book

Index 13

အပိုင်း(13)

  • Author : Lwanchin
  • Genres : Romance, Drama

"အာ အသက်ရူကြပ်လိုက်တာ..."


သည်း မျက်ဝန်းလေးမပွင့်ပဲ ခပ်တိုးတိုး

လေးပြောလိုက်ကာ သူမကိုယ်လေးအား

ရစ်ပတ်ထားတဲ့ အရာကြောင့် မျက်ဝန်းလေးများ ပွင့်လာ၍ လန့်ဖျန့်သွားကာ အော်

ဟစ်လိုက်ချိန်...


"အား...."


"ဟ...ဘာလဲ..."


စည်းခဏအိပ်ပျော်သွားရာမှ

သူ့နားအနားတွင် ကပ်အော်လိုက်သော

အသံစာစာလေးကြောင့် အလန့်တကြား

ထရပ်လ်ိုက်မိ၍ ဘေးနံရံက မီးခလုတ်အား

ပြေးဖွင့်လိုက်သည်။


"ဟင်....မင်း...မင်း..."


သူ့အား မျက်နှာလေးငိုမဲ့မဲ့ဖြင့်

ငုတ်တုတ်လေးထိုင်ကာကြည့်နေသော

သူမကြောင့် စည်း ဘာလုပ်လို့လုပ်ရမှန်း

မသိတော့။


"အီ...ဟီး...ဟီး...လူကြီးက သူများကို

ဖက်လဲဖက်တယ် ခွခဲခွထားတယ်..

ဟီး....သူများကို သူ့ကိုယ်ကြီးနဲ့ မစာမနာ...

ကြည့်ပါအုံး သည်း အသားတွေရဲကုန်ပြီ....

ဟီး...."


ထအော်ပြီး သူမကိုယ်သူမလဲ

ကြည့်ကာပြောလာသော 

သည်းခြေရာကြောင့် စည်း

မျက်ဝန်းပြူးသွားကာ..


"တော်စမ်း မင်းကိုငါ ဘာမှမလုပ်ရသေး

ဘူးနော် သည်းခြေရာငါက

မင်းကိုခေါင်းအုံးမှတ်လို့ ဖက်ထားမိတာ..."


"အို လူကြီးကို ဘာပြောလို့လဲ...အဟင့်..

သူများကို ဖတ်ထားတာ ကြီးကလျာနဲ့

သွားတိုင်မယ်...အဟင့်...ဟင့်...''


ပြောပြီး မျက်ရည်တွေသုတ်ကာ.

ထလိုက်ပြီး တံခါးဆီသွားနေသော

သူမကြောင့် စည်း ခေါင်းကြီးသွားကာ

သူမလက်ကလေးအား ပြေးဆွဲ၍...


"ဟိတ် မင်းကို ဘယ်သူက သွားခိုင်းသေး

လို့လဲ...''


"သွားမှာပဲ သည်းကိုလွတ် ရှင်ကြီးကို

ကြီးကလျာနဲ့တိုင်ပြီး လာရိုက်ခိုင်းမယ်..

အမလေး အဖေရဲ့ သည်းကို ခေါင်းအုံးနဲ့

မှားပြီးဖတ်တဲ့သူ ရှိသေးတယ် အီး..ဟီး..

ရွတ်..."


လူကြီးလိူ ပြောပြီး ငိုကာ နှာခေါင်းလေး

ပါရှုံ့လိုက်သော သူမကြောင့် စည်း

မျက်မှောင်ကြီးကုတ်ကာထားသည့်

ကြားထဲက ရယ်ချင်မိသွားသည်။


"သည်းခြေရာ ....ငါ့ကိုကြည့်စမ်း

မင်းကို ငါတောင်းပန်တယ် 

ပင်ပန်းသွားတော့ မင်းရှိမှန်းလဲ

မသိလိုက်ဘူး...ပြီးတော့ 

မတော်တဆဖြစ်သွားတာကို လူကြီးတွေ

စိတ်ပူအောင်မပြောရဘူးလေ...ကြားလား..."


"ဟင့် ရတယ် ရှင်ကြီးကို ဘာပြော

လို့လဲ....ဖယ်ပါ...သည်းကိုလွတ်..."


"မင်း စိတ်ထဲ ငါ့ကို မကျေနပ်တာ

ရှိသေးလား...."


"ရှိရင် ရှင်ကြီးက ဘာလုပ်ပေးမလို့လား...''


"ဘာလုပ်ပေးရမလဲ..."


သည်း အေးတိအေးစက်ပြောနေသော

သူ့အား မျက်ဝန်းလေးထောင့်ကပ်ကာ

ဂျစ်တစ်တစ်ကြည့်၍ သည်းအားကိုင်

ထားသော လက်မောင်းကြီးအား

ကုန်းကိုက်လိုက်လိုက်တော့သည်။


သည်းအားထည့်၍ ကိုက်လိုက်သော်လဲ

ဘာမှ ဖြစ်ပုံမရသော သူ့အား

သည်း မကျေမနပ်ကြည့်ကာ...


"မှတ်ထား သည်းခြေရာတဲ့ တစ်ခြေရာထဲ

ရှိတယ် လူကြီးနောက်တစ်ခါ သည်းကို

မတွေ့အောင်ရှောင်နေ ဟွန့်...."


ဂျလောက်.....


ပြောပြီး ခြေလေးစောင့်ကာထွက်သွားသော

သူမအား စည်းကြည့်နေရင်း သူမကိုက်သွားသောလက်အားကြည့်နေရင်း တဖြည်းဖြည်း

နှုတ်ခမ်းမှာ ပြုံးယောင်သမ်းသွားတော့သည်။


"အဟွန့် လူဆိုးမလေး..."


------------===============---------^^^^^🍓🍓🍓🍓🍓🍓


ဂျလောက်....


ဒေါ်ကလျာ တံခါးဖွင့်သံကြားသည်နှင့်

လှည့်ကြည့်လိုက်ချိန် မျက်နှာလေးဆူ

ပုတ်ကာဝင်လာသော သည်းလေးကြောင့်

သူမပြုံးလိုက်ကာ...


"အမလေး သည်းလေးရယ် ဆော့တာကလဲ

တစ်နေကုန်ပါလား ညနေ ၄နာရီတောင်

ထိုးတော့မယ်ကွဲ့..."


သည်း မျက်နှာလေးမှာ မဲ့ကာနေ၍...


"ဟုတ်တယ် ကြီးကလျာ ဟိုသည်း

ဆရာရဲ့အမေလာလို့ ကြီးကလျာ

အဲဒါ သည်းနေပေးနေတာ..."


"အော်ဟုတ်လား ဒါနဲ့နေပါအုံး...''


ဒေါ်ကလျာပြောပြီး သည်းအနား

တိုးကပ်လာ၍...


"သည်းလေး လည်ပင်းတွေနီနေပါလား

ဘာဖြစ်တာလဲ...''


"အဲ အဲ့ဒါ...လူ....."


သည်း လူကြီး​ပြောတာတွေအား

သတိရသွား၍ ပါးစပ်အား မနည်း

ဘရိတ်အုပ်ကာ..


"ဟို လက် လက်နဲ့ကုတ်မိတာ

ကြီးကလျာ...."


ရိုးသားသည် ဒေါ်ကလျာလဲ

သက်ပြင်းချ၍...


"ဟုတ်ပါပြီ သွားသွား ရေချိုး

ခဏနေ ထမင်းစားကြမယ်

သည်းလေးအကြိုက် ချဥ်ပေါင်

ရွက်လေးကို ငါးလေးနဲ့မွှေးအောင်

ချက်ထားတယ် ပြီးရင် ဆက်သား

ခြောက်မီးဖုတ်လေးရော  ငါးရဲ့အူ ဆီပြန်လေးရော..."


"အာ စားချင်လာပြီး သည်းရေး

သွားချိုးပြီ...."


​ပြောပြီး သူမအခန်းထဲပြေးဝင်သွားသော

သူမလေးအား ဒေါ်ကလျာကြည့်၍

ပြုံးကာ ခေါင်းခါလိုက်သည်။


အစားအသောက်ဆိုလဲ အကောင်းကြိုက်လွနသော သူမလေး။


သည်းနေ့လည်က လူကြီးရဲ့အမေ

ကျွေးသော ဟင်းနဲ့ထမင်းအားစား

ကောင်းကောင်းနှင့် အများကြီးစား

ခဲ့သေးသည်။


လူကြီးအမေ မေးသမျှကို သည်း

ဖြေပြီး ကျွေးသမျှက်ိုလဲစားကာ

ခဏထိုင်နေရင်း ဘယ်လိုအပ်ပျော်သွားလဲ.မပြောတက်။


သည်းနိုးလာတော့ သည့်ကိုယ်လေးအား

မညှာမတာဖက်ထားပြီး ခွပါခွထားသော

သူ့ကြောင့် စိတ်ထဲ မကျေနပ်တာတော့

အမှန်ပင်။


"ဒါက ဘာဖြစ်တာလဲ ငါကုတ်တာလား

လူကြီးကုတ်တာလား..."


သည်း လည်ပင်းမှ အနီကွက်လေးအား ကြည့်၍ နှုတ်ခမ်းလေးဆူပစ်ကာ..


"နောက်တစ်ခါတွေ့လို့ကတော့ ဂုတ်ခွစီး

ပြမယ် ဟွန့် သည်းခြေရာတဲ့ တစ်ခြေရာထဲ

ရှိတယ်....'''


ဆူပုတ်ပုတ်လေးပြောကာ

ရေချိုးခန်းထဲ ဝင်သွားသော

သည်း အမူအရာလေးမှာ

အလွန်း အသည်းယားစဖွယ် ။


-------=====--===============^^^^^^🍓🍓🍓🍓🍓🍓🍓


"ဟင်... ရွှေဥ သမီးလေးအခြေအနေ.. "


"အောင်မြင်တယ် ရွှေစင်ရယ် ရွေဥ

ဝမ်းသာလိုက်တာ အဲဒါ ရွှေစင်သားကြောင့်

အခုလို သမီးလေးအသက်ရှင်ရတာ

ရွှေဥ ပြောပြမတက်အောင်ဝမ်းသာပြီး

ကျေးဇူးတင်ပါတယ် ရွှေစင်ရယ်..."


ဆေးရုံ VIP အခန်းထဲ ကုတင်ပေါ်တွင်

သတိမလည်သေးသော သမီးဖြစ်သူဘေးက

ခုံမှာ နှစ်ယောက်သားထိုင်နေကာ

စကားပြောနေသော ဒေါ်ရွှေဥနဲ့ဒေါ်ရွှေစင်။


"မဟုတ်တာ ရွှေဥရယ် သားက

ဆရာဝန်လေ လူနာတိုင်းကို သူကတော့

အစွမ်းကုန် ကုသမှာပဲ...ဒါ့ကြောင့်

စိတ်ထဲမထားပါနဲ့ အခုလဲ သမီးလေးက

ပြန်ကောင်းလာတော့မှာ ဝမ်းသာစရာပဲတွေး..."


"အင်းပါ ရွှေစင်ရယ် ဒါနဲ့ ရွေဥ

ပြောစရာရှိတယ်...ပြောစရာထက်

တောင်းဆိုစရာပေါ့..."


"ဟင် ဘာများလဲ ရွှေဥရဲ့ပြောပါ...."


"ဒီလို သမီးလေးပြန်ကောင်းလာရင်

ရွှေစင်သားလေးနဲ့ နေရာချပေးချင်တယ်

ရွှေစင် ရွှေဥကလေ သားစည်းနဲ့ဆို

အရမ်း စိတ်ချမှာ..."


ရွှေဥအပြောကြောင့် ရွှေစင်ခေါင်းငြိမ့်၍...


"နေပါအုံး ရွှေဥရယ် အရင်ဆူံး

သားနဲ့ သမီးရဲ့ သဘောထားကို

အရင်မေးကြည့်ကြတာပေါ့

သူတို့ခေါင်းငြိမ့်ရင် ရွှေစင်က

ဘာမှ ပြောစရာမရှိပါဘူး

ရွှေဥသမီးလေးပဲဟာ...."


ထိုအခါ ဒေါ်ရွှေဥ မျက်နှာမှာ

ဝင်းပသွား၍...


"ဝမ်းသာလိုက်တာ ရွှေစင်ရယ်

အခုဆို သမီးလေးအတွက် ရွှေဥ

အရမ်းကို ဝမ်းသာနေရပြီ..."


ရွှေစင်ပြုံးကာနေရင်း သူမ

ရွှေဥသမီးအားကြည့်၍

တစ်ခုခုအား သတိရသွားကာ

ထရပ်မိသွား၍...


"အို...ခဏလေး ရွှေဥရေ

သားဆီ ဖုန်းဆက်ချင်လို့...''


"ပြောလေ ရွှေစင်ရဲ့...."


ရွှေစင် ဖုန်းလေးအားထုတ်၍

သားဖြစ်သူ့အားခေါ်လ်ိုက်ချိန်

တစ်ဖက်က ကိုင်လိုက်သောကြောင့်..


"သားရေ သမီးလေး အဲ့ဒီမှာ

အိပ်ပြီး ကျန်ခဲ့လို့ နိုးပြီး

လိုက်ပို့ပေးလိုက်ပါအုံး..."


"..........."'


"ဟုတ်လား ပြန်သွားပြီလား...

ဟုတ်ပါပြီ မေမေ အန်တီရွှေး

သမီးခွဲစိတ်တာဟုတ်လို့အပြေး

လာလိုက်တာ သမီးလေးကို

မေ့သွားတာ ပြန်သွားပြီဆိူလဲ

ဒါပဲနော် သား...."


ဒေါ်ရွှေစင် ဖုန်းချ၍ အခုမှပဲ

ပြုံးန်ိုင်သွားကာ...


"ရပြီ ရွေဥရေ.. "


"ရွှေစင် သမီးထပ်မွေးထားလိူ့လား..."


ရွှေဥအပြောကြောင့် သူမပြုံး

လိုက်ကာ...


"အဟွန်း ဟုတ်တယ်ရွေဥရေ

အခုမွေးမလို့လေ...."


ဒေါ်ရွှေဥ ဘဝင်မကျစွာ မျက်မှောင်ကုတ်

သွား၍..


"ရွှေဥ နားမလည်ဘူး...''


"အော် ဒီလို ရွှေစင်သမီးလေးတစ်ယောက်

မွေးစားမလိူ့လေ.... "


"ဟင်..."


ရွှေစင်အပြောကို သူမ သဘောမကျသော်လဲ

ပြုံးကာ...


"အဟွန်း ကောင်းတာပေါ့ ရွှေစင်ရဲ့

လက်တိုလက်တောင်းရတာပေါ့..."


"အော် ရွေဥက သမီးလေးကို

ငယ်တယ်ထင်နေလို့လား

ဆေးတက္ကသိုလ် ဒုတိယနှစ်တောင်

ရှိနေပြီလေ..."


ထိုအခါ ပြုံးနေသော ရွှေစင်အားသူမ

ယောက် တအံ့တသြကြည့်ကာနေတော့သည်။

မျက်နှာကတော့ ပျက်စွာဖြင့်။


-------=-==================---^^^^^🍓🍓🍓🍓🍓🍓


ကျောင်းဖွင့်ရက် ကျောင်းသားများ

စာသင်ချိန်ဖြစ်သောကြောင့်

အတန်းထဲစုဝေးနေချိန်...


စာသင်ခန်းထဲ ကု​ေဋနဲ့

စည်း ဝင်လာသောကြောင့် အားလုံးမှာ

မီးကိုရေနဲ့ လောင်းလိုက်သလို

ငြိမ်သွားကြတော့သည်။


"အားလုံးပဲ ဆရာဒီနေ့ပြောစရာ

လေးရှိလို့ ခရီးစဥ်က အခု 

လာမဲ စနေ တနင်္ဂနွေ တနင်္လါနေ့

ဖြစ်တာကြောင့် ကြိုတင်ပြင်ဆင်

ထားကြပါ ဆရာတို့ အဓိက 

သွားမှာက ခရီးဆိုတာထက် လေ့လာရေး

ထွက်တာပါ ဒါ့ကြောင့် ဒီခရီးလေးကအားလုံးအတွက် အကျိူးရှိတယ်လို့ ဆရာပြောရဲတယ်

ကော့သောင် ဘက်ဆိုတာကြောင့် ပင်လယ်ဘက်က အေးပါတယ်

ဒါ့ကြောင့်နွေးထွေးတာလေးတွေ

ယူခဲ့ဖို့ပြောချင်တယ်..."


"ဟုတ်ကဲ့ပါဆရာ.."


"ဟုတ်ကဲ့ပါ ဆရာ..."


ကုဋေ စည်းအား ကြည့်ကာ...


"ဒါဆို ငါသွားတော့မယ် စည်း..."


"Ok...."


စည်း ကုဋေထွက်သွားသည်နှင့်

စာသင်ရန် ပြင်ဆင်လိုက်ပြီး...


"အားလုံး ဟိုတစ်ပတ်က သင်ခန်းစာ

ပြန်စကြရအောင်..."


"ဟုတ်ကဲ့ပါဆရာ..."


သည်း သူမအား တစ်ချက်တောင်

မကြည့်ပဲ ရုပ်တည်ကြီးဖြင့်နေသော လူကြီးအား

နှုတ်ခမ်းလေးဆူ၍ ကြည့်လိုက်ကာ...


ဟွန့် ငါ့ကို ခွတောက ဒီရုပ်မဟုတ်ဘူး

တွေ့မယ် ပြီးမှ ပြန်ခွပစ်မယ်...ဟွန့်


သည်းတစ်ယောက် စိတ်ထဲကနေပြောပြီး

မျက်စောင်းလေးထိုးချိန် သူမအား

ကြည့်လာသော လူကြီးနဲ့ဆုံသောကြောင့်

မျက်စောင်းထိုးနေသော မျက်နှာလေးမှာ

ဘာပုံစံ ဖြစ်သွားမှန်းကိုမသိတော့။


သူမအားကြည့်၍ စည်း ရယ်ချင်သွားမိကာ

မနည်းတည်၍ စာသင်နေလိုက်သည်။


"အဟွန်း တော်တော်ဆိုးတဲ့ ကောင်မလေး..."


ဆက်ရန်....

စာရေးသူ - လွမ်းခြင်း


rate now: