နှလုံးအထူးကု ခွဲစိတ်ပါတဂူ ဒေါက်တာ
အမိန့်စည်းရဲ့ အချစ်ရေး...
"ဟင်...."
ဖုန်း Screen ပေါ်မှာ ပြူးပြဲနေသော
သတင်းခေါင်းစဥ်ကြီးနှင့်အတူ
ယောကျာ်းတစ်ဦးပေါ် မိန်းကလေး
တစ်ဦးက ခေါင်းလေးတင်ထားသော
နောက်ကျောပုံလေးအား ရှင်းလင်းစွာ
ပေါ်နေသော ထိုပုံလေးအား သည်း
မျက်ဝန်းလေးပြူး၍ ကြည့်နေမိကာ...
"အမယ် အဖိုးကြီးက ကောင်မလေး
ဘာတွေရလို့...''
သည်း နှုတ်ခမ်းလေးမဲ့ကာပြောနေစဥ်
ဘေးက ဇီးထုပ်စားနေသော ထက်ထက်
ခေါင်းလေပြူကာ သည်းလက်ထဲက
ဖုန်းပေါ်က ပုံလေးအားကြည့်၍...
"ဘာကြီးလဲ သည်း..."
"ဒီမှာလေ ငါတို့ဆရာ အမိန့်စည်း
ရည်းစားတဲ့ သတင်းတက်လာလို့..."
"ဟင် ဟုတ်လား ပြစမ်းပါ..."
ပြောပြီး ဖုန်းအား ဆွဲယူသွားကာ
ကြည့်နေသော ထက်ထက်အားသည်း
မျက်စောင်းလေးထိုးကာ...
"စာသာ အဲဒီလောက် စိတ်ဝင်စားရင်
ထက်ထက်နင်လေ အရမ်းတော်တဲ့
အထူးကုဖြစ်မှာ သိလား...''
"နေအုံးသည်း ဒီကောင်မလေးကို
ငါသိနေသလိုပဲ ပြီးတော့ ဒီအင်္ကျီ...."
ပြောပြီး မျက်ဝန်ပြူးကာ ကြည့်လာသော
ထက်ထက်ကြောင့် သည်း မျက်ခုံးလေး
ပင့်တက်ကာ...
"အဲဒါ နင်လေသည်းရဲ့ မနေ့က
နင်ဝတ်တဲ့ အင်္ကျီလေ....''
ထိုတော့မှ သည်း ဖုန်းဆီအပြူးအပြဲ
ကြည့်၍...
မဖြစ်နိုင်ဘူး မနေ့က သည့်ပြန်နိုးလာတော့
သည်းအနားမှာ ဘယ်သူမှ မရှိ။
ထိုအချိန် လူကြီးကပြန်ဖို့ ဓာတ်လှေကား
ဆီဦးတည်နေသောကြောင့် သည်း သူ့အနောက်ပြေးလိုက်ကာ အိမ်ပြန်လိုက်ဖို့
မျက်နှာချ်ိုသွေးခဲ့ရသေးသည်။
သည်းကိုဆို အရောမဝင်တဲ့လူက
သည်းအနား ကပ်ထိုင်ကာအခုလ်ို...
သည်းစဥ်းစားရင် ရပ်လိုက်ကာ
ခေါင်းလေးရမ်းလ်ိုက်၍..
"မဟုတ်ဘူး ထက်ထက်ရဲ့ အဲဒီလူကြီးက
သည်းကိုဆို ကြည့်ရတာမဟုတ်ဘူး
အဲဒါ သည်းဖြစ်မလား အင်္ကျီပဲ သည်းနဲ့တူ
တဲ့သူတွေအများကြီးရှိမှာပေါ့...''
ထိူတော့မှ ထက်ထက် မျက်စောင်းလေး
ထိုးကာ..
"ငါ့ကို ညာရင် လည်ပင်းညစ်မှာနော်...''
"အေးပါ ညာစရာလား..."
"ဒါပင်မဲ့ ကောင်မလေးအစား
အားကျစရာ..."
ထက်ထက်အပြောကို သည်း
မေးလေးငေါ့၍ မေးလိုက်သည်။
"ဆရာက အရမ်းတော်တာ ပိုက်ဆံလဲရှိ
ရုပ်ရည်ကလဲချော bodyကလဲ မိုက်
နေတဲ့ပုံကလဲ စွဲဆောင်မှု ရှိ ဒီလိုပြည့်စုံ
တဲ့ယောကျာ်းတစ်ယောက်ကို ရတဲ့မိန်းကလေးက ကံမကောင်းပဲနေမလား
အရူးမရဲ့...''
"ဒါပင်မဲ့ အဲ့ဒီလူကြီးက အေးစက်စက်ကြီးလေ..."
"သြော် သည်းရယ် သူ့ကောင်မလေးကိုတော့
အေးစက်မလား.ဟဲဟဲ....''
ထက်ထက်အပြောကြောင့် သည်းစဥ်းစား
သလ်ိုလေး လုပ်ပြီးမှ...
"ဒါဆို သူ့ကောင်မလေး အကိုင်ခံရမှာပေါ့နော်..."
"ဟမ်း ဘာကြီးလဲ...''
ထက်ထက် သည်းအမေးအား အလန့်တကြား
ပြန်မေးလာသောကြောင့် သည်း
မျက်ဝန်းလေးပြူး၍ ခေါင်းလေးငြိမ့်ပြကာ...
လက်ကလေးထောင်ပြ၍..
"လက်လေ..."
ထိုတော့မှ ထက်ထက်သက်ပြင်းချ၍...
"တော်ပါသေးရဲ့သည်းရယ်
လန့်သွားတာပဲ..."
"မင်္ဂလာပါ ကလေးတို့..."
ထိုအချိန် ဆရာမ အခန်းဘက်
ဝင်လာသောကြောင် သည်းတို့
ဆရာမအား..နှုတ်ဆက်လိုက်ကြကာ...
"မင်္ဂလာပါ တီချယ်..."
"ဒီနေ့ ကလေးတွေရဲ့ သူငယ်နာ
အကြောင်းရှင်းပြမယ်နော်....
စာမျက်နှာ ၈၁ကို ကြည့်ပေးပါ..."
သည်း စာအုပ်အား ကြည့်နေရင်း
အတွေးများက သူ့ဆီသို့သာ။
----===========----========^^^^^🍓🍓🍓🍓🍓🍓🍓
"စည်း မင်းသတင်းကတော့
မွှေးနေတာပဲကွာ ငါ့ကျောင်းထဲမှာတော့
ပွလောကိုရိုက်နေတာပဲ..."
"ဘာကိုလဲ...''
စည်း သူသင်ရမဲ့စာသင်ချိန်မရောက်သေး
သောကြောင့် ကုဋေရုံးခန်းတွင် ထိုင်နေစဥ်
သူ့အားပြောလာသော စကားကြောင့်
မျက်ခုံးများပင့်တက်စွာမေးလိုက်သည်။
"ဟ မင်းမသိသေးဘူးလား တစ်မနက်လုံး
ဖုန်းမကိုင်ရသေးဘူးလား..."
"အေး အလုပ်ရူပ်နေတာနဲ့ မကြည့်ဘူး
ငါ ဖုန်းသိပ်မသုံးတာ မင်းသိရဲ့သားနဲ့..."
"ဟား အေးပါကွာ ဒါဆို ငါပြမယ်..."
ကုဋေဖုန်းထုတ်ကာ တစ်ခုခုအား
ရှာပြီး သူ့ကိူ ကမ်းပေးလိုက်သည်။
"ရော့ မင်းကိုယ်တိုင်ကြည့်..."
စည်း ကုဋေရဲ့ ပြုံးစေ့စေ့ဖြစ်နေသော
မျက်နှာကြောင့် မျက်မှောင်ကြီး ကုတ်ကာ
ဖုန်းအားယူ၍ ကြည့်လိုက်စဥ်....
"ဟင်...ဒါက..."
"အေး အဲဒါပဲ မင်းကွာ သူငယ်ချင်း
တွေကြ အရင်မပြောဘူး ငါတို့မှာ
သတင်းတင်လာမှ သိရတယ်လေ
မနက်ကဆို မိုးထက်အစောကြီးငါ့ကို
ဖုန်းဆက်ပြီး မေးနေတာ မင်းကို ဆက်မရလို့တဲ့..."
စည်း ကုဋေဖုန်းအား ခုံပေါ်တင်၍
ဘာမှ ပြန်မပြောဘဲ ပေါင်ပေါ်က
စာအုပ်ကိုသာ ကြည့်နေမိသည်။
"ဟာ ဟေ့ကောင် ပြောလေကာ
မင်းပုံရလဲ အေးစက်စက်နဲ့ဘာမှ
မဖြစ်သလိူနဲ..."
"ငါက ဘာဖြစ်ပြရမှာလဲ...''
"ဟာ မဟုတ်ရင် မဟုတ်ဘူး
ဟုတ်ရင်ဟုတ်ကြောင်းပြန်ပြောလေကွာ..."
ကုဋေ အေးစက်လွန်းသော သူငယ်ချင်း
ဖြစ်သူအား အားမလိုအားမရဖြစ်လျှက်။
သူသာ ကောင်မလေးသာဆို ဒီကောင့်ကို
ကိုင်ပေါက်ပစ်တာကြာပြီ။
"ပြောစရာမရှိဘူး မင်းတို့ဘဲ
အဲ့ဒီအခြေအမြစ်မရှိတဲ့သတင်းတွေ
ယုံ....'''
"မင်းကလဲကွာ ငါကြည့်တာ အဲဒီပုံထဲက
လူကမင်းပါ ဆေးရုံလဲမင်းဆေးရုံပဲကို...''
"အဲ့ဒီတော့...''
ကုဋေ သူ့အား ပစ်ပစ်နှစ်နှစ် ကြီးမျက်စောင်း
ထိုးကာ...
"မင်းကလဲကွာ မညာပါနဲ့..."
"ငါ မဟုတ်ဘူးလို့ မပြောပါဘူး
ဒါပင်မဲ့ အဲ့ဒီသတင်းကို မင်းတို့ယုံလဲ.မတက်နိုင်ဘူး...''
"မင်းကလဲကွာ ကောင်မလေးက ဘယ်ကလဲ
ဒါလေးတော့ပြောကွာ.. "
"စုံစမ်းပေါ့..."
"မင်းကလဲကွာ ဒါနဲ့ လကုန်ခရီးစဥ်
မင်းအတွက်ပါ ထည့်ထားတယ်
လိုက်ခဲ့ရမယ်နော်..."
"မအားဘူး..."
"ဟာ...စည်း..."
စည်း လက်ကနာရီအား တစ်ချက်
ကြည့်ကာ ရုံးခန်းအပြင်ဘက်ထွက်လာ
ခဲ့တော့သည်။
ကုဋေတော့ သူ့ကို ဒေါသထွက်ကာ
ကျန်နေခဲ့မှာတော့ ပြောစရာမလို့။
စည်းပြုံးကာ သင်ရမည် အခန်းဆီ
လျှောက်လာခဲ့တော့သည်။
တစ်ပတ်ကို နှစ်ရက်သာ သင်ပေးချိန်ရသော
ကြောင့် သူ ပိုအာရုံစိုက်ကာ သင်ပေးချင်း
ဖြစ်သည်။
ဂျူတီချိန်တွေနဲ့ ပြည့်နက်နေသော်လဲ
ပညာရပ်ကို မျှဝေရသေကြောင့်
စည်း ကျေနပ်မိသည်။
သူလမ်း လျှောက်လာချိန် သူ့အား
ငေးနေကြသော မျက်ဝန်းများကို
ဖြတ်ကျော်ပြီး စာသင်ခန်းထဲ
ဝင်လာခဲ့တော့သည် ။
"မင်္ဂလာပါဆရာ..."
သူ့အား နှုတ်ဆက်တာကို စည်း
ခေါင်းငြိမ့်ပြပြီး...
"အားလုံး စာမျက်နှာ....ကို ကြည့်ပေးပါ
ကလေးတွေ လူကြီးတွေမှာ ဖြစ်လေဖြစ်
ထရှိတဲ့ အဖျားပိုး အကြောင်း ရှင်းပြပေးမယ်..."
သည်း စာအုပ်လေးအား လှန်ကာ
ဝင်လာထည်းက သည်းကိုတစ်ချက်တောင် မကြည့်ဘဲ
စာကိုသာရှင်းပြနေသော သူ့အား သည်းဝမ်း
နည်းစွာကြည့်နေမိသည်။
သူရည်စားရသွားလို့ သည်းကို
သူ့ရည်းစား မကြိုက်မှာဆိုးလို့
မကြည့်တော့တာလား သည်း နင်က
ဘာကြောင့် ဝမ်းနည်းနေရတာလဲ
နင် စိတ်ပျော့တဲ့မိန်းကလေးမဟုတ်ဘူးလေ
အားတင်းထားသည်း..
သူမကိုယ်သူမ အားပေးစကားပြောနေသော်လဲ မျက်ရည်များက ဝိုင်ကာ ဝဲတက်လာလျှက်။
-------======================^^^^🍓🍓🍓🍓🍓🍓🍓
"တစ်ပတ်ကျော်နေပြီ ကိုဘုန်းမြင့်
ကျုပ်သမီးကို ခွဲစိတ်ဖို့ မစသေးဘူး
လား...."
ဦးဘုန်းမြင့် ခေါင်းငုံ့ကာ...
"တောင်းပန်ပါတယ် မြို့ဝင်မင်းခင်ဗျာ
နှလုံးလှူမဲ့ လူနာက အလတ်ကြီးရှိသေး
တော့ မောင့်အမိန့်စည်းက ခွဲစိတ်ဖို့
မစသေးပါဘူး.."
ထိုအခါ ဦးဗိုလ်စိန်အောင် မျက်နှာ
ကြီးမာ တင်းမာနေ၍...
"ဒါဆို ကျုပ်သမီးက ဒီအတိုင်း
ဘယ်အချ်ိန်ထိ အိပ်ယာထဲ လဲနေရမှာလဲ
ခင်ဗျားပြော...ဘာပဲ ဖြစ်ဖြစ် လူနာကတောင်
လက်ခံနေပြီ ခင်ဗျားတို့က ဘာကို အချိန်ဆွဲနေတာလဲ.... "
"ဒါက..."
"ကျုပ်ဘာမှ မသိချင်ဘူး ခင်ဗျားကို
နောက်ဆုံးအနေနဲ့ တစ်ပတ်ပဲ အချိန်ပေး
တော့မယ် ဒါ့ကြောင့် ခင်ဗျားနည်း ခင်ဗျား
ဟန်နဲ့ ကြိုးစားပါ...မဖြစ်ရင်တော့ ခင်ဗျားဘဝ မတွေးနဲ့တော့..."
ပြောပြီးထွက်သွားသော မြို့ဝင်မင်း
အားကြည့်၍ ဦးဘုန်းမြင့်သက်ပြင်း
ချကာ ဆိုဖာထ််ိုင်ခုံပေါ် ထိုင်ချလိုက်၍...
"ကျစ် ကြားထဲက ငါက ဘာလုပ်ရမှာလဲ...''
ပြောပြီး တစ်ခုခုအားအတွေးပေါက်ကာ
သူ အခန်းအပြင်ဘက်ထွက်လာ၍
VIP အခန်းကြီးတစ်ခါထဲ ဝင်လာချိန်...
"ဟင် ဆရာကြီး ကျွန်မကို
ဘာပြောစရာ ရှိလို့လဲရှင်..."
ဦးဘုန်းမြင့် ငါးနှစ်အရွယ်ကလေးအား
ထမင်းခွံ့ကာကျွေးနေသော ထိုလူနာ
အမျိုးသမီးအား ကြည့်၍ ရင်ထဲမှာ
မကောင်းဖြစ်သွားကာ ပြောမပြတက်။
သူ့အား ဖြူစင်စွာကြည့်နေသော
ကလေးလေးကိူလဲ သူကြည့်ကာ
ပြုံး၍...
"သား အင်္ကျီအသစ်တွေနဲ့ပါလားကွ..''
"ဟုတ် ဦးဦး ဒေါက်တာဝယ်ပေးတါ
ဒီနေ့လဲ မုန့်တွေဝယ်ပေးအုံးမှာတဲ့..
မေမေပြန်ကောင်းရင် သားသားက
ဦးဦး ဒေါက်တာကို မုန့်ပြန်ဝယ်ကျွေးမှာ..."
မိခင်ဖြစ်သူရဲ့ အခြေအနေကိုနားမလည်သေးသော ကလေးအား ဦးဘုန်းမြင့် မျက်ရည်ဝဲကာကြည့်နေစဥ်...
"သားသားရေ ဦးဦးပြန်လာ..."
စည်း မုန့်အထုပ်များလက်က ကိုင်၍
ဝင်လာချိန် ဆေးရုံအုပ်ကြီးရပ်နေတာ
အားမြင်သောကြောင့် စကားရပ်သွား၍
ပြုံးကာ..
"ဆရာ မပြန်သေးဘူးလား...''
"ပြန်မှာ မောင်စည်း သူတို့သားအမိ
အခြေအနေကို လာကြည့်တာ..."
"ကျွန်မအခြေအနေ အဆင်ပြေပာသေး
တယ် ဆရာကြီး ပြီးတော့ ကျွန်မကို
ဒီမှာ လိုလေသိပ်မရှိအောင်ထားပေးတဲ့
မြို့ဝန်မင်းတို့ မိသားစုကိုလဲ ကျွန်မ
ကျေးဇူးတင်ပါတယ်လိူ့ပြောပေးပါရှင်..."
"ကောင်းပါပြီကွယ် လိုအပ်တာပြောပါ..."
ပြောပြီး ထွက်သွားသော ဆေးရုံအုပ်ကြီးအား
စည်းကြည့်၍ သူ့အပြုံးပြနေသော
သားသားအား ကြည့်ကာ...
"သားသား ဒါ ယူထားနော်
အမအတွက်လဲ ပါတယ်
ကျွန်တော်နောက်မှ ပြန်လာခဲ့မယ်နော်..."
"ဟုတ်ကဲ့ ဒေါက်တာ..''
စည်းအခန်းအပြင်ပြန်ထွက်လာချိန်
မှန်တွေကားထားသော လေသာဆောင်ကြီး
ဘက်တွင် ရပ်နေသော ဆေးရုံအုပ်ကြီးအနား
သူတိုးသွား၍...
"ဆရာ ရင်ထဲ မကောင်းဘူးမဟုတ်လား..."
"ဟုတ်တယ် မောင်စည်း ဆရာ
ရင်ထဲ မကောင်းဘူး..''
"ဒါ့ကြောင့် စိတ်ရှည်စွာစောင့်လ်ိုက်ပါဆရာ
ဒါက ဆရာ့ကိုပါ စိတ်ချမ်းသာစေပါတယ်...
အတင်းအကြပ်ဆိုတဲ့အရာက ဘယ်တော့မှ
ကောင်းကျိုးမဖြစ်ပါဘူး..."
ပြောပြီလှည့်ထွက်သွားသော အမိန့်စည်းအား
ဦးဘုန်းမြင့်ကြည့်ကာ..ခေါင်းငြိမ့်နေမိတာ
အကြိမ်ကြမ်ပင်။
-----======================^^^^^🍓🍓🍓🍓🍓🍓
"ယုန်ကလေးက နားရွက်ထောင်
ပညာရှိဟန်ဆောင်...
ကြောင်ကလေးက လက်သည်းဖွက်
ချောင်းလိုက်တဲ့ ကြွက်...
ရွှေစည်းကွက်တို့ အိန္ဒြာ
ဘုရင်ကြီးလိုနေ....
မိုးလေဝါသ ဗေဒင်ဟော..
တောက်တက် ကိုလူချော... ''
"ဟာ မမသည်း အဲ့ဒါကြီးက
ပျော်ဖို့မကောင်းဘူး...
တူတူပုန်းတိုးကစားကြမယ်.."'
ကွန်ဒိုတိုက်ရဲ့ အောက်ခြေ ကားပါ
ကင်ဘေး ကလေးကစားကွင်းလေး
ရှိနေကာ ထိုနေရာတွင် ကလေးတွေပဲ
ကစားလ််ို့ရပင်မဲ့လဲ သည်းတစ်ယောက်
အတွက်လဲ ကစားကွင်းပင်။
ကျောင်းပိတ်ရက်ညနေဆို သူမနဲ့
ကလေးတွေ ညနေစောင်း ဒီကစား
ကွင်းလေးမှာ ဆော့နေကြ ဖြစ်သညိ။
သည်းကိုဆို အားလူံးကလဲကလေးလို
မြင်နေသောကြောင့် ပြုံး၍သာ
ကြည့်နေကြသည်။
ဆံပင်လေးအား ကလေးလေးလို
ကြက်တောင်လေးစည်းထားပြီး
အရှေ့က ဆံမိတ်ပါးပါးလေးအား
ချထားကာ တကယ့်ကို ချစ်ဖို့ကောင်း
နေသော ကလေးလေးလိုပင်။
"ပြီးရောလေ ဒီတစ်ခါတော့ ငါ့ကို
ညာမချနဲ့နော် နင်တို့ပေါင်းပြီး
ကြယ်ကြယ် ဒီတစ်ခါ အရင်မှိတ်..
ငါတို့ ပုန်းမယ်..."
"ပြီးရော....စပြီး 1...2....3...."
ထိုအချိန် ကလေးလေးတစ်ယောက်က
မျက်ဝန်းလေးမှိတ်ကာ နံပါတ်စဥ်
ရေတွက်နေချိန် သည်း ကြက်တောင်
စည်းလေးယမ်းကာယမ်းကာဖြင့်
ခုန်စွ ခုန်စွာလေး
ပုန်းဖို့ပြေးထွက်လာခဲ့သည်။
"အို....."
"ဟာ...."
သည်း လူတစ်ယောက်အားတိုက်မိ၍
ထိူလူရဲ့ ရင်ခွင်ထဲရောက်နေချိန်
ခါးလေးကို ပိုင်နိုင်စွာဖက်ထားသော
သူ့ကြောင့် သည်း အလန့်တကြား
မော့ကြည့်လိုက်မိသည်။
"ဟင်...လူ ...လူ....ကြီး..."
ဆက်ရန်..
စာရေးသူ - လွမ်းခြင်း