book

Index 12

အပိုင်း(12)

  • Author : Lwanchin
  • Genres : Romance, Drama

စည်း မိခင်ဖြစ်သူ အရင်ထဲက

သမီးလိုချင်သည့်စိတ်ရှိနေသော

ကြောင့် သက်ပြင်းချကာ..


"မေမေ သူ့မှာလဲ အုပ်ထိန်းသူရှိမှာပေါ့ဗျာ...''


စည်းပြောပြီး အထုတ်များယူကာ

Kitchen ထဲသို့ ဝင်လာလိုက်သည်။


ဒေါ်ရွှေစင် သားဖြစ်သူ အနောက်ကနေ

လိုက်လာ၍...


"ရှိပါစေပေါ့သားရယ် မေမေကတော့

မရရအောင်တောင်းမှာ ဒါမှမဟုတ်

သားပဲ....အဲဒီကလေးကို လက်ထပ်

လိုက်ပါလား..."


"ဟာဗျာ မေမေကလဲ ပေါက်ကရတွေ

မပြောနဲမေမေ ကျွန်တော်က ကလေးပုံစံကို

လက်ထပ်စရာလား မေမေ ..."


"အို သားကလဲ သားပျင်းတောင်မပျင်းရတော့ဘူး ကလေးက အရမ်းချစ်ဖို့ကောင်းတာကို..."


"ကျွန်တော် လက်ထပ်ဖို့ စိတ်ကူးမရှိဘူးမေမေ.."


ထိုအခါ ဒေါ်ရွှေစင် သား​ဖြစ်သူအား

မျက်စောင်းထိုးလိုက်၍..


"အဲ့ဒါကြောင့်ပြောတာ မေမေ သားကြောင့်

ဒီတစ်သက်မြေးချီရမှာမဟုတ်ဘူး ဒါ့ကြောင့်

အဲဒီကလေးကိုပဲ ရအောင်မွေးစားမယ်...''


မေမေအပြောကြောင့် စည်း သဘောမကျ

စွာ မျက်မှောင်ကြီးကုတ်ကာနေစဥ်...


Ring Ring Ring Ring...


ဘောင်းဘီအိတ်ထဲက ဖုန်းမြည်လာသော

ကြောင့် စည်းထုတ်ကြည့်လိုက်ချိန်

မိုးထက်ဖြစ်နေသောကြောင့် ကိုင်လိုက်ကာ..


"အေး မိုးထက်ပြော..."


".......''


တစ်ဖက်က မိုးထက်အပြောကြောင့်

စည်းရဲ့တည်တင်းနေသော မျက်နှာမှာ

ပို၍ တည်သွား၍...


"အေး ငါလာခဲ့မယ် အခု..."


စည်းပြောပြီးတာနဲ့ မိခင်ဖြစ်သူအား

ကြည့်ကာ...


"မေမေ ကျွန်တော်ဆေးရုံမှာ အရေးကြီး

ကိစ္စရှိလ်ို့ သွားရမယ် မေမေလိုက်အုံးမှာ

လား.... "


"မလိုက်တော့ဘူးသား မေမေဝင်ခဲ့

ပြီးပြီး သားအတွက်ဟင်းတွေထပ်ပြင်

ပေးခဲ့အုံးမယ်...သား သွားလိုက်...''


စည်း ခေါင်းငြိမ့်ကာ ယူစရာရှိတာ

ယူ၍ ကားသော့ပါယူပြီး အခန်းအပြင်

ဘက်ပြေးထွက်လာကာ ဓာတ်လှေကား

ထဲ အမြန်ဝင်၍ အောက်ထပ်သို့ ဆင်းလာလိုက်သည်။


တီ....


ဓာတ်လှေကားပွင့်တာနဲ့ မုန့်များ

ပလုတ်ပလောင်းစားနေသော

သူမအားစည်းမြင်လ်ိုက်သောကြောင့်

အကြံရသွားကာ..


"မင်း ခဏလာစမ်းပါ..."


"အွန်း လူကြီ ဘာလုပ်...''


