"ကဲ လူစုံပြီလား..."
ကားဆရာရဲ့စကားအဆုံး အားလုံးနေရာ
အသီးသီး ဝင်ထိုင်လိုက်ကြ၍
တိတ်ဆိတ်နေချိန် ကားတံခါးကြီးမှာလဲ
ပိတ်သွား၍ ကားကြီးမှာ တရွေ့ရွေ့
မောင်းထွက်လာခဲ့တော့သည်။
သည်း ထိုင်နေရင်း ဘေးက
သူ့အား ငဲ့ကြည့်လိုက်ချိန်
Earphone တပ်ထားတာ
မျက်ဝန်းများ မှိတ်ချထားပြီး
မဲနက်နေ၍ ကြည့်ကောင်းလှသော
မျက်ခုံးများနှင့် အိပ်နေတာတောင်
ချောမောသော သူ့မျက်နှာအား
သည်း ငေးခနဲကြည့်မိ၍ ရင်တွေလဲ
သိမ့်ခနဲ ခုန်လာကာ ရသ်ဘက်လေး
ဖိ၍...
"ဟင့်အင်း မဟုတ်ဘူး မဟုတ်ရဘူး..."
ရင်ဘက်လေးအားဖိ၍ ခပ်တိုးတိုးလေး
ပြောလာသော သည်း။
ထို့နောက် သူမ သူ့အနားကပ်လိုက်၍
နားတွင်တပ်ထားသော earphoneလေးအနား
ကပ်၍ သူဘာနားထောင်နေလဲဆိုတာ
ကပ်၍ ခိုးနာထောင်လိုက်ချိန် မျက်ဝန်းများ
ပွင့်လာ၍ သည်းအား ငုံ့ကာကြည့်လာသော
သူနှင့် အလန့်တကြားမော့ကြည့်လိုက်သော
သည်းကြောင့် တစ်ယောက်မျက်နှာတစ်ယောက်လေငွေ့ရိုက်နေမိကြကာ သည်းတစ်ယောက် စိတ်လှုပ်ရှားလွန်းလို့ သတွေးမျိုထျနေလို စည်းရဲ့ အကြည့်များသည်လဲ သူမရဲ့
မျက်နှယလေးကနေ နှုတ်ခမ်းဖူးဖူးလေး
ဆီ အကြည့်များရောက်ချိန်...သည်း
သတိပြန်ဝင်လာ၍ မျက်နှာလေးအမြန်
လွဲကာ...
"ဟိူ...ဟို သည်းက လူ...လူကြီး
ဘာနားထောင်လဲဆိုတာလေ..''
ထိုအချိန် စည်း earphoneတစ်ဖက်အား
ဖြုတ်၍ သူမနားလေးဆီ တပ်ပေးလိုက်ချိန်
သည်း တစ်ယောက် မျက်နှာလေးမှာ ရှုံ့မဲ့သွား၍...
"လူကြီးကလဲ ဘာတွေလဲ...."
"အဲ့ဒါ နှလုံးရဲ့အရေးကြီးတဲ့
အစိတ်အပိုင်းတွေရဲ့ ဟောပြောပွဲလေ...
ကွာ..."
"ဟင် သည်းမှ အင်္ဂလာစာကို အဲ့ဒီလောက်
နားမလည်တာ...."
"မင်း ဆရာဝန်တစ်ယောက် လုပ်မယ်ဆို
အဲ့ဒါက ပိုအရေးကြီးတယ်..."
"သိပါတယ် သဲလေ အခုထပ်သင်နေပါတယ်
ပိုကျွမ်းသွားအောင်လေ ...."
"မင်း ငါ့ကို စိတ်ဆိုးပြေပြီလား..."
"ဟင်..."
ထိုတော့မှ သည်း သူ့ကိုစိတ်ဆိုးနေမှန်း
သတိရသွားကာ...လက်ကလေးပိုက်၍
နှုတ်ခမ်းလေးအားထော်ကာ....
"ဟုတ်သားပဲ သည်းက လူကြီးကိူ
မခေါ်တော့ဘူးလို့ ဆုံးဖြတ်ထားတာ..."
ထိုအခါစည်း မျက်နှာကြီး တည်သွား၍...
"ပြီးရော..."
ပြောပြီ ခုံအားမှီကာ လက်ပိုက်၍
မျက်ဝန်းများ ပြန်မှိတ်သွားသော
သူ့ကြောင့် သည်း ကြောင်တောင်တောင်လေး
ဖြစ်ကျန်ခဲ့ကာ...သူ့အား မျက်စောင်း
တွေပဲ ထိုးနေ၍ ကိုယ်လုံးလေးကိုပါ
တစ်ဖက်သ်ို့ လှည့်နေပစ်လိုက်သည်။
"ဇတ်နာမယ်..."
"အ...."
ထိုအချိန် မျက်ဝန်းများ မဖွင့်ဘဲ
သည်းရဲ့ လိမ်ထားသော ဇတ်လေးအား
အရှေ့သို့ ပြန်တည့်ပေးသော သူ့ကြောင့်
သည်း သူ့ကိုပြန်ကြည့်ချိန် သူ သည်း
ကိုယ်လေးအား ဖတ်ထားသလိုမျ်ိုးလေး
ဖြစ်နေကာ သည်းရင်တွေ တဒိတ်ဒိတ်ခုန်လာ၍...
"လူ...လူ...''
"မင်း စိတ်ဆ်ိုးပြေပြီလား..."
"ဟင့်အင်း... ''
"မပြေလဲပြေလိုက်တော့ ချာတိတ်မ...."
"အို...''
ပြောပြီး သည်းခေါင်းလေးအား
သူရင်ခွင်ထဲ ထည့်ကာ ဖက်လိုက်သော
ကြောင့် သည်းရှက်သွား၍ ဘေးကို
အသဲအသန်ကြည့်တော့လဲအားလူံးမှာ
ငိုက်နေကြပြီး အရှေ့ဆုံးခုံမှာထိုင်နေသော
သည်းတို့အဖြစ်အား ဘယ်သူမှ
မမြင်ကြပေ။
တစ်ဖက်က ဆရာတွေ ဆရာမတွေလဲ
အားလုံး မျက်ဝန်းများ မှိတ်ထားကြသော
ကြောင့် သည်း သူ့ရင်ခွင်ထဲကနေ
ပြူးတူးတူးလေးကြညိ့၍..
"လူ...လူကြီး..."
"ရူး ငါချမ်းလို့ ခဏဖတ်ထားချင်တယ်..."
"ဟင်..."
သူ့အပြောကြောင့် သည်း နှာတိုတိုသွား
မိသည်။သည်းမှာတော့ ကိုယ့်အတွေးနဲ့
ကိုယ်တွေးပြီး ရင်ခုန်ရသလောက်
သူကတော့ ချမ်းလို့ဆိုသောကြောင့် ရင်ခုန်သံတွေပင်ကြက်ပျောက် ငှက်ပျောက်
ဖြစ်သွားကာ...
သည်းနှုတ်ခမ်းလုံးလုံးလေးမှာ ဆူထော်နေ၍
သူ့အား မော့ကြည့်ကာ...
"အချမ်း လွန်ရင်သေတက်တယ်တဲ့ လူကြီး...''
စည်း မျက်ဝန်းများ မဖွင့်ပဲ သူမအပြောအား
ပြုံးလိုက်ကာ..
"အင်း ငါသေရင် မင်းပါ အပါခေါ်သွားမယ်အရူးမလေး..."
ထိုအချိန် သည်းတစ်ယောက်တော့
ရင်ခွင်ထဲက အထွက်မခံသောသူ့ကြောင့်
ပွစီပွစီဖြင့် မေတ္တာပို့နေတာတော့ အမှန်ပင်။
-====-================-=^^^^^🍓🍓🍓🍓🍓🍓🍓🍓
"သူဌေးကတော် အကိုလေး
အမ်ိန့်စည်းက ခရီးထွက်သွားပါတယ်....''
"ဟင် ဘယ်ကိုလဲ.... ''
"ကော့သောင်ဘက် ပြောပါတယ်..."
"ဘာကိစ္စသွားတာလဲ...."
"ကျောင်းသားတွေနဲ့ လေ့လာရေးခရီးစဥ်
လို့ပြောပါတယ်....''
ထိုအခါ ဒေါ်ရွှေဥ သက်ပြင်းချကာ....
"အင်း ဒါဆို.ခဏထားလိုက်အူံး
အဲ့ဒီကိုတော့ လိုက်မသွားနဲ့
ပြန်လာမှ ပြန်ပြီး စုံစမ်း...အခြားဘယ်သူ
တွေပါသေးလဲ...."
"ကျောင်းသားတွေ ပါပါတယ် သူဌေးကတော်..''
"အင်း မသွားခင် ဘာတွေ ထူးခြားသေး
လဲ..."
"အရမ်းတော့မထူးခြားဘူး ဒါပင်မဲ့
ကလေးမလေးတစ်ယောက်တော့
သူ့အနား လိုက်ကပ်နေတာတွေ့တယ်
အရမ်းငယ်တော့ အရေးမကြီးလို့
မပြောတာပါ...''
ထိုအချိန် အခုထိ သတိမလည်သေးသော
သမီးဖြစ်သူရဲ့ လက်ကလေးများအား
ရေပတ်တိုက်ပေးနေသော ဒေါ်ရွေဥ
လက်များ ရပ်တန့်သွားကာ..
"မိန်းကလေးဆို အကုန်အရေးကြီးတယ်
အဲ့ဒီတစ်ယောက်အကြောင်း စုံစမ်းလိုက်
သိချင်တယ်..ပိရိပါစေ..."
"ဟုတ်ကဲ့ သူဌေးကတော်..."
"သွားတော့..."
ထိုလူထွက်သွားချိန် ဒေါ်ရွှေဥ
သမီးဖြစ်သူလက်အားကိုင်ကာ
နဖူးလေးမှ ဆံနွယ်လေးများအား
သပ်တင်ပေးကါ....
"သမီးရယ် အမြန်သတိရလာပါတော့ကွယ်..."
ပြောပြီး နဖူးလေးအား နမ်းရှိုက်လိုက်ချိန်...
"မာမီ...."
"အို...သ....သမီးလေး... "
မျက်ဝန်းများပွင့်လာ၍ သူမအား
ခေါ်လားသော သမီးဖြစ်သူကြောင့်
ဒေါ်ရွေဥ ဝမ်းသားသွား၍ မယုံ
နိုင်လောက်အောင် ဝမ်းသာနေကာ..
"သ သမီးလေးရယ် မာမီ..မာမီ
ဝမ်းသာလိုက်တာ အဟွန့်...ဟွန်..
မာမီ ဝမ်းစာလိုက်တာကွယ်..."
ထိုအချိန် ရွှေ မိခင်ဖြစ်သူအား
ပြုံးပြကာ...
"ရွှေ သတိရလာပြီပဲ မာမီ ဘာဖြစ်လို့
ငိုနရတောလဲ..."
"အဟင့်..ဟင့်...သမီးလေးရယ်
မာမီ မာမီ ဝမ်းသာလို့ပါကွယ်
မာမီ အရမ်းဝမ်းသာတာပဲ ကွယ်..."
ဆေးပိုက်တန်လန်းနှင့်ရွှေကတော့
မာမီးအားပြုံးကာကြည့်နေတော့သည်။
---===================^^^^^^🍓🍓🍓🍓🍓🍓🍓🍓
"အားလုံးပဲ ခရီးစဥ်က ရောက်ဖို့နှစ်ရက်လောက်ကြာ
မှာဆိုတော့ ဒီမှါစားပြီး ဗိုက်ဖြည့်ထားကြပါ
အရှေ့မှာတော့ ရပ်ဖိူ့မသေချာလို့ပါခင်ဗျာ...''
ကားသမားရဲ့စကားအဆုံး အေးစိမ့်နေသော
အအေးဓာတ်ကြောင့် အားလုံး
ချမ်းစိမ့်စိမ့် ဖြစ်နေကြကာ ကားစီးလာတာလဲ
အတော်ကြာပြီ ဖြစ်သောကြောင့် ညောင်းလဲ
ညောင်းနေကြကာ အားလုံးကားအောက်
ဆင်းလာချိန်... သည်းတစ်ယောက်တော့
ကွေးကောင်းနေကာ...
စောစောကတော့ ဆူပုတ်နေသော သူမ
သူ့ရင်ခွင်ထဲ တိုးဝင်၍ စောင်ကြီး
ခြုံ၍ ကွေးနေသော သူမအား ငဲ့ကြည့်၍...
"သည်းခြေရာ ထတော့ ဟိူမှာ
မင်းသူငယ်ချင်း လာပြီ..."
"ဟင်...''
ထိုတော့မှ အိပ်ချင်မူးတူးထပြီး
သည်း အနောက်ကို လှည့်ကြည့်ချိန်
ထက်ထက် လျှောက်လာပြီး ဘေးက
သူကတော့ ကျောင်းအုပ်ကြီးနှင့်အတူ
ဆင်းသွားကာ သည်းတစ်ယောက်ထည်း
အိပ်ချင်မူးတူးလေးဖြင့် ထိုင်ကာကျန်
ခဲ့သည်။
"သည်း ထ ငါတို့ မုန့်လေးဘာလေး
သွားစားကြရအောင်.... "
"အင်းစားမယ်လေ.''
သည် အိပ်ချင်မူးတူးမျက်လုံးနှစ်ဖက်
အား ပွတ်၍ မနွေးထည် ပွပွကြီးနှင့်
ကိုယ်လုံးသေသေးလေးကြောင့် တကယ့်
ကလေးလေးလိုပင်။
အောက်ရောက်လိူ့ ဆိုင်ထဲဝင်ချိန် အားလုံး
ပြည့်နေသောကြောင့် သူမနဲ့ထက်ထက်
မျက်ဝန်းလေးဝိုင်း၍ နေရာလွတ်အား
လိုက်ရှာနေချိန်...
"ဟေ့ သည်းခြေရာတို့ ဒီကိုလာ...."
ထိုအချိန် လူလွတ်နေသော သူတို့ဘေး
ထိုင်ရန်ခေါ်နေသော ပါမောက္ခချုပ်
ကြောင့် သည်းနဲ့ထက်ထက် မသွားချင်
သွားချင်နဲ့သွားလိုက်၍ ရပ်နေလိုက်သည်။
"မင်းတို့နှစ်ယောက် ထိုင်အုံးမှာလား
သည်းခြေရာ...."
လူကြီးအသံကြောင့် သည်း လူကြီးဘေး
ဝင်ထိုင်သလို ထက်ထက်သည်လဲ ပါမောက္ခချုပ်
ဘေးဝင်ထိုင်ကာ
မျက်နှာလေးတွေ ပျက်နေကြတော့သည်။
ဒါကို တွေ့သည့် ကုဋေ စည်းအား
ကြည့်၍...
"စည်းရယ် မင်း မျက်နှာတည်တည် ကြီးလဲ
လျော့ပါအုံးကွ ကလေးတွေ မစားရဲဘဲ
နေအုံးမယ်..''
ထိုအခါစည်း ဘေးက သူမအားငဲ့ကြည့်မိ၍
ပြုံးလိုက်မိသည် ။
အခုတော့လဲ ကုတ်လို့ပင်။
"သည်းခြေရာနဲ့ထက်ထက် ဘာစားမလဲရွေး..."
"ဟို ထမင်းကြော် သည်းလဲ ထမင်း.. "
"မင်းက ထမင်းပေါင်းစား...''
သည်းစကားပင်မဆုံးသေး လူကြီး
ကြောင့် ခေါင်းလေးငြိမ့်ပြနေမိ၍...
တစ်ဖက်ဝိုင်းသို့ ကြည့်ချိန်...
သည်းမျက်နှာလေးမှာ ပြုံးလိုက်၍
တစ်ဖက်က ဝ်ိုင်းကလူအားပြန်ပြုံးပြနေ
လိုက်သည်။
ဒါကိုတွေ့သော စည်း အံကြိတ်၍ ....
ဘေးက သူမအား ထုသတ်ချင်စိတ်က
တစ်ဖွားဖွားပင်။
သူမအား နှာဘူးကျချလို့ကြည့်နေတာ
လူအား ဘာမှမသိစွာပြုံးပြနေသော
ကြောာင့် စည်း မျက်နှာကြီးမှာတင်းနေ၍
လာချပေးသော ထမင်းပေါင်းကိုသာ
စားနေလိုက်ကာ ခဏအကြာ ထရပ်လိုက်သည်။
"ကုဋေ ငါဝပြီး သွားနှင့်မယ် နားချင်လို့..."
"အေးပါ..."
ရုတ်တရပ် လူကြီး ထသွားသောကြောင့်
သည်း စားနေရင်း ပြူးတူးတူးလေး
ဖြင့် လိုက်ကြည့်နေမိကာ အနည်းငယ်သာ
စားသွားသော လူကြီးပန်းကန်ကိုပါယူ၍
ထမင်းပေါင်းကိုပါ စားပစ်လိုက်သော
သည်းတစ်ယောက် စားပြီးချိန် ဗိုက်ကလေး
တစ်ပွတ်ပွတ်ဖြင့် လျှာလေးသပ်နေကာ
မပြီးသေးသော ထက်ထက်အား ကြည့်၍...
"ထက်ထက် နင်စားနော် ငါ သန့်စင်ခန်းခဏ..."
"ငါလိုက်ပေးမယ်လေ...''
"ရတယ် စားစား ခဏပဲကိူ..."
သည်းပြောပြီး ထွက်လာကာ
သန့်စင်ခန်း ခဏဝင်ပြီး လက်ဆေးကာ
ကားရှိရာဆီသာ တန်းထွက်လာခဲ့တော့သည်။
သည်း ရပ်ထားသော ကားဆီအရောက်
ဘယ်သူမှ မတွေ့သောကြောင့် ကားပေါ်တက်
လာချိန် လူကြီး ထိုင်ခုံမှာထိုင်၍ မျက်ဝန်းများ
မှ်ိတ်ထားသောကြောင့် သည်း အနားသို့
တိုးသွားကာ...
"လူ...လူကြီး အိပ်နေတာလားဟင်..."
သည်းမေးနေသော်လဲ မျက်ဝန်းများသာ
မှိတ်ထားပြီး ပြန်မဖြေသော လူကြီး
ကြောင့် သည်း ဝမ်းနည်းလာကာ..
"လူကြီး သည်းမေးနေတယ်လေ...
အဟင့် မဖြေလဲနေ သည်းက
အနောက်မှာ သွားထိုင်..''
"အမေ့..''
ရုတ်တရပ် သူ့ပေါင်ပေါ်ဆွဲချလိုက်သော
လူကြီးကြောင့် သည်းမျက်နှာလေးများ
ရဲတက်လာ၍...သူမအား စူးစိုက်ကာ
ကြည့်နေသော လူကြီးအား အလန့်တကြား
ကြည့်ကာ..
"လူ..လူကြီး...''
ရုတ်တရပ် သည်းများနှာလေးအထက်
နိမ့်ဆင်းလာသော လူကြီးမျက်နှာကြောင့်.
သည်း ရင်တွေ ခုန်ပေါက်လာကာ
မျက်ဝန်းလေး မှိတ်ထားလိုက်ချိန်...
"ဘုတ်....''
"အမေ့...."
"ကိုယ့်နေရာ ကိုယ်ထိုင်...''
ရုတ်တရပ် သည်းခါးလေးရနေ
ပွေ့ချီ၍ ဘေးက ခုံတွင် ထိုင်ခိုင်း
လိုက်သော လူကြီးကြောင့် သည်း
ရှက်သွား၍ မျက်စောင်းလေးထိုးကာ...
"ဟွန့် အလကားလူကြီး.. ''
ပြောပြီးနှုတ်ခမ်းလေးဆူကာ
စိတ်ဆိုးသွား၍ တစ်ဖက်သို့
လှည့်ကာထိုင်နေသော သူမ။
ထိုအချိန် ကားပေါ်သို့ အသီးသီး
တက်လာကြတော့သည်။
----== -----================^^^^^^🍓🍓🍓🍓🍓🍓🍓
တင်း..တင်း.....
"လာပြီ... "
ဒေါ်ကလျာအိမ်ရှေ့က ဘဲလ်တီး
သံကြောင့် အိမ်ရှေ့ပြေးထွက်လာ
ချိန် ဧည့်ခန်းတွင်ထိူင်စော်နေသော
ကလေးလေးအားကြည့်၍...
"သားလေ လာ အခန်းထဲဝင်နေနော်.. "
အပေါ်က သည်းလေးရဲ့ဆရာ
အပ်ထားသောကြောင့် သူမ
ခေါ်ထားတာဖြစ်သည်။
အခုလဲ အိမ်ရှေ့က ဘယ်သူမှန်းမသိသော်လဲ
ကလေးကိူတွေ့ရင် အမေးအမြန်းထူမှာ
ဆိုးသောကြောင့် သူမ အခန်းထဲဝင်နေခိုင်ခြင်းဖြစ်သည်။
ခဏအကြာသွား၍ တံခါးဖွင့်လိုက်ချိန်....
"ဟင် သမီးညို့...."
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း