဟင့်အင်း မထိုင်ရဲပါဘူး.. "
အသည်းအသန်ခေါင်းခါရမ်း၍
ပြောလာသော ထက်ထက်အား
သည်းနှုတ်ခမ်းလေးဆူကာထော်ပြလိုက်သည်။
"နင့်ဘေးကတစ်ယောက်ကရော..."
"ပိုဆို...."
ထိုအခါ သည်း စိတ်လေးပျက်၍
ကျောင်းအုပ်ကြီးနဲ့စကားပြောနေသော
ချောမောလှတဲ့သူ့ရဲ့မျက်နှာအား သည်း
ငေးခနဲကြည့်မိချိန် သူပြန်ကြည့်လာသော
ချိန် အမြန်ပင် မျက်ဝန်းလေးလွဲ၍
လေလေးချွန်ချင်ယောင်ဆောင်လိုက်ချိန်
အရှေ့က ဘာမှမသိသော ထက်ထက်
မျက်စောင်းထိုးကာ...
"လေးချွန်တာကလဲ ကြွက်စုပ်ရုပ်နဲ့..."
"ဟာ အဲ့ဒါဆို ဘယ်လိုချွန်ရမလဲ
ငါမှအချွန်တက်တာ..."
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်
မျက်စောင်းထိုးကာပြောနေချိန် ဆေးပစ္စည်း
တင်သည့်ကားရောက်လာ၍ အားလုံးကို
တင်ပြီးချိန်..
"အားလုံးပဲ ကားပေါ်တက်လို့
ရပါပြီဗျ...."
ထိုအချိန်အသီးသီးကားပေါ်တက်
သွားချိန်...
"လာ သည်း သွားကြမယ်..."
"အင်း..."
သည်း လူကြီးနဲ့မထိုင်ချင်သောကြောင့်
မျက်နှာလေးရှုံ့မဲ့ကာ တရွေ့ရွေ့
ကားပေါ်တက်လိုက်ချိန် ဒီတစ်ခါတော့
ထိုင်ခုံးမှာ အရင်ရောက်နေသော
သူ့ကြောင့် သည်း မျက်နှာလေးမှာအိုစာ
သွားကာ မျက်နှာလေးအားတည်လိုက်သည်။
သူ့ဘေး ထိုင်ခုံတွင်ဝင်ထိုင်၍
တစ်ဖက်သ်ို့ ကပ်ကာနေလိုက်စဥ်...
ဒုန်း...
"အမလေး..."
ရုတ်တရပ် ကားချိုင့်ခွက်အား ကျော်မိသော
ကြောင့် ခုန်သွားကာ သည်းတစ်ယောက်
လန့်ဖျန့်ပြီး သူ့လက်မောင်းကြီးအား
အထိန့်တလန့်လေးကိုင်ထားမိ၍
ရှိသမျှသွားအား အကုန်ဖြဲပြကာ..
"ဟီး...လူ...လူကြီး သည်း...သည်း
ဗိုက်အောင့်တယ်..."
"ဘာ...."
စည်း သူမအား မျက်မှောင်ကြီး
ကုတ်ကာကြည့်၍...
"ဘာဖြစ်လို့လဲ...."
"မ..မသိဘူး သည်း လန့်..လန့်ရင်
အောငတက်လို့... အဟင့်...ဟင့်...
အဲ့ဒါ အနောက်မှာ သွားထိုင်..."
"ကျစ် သည်းခြေရာ ညာဏ်များမနေနဲ့
လာခဲ့...ဒီကို..."'
"အို.. လူကြီး..."
သည်းတစ်ယောက် မျက်ဝန်းပြူး
မျက်စံပြူးဖြစ် သူ့ရင်ခွင်ထဲ
ပြန်ပါသွားတော့သည်။
သည်း သူ့အား မော့ကြည့်နေရင်း..
ဒီလူကြီး ငါ့ကို ကြိုက်နေတာလား...
"သည်းခြေရာ မင်းဟိုဘက်မှာရေဗူး
ဖိတ်နေတယ်ရေတွေ တွေ့လား
ဒါ့ကြောင့် မင်းကို ငါ့ဘက်ခေါ်ထားပေးတါ
မင်းစိတ်နဲ့လိုက်တွေးမနေနဲ့...ငါက
မင်းလို ကလေးကို စိတ်မဝင်စားဘူး..."
"အို...."
သည်း သူ့အား မျက်မှောင်လေးကြုတ်ကာ
ကြည့်၍...
"သည်းကို လွတ်..."
"ရေတွေစိုကုန်မယ် မင်း
စေတနာ နားလည်စမ်းပါ...''
သည်းရေဖိတ်တာကိုကြည့်တော့လဲ
ရေတွေက ခြေထောက်ဘေးကြမ်းပြင်
အောက်မှာ မဟုတ်လား။
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း