လက်ကလေးအား ဆွဲခေါ်လ်ိုက်၍

ဓာတ်လှေကားဖြင့် စည်း သူမအား

ခေါ်ကာတက်လာပြီး သူနေတဲ့အထပ်ရောက်

ချိန် သူမလက်အားဆွဲ၍ အခန်းရှိရာခေါ်လာလိုက်သည်။


သည်းမှာတော့ သူ့အနောက် ယက်ကန်ယက်ကန်ဖြင့် ဘာမှမသိစွာ

မျက်ဝန်းအပြူးသားနှင့်ပါလာ၍

အခန်းအရှေ့အရောက် သည်းအား

​ကြည့်ကာ..


"မင်း ငါ့ကို ကူညီပေးသည်းခြေရာ

အထဲမှာ မေမေရှိတယ် ငါပြန်ရောက်တဲ့

အထိ မင်းမေမေကို အဖော်လုပ်ပေးလိုက်ပါ...''


ဂျလောက်...


"အို...လူ...''


စည်း သူမအား အခန်းထဲ အတင်း

ထည့်ကာ အမြန်ပြေးထွက်လာခဲ့တော့သည်။


အခန်းထဲအရောက်သည်း တံခါးလေးအား

အလန့်တကြားပြေးဖွင့်ရန်ပြင်နေစဥ်...


"ဟယ် သမီးလေး..."


"ဟင်..."


သည်းရုတ်တရပ်အနောက်က

အမျိုးသမီးကြီးအသံကြောင့်

ဟင်ခနဲ ဖြစ်သွား၍ အလန့်တကြား

လေးလည့်ကြည့်လိုက်ချိန် သူမအား

ပြုံးနေသော နုပျိုချောမောနေသော

အမျိုးသမီးကြီး။


ဒေါ်ရွှေစင် သူမ မထင်ထားသော

သူမလေးအားတွေ့သောကြောင့်

အံ့သြ ဝမ်းသာသွားကာ...


"လာ လာသမီး သမီးက ဘယ်လို

ရောက်လာတာလဲ...''


သည်းခေါင်းလေးငုံ့နေရာမှ

လက်ည်ိုးလေး ထိုးကာထိုးကာဖြင့်

မျက်ဝန်းလေးတောင့်ကပ်ကာာ..


"ဟို လူ...လူကြီးက ဒီအခန်းထဲ

ထည့်သွားလို့ပါ..."


"ဟယ်တော်..."


ဒေါ်ရွှေစင်ရင်ဘက်လေးဖိမိသွား၍

အံ့သြ သွားမိသည်။


သူမပြောတောက အေးတိအေးစက်

မတုန်မလှုပ်သားက အခုတော့ကိုယ်

တိုင် အခန်းထဲ ထည့်သွားသည်တဲ့လား။


"လာ သမီးလား မေမေတို့စကား

ပြောကြမယ်လေ...''


"ဟုတ်..ဟုတ်ကဲ့....''


သည်းအား လာဆွဲခေါ်နေသော အန်တီကြီး

ကြောင့် သည်းခေါင်းလေးငြိမ့်ပြ၍

ပါသွားကာ ဆိုဖာပေါ်ထိုင်လိုက်သည်နှင့်

သည်းအား ပြုံးကာကြည့်နေသောကြောင့်

ခေါင်းလေးငူံ့လိုက်မိသည်။


ဒေါ်ရွှေးစင်အနီးကပ်ကြည့်မှပို၍

ချစ်ဖို့ကောင်းနေသော သူမလေးအား

ချစ်မဝစွာကြည့်နေရင်း..


"သမီးနာမည်က ဘယ်လိုခေါ်လဲသမီး..."


"သည်းခြေရာပါ အန်တီ..."


"ဟယ် ဘယ်ကအန်တီလဲ မေမေလို့ခေါ်နော်

မေမေက အမိန့်စည်းရဲ့အမေလေ..''


"ရှင် ဟုတ်..ဟုတ်ကဲ့..."


"အဟွန်း သမီးလေးက ချစ်ဖို့ကောင်း

လိုက်တာ နာမည်လေးကလဲ အရမ်းလှ

လူလေးကလဲ နူဖက်နေတာပဲ...မေမေကို

တွေ့ရင် ခေါ်နော်...သမီးက ဒီမှာပဲနေတာလား.."


"ဟုတ် ၂လွှာမှာပါ..."


"ဟုတ်လား ဒါနဲ့သမီးမှာ မိဘတွေရှိလား.."


"ဟုတ် ဖေဖေတော့ရှိပါတယ် မေမေတော့

မရှိတော့ဘူး..."


ဒီအဆင့်မြင့်ကွန်ဒိုကြီးမှာနေထဲက သူမလေးလဲ အဆင့်အတန်းရှိမဲ့သူထဲက သိလိုက်ကာ

သူမလေးအားမွေးစားဖို့ ငွေနဲ့မရမှန်း

သူမသိလိုက်သည်။


"သမီးနဲ့သားက သိနေကြတာလား..."


"ဟုတ်ကဲ့ လူကြီးက သည်းတို့ကျောင်းက

ဆရာပါ...."


"ဟယ် ဒါဆို သမီးလေးက ဆရာဝန်မလေးပေါ့..."


"အခုမှ ဒုတိယနှစ်တက်နေတာပါ."


"အို မေမေက သမီးကို ဆယ်တန်း

လောက်ပဲ ထင်တာ တော်လိုက်တာကွယ်

လာလာ သမီး မေမေ ဟင်းချက်ထား

တယ်သွားစားကြမယ်...."


သည်းတစ်ယောက် စားရမယ်ဆိုတော့

မျက်ဝန်းလေးလက်သွားကာ ခေါင်းလေး

ငြိမ့်ပြ၍ လူကြီးမေမေ ဆွဲခေါ်ရာနောက်

ခုန်စွခုန်စွနဲ့ပါလာခဲ့တော့သည်။


-----==--==================^^^^🍓🍓🍓🍓🍓🍓🍓


"ဘယ်လိုဖြစ်တာလဲ မိုးထက်..."


စည်းအားစောင့်နေကြသော 

မိုးထက်တို့ စည်းအားမြင်သည်နှင့်

လှုပ်လှုပ်ရှားရှားဖြစ်သွားကာ..


"ဟာ စည်း အသက်ရူပိုက် ပျက်သွားတာ

သူရူရိုက်နေတဲ့အချိန် ဖြတ်သလိုမျိုးဖြစ်ပြီး

အသက်ရူပိတ်သွားတာ ကင်ဆာဆိုတော့

ပိုဆိုးသွားတာ..."


"အင်း ခွဲခန်းထဲမှာလား...''


"ဟုတ်တယ်.. အဝတ်လဲအုံး.."


"ရတယ်..."


စည်းပြေးဝင်သွားသောကြောင့် မိုးထက်တို့လဲ

အနောက်ကပြေးလိုက်လာကြကာ

ကုတင်အထက်က သတိမလည်တော့သော

ဂျက်လေးရဲ့မိခင်အား စည်းကြည့်၍... အသက်ကို

ပြင်းပြင်းရူကာ..ဘေးက မိုးထက်အား

​ကြည့်၍...


"အသက်ရူစက်ပေးကြည့်..."


ထိုအချိန် နောက်ဆုံးအဆင့်အသက်ရူ

စက်တပ်ချိန်...


"အင်း....."


လူတစ်ကိုယ်လုံး ကြွတက်လာပြီး

အသက်အား ခက်ခက်ခဲခဲရူနေရေ၍

သတိပြန်လည်လာသော အမကြောင့်

စည်း ဝမ်းသာသွားချိန်...


"အမ..အမ..."


ထိုအချိန် စည်းလက်အား လာဆုပ်ကိုင်ထားသော ဂျက်လေးရဲ့မိခင်။


မျက်ရည်များကျလာ၍ အသက်အား

မနည်းရူနေရကာ စည်းအား အားကိုးတကြီး

ကြည့်၍...


"ဂျက် သား...သားလေးကိုစောင့်ရှောက်ပေးပါ...ပြီးတော့ အမ...အမကိုခွဲစိတ်ပြီး

နှလုံးကို ယူ..ယူ...ယူလိုက်ပါ....

ကျေး...ကျေး...ဇူး..."


ထိုအချိန် သတိပြန်မေ့သွားသော

အမကြောင့် စည်း အံ့ကိုကြိတ်၍

မျက်ရည်များ ဝဲလာကာ...ခေါင်းကို

ငုံ့ကာကြသွားပြီးနောက် အားလုံး

ကုတင်အထက်က သူမအား အလေးပြု

နေကြတော့သည်။


လူနာတစ်ယောက် အသက်ပေးခါနီး

အခြားလူကို ခန္ဓာကိုယ် အစိတ်အပိုင်း

လှူရင် အခုလို ဆရာဝန် ဆရာမ သူနာပြု

များက လေးစာမှုဖြင့်အလေးပြူကြရသည်။


စည်း အံကြိတ်ကာအလေးပြုပြီး..


"စိတ်ချပါ ဂျက်ကို ကျွန်တော်စောင့်ရှောက်

မှာပါ...အမ..."


ထိုနောက်အားလုံး ခွဲစိတ်ဖို့ပြင်ပြီးနောက်...


"အစားထိုးမဲ့လူနာ ဒီကို အရောက်ခေါ်

လိုက်တော့ မိုးထက်... "


"ကောင်းပြီစည်း...''


မိုးထက်ထွက်သွားသည်နှင့် စည်းရဲ့.မျက်ရည်တစ်ပေါက်က ကြမ်းပြင်အထက်ကြသွားကာ

အပေါ်ကနေ ခွဲစိတ်ဝတ်စုံဝတ်ပြီးသည်နှင့်

သူ အသက်ကို ခပ်ပြင်းပြင်းရူကာ

အံကိုကြိတ်၍....


"မီးချိန်လိုက်တော့...''


"ဟုတ်ကဲ့ ဆရာ.."


ထိုနောက် စည်းရဲ့လက်များက

ခွဲစိတ်ဓားယူကာ စတင်ခွဲစိတ်မှု

ပြုလိုက်ချိန်....


တီ...တီ...တီ...


လူနာ အသက်ရူနှုနိး မရှိတော့ဘူးဆရာ...


စည်း ခေါင်းကိုသာငြိမ့်ပြ၍

လျှင်မြန်စွာခွဲကာ ခုန်နေသော

နှလုံးတစ်စုံအား ထုတ်ယူ၍

ဘေးကအဆင်သင့်ရှိနေသော

ပုံးလေးထဲထည့်ကာ အသက်မရှိတော့သော

အမရဲ့ ခန္ဓာကိုယ်အားသေချာစွာပြန်ချုပ်ပေး

ပြီး မျက်နှာပေါ်သို​့ ပိတ်ဖြူအား

လွှာခြုံလိုက်တော့သည်။


----====================^^^^🍓🍓🍓🍓🍓🍓🍓


တစ်ဖက်တွင်လဲ မိန်းကလေးတစ်ဦးရဲ့

ကိုယ်အား ဂရုတစိုက်ကားကြီးပေါ်ကနေ

သယ်လာ၍ ခွဲခန်းဘက်တွန်းလာသော

လူတစ်စု။


ထိုဘေးတွင် မြို့ဝန်မင်းနဲ့အတူ.သူရဲ့

ဇနီး မျက်နှာပေါ်တွင်တော့ အပြုံးများ

ကပ်တွယ်လာကြကာ ကျေနပ်များဖြစ်

ဖြစ်ပေါ်လျှက်။


မိုးထက် မိန်းကလေးလူနာ ဘေးက

ဆရာဝန်များအားကြည့်၍..


"ခွဲခန်းထဲ သွင်းလိုက်တော့..''


ထိုအချိန် ခွဲခန်းက ပိတ်ဖြူအုပ်ထားသော

လူနာကုတင်အား တွန်လာကြပြီး

မိန်းမငယ်လေးကုတင်ကတော့

ခွဲခန်းထဲ ဝင်ရောက်သွားတော့သည်။

 

မိုးထက် ငူငူကြီးရှိနေသော စည်းအား

ပုခုံးအားပုတ်၍ နှစ်သိမ့်ကာ...


"စည်း စကြရအောင်...''


စည်းခေါင်းငြိမ်ပြီး နှလုံးအစားထိုး

မှု ခွဲစိတ်မှုအား စနင်လိုက်တော့သည်။


၁၅မိနစ်လောက်အကြာ...


တီ...တီ...တီ....


"လူနာ အသက်ရူတက်လာပါပြီ..''


Nurseမလေးစကားအဆုံး စည်း

အသက်ရူစက်အားတစ်ချက်သာကြည့်၍

လျှင်မြန်သော လက်များက အခုတော့လဲ

တုန့်ဆိုင်းမနေတော့စွာ ကျွမ်းကျင်စွာ ခွဲစိတ်နေတော့သည်။


တီ....တီ...တီ..


"လူနာအသက်ရူနှုန်း ပုံမှန်ဖြစ်ပါပြီ...."


ထို့နောက်စည်း အပ်ဖြင့် ကျွမ်းကျင်စွာ

ချုပ်လိုက်ပြီး... အားလုံးပြီးစီးသွားချိန်...


"အန္တာရာယ် ကင်းသွားပါပြီရှင်..."


ဖြောင်း....ဖြောင်း...ဖြောင်း...


ထိုနောက် ခွဲစိတ်မှုအောင်မြင်သွားသောကြောင့်  အားလုံး လက်ခုတ်တီးနေကြသော်လဲ

စည်း မပျော်တော့ပေ။


အမမြင်လား အမနှလုံးနဲ့ ကမ္ဘာပေါ်မှာလူသားတစ်​​ယောက် အသက်ရှင်နေတယ်ဆိုတာ...


စည်း ခွဲခန်းအဝတ်များချွတ်လိုက်ကာ

အပြင်ထွက်လာချိန် သူ့အားလာမေးရန်

ပြင်နေသော မြို့ဝန်မင်း ဇနီးမောင်နှံအား

မမြင်ချင်ယောင်ဆောင်၍ တစ်ဖက်ခုံတွင်

မိခင်ဖြစ်သူအလာအား စောင့်နေသော

သားဂျက်လေးအနား စည်းလျှောက်သွား၍..

ပွေ့ချီလိုက်ကာ...


"ဦးဦးအိမ်လိုက်ခဲ့နော်..."


"မေမေရော..''


"သားမေမေ ကောင်ကင်ကြီး​ဆီ

ရောက်သွားပြီကွယ်..."


စကားအဆုံး စည်းရင်ထဲတွင်လဲ

နင့်ခနဲပင်။


----======================^^^&🍓🍓🍓🍓🍓🍓🍓


"ဟယ်လို ဘယ်လို...

လာခဲ့မယ် ရွေဥ ရွှေစင်အခုပဲ

လာခဲ့မယ်နောိ..."


ရွှေဥ သမီးလေးခွဲစိတ်ရပြီ

ဆိူသောကြောင့် ဒေါ်ရွှေစင်

အမြန်ယူစရာရှိတာယူပြီး

မီးပိတ်ကာအမြန်ပြေးထွက်လာခဲ့တော့သည်။


ထို့နောက် ဆိုဖာပေါ်အိပ်ပျော်၍ ကျန်ခဲ့သော

သည်းကတော့ ဘာမှမသိရှာ။


စည်းကွန်ဒိုအောက်ကားရပ်လိုက်သည်နှင့်

အိပ်ပျော်နေသော ဂျက်လေးအား

ချီကာ အပေါ်ကိူ တက်လာခဲ့လိုက်သည်။


ထိုနောက် အခန်းရှေ့ရောက်တာနဲ့

ဝင်လိုက်ကာ ဂျက်လေးကိုယ်ကို

ချီထားသောကြောင့် မီးဖွင့်လို့မရသော

ကြောင့် မှန်း၍သာ အခန်းတစ်ခုဆီ

လျှောက်သွားပြီး အိပ်ယာပေါ်သိပ်၍

သူ ပြန်ထွက်လာကာ ဘာမှမလုပ်ချင်သော

ကြောင့် အနားကကုတင်ဆိုဖာပေါ် ဝင်လဲလိုက်၍

ပျော့အိအိအရာလေးအား ဖက်ထားလိုက်ကာ

မျက်ဝန်းများ ခဏသာမှေးစက်ထားလိုက်တော့သည်။


"မွှေးလိုက်တာ..."


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


rate now: