book

Index 1

အပိုင်း (1)

  • Author : Lwanchin
  • Genres : Romance, Drama

"ဒယ်ဒီ ဘယ်လည်း....."


ညိုးထိုင်နေရာမှ ဖခင်

ဖြစ်သူ ကားသော့ယူ၍ 

အပြင်ထွက်ဖ်််ို့ ပြင်နေသောကြောင့်

သူမကြည့်၍ တအံ့တသြလေး

မေးလိုက်၏။


 ဦးဆန်းကမ္ဘာ

လှည့်ကြည့်၍...


"အဟွန်း..ဖေဖေ..သမီးငယ်လေး

ဆီ သွားမလို့ပါ...."


ညိုး နှုတ်ခမ်းလေးအားစုထော်

ပစ်၍...


"ဒယ်ဒီ သမီးတစ်ယောက်လုံး

ရှိသေးတာကို ဘာဖြစ်လို့

သူ့ဆီပဲ သွားချင်နေတာလဲဟင်..

ညို့ကို ဒယ်ဒီ မချစ်လို့လားဟင်...."


"မဟုတ်ပါဘူးသမီးရယ်..ဖေဖေ

သမီးငယ်လေးကို လွမ်းလို့ပါ

သူ့မှာ မိခင်နဲ့လဲဝေး ဖခင်နဲ့

လည်းဝေးနေရတာလေ...ဖေဖေက

မကြည့်တော့ ဘယ်သူကြည့်မှာလဲ

သမီးရယ်..သမီးညီမလေးကို မသနား

ဘူးလား...''


နောက်မိန်းမနဲ ရထားသော သမီး

ဖြစ်သူ ပွင့်ဖြူညို့ အား ဦးဆန်းကမ္ဘာ

မျက်နှာငယ်စွာကြည့်၍....ပြောလိုက်

မိ၏။


နောက်မိန်းမဆိုပင်မဲ့လည်း သမီး

သည်းလေးရဲ့ မိခင်ဖြစ်သူနဲ့ လက်မထပ်

ခင် သမီးကြီးညို့ရဲ့ မိခင်ဖြစ်သူနဲ့

အမူးလွန်၍ မှားခဲ့တာ ဖြစ်သည်။


ဘာမှမဖြစ်လောက်ဘူးထင်ထားသော်

လည်း သမီးသည်းလေးရဲ့ မိခင်နဲ့

လက်ထပ်ပြီးမှ ကိုယ်ဝန်ပေါ်လာ

တော့ သူတာဝန်မမဲ့ချင်သောကြောင့်

နောက်ကနေ ထောက်ပံ့ပေးခဲ့တာဖြစ်သည်။


သည်းလေးရဲ့ မိခင်ဆုံးပါးသွားချိန်

အိမ်ကို သမီးဇွန်တို့ သားအမိနှစ်

ယောက် ရောက်ချလာချိန်မှာ သမီး

ငယ်လေး အိမ်မှာမနေတော့ဘဲ

သူမ မိခင်ပိုင်ဆိုင်သော တိုက်ခန်း

မှာ ပြောင်းရွေ့နေခဲ့တာဖြစ်သည်။


မိန်းကလေးတစ်​​ယောက်ထည်း

သူ စိတ်မချတာကြောင့် သူမငယ်ငယ်

လေးထဲက ထိန်းကျောင်းပေးလါ

သော ဒေါ်ကလျာကိုပါ သမီးနဲ

အဖော်အဖြစ်ထားပေးခဲ့သည်။


အခုလည်းကျောင်းပိတ်ရက် တနင်္ဂ

နွေဆို သူသမီးလေးဆီအမြဲသွားနေတာ

ကြောင့် မျှော်နေမည့်ပုံရိပ်လေးကို

​မြင်​ယောင်ကာ...စိတ်မကောင်းပင်

ဖြစ်မိ၏။


ည်ို့ နှုတ်ခမ်းလေးကို ဆူ၍ မျက်နှာ

လေးမှာ အလိုမကျစွာ...တစ်ဖက်

သို့လွဲထားပြီး...


"ဟင့်အင်း...မရဘူး ဖေဖေ ညို့က

ဖေဖေနဲ့ ဒီနေ့ shopping ထွက်မလို့

ပြင်ထားတာ အခု ညို့က ပြင်ပြီး

နေပြီ မရဘူးနော်..ညို့နဲ့ပဲ ဖေဖေ

သွားရမယ်..."


သမီးဖြစ်သူရဲ့ ငိုတော့မဲ့ ပုံစံလေး

ကြောင့် သူသက်ပြင်းအသာချကာ...


"ဟုတ်ပါပြီကွယ်..ဖေဖေ မသွား

တော့ပါဘူး ဒါပင်မဲ့ နောက်တစ်ပတ်

တော့သွားမယ်နော်...လာ အခု

ဖေဖေ သမီးကို လိုက်ပို့ပေးမယ်နော်...

ဖေဖေ ကားပေါ်ကစောင့်နေမယ်..."


ပြောပြီး ကားရှိရာကို သွားသော

ဖခင်ဖြစ်သူကြောပြင်ကိုကြည့်၍

ညို့ နှုတ်ခမ်းလေးမဲ့လိုက်ကာ...


"နင့်ဆီကို ဘယ်တော့မှ ဖေဖေကို

မလွတ်တော့ဘူး သည်းခြေရာ...

ဖေဖေပိုင်သမျှ ငါပဲပိုင်ရမယ်...

ဖေဖေအချစ်တွေဟာ ငါ့အတွက်

ပဲ ဖြစ်ရမယ်..သည်းခြေရာ....."


-----------=======-----=========^^^^🍓🍓🍓🍓🍓🍓🍓


ကွန်ဒိုတိုက်ခန်းကြီးရဲ့ကားပါကင်

နားတွင် ဆံပင်ခါးလောက်လေးကို

နှစ်ဖက်ခွဲစည်းထား၍ လက်ကလေး

နောက်ပစ်ကာ မေးလေးမော့ကာမော့ကာ

ကလေးလေးတစ်​ယောက်လို ဖခင်ဖြစ်သူ

အားမျှော်နေသော သည်းခြေရာ....


"ဟေ့..ကလေးမလေး..ဒီနေ့လည်း

ဖေဖေကို မျှော်နေတာလား..."


"ဟုတ် ဦးလေး...အခုထိ မလာသေးလို့..."


သည်း မျက်နှာလေးငယ်စွာပြောလာ

ပြီး ခင်မင်ရင်နှီးနေသော လုံခြုံရေး

ဦးလေးအား မျက်နှာငယ်လေးဖြင့်

ဖြေလိုက်၏


"အဟွန်း...လာမှာပေါ့..ကလေးမရယ်..

အခုမှ ၁၀နါရီပဲ ရှိသေးတာ..."


"ဟုတ်ကဲ့ ဦးလေး..."


သည်းခေါင်းလေးငြိမ့်၍ ပြောပြီး

တစ်ဖက်က ခုံလေးတွင် ထိုင်ကာ

ဖခင်ဖြစ်သူအကြောင်းစဥ်းစား

နေမိသည်။


သူမ ဖခင်က အလုပ်အမတန်များသော

ပုဂ္ဂိုလ်ဖြစ်ပြီး အထည်းချုပ်စက်ရုံကို

ဖွင့်ထားပြီး အတော်ပြေလည်သော

မိသားစုလို့ပြောရမည်။


သည်းကို လစဥ်ထောက်ပံ့ပေးသော ဖေဖေ

သည်းလိုချင်တာမှန်သမျှ ဖြည့်စည်း

ပေးသော ဖေဖေ..အကယ်၍ ဖေဖေသာ

သည်းဘဝမှာ မရှိရင် သည်းဘဝအခုလို

ကောင်းမွန်စွာရပ်တည်နိုင်မည်မဟုတ်။


သည်းတွေးနေရင်း လက်ကနာရီအား

တစ်ချက်ကြည့်၍.. 


"ဟင်..ဆယ့်တစ်နာရီတောင် ထိုး

တော့မယ်..ဖေဖေ ဘာလို့မလာသေး

တာလဲမသိဘူး..."


သည်းစိတ်ပူစွာပြော၍ ကားဝင်လာမဲ့

ဘက်ကို..ခေါင်းလေးမော့ကာကြည့်

မိသော်လဲ... ကားနဲ့တူသော

အရ်ိပ်အယောင်ပင် မတွေ့ရပေ။


သည်း မျက်လုံးလေးအခြားတစ်ဖက်

တွင်မြင်နေရသော ကားလမ်းမကြီး

ပေါ်က အဆောက်အဦးကြီးအား

ကြည့်၍...


"ဦးလေး..အဲဒါ ဘာကြီးလည်းဟင်..."


"အဲဒါ မိန့်ဆိုတဲ့ မိသားစုက နိုင်ငံတာ

ကာ fashion ဒဇိုင်း အရောင်းပြ

ခန်းမကြီးနဲ ကုန်တိုက်ကြီး ဆောက်တာ

လေ...''


"Wow....မိန့်ဆိုတာ အရမ်းချမ်းသာ

တဲ့ မိသားစုကိုပြောတာလားဟင်..."


"ဆိုပါတော့...သူတို့က အနွယ်ဝင်

တွေလေ...အရင်ထဲက ဘိုးစဥ်ဘောင်

ဆက်ချမ်းသာလာကြတာ...အခု

ဦးလမင်း လက်ထပ်ရောက်တော့

တရှိန်ထိုးအောင်မြင်လာပြီး အချမ်းသာ

ဆုံးပုဂ္ဂိုလ်ဖြစ်လာတာပေါ့...အင်း...

ပြီးတော့ သူတို့မှာ သားတစ်ယောက်ပဲ

ရှိတာတဲ့ နာမည်ကတော့ ခပ်ဆန်းဆန်းနဲ့

အထက်စီးဆန်တယ် ဦးလေးလဲ

အသက်ကြီးတော့မှတ်ညာဏ်မကောင်း

တော့မမှတ်မိတော့ဘူး..."


သည်း တော်တော်ရုပ်လုံးပေါ်နေပြီ

ဖြစ်သော ကြီးမာပြီး အထပ်တွေ

များစွာသော အဆောက်အဦးကြီးအား

မျက်ဝန်းလေးပြူးကာကြည့်ပြီး ထို

အရာကို ပိုင်ဆိုင်သော လူတွေ ဘယ်လောက်

ချမ်းသာမလဲဆိုတာ ခန့်မှန်းမိပါသည်။


"အားကျစရာကြီးနော်...ချမ်းသာလိုက်

ကြတာ...''


"အဟွန်း..လောကမှာ ငွေရှိတိုင်း

စိတ်ချမ်းသာတဲ့လူဆိုတာ မရှိပါဘူး

ကလေးမရယ်..."


"ဟင်..."


သည်း ရယ်မော၍ ပြောနေသော ထိုခင်စ

ရာကောင်းသော လုံခြုံရေးဦးလေး

ကြီးအားကြည့် မျက်ဝန်းပြူးပြူး

လေးဖြင့် ကြည့်နေမိသည်။


"သည်းလေးရေ...သမီးဖေဖေ ဖုန်း

လာတယ်..."


ထိုအချိန် ကြီးကလျာ အသံကြောင့်

သည်းသတိပြန်ဝင်လာ၍ အရှေ့က

ဦးလေးကြီးအား..ပြုံးပြကာ....


"သည်း အိမ်ထဲဝင်တော့မယ်နော်..

ဦးလေး.. "


"ကောင်းပါပြီဗျာ..."


ထိုအခါ ခုန်စွစွဖြင့် ဝင်သွားသော

မိန်းမငယ်လေးအား ကြည့်၍...


"အဟွန်း ကလေးစိတ်ပါပဲလားကွယ်..."


သည်းအိမ်ထဲပြန်ဝင်လာ၍

ကြီးကလျာလက်ထဲက

ဖုန်းအား ယူကာ...


"ဟုတ်ကဲ့ဖေဖေ...."


"........."


"ဟင်...ဟုတ်လား မလာဖြစ်ဘူး

ပေါ့..."


"..........."


"ဟုတ် ရပါတယ် ဖေဖေ...

ဒါပဲနော်..."


သည်းဖုန်းလေးချကာ မျက်နှာလေး

ငယ်သွား၍ ခေါင်းလေးငုံ့လိုက်ကာ...


"ဖေဖေက နောက်တစ်ပတ်မှ လာတော့မယ်

တဲ့ ကြီကလျာ..."


ပြောပြီးတာနဲ့ မျက်နှာလေးမကောင်း

စွာ အခန်းထဲ တန်းဝင်သွားသော သူမလေး

အား ဒေါ်ကလျာကြည့်ကာ...သက်ပြင်း

လေးသာချ၍ ခေါင်းလေးရမ်းလိုက်ကာ..

မိးဖိုထဲ ဝင်လာခဲ့တော့သည်။


သည်း အခန်းထဲရောက်တာနဲ့ ပါးပြင်

ပေါ်ကျလာသော မျက်ရည်တွေအား

သုတ်၍...


"ဟင့်အင်း...နင် မငိုနဲ့သည်း...

နင်ဘယ်တော့မှ မငိုရဘူး..

နင့်ဘဝကို နင် အခုအချ်ိန်ကစ​ပြီး

အကောင်းဆုံး ကျော်ဖြတ်ရမယ်..

ဒါ့ကြောင့် အခု စာကိုသေချာ

လုပ်ပြီး နင်ဖြစ်ချင်တဲ့ ကလေး

အထူးကုပါတဂူ ဖြစ်အောင်

ကြိုးစားရမယ်..."


သနားစရာကောင်းသော သည်း​ခြေရာ တစ်ယောက် သူမကိုယ်သူမ ပြန်အားပေးကါ

စာကြည့်ခုန် လေးဆီသွား၍ စာကိုစိတ်နှစ်ကာ

ကြည့်နေလိုက်သည်။


ကလေးဆန်ပြီး ချစ်စရာကောင်လှ

သော သည်းခြေရာ ဆိုသော မိန်းမငယ်

လေးဟာ ဆေးကျောင်း ဒုတိယနှစ်ကျောင်း

သူလေးဆိုလည်း မမှားပေ။


ဒုတိယနှစ်ကျောင်းသူဖြစ်သော်လဲ

ကလေးလေးလို ချစ်စရာကောင်းလွန်း

တာကြောင့်လည်း လူအများရဲ့ အချစ်ခံ

ရသော မိန်းမငယ်လေးဖြစ်သည်။


---------=====================^^^^🍓🍓🍓🍓🍓🍓🍓


"သား....မသွားလို့ မရဘူးလား

သားရယ်...ဒီကနေပဲ ဆေးရုံသွားပေါ့..."


အမြဲတမ်း တိတ်ဆိတ်စွာ နေတက်ပြီး

အေးလွန်းသော သားဖြစ်သူအား

ဒေါ်ရွှေစင် ကြည့်၍ မျက်နှာမကောင်း

စွာ ပြောသော်လည်း စည်း ကော်ဖီကို

သာ အေးဆေးစွာသောက်ပြီး မိခင်မျက်

နှာအား တည်ငြိမ်စွာကြည့်၍.


"သားတစ်​ယောက်ထည်း နေချင်တယ်

မေမေ..ပြီးတော့ အဲဒီနေရာကလည်း

ဆေးရုံနဲ့နီးတယ်လေ..သားအတွက်

ပိုအဆင်ပြေလို့ပါ..ကောင်းကောင်း

သုံးဆောင်ပါ မာမီ..သားအဝတ်အစား

တွေထည့်ရမှာဟုတ်လို့...သွားလိုက်ပါ

အူံးမယ်..."


မိခင်ဖြစ်သူက တစ်ဦးတည်သော သားလေး

အား အတူနေတာ မကြာသေးသောကြောင့်

ခွဲရမှာ ဆိုးလို့ပြာယာတွေခပ်ပြနေပင်မဲ့

လဲ သားတော်မောင် ရေခဲထက်အေးသော

ကိုလူအေးက ဘာမှ မ​ဖြစ်စွာ ကွန်ဒိုတိုက်

ခန်းကိုပဲ ပြောင်းဖို့ စီစဥ်နေတော့သည်။


ငယ်ငယ်လေးထည်းက နိုင်ငံခြားမှာ

နေပြီး ကျောင်းတက်ကာ အခုအရွယ်

ရောက်တော့ ပညာစုံလို့ပြန်လာတော့

လည်း ဒီမိခင်ကို ထက်ခွဲသွားအူံးမည်။


ရွှေစင် တစ်ခါတစ်ခါ အေးတိအေးစက်

နိုင်လွန်းသော သားအား ခေါင်းကိုနာနာ

လေး ခေါက်ပစ်လိုက်ချင်မိသည်။


အရွယ်ရောက်နေလို့ မိန်းမယူဆိုတော့

လည်း ဘယ်လိုပြောပြောမယူ...သူမ

ဒီတစ်သက် မြေးချီဖို့လည်း သားဖြစ်သူ

ပုံစံကြောင့် မမှန်းရဲတော့ပါ...


"ဟ...မိန်းမ ဘာဖြစ်နေတာလဲ ."


ဆူပုတ်နေသော ဇနီးဖြူသားအား

ဦးလမင်း အပေါ်ထပ်က ဆင်းလာကာ

လက်ဖက်ရည် ဝိုင်းတွင် ဝင်ထိုင်၍...

ရယ်ကျဲကျဲမေးလာသဖြင့် ဒေါ်ရွှေစင်

မျက်စောင်းလေးထိုးကာ...


"ဟွန်း...ရှင် မသိချင်ယောင်ဆောင်မမေး

ပါနဲ့ ရှင့်သားကြောင့် သိရဲ့သားနဲ့ အခုလဲ

အခြားမှာ ပြောင်းနေဖို့ပြောနေပြန်ပြီး

ဒီလောက်ကြီးတဲ့ အိမ်ကြီးထဲမှာ ကျွန်မ

တို့ဘဲ ကျန်နေခဲ့ပြန်တော့မယ်..."


ဇနီးဖြစ်သူအပြောအား ဦးလမင်း သဘော

ကျစွာပြုံး၍..


"မင်းကလည်းကွာ..သားအကြောင်း

သိရဲ့သားနဲ့ နေပါစေ သူ့ပါသူ...ကိုယ်က

တော့ ကိုယ့်သား အခုလိုအေးစက်စက်

နိုင်တာကို သဘောကျတာ..."


"အို..ဘာအေးစက်စက်လည်း ဒါနဲ့

ရှင့်သား မိန်းမပေးစါးဖို့မစဥ်းစား

တော့ဘူးလား အသက်က ၂၉ ၃၀

ဖြစ်နေပြီ..."


"ကိုယ်တို့ပေးစါးလို့ ယူမယ်လို့

ထင်လို့လား မင်းနဲ့ကိုယ်

သူမိန်းမမယူလို့ ဘုန်းကြီးနဲ မယ်သီလ

ရှင်ဝတ်မယ်ပြောရင်တောင် ဘေးက

ထိုင်ကြည့်နေမဲ့ရုပ်..."


ဒေါ်ရွှေစင် ခင်ပွန်းဖြစ်သူ အပြော

ကြောင့် ငြိမ်ကျသွားကာ လက်ဖက်

ရည်ပန်ကန်ကို ကြည့်၍ ဘေးမှာ

ရပ်နေကြသော အိမ်အကူတွေအား

ကြည့်ကာ...


"ငါခဏနေ သားအတွက်ဟင်းချက်

မလို့ ပြင်ဆင်ထားပေးနော်..."


"ဟုတ်ကဲ့ မမကြီး..."


သား​ဖြစ်သူအပေါ် အကြာကြီးစိတ်မဆိူး

တက်သော ဇနီးသည်ကြောင့် ဦးလမင်း

ပြုံးလိုက်မိသည်။


သားအမိန့်စည်းက သူ့သွေးသား

ဖြစ်ပင်မဲ့လည်း ဝါသနာကတော့

သူနဲ့ဆန့်ကျင်ဘက်ပင်။


သူက စီးပွားရေးဝါသနာပါပြီး သားကတော့

ဆရာဝန်ဖြစ်ချင်သူဖြစ်ကာ သူဝါသနာပါသော

လမ်းကြောင်းကို ဖြစ်မြှောက်အောင် လုပ်န်ိုင်

သော စိတ်ဓါတ်ကတော့ သူနဲ့တူပါသည်။


မာနကလည်း ကြီးသူပီပီ ကျောင်းတက်ခဲ့

တာကိုတောင် သူ့အချ်ိန်ပိုင်းအလုပ်လုပ်ပြီး တက်

ခဲ့တာဖြစ်သည်။


သူ့ဆီက တစ်ပြားတချပ်မှ မတောင်းခဲ့..

သူဘဏ်ထဲ ထည့်ပေးသမျှပိုက်ဆံတွေ

ကိူလည်း မြန်မာနိုင်ငံက ချို့တဲ့သော 

ဆေးရုံကြီးတွေကို ပြန်လှူပစ်ခဲ့တာဖြစ်သည်။


အခုတော့ သားဖြစ်သူက သူ့ထက်

ဝင်ငွေကောင်းနေတော့ မာနက

အရင်ကထက်ကို ကြီးနေပြီ

ဖြစ်သည်။


ဦးလမင်း သားဖြစ်သူအကြောင်း

တွေ၍ ပြုံးနေမိတော့သည်။


---======================^^^^^🍓🍓🍓🍓🍓🍓🍓


"သမီး...သည်းလေး ထတော့လေ

ဒီနေ့ ကျောင်းတက်ရမယ်လေ..."


ထိုအခါ ညက နောက်ကျမှအိပ်ပျော်

သော သည်းခြေရာ မျက်ဝန်းတွေ

ပွင့်လာကာအိပ်ယာမှ ငေါက်ခနဲ့

ထ၍..


"အား...ဟုတ်သားပဲ..ကျောင်းနောက်

ကျတော့မှာပဲ..."


ပြောပြီး ရေချိုးခန်းထဲပြေးဝင်သွားသော

သည်းလေးအား ဒေါ်ကလျာ ချစ်စနိုးကြည့်၍

ပြုံးကာ အိပ်ယာသိမ်းပေးရန် ပြင်ဆင်နေတော့သည်။


ခဏအကြာ ရေချိုးခန်းထဲက သည်း

ပြန်ထွက်လာ၍ ပြင်ဆင်စရာ

ရှိတာပြင်ဆင်ပြီး မိတ်ကပ်မလိမ်းတက်

သော သည်း ပါးပြင်အိအိလေးပေါ်

တိုနာလေးပုတ်ကာ မြန်မာဝတ်စုံလေးအား

အမြန်လဲ၍ သူမ ဘေးချိတ်မှာ ချိတ်ထားသော

ဂျူတီကုတ်လေးအား အမြန်ယူပြီး 

ဆံပင်လေးချထားတာကို တစ်ချပ်သပ်ကာ

အခန်းအပြင်ပြေးထွက်လာခဲ့တော့သည်။


သူမပုံစံ ဗရုပ်သုတ်ခနိင်တယ်ဆိုတာ

သိပင်မဲ့လည်း မတက်နိုင်ပေ။


ဒေါ်ကလျာ ကြည့်၍ ခေါင်းလေးရမ်းကာ..


"သည်းလေး ထမင်းချိုင့်ယူသွားအုံး..''


"ဟုတ်..."


သည်း အဆင်သင့်တင်ထားသော ထမင်းချိုင့်

လေးအားယူကာ ပြေးထွက်လာတော့သည်။


"မိသည်းခြေရာ လုပ်လိုက်ရင်

အရာရာနဲ အကြောင်းကြောင်း..."


သည်း ထမင်းချိုင့်လေးဆွဲ၍

ခြေလှမ်းခပ်သုတ်သုတ်လေး

ထွက်လာတော့သည်။


သည်းကျောင်းသွားရန် ဖေဖေ

ကားတစ်စီးပေးထါးသော်လည်း

လိုင်စင်မရသေးသောကြောင့်

လိုင်းကားဖြစ်သာ နှစ်ပါးသွား

နေရတာဖြစ်သည်။


ထို့​​ကြောင့် ကားမှတ်တိုင်ကို ရောက်

ဖို့ ကားလမ်းကူးဖို့အပြင်...သည်း

တည့်တည့်ကို အရှိန်ဖြစ်မောင်းဝင်

လာသော ကားတစ်စီးကြောင့် သည်း

ကြောက်လန့်တကြား မျက်ဝန်းများ

မှိတ်ထားလိုက်တော့သည်။


"မေမေ သည်းကို ကယ်ပါ...."


"အို...."


ထိုအချိန် သည်းရဲ့ ခါးကျဥ်းကျဥ်းလေးအား

ပိုင်နိုင်စွာ ဖက်လိုက်သော လက်တစ်စုံ....


ဆက်ရန်..

စာရေးသူ - လွမ်းခြင်း


rate now: