သူ့အား မျက်ဝန်းပြူးကာ
ကလေးလိုလို ကြက်တောင်စီးနှင့်
သူမအားစည်းကြည့်၍....
"မင်း ကလေးတွေနဲ့ဆော့ရလောက်
အောင် အချိန်တွေပေါနေလား
သည်းခြေရာ...''
သည်းအား လူဆူနေသော ထိုလူကြီးအား
သည်း နှုတ်ခမ်းလေးဆူကာ...
"အို လူကြီးသည်းကိုလာမပြောပါနဲ့...
လူကြီးကို သည်းက ဘာလုပ်လို့လဲ
သည်း ကိုလွတ်ပါ...."
သူ့လက်အားအတင်းဖယ်ချနေသော
သူမအား စည်းကြည့်၍ စိတ်ကလဲ
တိုလာမိတော့သည်။
ဒီကအကောင်းပြောနေတာကို
နာမလည်တာ ဘယ်လို မိန်းကလေးလဲ
မသိ။
စည်း အရွဲ့တိုက်ချင်လာကာ သူ့လက်အား
အတင်းဖယ်ချနေသော သူမရဲ့ခါးလေးကနေ
မချီ၍ ဓာတ်လှေကားဆီခေါ်လာလိုက်တော့သည်။
"အို အမေ့ရေ...."
သည်းတစ်ယောက် အထိန့်တလန့်
ခြေကာယား လက်ကားယားဖြင့်
သူ့ဆွဲပွေ့ခေါ်ရာအနောက် ပါသွားကာ
ပါးစပ်လေးကလဲ အော်ဟစ်နေတော့သည်။
"အား လူယုတ်မာကြီး သည်းကိူလွတ်နော်...
အဟင့်...သူများဆော့နေတာ လူကြီးကို
ဘာလုပ်လို့လဲ...ဟီး....ကြီးကလျှာ..."
"တိတ်စမ်း သည်းခြေရာ...!''
ခပ်တင်းတင်းအော်လိုက်တဲ့
သူ့အသံကြောင့် သည်းကိုချပေး
လိုက်သည်နှင့် ကိုယ်လေးတုန်တက်သွား၍ သည်းဓာတ်လှေကား
တောင့်အားကပ်ကာ ခေါင်းလေးငုံ့ကာ
မျက်ရည်များဝဲကာနေတော့သည်။
စည်း သူမပုံအား ကြည့်ကာ...
"သည်းခြေရာ မင်းကိုယ်မင်း ကလေးထင်နေလား စာတွေဒီလောက်ပုံနေတာတောင်
ကလေးတွေနဲ့ဆော့နိုင်သေးတယ်
မင်းစာသာအဲ့ဒီလို လုပ်ရင် ဘယ်လောက်
ကောင်းလိုက်မလဲ အတန်းထဲမှာ မင်းအဖြေ
လွှာတွေကိုကြည့်တာ မင်းအများကြီး
လိုသေးတယ် မင်းဒါကို သိရဲ့လား..."
သူ့ရဲ့ ပို၍ အော်လာသေအသံကြောင့်
သည်းမျက်ရည်လေးများဝဲနေရာမှ
အိခနဲကျလာကာ....
"ဟီး...အဟင့်..ဟင့်...သည်းကိုဘာလို့
လာအော်နေတာလဲ သည်းဘာသာတော်တော်
မတော်တော် လူကြီးနဲ့ဘာဆိုင်လဲသည်းဘာသာ ဆော့ချင်ဆော့မှာပေါ့ လူကြီး
အရှေ့မှာဆော့နေလို့လား သည်းကိုလာပြောနေမဲ့အစား လူကြီးရည်းစားကိုသွားပြောပါလား ဟီး...သူများဘာသာနေနေတာကို
လာပြီးပြောတယ်..အဟင့့်...ဟင့်..."
ပြောပြီး မျက်ရည်တွေပါ ကလေးတစ်ယောက်လို သုတ်လိုက်သေးကာ...
"ဟင့် ဘာလို့လှေကားက ကြာနေတာလဲ
အမြန်တက်ပါ.. "
ပြောပြီး ဓာတ်လှေကားကိုပါ
အပြစ်တင်လိုက်သေးသော
သူမအား စည်း ရပ်သာကြည့်နေ
တော့သည်။
သူထပ်ပြောရင် ဒီထက်ပိုပြီးအော်ငိုရင်
သူပဲအရှက်ရမှာ။ အကောင်းနဲ့ပြောလို့
ပြောမှန်းမသိသော သူ့အားဒေါသလဲ
ဖြစ်ကာ ဘာမှမပြောတော့ဘဲ ဓာတ်လှေကား
ပွင့်သွားတာနဲ့ ထွက်လာလိုက်သည်။
သည်းထွက်သွားသော လူကြီးအား
ကြည့်၍ ရင်ထဲ ဝမ်းနည်းလာကာ
၂လွှာအားပြန်နှိပ်၍ မျက်ရည်များ
ပို၍ စီးကျလာပြီး ဘာကိုဝမ်းနည်းလို့
ဝမ်းနည်းမှန်းမသိတော့ပေ။
"ဟင့်...လူကြီးက မုန့်စရာကြီး...အဟင့်..''
ပါးစပ်ကပြောနေသော်လဲ ရင်ထဲမှာ
တော့ နာကျင်လျှက် ။
တစ်ကြိမ်တစ်ခါမှ မချစ်ဖူးသော
သည်းနှလုံးသားတို့သည် အချစ်ကို
ရှာဖွေတွေ့ရှိခဲ့လေသလားဆိုတာ...
---========================^^^^&🍓🍓🍓🍓🍓🍓
"ဗျာ...မေမေမလာပါနဲ့ ကျွန်တော်
လာခဲ့ပါမယ်...."
".............."
"မဟုတ်ဘူး မေမေရာ.....ဘယ်သူမှ
မရှိဘူး သတင်းသမားတွေကိုလဲမေမေ
သိရဲ့သားနဲ့ ဟုတ်ဟုတ် မဟုတ်ဟုတ်
လိုက်ပြီးရေးနေတာ...."
"................"
"ဟာဗျာ ကျွန်တော် စိတ်မဝင်စားဘူး...."
တစ်ဖက်က မေမေရဲ့စကားများ
ကြောင့် စည်းရောက်ရောက်ချင်း
အမောမပြေပဲ အလိုမကျစွာ
မျက်မှောင်ကြီးကုတ်ကာနေပြီး
ဖုန်းအား speaker ဖွင့်ကာ ဆိုဖာကို
မှီလ်ုက့ယ်ချိန်...
"သား မေမေပြောတာ ကြားလား
ဒါဆို ဘာလို့ သားတို့ပုံက ပါလာတာလဲ..."
စည်း သက်ပြင်းသာချ၍...
"မေမေ ကျွန်တော်ရှင်းပြရတာ
ဝါသနာမပါဘူး ဒါပင်မဲ့ အဲဒါ
မဟုတ်ဘူးဆ်ိုတာ ကျွန်တော်ပြောနိုင်တယ်..."
"ဒါဆိုလဲ ဟုတ်ပါပြီ အော်ပြီးတော့
မေမေသူငယ်ချင်း ရွှေဥ ကို
မနေ့ကပြန်တွေ့တယ်သားရဲ့သိလား...."
"ဟင် အန်တီရွှေဥလား..."
"ဟုတ်တယ်လေ ရွှေလေးရဲ့အမေလေ
သားကို ငယ်ငယ်က ကိုကို ကိုကို ခေါ်တဲ့
ရွှေလေးရဲ့ မိခင်လေ......"
ရွှေဆိုသော ကလေးမက သူ၅နှစ်အရွယ်
တုန်းက ထိုကလေးမက ၂နှစ်ကျော်ပဲရှိသေးကာ သူ့အနားပဲကပ်နေကာ
ကိုကို ကိုကိုနဲ့သူ့အားအရမ်းခင်တွယ်
သော ကောင်မလေးဖြစ်သည်။
ထိုနောက် နိုင်ငံခြားကို မိသားစုလိုက်
ပြောင်းသွားသည့်အချိန်မှစ၍
သူတို့နှင့်အဆက်သွယ်ပြတ်သွားခဲ့
ကြတာဖြစ်သည်။
ထိုတော့မှ စည်းသတိရသွား၍...
"အော် ဟုတ်လား မေမေ..."
"ဟုတ်တယ် သားရဲ့ ဒါပင်မဲ့
ရွေလေးက အခု ကံကောင်းရှာဘူးကွယ်
အတွင်းလူနာအဖြင့် အိပ်ယာပေါ်မှာ
သတိမေ့နေတယ်ကွဲ့...''
"ဘာဖြစ်လို့လဲ မေမေ..."
"နှလုံးရောဂါတဲ့သားရယ် လဲရမှာတဲ့
မေမေလဲ မနက်သားဆီလာပြီးအပြန်
ဝင်မှာ ဆေးရုံကို သားပါလိုက်ကြည့်
လိုက်လေ...."
"ဟုတ်ကဲ့မေမေ ကျွန်တော်အားရင်
လိုက်ပါ့မယ်..."
"ဟုတ်ပါပြီ မနက်ဖြန် မေမေသားအတွက်
ဟင်းတွေချက်လာတယ် ဘာမှမစားထား
နဲ့နော်...''
"ဟုတ်ကဲ့မေမေ..ဒါဆို ဖုန်းချ
လိုက်တော့မယ်မေမေ ကျွန်တော်
အနားယူချင်လိူ့.."
"ဟုတ်ပါပြီ... "
စည်း ဖုန်းချပြီး ရေချိုးရန် ရေချ်ိုးခန်း
ဆီ ထလာလိုက်သည်။
အပြင်က ပြန်လာတိုင်းရေချ်ိုးတက်တာ
သူ့အကျင့်ပင်။
ဗျော.....
ရေသံများနှင့်အတူ စည်းရေကို
ကြာအောင်ချိုးကာ ရေလဲ
ဝတ်ရုံအနက်ကြီးအားဝတ်၍
ခေါင်းသုတ်ကာ ရေချိုးခန်းထဲက
ပြန်ထွက်လာပြီး အရင်ဆုံး ညစာအတွက်
ရေခဲသေတ္တာထဲက မနေ့ကဝယ်ထားသော
နွားနို့အား ဖောက်ထည်၍ ခဏမီးပွင့်ထားပြီး
အဝတ်အစားလဲရန် အခန်းထဲ ဝင်လာလိုက်သည်။
အိမ်နေရင်း လက်တိုအင်္ကျီအပါးသားအား
ဝတ်၍ အောက်က ဘောင်းဘီအပွအဖြူရောင်အားဝတ်ကာ ခေါင်းကိုရေသုတ်၍
ပြန်ထွက်လာပြီး ပါမုန့်အား မီးကင်ကာ
ထောပတ်သုတ်၍ ဆူနေသောနွားနို့အား
ဖန်ခွက်ထဲထည့်ကာ ပါမုန့်မီးကင်ပန်းကန်
လေးအား သပ်ရပ်စွာဗန်းလေးထဲ ထည့်၍
ဧည်ခန်းဆိုဖာတွေဆီယူလာကာ ခုံပေါ်ချ၍
တီဗီအရင်ဖွင့်ကာ စာရန်ပြန်ချိန်..
တီ...တီ....တီ....
ထိုအချိန် အခန်းအရှေ့က ဘဲလ်တီး
သံကြောင့် စည်း နွားနို့ပန်ကန်အား
ပြန်ချလိုက်ကာ...အရှေ့ကိုလျှောက်သွား၍
ကြည့်လိုက်ချိန် စောစောက သူ့အား
ရန်တွေ့သွားသော အမွှေစိန်မ။
လက်ထဲတွင်လဲ ချ်ိုင့်လေးအား
ဆွဲ၍...ကြက်တောင်စည်းကလဲ
အခုထိ စီးထားတုန်းပင်။
"ကျစ် အခန်းမှားပြန်ပြီလား မသိဘူး...''
စည်းသက်ပြင်းချ၍ တံခါးအား
ဖွင့်ကာ...
"ဘာလဲ အခန်းမှားပြန်ပြီလား...''
"ဟီး..."
သူ့အားမြင်သည်နှင့် သွားလေးပေါ်အောင်
ပြုံးပြ၍ စောစောက ရန်တွေ့သော
သူမပုံနှင်တစ်ခြားစီပင်။
"ဟို ကြီးကလျှာက သည်းရဲ့ဆရာကို
ဒီမှာ ကြက်ဆီထမင်း လာပို့ခိုင်းလို့..
ဟီး...ကြီးကလျာ လက်ယာ အရမ်းကောင်းတာနော် လူကြီးလျှာလည်သွားမယ်သိလားယစားကြည့်...ဟီး...သည်းက်ို အထဲပေးဝင်ပါလားဟင်..."
ပုတက်ပုတက်နဲ့ သူ့အားပြောပြီး
နောက်ဆုံးမှာတော့ သူ့အား
မျက်ဝန်းလေးဝိုင်းကာမော့
ကြည့်၍ ဝင်ခွင့်တောင်းလာသော
သူမအား စည်း ကြည့်ကာ..
"ဝင်...."
"ဟီး ကျေးဇူး လူကြီး..."
အလွယ်တကူဝင်ခွင့်ပေးလိုက်မိသော
စည်း သူ့ကိုယ်သူအံ့သြနေမိသည်။
ဆရာက တပည့်နဲ့ရောရောနှောနှောမနေရဘူး
ဆိုတာကြောင့် သူ သူမအားကြည့်ကာ...
"မင်းထားပြီးပြန်တော့..."
သည်း ရှင်းလင်းပြီးသပ်ရပ်နေသော
အခန်းကြီးထဲအား ဝေ့ကြည့်ရင်း
လူကြီးစကားကြောင့် သည်းနှုတ်ခမ်း
လေးဆူလိုက်ကာ....
"ဟင့် လူကြီးကလဲ ဒါယူအုံးလေ
အခုစားနော်...."
ပြောပြီး မျက်ဝန်းလေးများကအငွေ့တစ်ထောင်းထောင်း ထနေသော နွားနို့ပန်ကန်လေးနှင့် ပါးမုန့်မီးကင်လေးအားကြည့်၍
လျှာလေးသပ်လိုက်မိသည်။
သူမပုံစံကို ကြည့်၍ သူမအကြည့်တို့
ရောက်နေသော နေရာက်ို စည်း
ကြည့်မိသွား၍ ရယ်ချင်သွားကာ
ပြန်တည်၍...
"စားချင်လို့လား..."
သူ့မေးတော့လဲ ဟန်မဆောင်တက်စွာ
ခေါင်းလေးငြိမ့်ပြနေသောသူမကြောင့်..
"စားသွား...."
"ကျေးဇူးနော် လူကြီး..."
ပြောပြီး သူမလက်ထဲက ချိုင့်အား
သူဆီပေးကါ နွားန်ို့ပန်ကန်ဆီပြေးသွား
သော သူမ။
စည်းကြည့်၍ ခေါင်းခါလိုက်ကာ
ချိုင့်လှယ်ပေးရန် Kitchen ဘက်သို့
လျှောက်လာလိုက်သည်။
သူချိုင့်ထဲက ကြက်ဆီထမင်းများ
လှယ်ပြီးသည်နှင့် ချိုင့်အားသေချာ
ဆေးကြော၍ ခြောက်အောင်သုတ်ပြီး
ဧည့်ခန်းထဲ ပြန်ထွက်လာချိန် သူမ
ဗိုက်ကလေးအားပွတ်ကာ...
"လူကြီး ကျေးဇူးနော် သည်းပြန်ပြီနော်...''
ပြောပြီး သူတောင်ဘာမှမပြောရသေး
သူ့ဆီက ချိုင့်အားယူ၍ ပြေးထွက်သွားသော
သူမကြောင့် စည်းကြောင်အအကျန်နေခဲ့လျက်.... ထူးဆန်းစွာ သူမထိုင်သွားသော
ဆိုဖာအနားသွားလိုက်ချိန် ပွင့်နေသော
ဖုန်းက ခုံပေါ်မှာ ဒီအတိုင်းရှိနေကြကာ
စည်း ကြည့်လိုက်ချိန် တစ်ဖက်က
Video callဖြင့် အစည်းအဝေး
လုပ်နေကြသေား အားလုံးမှာ
မျက်ဝန်းအပြူးသာဖြင့် သူ့အား
ကြည့်နေကြသောကြောင့် စည်း
သဘောပေါက်လိုက်ကာ
Video callအား အမြန်ချလိုက်၍...
မျက်နှာကြီးရဲတက်လာ၍..
"သည်းခြေရာ.....!"
ထိုအချိန် အပြင်ရောက်နေသောသည်း
တန်းနေအောင်ပြေးသွားတာ လှည့်ပင်
မကြည့်တော့ပေ။
"လူကြီးရယ် သည်းတမင်လုပ်တာ
မဟုတ်ပါဘူး အသည်းကြားလိူ့
ကိုင်မိသွားတာပါ အဟင့်..."
သည်းပြောပြီး အခန်းထဲပြေးဝင်လာ
ခဲ့တော့သည်။
-----===========---========^^^&🍓🍓🍓🍓🍓🍓🍓
"ဆရာကောင်မလေးက ချစ်စရာလေးတဲ့..."
"ဟမ်း နင်ကအခုမှ မြင်ဖူးတာလား..."
"အေးလေ ဒေါက်တာအေးနိုင်ပြောတာ
မနေ့ညက သူတို့ meeting လုပ်ဖို့
Video call ခေါ်တော့ ဆရာကောင်မလေး
လာကိုင်တာတဲ ချစ်စရာလေးတဲ့ သူတို့ကို
တွေ့တော့ ပြူးတူးတူးလေးကြည့်ပြီး
ရယ်ပြနေတာတဲ့..."
"ဟယ် ဟုတ်လား အဲဒီလောက်အထိ
ဆရာက အရေးပေးထါးပြီပေါ့ ဒါဆိူ
ဆရာကအရမ်းချစ်တာပဲနေရမယ်..."
"ချစ်မှာပေါ့ တကယ့်ချစ်စရာလေးတဲ့
ငါတော့ သေချာ မမြင်ဖူးသေးဘူး..."
"ငါတော့မြင်ဖူးတယ် တကယ့်ကို
ချစ်ဖိူ့ကောင်းတာ..."
"ငါတို့ဆရာ လူပျိုကြီး စွန်တော့မယ်
ထင်ပါရဲ့...''
"ဟုတ်ပဟယ်...."
"သမီးတို့ ဒီက ဒေါက်တာ အမိန့်စည်းနဲ့
တွေ့ချင်လိူ့ကွယ်.."
ထိုအခါ ဆရာအားမေးလာသော
အန်တီအကြည့်၍...
"အန်တီရှင့် ဒီနေ့ဒေါက်တာရဲ့
နားရက်ဟုတ်လိူ့ ဆေးရုံကို
ဒီနေ့မလာဘူးရှင့်..."
"ဟုတ်လား ဒါဆို မနက်ဖြန်တော့
ပြန်လာမှာပေါ့နော်..."
"ဟုတ်ကဲ့ အန်တီ..."
"ကျေးဇူးပါကွယ်..."
ဒေါ်ရွှေဥ ထိုမိန်းကလေးများအား
ပြုံးပြကာ လက်ပွေအိတ်အား
ဟန်ပါပါချိတ်၍ အခန်းတစ်ခုဆီ
ဦးတည်လာတော့သည်။
ဒီကအရမ်းတော်တဲ့ ဒေါ်တာအမိန့်စည်းက
ရွှေစင်ရဲ့သားမှန်း မသိခဲ့။
ဟိုရက်ကမှပြန်စုံပြီး ရွှေစင်ဆီကသိခဲရတော့
သူမမှာ အံ့သြ ဝမ်းသာခဲ့ရသည်။
ဘာပဲ ဖြစ်ဖြစ် သမီးလေးရဲ့အနာဂတ်
အတွက် သူမလောဘတက်သင့်တက်
ရတော့မည်။
သားအမိန့်စည်းကို ဘယ်သူ့လက်ထဲမှ
အပါမခံနိုင်။အခုပြောနေကြတဲ ကောလ
ဟာလပျောက်သွားအောင် သူမဘက်က
သမီးလေးနဲ့က်ိစ္စကို ရွှေစင်ကို အရင်ပြောထား
မှဖြစ်မည်။
ဒါမှမဟုတ်စေ့စပ်ထားပြီး သမီးလေး
သတိရလာမှ လက်ထပ်ပေးဖို့ပြောရမည်။
အခုတော့ သမီးလေး ပြန်နိုးထလာ
အောင် ကူညီပေးမဲ့တစ်ဦးတည်းသော
လူနာအဆောင်သို့ လျှောက်လာခဲ့တော့သည်။
ခဏအကြာ သူမအခန်းထဲဝင်လိုက်၍
အိပ်နေသော အမျိုးသမီးအား
မြင်သည်နှင့် အနားတဖြည်းဖြည်းတိုးသွားကာ တပ်ထားသော ဆေးပိုက်အား
ဖြုတ်၍ ပြုံးကာပြန်ထွက်လာလ်ိုက်သည်။
ကျွန်မသမီးလေးအတွက် ကျွန်မ အတ္တကြီးပါစေ....
------------------------------------------==-^^^^^^^🍓🍓🍓🍓🍓🍓🍓
ဝေါ....ဝူး..
ကွန်ဒိုတိုက်ကြီးရဲ့ကားပါကင်
ကြီးထဲ ကားရပ်လိုက်သည်နှင့်
ဒေါ်ရွှေစင် ကားပေါ်ကနေ
အထုပ်များဆွဲ၍ ဆင်းလာချိန်...
"မမသည်း သားအလှည့်နော်...''
"ငမျောက် ငါ့အလှည့်လေ
နင်မငြင်းနဲ့နော်အငယ်ဖြစ်ပြီး..."
"ဟာ မမသည်းက အကြီးဖြစ်ပြီး
ငြင်းတာလေ...."
"ငါကိုပေးမဆော့ရင်ငိုမှာနော်...ဟီး...''
"ဟာဗျာရော့ တကယ်ပဲ..."
သည်းတစ်ယောက် သူမလိုချင်တာ
ရသွားသောကြောင့် ကလေးလေးတစ်
ယောက်လ်ိူ့ ပြုံးပျော်သွားကာ ဆံပင်ကြက်တောင်စည်းလေးယမ်းသွားအား
ဇယ်လေးအားတောက်နေလိုက်သည်။
ထိုအရာကို တစ်နေရာက သဘောကျကာ
ကြည့်နေသော ဒေါ်ရွှေစင် သူမလေးအား
ချစ်သွားကာ စိတ်ထဲတွင်လဲ ထိုသို့ချစ်စရာကောင်းသော သမီးလေးအရမ်းလိူချင်သွားမိသည်။
သူမလေးအား သမီးလေးအဖြစ်အပိုင်သာ
မွေးထားချင်စိတ်ကတစ်ဖွားဖွား။
ထိုအတူ သားကိုလဲ ပြောဖို့ဆုံးဖြတ်ကာ
သားရှိသော အထပ်ဆီဓာတ်လှေကားဖြင့်
တက်လာလိုက်သည်။
မျက်ဝန်းထဲတွင်တော့ သူမလေးရဲ့ချစ်ဖို့ကောင်းသော ပုံရိပ်လေးများက
စွဲထင်လျှက်....
သားနေသော အလွှာသို့ရောက်သည်နှင့်
သားအခန်းဆီလျှောက်သွားပြီး
ဘဲလ်လေးအားနှိပ်လိုက်သည်။
တီ...တီ....တီ....
ဂျလောက်...
ထိုအချိန် တံခါးပွင့်လာသည်နှင့်အတူ
သူမလက်ထဲက ပစ္စည်းများအား
ယူလ်ိုက်သော သားဖြစ်သူအားကြည့်၍
ဒေါ်ရွှေစင် မအောင့်အီးနိုင်တော့စွာ..
"သား အောက်ဆုံးထပ်မှာ ကလေးတွေနဲ့
ဆော့နေတဲ့ ကလေးမလေးကိုသိလား...''
မေမေအမေးကြောင့် စည်း
သူမ မျက်နှာအားမြင်ယောင်သွား၍
မျက်ခုံးတွေပင့်တက်သွားကာ
သူမ မေမေကို ဘာတွေမွေလိုက်ပြီလဲမသိ။
"ဘာဖြစ်လို့လဲမေမေ...''
"မေမေ မွေးစားချင်လို့ကွယ်...''
"ဘယ်လို မေမေ..."
စည်းတစ်ယောက် အံ့သြကာ
မေမေရဲ့ ပြုံးနေသော မျက်နှာအား
ကြည့်နေမိတော့သည်။
ဒေါ်ရွှေစင်တစ်ယောက်တော့
ဆုံးဖြတ်ချက်ခိုင်မာဖြင့်....
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း