book

Index 15

အပိုင်း(15)

  • Author : Lwanchin
  • Genres : Romance, Drama

"ငို စမ်း  ..."


ကားထဲဆွဲထည့်ကာ ငိုခိုင်းဖို့ပြော

ချိန် သူ့အား ဒီအတိုင်း ပြူးကြည့်နေသော

သူမကြောင့် စည်း မျက်မှောင်ကြီးကုတ်ကာ

ကြည့်၍...


"မင်းစကားကို ဘယ်လိုပြောနေတာလဲ

သည်းခြေရာ မင်းဆေးကျောင်းတက်နေပြီး

အခုလို ကလေးဆန်နေလို့မရဘူး ကိုယ်ပြော

တဲ့စကားကို ကိုယ်ဘယ်ရောက်နေလဲ

သိရတယ်..."


"အို သည်းက ဘာပြောလို့လဲ

လူကြီး သည်းကိုရေကူးခိုင်းတာ

အကြောတွေနာလို့ လမ်းလျှောက်

လမ်းမလျှောက်နိုင်တာပြောတာလေ...

ဘာဖြစ်လို့လဲ..."


"ကျစ်..."


စည်း ဘာမှ မသိစွာပြောလာသော

သူမကြောင့် ကျစ်သက်လိုက်၍..


"သည်းခြေရာ ငါ့ကို ကြည့်စမ်း..."


သူ့က ကြည့်ဆိုတော့လဲ မျက်ဝန်းလေးဝိုင်းကာ ကြည့်လာသော သူမကြောင့် စည်း

ပြောမဲ့စကားများပင် ပျေက်သွားသည့်အထိ

ငေးခနဲ ဖြစ်သွား၍ သူ့ကိုယ်သူ အလိုမကျစွာ

စိတ်တိုသွားမ်ိသည်။


ပြီးမှ သက်ပြင်းချ၍ သူမကို

ကြည့်ကာ...


"မင်းအသက်လဲ နှစ်ဆယ်ဖြစ်နေပြီ

မင်းက အခုကလေးမဟုတ်တော့ဘူးလေ

အရာရာကို စဥ်းစားဆင်ခြင်တက်ရမဲ့

အရွယ် အသိရှိနေရမယ်လေ ဒါကို

မင်း မိဘတွေ မဆုံးမထားဘူးလား သည်းခြေရာ...."


"လူကြီး..!!!"


သူ့အား မျက်ရည်များဝဲကာ ကြည့်၍

အော်လိုက်သောကြောင့် စည်း

သူမအားကြည့်ကာ...


"ငါမင်းအတွက်..."


"တော်ပါတော့ ရှင်ပြောချင်တာ သည်းကို

ကလေးအရမ်းဆန်ပြီး အသိမရှိဘူးလို့

ပြောချင်တာမဟုတ်လား..."


"မဟုတ် ငါက..."


"ဟုတ်ပါတယ် သည်းဘဝကို သည်း

ပျော်အောင်နေတာ အပြစ်ဖြစ်သွားလား

သည့်ဘဝနဲ့သည်း ပျော်ချင်ပျော်မယ်

ကလေးဆန်ချင်ဆန်မယ် အဲ့ဒါရှင်ကြီးက်ို

ဘာထိခိုက်သွားလို့လဲ.... ကျွန်မက ကလေးဆန်ဆန်နေပင်မဲ့ ကျွန်မအလုပ် ကျွန်မသ်ိတယ် လူကြီး လူကြီးပြောစရာမလိုဘူးပြောချင်ရင် လူကြီးရဲ့ ရည်းစားကို သွားပြော...

အခုလဲ ရှင် ဟိုအမကြီး အထင်လွဲသွားလို့

မဟုတ်လား စိတ်ချ သဲခြေရာဆိုတဲ့ ကျွန်မ

သွားရှင်းပြပေးမယ်...နောက် ကျွန်မကို

လမ်းမှာတွေ့ရင်တောင် မခေါ်ပါနဲ့..."


စည်း သူ့အား ကပ်ကပ်လန်အောင်

ရန်တွေ့နေသော သူမအား  ဒီအတိုင်း

ကြည့်နေလိုက်ပြီး ကားတံခါးဆွဲဖွင့်နေသော

သူမကြောင့် သူ သူမပုခုံးလေးအား

ဆွဲလှည့်လိုက်ချိန်....


"အို...ရှင်ကြီး ဘာလုပ်...''


"မင်းက ဒါဘယ်လဲ..."


"ရှင့် အမကြီးကို သွားရှင်းပြမလို့.. "


"ဟ မင်းအခုနေ သွားရှင်းပြရင်

ပိုရူပ်သွားမှာပေါ့..."


"ဒါဆို ကျွန်မက ဘာလုပ်ပေးရမှာလဲ..."


"မင်းနဲ့ မလိုက်ဘူး..."


"ဘာ! ..''


သူ့အား အော်လိုက်သောသူမကြောင့်

စည်း မျက်မှောင်ကြီးကုတ်ကာ...


"ကျစ် အဲ့ဒီကျွန်မဆိုတာကြီးက

မင်းနဲ့မလိုက်ဘူး..."


သည်း သူ့အား မျက်စောင်းထိုးလိုက်ကာ...


"လိုက်လိုက်မလိုက်လိုက်.."


"သည်းခြေရာ !!!! ငါမင်းဆရာနော်...မင်း

ထက်အသက်အများကြီး ကြီးတယ်...."


"သိပါတယ် ဆရာအဘိုးကြီးဖြစ်နေမှန်း...''


"မင်း...."


မျက်နှာတည်တည်လေးဖြစ် ပြန်ပြောနေသော

သူမအား စည်း တစ်ချက်သာကြည့်၍

ကားအားမောင်းထွက်လာလိုက်သည်။


သည်း မျက်ဝန်းလေးပြူးသွား၍...


"ဦးလေး ဘယ်လဲ ကျွန်မကို 

ကားရပ်ပေး..."


"ကျစ် ဘယ်လိုကြီးခေါ်နေတာလဲ

သည်းခြေရာ....မင်းသေတော့မယ်

ဘာကျွန်မလဲ..."


"အို ဦးလေးကြီးခေါ်တော့လဲ မကြိုက်

ဒါဆို ကျွန်မက ဘယ်လိုခေါ်ရမှာလဲ..."


"မင်းအဲ့ဒါက လွဲရင်ကြိုက်သလိုခေါ်

ဒါနဲ့ အခုဘယ်လဲ..."


"Hot potသွားစားမလို့..."


"လူကြီး...ဘယ်ဆိုင်လဲ..."


မျက်နှာလေးမှာ ချက်ချင်း

ပြောင်းလဲသွား၍ အပြောတွေပါ

ပြောင်းသွားသော သူမအား

စည်း ငဲ့ကြည့်ကာ ပြုံးချင်နေသော

မျက်နှာအား မနည်းတည်ထား၍...


တော်တော်ဆိုးတဲ့ မိန်းကလေး


--=-======================^^^^&🍓🍓🍓🍓🍓🍓


"မိန်းမ မင်းဘယ်လဲ..."


"အော် ရွေဥ သမီးလေးဆေးရုံ

တက်နေရတော့ သတင်းသွားထပ်မေး

မလို့လေ..''


"မင်း မနေ့ကပဲ သွားပြီးပြီ မဟုတ်လား..."


"ဟုတ်ကဲ့ သွားတယ်လေ ရွေဥကတစ်ယောက်

ထည်းဆိုတော့ အားငယ်မှာဆိုးလို့ပါ..."


"အင်း သူ့တို့အနားမှာ အခြွေအရံတွေအများကြီးပါ မိန်းမရယ်..''


"ဒါတော့ ဒါပေါ့ ဖေကြီးရယ်..ဒါပင်မဲ့

ရွှေဥနဲ့ ကျွန်မက သူငယ်ချင်းဆိုတော့

သွားရတာပေါ့..."


"အင်း သွားပါ ဒါပင်မဲ့ အခြားကိစ္စ

တွေတော့ ပါမလာနဲ့ မိန်းမရယ်..."


အရင်ကအတိုင်း ရွှေဥနဲ့ခင်တာမကြိုက်သော

ခင်ပွန်းဖြစ်သူကြောင့် သူမပြုံးလိုက်ကာ..


"ဖေကြီး ပြောတာတောင် နောက်ကျနေပြီ

ရွှေဥက ပြောတယ် သားနဲ့ သူမတို့သမီးကို

ပေးစါးဖို့ပြောနေတယ်..."


ထိုအခါ ဦးလမင်းမျက်နှာမှာ ပျက်နေ၍...


"ဟ မဖြစ်ဘူး မိန်းမ ကိုယ်သဘောမတူဘူး

သူတို့စိတ်ဓာတ်တွေကိုလဲ မိန်းမ သိရဲ့သားနဲ့ကွာ..."


"အို ဖေကြီးကလဲ ဒါအရင်က

စိတ်တွေပါ အခုတော့ အသက်တွေလဲ

ကြီးလာပြီဆိုတော့ ပြောင်းသွားမှာပါ

ဖေကြီးရယ်....''


"မိန်းမ လူဆိုတာ သေတဲ့အထိမပြောင်း

လဲတာ စိတ်ဓာတ်ပဲကွ...."


"ဟုတ်ပါပြီ ရွှေစင်လဲ ကြည့်ကောင်းအောင်

ပြောလိုက်ပါ့မယ် အခုတော့ သမီးမှုန်လေးကလဲ သတိမရသေးတော့ လူမူရေးအရ

သွားလိုက်အုံးမယ်... "


ပြောပြီး ဒေါ်ရွှေစင်ထရပ်လိုက်၍ 

တစ်ခုခုအား သတိရသွားကာ...


"အော် ဖေကြီးကိုပြောရအုံးမယ်

ကျွန်မ သမီးမွေးစားမလို့..."


ဦးလမင်း ဇနီးဖြစ်သူစကားကြောင့်

အလုပ်လုပ်နေရာမှ မော့ကြည့်၍..


"ဘယ်ကကလေးလဲ မိန်းမရယ်

အသက်လဲ ကြီးနေပြီ ဒုက္ခမရှာချင်

စမ်းပါနဲ့ သားကလဲ သဘောတူမှာ

မဟုတ်ဘူး.. "


ဒေါ်ရွှေစင် ခင်ပွန်းဖြစ်သူအား

မျက်စောင်းထိုးလိုက်လိုက်၍...


"အို ဖေကြီးကလဲ ဒီကိစ္စကို သားလဲ

သိပြီးပြီ သားက ဘာမှမပြောဘူး

သိလား... "


"ဘယ်ဂေဟါကလဲ....''


"အဟွန်း ဘယ်ဂေဟာကမှ မဟုတ်ဘူး

သားအခုနေတဲ့ ကွန်ဒိုက ဖေကြီးရယ်

ကျွန်မ ချစ်လိုက်တာဆို ကျွန်မသမီးလေး

အရင်းသာဆို ဘယ်လောက်ကောင်းလိုက်မလဲ မြေးချီဖို့ကလဲ သားက မိန်းမယူမဲ့အရိပ်

အယောင်လဲ မမြင်ရ ကျွန်မမွေးတောက

ရေခဲတွေများစားခဲ့လို့ အခုလို အေးစက်စက်

လေး မွေးလာရလဲ မသိဘူးပါဘူး..."


သားဖြစ်သူအား ကိုယ်ဝန်ဆောင်တောက

ရေခဲတွေပဲ စားချင်ခဲ့သော သူမ မွေးလာတော့လဲ ငိုပင်မငိုပဲ အေးလွန်းသောကြောင့်

သူမတို့ဇနီးမောင်နှံမှာ သားဖြစ်သူအား

စကားမပြောတက်မှားကို အရမ်းစိုးရိမ်ခဲ့မိသည်။


ကောင်းနိုးရာရာ ဆရာ သမားတော်တွေ

နိုင်ငံခြားတကယ့်ဆေးရုံကြီးတွေမှာ

သွားကုခဲ့သော်လဲ ဘာမှမထူးခြား။


နှစ်နှစ်ပြည့်မှ သူမတို့အား အဖေအမေ

ခေါ်လာချိန် လင်းမယားနှစ်ယောက်

ပျော်မဆုံးဖြစ်ခဲ့ရသည်။


အခုတော့လဲ အသက်သာ သုံးဆယ်

ပြည့်တော့မည် အိမ်ထောင်မပြုသေး

ဘဲ လူပျိုကြီး ဖြစ်သွားမှာ ဆိုးသော

ကြောင့် စ်ိုးရိမ်ရပြန်သည်။


"အဟွန်း ဒါလဲ သူ့အကျင့်နဲ့သူပေါ့

ကွာ သားမှာလဲ သူ့အတွေးနဲ့

သူရှိမှာပေါ့ အဲ့ဒီလောက်လဲ

ဆိရိမ်မနေနဲ့ ငါတို့သားကကြိုက်မဲ့သူ

မရှိလို့ မယူတာမှ မဟုတ်တာ...."


"အဲ့ဒါကို စိုးရ်ိမ်တာလေ ဖေကြီးရဲ့

သား မဟုတ်တဲ့မိန်းမတွေနဲ့တွေ့သွားမှာ

ဆိုးလို့ ဒါနဲ့ ကျွန်မ အကြံရတယ်သိလား

ကျွန်မမွေးစားမယ်ဆိုတဲ့ သမီးလေးနဲ့

သားက်ို လက်ထပ်ပေးရင်ရော..."


"ဟာ မင်းဟာကလဲကွာ..ကလေးနဲ့သွားပြီး..."


"အို ဘယ်က ကလေးရမှာလဲ ဆေးကျောင်း

ဒုတိယနှစ်ဖြစ်နေပြီလေ..."


"ဘယ်လို...."


"ဟုတ်တယ် မသိဘူး ကျွန်မကတော့

သားကို လှော်ပေးတော့မှာပဲ...."


ပြောပြီးထွက်သွားသော ဇနီးဖြစ်သူအား

ဦးလမင်းကြည့်၍သာ ကျန်နေခဲ့တော့သည်။


-----------=---===-=============^^^^^🍓🍓🍓🍓🍓🍓🍓🍓


"အာ...စားကောင်းလိုက်တာ..."


အသားများအား ကင်လိုက်ပြုတ်လိုက်

နှင့် တစ်ယောက်ထည်း တူနှစ်ချောင်းနှင့်

အလုပ်လုပ်နေသော သူမအား စည်း

ဘေးကနေ အေးအေးထိုင်သောက်ရင်း

ကြည့်နေလိုက်သည်။


အသားတွေပါ တစ်ဖူးဖူးမှုတ်ပြီး

ဇလတ်ရွက်များနှင့် ထုပ်ကာ

သေးကျဥ်းသော ပါးစပ်လေးထဲ

အထုပ်အကြီးကြီးအား မနားတမ်း

ထ်ိုးထည့်ကာ စားနေသော သူမအား

စည်း အံ့သြနေတာလဲ အမှန်ပင်။


သူ မိန်းကလေးများစားသောက်တာ

မြင်ဖူးပင်မဲ့သူမလို စားတာတော့မမြင်

ဖူး။


ဘေးကသူ့ကိုပင် သတိမရဘဲ အသဲအသန်သာ စားနေသော သူမကြောင့် စည်း အရှေ့ရေခရားထဲက ရေအားဖန်ခွက်ထဲ ထည့်ကာ...


"ရော့ ရေသောက်အုံး.. "


"ဟီး.. ကျေးဇူး..."


ပြောပြီး အသားများအား

ပြန်ကင်၍ ဘေးကဟင်းရည်အိုး

ကြီးထဲ တစ်ချက်ထည့်ကာ ဇလတ်ရွက်ထဲ

ထည့်၍...


"ရော့ လူကြီးစား..."


"မစားဘူး မင်းပဲစား.."


သူ့အရှေ့ကို ထိုအထုပ်လေးအား

ကမ်းပေး၍ ခွန့်ရန်ပြင်နေသော

သူမ သူ့အားထူးဆန်းသလို ကြည့်ကာ...


"ဒါဆို ဘာဖြစ်လို့လာတာလဲ

လူကြီး...''


"ဘာမှ မဖြစ်ဘူး ဒီအတိုင်း

လာမိသွားတာ...."


"ဒါပင်မဲ့ လူကြီးမစားရင်လဲ

နှစ်ယောက်စာပေးရမှာလေ..."


"ကျစ် လျှာရှည်တာ စားစရာရှိတာစား..."


"အမလေး သည်းကလဲ ပိုက်ဆံနှမျှောလိူ့

ပြောတာပါနော်...အမလေး.."


မဲ့ကာရွဲ့ကာပြောပြီး ပလုပ်ပလောင်း

စားနေသော သူမအား စည်းကြည့်၍

ခေါင်းရမ်းလိုက်ကာ...


"မင်း အရမ်းးစားနိုင်််တယ်နော်.. "


"အဲ့ဒါ နည်းသေးတာ မနက်က

ကြီးကလျာလုပ်ကျွေးတဲ့ ခေါက်ဆွဲ

စားလာလို့ သည်းက အရင်ကစားမယ်ဆို

အ်ိမ်က ဘာမှ မစားဘဲလာတာ အဲ့ဒါမှ

များများဝင်မှာ..."


"ဘာဖြစ်လို့လဲ...''


"ဟင် အချိန်နဲ့လေ ဒါနဲ့ လူကြီးက

အချိန်နဲ့ဆိုင်ကို လာတာမဟုတ်ဘူးလား.."


"မဟုတ်ပါဘူး မင်းစားသလောက်

ရှင်းရမှာ..."


"ဟင်...."


ထိုအချိန် စားနေတာအား ရပ်သွားသော

သူမကြောင့် စည်း ခေါင်းရမ်းကာ


"မင်း ဒါတွေ အကုန်စားနော်...

မရပ်နဲ့..."


ထိုအခါ သူ့အား ပြူးတူးတူးလေး

​ကြည့်၍...


"အခုက လူကြီးကျွေးတာလား..."


"ဘယ်လို ထင်လို့လဲ..."


"အို လူကြီးခေါ်လာတာ လူကြီးကျွေးရမှာ

ပေါ့ သည်းက ဒီလောက်အများကြီး

စားမိထားတာ ဘယ်လိုရှင်းနိုင်မှာလဲ

ဟင့် သည်းမှာ တစ်သောင်းတောင်

မပြည့်ဘူး ပါတာက..."


ငိုမဲ့မဲ့ဖြစ်ပြီး အိတ်လေးထဲ အသဲအသန်

နိုက်၍ ရှာကာပြောနေသော သူမကြောင့်

စည်း ကြည့်၍...


"မင်းကို ဘယ်သူက ဘာပြောနေလို့လဲ

စားစရာရှိတာစား ပြန်မယ်..."


"ရှင်းမှာလား..."


သူ့အား ထပ်၍မေးလာသော

သူမကြောင့် စည်းကြည့်၍


"နောက်တစ်ခါ ထပ်မေးရင်မင်းကို

စားသမျှပြန်ထွက်အောင် လည်ပင်း

ညစ်ပြမယ်..."


ထိုအခါ သည်း သူ့အားမျက်စောင်းလေး

ထိုး၍ နှုတ်ခမ်းလေးမှာ လုံးနေအောင်

ဆူကာ...


"ဟွန့်...အကျင့်မကောင်းတဲ့ ဦးလေးကြီး.. "


"သည်းခြေရာ..."


"ဘာလဲ...အဟင့်..."


"မင်း....ကျစ်..."


ဘာမှ မပြောရသေးဘူး မျက်ရည်ကျလာသောသူမ​ကြောင့် စည်း ဒေါသတို့အား

မြိုသိပ်ထားရမိတော့သည်။


ငိုသာငိုသည် လက်ကတော့အဆင်မပျက်

အစားများအားထိုးသွင်းနေကာ

သူ့အားလဲ မျက်စောင်းအထိုးမပျက်သော

သူမ။


------=====================^^^^^🍓🍓🍓🍓🍓🍓🍓


"အားလုံး ကိုယ့်နံပါတ်စဥ်နဲ့

ကိုယ်ထိူင်ကြနော်..."


"ဟာဗျာ ဆရာကလဲ ဒီအတိုင်း

ကိုယ့်လူနဲ့ ကိုယ်ထိုင်လို့မရဘူးလား.. "


"မရဘူး ကဲတက်ကြ..."


လေ့လာရေးခရီးထွက်ဖို့အတွက်

ထိုင်ဖို့နေရာမှာ အမှတ်စဥ်နှင့်

ဖြစ်နေသောကြောင့် အားလုံးမှာ

အဖွဲ့တွေကွဲကုန်၍ မျက်နှာတွေ မသာမယာ

ဖြစ်ကုန်ကာ အသီးသီး ကားပေါ်တက်လာ

ကြသည်။


မလိုက်ချင်တာကို လိုက်ရသော

သဲမှာလဲ အိမ်ကထွက်လာထည်းက

မျက်နှာက ကြည့်မလာ။


အခုတော့ ထက်ထက်နဲ့မထ်ိုင်ရသော

ကြောင့် သူမ မျက်နှာလေးမှာ ငိုမဲ့မဲ့

လေးဖြစ်နေ၍ ဘေးက လွတ်နေသော

ခုံအားကြည့်၍ အေးစိမ့်နေသော

Airconကြီးနှင့်အတူ တစ်ကိုယ်လုံး

စိမ့်တက်သွားကာ...မျက်ရည်များကလဲ

ဝိုင်းတက်လာတော့သည်။


အနောက်တောင့်ကို ကြည့်တော့လဲ

ထက်ထက်က သူမဘေးက မိန်းကလေးနဲ့

ရယ်မောကာပြောလို့။


သည်း မျက်စောင်းလေးထိုးပြီး အရှေ့ကိုလှည့်လိုက်စဥ် သည်းရဲ့ဘေးထိုင်ခုံဝင်ထိုင်

လိုက်သော ကိုယ်သင်းရနံ့ မွှေးမွှေးကြောင့်

သူမကြည့်လိုက်ချိန် ဖုန်းအား နှိပ်ကာ

ဘာတွေလုပ်နေလဲ မသ်ိသောလူကြီး။


အပေါ်တွင် အနီရောင် ရှပ်လက်တ်ိုနှင့်ဘောင်းဘီ

အမဲရောင်အားတွဲဝတ်ထားသော လူကြီးပုံက

ရှင်းသန့်ပြီး ချောမောနေတော့သည်။


သည်း ဝမ်းသာသွား၍...


"အယ်... လူကြီး...."


သည်း ခေါ်ပြီးမှ ဟိုရက်က

Hot pot ကိစ္စအား သတိရသွား၍

မျက်နှာလေးဆူပုတ်ပစ်ကာ မျက်နှာလေး

အား လွဲထားစဥ်... ထိုင်ကာ ဖုန်းကြည့်နေသော စည်း နှုတ်ခမ်းတို့က ပြုံးယောင်သမ်းနေတော့သည်။


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


rate now: