book

Index 14

အပိုင်း(14)

  • Author : Lwanchin
  • Genres : Romance, Drama

"ခရီး ဟုတ်လား သည်းလေး..."


"ဟုတ်တယ် ကြီးကလျာရဲ့

အားလုံးသွားကြမယ် ဟိုရောက်ရင်

 ဆေးသုတေသန

လုပ်ရမယ်တဲ့...''


နွှာပေးထါးသော လိမ္မော်သီး

အမွှာလေးများအား ထိုင်ကာစား

မေရင်း သူမမေးသမျှကိူလဲ ဖြေနေသော

သည်းလေးအား.ဒေါ်ကလျာကြည့်၍...


"သည်းလေးရော မလိုက်သွားဘူးလား..''


"မလိုက်ပါဘူး သည်းက ခရီးသွားတာ

မှ ဝါသနာပါ မပါတာ..."


"အဲ့ဒီလိုလဲ မဟုတ်ဘူးလေ သည်းလေးရဲ့

သည်းလေးအခုအချိန်ထိ ခရီးဆိုတာ

တစ်ခါမှ မသွားဖူးဘူး အခုက 

ကျောင်းသားတွေရော ဆရာတွေရော

ဆိုတော့ သည်းလိုက်သွားပါလား

စိတ်ပြေလက်ပျောက်ပေါ့ လိုက်သွား

ရင်လဲ အကျိုးမှ မယုတ်တာသဲလေးရယ်..."


"ဟွန့် သည်းမှ မလိုက်ချင်တာ သည်းက

ဒီပိတ်ရက် ရေကူးမှာ အခုလဲ ခဏနေ

အပေါ်က ရေကူးကန်မှာ ရေသွားကူး

မလ်ို့..."


"သည်းရယ် ရေမကူးဘူးတာကြနေတာပဲကွယ်..."


"ဟီး ပြောရအုံးမယ်သိလား အပေါ်ထပ်အလွှာကသည်းဆရာဆိုတာလေ...ချစ်သူ ရသွား

ပြီသိလား "


"လူငယ်  လူပျိုရည်းစားထားတာ

စမ်းလား သည်းလေးရယ်..."


"စမ်းတာပေါ့ ကြီးကလျာရဲ့

သည်းဆို အကောင်းမမြင်ဘူး

မြင်လိုက်တာနဲ့ ဒီလိုကြီး မျက်မှောင်

ကုတ်ပြီး သည်းခြေရာဆိုပြီး

အော်ခဲ့တာ...သိလား သူ့ရည်းစား

ကြတော့ အော်မှာမဟုတ်ဘူးလေ.."


မျက်မှောင်ကုတ်ကာ သူ့ဆရာသူမအပေါ်

ပြောတဲ့ပုံစံလေးတွေ လုပ်ပြနေသော

သည်းအား.ဒေါ်ကလျာ ချစ်မြတ်နိုး

စွာကြည့်၍..


"ဒါကတော့ သည်းက သူ့တပည့်လေ

သူကဆရာဆိုတော့ တည်တည်နေတာ

နေမှာပါကွယ်..."


"ဟွန့် ကြီးကလျာကလဲ သည်းဘက်က

လိုက်မယ်မရှိဘူး လူကြီးဘက်ကပဲ

လိုက်နေတာ ဟွန့် ရေသွားကူးတော့မယ်..."


ဆူပုတ်ပုတ်လေးပြောကာ ဆံနွယ်လေး

များအား ထိပ်လေးပေါ်စုတင်၍

ထုံးထားကာ အပေါ်က အင်္ကျီအပွကြီး

နှင့် အောက်က ဘောင်းဘီ ပေါင်တို

အပွလေးဖြင့် သဘက်လေးယူ၍

ရေးကူးရန် အပေါ်ထပ်သ်ို့ တက်လာလိုက်သည်။


အမှန်တော့ ရေကူးမယ်သာပြောတာ

သည်းရေမကူးတက်။လူမြင်ရင်တော့

အထင်ကြီးမည့်ဆိုဒ်ဖမ်းပြီး လူလစ်တာနဲ့

ဘေးတန်းလေးကိုင်ကာ ကူးကာ

ပြန်မည့်သူမ။


ရေကူးကန်လေးမှာ စနေတင်္ဂနွေဆို

များတက်ပြီး အခုလို တနင်္ဂလာ နေ့ဆို

ဘယ်သူမှ မရှိတာများသည်။


ထိုနေ့ကိုပဲရွေးပြီး သည်းလာကူးတက်တာ

များသည်။


တင်း..


ရေကူးကန်ရှိသော လူကြီးနေသည့်

လေးလွှာအရောက် သည်း ဓာတ်လှေကား

ထဲက ထွက်၍ လူကြီးအခန်းအား တစ်ချက်

ကြည့်၍ မျက်စောင်းလေးထိုးကာ...


"အကျင့်မကောင်းတဲ့လူကြီး

ရည်းစားနဲ့ အမြန်ပျက်ပါစေတော်...ဟွန့်..."


ပြောပြီး ပြာလဲ့လဲ့ရေကူးကန်ကြီးဘက်

သည်းလျှောက်လာ၍ ဘယ်သူမှမရှိသော

ကြောင့် သည်းယူလာသော သဘတ်လေး

အား ခုံလေးပေါ်ထားပြီး မဝင့်မရဲလေး

ရေကူးကန် လှေကားလေးအပေါ်ဆင်း

လိုက်ကာ....


ပလုန်...ပလုန်....ပလုန်...


ဖြောင်း...ဖြောင်း...ဖြောင်း...


တန်လေးအားကိုင်ကာ ဘဲမလေးလို

ခြေလေးကား၍ မျက်နှာလေးမောကာ

ကူးနေသော သည်း။


"ဟဲဟဲ ဘယ်ရမလဲ သည်းခြေရာတဲ့

တစ်နေရာတည်းရှိတယ်..."


ဗွမ်း...


"အမလေး ပုတူး ကလေးငါးယောက်ရ....

ဟီး...ကြောက်ပါပြီး ငါးကျောင်းကြီး

ကယ်ပါအုံး.အီး..ဟီး..."


သည့်အနောက်နားလေးကနေ

ဘာကြီးမှန်းမသိ ရေထဲကထွက်လာသော

ကြောင့် အကြောင်လွန်ကာ မျက်ဝန်းလေး

စုံမှိတ်၍ အော်ဟစ်နေတော့သည်။


ရေတွေ မျက်နှာပေါ်က သပ်လိုက်ကာ

မျက်စီစုံမိတ်ကာ စကားတောင်မှန်အောင်

မအော်နိုင်တော့သော သူမအား စည်း

မျက်မှောင်ကြီးကုတ်ကာကြည့်၍

သေချာမကြည့်ဘဲ စွတ်အော်နေသော

သူမအား စည်းဒေါသထွက်လာကာ...


"အဲ့ဒီလောက် ဖြစ်နေတာ လာထား...''


"အား...အမေရေ..."


"ဗွမ်း...''


အော်သံလေးနဲ့အတူ ရေထဲမှ

ပွေ့ချီ၍ ရေနစ်ထဲသိူ့ ပစ်ချ

ခဲလ်ိုက်ရသော သည်း အကြောက်

လန့်တကြား ရေပေါ် လက်ကလေးယပ်၍

ပြန်တက်သော်လဲ မြှပ်ချီပေါ်ချီဖြစ်နေကာ..


"ကယ်ပါအုံး...သည်း..."


ပြောပြီး တစ်ခါပြန်မြှုပ်သွားပြန်ကာ..


" မကူးး...."


စည်း မြှပ်လိုက်ပေါ်လိုက်ဖြစ်နေသော

သူမအား ကြည့်၍ မျက်ခုံးများပင့်တက်

သွား၍ မဲ့လိုက်ကာ...


"အဟက် ဒီတစ်ခါတော့ လာမပတ်နဲ့

သည်းခြေရာ...."


ထိုအချိန် ရေထဲ မြှုပ်လိုက်ပေါ်လိုက်

ဖြစ်နေသော သည်း ​ခြေကုန်လက်ပန်း

ချလာ၍ အသက်ရူသံတွေပင်ကြပ်လာကာ

လက်လျှော့လိုက်ချိန်....


ဗွမ်း....


ရေထဲသိူ့ ဒိုင်ပင်ထိုးချလိုက်သော

စည်း သူမရှ်ိရာ ကူးခပ်သွား၍

နစ်မြှုပ်သွားသော သူအကိုယ်

လေးအား ရေပေါ်သ်ိုပြန်ဆွဲတင်လိုက်သည်။


ဗွမ်း....


"ဟာ...."


သူ့အား အလန့်တကြား ခွလိုက်ပြီး

အ​ကြောက်လန့်တကြားဖက်ထားသော

သူမကြောင့် စည်း အသက်ရူပင်ကြပ်သွားကာ

ကန်ရဲ့ လှေကားနားအထိ တိုးကပ်လာချိန်...


"အီး...ဟီး..ဟီ...."


စည်းရဲ့ခါးအား ခွကာဖက်ထား

ပြီး ခံပြင်းစွာက်ိုပါသိမ်းဖက်ထားကာ

ငိုနေသော သူမကြောင့် စည်း

မျက်ခုံးးတွေပင့်တက်သွားကာ...


"မင်း ငိုချင်လဲ ငါ့ပေါ်က ဆင်း

ပြီးမှငို သည်းခြေရာ...''


"ဟီး စာနာစိတ်မရှိတဲ့လူကြီး

သူ့ကို ဘာလုပ်လို့ သူများကို

ရေထဲ ပစ်ချရတာလဲ... အီး..ဟီး...

လူကြီးရဲ့ ရည်းစာကို အခြားသူလဲ

အဲ့လိုမလုပ်ပါစေနဲ့ဆုတောင်းတယ်.

ဟီး....အဟင့်...ဟင့်..."


"ကျစ် တော်တော့ သည်းခြေရာ

မင်းဘာမှ မဖြစ်ဘူးမဟုတ်လား

ငါ့ပေါ်က အခုဆင်း..."


"အီး...ဟီး..ဟီး...ရှင့်ကိုယ်ပေါ်မှာ

ဘယ်သူကနေချင်နေလို့လဲလို့....

ဟီး....အဟင့်...ဟင့်...သည်းခြေထောက်တွေ

ဖြုတ်မရလို့ပေါ့...တုန်နေတာရှင်မတွေ့ဘူးယလား ဟီး... အဟင့်...ဟင်."


"ဟာ...."


ငိုကာပြောနေသော သူမကြောင့်စည်း

သူမအား ခွထားသော ခြေထောက်

ဖွေးဖွေးလေးတွေမှာ တုန်နေသော

ကြောင့် သူ သူမအားကြည့်ကာ...


"မင်း မကူးတက်ဘူးလား...''


"အဟင့်...ဟင့်...မကူးတက်ဘူး....."


"ဘာ!...''


"အို...အီး...ဟီး...လန့်လိုက်တာ

ဘာလို့အော်တာလဲ အမလေး

လာကြည့်ပါအုံး သည်းက်ိုလဲ

ရေထဲပြစ်ချသေးတယ် အခုလူကို

လာအော်နေတယ် ...ဟင့်...ဟင့်...

အဟင့်.. ".


စည်း သူ့အား ခွ၍ ဖက်ထားကာ

ငိုနေသော သူမကြောင့် သူ

လဲရေပေါ်မတက်ရ။


အားကစားလုပ်သောကြောင့် တောင့်တင်းကာ

ကြည့်ကောင်းနေသော ခန္ဓာကိုယ်က

ကြည့်ကောင်းပြီး အဆီပိုမရှိကာ

ချပ်ရပ်နေသည်။


ရေးကူးသောကြောင့် အပေါ်ပိုင်း

တွင် အင်္ကျီမရှိသော သူ့ပုံစံက

Sexဆန်နေစွာ။


ရွတ်...


ဒါကို သည်းတစ်ယောက် သတိမထားမိဘဲ

နှာခေါင်းလေးရှုံ့ကာငိုနေတော့သည်။


စည်း သူမအငိုတိတ်တဲ့အထိ မျက်ခုံးကြီး

ပင့်ကာ မျက်ဝန်များ မှေးစင်းကာ

ကြည့်နေလိုက်သည်။


အတော်အကြာ သူမ သူ့အား​

ကလေးတစ်ယောက်လို မျက်ဝန်း

ဝိုင်းလေးဖြင့်မော့ကြည့်ကါ..


"လူကြီး သည်းကို အပေါ်တင်ပေးပါလား

သည်းပြန်တော့မယ်နော်.... ''


"မပြန်ရဘူး ...."


သည်း မခြောက်သေးသော

မျက်ရည်များခိုတွဲနေသော 

မျက်ဝန်းများဖြင့် ကြည့်လိုက်ချိန်

သည်းမျက်နှာ အနားငုံ့ကြလာသော

သူ့ကြောင့် သည်းကြောက်စိတ်တွေ

ပျောက်သွား၍ ရင်ဖိုကာ ရှိနေစဥ်....


"မင်းကို ရေကူးသင်ပေးမယ်

မတက်မချင်း မသွားရဘူး..."


"အို..."


သူ့စကားကြောင့် သည်း 

သူ့အားခွရက်လေးဖြင့် အထိန့်တလန့်

 ပါးစပ်လေးဟကာ

ကြည့်နေသောပုံလေးက ရယ်ချင်စရာအတိပင်။


ထိုနောက် စည်းနှုတ်ခမ်းမှာပြုံးလိုက်​သော

အပြုံးက သည်းအတွက် ကြောချမ်းဖွယ်။


---==============-----=======^^^^^^🍓🍓🍓🍓🍓🍓


နောက်တစ်နေ့မနက်...


"စည်း မင်း နေမကောင်းဘူးလား...

နှာတွေစေးနေတာလား...."


"အင်း...."


"မင်းရေဘယ်လောက်တောင်ချိုး

လိုက်တာလဲ...."


ရေကြိုက်တဲ့သော စည်းအား

မိုးထက် ကြည့်၍ မေးလိုက်သည်။


"နည်းနည်း ကြာသွားတာ...

..ငါ ကျောင်းကိုသွား

တော့မယ် အရေးကြီး ကိစ္စရှိရင်

ဖုန်းဆက်လိုက်နော်..."


ဂျူတီကုတ်အား ချွတ်၍ အဝတ်

ချိတ် ဗီဒိုတွင်ချ်ိတ်ကာ မိုးထက်ဆီက

အဖြေပင်မစောင့်ဘဲ စည်းကားသော့နှင့်

လိုအပ်တဲ့ စာအုပ်များယူ၍

ကားရှိရာကို ထွက်လာလိုက်သညိ။


"သား စည်း...."


ထိုအချိန် အနောက်က အမျိုးသမီး

တစ်ယောက်ခေါ်သံကြောင့် သူ

ကြည့်လိုက်ချိန် ရင်းနှီးသလို ခံစားနေရသော

မျက်နှာ​ကြောင့် စည်စဥ်းစားနေလိုက်သည်။


"ကျွန်တော်ကို သိလို့လား....''


"အို သားစည်းကလဲကွယ် အန်တီရွှေဥလေ

ရွှေလေးရဲအမေလေ.... ''


ထိုတော့မှ စည်း အံ့သြသွား၍...


"အန်တီ ရွှေဥဘဲ ကျွန်တော်

မှတ်မိပြီ ဒါနဲ့ ရွှေက သက်သာပြီလား..."


ဘာမှ မသိစွာမေးလာသော သားစည်းအား

ဒေါ်ရွှေဥ ပြုံးကာကြည့်၍..


"အော် သားကလဲကွယ် အန်တီကို

နောက်နေလား မှတ်ရတယ် 

သမီးကို မနေ့ကသားကိုယ်တိုင်

ခွဲစိတ်ပေးခဲ့တာလေ...."


"မနေ့က ဒါဆို နှလုံးအစားထိုးတဲ့

လူနာက ရွှေလား...."


"ဟုတ်တယ်လေ သားရဲ့...".


"ဒါဆို မြို့ဝန်မင်းဆိုတာ..."


"အဟွန်း သားရဲ့လေးလေးပေါ့...

သားလေးလေးကလဲ သားကို

ကိုယ်တိုင်တွေ့ပြီး ကျေးဇူးတင်စကား

ပြောချင်နေတာ အခုသူဆေးရုံမလာနိုင်သေး

လို့...သမီးလေးက အခုထိတော့ သတိမရသေးတော့ အန်တီ စိုးရိမ်နေတယ်ကွယ်..."


စည်းရင်ထဲ အင်တင်တင်ဖြစ်သွား

သော်လဲ ဟန်မပျက်ပြုံးလိုက်ကာ...


"မစိုးရိမ်ပါနဲ့အန်တီ သူက 

နာတာရှည် သတိမေ့နေတာဆိုတော့

အချိန်ယူပြီး သတိရလာမှာပါ

အနည်းငယ်စိတ်ရှည်ရှည်နဲ့စောင့်ပေးပါ

ပြီးတော့ အကုန်လုံးကလဲ ကောင်းနေပြီပဲ...'''


"အဲ့ဒါ သားကျေးဇူးကြောင့်ပါကွယ်..."


"မဟုတ်တာ အန်တီ ဒါရွှေရဲ့ ကံတရား

ကြောင့်ပါ အခု ကျွန်တော်စာသင်ချိန်

ရှိသေးလို့ သွားလိုက်ပါအုံးမယ်နော်..."


"ဟုတ်ပါပြီကွယ် ရွှေဆီကိူလဲ

လာပါအုံးကွယ်.. "


"ဟုတ်ကဲ့ အန်တီ..."


စည်း ခေါင်းငြိမ့်ပြီးတာနဲ့ ကားရှိရာ

ဆီထွက်လာလိုက်သည်။


ဒေါ်ရွှေဥ လမ်းလျှောက်တာတောင်

ကြည့်ကောင်းနေသော သားစည်းအား

ကြည့်၍ ကျေနပ်စွာပြုံးနေလိုက်တော့သည်။


"စန်းမင်း အခုကစပြီး မင်းသူ့အနောက်ကနေ

လိုက်ကြည့်ဖို့ လိုတယ် သူ့အနားဘယ်မိန်းကလေးမှ ငါမမြင်ချင်ဘူး သတင်းထူး

တာနဲ့ ငါ့ကို အကြောင်းပြန်.... "


"ဟုတ်ကဲ့ ...သခင်မ...."


ထိုနောက် ဒေါ်ရွှေဥမျက်နှာပေါ်တွင်

လောဘတရားများထင်ဟပ်လာကာ

သမီးလေးရှေ့ရေးအတွက်ကျေနပ်

စွာပြုံးလိုက်မိတော့သည်။


-----=================^^^^&🍓🍓🍓🍓🍓🍓🍓🍓


"အမလေး နာလိုက်တာ ကျွတ်...ကျွတ်...''


ဘဲကားကားပုံစံဖြင့် လမ်းလျှောက်လာပြီး

မျက်နှာလေးမဲ့ကာ ငြီးငြူနေသော

သည်းအား ဘေးကထက်ထက် စိတ်မသက်မသာ

ကြည့်၍ တွဲကာ....


"သည်းရယ် ဘယ်လိုတွေ ဖြစ်လာပြန်

ပြီလဲ နင်အခုလို ဖြစ်နေတာဘယ်သူ

ရိုက်လိုက်လို့လဲ..."


အရှေ့ကထိုင်ခုံလေးတွင်ဝင်ထိုင်တာ

နဲ့ သည်း မျက်ရည်များကျလာကာ...


"ဟင့်...ဘယ်သူကမှာလဲ...ဟိုလူကြီးပေါ့

သည်းကို ရေကူးသင်ပေးတယ်တဲ့... သိလားဟင့်...မကူးမတက်ချင်း သည်းကို ရေထဲမှာ လက်တန်းကိုင်ပြီး ကူးခိုင်းတယ်တဲ့

ဟင့် အခု သည်းမှာ တစ်ကိုယ်လုံးနာပြီး

ဆေးသောက်ပြီး ကျောင်းလာရတယ်သိလား

အလကားလူကြီး အကျင့်ပုတ်ကြီး

သည်းကိုဆို အရမ်းအနိုင်ကျင့်တာ

သူ့ရည်းစားသူ အဲ့လို သွားလုပ်ပါလားလို့..

သွားမြန်မြန်ကျိူးပြီး အဖိုးကြီးမြန်မြန်

​ဖြစ်ပါစေတော်..."


ထက်ထက်သည်းစကားကြောင့်

အံ့သြနေ၍ ပါးစပ်လေးဟကာ

နေမိသည်။ 


သူမတို့ဆရာ အေးစက်စက် ရေခဲတုံး

ကြီးက သည်းကို ရေကူးသင်ပေးသည်တဲ့

လား။


ထက်ထက်စိတ်ဝင်စားသွား၍

သည်းအားကြည့်ကာ...


"နင်ဆို နင်ရေကူးတက်သွားပြီလား ...''


"ဟင့်အင်း..."


မျက်ရည်လေးသုတ်ကာ ခေါင်းလေး

ခါပြသော သည်းကြောင့် သူမ

မျက်စောင်း လေးထိုးကာ...


"ဒါဆို နင်ရေထဲ အကြာကြီးကူး

နေဆို...ဘာလုပ်နေတာလဲ..."


"ဟုတ်တယ်လေ လူကြီးကို

ကြောက်လို့ ကူးနေတာလေ

လက်နဲ့...ဟင့်...အဟင့်..."


သည်းစကားကြောင့် ဆရာပင်မပြော

နှင့်သူမပါ သည်းအားထိပ်ခေါက်လိုက်

ချင်တော့သည်။


အချိန်အကြာကြီး ရေထဲမှာနေပြီး

လက်နဲ့သာယှက်နေတော့ ရေက

ကူးတက်တော့မှာလား။


"ဟုတ်ပါပြီ ငါ့ကိုမနေ့က တီချယ်ဇာက

ခရီးလိုက်ဖို့ပြောလို့ နင်ရောငါရောအတွက်

နာမည်စာရင်းပေးလိုက်ပြီ သိလား...''


"ဟင်...."


"ဘာလို့လဲ သည်းမလိုက်ချင်ဘူး..."


"မလိုက်လို့မရဘူးတဲ့ ငါရောနင်ရော

လိုက်ရမယ်တဲ့ ပြီးတော့ ဆရာလဲပါမှာ

သိလား...ဟီးဟီး ...''


ထက်ထက်အပြောအား သည်း

နှုတ်ခမ်းလေးဆူကာမဲ့လိုက်၍...


"ဟွန့် သည်းမလိုက်ချင်ပါဘူးဆို...''


"သည်းရယ် တစ်ခါပဲ လိုက်ခဲ့နော်

ပျော်စရာကြီးနေမှာ နင်နဲ့ငါ ဒီအချိန်ထိ

ခရီးမသွားဖူးသေးဘူးလေနော်..

ငါတို့ညနေ လိုအပ်တာတွေသွားဝယ်

ကြမယ်လေ... ''


"မရဘူး သည်း တစ်ကိုယ်လုံး နာနေတာ.. "


"ဆေးလူးပေးမယ်လာ ဆေးပေးခန်း

သွားမယ်.."


သည်းကို ထူလိုက်သော ထက်ထက်

ကြောင့် သည်း နာကျင်သွား၍

မျက်နှာလေးမှာ ရှုံ့မဲ့သွားကာ...


"အဲ့ဒါ လူကြီးကြောင့် လမ်းသွား

ခလုတ်တိုက်ပါစေတော်

ထိပ်ပေါက် ချော်လဲပါစေတော်

ဟင့်...သူများကို...မစာမနာ..."


ပြောပြီး တစ်လမ်းလုံကျိန်ဆဲလာသော

သည်းအား ဘေးကလူတွေကလဲ

ကြည့်၍ ရယ်နေကြတော့သည်။


-----------===================^^^^🍓🍓🍓🍓🍓🍓🍓


ဝေါ..ဝူး....


ကားကျောင်းဝန်းကြီးထဲ ထိုးရပ်လိုက်

သည်နှင့် စည်းကားပေါ်ကဆင်းလိုက်၍

စာသင်ဆောင်ဘက် လျှောက်လာချိန်...


ဒုတ်...


စည်းနေကလဲ မကောင်းချင်သလို

ဖြစ်နေကာ အရှေ့က ဂမုကထစ်လေးအား

တိုက်မိသလို ဖြစ်ပြီး လဲကျမလို ဖြစ်သွားသောကြောင့် စိတ်ပျက်စွာ​ကြည့်ကာ

ထွက်လာလိုက်သည်။ 


"မင်္ဂလာပါ ဆရာ...."


ခဏအကြာ စာသင်ခန်းထဲရောက်သည်

နှင့် သူ့အားနှုတ်ဆက်တာအား

စည်း ခေါင်းငြိမ့်ပြ၍...


"အွန်း ဒီနေ့ နှလုံးရဲ့ အထိကသွေးကြော

မကြီးအကြောင်း သင်ကြမယ်..."


"ဟုတ်ကဲ့ဆရာ.. "


ထိုအချိန် စည်း မျက်ဝန်းတို့က

ရွေ့ရှားသွားချိန် သူ့အား မကျေမနပ်

လေးကြည့်နေသော သူမကြောင့် 

မျက်ခုံးကြီးတွေ ပင့်တက်သွားကာ...


"သည်းခြေရာ စာသင်မယ်ဆိုတာ

ပြောနေတယ်လေ..."


ထိုတော့မှ ဆူပုတ်ပုတ်လေး

ဖြင့် စာအုပ်ထုတ်ကာ သူ့လိုပဲ

လက်ရှည်လေးဝတ်ထားပြီး

သူ့အလစ်တွင် မျက်စောင်းတွေ

ထိုးနေတာအား စည်း စာသင်ရင်း

 မျက်ဝန်းတောင့်

မှ မြင်နေရကာ အသည်းတယားယား

ဖြစ်နေတော့သည်။


"ဒီတစ်ပတ် ခရီး သွားရမယ်ဆိုတော့

စာက ကျက်ဖြစ်ကြမှာ မဟုတ်ဘူး

နောက်တစ်ပတ်မှ စာမေးမယ်..

ရှေ့တစ်ပတ်ကစပြီး ဆေးရုံတွေမှာ

လက်တွေ့ဆင်းရမယ်...နံပါတ်စဥ်တွေ

အဲ့ဒီတော့မှ ပြောမယ်..."


"ဟုတ်ကဲ့ဆရာ..."


"ဒါဆို seeyou...."


စည်းနှုတ်ဆက်ပြီး နေမကောင်း

ချင်တာကြောင့် အိမ်ကို

ပြန်ရန် ကားဆီသို့ လျှောက်လာ

လိုက်သည်။


"စည်း...."


စည်းကားဆီသွားနေရင်း ခေါ်သံ

ကြောင့် ကြည့်လိုက်ချိန်...စန္ဒာ

ဖြစ်နေသောကြောင့် ပြုံးကာ..


"ဟာ စန္ဒာ ဘယ်လဲ.. "


"ဒီကိုပဲလေ ကုဋေဆီလာတာ

နင်က စာသင်ပေးနေတာလား..."


"အေးဟုတ်တယ်..."


"နင်အားရောအားရဲ့လားစည်းရယ်

ဟိူပြေးဒီပြေးနဲ့...''


"ပျော်တဲ့အလုပ်ဆိုတော့ ဒီလိုပါပဲ..."


"လူကြီး ရှင်ကြီး ဘာလုပ်နေတာလဲ...

သည်းကိုကြထားခဲ့ပြီး ရှင်က 

ပျော်နေတယ်ပေါ့..."


"ဟယ်...."


သူ့အား အော်၍ပြောလာသော

သူမစကားကြောင့် စည်း သူငယ်ချင်း

ဖြစ်သူရှေ့မှာကြောင့် မျက်နှာကြီး

နီရဲလာကာ...


"သည်းခြေရာ...."


"ဘာလဲ..."


"မင်း...."


"ဘာလဲ လူကိုမအော်ပါနဲ့ ရှင်ကြီး

လုပ်လ်ို့ သည်းအခု လမ်းတောင်

မလျှောက်နိုင်ဘူး သိလား.ဟင့်...

သူများဆို အရမ်းအနိုင်ကျင့်တာ...

အဟင့်...ဟင့်..."


အနားလဲ မလာရဲဘဲ အဝေးကနေ

ခါးလေးထောက်ကာ ပြောပြီး

ငိုနေသော သည်း။


ကိုယ့်စကားကို ဘယ်ရောက်နေလဲ

မသိသော သူမအား စည်း ဒေါသတွေ

ဖြစ်လာကာ...သူမအနား လျှောက်သွား

လိုက်၍. .


"မင်း လာခဲ့...."


"အို...ဟင့်အင်း... မလာဘူးနော်...

လူကြီး ဟင့်..အဟင့်..."


"အခုမှ ငိုမနေနဲ့ လာခဲ့စမ်း...''


"အို...."


သည်းငြင်းကာ ခြေလဲကန်ထားသော်လဲ

သူ့အားကြီးနဲ့ဆွဲကာ ကားရှိရာဘက်.ခေါ်သွား

သောကြောင့် အလန့်တကြား မျက်ဝန်းပြူးပြူးလေးဖြင့်  ပါသွားသော

သည်း။


ထိုအရာအား ကြည့်နေသော စန္ဒာ တစ်ယောက်သည်လဲ ပါးစပ်အဟောင်းသား

ဖြင့်။


ဆက်ရန်....

စာရေးသူ - လွမ်းခြင်း


rate now: